ပါလက်စတိုင်း သမ္မတ မာမွတ်အာဘတ်စ်က အစ္စရေးတို့နှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ မအောင်မြင်ပါက ပါလက်စတိုင်းနိုင်ငံအား တဖတ်သတ် ထူထောင်နိုင ရန်ကြိုးပမ်းမည့် နည်လမ်းများကို ထောက်ခံကြရန် အာရဘ်နိုင်ငံများ အစည်းအဝေးပွဲတွင် တိုက်တွန်းခဲ့သည်။ သောင်မတင်ရေမကျဖြစ်နေသော ပါလက်စတိုင်း အစ္စရေး ငြိမ်ချမ်းရေး ဆွေးနွေပွဲ မပျက်ပြားသွားစေရန်အမေရိကန်မှ အသည်အသန် ကြိုးပမ်းနေချိန်တွင် မာမွတ်အာဘတ်စ်မှ ယင်းသို့ပြောကြားလိုက်ခြင်းဖြစ် သည်။ အဘတ်စ်လက်ထောက် နာဘီးရှာအက်က …ကျွန်တော်တို့ဟာ ရက်ပေါင်း ၆၀ ကြာအခြေစိုက်စခန်း တည်ဆောက်မှုရပ်တန့် ရေး အစီစဉ်ကို မစဉ်စားလို့တော့ပါဘူး အစ္စရေးတို့ဘက် က သဘောထာမာကျောနေပြီး ပရိယယ်တွေလည်များနေပါတယ်…. ဟု ပြောကြားခဲ့သည်။ အစောပိုင်းကာလတွင်လည်း ပါလက်စတိုင်းဘက်က အရှေ့ဂျေရုစလင်၊ ဂါဇာ၊ ၁၉၆၇ ခုနှစ် စစ်ပွဲအတွင် အစ္စရေးသိမ်းပိုက်ထားသော နယ်မြေများ တွင် ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေးကို လုံခြုံကောင်စီ မှ အသိမှတ်ပြု ရန် ဆိုသော အယူအဆကို တင်ပြခဲ့သည်။ အမေရိကန်သမ္မတ အိုဘာမားအားလည်း ယင်းအစီစဉ်ကို လက်ခံပေးရေးကို ဖျောင်းဖျပေးရန် အာရဘ်ခေါင်း ဆောင် များအား မေတ္တာရပ်ရပ်ခံ ခဲ့သည်။အာရဘ်ခေါင်းဆောင်များက အမေရိကန်ပြည်ထောင်စု အချိန်အနည်းငယ်ပေးထပ်ပေးသည့် အနေဖြင့် မာမွတ်အာဘတ်စ်၏ တောင်းဆိုချက်ကို ချက်ချင်းမတုန့် ပြန်သေးချေ။ Ap
Leave a Reply
You must be logged in to post a comment.