News @ M-Media
Author: YinYin
  • အောက်တိုဘာ ၄၊ ပြည်တွင်းနှင့် နိုင်ငံတကာသတင်းတို
    အောက်တိုဘာ ၄၊ ပြည်တွင်းနှင့် နိုင်ငံတကာသတင်းတို
    အောက်တိုဘာ ၄၊ ၂၀၁၃
    M-Media
    နိုင်ငံတော်သမ္မတ၏ ရခိုင်ပြည်ခရီးစဉ်အဆုံးသတ်တွင်လည်း ကမန်တိုင်းရင်းသား အိမ်၂-လုံး ထပ်မံမီးရှို့ခံရ
    ရခိုင်ပြည်နယ်သို့ ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ခရီးစဉ် အဆုံးသတ်သည့် မနေ့က ည ၁၁း၀၀-နာရီခန့်မှာပင် သံတွဲမြို့ ကျော်ဆိပ်ကျေးရွာမှ ကမန်တိုင်းရင်းသား အိမ် ၃-လုံးအနက် ဦးခင်မောင်ရီနဲ့ ဦးအုန်းတင်ကြီးတို့ နေအိမ် ၂-လုံးအား ထပ်မံ မီးရှို့ဖျက်ဆီးခံရ၍ မီးလောင်ပျက်စီးသွားကြောင်း သံတွဲခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဝင်းနိုင်က ဧရာဝတီသတင်းဌာနကို ပြောကြားခဲ့ပါတယ်။
    _______________________
    စစ်အာဏာရှင် စနစ်ကြောင့် အမျိုးသမီးခေါင်းဆောင် နည်းပါး
    မြန်မာနိုင်ငံမှာ အမျိုးသမီးနိုင်ငံရေးခေါင်းဆောင်တွေ နည်းပါးနေရတာဟာ နှစ် ၅၀-လောက် စစ်အာဏာရှင် စနစ်အောက်မှာ နေခဲ့ရပြီး၊ ဒီမိုကရေစီရေး လှုပ်ရှားသူတွေကို အမြဲတမ်းလို ဖမ်းဆီးထိန်းသိမ်းခဲ့တာကြောင့် အမျိုးသမီးတွေ ကပဲ မိသားစုအိမ်ထောင်ရေးကိစ္စတွေကို ဦးဆောင်ခဲ့ကြရတာကြောင့်လို့ ဒီကနေ့ နေပြည်တော်မှာ စတင် ပြုလုပ်တဲ့ နိုင်ငံရေးတွင် အမျိုးသမီးများဦးဆောင် ဆွေးနွေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ကြောင်း RFA သတင်းမှာ ဖော်ပြထားပါတယ်။
    ______________________
    မြန်မာနည်းပညာတက္ကသိုလ်များ နိုင်ငံတကာ အဆင့်မီရန် ဂျပန်က ဒေါ်လာ ၁၃.၅ ဘီလျံ သုံးမည်
    ရန်ကုန်နှင့် မန္တလေးရှိ နည်းပညာတက္ကသိုလ်များ နိုင်ငံတကာ အဆင့်မီဖြစ်စေရန် အဆင့်မြှင့်ဖို့အတွက် အမေရိကန် ဒေါ်လာ ၁၃.၅ ဘီလျံကို သုံးစွဲသွားမှာ ဖြစ်ကြောင်း JICA ဒုတိယဥက္ကဋ္ဌက ဒီနေ့ ပြောဆိုလိုက်ကြောင်း ကမာရွတ်ရုပ်သံ သတင်းမှာ ပါရှိပါတယ်။
    ______________________
    လွှတ်တော်မှ လေ့လာဆန်းစစ်နေသည့် လူငယ်အလုပ်လက်မဲ့များ ကိစ္စ
    မြန်မာနိုင်ငံလူငယ်များအစည်းအရုံးမှ ၂၀၁၂-ခု နှစ်ဆန်းပိုင်းနှင့် နှစ်ကုန်ပိုင်းတွင် ရန်ကုန်၊ ဧရာဝတီနှင့် ပဲခူးတိုင်းတို့တွင် ကောက်ယူခဲ့သော စစ်တမ်းအရ မြန်မာနိုင်ငံ၏ လူငယ်အလုပ်လက်မဲ့ဦးရေမှာ ၆၀ ရာခိုင်နှုန်းရှိပြီဟူသောစစ်တမ်းကို အမျိုးသားလွှတ်တော်သို့ စာတင်ခဲ့ရာ လွှတ်တော်ကော်မတီ ဥက္ကဋ္ဌတစ်ဦးမှ လေ့လာ ဆန်းစစ်မှုများ ပြုလုပ်နေသည်ဟု အစည်းအရုံးဥက္ကဋ္ဌ ကိုဇွဲရန်နိုင်က မဇ္ဈိမကို ပြောကြားခဲ့ပါတယ်။
    ________________________
    နိုက်ဂျီးရီးယားနိုင်ငံတွင် လေယာဉ်ပျက်ကျမှုဖြစ်ပွား လူ ၁၅-ဦးသေဆုံး
    နိုက်ဂျီးရီးယားနိုင်ငံ လာဂိုစ်မြို့တွင် ယမန်နေ့က ခရီးသည်တင်လေယာဉ်တစ်စီး ပျက်ကျမှုဖြစ်ပွားခဲ့ရာ သေဆုံးသူဦးရေမှာ ၁၅ ဦးအထိမြင့်တက်လာခဲ့သည်ဟု နိုက်ဂျီးရီးယား အာဏာပိုင်များက ပြောကြားခဲ့သည်။ ယမန်နေ့ နံနက် ၉ နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး Associated Aviation Ltd ကုမ္ပဏီမှ ပိုင်ဆိုင်သည့် အဆိုပါလေယာဉ်မှာ ခရီးသည် ၂၀-ဦးတင်ဆောင်ကာ မာတာလာမိုဟာမက် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပျံတက်အပြီး မိနစ်အနည်းငယ်အကြာတွင် ပျက်ကျခဲ့ခြင်းဖြစ်သည်။ ခရီးသည် ငါးဦးအား ကယ်တင်နိုင်ခဲ့ပြီး နိုင်ဂျီးရီးယားလေတပ် စစ်ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသလျက်ရှိနေသည်ဟုသိရသည်။
    Ref : xinhua
    ________________________
    မလေးရှား-တရုတ် နှစ်နိုင်ငံကုန်သွယ်ရေး ၂၀၁၇-ခုနှစ်တွင် ကန်ဒေါ်လာ သန်း-၁၆၀ အထိမြှင့်တင်မည်
    မလေးရှားနှင့် တရုတ်နိုင်ငံတို့ နှစ်နိုင်ငံကုန်သွယ်မှုပမာဏအား ၂၀၁၇-ခုနှစ်တွင် အမေရိကန်ဒေါ်လာ သန်း-၁၆၀ အထိမြှင့်တင်ရန် သတ်မှတ်ခဲ့သည်ဟု မလေးရှားဝန်ကြီးချုပ် နာဂျစ်က ပြောကြားလိုက်သည်။
    မလေးရှားနိုင်ငံတွင်ရောက်ရှိနေသည့် တရုတ်သမ္မတ ဇီဂျင်ပင်းနှင့် မလေးရှားဝန်ကြီးချုပ်တို့ တံခါးပိတ်တွေ့ဆုံပွဲတွင် ဆွေးနွေးခဲ့ခြင်းဖြစ်ပြီး ၅-နှစ်တာ ကြာမြင့်မည့် အဆိုပါအစီအစဉ်တွင် စီးပွားရေးနှင့် ကုန်သွယ်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးတို့ပါဝင်ပြီး၊ နှစ်နိုင်ငံသာမန်ပူးပေါင်းဆောင်ရွက်နေသည့် အခြေအနေမှ မဟာဗျူဟာမြောက်သည့် မိတ်ဖက်နိုင်ငံအဖြစ် တိုးမြှင့်ရန်လည်း သဘောတူညီခဲ့သည်ဟုသိရသည်။
    တရုတ်နိုင်ငံအနေဖြင့် မလေးရှားတွင် အမြန်ရထားလမ်းဖောက်လုပ်ရေးပရောဂျက်၊ တရုတ်-မလေးရှားနှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မည့် ကွင်ဇူစက်မှုဇုံနှင့် ကွမ်တန်စက်မှုဇုံ တည်ဆောက်ရေးလုပ်ငန်းများ စသဖြင့် မလေရှားနှင့် ပူးပေါင်းဆောင်ရွက်ရန် စိတ်အားထက်သန်မှုကိုပြသခဲ့ကြောင်း ၀န်ကြီးချုပ်နာဂျစ်က ထည့်သွင်းပြောကြားခဲ့သည်။
    Ref : nst
    ________________________
    အိန္ဒိယ ခရီးသွားလာရေးဝန်ကြီးဌာန ၀န်ကြီး ရာထူးမှနှုတ်ထွက်
    အိန္ဒိယနိုင်ငံ ခရီးသွားလာရေးဝန်ကြီးဌာန ၀န်ကြီး K. Chiranjeeviမှာ တာဝန်မှ နှုတ်ထွက်သွားပြီဟုသိရသည်။ နိုင်ငံတောင်ဘက် Andhra Pradeshပြည်နယ်ရှိ Telangana ဒေသအား သီးခြားပြည်နယ်အဖြစ် သတ်မှတ်ရန် ဗဟိုအစိုးရ၏ ဆုံးဖြတ်ချက်အား ဆန့်ကျင်ဆန္ဒပြသည့်အနေဖြင့် နှုတ်ထွက်သွားခြင်းဖြစ်သည်။
    ရုပ်ရှင်မင်းသားဘ၀မှ နိုင်ငံရေးလောကထဲသို့ဝင်ရောက်ခဲ့ပြီး ခရီးသွားလာရေး ၀န်ကြီးဖြစ်ခဲ့သည့် K. Chiranjeevi မှာ Andhra Pradesh ပြည်နယ်မှ နိုင်ငံရေးသမားဖြစ်ပြီး ယမန်နေ့ညပိုင်းက ၎င်း၏ နှုတ်ထွက်စာကို အိန္ဒိယသမ္မတ မန်မိုဟန်ဆင်းအား ဖက်စ်ဖြင့် ပေးပို့ခဲ့သည်ဟုသိရသည်။
    Telangana ဒေသအား ပြည်နယ်အဖြစ် ခွဲထုတ်မှုကို Andhra Pradesh ပြည်နယ် အမျိုးသားကွန်ဂရက်ပါတီဥက္ကဌ ပါလီမန်အမတ် K. Chiranjeevi မှ ကန့်ကွက်ခဲ့သော်လည်း အိန္ဒိယကက်ဘိနတ်က ပြည်နယ်အဖြစ် သတ်မှတ်ပေးခဲ့သည်။ အမျိုးသားကွန်ဂရက်ပါတီမှာ အိန္ဒိယနိုင်ငံ၏ အာဏာရပါတီလည်းဖြစ်သည်။ ခွဲထုတ်ရေးအား ဆန့်ကျင်သည့်အကြောင်းမှာ Andhra Pradesh ပြည်နယ်၏ မြို့တော် Hyderabad အား နှစ်ပြည်နယ်ခွဲဝေသုံးစွဲရမည်ဖြစ်သောကြောင့်ဟု သိရသည်။
    Ref : xinhua, Photo : topnews
    ________________________
    အစိုးရလုပ်ငန်းများ ရပ်ဆိုင်းထားရမှုကြောင့် အိုဘားမား၏ အာရှခရီးစဉ်အား ဖျက်သိမ်း
    ဘဏ္ဍာရေးအကြပ်အတည်းကြောင့် အမေရိကန်၏ အစိုးရလုပ်ငန်းများ ရပ်ဆိုင်းထားရမှုမှာ စတုတ္ထမြောက်နေ့သို့ရောက်ရှိလာပြီး ထိုအခက်အခဲအားဖြေရှင်းရေးကို အာရုံစိုက်နိုင်ရန်အတွက် မူလက တက်ရောက်ရန် စီစဉ်ထားသည့် အင်ဒိုနီးရှားနိုင်ငံ ဘာလီမြို့တွင် ကျင်းပမည့် အာရှ-ပစိဖိတ် စီးပွားရေးဖိုရမ်အား သမ္မတအိုဘားမား အနေဖြင့် တက်ရောက်တော့မည်မဟုတ်ကြောင်း အိမ်ဖြူတော်မှ သတင်းထုတ်ပြန်လိုက်သည်။
    “အစိုးရလုပ်ငန်းများအားလုံး ပိတ်ပစ်ရမည့်အရေးကို ကြုံတွေ့နေရပြီး နိုင်ငံခြားသို့ခရီးသွားရန် ခက်ခဲမှုများကြောင့် သမ္မတအနေဖြင့် ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ရခြင်းဖြစ်ပါသည်” ဟု အိမ်ဖြူတော်မှထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။
    ထို့ကြောင့် အာရှသို့သွားရောက်မည့် ကန်သံတမန်အဖွဲ့ကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ဦးဆောင်မည်ဖြစ်သည်။
    Ref : cnn
    Obama
    ________________________
    အမေရိကန် လေယာဉ်သင်္ဘော USS George Washington တောင်ကိုရီးယားသို့ရောက်ရှိ
    လာမည့်သီတင်းပတ်တွင် ပြုလုပ်မည့် အမေရိကန်၊ ဂျပန်၊ တောင်ကိုရီးယား သုံးနိုင်ငံ ရေတပ်ဆိုင်ရာ စစ်ရေးလေ့ကျင့်မှုများအတွက် အမေရိကန် လေယာဉ်သင်္ဘော USS George Washington မှာ တောင်ကိုရီးယား မြို့တော် ဆိုလ်းနှင့် ကီလိုမီတာ ၄၅၀ ကွာဝေးသည့် တောင်ဘက်ဆိပ်ကမ်းမြို့ ဘူဆန်သို့ ယနေ့နံနက်ပိုင်းကရောက်ရှိလာခဲ့သည်ဟုသိရသည်။
    တန်ချိန် ၉၇၀၀၀ ရှိပြီး နျူးကလီးယားစွမ်းအင်သုံး အဆိုပါလေယာဉ်တင်သင်္ဘောအား တိုက်သင်္ဘောများဖြစ်ကြသည့် တိုက်ချင်းပစ်ဒုံးကျည်တပ် USS Antietam CG-54 နှင့် ဒုံးကျည်ဖျက်သင်္ဘော USS Preble DDG 88 တို့က စောင့်ရှောက်လိုက်ပါလာခဲ့ကြသည်။
    အမေရိကန်ရေတပ် တပ်မဟာ ၇ တွင်ပါဝင်သည့် အဆိုပါလေယာဉ်တင် သင်္ဘောမှာ ဘူဆန်ဆိပ်ကမ်းတွင် လေးရက်ကြာရပ်နားမည်ဖြစ်ပြီး အောက်တိုဘာ ၈ ရက်နေ့တွင်ဂျပန်နိုင်ငံ၌စတင်မည့် သုံးနိုင်ငံစစ်ရေးလေ့ကျင့်မှုတွင်ပါဝင်ရန်အတွက် ဂျပန်နိုင်ငံ ယိုကိုဆူကာမြို့သို့ ဆက်လက်ထွက်ခွာမည်ဟုသိရသည်။
    Ref : xinhua
    ________________________
    အိမ်ဖြူတော်အတွင်းသို့ ဖြတ်ကျော်မောင်းနှင်ခဲ့သည့် အမျိုးသမီးတစ်ဦးအား ရဲတပ်ဖွဲ့ဝင်များမှ ပစ်ခတ်ဖမ်းဆီး
    အမေရိကန်နိုင်ငံ ၀ါရှင်တန်ဒီစီရှိ အိမ်ဖြူတော်မှ လွှတ်တော်အထိ ကားဖြင့် ဖြတ်ကျော်မောင်းနှင်ခဲ့သည့်အမျိုးသမီးတစ်ဦးအား ရဲများက ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု သိရသည်။ အဆိုပါအမျိုးသမီးမှာ အသက် ၁ နှစ်အရွယ်ရှိ ကလေးငယ်တစ်ဦးကို တင်ဆောင်လာသည့် အနက်ရောင် sport car ဖြင့် အိမ်ဖြူတော်နှင့် လွှတ်တော်တစ်ဝိုက်ရှိ တားထားသော အတားအဆီးများကို ဖြတ်ကျော်ကာ လွှတ်တော်အနီး ၂ မိုင်အကွာအဝေးအထိ ၀င်ရောက်သွားခဲ့သောကြောင့် လုံခြုံရေးရဲများက ပစ်ခတ်ဖမ်းဆီးခဲ့ရာမှ သေဆုံးသွားခဲ့သည်။
    ထိုအမျိုးသမီး၏ကားအား ရဲကားများက နောက်မှလိုက်၍ တားဆီးခဲ့သော်လည်း အရှိန်လျှော့ချခြင်းမပြုခဲ့ပဲ ထိုကားဖြင့် ရဲကားတစ်စီးအား တိုက်မိခဲ့သောကြောင့် ရဲတပ်ဖွဲ့တစ်ဦး ဒဏ်ရာရရှိခဲ့သည်။ ၀ါရှင်တန် ရဲတပ်ဖွဲ့အကြီးအကဲ ကေသီ လိန်နီယာက အသေးစိတ်အချက်အလက်များကို ထုတ်ဖော်ပြောဆိုရန် ငြင်းဆိုခဲ့ပြီး အဖြစ်အပျက်များကို ဆက်လက်စုံစမ်းစစ်ဆေးနေသည်ဟု ပြောဆိုခဲ့သည်။
    “(ကားပေါ်မှာပါလာတဲ့) ကလေးငယ်က ၁ နှစ်လောက်ရှိပြီး ဘာမှမထိခိုက်ပါဘူး။ ကလေးငယ်ကို တာဝန်ရှိသူတွေက စောင့်ရှောက်ထားပါတယ်” ဟု ကေသီက ပြောကြားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လုပ်ဆောင်ပုံနှင့်ပက်သက်၍ “အိမ်ဖြူတော်နဲ့လွှတ်တော်အနီးတစ်ဝိုက်မှာ လုံခြုံရေးအဆီးအတားတွေ ချထားပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေက သူတို့လုပ်ရမယ့်အရာကို လုပ်ခဲ့တာပါ။ အိမ်ဖြူတော်နဲ့ လွှတ်တော်နှစ်နေရာစလုံးမှာ အတားအဆီးတွေကို ဖြတ်ကျော်မောင်းနှင်ခဲ့တဲ့ အဲဒီအမျိုးသမီးကို လုံခြုံရေးဝန်ထမ်းတွေက ထားခဲ့ကြပါတယ်” ဟု သူမက ထပ်လောင်းပြောကြားခဲ့သည်။
    Ref : aljazeera
    Untitled
    ________________________
  • အောက်တိုဘာ ၄၊ အားကစားသတင်း စုစည်းမှု
    အောက်တိုဘာ ၄၊ အားကစားသတင်း စုစည်းမှု
    အောက်တိုဘာ ၄၊ ၂၀၁၃
    M-Media
    စတားရစ်ခ်ျနှင့် ဆွာရက်ဇက်တို့ရှိနေသည့် လီဗာပူးလ်အသင်းမှာ ဘိုင်ယန်အသင်းကဲ့သို့ ကစားနိုင်မည်ဟု ရော်ဂျာဆို
    လီဗာပူးလ်အသင်း၏ နည်းပြဖြစ်သူ ဘရန်ဒန်ရော်ဂျာက ချန်ပီယံလိဂ်လက်ရှိချန်ပီယံ ဘိုင်ယန်မြူးနစ်အသင်းကစားသည့် ပုံစံကို ၎င်းအနေဖြင့် စမ်းသုံးကြည့်ပြီးပြီဟု ပြောဆိုလိုက်ပြီး ဘိုင်ယန်က ကျွမ်းကျင်စွာ ကစားနေသည့် ပြောင်းလွယ်ပြင်လွယ်ကစားကွက်အား အားပေးထောက်ခံလိုက်သည်။ ထို့ပြင် လီဗာပူးလ်အသင်းရှိ တိုက်စစ်မှူး စတားရစ်ခ်ျနှင့် ဆွာရက်ဇ်တို့မှာ ဘိုင်ယန်တိုက်စစ်မှူးများနှင့် တူညီသော အဆင့်တွင်ရှိသည်ဟု ထပ်လောင်းပြောကြားခဲ့သည်။
    တိုက်စစ်မှူဒစတားရစ်ခ်ျမှာ ယခုနှစ်ရာသီတွင် ခြေစွမ်းပြနေသူဖြစ်ပြီး အသင်းနှင့် ၈-ပွဲကစားထားကာ ၇-ဂိုးအထိ သွင်းယူပေးထားနိုင်သည်။ ဆွာရက်ဇ်မှာ ပွဲပယ် ပြစ်ဒဏ်ကြောင့် ရာသီအစပွဲများတွင် ပါဝင်နိုင်ခြင်းမရှိခဲ့ဘဲ ပွဲပယ်အပြစ်ဒဏ်အပြီး ပထမဦးဆုံးပြန်လည်ကစားရသည့် ဆန်းဒါးလန်းအသင်းနှင့် ပြီးခဲ့သည့် တစ်ပါတ် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ၂ ဂိုး သွင်းယူပေးနိုင်ခဲ့သည်။
    ဘိုင်ယန်မြူးနစ်အသင်းက မန်စီးတီးအသင်းအား ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ချန်ပီယံလိဂ်ပွဲစဉ်အပြီးတွင် ရော်ဂျာက ဘိုင်ယန်၏ ပြောင်းလွယ်ပြင်လွယ်ဖြစ်သော ကစားဟန်မှာ လီဗာပူးလ်ရှေ့တန်းကစားသမားများ၏ ကစားပုံနှင့်တူသည်ဟု ပြောကြားခဲ့သည်။
    goal
    _________________________
    မာတီနို၏ အလှည့်ကျစနစ်အား နေးမာကာကွယ်
    ဘာစီလိုနာအသင်းတွင် ပွဲထွက်ကစားသမားအဖြစ်ပါဝင်ခွင့်ရရန် စောင့်ဆိုင်းခဲ့ရသည့် ဘရာဇီးတိုက်စစ်မှူးနေးမာက အသင်းရှိ ကစားသမားများအား အသင်းနည်းပြ မာတီနိုက အကျိုးရှိရှိအသုံးချနေခြင်းမှာ မှန်ကန်သောလုပ်ရပ်များကို လုပ်နေခြင်းဖြစ်သည်ဟု ထောက်ခံပြောဆိုလိုက်သည်။
    မာတီနိုလက်ထက် ဘာစီလိုနာအသင်း၏ အလှည့်ကျကစားစေသည့်စနစ်အား ထောက်ခံလိုက်ခြင်းဖြစ်ပြီး ထိုစနစ်က ရာသီတစ်ခုလုံးတွင် အဓိကကစားသမားများ အားလုံး ကြံ့ခိုင်မှုအပြည့်အ၀ ဖြင့် ယှဉ်ပြိုင်နိုင်စေမည်ဟု ယုံကြည်နေသည်။
    ယူရို ၅၄-သန်းဖြင့် ဘာကာသို့ရောက်ရှိလာသည့် နေးမာမှာ အသင်း၏ အဓိကတိုက်စစ်မှူးမက်ဆီ ပေါင်ခြံဒဏ်ရာကြောင့် မကစားနိုင်သည့်အတွက် ဆဲလ်တစ် အသင်းအား ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သော ချန်ပီယံလိဂ်ပွဲတွင် ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခဲ့သည်။
    ဘာကာအသင်း၏ ရာသီအစပွဲစဉ် တော်တော်များများတွင် အရန်ခုံ၌သာ ထိုင်နေခဲ့ရသည့် နေးမာက “အဲဒါ(အလှည့်ကျစနစ်)ဟာ ကောင်းမွန်တဲ့ စနစ်တစ်ခုပါ။ ကစားသမားတိုင်းမှာ နားဖို့အခွင့်အရေးရှိပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ ဒဏ်ရာအနာတရမဖြစ်တော့ပါဘူ။ အသင်းအတွက် အရေးအကြီးဆုံး အရာတစ်ခုကတော့ အကောင်းဆုံးအနေအထားမှာ ရှိနေစေတာပါပဲ။ ဘာ့ကြောင့်လဲဆိုတော့ ကျွန်တော်တို့မှာ ရွေးချယ်စရာ ကစားသမားတွေရှိနေလို့ပါ” ဟု ပြောကြားခဲ့သည်။
    goal
    _________________________
    မိုယက်စ်လက်ထက် မန်ယူ၏ ရလဒ်ဆိုးရွားမှုများအတွက် ဆင်ခြေပေးစရာမရှိဟု ရွိုင်ယန်ဂစ်ဆို
    မန်ယူအသင်း၏ ဂန္တ၀င် ၀ါရင့်ကစားသမား ရွိုင်ယန်ဂစ်က ယခုနှစ်ဘောလုံးရာသီအစတွင် မန်ယူအသင်းတွေ့ကြုံနေရသည့် ၂၄-နှစ်အတွင်း အဆိုးဝါးဆုံးသော အရာသီအစရလဒ်များနှင့်ပက်သက်၍ မည့်သည့်ဆင်ခြေမှ ပေးရန်မရှိဟု ပြောကြားခဲ့သည်။
    မန်ယူအသင်းမှာ ရာသီအစ နှစ်ပွဲဆက်ရှုံးနိမ်ထားပြီး ၁၂ အတွင်း ပထမဦးဆုံးအကြိမ်ဖြစ်လာဖွယ်ရှိသည့် သုံးပွဲဆက်ရှုံးနိမ့်မှုကို ရှောင်ရှားရမည်ဖြစ်သည်။ ရှက်တာဒိုးနက်အား ၁ ဂိုးစီသရေကျခဲ့သည့် ချန်ပီယံလိဂ်ပွဲအပြီးတွင် မန်ယူအသင်းအား ကောင်းမွန်သောအခြေအနေသို့ ပြန်ရောက်ရန် ကစားသများအနေဖြင့် ကြိုးစားရမည်ဟုမြင်ကြောင်း မိုယက်စ်ကမှတ်ချက်ပေးခဲ့သည်။
    ထိုပွဲတွင်ပါဝင်ကစားခဲ့ပြီး ဥရောပ ၁၄၅ ပွဲကစားသည့် စံချိန်တင်ခဲ့သည့် ရွိုင်ယန်ဂစ်က “ဒီရလဒ်တွေဟာ ကောင်းမွန်တဲ့ရာသီအစ ရလဒ်တော့မဟုတ်ပါဘူး။ ဒါပေမယ့် ကောင်းမွန်တဲ့အရာတစ်ခုက ကျွန်တော်တို့ပြုပြင်ပြောင်းလဲဖို့ အချိန်အများကြီးရှိသေးတာပါပဲ။ အသင်းဟာ ဘယ်လိုအသင်းမျိုးလဲဆိုတာ ကျွန်တော်တို့သိပါတယ်။ အတက်အကျ ဆိုတာကတော့ ရှိမှာပါ” ဟု ပြောကြားခဲ့သည်။
    mirror
    _________________________
    China Open တင်းနစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်သို့ နာဒယ်လ်တက်ရောက်
    တရုတ်နိုင်ငံ ဘေဂျင်းမြို့တွင် ကျင်းပပြုလုပ်နေသည့် China Open တင်းနစ်ပြိုင်ပွဲ ဆီးမီးဖိုင်နယ်သို့ ကမ္ဘာ့နံပါတ် ၂ စပိန်တင်းနစ်အကျော်အမော် ရာဖေးနာဒယ်လ်မှာ တက်ရောက်သွားပြီဟုသိရသည်။
    ကွာတားဖိုင်နယ်တွင် အီတလီနံပါတ် ၁ တင်းနစ်သမား ဖေဘီယို ဖော့ဂ်နီနီအား အနိုင်ရရှိကာ တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။ နာဒယ်လ်မှာ လွယ်လွယ်ကူကူဖြင့် အနိုင်ရရှိခဲ့ခြင်းမဟုတ်ဘဲ ပထမပွဲငယ်တွင် ရှုံးနိမ့်ခဲ့ပြီး နောက်ပွဲငယ် နှစ်ပွဲဆက်တိုက်အနိုင်ရရှိခဲ့ကာ ၂-၆၊ ၆-၄၊ ၆-၁ ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
    ယခုပွဲပြိုင်ပွဲတွင် နာဒယ်လ်မှာ နိုင်ခြေအဆင့် ၂ သတ်မှတ်ခြင်းခံထားရပြီး ဖော့ဂ်နီနီမှာ နိုင်ခြေအဆင့် ၃ သတ်မှတ်ခြင်းခံထားရသည့် ကစားသမားများဖြစ်ကြသည်။ ယခုပွဲအနိုင်ကြောင့် နာဒယ်လ်မှာ ဆီးမီးဖိုင်နယ်တွင် ဂျွန်အစ္စနာနှင့် သောမတ်စ် ဘာဒစ်ခ်ျတို့ပွဲမှ အနိုင်ရရှိသူနှင့် တွေ့ဆုံယှဉ်ပြိုင်ရမည်ဖြစ်သည်။
    skysports
    _________________________
    စပါး၊ ၀ီဂန်၊ ဆွမ်းဆီးတို့ အနိုင်ရရှိခဲ့ကြသည့် ယူရိုပါလိဂ်ဖလား ဘောလုံးပြိုင်ပွဲ အုပ်စုအဆင့်ပွဲစဉ်များ
    324533hp2
    ယူရိုပါလိဂ်ဘောလုံးပြိုင်ပွဲ အုပ်စုအဆင့် ဒုတိယပွဲစဉ်များကို ယှဉ်ပြိုင်ကစားခဲ့ရာ အင်္ဂလန်ကလပ်အသင်းများဖြစ်ကြသည့် စပါး၊ ဆွမ်ဆီးနှင့် ၀ီဂန်အသင်းအတို့ အနိုင်ရရှိခဲ့သည်။
    အန်ဇီ ၀-၂ စပါး
    ပရီးမီးယားလိဂ်တွင် ရလဒ်ကောင်းများရရှိနေပြီး ယူရိုပါလိဂ် အုပ်စုအဖွင့်ပွဲစဉ်တွင် အနိုင်ရရှိခဲ့သည့် စပါးအသင်းမှာ ယခု ဒုတိယပွဲစဉ်တွင်လည်း အမှားအယွင်းမရှိခဲ့ဘဲ ရုရှားကလပ် အန်ဇီအသင်းအား ရုရှားမြေတွင် ၂-ဂိုး ဂိုးမရှိဖြင့်အနိုင်ရရှိခဲ့သည်။ ပထမပိုင်းသွင်းဂိုးများဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်ပြီး ၃၄-မိနစ်တွင် ဂျာမိန်းဒီဖိုးနှင့်၊ ၃၉-မိနစ်တွင် နေဆာ ချဒ်လီတို့က သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ ဒုတိယပိုင်းတွင် အိမ်ရှင်အသင်းက ချေပဂိုးများရရှိရန် တိုက်စစ်ဆင်ကစားခဲ့သော်လည်း စပါးအသင်းက အနိုင်ရလဒ်ကို ထိန်းသွားနိုင်ခဲ့သောကြောင့် အဖိုးတန်အနိုင်သုံးမှတ်ရရှိကာ နှစ်ပွဲကစား ခြောက်မှတ်ဖြင့် အုပ်စု K ၏ ထိပ်ဆုံးတွင် ဦးဆောင်နေသည်။
    …………………………………………
    ဆွမ်ဆီး ၁-၀ ဂယ်လန်
    အုပ်စုအဖွင့်ပွဲစဉ်တွင် ဗလင်စီယာအသင်းအား အနိုင်ယူနိုင်ခဲ့သည့် ဆွမ်ဆီးအသင်းမှာ အိမ်ကွင်းတွင် ဆွဇ်ကလပ်ဂယ်လန်အသင်းကို ၁-ဂိုး ဂိုးမရှိဖြင့်အနိုင်ရရှိခဲ့သည်။ သက်တောင့်သက်သာအနိုင်ရရှိခဲ့ခြင်းမျိုးမဟုတ်ခဲ့ဘဲ ပထမပိုင်း ၁၄-မိနစ်တွင်ရရှိခဲ့သည့် ဂယ်လန်အသင်း၏ ပယ်နယ်တီအားဆွမ်ဆီးအသင်း ဂိုးသမားက ကာကွယ်နိုင်ခဲ့သောကြောင့် ကံကောင်းစွာဖြင့် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။ ဆွမ်ဆီးအသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ၅၂-မိနစ်တွင် ၀ိန်း ရုတ်လက်ဂျက်ကအနီးကပ် ကန်သွင်းယူခဲ့ခြင်းဖြစ်သည်။
    ……………………………………..
    အခြားအင်္ဂလိပ်ကလပ်အသင်းတစ်ခုဖြစ်သည့် ၀ီဂန်အသင်းမှာအိမ်ကွင်းတွင် စလိုဗေးနးယားကလပ် မာရီဘိုးအသင်းအား ၃-ဂိုး ၁-ဂိုးဖြင့်အနိုင်ယူနိုင်ခဲ့ပြီး ယူရိုပါလိပ် ပထမဦးဆုံးနိုင်ပွဲကိုရယူနိုင်ခဲ့သည်။ ဦးဆောင်ဂိုးကို ၀ီဂန်အသင်းမှ စတင်ရရှိခဲ့ပြီး ပထမပိုင်း ၂၂-မိနစ်တွင် လူငယ်ကစားသမား နစ်က်ပေါင်းဝဲလ်က သွင်းယူပေးခဲ့သည်။ များမကြာမီ ၃၃-မိနစ်တွင် ဘန်ဝက်စတန်က အိမ်ရှင်အသင်းအတွက် ဒုတိယဂိုးသွင်းယူပေးခဲ့ပြီး မိနစ် ၆၀ တွင် မာရီဘိုးအသင်းမှ တာဗာရက်စ်က အသင်းအတွက် ချေပဂိုးကိုသွင်းယူပေးခဲ့သည်။ ၀ီဂန်အသင်းအတွက် နောက်ဆုံးပိတ်အနိုင်ဂိုးကို ဒုတိယပိုင်းနာကျင်အချိန်ပိုတွင် ပေါင်းဝဲလ်က သူ၏ ဒုတိယမြောက်ဂိုးအဖြစ် သွင်းယူပေးခဲ့ခြင်းဖြစ်သည်။
    အခြားပွဲစဉ်များတွင် ဆွမ်ဆီးအသင်းအား အဖွင့်ပွဲစဉ်တွင်ရှုံနိမ့်ခဲ့သည့် ဗလင်စီယာအသင်းမှာ ယခုပွဲတွင် ကူဘန်အသင်းအား အဝေးကွင်းတွင် ၂-ဂိုး ဂိုးမရှိဖြင့် အမှားအယွင်းမရှိ အနိုင်ရရှိခဲ့ပြီး၊ ဆီးဗီးလားအသင်းမှာလည်း အိမ်ကွင်းတွင် ပီအေအိုကေအသင်းကို နှစ်ဂိုးဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။
    စီးရီးအေအသင်းများတွင် ဖီအိုရင်တီးနားအသင်းက အဝေးကွင်းတွင် အနိုင်ရရှိခဲ့ပြီး လာဇီယိုအသင်းက အဝေးကွင်းတွင် သရေတစ်မှတ်ရယူနိုင်ခဲ့သည်။
    ယူရိုပါလိဂ် အနိုင်အရှုံးရလဒ်များမှာ အောက်ပါအတိုင်းဖြစ်သည်။
    GROUP A
    Kuban Krasnodar 0-2 Valencia CF
    Swansea 1-0 FC St Gallen
    ………………….
    GROUP B
    FC Chornomorets Odesa 0-2 PSV
    Ludogorets Razgrad 3-0 Dinamo Zagreb
    …………………..
    GROUP C
    Elfsborg 1-1 Standard Liège
    Esbjerg fB 1-2 FC Red Bull Salzburg
    ………………….
    GROUP D
    Rubin Kazan 4-0 SV Zulte Waregem
    Wigan 3-1 NK Maribor
    ………………….
    GROUP E
    FC Dnipro 1-2 Fiorentina
    Paços de Ferreira 1-1 Pandurii Targu-Jiu
    ……………………
    GROUP F
    Apoel Nicosia 0-3 Eintracht Frankfurt
    Bordeaux 1-2 Maccabi Tel Aviv
    ……………………
    GROUP G
    KRC Genk 2-1 FC Thun
    SK Rapid Vienna 2-2 Dynamo Kiev
    ……………………
    GROUP H
    Sevilla 2-0 Sport-Club Freiburg
    Slovan Liberec 2-1 Estoril-Praia
    …………………..
    GROUP I
    HNK Rijeka 1-1 Real Betis
    Lyon 1-1 Vitória Guimarães
    …………………….
    GROUP J
    Legia Warsaw 0-1 Apollon Limassol
    Trabzonspor 3-3 Lazio
    …………………….
    GROUP K
    Anzhi Makhachkala 0-2 Tottenham
    Tromsø 1-1 Sheriff Tiraspol
    ……………………..
    GROUP L
    Shakhter Karagandy 2-2 Maccabi Haifa
    AZ Alkmaar 1-1 PAOK Salonika
    ………………….
  • မယ်စကြ၀ဠာ(မြန်မာ)ဆု မိုးစက်ဝိုင် ဆွတ်ခူး
    မယ်စကြ၀ဠာ(မြန်မာ)ဆု မိုးစက်ဝိုင် ဆွတ်ခူး
    အောက်တိုဘာ ၄၊ ၂၀၁၃
    M-Media
    ဆူးထက်
    PA030355
    ရန်ကုန် ။         ။         ရုရှားနိုင်ငံ မော်စကိုမြို့တွင် ပြုလုပ်ကျင်းပမည့် မယ်စကြ၀ဋ္ဌာ ပြိုင်ပွဲအတွက် မြန်မာနိုင်ငံကိုယ်စားပြု Miss Universe Myanmar 2013 ရွေးချယ်ပွဲကြီးကို မြို့မကျောင်းလမ်းရှိ အမျိုးသား ကဇာတ်ရုံမှာ အောက်တိုဘာ ၃-ရက်နေ့က ညနေ ၅-နာရီခွဲမှ ည ၈-နာရီထိ ကျင်းပပြုလုပ်ခဲ့သည်။
    အဆိုပါ ရွေးချယ်ပွဲတွင် အခမ်းအနားမှူး အဖြစ် မော်ဒယ်အင်ဂျီစီမှ တင်မိုးလွင် နှင့် အဆိုတော် သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်တို့က ဆောင်ရွက်ခဲ့ကြသည်။
    ယင်းပွဲတွင် ဇကာတင် အယောက် (၂၀)ထဲမှ မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ်အဖြစ် ပထမဆု Miss Universe Myanmar 2013 သရဖူကို အသက် ၂၅ နှစ် အရွယ် ခါးနံပါတ် ( ၁၆ ) မမိုးစက်ဝိုင်မှ ဆွတ်ခူး ရရှိခဲ့သည်။ အွန်လိုင်း နဲ့ ဖေ့ဘုတ်မှာ လူကြိုက်အများဆုံးဆု ကို ခါးနံပါတ် (၁၆) မိုးစက်ဝိုင် မှ ထပ်မံ ရရှိခဲ့သည်။
    ဒုတိယဆုကို အသက် ၁၉နှစ် အရွယ် ခါးနံပတ် (၄) ဆေးကျောင်းသူလေး အေးချမ်းမိုးမှ ဆွတ်ခူး ရရှိခဲ့သည်။
    မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၅၀-ကျော်ကြာ တိမ်မြုပ်နေခဲ့သော ယခုလို မယ်ပြိုင်ပွဲကို ပထမဆုံး ပြန်လည် ကျင်းပနိုင် တာဖြစ်ကြောင်း၊ ၁၉၆၄-နောက်ပိုင်း မြန်မာပြည်ကိုယ်စား Miss Universe ပြိုင်ပွဲကြီးအား ပထမဦးဆုံး အကြိမ် ပါဝင်ယှဉ်ပြိုင်ခြင်း ဖြစ်ကြောင်း သိရသည်။
    Miss Universe Myanmar 2013 ဆုကို ငွေကျပ်သိန်း-၁၀၀နှင့် ထူး ဖောင်ဒေးရှင်းက Honda Fit ကားတစီး၊ ကျပ်သိန်းနှစ်ဆယ်တန် စိန်သရဖူ ဆုချီးမြှင့်ခဲ့ပြီး ထူးဖောင်ဒေးရှင်းနှင့် ညီနောင်ကုမ္ပဏီတွေက စပွန်ဆာပေးခဲ့ကြောင်း သိရသည်။
    ရုရှားနိုင်ငံ မော်စကိုမြို့တွင် ပြုလုပ်ကျင်းပမည့် Miss Universe ရွေးချယ်ပွဲကြီးတွင် ဆုရရှိခဲ့သော် ဆိုသည့် ဥာဏ်ရည်၊ ဥာဏ်သွေးဆိုင်ရာ မေးခွန်းအား ခါးနံပါတ် (၁၆) မမိုးစက်ဝိုင်းသည် မိဘမဲ့ ကလေးသူငယ်များအတွက် ပဒေသာပင် စိုက်ထူလိုကြောင်း အဆိုပါပွဲတွင် အတိအလင်း ဖြေကြားသွားခဲ့သည်။
    ယခုပြိုင်ပွဲမှာ ဆယ်စုနှစ် ငါးခုကျော် အကြာ ပရိသတ် ရှေ့မှောက် စင်မြင့်ထက်တွင် ရေကူးဝတ်စုံဖြင့် ယှဉ်ပြိုင်သည့် ပထမဆုံးပြိုင်ပွဲ ဖြစ်ကြောင်း သိရသည်။
    ၁၉၆၀ခုနှစ်တွင် ယှဉ်ပြိုင်ခဲ့သော ဒေါ်မြင့်မြင့်မေက မယ်စကြာဝဋ္ဌာ ပြိုင်ပွဲတွင် Miss Congeniality ဆုရရှိခဲ့သည်။
    ဆုရရှိခဲ့သော မိုးစက်ဝိုင်သည် နိုဝင်ဘာ ၉-ရက်နေ့တွင် ကျင်းပတော့မည့် ဖြစ်သည့် မယ်စကြာဝဋ္ဌာပြိုင်ပွဲသို့ မြန်မာနိုင်ငံ ကိုယ်စားပြု သွားရောက် ယှဉ်ပြိုင်ရတော့မည် ဖြစ်သည်။
  • အိမ်ဖြူတော်အတွင်းသို့ ဖြတ်ကျော်မောင်းနှင်ခဲ့သည့် ကားတစ်စီးအား ရဲတပ်ဖွဲ့ဝင်များမှ ပစ်ခတ်ဖမ်းဆီး
    အိမ်ဖြူတော်အတွင်းသို့ ဖြတ်ကျော်မောင်းနှင်ခဲ့သည့် ကားတစ်စီးအား ရဲတပ်ဖွဲ့ဝင်များမှ ပစ်ခတ်ဖမ်းဆီး
    အောက်တိုဘာ ၄၊ ၂၀၁၃
    M-Media
    Untitled
    အမေရိကန်နိုင်ငံ ၀ါရှင်တန်ဒီစီရှိ အိမ်ဖြူတော်မှ လွှတ်တော်အထိ ကားဖြင့် ဖြတ်ကျော်မောင်းနှင်ခဲ့သည့် အမျိုးသမီးတစ်ဦးမောင်းနှင်လာသည့်ကားအား ရဲများက ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု သိရသည်။
    အဆိုပါအမျိုးသမီးမှာ အသက် ၁-နှစ်အရွယ်ရှိ ကလေးငယ်တစ်ဦးကို တင်ဆောင်လာသည့် အနက်ရောင် sport car ဖြင့် အိမ်ဖြူတော်နှင့် လွှတ်တော်တစ်ဝိုက်ရှိ တားထားသော အတားအဆီးများကို ဖြတ်ကျော်ကာ လွှတ်တော်အနီး ၂ -မိုင်အကွာအဝေးအထိ ၀င်ရောက်သွားခဲ့သောကြောင့် လုံခြုံရေးရဲများက ပစ်ခတ်ဖမ်းဆီးခဲ့ရာမှ သေဆုံးသွားခဲ့သည်။
    ထိုအမျိုးသမီး၏ ကားအား ရဲကားများက နောက်မှလိုက်၍ တားဆီးခဲ့သော်လည်း အရှိန်လျှော့ချခြင်းမပြုခဲ့ပဲ ထိုကားဖြင့် ရဲကားတစ်စီးအား တိုက်မိခဲ့သောကြောင့် ရဲတပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရရှိခဲ့သည်။ ၀ါရှင်တန် ရဲတပ်ဖွဲ့အကြီးအကဲ ကေသီ လိန်နီယာက အသေးစိတ်အချက်အလက်များကို ထုတ်ဖော်ပြောဆိုရန် ငြင်းဆိုခဲ့ပြီး အဖြစ်အပျက်များကို ဆက်လက်စုံစမ်းစစ်ဆေးနေသည်ဟု ပြောဆိုခဲ့သည်။
    “(ကားပေါ်မှာပါလာတဲ့) ကလေးငယ်က ၁-နှစ်လောက်ရှိပြီး ဘာမှမထိခိုက်ပါဘူး။ ကလေးငယ်ကို တာဝန်ရှိသူတွေက စောင့်ရှောက်ထားပါတယ်” ဟု ကေသီက ပြောကြားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လုပ်ဆောင်ပုံနှင့်ပက်သက်၍ “အိမ်ဖြူတော်နဲ့လွှတ်တော်အနီးတစ်ဝိုက်မှာ လုံခြုံရေးအဆီးအတားတွေ ချထားပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေက သူတို့လုပ်ရမယ့်အရာကို လုပ်ခဲ့တာပါ။ အိမ်ဖြူတော်နဲ့ လွှတ်တော်နှစ်နေရာစလုံးမှာ အတားအဆီးတွေကို ဖြတ်ကျော်မောင်းနှင်ခဲ့တဲ့ အဲဒီအမျိုးသမီးကို လုံခြုံရေးဝန်ထမ်းတွေက ထားခဲ့ကြပါတယ်” ဟု သူမက ထပ်လောင်းပြောကြားခဲ့သည်။
    Ref : aljazeera
  • စပါး၊ ၀ီဂန်၊ ဆွမ်းဆီးတို့ အနိုင်ရရှိခဲ့ကြသည့် ယူရိုပါလိဂ်ဖလား ဘောလုံးပြိုင်ပွဲ အုပ်စုအဆင့်ပွဲစဉ်များ
    စပါး၊ ၀ီဂန်၊ ဆွမ်းဆီးတို့ အနိုင်ရရှိခဲ့ကြသည့် ယူရိုပါလိဂ်ဖလား ဘောလုံးပြိုင်ပွဲ အုပ်စုအဆင့်ပွဲစဉ်များ
    စက်တင်ဘာ ၄၊ ၂၀၁၃
    M-Media
    324533hp2
    ယူရိုပါလိဂ်ဘောလုံးပြိုင်ပွဲ အုပ်စုအဆင့် ဒုတိယပွဲစဉ်များကို ယှဉ်ပြိုင်ကစားခဲ့ရာ အင်္ဂလန်ကလပ်အသင်းများဖြစ်ကြသည့် စပါး၊ ဆွမ်ဆီးနှင့် ၀ီဂန်အသင်းအတို့ အနိုင်ရရှိခဲ့သည်။
    အန်ဇီ ၀-၂ စပါး
    ပရီးမီးယားလိဂ်တွင် ရလဒ်ကောင်းများရရှိနေပြီး ယူရိုပါလိဂ် အုပ်စုအဖွင့်ပွဲစဉ်တွင် အနိုင်ရရှိခဲ့သည့် စပါးအသင်းမှာ ယခု ဒုတိယပွဲစဉ်တွင်လည်း အမှားအယွင်းမရှိခဲ့ဘဲ ရုရှားကလပ် အန်ဇီအသင်းအား ရုရှားမြေတွင် ၂-ဂိုး ဂိုးမရှိဖြင့်အနိုင်ရရှိခဲ့သည်။ ပထမပိုင်းသွင်းဂိုးများဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်ပြီး ၃၄-မိနစ်တွင် ဂျာမိန်းဒီဖိုးနှင့်၊ ၃၉-မိနစ်တွင် နေဆာ ချဒ်လီတို့က သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ ဒုတိယပိုင်းတွင် အိမ်ရှင်အသင်းက ချေပဂိုးများရရှိရန် တိုက်စစ်ဆင်ကစားခဲ့သော်လည်း စပါးအသင်းက အနိုင်ရလဒ်ကို ထိန်းသွားနိုင်ခဲ့သောကြောင့် အဖိုးတန်အနိုင်သုံးမှတ်ရရှိကာ နှစ်ပွဲကစား ခြောက်မှတ်ဖြင့် အုပ်စု K ၏ ထိပ်ဆုံးတွင် ဦးဆောင်နေသည်။
    …………………………………………
    ဆွမ်ဆီး ၁-၀ ဂယ်လန်
    အုပ်စုအဖွင့်ပွဲစဉ်တွင် ဗလင်စီယာအသင်းအား အနိုင်ယူနိုင်ခဲ့သည့် ဆွမ်ဆီးအသင်းမှာ အိမ်ကွင်းတွင် ဆွဇ်ကလပ်ဂယ်လန်အသင်းကို ၁-ဂိုး ဂိုးမရှိဖြင့်အနိုင်ရရှိခဲ့သည်။ သက်တောင့်သက်သာအနိုင်ရရှိခဲ့ခြင်းမျိုးမဟုတ်ခဲ့ဘဲ ပထမပိုင်း ၁၄-မိနစ်တွင်ရရှိခဲ့သည့် ဂယ်လန်အသင်း၏ ပယ်နယ်တီအားဆွမ်ဆီးအသင်း ဂိုးသမားက ကာကွယ်နိုင်ခဲ့သောကြောင့် ကံကောင်းစွာဖြင့် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။ ဆွမ်ဆီးအသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ၅၂-မိနစ်တွင် ၀ိန်း ရုတ်လက်ဂျက်ကအနီးကပ် ကန်သွင်းယူခဲ့ခြင်းဖြစ်သည်။
    ……………………………………..
    အခြားအင်္ဂလိပ်ကလပ်အသင်းတစ်ခုဖြစ်သည့် ၀ီဂန်အသင်းမှာအိမ်ကွင်းတွင် စလိုဗေးနးယားကလပ် မာရီဘိုးအသင်းအား ၃-ဂိုး ၁-ဂိုးဖြင့်အနိုင်ယူနိုင်ခဲ့ပြီး ယူရိုပါလိပ် ပထမဦးဆုံးနိုင်ပွဲကိုရယူနိုင်ခဲ့သည်။ ဦးဆောင်ဂိုးကို ၀ီဂန်အသင်းမှ စတင်ရရှိခဲ့ပြီး ပထမပိုင်း ၂၂-မိနစ်တွင် လူငယ်ကစားသမား နစ်က်ပေါင်းဝဲလ်က သွင်းယူပေးခဲ့သည်။ များမကြာမီ ၃၃-မိနစ်တွင် ဘန်ဝက်စတန်က အိမ်ရှင်အသင်းအတွက် ဒုတိယဂိုးသွင်းယူပေးခဲ့ပြီး မိနစ် ၆၀ တွင် မာရီဘိုးအသင်းမှ တာဗာရက်စ်က အသင်းအတွက် ချေပဂိုးကိုသွင်းယူပေးခဲ့သည်။ ၀ီဂန်အသင်းအတွက် နောက်ဆုံးပိတ်အနိုင်ဂိုးကို ဒုတိယပိုင်းနာကျင်အချိန်ပိုတွင် ပေါင်းဝဲလ်က သူ၏ ဒုတိယမြောက်ဂိုးအဖြစ် သွင်းယူပေးခဲ့ခြင်းဖြစ်သည်။
    အခြားပွဲစဉ်များတွင် ဆွမ်ဆီးအသင်းအား အဖွင့်ပွဲစဉ်တွင်ရှုံနိမ့်ခဲ့သည့် ဗလင်စီယာအသင်းမှာ ယခုပွဲတွင် ကူဘန်အသင်းအား အဝေးကွင်းတွင် ၂-ဂိုး ဂိုးမရှိဖြင့် အမှားအယွင်းမရှိ အနိုင်ရရှိခဲ့ပြီး၊ ဆီးဗီးလားအသင်းမှာလည်း အိမ်ကွင်းတွင် ပီအေအိုကေအသင်းကို နှစ်ဂိုးဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။
    စီးရီးအေအသင်းများတွင် ဖီအိုရင်တီးနားအသင်းက အဝေးကွင်းတွင် အနိုင်ရရှိခဲ့ပြီး လာဇီယိုအသင်းက အဝေးကွင်းတွင် သရေတစ်မှတ်ရယူနိုင်ခဲ့သည်။
    ယူရိုပါလိဂ် အနိုင်အရှုံးရလဒ်များမှာ အောက်ပါအတိုင်းဖြစ်သည်။
    GROUP A
    Kuban Krasnodar 0-2 Valencia CF
    Swansea 1-0 FC St Gallen
    ………………….
    GROUP B
    FC Chornomorets Odesa 0-2 PSV
    Ludogorets Razgrad 3-0 Dinamo Zagreb
    …………………..
    GROUP C
    Elfsborg 1-1 Standard Liège
    Esbjerg fB 1-2 FC Red Bull Salzburg
    ………………….
    GROUP D
    Rubin Kazan 4-0 SV Zulte Waregem
    Wigan 3-1 NK Maribor
    ………………….
    GROUP E
    FC Dnipro 1-2 Fiorentina
    Paços de Ferreira 1-1 Pandurii Targu-Jiu
    ……………………
    GROUP F
    Apoel Nicosia 0-3 Eintracht Frankfurt
    Bordeaux 1-2 Maccabi Tel Aviv
    ……………………
    GROUP G
    KRC Genk 2-1 FC Thun
    SK Rapid Vienna 2-2 Dynamo Kiev
    ……………………
    GROUP H
    Sevilla 2-0 Sport-Club Freiburg
    Slovan Liberec 2-1 Estoril-Praia
    …………………..
    GROUP I
    HNK Rijeka 1-1 Real Betis
    Lyon 1-1 Vitória Guimarães
    …………………….
    GROUP J
    Legia Warsaw 0-1 Apollon Limassol
    Trabzonspor 3-3 Lazio
    …………………….
    GROUP K
    Anzhi Makhachkala 0-2 Tottenham
    Tromsø 1-1 Sheriff Tiraspol
    ……………………..
    GROUP L
    Shakhter Karagandy 2-2 Maccabi Haifa
    AZ Alkmaar 1-1 PAOK Salonika
    ………………….