News @ M-Media

Author: ဖိုးသောကြာ

  • တိုင်းမ်မဂ္ဂဇင်းအား သမ္မတကြီးမှ ကန့်ကွက်မှုအား ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပွဲပြုလုပ်

    တိုင်းမ်မဂ္ဂဇင်းအား သမ္မတကြီးမှ ကန့်ကွက်မှုအား ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပွဲပြုလုပ်

    ဇွန် ၃၀၊ ၂၀၁၃
    M-Media
    ဆုံမှတ်

    01

    ရန်ကုန် ။ ။ ဇူလိုင်လထုတ်မည့် တိုင်းမ်မဂ္ဂဇင်း၏ ဦးဝီရသူမျက်နှာဖုံးပါ သတင်းဆောင်းပါး ပါရှိသောကြောင့် သမ္မတကြီးမှ ကန့်ကွက်မှုအား ထောက်ခံသည့်ဆန္ဒထုတ်ဖော်ပွဲတစ်ရပ်ကို ယနေ့ နေ့လည်(၁း၃၀)နာရီက ရန်ကုန်မြို့ ဗဟာဗန္ဓုလပန်းခြံရှေ့တွင် ပြုလုပ်ခဲ့ကြသည်။

    02

    အဆိုပါ ဆန္ဒဖော်ထုတ်ပွဲမှာ တိုင်းမ်မဂ္ဂဇင်းကို သမ္မတကြီး၏ကန့်ကွက်မှုအား ထောက်ခံပွဲနှင့် ဦးဝီရသူအား ထောက်ခံပွဲကို ပူးတွဲပြုလုပ်ခြင်းဖြစ်ကြောင်းသိရသည်။

    03

    ယင်းဆန္ဒထုတ်ဖော်ပွဲသို့ လူအင်အား (၆၀၀)ကျော် ပါဝင်ခဲ့ပြီး ၉၆၉ တံဆိပ်ကပ်ထားသော ကားများနှင့် လာရောက်ပြီး စုဝေးခဲ့ကြကြောင်းလည်း သိရသည်။ ဆန္ဒထုတ်ဖော်ပွဲပါဝင်သူတချို့မှ “ဆရာတော် ၀ီရသူသည် အမျိုးဘာသာ သာသနာကို စောင့်ရှောက်သူ၊ အကြမ်းဖက်သမားမဟုတ်” ဟု အော်ဟစ်ခဲ့ကြပြီး ကားပေါ်တွင် ပါရှိသော အသံချဲ့စက်မှ ၉၆၉ သီချင်းများဖွင့်ကာ ကခုန်ခဲ့ကြပြီး ဆန္ဒပြပွဲကို ရပ်နားလိုက်ကြောင်း သိရသည်။

  • ဇွန် ၂၇-၂၀၁၃ နိုင်ငံတကာ သတင်းစုစည်းမှု အကျဉ်း

    ဇွန်-၂၇၊ ၂၀၁၃
    M-Media

    ဖိလစ်ပိုင်တွင် သတို့သမီး ကုန်ကူးသည့် ဂိုဏ်းကို ဖမ်းဆီး

    တောင်ကိုရီးယား အမျိုးသားများနှင့်လက်ထပ်ရန် ပို့ဆောင်မည့် အမျိုးသမီး ၂၉ဦးနှင့်အတူ ယနေ့ ဖမ်းဆီးနိုင်ခဲ့သည်။
    ————————————-

    တရုတ်အစိုးရ၏ တိဘတ် လူမျိုးများအား အတင်းအဓမ္မ နေရာရွှေ့ပြောင်းစေမှု

    လူ့အခွင့်ရေး စောင့်ကြည့်ရေးအဖွဲ့မှ တရုတ်အစိုးရကို ထိုကိစ္စများ ရပ်တန့်ပေးရန် တောင်းဆိုလိုက်သည်။
    ————————————-

    အင်တာနတ် ဆက်သွယ်ရေး အားနည်းသည့် နိုင်ငံများအတွက် ဂြိုဟ်တု

    ၅၀%ထိ ဈေးနှုန်းသက်သာပြီး မြန်ဆန်သော ဆက်သွယ်မှုကို လတ္တီကျု့ ၄၅ ဒီဂရီအတွင်းရှိ နိုင်ငံများ အသုံးပြုနိုင်ရန် ကမ္ဘာပတ်လမ်းအနိမ့်တွင် ထားရှိရန် လျာထားသည့် ဂြိုဟ်တု ၁၂လုံးအနက်မှ ပထမ ၄လုံးကို လွှတ်တင်လိုက်သည်ဟု O3b Network ကပြောကြားသည်။
    ————————————

    ဂျပန်နိုင်ငံမှ ပထမဆုံး စက်ရုပ် အာကာသယာဉ်မှုး

    ဩဂုတ်လတွင် နိုင်ငံတကာအာကာသ စခန်းနှင့် ချိတ်ဆက်မည့် ခရီးစဉ်တွင် Kirobo ဟုခေါ်သော စက်ရုပ်ကို စေလွှတ်ရန် စီစဉ်ထားသည်။

  • Facebook မှ အသုံးပြုသူ လူ ၆ သန်း၏ အချက်အလက်များကို ဆော့ဖ်ဝဲ မှားယွင်းချက်ကြောင့်ဖြန့်ဝေမိကြောင်း တောင်းပန်

    Facebook မှ အသုံးပြုသူ လူ ၆ သန်း၏ အချက်အလက်များကို ဆော့ဖ်ဝဲ မှားယွင်းချက်ကြောင့်ဖြန့်ဝေမိကြောင်း တောင်းပန်

    ဇွန်လ ၂၂၊ ၂၀၁၃
    M-Media

    online-speculation-has

     

    Facebook အသုံးပြုသူ လူ၆သန်းအတွင်းမှ အချို့လူများ၏ တယ်လီဖုန်းနံပါတ်များနှင့် အီးမေးလ်လိပ်စာများကို မှားယွင်းစွာ ဖြန့်ဝေမိကြောင်း။ ထိုသို့ဖြစ်ရခြင်းမှာ ဆော့ဖ်ဝဲ မှားယွင်းချက်ကြောင့် ဖြစ်သည်ဟု Facebook မှ သောကြာနေ့က ပြောကြားခဲ့သည်။

    သို့သော်လည်း ငွေကြေးနှင့် ပတ်သက်သော အချက်အလက်များကိုတော့ ဖြန့်ဝေမိခဲ့ခြင်းမရှိဟု ဆိုသည်။ ၄င်းမှားယွင်းချက်သည် အလွန်ကိုအန္တရာယ်ဖြစ်ပေါ်စေသော မှားယွင်းမှုတစ်ခု မဟုတ်ကြောင်း။ သို့သော်လည်း Facebook မှ ၄င်းချွတ်ယွင်းချက်အတွက် ၀မ်းနည်း ရှက်ရွံမိကြောင်း ပြောကြားခဲ့သည်။

    ထိခိုက်သွားသော သုံးစွဲသူများအား အီးမေးလ်မှတစ်ဆင့် အကြောင်းကြားခဲ့ပြီး၊ ၄င်း အီးမေးလ်တွင် အန္တရာယ်ဖြစ်စေသော အကျိုးသက်ရောက်မှုမှာ အလွန်ကိုနည်းပါးကြောင်း၊ ဘယ်ကြောင့်ဆိုသော အချက်အလက်များ ဖြန့်ဝေမှုသည် သူငယ်ချင်းဖြစ်ပြီးသား အသုံးပြုသူအခြင်းခြင်းကြားတွင်သာ ဖြစ်ကြောင်း ရေးသားထားခဲ့သည်။

    “ကျွန်တော်တို့သည် လူများ၏ကိုယ်ပိုင်အချက်အလက်များအား အလွန်ကိုတန်ဖိုးထားပါတယ်။ ဘယ်လိုနည်းမျိုးနဲ့မဆို အကောင်းဆုံးကြိုးစား၍ ၄င်းအချက်အလက်များကို ကာကွယ်မှာ ဖြစ်တယ်” ဟု Facebook မှ ပြောကြားခဲ့သည်။ “အလွန်ကို ထူးချွန်သည့် ပညာရှင်များပါဝင်ထားသော်လည်း ဘယ်ကုမ္ပဏီမှတော့ ၁၀၀ ရာခိုင်နှုန်း အမှားအယွင်းမရှိဘူးလို့ အာမ မခံနိုင်ပါဘူး” ဟု သူက ထည့်သွင်း ပြောကြားခဲ့သည်။

    ယခုအခြေနေမှာတော့ ၄င်း ချွတ်ယွင်းချက်ကြောင့် သုံးစွဲသူ၏ ဆက်သွယ်ရေး အချက်အလက်များဖြစ်သော အီးမေးလ်လိပ်စာ နှင့် တယ်လီဖုန်းနံပါတ်များအား ထိုသုံးစွဲသူ၏ ဆက်သွယ်ရေးမှတ်တမ်း တစ်ချို့ရှိသူသို့ သုံးစွဲသူနှင့် ပတ်သက်သူ တစ်ဦးဦးစီကိုသာ ဤအချက်အလက်များ ရောက်သွားခြင်းဖြစ်ကြောင်း။

    ထိုမလိုလားအပ်သော ဖြန့်ဝေမှုဖြစ်ပေါ်လာခြင်းမှာ Facebook အသုံးပြုသူသည် သူတို့၏ Facebook account မှတ်တမ်းရှိအရာများကို Download Your Information (DYI) ကို အသုံးပြု၍ ဒေါင်းလုပ် လုပ်လိုက်သောကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်ကြောင်း။

    “သုံးစွဲသူများသည် သူတို့၏ contact ထဲ သို့မဟုတ် သူတို့နှင့် သိသူများ၏ contact ထဲတွင် အီးမေးလ် လိပ်စာ သို့ ဖုန်းနံပါတ်များ ထပ်မံထည့်သွင်းခဲ့ပါလိမ့်မည်” ဟု လုံခြုံရေး အချက်အလက်များတွင် ရေးသားထားသည်။

    ဆက်လက်၍ အချက်လက်ထဲတွင် “ရှာဖွေတွေ့ရှိချက်အရ ခန့်မှန်းခြေဖြင့် ဆိုရသော် သုံးစွဲသူ လူ ၆ သန်းနီးပါး၏ အီးမေးလ် နှင့် ဖုန်းနံပါတ်များ ပျံ့နှံခဲ့သည်”

    “ကျွန်တော်တို့တွင် ၄င်း ချွတ်ယွင်းချက်ကြောင့် ဖြစ်ပေါ်လာခဲ့သော အန္တရာယ်အဖြစ်ပျက်များ မတွေ့ရှိရကြောင်း၊ ထို့အတူ သုံးစွဲသူများထံမှ တိုင်ကြားချက်များသို့ ထိုမှားယွင်းမှုကို မကျေနပ်သော အပြုမူများ မတွေ့ရှိရကြောင်း”

    “ချွတ်ယွင်းချက်သည် သုံးစွဲသူများ၏ အီးမေးလ်နှင့် ဖုန်းနံပါတ်အား သူတို့နှင့် သူတို့၏ ဆက်သွယ်ရေး အချက်အလက်တစ်ချို့ရှိပြီးသား လူများနှင့် သိရှိပြီးသားဖြစ်သော လူများထံသို့သာ ဖြန့်ဝေမိသဖြင့် အန္တရာယ်ဖြစ်ပေါ်စရာမရှိကြောင်း၊ သို့သော်လည်း ၄င်းအဖြစ်အပျက်အတွက် ကျွန်တော်တို့ လွန်စွာမှ ၀မ်းနည်းပြီး၊ ရှက်ရွံ့ရပါကြောင်း” Facebook တရားဝင် ထုတ်ပြန်ပြောကြားခဲ့သည်။

    – CAN

    http://www.channelnewsasia.com/news/technology/facebook-admits-bug/720510.html

    Facebook admits bug shared 6m users’ contact details

    Phone numbers and email addresses belonging to some 6 million Facebook users have been improperly shared due to a software bug, the social network said Friday.

    SAN FRANCISCO: Phone numbers and email addresses belonging to some 6 million Facebook users have been improperly shared due to a software bug, the social network said Friday.

    But no financial or other information was revealed to others, and there was “no evidence that this bug has been exploited maliciously,” Facebook said in a security note, adding it was “upset and embarrassed” by the glitch.

    Affected users were being notified by email, it said, while stressing that the practical impact was likely to be “minimal,” partly because improper data sharing would only have occurred between users who already had some connection.

    “We take people’s privacy seriously, and we strive to protect people’s information to the very best of our ability,” it said, but added: “Even with a strong team, no company can ensure 100 per cent prevention of bugs.”

    In this case, the bug “may have allowed some of a person’s contact information (email or phone number) to be accessed by people who either had some contact information about that person or some connection to them.”

    The unwarranted sharing would have occurred when a Facebook user went to download an archive of their Facebook account through the social network’s Download Your Information (DYI) tool, it said.

    “They may have been provided with additional email addresses or telephone numbers for their contacts or people with whom they have some connection,” according to the security note.

    It continued: “We’ve concluded that approximately 6 million Facebook users had email addresses or telephone numbers shared.”

    “We currently have no evidence that this bug has been exploited maliciously, and we have not received complaints from users or seen anomalous behavior on the tool or site to suggest wrongdoing.”

    “Although the practical impact of this bug is likely to be minimal since any email address or phone number that was shared was shared with people who already had some of that contact information anyway, or who had some connection to one another, it’s still something we’re upset and embarrassed by.”

    – CNA

    http://www.channelnewsasia.com/news/technology/facebook-admits-bug/720510.html

  • ၁၉၈၃ ခုနှစ် သန်းခေါင်စာရင်းအရ ရခိုင်ပြည်နယ်ရှိ လူဦးရေ အချိုးအစား

    ၁၉၈၃ ခုနှစ် သန်းခေါင်စာရင်းအရ ရခိုင်ပြည်နယ်ရှိ လူဦးရေ အချိုးအစား

    ဒီဇင်ဘာ ၉ ၊ ၂၀၁၂
    M-Media
    ဦးဦးမှော်ဆရာ

    { Popular Myanmar News ဂျာနယ် >>> ရခိုင်ပြည်နယ် အရေးနှင့် ပက်သက်သော တွေဆုံ ရှင်းလင်းပွဲတွင် နောက်ကွယ်မှ ကြိုးကိုင်သူများကို လက်ရှိတွင် စုံစမ်း စစ်ဆေးနေပြီ ဖြစ်ပြီး ခိုင်လုံသော အထောက်အထားများ ရရှိပါက ပြောကြားချပြ သွားမည်ဖြစ်ကြောင်း ရဲချုပ် ကျော်ကျော်ထွန်းကပြောကြားပြီး၊ လက်ရှိတွင် ထိုအရေအတွက် သက်ဆိုင်ရာမှ ၁ ဦး၊ဘင်္ဂလီ မူဆလင် ၁ ဦး ၊ ရဲ ဌာန မှ တစ်ဦးနှင့် ရပ်ကွက် အုပ်ချုပ်ရေး ၃ ဦးပါဝင်သော ၆ ဦးပါ အဖွဲ့ များမြို့နယ် အလိုက် စိစစ်နေကြောင်း၊ ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးမှ လည်း အယ်ဂျားဇီးယား သတင်းဌာန မှ ဘင်္ဂလီများလူမျိုးတုံးရေးခေါင်းစဉ်ဖြင့် ထုတ်လွှင့်ရန် ကြားသိရကြောင်း၊
    သို့သော် လည်း ဘင်္ဂလီမူဆလင်တို့ ၏ လူဦးရေ တိုးတက်မှုမှာ ရခိုင်ပြည်နယ်တွင် ၁၉၈၂ ခုနှစ်၌ လူဦးရေ ၁ သိန်းမှ ၂၀၁၂ ခုနှစ် တွင် လူဦးရေ ၁၀ သိန်းအထိ ရှိလာသောကြောင့် တိုးပွားလာမှု နှင့် မျိုးတုံးမှုတို့ကို မိမိတို့ ဦးနှောက်ဖြင့်သာ စဉ်းစားစေလိုကြောင်း ပြောကြားသွားသည်။
    (အလဲဗင်းက ရေးထားတဲ့သတင်းမှာတော့ – ၁၉၈၀ ၀န်းကျင်က ရခိုင်ပြည်နယ်၌ ဘင်္ဂါလီလူမျိုး နှစ်သိန်းခွဲခန့်ရှိပြီး ယခု ၂၀၁၂ ခုနှစ်တွင် တစ်သန်းရှိကြောင်း – လို့ ရေးထားပါတယ်။) }

    Census of 1983 (Rakhine State)

    ဒီသတင်းကိုဖတ်မိတော့ ကျနော်ဖတ်ဖူးတာလေးတွေ ပြန်ရှာကြည့်မိတယ် ။ ဒီပုံပါ သန်းခေါင်စာရင်းအရ ၁၉၈၃ ခုနှစ်မှာ ရခိုင်ပြည်နယ်မှာ မွတ်ဆလင်အရေအတွက်ဟာ ၅၈၂၉၈၄ ဦးခန့် ရှိကြောင်း တွက်ကြည့်ရင် သိနိုင်ပါတယ်။ မဆလခေတ်သန်းခေါင်စာရင်းရဲ့ ထူးခြားချက်တစ်ခုကတော့ ရခိုင်ပြည်နယ်မှာရှိတဲ့ မွတ်ဆလင်များ အားလုံးကို ရိုဟင်ဂျာ၊ ကမန်၊ မြေဒူး၊ ဘင်္ဂါလီ၊ ရခိုင် စသဖြင့် လူမျိုးအရသတ်သတ်မှတ်မှတ် မခွဲခြားထားဘဲ အားလုံးကို ခြုံငုံပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ဘင်္ဂါလီများ၊ တနည်းအားဖြင့် နိုင်ငံခြားသားများ အဖြစ် သတ်မှတ်ထားတာ တွေ့ရပါတယ်။

    May Yu District in Myanmar Encyclopedia

    ဒီလောက်နဲ့မကျေနပ်သေးတော့ လူပြောသူပြောများတဲ့ စာအုပ်တစ်အုပ်ဖြစ်တဲ့ ၁၉၆၄ ခုနှစ် စာပေဗိမာန်ထုတ် မြန်မာ့စွယ်စုံကျမ်း အတွဲ(၉) ကိုပြန်ကြည့်မိတယ်။ အဲဒီစာအုပ်ရဲ့ စာမျက်နှာ (၉၀) မှာ ဒီလို ဖေါ်ပြထားတာ တွေ့ရပါတယ်။ မေယုနယ်ခြားခရိုင်တွင် လူဦးရေ (၄) သိန်း (၅) သိန်း ခန့်ရှိရာ လူအများစု (၇၅% ခန့်) မှာ ရိုဟင်ဂျာ လူမျိုးများဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။ ဒီတော့ အဲဒီစာအုပ်မှာဖေါ်ပြထားတဲ့ ရိုဟင်ဂျာဆိုတာ ခုလက်ရှိ ဘင်္ဂါလီအဖြစ် လူမျိုးပြောင်းသွားတဲ့ လူမျိုးစုကို ရည်ညွှန်းတာဆိုတော့ ၁၉၆၄ ခုနှစ် မှာတောင်မှ မေယုခရိုင် တစ်ခုတည်းမှာတင် အနည်းဆုံး လူဦးရေ ၃ သိန်းကျော်ရှိခဲ့တာ သေချာပါတယ်။

    ဒီတော့ ဗိုလ်သိန်းဌေးက ဘယ်အချက်အလက်ကို အခြေခံပြီး ၁၉၈၂ခုနှစ်မှာ ဘင်္ဂါလီ တစ်သိန်းရှိတယ်လို့ ပြောတာလဲ ။ နောက်ပြီး ခုလို Press Briefing တစ်ခုမှာ ပြောဆိုခြင်းဟာ Official Record တစ်ခုအနေနဲ့ ဖြစ်သွားနိုင်တယ် ဆိုတာသိသိကြီးနဲ့ ဘယ်လိုရည်ရွယ်ချက်နဲ့ စာရင်းမှား ပြောတာလဲ စဉ်းစားစရာပဲ။

    ရုတ်တရက် ဒီသတင်းဖတ်မိရင် `ဟ.. ဒီနှစ်တွေအတွင်း လူဦးရေ ဆယ်ဆလောက်တိုးတက်လာတာပဲ´ လို့ တွေးမိပြီး ဒီလို လူဦးရေတိုးပွားလာတာဟာ ဟိုဘက်နိုင်ငံကလူတွေ အပျင်းပြေပါးရိုက်ခံဖို့ မြန်မာပြည်ဘက် ခိုးဝင်လာကြသူတွေလား၊ သူတို့ပြောသလို အပျော်တမ်း ကလေးမွေးနေကြလို့လား.. စသဖြင့် သို့လောသို့လော တွေးမိနိုင်ပါတယ်။ ဒီလို အယုံအကြည်ကင်းမဲ့တဲ့ စိတ်၊ သံသယစိတ်ဟာ လက်ရှိဖြစ်ခဲ့တဲ့ ပြဿနာရဲ့ အဓိကလောင်စာပါ။

    အစိုးရဟာ ခိုးဝင်လာသူမရှိပါဘူး၊ ရခိုင်ပြည်နယ်မှာရှိတဲ့ လူမျိုးစုနှစ်စု အချင်းချင်းပြန်လည်သင့်မြတ်အောင် နည်းလမ်းရှာနေပါတယ်လို့ ကမ္ဘာပတ်ပြီးပြောနေပေမဲ့ တကယ့်ဒေသခံပြည်သူတွေရဲ့ စိတ်ထဲမှာ အဲဒီသံသယစိတ်ကို မပျောက်သွားဘဲ အမုန်းတရားများဆက်လက် ရှိနေအောင် ၊ တငွေ့ငွေ့တောက်လောင်နေအောင် လုပ်နေသလားလို့တွေးမိတယ်။

    နိုင်ငံဖြတ်ကျော်ခိုးဝင်လာသူတွေရှိရင်လည်း ဘယ်သူ့ကိုမဆို တရားဥပဒေ အရ စီရင်ရမယ်။ ဒီလိုပါပဲ .. ခိုးဝင်လာသူမဟုတ်မှန်း သေချာရင်လည်း ဘယ်သူ့ကိုမဆို တရားဥပဒေရဲ့ အကာအကွယ်ကို မျှမျှတတရရှိစေဖို့ အစိုးရကတာဝန်ခံရပါမယ်။ အခု ဒီအစိုးရလုပ်ပုံက ရခိုင်ပြည်နယ်မှာဖြစ်နေတဲ့ လူသတ်၊ မီးရှို့ စတဲ့လှုပ်ရှားမှု သက်သက်ကိုသာ ခေတ္တခဏ ရပ်တန့်အောင် လုပ်ဆောင်နေတာဖြစ်ပြီး ၊ လိုအပ်လာရင် အချိန်မရွေး ပြန်ပေါက်ကွဲစေဖို့အတွက် လောင်စာတွေကိုတော့ မရှင်းလင်းဘဲ အဆင်သင့်ချန်ထားတဲ့ အနေအထားမျိုး ဖြစ်နေတယ်။

    တွေးရင်း တွေးရင်း .. တွေးမိသမျှ မရေးချင်တော့ဘူး။

    နောက်ဆုံး လက်မှိုင်ချရင်း စိုးရိမ်မိတာ တစ်ခုပဲရှိတယ်။

    ၂၀၁၅ ရွေးကောက်ပွဲကို ထပ်ပြီးမျှော်လင့်ရင်း လူထုအကြိုက်လုပ်ဖို့ ဂွင်အမျိုးမျိုး ဖန်တီးနေတဲ့ လက်ရှိအစိုးရနဲ့ ၂၀၁၅ ရွှေးကောက်ပွဲအတွက် စိတ်ကုးယဉ်ရင်း လူမုန်းမခံရအောင် ကျင်လည်စွာရှောင်တိမ်းခြင်းပညာကို အံ့မခန်းထုတ်ပြနေတဲ့ အတိုက်အခံတို့ကြားမှာ ဘောလီဘောပုတ်နေကြရင်း တရားခံတွေ တရားဥပဒေ ရှေ့ ရောက်မှ ရောက်ပါ့မလားလို့ …..။

  • ဝေဖန်မှုကြောင့် မူဆလင်မ် အဖွဲဝင်နှစ်ဦးအား ကော်မရှင်မှ ထုတ်ပယ်

    ဝေဖန်မှုကြောင့် မူဆလင်မ် အဖွဲဝင်နှစ်ဦးအား ကော်မရှင်မှ ထုတ်ပယ်

    နိုဝင်ဘာ ၁၂၊ ၂၀၁၂
    M-Media


    ယခုတစ်ပတ်အတွင်း ကြားသိရသော သတင်းများအရ ရခိုင်ဒေသပဋိပက္ခကိစ္စ စုံစမ်းစစ်ဆေးရေကော်မရှင်မှ မွတ်စလင်မ်အဖွဲ့ဝင်နှစ်ဦးအား ထုတ်ပယ်ခံရသည် ဟုဆိုသည်။ ယင်းသို့ ထုတ်ပယ်ခြင်းမှာ အစ္စလာမ်သာသနာရေးရာကောင်စီမှ ဦးတင်မောင်သန်းမှ ရခိုင်ပြည်နယ်အစိုးရ ကို လက်ရှိဖြစ်ပွါးနေသော အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များအား ထိန်းသိမ်းရန် မဆောင်ရွက်နိုင်မှုမှာ အကြမ်းဖက်ကွန်ရက်အောက် ရောက်ရှိနေသည်ဟု ဝေဖန်လိုက်မှုကြောင့်ဖြစ်နိုင်သည်။

    DVB သတင်းဌာနမှ ဖော်ပြရာတွင် ကော်မရှင်နှင့်နီးစပ်သူများမှ DVB အားပြောကြားရာတွင် အစ္စလာမ်သာသနာရေးရာကောင်စီမှ ဦးတင် မောင်သန်းနှင့် ဦးညွန့်မောင်သျှိန် တို့ကို ကော်မရှင်၏မူဝါဒများကို ဖောက်ဖျက်၍ ပြည်နယ်အစိုးရကို ပြင်ပတွင် ဝေဖန်ခဲ့မှုကြောင့် သမ္မတ၏အ မိန့်အရ ထုတ်ပယ်ခဲ့ခြင်းပင်ဖြစ်သည်ဟု ဆိုသည်။

    ၎င်းမတိုင်မီ ဦးတင်မောင်သန်း၏ မြန်မာပို့စ်ဂလိုဘယ်လ်နယူးစ်ဂျာနယ်လ်ပါ အင်တာဗျူးတွင်တွင် ပြည်နယ်အစိုးရနှုတ်ထွက်ရန် ပြောဆိုထား ပြီး ထိုပြည်နယ်အစိုးရသည် အကြမ်းဖက်ကွန်ရက်အောက် ရောက်ရှိနေသည်ဟု စွပ်စွဲထားသည်။ “အောက်ခြေမှတာဝန်ခံပြီး (လုံခြုံရေးကို) အကောင်အထည်ဖေါ်နေတဲ့လူတွေက မှန်မှန်ကန်ကန်နဲ့ တရားဥပဒေစိုးမိုးရေးကို ရိုးရိုးသားသား ဖြောင့်ဖြောင့်မတ်မတ် ကျင့်ဝတ်သိက္ခာနဲ့ မလုပ်ကြဘူး။ ဝန်ကြီးချုပ် ဦးလှမောင်တင်နှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်းအပါဝင် ပြည်နယ်အစိုးရ အဖွဲ့ကပါ အကြမ်းဖက် လူတစ်စုကို မလွန်ဆန်နိုင်တဲ့ သဘော အကြမ်းဖက် ကွန်ရက်အောက်သို့ ရောက်ရှိနေတဲ့သဘောရှိတယ်။” ဟု ရေးသားထားသည်ကို တွေ့ရသည်။

    DVB သတင်းဌာနတွင် ရေးသားထားရာမှာ ကော်မရှင်အဖွဲ့ဝင် တစ်ဦးဖြစ်သူ ဇာဂနာအား DVB မှ မေးမြန်းရာတွင် ထိုသို့ထုတ်ပယ်ခံရခြင်းမှာ ၎င်းစာသည် အင်တာနက်တွင် ပျံ့နှံ့သွားခြင်းကြောင့်ဟုဆိုသည်။ “ဒီစာမျိုးကို လျှို့ဝှက်ပဲဖြစ်ဖြစ် ပွင့်ပွင့်လင်းလင်းပဲဖြစ်ဖြစ် ဖြန့်ဝေတယ်ဆိုတာ ကော်မရှင်ရဲ့ မူဝါဒကို ချိုးဖောက်ရာရောက်တယ်။ သူ့မှာ ဒီလိုလုပ်ပိုင်ခွင့်မရှိဘူး။” ဇာဂနာက ဆက်လက်၍ ဦးတင်မောင်သန်းသည် သာမန် အားဖြင့် အလုပ်သဘော စည်းစနစ်ကျသူဖြစ်သည်ဟုဆိုသည်။ “သူက တကယ့်လူကောင်း တစ်ယောက်ပါပဲ အင်မတန်မှ လည်းတော်ပါ တယ်။ တစ်ခါတစ်ရံမှာတော့ စိတ်ခံစားချက်ပြင်းထန်သွားပြီး ဒီလိုမျိုးပြောလိုက်တာဖြစ်မယ်”ဟု ဖြေကြားခဲ့သည်။

    သို့သော် အခြားအမည်မဖော်လိုသူ ကော်မရှင်နီးစပ်သူတစ်ဦး၏အဆိုရ ၎င်းစာသည် ထုတ်ပယ်ခံရခြင်း၏ အခြားအချက်များစွာထဲမှ တစ်ချက် သာဖြစ်သည် ဟုဆိုသည်။ ၎င်းက ရိုဟင်ဂျာများအား ဘက်လိုက်သည်ဟု အခြားကော်မရှင်အဖွဲ့ဝင်များမှ စွပ်စွဲနေကြခြင်းများ လည်း ရှိသေး သည်ဟုဆိုသည်။ “အဓိကအချက်က အခြားကော်မရှင်အဖွဲ့ဝင်တွေဖြစ်တဲ့ ရခိုင်ခေါင်းဆောင်တွေကို ‘လူမျိုးရေး ခွဲခြားဆက်ဆံသူ’ဟု ဦး တင်မောင်သန်းက စွပ်စွဲခဲ့မှုဖြစ်တယ်”ဟု ဆိုသည်။ ထိုရခိုင်ခေါင်းဆောင်ဆိုသည်မှာ RNDP ဥက္ကဌ ဒေါက်တာအေးမောင်ဖြစ်ဖွယ်ရာရှိပြီး ၎င်းသည် လူဦးရေ ၈သိန်းခန့်ရှိသော ရိုဟင်ဂျာများ မောင်းထုတ်ရေးကို ဆော်သြပြောကြားခဲ့သူဖြစ် သည်။ သို့သော် ယခုကဲ့သို့ ဖြေကြားမှုမျိုး မှာ ဒေါက်တာအေးမောင်နှင့် ၈၈ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ကို ကိုကြီးကဲ့သို့သော ပုဂ္ဂိုလ်များမှ ၎င်းတို့၏ ပြည်တွင်းဂျာနယ်လ် များနှင့် အင်တာဗျူးများတွင် ပြောဆိုခဲ့ဖူးသည်။ RNDP ဥက္ကဌဖြစ်သူ ဒေါက်တာအေးမောင်ဆိုလျှင် ရိုဟင်ဂျာများအား ဒုတိယကမ္ဘာစစ်ကာ လအတွင်းက ဂျူးများကို နာဇီဝါဒီများမှ အစစ်အဆေးအမေးအမြန်းမရှိ ဖမ်းဆီးခြံခတ်ထားသကဲ့သို့ ပြုလုပ်ထားသင့်ကြောင်း ၎င်း၏အင်တာ ဗျူးတစ်ခုတွင် လူသိ ထင်ရှားထုတ်ဖော်ပြောကြားဖူးသူဖြစ်သည်။

    ၂၇-ဦးပါဝင်သော ကော်မရှင်တွင် ရိုဟင်ဂျာကိုယ်စားလှယ်တစ်ဦးမှ ပါဝင်ခြင်းမရှိပဲ ဒေါက်တာအေးမောင်နှင့် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးကဲ့သို့ အမျိုးသားရေးဝါဒီများသာ ပါဝင်နေခြင်းကြောင့် ဤကော်မရှင်သည် ရခိုင်လူမျိုးများဘက်မှ ဘက်လိုက်သည်ဟု စွပ်စွဲမှုများဖြစ်ပေါ်လာသည်။

    ယခုဆိုလျှင် ကော်မရှင်တွင် မွတ်စလင်မ်အဖွဲ့ဝင် ၄-ဦးသာ ကျန်ရှိသည်။ ကော်မရှင်အဖွဲ့ဝင်တစ်ဦးတစ်ယောက်ကမှ ဦးတင်မောင်သန်း ထုတ် ပယ်ခံရခြင်းအပေါ် တရားဝင် ဖြေရှင်းချက်မပေးနိုင်ပေ။ သမ္မတ ဦးသိန်းစိန်က တနင်္ဂလာနေ့တွင် သတင်းထုတ်ပြန်မည်ဟုသာ ဆိုသည်။ အစ္စလာမ်သာသနာရေးရာကောင်စီတွင် အတွင်းရေးမှူးတာဝန်ထမ်းဆောင်နေသူ ဦးတင်မောင်သန်းနှင့်အတူ ထုတ်ပယ် ခံရသူ အစ္စလာမ်သာ သနာရေးရာကောင်စီဥက္ကဌ ဦးညွန့်မောင်သျှိန်အား မည်သည့် အကြောင်းပြချက်ဖြင့် ထုတ်ပယ် သည် ကိုမူ အခြားအဖွဲ့ဝင်များအဖို့ အဖြေရှာမ ရပေ။ ဤသို့ ပြည်တွင်းတရားဝင် အစ္စလာမ်ဘာသာရေးအဖွဲ့အစည်းမှ တာဝန်ရှိ သူနှစ်ဦးအား နိုင်ငံတော်သမ္မတအမိန့်ဖြင့် ဖွဲ့စည်းထားသည့် တရားဝင်စုံစမ်းစစ်ဆေးရေးကော်မရှင်မှ ထုတ်ပယ်မှုကို ယနေ့တိုင်အမိန့်ထုတ်ပြန် ထုတ်ပယ်ခြင်းမပြုခြင်းမှာမူ လူထုခြားတွင် များစွာသော အမြင်ရှုပ်ထွေးမှုကို ဖြစ်ပေါ်စေသည်။

    ဘာသာပေါင်းစုံပါသော ကော်မရှင်ကို သမ္မတမှ သြဂုတ်လတွင် ဖွဲ့စည်းပေးခဲ့ပြီး၊ ရခိုင်ပြည်နယ် အဓိကရုဏ်းကိစ္စ စုံစမ်းစစ်ဆေးရန် တာ ဝန်ပေးခဲ့သည်။ ဇွန်လနှင့်အောက်တိုဘာလတွင် ဖြစ်ပွားခဲ့သော အဓိကရုဏ်းများတွင် လူ ၁၅၀ ထက်မနည်း သေဆုံးခဲ့ပြီး လူပေါင်း တစ်သိန်း တစ်သောင်းခန့် ရွေ့ပြောင်းထွက်ပြေးခဲ့ရသည်။ အစိုးရ၏ အဓိကရုဏ်းကို ကိုင်တွယ်ဖြေရှင်းမှုအပေါ် နိုင်ငံတကာက ပြင်းပြင်းထန်ထန် ဝေဖန် မှုများရှိနေသည်။ အဆိုပါစုံစမ်းစစ်ဆေးရေးကော်မရှင်၏ လုပ်ပိုင်ခွင့်အာဏာနှင့် တရားစွဲဆိုဆောင်ရွက်နိုင်ခြင်းရှိမရှိ စ သည့်အရေးပါသောအ ချက်များမှာမှု ရှင်းလင်းစွာထုတ်ပြန်ခဲ့ခြင်းမရှိချေ။ အလားတူစုံစမ်းစစ်ဆေးရေးကော်မရှင်တစ်ခု ကို တောင်ကုတ်တွင်အသတ်ခံရသော မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင် ၁၀ဦး၏ အမှုအတွက် ဖွဲ့စည်းခဲ့ဖူးပြီး သမ္မတ ထံအစီအရင်ခံစာတင်ပြရာတွင် တိကျသော စုံစမ်း စစ်ဆေးအဖြေထုတ်မှု မပြုလုပ်နိုင်ခဲ့ကြောင်း တွေ့ရှိရသည်။

    ကိုးကား – DVB သတင်းဌာန၏ မူရင်းသတင်းဆောင်းပါး  Muslims removed from Arakan probe for criticizing gov’t (Click here) (ဆောင်းပါးရှင် Hanna Hindstorm)