News @ M-Media
Author: M-Media
  • အမေရိကန်၏ ဒုတိယကိုးကွယ်သူအများဆုံး သာသနာမှာ အစ္စလာမ်ဖြစ်သည်ဟု ၀ါရှင်တန်ပို့စ်ရေးသား
    M-Media
    ဒီဇင်ဘာ ၁၃၊ ၂၀၁၃
    islamခရစ်ယာန်သာသနာမှ ပြီးလျှင် အမေရိကန်ပြည်ထောင်စု၏ ဒုတိယကိုးကွယ်သူအများဆုံး သာသနာမှာ အစ္စလာမ်သာသနာဖြစ်ကြောင်း ၀ါရှင်တန်ပို့စ်သတင်းစာ ဖော်ပြသည်။ အစ္စလာမ် သာသနာ ကိုးကွယ်သူအများစုမှာ ပြည်နယ်ပေါင်း ၂၀ တွင် ပျံ့နှံ့နေပြီး ထိုပြည်နယ်များမှာ အမေရိကန်ပြည်ထောင်စု၏ အလယ်ပိုင်း (အနောက်ဘက်) နှင့် တောင်ပိုင်းတို့တွင် တည်ရှိနေကြောင်း သိရသည်။
    အမေရိကန်ပြည်ထောင်စုအနောက်ဘက်တွင်မူ ဗုဒ္ဓသာသနာက အကြီးမားဆုံးအဖြစ်နေရာယူထားပြီး ပြည်နယ်ပေါင်း ၁၃ ခု၌ ပျံ့နှံ့လျက်ရှိသည်။ ဂျူးသာသနာကမူ ပြည်နယ်ပေါင်း ၁၅ ခုတွင် ပျံ့နှံ့နေသည်။ ဟိန္ဒူသာသနာကမူ ဒီလာဝဲနှင့် အရီဇိုးနားပြည်နယ်နှစ်ခု၌ အများဆုံးနေရာယူထားပြီး ဘဟာအီသာသနာကမူ ကာရိုလိုင်းနားတောင်ဘက်တွင် အများဆုံးအဖြစ် နေရာယူထားသည်။
    နယူးယောက်ဒေးလီးသတင်းစာက ၂၀၁၂ ခုနှစ်၊ မေလ ၃ ရက်နေ့က သတင်းတစ်ရပ်တင်ပြခဲ့ရာ ယင်းတွင် အစ္စလာမ်သာသနာမှာ စက်တင်ဘာ ၁၁ အကြမ်းဖက်မှုနောက်ပိုင်း အမေရိကန်ပြည်ထောင်စုတွင် ကိုးကွယ်သူ နှစ်ဆမြင့်တက်ခဲ့ကြောင်း ဖော်ပြထားသည်။ နယူးယောက်ဒေးလီးသတင်းစာက 9/11 အရေးအခင်းနောက်ပိုင်း အစ္စလာမ်သာသနာက အမေရိကန် ပြည်ထောင်စုတွင် အလျင်မြန်ဆုံးပျံ့နှံ့ခဲ့သည့် သာသနာဖြစ်ကြောင်း၊ လွန်ခဲ့သည့် ၁၀ နှစ်အတွင်း ကိုးကွယ်သူပေါင်း ၆၇ ရာခိုင်နှုန်းထိမြင့်တက်ခဲ့ကြောင်း၊ 2010 U.S. Religion Census ကိုပင် အခြေခံကာ သတင်းတင်ပြခဲ့ခြင်းဖြစ်သည်။
    LargestNonChristian
    ကိုးကား –
    ၁) http://www.washingtonpost.com/blogs/govbeat/wp/2013/12/12/religion-in-americas-states-and-counties-in-6-maps/?tid=sm_fb
    ၂) http://www.nydailynews.com/news/national/number-muslims-u-s-doubles-9-11-article-1.1071895
  • ကန်တို့၏ အကြမ်းဖက်စောင့်ကြည့်ရေး စာရင်းတွင် မင်ဒဲလားပါဝင်ခဲ့
    M-Media
    ဒီဇင်ဘာ ၇ ၊ ၂၀၁၃
    mendalaနိုင်ငံတကာမှ နိုင်ငံရေးသမားများ၏ လူ့အခွင့်အရေးစံပြ သရုပ်အဖြစ်သတ်မှတ်ခြင်းခံထားရသူ နယ်လ်ဆင်မင်ဒဲလားမှာ အမေရိကန်တို့၏ အကြမ်းဖက် စောင့်ကြည့်ရေးစာရင်းတွင် ၂၀၀၈ ခုနှစ်အထိ ပါဝင်နေခဲ့ကြောင်း သတင်းများကဆိုသည်။
    ကန်တို့ကမူ လူမည်းခေါင်းဆောင် မင်ဒဲလားအား အကောင်းမွန် ဆုံးဟန်ပြဆက်ဆံရေးဖြင့် ဆက်ဆံခဲ့သော်လည်း မင်ဒဲလားမှာ ၄င်းတို့၏အကြမ်းဖက် သမားစောင့်ကြည့်ရေးစာရင်းဝင်အဖြစ် လျို့ဝှက်စွာ အကျုံးဝင်နေခဲ့ရခြင်းဖြစ်သည်။ ၂၀၀၈ ခုနှစ်နောက်ပိုင်းတွင်မူ သမ္မတဂျော့ဘုရှ်၏ လက်မှတ်ဖြင့် မင်ဒဲလားအား ထိုစာရင်းမှ ပယ်ဖျက်ပေးခဲ့သည်။
    တောင်အာဖရိကနိုင်ငံ၏ လူတန်းစားခွဲခြားရေး လူဖြူအစိုးရက မင်ဒဲလားခေါင်းဆောင်သည့် African National Congress (ANC) ကို အကြမ်းဖက် အဖွဲ့ အစည်းအဖြစ် စာရင်းသွင်းထားခဲ့ပြီး ANC ၏ အစိုးရကိုဆန့်ကျင်ဆောင်ရွက်ရသည့် လူဖြူလူမည်းခွဲခြားဆက်ဆံရေးတိုက်ဖျက်မှုများမှာ ၁၉၄၈ မှ ၁၉၉၄ ထိ ကြာမြင့်ခဲ့သည်။
    အင်္ဂလန်နိုင်ငံ၏ ၀န်ကြီးချုပ်ဟောင်း မာဂရက်သက်ချာကလည်း မင်ဒဲလား၏ ANC အား အကြမ်းဖက်အဖွဲ့ဟု ၁၉၈၇ တွင် ခေါ်ဝေါ်သမုတ်ခဲ့ဖူးသည်။ မာဂရက်သက်ချာက ကန်သမ္မတ ရော်နယ်ရေဂင် လုပ်ခဲ့သည့်အတိုင်း တောင်အာဖရိက လူဖြူအစိုးရအား ပိတ်ဆို့အရေးယူဖို့ အဆိုအား ပယ်ချခဲ့သည်။
    ANC အား အသိအမှတ်ပြုဖို့ရာအတွက် ၁၉၈၆တွင်  အမေရိကန်တို့၏ လွှတ်တော်၌ မဲခွဲခဲ့ရာ ယခင် သမ္မတ ဘုရှ်လက်ထက်၊ ဒုတိယသမ္မတ အဖြစ် ဆောင်ရွက်ခဲ့သည့် ဒစ်ချေနီက အခြားသော ကွန်ဂရက်အမတ် ၁၇၉ ဦးနှင့်အတူ ဆန့်ကျင်သည့်ဘက်မှ ရပ်တည်ခဲ့ဖူးသည်။ ထိုမဲခွဲမှုမှာ နယ်လ်ဆင်မင်ဒဲ လားအား ထောင်မှ လွှတ်ပေးဖို့ တောင်းဆိုရန်ကိစ္စလည်း ပါဝင်ခဲ့သည်။
    ကန်တို့၏ ဆောင်ရွက်ချက်များမှာ အငြင်းပွားဖွယ်များအဖြစ် တည်ရှိနေပြီး ပါလစ္စတိုင်းရှိ လွတ်လပ်ရေးကြိုးပမ်းသူ ဟားမားစ်အဖွဲ့ကိုလည်း အကြမ်းဖက် အဖြစ် အစဉ်အဆက် သမုတ်လာခဲ့သည်မှာ နှစ်များစွာ ကြာမြင့်ခဲ့ပြီဖြစ်သည်။
  • မလက္ကားရေလက်ကြားက ဓါတ်ငွေ့တွေကြောင့် တရုတ်-မလေး နယ်နိမိတ်အငြင်းပွားသလို ရွှေပိုက်လိုင်းကြီးကြောင့် ဘာတွေဖြစ်လာဦးမှာလဲ
    M-Media
    အောက်တိုဘာလ ၂၁ ရက်၊ ၂၀၁၃
    1402956_567459753309914_1673368760_o
    ကီလိုမီတာ ၂၅၀၀ ရှည်တဲ့ မြန်မာနဲ့ တရုတ်အကြားသွယ်တန်းထားတဲ့ ဓါတ်ငွေ့ပိုက်လိုင်း နောက်ဆုံးအဆင့်ပြီးစီးသွားလို့ လုပ်ငန်းခွင့် အပြည့်အ၀လည်ပတ်နေပြီလို့ တရုတ်မီဒီယာတွေက ဒီကနေ့မှာ သတင်းတင်ပြကြပါတယ်။
    ပိုက်လိုင်းရဲ့ အပြီးသတ်အဆင့်ကို တရုတ်ပြည်တွင်းမှာ ဖောက်လုပ်ခဲ့တာဖြစ်ပါတယ်။ မြန်မာပြည် ကျောက်ဖြူကနေ တရုတ်ပြည် အနောက်တောင်ဘက်မှာရှိတဲ့ ယူနန်၊ ဂွီဇောင်း၊ ချောင်ကျင်းနဲ့ ဂွမ်ဇီမြို့တွေကို သွယ်တန်းထားတဲံ ပိုက်လိုင်းကြီးက တနင်္ဂနွေနေ့မှာ အပြီးသတ်လို့ အပြည့်အ၀လည်ပတ်နေပြီဖြစ်တယ်လို့ ဂလိုဘယ်လ်တိုင်းမ်စ်က သတင်းတင်ဆက်ခဲ့ပါတယ်။
    ဝေဖန်သူတွေကတော့ ပိုက်လိုင်းတလျှောက်မှာရှိတဲ့ ဒေသခံတွေရဲ့ မြေနေရာတွေ ထိခိုက်ဆုံးရှုံးခဲ့တာမျိုးတွေ၊ ပတ်ဝန်းကျင်ပျက်ဆီးယို့ယွင်းမှုတွေ ရှိနေတယ်လို့ ပြောဆိုသတိပေးကြကြောင်း စီအင်အေ သတင်းက ပြောပါတယ်။
    ဒီဓါတ်ငွေ့ပိုက်လိုင်းကြီးက မြန်မာအစိုးရစစ်တပ်နဲ့ ကချင်တပ်မတော်အကြား တိုက်ပွဲဖြစ်ပွားခဲ့တဲ့ တရုတ်နယ်စပ်မြို့တစ်မြို့ဖြစ်တဲ့ ရုအိလိမြို့ကိုလည်း ဖြတ်သန်းသွယ်တန်းထားပါတယ်။ ဒီပိုက်လိုင်း ကြီးကနေ တရုတ်ကို တစ်နှစ်မှာ ကုဗမီတာ ၁၂ ဘီလီယံရှိတဲ့ ဓါတ်ငွေ့တွေ တင်ပို့သွားမှာ ဖြစ်ပါတယ်။
    တရုတ်နိုင်ငံ ဇီယာမင်းတက္ကသိုလ်ရဲ့ ပါမောက္ခ လင်ဘိုကျင်းကတော့ မလေးရှားပိုင် မလက္ကာရေလက်ကြားကနေပြီး တရုတ်ကို ဓါတ်ငွေ့တွေ တင်သွင်းနေရာကနေ အခု နောက်တလိုင်းတိုးပြီး မြန်မာပြည်ကနေ ဓါတ်ငွေ့ရရှိတော့မှာဖြစ်တာကြောင့် ပင်လယ်ရေအောက်ကနေ သွယ်တန်းထားတဲ့ တရုတ်-မလက္ကာဓါတ်ငွေ့လိုင်းကြောင့် ဖြစ်ပေါ်လာမယ့် ပင်လယ်ရေအောက် အန္တရာယ်တွေကို လျှော့ချနိုင်တော့မယ်လို့ ပြောပါတယ်။
    စွမ်းအင်ရှားပါးတဲ့ တရုတ်နိုင်ငံဟာ မလက္ကာရေလက်ကြားကနေ ဓါတ်ငွေ့တွေ သွင်းနေပေမယ့် မလေးရှားနိုင်ငံနဲ့ တောင်တရုတ်ပင်လယ်တွင်းက ကျွန်းတွေ ပိုင်ဆိုင်မှုမှာ အကြီးအကျယ် အငြင်းပွားနေခဲ့တာပါ။ ဒါဟာ တရုတ်ရဲ့ ဓါတ်ငွေ့လိုအပ်ချက်နဲ့ အဲဒီအငြင်းပွားမှုအကြား အဆက်အစပ်ဖြစ်နိုင်တယ်လို့လည်း လေ့လာသူများက ဝေဖန်နေကြပါတယ်။
    ဓါတ်ပုံ – ဘီဘီစီ
  • ၂၀၁၅ ရွေးကောက်ပွဲအတွက် အခြေခံဥပဒေ ပြင်ဆင်ရမည်ဟု ဘရပ်ဆဲလ်ရောက် ဒေါ်အောင်ဆန်းစုကြည်ပြောကြား
    M-Media
    အောက်တိုဘာ ၂၀ ရက်၊ ၂၀၁၃
    jlsuukyi19e
    အခြေခံဥပဒေမပြင်ဆင်သရွေ့ မြန်မာပြည်၏ ၂၀၁၅ ရွေးကောက်ပွဲသည် ဒီမိုကရေဆန်သည့် ရွေးကောက်ပွဲဖြစ်လာမည် မဟုတ်ကြောင်း ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့တွင်ရောက် ရှိနေ သည့် ဒေါ်အောင် ဆန်းစုကြည်က ပြောကြားခဲ့သည်။
    “အခြေခံဥပဒေကို ပြင်ဆင်ရပါမယ်။ မပြင်သရွေ့တော့ ၂၀၁၅ ရွေးကောက် ပွဲက လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်လာမှမဟုတ်ဘူး” ဟု ဒေါ်အောင် ဆန်းစုကြည်က ဘရပ်ဆဲလ်မြို့၌ ဥရောပကော်မရှင်ဥက္ကဌ မာနြူရယ် ဘာရိုဆိုနှင့်တွေ့ဆုံစဉ် ပြောကြား ခဲ့သည်ဟု အေအက်ဖ် ပီသတင်းတစ်ရပ်က ဆိုသည်။
    ၂၀၁၅ ရွေးကောက်ပွဲတွင် သမ္မတအရွေးခံလိုသည်ဟု တရား ၀င်ပြောဆို ထားသည့် ဒေါ်အောင်ဆန်းစုကြည်မှာ မြန်မာပြည်၏ လက်ရှိ စစ်အခြေပြု အခြေခံ ဥပဒေကြောင့် သမ္မတဖြစ်ခွင့်ဆုံးရှုံးရဖွယ် ရှိနေသည်။
    ဒေါ်အောင်ဆန်းစုကြည်သည် ဘရပ်ဆဲလ်မှတဆင့် လူဇင်ဘတ်သို့ ထွက်ခွာ မည်ဖြစ်ပြီး လူဇင်ဘတ်တွင် လွန်ခဲ့သည့် ၂၃ နှစ်က သူမရရှိခဲ့သည့် ဥရောပ သမဂ္ဂ၏ လူအခွင့်အရေး ဆုကို လက်ခံရယူသွားမည်ဖြစ်သည်။ တနင်္လာနေ့တွင်မူ လူဇင်ဘတ်၌ပင် ဥရောပ ၂၈ နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီး ၂၈ ဦးပါ ၀င်မည့်အစုအဖွဲ့ကို မိန့်ခွန်းပြောကြားမည့်အကြောင်း လည်း နိုင်ငံတကာသတင်းများက ဝေေ၀ဆာဆာဖော်ပြထားကြသည်။
    ဓါတ်ပုံ – straitstimes singapore
  • တရုတ်ပြည်မှ စုံတွဲ iPhone ဝယ်ရန် သမီးမိန်းကလေးငယ်ကိုရောင်းချ
    M-Media
    အောက်တိုဘာလ ၁၉ ရက်၊ ၂၀၁၃
    0f5b3fb4ebde9a6b9a69d4945449a437cb783ea8-196259aတရုတ်အမျိုးသားစုံတွဲငယ်တို့ဟာ Apple ကုမ္ပဏီထုတ် iPhone ကိုဝယ်ယူရန် အတွက် သူတို့ရဲ့ သမီးငယ်ကလေးကို ရောင်းချခဲ့တာကြောင့် ရာဇဝတ်မှုနဲ့ရင် ဆိုင်နေရတယ်လို့ နိုင်ငံပိုင် မီဒီယာက သောကြာနေ့ကပြောဆိုခဲ့ပါတယ်။
    ရှန်ဟိုင်းကရှေ့နေ့အဖွဲ့တစ်ခုဟာ ဒီစုံတွဲငယ်တို့ သူတို့သမီးမိန်းကလေးကို အွန်လိုင်း မှာ တရားမဝင်မွေးစားဖို့ ကမ်းလှမ်းခဲ့ပြီး ဒီအတွက်ငွေကြေး လက်ခံခဲ့ တဲ့အတွက် လူကုန်ကူးမှုနဲ့စွဲချက်တင်ခဲ့ပါတယ်လို့ လွတ်လပ်တဲ့နေ့စဉ်သတင်း (Liberation Daily) ကဖော်ပြခဲ့ပါတယ်။
    အမည်နာမည်အပြည်အစုံမဖော်ပြထားတဲ့ ကလေးအမေဖြစ်သူဟာ ရရှိတဲ့ငွေကြေးနဲ့ Apple iPhone၊ တန်ဖိုးကြီး အားကစားရှုးဖိနပ်နဲ့ အခြားအသုံး အဆောင်ပစ္စည်းတွေဝယ်ယူခဲ့တယ်လို့ စုံစမ်းစစ်ဆေးသူတွေတွေ့ရှိခဲ့ကြပါတယ်။
    တရုတ်ပြည်မှာ Apple ကုန်ပစ္စည်းတွေဟာ အလွန်အမင်းကျော်ကြားလှပြီး ယမန်နှစ်က တရုတ် ဆယ်ကျော်သက်လူငယ်တစ်ဦးဟာ သူ့ရဲ့ကျောက်ကပ် ကို ထုတ်ရောင်းခဲ့ပြီး ရရှိတဲ့ပိုက်ဆံနဲ့ iPhone နဲ့ iPad တွေဝယ်ယူဖို့အသုံးပြုခဲ့ပါသေးတယ်။
    ဒါပေမယ့် စုံတွဲငယ်ဟာ သူတို့မှာ ကလေးနှစ်ယောက်ရှိပြီးဖြစ်တာကြောင့် အခုကလေးငယ်ကို သူတို့တတ်နိုင်တာထက် ပိုကောင်းမွန်တဲ့ ကြီးပြင်းတဲ့ အနေအထား ကို ရရှိစေချင်လို့ဖြစ်ကြောင်း ရဲဌာနကိုပြောကြားခဲ့ပါတယ်။
    ” ကလေးကို ပေးပစ်တာဟာ ကိုယ့်အကျိုးအတွက်ပဲမဟုတ်ပါဘူး၊ သူကို့ပိုကောင်းတဲ့ အာမခံချက်ရစေချင်လို့ပါ။” လို့ တစ်ယောက်ပြောပါတယ်။
    ကျေးလက်ဒေသက အချို့တရုတ်လူမျိုးတွေဟာ သမီးမိန်းကလေးထက် သားယောက်ျားလေးကို ပိုမိုနှစ်သက်တဲ့ အစဉ်အလာရှိပေမယ့် ယခုကိစ္စ မှာတော့ ကလေးငယ်ရဲ့ မိန်းကလေးဖြစ်မှု(လိင်)ဟာ အကြောင်းအရင်းဖြစ်တယ်လို့တော့ သတင်းကမဖော်ပြထားပါဘူး။
    အွန်လိုင်းပေါ်မှာတော့ ဒီစုံတွဲကိုအပြစ်တင်ကြပြီး တစ်ချို့ကတော့ ခေတ်ပေါ်ပြောင်းလဲလာတဲ့ တရုတ်လူမှုဝန်းကျင်နဲ့ ဓနဥစ္စာနောက်အလွန်အမင်း လိုက် မှုပေါ်သရော်လှောင်ပြောင် မှုတွေပြုလုပ်ခဲ့ပါတယ်။
    ” အတော်သွေးအေးတာပဲ၊ ဒီလူတွေ မိဘမဖြစ်သင့်ဘူး !” လို့ ဘလော့ဂါ ဝန်ဇန်းဆိုသူက သူ့ရဲ့ဘလော့တစ်ခုမှာ ရေးသားထားပါတယ်။
    ” စီးပွားရေး နည်းလမ်းကောင်း တစ်ခု၊ အရင်းနှီးမလိုဘူး၊ အမြတ်အများကြီးရတယ်၊ ကျောက်ကပ်ရောင်းစရာမလိုဘူး ” စသဖြင့် နောက်ဘလော့ တစ်ခုရေးသားပါတယ်။
    တရားစွဲဆိုတဲ့ အဖွဲ့အစည်းကတော့ အဖြစ်အပျက်နဲ့ဆက်စပ်လို့ မလိုလားအပ်တာတွေဖြစ်မှာစိုးရိမ်တာကြောင့်တစ်စုံတစ်ရာပြောဆိုခြင်း မရှိသေးပါ ဘူး။
    စုံတွဲဟာ ကလေးငယ်အတွက် ငွေကြွေးဘယ်လောက်ရခဲ့တယ်ဆိုတာ သတင်းမှာ မဖော်ပြထားပေမယ့် အွန်လိုင်း ပိုစ့်တွေအရ ယွမ် သုံးသောင်း ( ဒေါ်လာ ၄၉၀၀ ) နဲ့ ယွမ် ငါးသောင်း (ဒေါ်လာ ၈၂၀၀) ဖော်ပြချက်တွေကို တွေ့ရပါတယ်။
    Apple ကုမ္ပဏီဟာ လွန်ခဲ့တဲ့လက iPhone 5S ကို ဖြန့်ချီခဲ့ပြီး အဲ့ဒီထဲမှာ ရွှေရောင် မော်ဒယ်အမျိုးအစားနဲ့ ပိုဈေးသက်သာတဲ့ iPhone 5C အမျိုးအစား တို့လည်းပါဝင်ခဲ့ပါတယ်။
    Source AFP