News @ M-Media

Author: တောသား

  • အာဖရိက တောတွင်း က ဆင်သားအမိနှင့် မိကျောင်းတစ်ကောင် တို့၏ တိုက်ပွဲ

    အာဖရိကတိုက် ဇမ်ဘီယားနိုင်ငံ၏ တောတွင်းတစ်နေရာက ဆင်သားမိနှင့် မိကျောင်းတစ်ကောင်၏ တိုက်ပွဲကို အမိရအရရိုက်ကူထားသည့် ဓါတ်ပုံများဖြစ်ပါသည်။ ဆင်အမေနှင့် သူ့၏ဆင်ကလေး သည် Luangwa မြစ်တွင်ရေဆင်းသောက်နေသော ဆင်အမေ နှာမောင်းကို မိကျောင်းတစ်ကောင်က လှမ်းဆွဲကိုက်ထားစဉ် ခဲ့ပြီး ဆင်ကလေးအား  မိခင်ဖြစ်သူမှ အပြည့် အ၀ ကာကွယ်ပေးခဲ့သည်။

    အမှတ်မထင်ထွက်ပေါ်လာသောရန်သူတော် မိကျောင်းကြီး က ဆင်အမေနှာမောင်းအား လှမ်းဆွဲကိုက်လိုက်စဉ်

    ဆင်အမေက သူ့ကလေးအား မိကျောင်းတိုက်ခိုက်မှုကနေ ကာကွယ်ပေးထားပုံ

    မိကျောင်း က ဆင်နှာမောင်းအား ဆွဲကိုက်လှုပ်ရမ်းသဖြင့် ဆင်ဒူးခွေလဲကျပုံ

    မိကျောင်း က ဆင် နှာမောင်းအားကိုက်ဆွဲထားသော်လည်း မြစ်ကမ်းကနေ ထွက်ပြေးရန် ကြိးစားနေပုံ

    ရုန်းကန်ရင်း ဆင်နှာမောင်းအားကိုက်လျက် ကုန်းပေါ်သို့ မိကျောင်း ပါလာပုံ

    မိကျောင်းပါးစပ်ကနေ သူ၏ ဆင်နှာမောင်း လွတ်ထွက် မသွားခင် ဆင်ကလေးမှာအရှိန်မထိန်းနိုင်ပဲ မိကျောင်းပေါ်သို့ လဲကျသွားပုံ

    Ref : Dailymail

  • ပါလက်စတိုင်းနိုင်ငံ တဖတ်သတ် ထူထောင်ရန် ပါလက်စတိုင်းသမ္မတ စည်းရုံး

    ပါလက်စတိုင်း သမ္မတ မာမွတ်အာဘတ်စ်က အစ္စရေးတို့နှင့် ငြိမ်းချမ်းရေး  ဆွေးနွေးပွဲ မအောင်မြင်ပါက ပါလက်စတိုင်းနိုင်ငံအား တဖတ်သတ် ထူထောင်နိုင ရန်ကြိုးပမ်းမည့် နည်လမ်းများကို ထောက်ခံကြရန် အာရဘ်နိုင်ငံများ အစည်းအဝေးပွဲတွင် တိုက်တွန်းခဲ့သည်။ သောင်မတင်ရေမကျဖြစ်နေသော ပါလက်စတိုင်း အစ္စရေး ငြိမ်ချမ်းရေး ဆွေးနွေပွဲ မပျက်ပြားသွားစေရန်အမေရိကန်မှ အသည်အသန် ကြိုးပမ်းနေချိန်တွင် မာမွတ်အာဘတ်စ်မှ ယင်းသို့ပြောကြားလိုက်ခြင်းဖြစ် သည်။ (more…)

  • တာလီဘန်များနှင့် လျှို့ဝှက်ဆွေးနွေပွဲ တိုးတက်မှုရှိသည်ဟု သမ္မတ ကာဇိုင်းဆို

    တာလီဘန်တို့နှင့်လျှို့ဝှက်ဆွေး နွေးပွဲသည် တိုးတက်မှုရှိခဲ့ကြောင်း အာဖဂန်နစ္စတန်၏ တည်ငြိမ်ရေး နှင့် ငြိမ်းချမ်းရေသည် မကြာခင်ဖြစ်ထွန်းလာမည်ကို မျှော်လင့် ကြောင်း သမ္မတဟာမိဒ်ကာဇိုင်းကပြောကြားလိုက်သည်။ အာဖဂန်ပြည်သူတွေ၊ နိုင်ငံတကာမိသားစု နဲ့အိမ်နီးချင်းတွေအားလုံးအတူတူ အာဖဂန် ငြိမ်ချမ်းရေရအောင် လုပ်ဆောင်နေကြပါတယ် ၊တစ်နှစ် ၊ ၂နှစ်အတွင်း အမြန်ဆု့းငြိမ်ချမ်းရေးရဖို့ မျှော်လင့်နေပါတယ် ဟု သူက ပြောကြာခဲ့သည်။ (more…)

  • ဟဂ်ျကာလအတွင်း အလ်ကိုင်ဒါမှ တိုက်ခိုက်လာနိုင်ချေရှိဟု မင်းသားနာအိဖ် သတိပေး

    ကမ္ဘာတစ်ဝှမ်းက လူပေါင်း၂သန်းကျော် ဟဂ်ျကာလအတောတွင်း မက္ကာနှင့် မဒီနာမြို့များတွင် အလ်ကိုင်ဒါ အစွန်းရောက်အဖွဲ့က ပစ်မှတ်ထားတိုက်ခိုက်မှုများကို လုပ်ဆောင်မည့် အစီစဉ်ရှိကြောင်း ဆော်ဒီအာရေးဘီးယား ပြည်ထဲရေးဝန်ကြီး မင်းသားနာအိဖ် ကသတိပေးပြောဆိုလိုက်ပါသည်။ မည်သည့် အချိန် မည်သည့်နေရာ တွင်တိုက်ခိုက်မည်ဟု မင်းသားနာအိဖ်က တိကျသေချာစွာထုတ်ဖေါ်ပြောဆိုခြင်းမရှိသော်လည်း ဖြစ်လာနိုင်ဖွယ်ရှိသော တိုက်ခိုက်မှုများကို ကြိုတင်ကာကွယ် သွား မည် ဟု သတင်းထုတ်ပြန်ပါသည်။ အစွန်းရောက် အလ်ကိုင်ဒါအဖွဲ့အား ချေမှုန်းရေးတွင် ဆော်ဒီအာရေးဘီးယားသည် ရှေ့တန်းက တက်ြ ကွစွာ ပါဝင်ဆောင် ရွက် လျက် ရှိပါသည်။ အလ်ကိုင်ဒါအဖွဲ့သည်ဆော်ဒီဘုရင် မိသားစုအား ပစ်မှတ်အဖြစ်သတ်မှတ်ထားကြောင်းယခင်ကတည်းက သတိပေး ထားသည်။ (more…)

  • ကွန်ပြူတာ၊ အင်္ဂလိပ်စာ ဒီပလိုမာသင်တန်း ဖွင့်လှစ်မည်

    မြန်မာလူငယ်များ ဂလိုဘယ်ခေတ်၏ စိန်ခေါ်မှုများကျော်လွှား နိုင်ရန်ရည်ရွယ်ပြီး အဆင့်မြင့် အင်္ဂလိပ်စာဒီပလိုမာ သင်တန်း နှင့် ကွန်ပြုတာ ဒီပလိုမာ သင်တန်းအား တက္ကသိုလ်ဝင်တန်း အောင်မြင်ထားသူများ အတွက် သမ၀ါယမကောလိပ်(ရန်ကုန်) မှ ဖွင့်လှစ်မည် ဟုသိရပါသည်။ အဆိုပါသင်တန်းသည် တစ်နှစ်ကြာမြင့်မည်ဖြစ်ပြီး တနင်္လာမှ သောကြာနေ့ထိ နာမည်ကျော် ပညာရှင်များက ပို့ချမည်ဟု သိရသည်။ ယင်းဒီပလိုမာ သင်တန်းများအား ၁၅.၁၁.၂၀၁၀ တွင်စတင်ဖွင့်မည်ဖြစ်သည်။ စိတ်ပါဝင်စားသူများအနေဖြင့်  သမ၀ါယမကောလိပ် (ရန်ကုန်) ၀၁-၅၅၄၁၇၃ နှင့် ၀၁-၅၄၂၈၁၅ သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။