6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

အောက်တိုဘာ ၄၊ ၂၀၁၃
M-Media
စတားရစ်ခ်ျနှင့် ဆွာရက်ဇက်တို့ရှိနေသည့် လီဗာပူးလ်အသင်းမှာ ဘိုင်ယန်အသင်းကဲ့သို့ ကစားနိုင်မည်ဟု ရော်ဂျာဆို


လီဗာပူးလ်အသင်း၏ နည်းပြဖြစ်သူ ဘရန်ဒန်ရော်ဂျာက ချန်ပီယံလိဂ်လက်ရှိချန်ပီယံ ဘိုင်ယန်မြူးနစ်အသင်းကစားသည့် ပုံစံကို ၎င်းအနေဖြင့် စမ်းသုံးကြည့်ပြီးပြီဟု ပြောဆိုလိုက်ပြီး ဘိုင်ယန်က ကျွမ်းကျင်စွာ ကစားနေသည့် ပြောင်းလွယ်ပြင်လွယ်ကစားကွက်အား အားပေးထောက်ခံလိုက်သည်။ ထို့ပြင် လီဗာပူးလ်အသင်းရှိ တိုက်စစ်မှူး စတားရစ်ခ်ျနှင့် ဆွာရက်ဇ်တို့မှာ ဘိုင်ယန်တိုက်စစ်မှူးများနှင့် တူညီသော အဆင့်တွင်ရှိသည်ဟု ထပ်လောင်းပြောကြားခဲ့သည်။

တိုက်စစ်မှူဒစတားရစ်ခ်ျမှာ ယခုနှစ်ရာသီတွင် ခြေစွမ်းပြနေသူဖြစ်ပြီး အသင်းနှင့် ၈-ပွဲကစားထားကာ ၇-ဂိုးအထိ သွင်းယူပေးထားနိုင်သည်။ ဆွာရက်ဇ်မှာ ပွဲပယ် ပြစ်ဒဏ်ကြောင့် ရာသီအစပွဲများတွင် ပါဝင်နိုင်ခြင်းမရှိခဲ့ဘဲ ပွဲပယ်အပြစ်ဒဏ်အပြီး ပထမဦးဆုံးပြန်လည်ကစားရသည့် ဆန်းဒါးလန်းအသင်းနှင့် ပြီးခဲ့သည့် တစ်ပါတ် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ၂ ဂိုး သွင်းယူပေးနိုင်ခဲ့သည်။

ဘိုင်ယန်မြူးနစ်အသင်းက မန်စီးတီးအသင်းအား ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ချန်ပီယံလိဂ်ပွဲစဉ်အပြီးတွင် ရော်ဂျာက ဘိုင်ယန်၏ ပြောင်းလွယ်ပြင်လွယ်ဖြစ်သော ကစားဟန်မှာ လီဗာပူးလ်ရှေ့တန်းကစားသမားများ၏ ကစားပုံနှင့်တူသည်ဟု ပြောကြားခဲ့သည်။
goal
_________________________

မာတီနို၏ အလှည့်ကျစနစ်အား နေးမာကာကွယ်


ဘာစီလိုနာအသင်းတွင် ပွဲထွက်ကစားသမားအဖြစ်ပါဝင်ခွင့်ရရန် စောင့်ဆိုင်းခဲ့ရသည့် ဘရာဇီးတိုက်စစ်မှူးနေးမာက အသင်းရှိ ကစားသမားများအား အသင်းနည်းပြ မာတီနိုက အကျိုးရှိရှိအသုံးချနေခြင်းမှာ မှန်ကန်သောလုပ်ရပ်များကို လုပ်နေခြင်းဖြစ်သည်ဟု ထောက်ခံပြောဆိုလိုက်သည်။

မာတီနိုလက်ထက် ဘာစီလိုနာအသင်း၏ အလှည့်ကျကစားစေသည့်စနစ်အား ထောက်ခံလိုက်ခြင်းဖြစ်ပြီး ထိုစနစ်က ရာသီတစ်ခုလုံးတွင် အဓိကကစားသမားများ အားလုံး ကြံ့ခိုင်မှုအပြည့်အ၀ ဖြင့် ယှဉ်ပြိုင်နိုင်စေမည်ဟု ယုံကြည်နေသည်။

ယူရို ၅၄-သန်းဖြင့် ဘာကာသို့ရောက်ရှိလာသည့် နေးမာမှာ အသင်း၏ အဓိကတိုက်စစ်မှူးမက်ဆီ ပေါင်ခြံဒဏ်ရာကြောင့် မကစားနိုင်သည့်အတွက် ဆဲလ်တစ် အသင်းအား ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သော ချန်ပီယံလိဂ်ပွဲတွင် ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခဲ့သည်။
ဘာကာအသင်း၏ ရာသီအစပွဲစဉ် တော်တော်များများတွင် အရန်ခုံ၌သာ ထိုင်နေခဲ့ရသည့် နေးမာက “အဲဒါ(အလှည့်ကျစနစ်)ဟာ ကောင်းမွန်တဲ့ စနစ်တစ်ခုပါ။ ကစားသမားတိုင်းမှာ နားဖို့အခွင့်အရေးရှိပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ ဒဏ်ရာအနာတရမဖြစ်တော့ပါဘူ။ အသင်းအတွက် အရေးအကြီးဆုံး အရာတစ်ခုကတော့ အကောင်းဆုံးအနေအထားမှာ ရှိနေစေတာပါပဲ။ ဘာ့ကြောင့်လဲဆိုတော့ ကျွန်တော်တို့မှာ ရွေးချယ်စရာ ကစားသမားတွေရှိနေလို့ပါ” ဟု ပြောကြားခဲ့သည်။
goal
_________________________

မိုယက်စ်လက်ထက် မန်ယူ၏ ရလဒ်ဆိုးရွားမှုများအတွက် ဆင်ခြေပေးစရာမရှိဟု ရွိုင်ယန်ဂစ်ဆို


မန်ယူအသင်း၏ ဂန္တ၀င် ၀ါရင့်ကစားသမား ရွိုင်ယန်ဂစ်က ယခုနှစ်ဘောလုံးရာသီအစတွင် မန်ယူအသင်းတွေ့ကြုံနေရသည့် ၂၄-နှစ်အတွင်း အဆိုးဝါးဆုံးသော အရာသီအစရလဒ်များနှင့်ပက်သက်၍ မည့်သည့်ဆင်ခြေမှ ပေးရန်မရှိဟု ပြောကြားခဲ့သည်။

မန်ယူအသင်းမှာ ရာသီအစ နှစ်ပွဲဆက်ရှုံးနိမ်ထားပြီး ၁၂ အတွင်း ပထမဦးဆုံးအကြိမ်ဖြစ်လာဖွယ်ရှိသည့် သုံးပွဲဆက်ရှုံးနိမ့်မှုကို ရှောင်ရှားရမည်ဖြစ်သည်။ ရှက်တာဒိုးနက်အား ၁ ဂိုးစီသရေကျခဲ့သည့် ချန်ပီယံလိဂ်ပွဲအပြီးတွင် မန်ယူအသင်းအား ကောင်းမွန်သောအခြေအနေသို့ ပြန်ရောက်ရန် ကစားသများအနေဖြင့် ကြိုးစားရမည်ဟုမြင်ကြောင်း မိုယက်စ်ကမှတ်ချက်ပေးခဲ့သည်။

ထိုပွဲတွင်ပါဝင်ကစားခဲ့ပြီး ဥရောပ ၁၄၅ ပွဲကစားသည့် စံချိန်တင်ခဲ့သည့် ရွိုင်ယန်ဂစ်က “ဒီရလဒ်တွေဟာ ကောင်းမွန်တဲ့ရာသီအစ ရလဒ်တော့မဟုတ်ပါဘူး။ ဒါပေမယ့် ကောင်းမွန်တဲ့အရာတစ်ခုက ကျွန်တော်တို့ပြုပြင်ပြောင်းလဲဖို့ အချိန်အများကြီးရှိသေးတာပါပဲ။ အသင်းဟာ ဘယ်လိုအသင်းမျိုးလဲဆိုတာ ကျွန်တော်တို့သိပါတယ်။ အတက်အကျ ဆိုတာကတော့ ရှိမှာပါ” ဟု ပြောကြားခဲ့သည်။
mirror
_________________________

China Open တင်းနစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်သို့ နာဒယ်လ်တက်ရောက်


တရုတ်နိုင်ငံ ဘေဂျင်းမြို့တွင် ကျင်းပပြုလုပ်နေသည့် China Open တင်းနစ်ပြိုင်ပွဲ ဆီးမီးဖိုင်နယ်သို့ ကမ္ဘာ့နံပါတ် ၂ စပိန်တင်းနစ်အကျော်အမော် ရာဖေးနာဒယ်လ်မှာ တက်ရောက်သွားပြီဟုသိရသည်။

ကွာတားဖိုင်နယ်တွင် အီတလီနံပါတ် ၁ တင်းနစ်သမား ဖေဘီယို ဖော့ဂ်နီနီအား အနိုင်ရရှိကာ တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။ နာဒယ်လ်မှာ လွယ်လွယ်ကူကူဖြင့် အနိုင်ရရှိခဲ့ခြင်းမဟုတ်ဘဲ ပထမပွဲငယ်တွင် ရှုံးနိမ့်ခဲ့ပြီး နောက်ပွဲငယ် နှစ်ပွဲဆက်တိုက်အနိုင်ရရှိခဲ့ကာ ၂-၆၊ ၆-၄၊ ၆-၁ ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

ယခုပွဲပြိုင်ပွဲတွင် နာဒယ်လ်မှာ နိုင်ခြေအဆင့် ၂ သတ်မှတ်ခြင်းခံထားရပြီး ဖော့ဂ်နီနီမှာ နိုင်ခြေအဆင့် ၃ သတ်မှတ်ခြင်းခံထားရသည့် ကစားသမားများဖြစ်ကြသည်။ ယခုပွဲအနိုင်ကြောင့် နာဒယ်လ်မှာ ဆီးမီးဖိုင်နယ်တွင် ဂျွန်အစ္စနာနှင့် သောမတ်စ် ဘာဒစ်ခ်ျတို့ပွဲမှ အနိုင်ရရှိသူနှင့် တွေ့ဆုံယှဉ်ပြိုင်ရမည်ဖြစ်သည်။
skysports

_________________________

စပါး၊ ၀ီဂန်၊ ဆွမ်းဆီးတို့ အနိုင်ရရှိခဲ့ကြသည့် ယူရိုပါလိဂ်ဖလား ဘောလုံးပြိုင်ပွဲ အုပ်စုအဆင့်ပွဲစဉ်များ

324533hp2
ယူရိုပါလိဂ်ဘောလုံးပြိုင်ပွဲ အုပ်စုအဆင့် ဒုတိယပွဲစဉ်များကို ယှဉ်ပြိုင်ကစားခဲ့ရာ အင်္ဂလန်ကလပ်အသင်းများဖြစ်ကြသည့် စပါး၊ ဆွမ်ဆီးနှင့် ၀ီဂန်အသင်းအတို့ အနိုင်ရရှိခဲ့သည်။

အန်ဇီ ၀-၂ စပါး

ပရီးမီးယားလိဂ်တွင် ရလဒ်ကောင်းများရရှိနေပြီး ယူရိုပါလိဂ် အုပ်စုအဖွင့်ပွဲစဉ်တွင် အနိုင်ရရှိခဲ့သည့် စပါးအသင်းမှာ ယခု ဒုတိယပွဲစဉ်တွင်လည်း အမှားအယွင်းမရှိခဲ့ဘဲ ရုရှားကလပ် အန်ဇီအသင်းအား ရုရှားမြေတွင် ၂-ဂိုး ဂိုးမရှိဖြင့်အနိုင်ရရှိခဲ့သည်။ ပထမပိုင်းသွင်းဂိုးများဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်ပြီး ၃၄-မိနစ်တွင် ဂျာမိန်းဒီဖိုးနှင့်၊ ၃၉-မိနစ်တွင် နေဆာ ချဒ်လီတို့က သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ ဒုတိယပိုင်းတွင် အိမ်ရှင်အသင်းက ချေပဂိုးများရရှိရန် တိုက်စစ်ဆင်ကစားခဲ့သော်လည်း စပါးအသင်းက အနိုင်ရလဒ်ကို ထိန်းသွားနိုင်ခဲ့သောကြောင့် အဖိုးတန်အနိုင်သုံးမှတ်ရရှိကာ နှစ်ပွဲကစား ခြောက်မှတ်ဖြင့် အုပ်စု K ၏ ထိပ်ဆုံးတွင် ဦးဆောင်နေသည်။
…………………………………………

ဆွမ်ဆီး ၁-၀ ဂယ်လန်

အုပ်စုအဖွင့်ပွဲစဉ်တွင် ဗလင်စီယာအသင်းအား အနိုင်ယူနိုင်ခဲ့သည့် ဆွမ်ဆီးအသင်းမှာ အိမ်ကွင်းတွင် ဆွဇ်ကလပ်ဂယ်လန်အသင်းကို ၁-ဂိုး ဂိုးမရှိဖြင့်အနိုင်ရရှိခဲ့သည်။ သက်တောင့်သက်သာအနိုင်ရရှိခဲ့ခြင်းမျိုးမဟုတ်ခဲ့ဘဲ ပထမပိုင်း ၁၄-မိနစ်တွင်ရရှိခဲ့သည့် ဂယ်လန်အသင်း၏ ပယ်နယ်တီအားဆွမ်ဆီးအသင်း ဂိုးသမားက ကာကွယ်နိုင်ခဲ့သောကြောင့် ကံကောင်းစွာဖြင့် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။ ဆွမ်ဆီးအသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ၅၂-မိနစ်တွင် ၀ိန်း ရုတ်လက်ဂျက်ကအနီးကပ် ကန်သွင်းယူခဲ့ခြင်းဖြစ်သည်။
……………………………………..

ဝီဂန် ၃-၁ မာရီဘိုး

အခြားအင်္ဂလိပ်ကလပ်အသင်းတစ်ခုဖြစ်သည့် ၀ီဂန်အသင်းမှာအိမ်ကွင်းတွင် စလိုဗေးနးယားကလပ် မာရီဘိုးအသင်းအား ၃-ဂိုး ၁-ဂိုးဖြင့်အနိုင်ယူနိုင်ခဲ့ပြီး ယူရိုပါလိပ် ပထမဦးဆုံးနိုင်ပွဲကိုရယူနိုင်ခဲ့သည်။ ဦးဆောင်ဂိုးကို ၀ီဂန်အသင်းမှ စတင်ရရှိခဲ့ပြီး ပထမပိုင်း ၂၂-မိနစ်တွင် လူငယ်ကစားသမား နစ်က်ပေါင်းဝဲလ်က သွင်းယူပေးခဲ့သည်။ များမကြာမီ ၃၃-မိနစ်တွင် ဘန်ဝက်စတန်က အိမ်ရှင်အသင်းအတွက် ဒုတိယဂိုးသွင်းယူပေးခဲ့ပြီး မိနစ် ၆၀ တွင် မာရီဘိုးအသင်းမှ တာဗာရက်စ်က အသင်းအတွက် ချေပဂိုးကိုသွင်းယူပေးခဲ့သည်။ ၀ီဂန်အသင်းအတွက် နောက်ဆုံးပိတ်အနိုင်ဂိုးကို ဒုတိယပိုင်းနာကျင်အချိန်ပိုတွင် ပေါင်းဝဲလ်က သူ၏ ဒုတိယမြောက်ဂိုးအဖြစ် သွင်းယူပေးခဲ့ခြင်းဖြစ်သည်။

အခြားပွဲစဉ်များတွင် ဆွမ်ဆီးအသင်းအား အဖွင့်ပွဲစဉ်တွင်ရှုံနိမ့်ခဲ့သည့် ဗလင်စီယာအသင်းမှာ ယခုပွဲတွင် ကူဘန်အသင်းအား အဝေးကွင်းတွင် ၂-ဂိုး ဂိုးမရှိဖြင့် အမှားအယွင်းမရှိ အနိုင်ရရှိခဲ့ပြီး၊ ဆီးဗီးလားအသင်းမှာလည်း အိမ်ကွင်းတွင် ပီအေအိုကေအသင်းကို နှစ်ဂိုးဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။

စီးရီးအေအသင်းများတွင် ဖီအိုရင်တီးနားအသင်းက အဝေးကွင်းတွင် အနိုင်ရရှိခဲ့ပြီး လာဇီယိုအသင်းက အဝေးကွင်းတွင် သရေတစ်မှတ်ရယူနိုင်ခဲ့သည်။

ယူရိုပါလိဂ် အနိုင်အရှုံးရလဒ်များမှာ အောက်ပါအတိုင်းဖြစ်သည်။
GROUP A

Kuban Krasnodar 0-2 Valencia CF
Swansea 1-0 FC St Gallen
………………….

GROUP B

FC Chornomorets Odesa 0-2 PSV
Ludogorets Razgrad 3-0 Dinamo Zagreb
…………………..

GROUP C

Elfsborg 1-1 Standard Liège
Esbjerg fB 1-2 FC Red Bull Salzburg
………………….

GROUP D

Rubin Kazan 4-0 SV Zulte Waregem
Wigan 3-1 NK Maribor
………………….

GROUP E

FC Dnipro 1-2 Fiorentina
Paços de Ferreira 1-1 Pandurii Targu-Jiu
……………………

GROUP F

Apoel Nicosia 0-3 Eintracht Frankfurt
Bordeaux 1-2 Maccabi Tel Aviv
……………………

GROUP G

KRC Genk 2-1 FC Thun
SK Rapid Vienna 2-2 Dynamo Kiev
……………………

GROUP H

Sevilla 2-0 Sport-Club Freiburg
Slovan Liberec 2-1 Estoril-Praia
…………………..

GROUP I

HNK Rijeka 1-1 Real Betis
Lyon 1-1 Vitória Guimarães
…………………….

GROUP J

Legia Warsaw 0-1 Apollon Limassol
Trabzonspor 3-3 Lazio
…………………….

GROUP K

Anzhi Makhachkala 0-2 Tottenham
Tromsø 1-1 Sheriff Tiraspol
……………………..

GROUP L

Shakhter Karagandy 2-2 Maccabi Haifa
AZ Alkmaar 1-1 PAOK Salonika
………………….

Leave a Reply