News @ M-Media

Author: YinYin

  • ဦးဝင်းတင်၏ ကျောက်ကပ်ဆေးကြော ကုသမှု အောင်မြင်စွာပြီးဆုံး

    ဦးဝင်းတင်၏ ကျောက်ကပ်ဆေးကြော ကုသမှု အောင်မြင်စွာပြီးဆုံး

    ဧပြီ ၁၉၊ ၂၀၁၄
    M-Media
    လမင်း

    ရန်‌ကုန်‌ပြည်‌သူ့‌ဆေးရုံကြီးတွင် တက်ရောက်ဆေးကုသခံယူနေသော ဦးဝင်းတင်အား ဒေါ်‌အောင်‌ဆန်းစုကြည်‌ကတတိယအကြိမ်‌ လာ‌ရောက်‌ကြည့်‌ရှုစဉ် (ဓါတ်ပုံ - ဒေါ်အောင်ဆန်းစုကြည်၏ ဖေ့ဘွတ်စာမျက်နှာ)
    ရန်‌ကုန်‌ပြည်‌သူ့‌ဆေးရုံကြီးတွင် တက်ရောက်ဆေးကုသခံယူနေသော ဦးဝင်းတင်အား ဒေါ်‌အောင်‌ဆန်းစုကြည်‌ကတတိယအကြိမ်‌ သွားရောက်‌ကြည့်ရှုစဉ် (Photo – Facebook)

    ရန်ကုန် ။     ။       ရန်ကုန်ဆေးရုံကြီး အထူးကြပ်မတ်ကုသဆောင်တွင် ဆေးကုသလျှက်ရှိနေသော ဟံသာဝတီဦးဝင်းတင်သည် ဧပြီလ ၁၈ ရက်နေ့ညက ကျောက်ကပ်ဆေးကြောကုသမှု အောင်မြင်စွာပြီးစီးခဲ့ကြောင်း သိရသည်။

    ဦးဝင်းတင်၏ကျောက်ကပ်သည် ပုံမှန်အလုပ်မလုပ်နိုင်သည့်အတွက် ဆီးဆိပ်တက်ခြင်း၊ ဦးနှောက်တဖြည်းဖြည်းနဲ့ပုံမှန်အလုပ်မလုပ်ခြင်းနှင့် အခြား ကိုယ်တွင်းအဂါင်္များလုပ်ဆောင်မှုပါ ကောင်းစွာမလုပ်ဆောင်နိုင်ခြင်းတို့ကြောင့် ဆရာဝန်ကြီးများနှင့် သမားတော်ကြီးများက ကျောက်ကပ်ဆေးရန် အတွက် ကာယကံရှင်၏ဆန္ဒကိုရယူပြီး ဧပြီလ ၁၈ ရက်နေ့ ည ၇နာရီတွင် ကျောက်ကပ်ဆေးကုသခဲ့သည်။

    “ဒီအတိုင်း ဘာမှမလုပ်ပဲထားရင် နောက်နေ့တွေမှာ ပိုမောလာနိုင်မယ်။ ကျောက်ကပ်ပျက်စီးတာများလာလို့လည်း ဆီးထွက်လည်းနည်းနေပြီ။ အခုလို ကျောက်ကပ်ဆေးလိုက်တော့ အရင်ထက်ပိုပြီးအများကြီးကောင်းသွားမှာပါ” ဟု မိသားစုဆရာဝန်တစ်ဦးဖြစ်သူ ဒေါက်တာမြင့်သိန်းက ရှင်းလင်း ပြောကြားသည်။

    ဆရာကြီးဦးဝင်းတင်ကို ဧပြီလ ၁၈ ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၊ ကိုမင်းကိုနိုင်၊ ဦးကိုကိုကြီးနှင့် အခြား ၈၈ မျိုးဆက်ခေါင်းဆောင်တွေက လာရောက်အားပေးကြည့်ရှုခဲ့ကြပါသည်။ ဦးဝင်းတင်နေမကောင်းဖြစ်နေသည့်အချိန်မှစတင်ကာ မြို့အနှံ့အပြားတွင် လည်း ဘဘဦးဝင်းတင်ပြန်လည်ကျန်းမာစေရန်အတွက် ဆုတောင်းပွဲများကိုလည်း ပြူလုပ်ခဲ့ကြသည်။

    ကျောက်ကပ်စစ်ဆေးနေစဉ် အသက်အန္တရယ်ဆုံးရှုံးရန် ရာခိုင်နှုန်းများပြားသော်လည်း ည ၇ နာရီတွင်စတင်စစ်ဆေး ဆေးကြောခဲ့ရာ ၉ နာရီတွင် အောင်မြင်စွာပြီးဆုံးခဲ့သည်။

    ဦးဝင်းတင်ကို ကျန်းမာရေးအခြေအနေစစ်ဆေးရန်အတွက် ၀ိတိုရီယဆေးရုံတွင် ဆေးကုသနေရာမှ မတ်လ ၂၉ ရက်နေ့တွင် ရန်ကုန် ပြည်သူ့ ဆေးရုံကြီးသို့ ပြောင်းရွှေ့ဆေးကုသမှုခံယူခဲ့ရသည်။

  • ခိုးဝင်လာသည့် တရုတ်နိုင်ငံသားများနှင့် ဗီယက်နမ် နယ်ခြားစောင့်တပ် အပြန်အလှန် ပစ်ခတ် ၇ ဦးသေဆုံး

    ခိုးဝင်လာသည့် တရုတ်နိုင်ငံသားများနှင့် ဗီယက်နမ် နယ်ခြားစောင့်တပ် အပြန်အလှန် ပစ်ခတ် ၇ ဦးသေဆုံး

    ဧပြီ ၁၉၊ ၂၀၁၄
    M-Media

    – တရုတ်နှင့် ဗီယက်နမ် နယ်စပ်အနီးတွင် တရုတ်နိုင်ငံသားများနှင့် ဗီယက်နမ် နယ်ခြားစောင့် တပ်ဖွဲ့အကြား အပြန်အလှန် ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး လူ ၇ ဦးသေဆုံးခဲ့သည်ဟု သိရသည်။

    ယမန်နေ့ နေ့လည်ပိုင်းက ဗီယက်နမ်နိုင်ငံ ကွမ်နင်းပြည်နယ်သို့ တရားမ၀င် ၀င်ရောက်လာသော တရုတ်နိုင်ငံသားများအား ဖမ်းဆီးရာတွင် ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေဆုံးခဲ့သူများမှာ တရုတ်နိုင်ငံသား ၅ ဦးနှင့် ဗီယက်နမ် နယ်ခြားစောင့်တပ်မှ ၂ ဦးတို့ဖြစ်သည်။

    ဗီယက်နမ်နိုင်ငံသို့ တရားမ၀င် ၀င်ရောက်လာကြသည့် အမျိုးသား ၁၀ ဦး၊ အမျိုးသမီး ၄ ဦးနှင့် ကလေး ၂ ဦးတို့အား တရုတ်နိုင်ငံသို့ ပြန်ပို့ရန် ဗီယက်နမ် အာဏာပိုင်များက ဆောင်ရွက်နေစဉ် ၎င်းတို့ထဲမှ တစ်ဦးက နယ်ခြားစောင့်တပ်သား၏ သေနတ်ကိုလု၍ ပစ်ခတ်ရာမှ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွား ခဲ့ခြင်းဖြစ်သည်။

    တရုတ်နိုင်ငံသား အချို့မှာ ၎င်းတို့အား ထိန်းသိမ်းထားသည့် ရုံးခန်းမှ ခုန်ချခဲ့ကြပြီး ဒဏ်ရာရသူများရှိခဲ့ကြောင်း ဗီယက်နမ်အစိုးရ၏ ကြေညာချက်တွင် အဖော်ပြထားပြီး၊ ဒဏ်ရာရရှိသူများမှာ မည်သူမည်ဝါဖြစ်သည်ကို ဖော်ပြထားခြင်းမရှိပေ။

    ထိုဒေသတွင် လွတ်လပ်စွာသတင်းပေးပို့မှုအား တားမြစ်ထားသောကြောင့် အသေးစိတ်အချက်အလက်များကို သိရှိရခြင်းမရှိချေ။ ဗီယက်နမ်၏ ကွမ်နင်းပြည်နယ်မှာ တရုတ်ဘက်မှ ဂွမ်ရှီပြည်နယ်နှင့် မျက်နှာချင်းဆိုင်ရှိနေပြီး တရုတ်ကုန်သည်များနှင့် ခရီးသွားများမှာ ထိုပြည်နယ်များကို ဖြတ်၍ ဗိယက်နမ်အတွင်းသို့ ၀င်ထွက်သွားလာလေ့ရှိကြသည်။
    Ref : ABC News

  • အစ္စရေး၏ တရားမ၀င် အိမ်ယာ ဆောက်လုပ်မှုများအား နောက်ဆုတ်ရန် အီးယူ တိုက်တွန်း

    အစ္စရေး၏ တရားမ၀င် အိမ်ယာ ဆောက်လုပ်မှုများအား နောက်ဆုတ်ရန် အီးယူ တိုက်တွန်း

    ဧပြီ ၁၉၊ ၂၀၁၄
    M-Media

    – အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲအား ယိုင်နဲ့စေသည့် ပါလက်စတိုင်းပိုင် အနောက်ဘက်ကမ်းခြေတွင် အိမ်ရာများတည်ဆောက်ရန် ကြေညာမှုများ ကဲ့သို့သော အစ္စရေး၏ လတ်တလောလုပ်ရပ်များအား နောက်ဆုတ်ရန် အီးယူ နိုင်ငံခြားရေးရာ အကြီးအကံ ကက်သရင်း အရှ်တန်က တိုက်တွန်းလိုက်သည်။

    ဘက်သလီဟမ်တောင်ဘက် Gush Etzion အနီးရှိ ဒေသအား အစ္စရေးပိုင်နယ်မြေအဖြစ်ကြေညာကာ၊ တောင်ဘက် ဟေဘရွန်မြို့တွင် ဂျူးအခြေချ အိမ်ရာများ ဆောက်လုပ်ရန် အစ္စရေး၏ ဆုံးဖြတ်ချက်အား အလွန်စိုးရိမ်မိကြောင်း ယမန်နေ့က ၎င်း၏ရုံးမှ ထုတ်ပြန်သောကြေညာချက်တွင် အရှက်တန် က ရေးသားဖော်ပြထားသည်။

    ထို့ပြင် ပါလက်စတိုင်းတို့၏ နေအိမ်နှင့် ပိုင်ဆိုင်မှုများအား ဆက်လက်ဖျက်ဆီးဖြိုချခြင်းနှင့် အီးယူမှ ပေးပို့သည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများအား ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းယူခြင်းတို့မှာလည်း စိုးရိမ်စရာပင်ဖြစ်သည်ဟု အရှ်တန်က ထည့်သွင်းဖော်ပြခဲ့သည်။

    ဂျေရုစလင်အနီး အနောက်ဘက်ကမ်းခြေရှိ အီးယူ၏ ငွေကြေးအကူအညီဖြင့် တည်ဆောက်ထားသော ကယ်ဆယ်ရေးအိမ်ရာအများအပြားအား အစ္စရေးက ဖြိုဖျက်ခဲ့သည်ဟု ယခုလအစောပိုင်း အီးယူမှ ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြထားသည်။

    Ref : Aljazeera

  • မိကျောင်းကန်ပြည်သူများမှ သင်္ကြန်ကာလအတွင်းတွင်လည်း ဆန္ဒဖော်ထုတ်သွားမည်

    မိကျောင်းကန်ပြည်သူများမှ သင်္ကြန်ကာလအတွင်းတွင်လည်း ဆန္ဒဖော်ထုတ်သွားမည်

    ဧပြီ ၇၊ ၂၀၁၄
    M-Media
    လမင်း

    DSC00327

    ရန်ကုန်။     ။ တတိယအကြိမ်အဖြစ်သပိတ်စခန်းဖွင့်လျက်ရှိသော မိကျောင်းကန်သပိတ်စန်းကို သက်ဆိုင်ရာအစိုးရမှ ကတိပေး၍ ညှိနှိုင်းဆောင်ရွက်မှု ပြုလုပ်မပေးပါက သကြန်ကာလအတွင်းတွင်ပါ ဆန္ဒပြတောင်းဆိုသွားမည်ဖြစ်ကြောင်း သပိတ်စခန်းဖွင့်ထားသူများက ပြောသည်။

    “ကျွန်တော်တို့ကို SEA GAME ကာလတုန်းကလည်း အာဆီယံနိုင်ငံကလူတွေလာမှာမှာမို့လို့ အမြန်မာနိုင်ငံရဲ့ပုံရိပ်ကိုထိခိုက်စေမှာဆိုးလို့ သပိတ်ကို ပိတ်ပေးပါဆိုလို့ ကျွန်တော်တို့လည်း နားလည်ပြီးပိတ်ပေးခဲ့ပါတယ်။ အခုလည်းမကြာခင်မှာ သင်္ကြန်ကာလကို ရောက်တော့မယ် ကျွန်တော်တို့ကို သင်္ကြန်ကာလကြောင့် ပိတ်ခိုင်းမယ်ဆိုရင် ကျွန်တော်တို့ပိတ်သိမ်းပေးမှာမဟုတ်ပါဘူး။ ကျွန်တော်တို့ကို ဒီလိုတွေလုပ်နေတာများနေပါပြီ” ဟု သပိတ်စခန်း ခေါင်းဆောင်ဖြစ်သူ ဦးစိန်သန်းကပြောခဲ့သည်။

    သက်ဆိုင်ရာအစိုးရတာဝန်ရှိသူများမှ သင်္ကြန်မတိုင်မီဖြေရှင်းပေးမည်ဟုပြောဆိုခဲ့သောကြောင့် မိကျောင်းကန် ပြည်သူများအနေနှင့် စောင့်မျှော်နေ ကြောင်း၊ လာရောက်ဖြေရှင်းပေမှုမရှိခဲ့လျှင် ၎င်းတို့အနေနှင့်သင်္ကြန်ကာလတွင်းမှာ ဆန္ဒဖော်ထုတ်သွားမည်ဖြစ်ကြောင်း သပိတ်စခန်းမှ မိကျောင်းကန် ပြည်သူတစ်ဦးကပြောကြားခဲ့သည်။

    မိကျောင်းကန်ပြည်သူများနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် လွှတ်တော်ကိုယ်စားလှယ်များ ဧပြီလ ၁ ရက်နေ့တွင် ရန်ကုန်မြို့တော်ခန်းမတွင် တွေ့ဆုံ၍ညှိနှိုင်းဖြေရှင်းခဲ့သော်လည်း ပြေလည်မှုမရရှိခဲ့ပါ။

    ဧပြီလ ၅ ရက်နေ့တွင်လည်း မိကျောင်းကန်ပြည်သူများမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်အိမ်ရှေ့တွင်  ၎င်းတို့၏ နစ်နာမှုများ ကို ပြောကြားရန် သွားရောက်ရာတွင် ဒေါ်အောင်ဆန်းစုကြည်မှာ ကျန်းမာရေးမကောင်းသောကြောင့် တွေ့ဆုံနိုင်ခြင်းမရှိသော်လည်း ကျန်းမာရေး ကောင်းသည့် အချိန်တွင်မူ မိကျောင်းကန် သပိတ်စခန်းမှ တာဝန်ရှိသူ ငါးယောက်နှင့် တွေ့ဆုံသွားမည်ဟု အကြောင်းပြန်ခဲ့သည်ဟု သိရသည်။

    မိကျောင်းကန် အပိုင်း ၁၊ ၂၊ ၃၊ မှ လယ်ယာမြေသိမ်းခံထားရသော မိကျောင်းကန်ပြည်သူများသည်  နေ့စဉ် ညနေတိုင်းတွင် မြို့တော်ခန်းမအားပတ်၍ ကြွေးကြော်သံများဖြင့် လမ်းလျှောက်ဆန္ဒဖော်ထုတ်နေကြကြောင်း သိရပါသည်။

  • ပိတ်သိမ်းပြီးဖြစ်သော ဟိုင်းလတ်ယာဉ်များကို ဧပြီလကုန်ထိ ထပ်မံတိုးမြှင့်

    ပိတ်သိမ်းပြီးဖြစ်သော ဟိုင်းလတ်ယာဉ်များကို ဧပြီလကုန်ထိ ထပ်မံတိုးမြှင့်

    ဧပြီ ၇၊ ၂၀၁၄
    M-Media
    လမင်း

    ဓါတ်ပုံ - အင်တာနက်
    ဓါတ်ပုံ – အင်တာနက်

    ရန်ကုန်  ။         ။        စည်ပင်သာယာနယ်နမိတ်အတွင်းရှိ ဟိုင်းလပ်ယာဉ်များကို မတ်လကုန်တွင် ပိတ်သိမ်းခဲ့ပြီး ဧပြီလ ၃ ရက်နေ့တွင် ရန်ကုန်တိုင်း ဒေသကြီး အစိုးရနှင့် မ.ထ.သ (ဗဟို)မှ ယာဉ်ပိုင်ရှင်များနှင့်ပြည်သူများ၏အခက်အခဲများကြောင့် တစ်လထပ်မံတိုးမြှင့်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    “မီနီဘတ်စ်အစားထိုးမှုတွေအဆင်မပြေတာကြောင့် ဟိုင်းလတ်ယာဉ်ပိုင်ရှင်တွေနဲ့ ယာဉ်လုပ်သားတွေက သူတို့တွေရဲ့အခက်အခဲတွေကို အကြိမ်ကြိမ် တင်ပြနေပါတယ်။ ဒါကြောင့် ကျွန်တော်တို့နဲ့ ရန်ကုန်တိုင်းအစိုးရကြီးအဖွဲ့က တိုင်ပင်ပြီး တစ်လထပ်မံ တိုးမြှင့်ပေးလိုက်ရင် အဆင်ပြေမယ်လို့ တိုင်ပင်ပြီး တိုးမြှင့်ပေးလိုက်ခြင်း ဖြစ်တယ်။ သူတို့တွေလည်းပြင်ဆင်ချိန်ပိုမိုရသွားတာပေါ့” ဟု မ.ထ.သ (ဗဟို) ဥက္ကဌ ဦးလှအောင်ကပြောကြားခဲ့သည်။

    ၂၀၁၄ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် ရန်ကုန်မြို့ စည်ပင်သာယာ နယ်နမိတ်အတွင်းရှိ ဟိုင်းလတ်ယာဉ်များကိုရပ်နားစေခဲ့ပြီး ၎င်းယာဉ်များအစား မီနီဘတ်များဖြင့် အစားထိုးပြေးဆွဲရာတွင် အစားမထိုးရသေးသည့်ယာဉ်များ များပြားနေသောကြောင့် ခရီးသွားအများပြည်သူများမှာ ယာဉ်မလုံလောက် သောကြောင့် အခက်အခဲများစွာနှင့်ရင်ဆိုင်နေရသည်။

    ရန်ကုန်မြို့စည်ပင်သာယာနယ်နမိတ်အတွင်းရှိ ဟိုင်းလတ်ယာဉ်များကို ဖေဖော်ဝါရီ လကုန်မှစ၍ ရပ်နားခိုင်းခဲ့သော်လည်း ယာဉ်ပိုင်ရှင်များနှင့် ယာဉ်လုပ်သားများ၏ အခက်အခဲအမျိုးမျိုးတို့ကြောင့် မတ်လ ၃၁ ရက်နေ့ထိရွှေ့ဆိုင်းပေးခဲ့ပြီး ပိတ်ပင်ခဲ့ သော်လည်း ယာဉ်ပိုင်ရှင်များနှင့် ယာဉ်လုပ်သားတို့၏တောင်းဆိုမှုတို့ကြောင့် ဧပြီလ ၃ ရက်နေ့ တွင် ပြေးဆွဲခွင့်တိုးမြှင့်ပေးခဲ့ခြင်းဖြစ်သည်။ ယခုလက်ရှိ ရန်ကုန်တိုင်း ဒေသကြီးအတွင်း ပြေးဆွဲနေသော ဟိုင်းလတ်ယာဉ်ပေါင်း ၈၄၀ ရှိသည်။

    ယခုကဲ့သို့ဟိုင်းလတ်ယာဉ်များကို ပြန်လည်ပြေးဆွဲခွင့်ပြုလိုက်သောကြောင့် သင်္ကြန်ရက်အတွင်း ယခင်က မ.ထ.သ (ဗဟို) လက်အောက်မှ ယာဉ်လိုင်းပေါင်း ၁၁၃ လိုင်း ယာဉ်စီးရေ ၁၆၂၈ စီးပြေးဆွဲသွားမည်ဖြစ်သည်ဟု မ.ထ.သ (ဗဟို)မှ ထုတ်ပြန်ခဲ့သော်လည်း ယခု ဟိုင်းလတ်ယာဉ်များကြောင့် သင်္ကြန်ကာလအတွင်း ပြေးဆွဲမည့်ယာဉ်များ တိုးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။