News @ M-Media

Author: YinYin

  • ကမ္ဘာတစ်ဝှမ်းမှ မွတ်စလင်ပညာရှင်များစွာပါဝင်သော ညီလာခံကြီး ပြုလုပ်မည်

    ကမ္ဘာတစ်ဝှမ်းမှ မွတ်စလင်ပညာရှင်များစွာပါဝင်သော ညီလာခံကြီး ပြုလုပ်မည်

    ဒီဇင်ဘာ ၂၈၊ ၂၀၁၃
    M-Media

    ကမ္ဘာတစ်ဝှမ်းရှိ မွတ်စလင်တွေးခေါ်ပညာရှင်များနှင့် အခြားသော နယ်ပယ်များမှ ပညာရှင်များပါဝင်သော ညီလာခံကြီးတစ်ခုကို ကနေဒါနိုင်ငံ တိုရွန်တိုမြို့တွင် ကျင်းပပြုလုပ်တော့မည်ဟု သိရသည်။

    ထိုညီလာခံအား The Reviving the Islamis Spirit (RIS) အမည်ပေးထားပြီး၊ အင်္ဂလိပ် ဘာသာစကားဖြင့် ဆွေးနွေးကြမည်ဖြစ်ကာ မြောက်အမေရိကနှင့် ကမ္ဘာတစ်ဝှမ်းမှ အစ္စလာမ်ဘာသာဝင် ၂၀၀၀၀ ခန့်တက်ရောက်မည်ဟု ခန့်မှန်းထားသည်။

    ယခင်ကလည်း ထိုကဲ့သို့သောအခမ်းအနားများကို ပြုလုပ်ခဲ့ပြီး နိုင်ငံရေးနှင့် လူမှုရေးနယ်ပယ်မှ မွတ်စလင် မဟုတ်သည့် ပညာရှင်များ ပါဝင်ခဲ့ကာ၊ ယခုပြုလုပ်မည့် အခမ်းအနားတွင် အနောက်တိုင်းမှ ကျော်ကြားသော မွတ်စလင်ပညာရှင်များဖြစ်သည့် ဒေါက်တာ ဆရဒ် ဟူစိန် နာဆာရ်၊ ဟဘိဘ်အလ်ဂျစ်ဖရီ၊ တာရစ်ရမဒန် စသည်တို့အပါအ၀င် ပညာရှင်များစွာပါဝင်မည်ဖြစ်ပြီး အစ္စလာမ့် ဓမ္မတရားများကို ဟောကြားမည်ဖြစ်သည်။

    ထို့ပြင် အစ္စလာမ့်ဓမ္မတေးများကို သီးကျူးသည့် မလေးရှားနိုင်ငံမှ Raihan ဟူသောအဖွဲ့လည်းပါဝင်မည်ဖြစ်ပြီး၊ လူရွှင်တော် မွတ်စလင်တစ်ဦးဖြစ်သည့် မဇ်ဂျော့ ဘရာနီလည်း လာရောက်ဖျော်ဖြေမည်ဟု သိရသည်။

    Ref : Islam RU

  • ထိုင်းစစ်တပ် အာဏာသိမ်းရန် အလားအလာရှိနေ

    ထိုင်းစစ်တပ် အာဏာသိမ်းရန် အလားအလာရှိနေ

    ဒီဇင်ဘာ ၂၈၊ ၂၀၁၃
    M-Media

    တိုင်းပြည်အတွင်း ဖြစ်ပွားနေသည့် နိုင်ငံရေးအငြင်းပွားမှုများအား ထိန်းသိမ်းကြရန် အစိုးရနှင့် အတိုက်အခံ နှစ်ဖက်စလုံးအား ထိုင်းစစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး Prayuth Chan-ocha က ယမန်နေ့တွင် တိုက်တွန်းခဲ့သည်ဟု သိရသည်။

    ထိုင်းနိုင်ငံတွင် ဖြစ်ပွားနေသည့် နိုင်ငံရေးတင်းမာမှုများမှာ ၂-လ ခန့်ရှိနေပြီဖြစ်ပြီး၊ ဆန္ဒပြမှုများအတွင်း အနည်းဆုံး လူ ၃-ဦးသေဆုံးခဲ့ကာ ၂၀၀-ကျော်ဒဏ်ရာရရှိခဲ့သည်။ ထို့ပြင် ယမန်နေ့ကလည်း ဘန်ကောက်မြို့ Chamai တံတားအနီးတွင် ဆန္ဒပြနေသော လူအုပ်အတွင်းသို့ လူတစ်ဦးမှ သေနတ်ဖြင့်ပစ်ခတ်ခဲ့ရာ ၁-ဦးသေဆုံးခဲ့ပြီး ၃-ဦးဒဏ်ရာရရှိခဲ့သည်။

    တိုင်းပြည်အတွင်း မငြိမ်မသက်မှု ကြာရှည်နေခြင်းကြောင့် စစ်တပ်မှ အာဏာသိမ်းမည်ဟု လည်း သတင်းများထွက်ပေါ်နေပြီး၊ ထိုကိစ္စနှင့်ပက်သက်၍ သတင်းထောက်များက မေးမြန်းရာ ဗိုလ်ချုပ်ကြီးက အခြေအနေပေါ်တွင် မူတည်သည်ဟု ပြန်လည်ဖြေကြားခဲ့သည်။ ထိုင်းနိုင်ငံ သမိုင်းတွင် စစ်တပ်မှအာဏာသိမ်းမှုမှာ ၁၁-အကြိမ် အထိ ရှိခဲ့သည်။

    Ref : Aljazeera

  • လယ်ယာမြေ (သို့) ကာလတန်ဖိုးကို ရချင်တဲ့ မြေယာသိမ်းခံ တောင်သူ လယ်သမားများ

    လယ်ယာမြေ (သို့) ကာလတန်ဖိုးကို ရချင်တဲ့ မြေယာသိမ်းခံ တောင်သူ လယ်သမားများ

    ဒီဇင်ဘာ ၂၇၊ ၂၀၁၃
    M-Media
    သီရိ

    DSC02623

    ရန်ကုန်  ။         ။          မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ်အတွင်းရှိ ကျဲ၊ နုံးကြီး၊ ကန့်သတ် ကျေးရွာများရှိ ယာမြေများကို ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၂၃) မှသိမ်းယူထားခြင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့နယ် ချင်ပြစ်ကျင်းကျေးရွအုပ်စု နွယ်အင်းကျေးရွာတွင် တည်ရှိသော လှိုင်းချောင်း ရေလှောင်တမံ စီမံကိန်းမှ မြေယာသိမ်းခံတောင်သူများ၏ သတင်းစာရှင်းလင်းပွဲကို ဒီဇင်ဘာလ ၂၇-ရက်နေ့တွင် MJN ရုံးခန်း၌ ပြုလုပ်ခဲ့သည်။

    မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ဂန့်ဂေါမြို့နယ် ကျောရွာ၏မြောက်ဖက် ၁၄ မိုင်ခန့်အကွာဝင် တပ်မတော် ကာကွယ်ရေး ပစ္စည်းစက်ရုံ အမှတ် (၂၃) စက်ရုံကြီးများ တည်ဆောက်နိုင်ရန် အတွက် ၂၀၀၇/၂၀၀၈ ခုနှစ်တွင် လယ်ယာမြေများ ပေါ်သို့ဖြတ်ကာ စတင်ဖောက်လုပ်ခဲ့ ပါသည်။ “ကပစ-၂၃ တည်ဆောက်ဖို့အတွက် ရွာသုံးရွာကိုသိ မ်းဆည်းထားတယ်၊ ဧက ၁၄၀၃.၈၁ ကိုသိမ်းထားတယ် သူတို့ပြောတာ တပ်မတော် အနာဂတ်စီမံကိန်းတဲ့ ဒါကို
    ကျွန်တော်တို့ နှောင့်ယှက်လိုခြင်း မရှိပါဘူး ဒါပေမဲ့ကျွန်တော်တို့ကို နစ်နာကြေးဆိုပြီး ပေးတာတွေက တစ်ဧကကို (၁၁၈) ကျပ်ပဲပေးတယ် ပြောတော့ တောင်သူတွေကို မနစ်နာစေရပါဘူးတဲ့ ၂၀၀၉ မှာ ခေတ်ကာလပေါက်ဈေးမှာ ၁ ဧကကို ၃၅သိန်းရှိတယ်။
    အိမ်တွေနဲ့ပတ်သက်ပြီးလျော်ကြေးပေးတော့လည်း မျှတမှု မရှိဘူး ကျွန်တော်တို့ကတော့ ဆုံးရှုံးသွားတဲ့ လယ်ယာမြေတွေကို ၂၀၀၈/၂၀၀၉ ပေါက်ဈေးအတိုင်း လိုချင်တာပေါ့ဗျာ စက်ရုံဆောက်ပြီး သုံးလို့ရနေသေးတဲ့ လယ်ယာမြေတွေကိုလည်း ပြန်လိုချင်တယ် ” ဟု လယ်ယာမြေ သိမ်းခံထားရသော ကန့်သတ်ရွာသား ဦးအောင်နိုင်ဦး မှ ပြောကြားသွားခဲ့ပါသည်။

    လှိုင်းချောင်းရေလှောင်တမံ တည်ဆောက်စဉ်က ဒေသခံတောင်သူများသည် လယ်ဧကပေါင်း ၃၅၀-ကျော်ကို နစ်နာကြေး လုံးဝမရရှိဘဲ အသိမ်းခံခဲ့ ကြရသည်။ ရေသောက်ဧရိယာ ဧက ၁၀၀၀ ကျော်ရေဝေပေးနိုင်မည်ဟု တမံ တည်ဆောက်စဉ်ကသတ်မှတ်ခဲ့သော်လည်း တမံပြီးစီးသည့်နေ့ မှစ၍ ယနေ့ထက်တိုင် ၁ ဧကကိုပင် ရေပေးနိုင်ခြင်း မရှိခဲ့ပါ။ ထိုတမံတည်ဆောက်ခြင်း ကြောင့် ဒေသခံတောင်သူများ လယ်ယာမြေဧက ၃၅၀ ကျော် သိမ်းဆည်း ဆုံးရှုံး နစ်နာခဲ့ရသည်။ “တောင်သူတွေမှာဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်နေရတယ်၊ အိမ်ရှိ လူကုန်ထွက်ပြီး အလုပ်လုပ်နေရတယ်၊ ကျောင်းတက်မယ့် ကလေးငယ်တွေတောင် ကျောင်းမှာ မရှိသလောက်ဖြစ်နေတယ်၊ ဆုံးရှုံးသွားတဲ့လယ်ယာတွေကိုလျော်ကြေး မပေးတဲ့အပြင် မြေတွေကိုကော်ဖို့ ဘူဒိုဆာ နဲ့ထိုးတာကို တစ်အိမ်ကို ကျပ် ၅၀၀ ပြန်ကောက်တယ်၊ ကျွန်တော်တို့ကတော့ လယ်ယာမြေကိုပြန် လိုချင်တယ် အဲလိုမှမဟုတ်ရင်လဲ ကာလပေါက်ဈေးနဲ့ညီတဲ့ လျော်ကြေးငွေကို လိုချင်တယ်၊ မရ ရအောင် ကျွန်တော်တို့ လုပ်ဆောင်သွားမှ ဖြစ်ပါတယ်။ ”
    ဟု ဦးညီညီအောင်မှ ပြောကြားခဲ့ပါသည်။

  • မန္တလေး ဧရာဝတီမြစ်ကမ်း ချော်ဆိပ်၌ သင်္ဘောတစ်စီးပေါက်ကွဲမှုဖြစ်

    မန္တလေး ဧရာဝတီမြစ်ကမ်း ချော်ဆိပ်၌ သင်္ဘောတစ်စီးပေါက်ကွဲမှုဖြစ်

    ဒီဇင်ဘာ ၂၇၊ ၂၀၁၃
    M-Media
    သုတ

    891719_10200930780182793_279645180_o

    မန္တလေး ။        ။   မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ် ဧရာဝတီမြစ်ကမ်း ချော်ဆိပ်တွင် ရပ်ထားသော သင်္ဘောတစ်စီးမှ ယနေ့ နံနက် ၉း၁၅-နာရီ ၀န်းကျင်ခန့်က ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

    ၎င်းပေါက်ကွဲမှုအရှိန်ကြောင့် သင်္ဘောကိုယ်ထည်နောက်ပိုင်း အမိုးနှင့် လွင့်စင်လာပြီး သင်္ဘောပေါ်မှ အပျက်အစီးအပိုင်းအစများလည်း ကမ်းပေါ် အထိ လွင့်စင်လာကြောင်း သိရသည်။

    “အသံအကျယ်ကြီးကြားလိုက်ရပြီး ကျွန်မတို့ အိမ်တွေတောင် တုန်သွားတယ်။ ဘာဖြစ်မှန်း မသိလိုက်ကြတော့ လန့်သွားတယ်။ နောက် ကမ်းနားဘက် ကနေ အပိုင်းအစတွေ ကမ်းပေါ်ကို လွင့်စင်လာတာ။ သင်္ဘောရဲ့ နောက်ပိုင်း အမိုးကြီးတောင် လွင့်လာတယ်။ လူတွေလည်း သေမယ်ထင်တယ်။ လူနာတင်ကားတွေ တော်တော်များများ ရောက်လာတယ်။ ကမ်းပေါ် လွင့်စင်လာတဲ့အထဲမှာ အသားအပိုင်းစတွေရော၊ ဖိနပ်တွေရော တွေ့တယ်။
    လူအသေအပျောက်တော့ ရှိလိမ့်မယ်။”ဟု ပေါက်ကွဲမှုအား မျက်မြင်တွေ့လိုက်ရသူ ချော်ဆိပ်အနီးနေထိုင်သည့် အမျိုးသမီးတစ်ဦးမှ ပြောပြပါတယ်။

    “နေရာက ဧရာဝတီမြစ်ကမ်း၊ ချော်ဆိပ်ပါ။ နေပူရွာနဲ့ တည့်တည့်မှာပါ။ သင်္ဘောက ရေသေမှာလည်းသွားတဲ့ ဗိုက်ပြား သင်္ဘောပါ။ သင်္ဘောက မြောက်ဘက်ကို ဦးတည်ထားတယ်ဆိုတော့ အထက်ဆန်တက်မယ့် သင်္ဘောလို့ ယူဆရတယ်။ အထက်ပိုင်းကို အုတ်ထုံးသဲကျောက်ပို့တဲ့ သင်္ဘောပါ။ သင်္ဘောခါးကျိုးသွားတော့ အုတ်ထုံးသဲကျောက်တွေလည်း ရေထဲ မြှုပ်ကုန်ပြီ။ တင်ထားတဲ့ ကျောက်တုံးတွေလည်း ပေါက်ကွဲတဲ့အရှိန်ကြောင့် ကမ်းပေါ်ထိ လွင့်ပျံလာလို့ လူတချို့ထိတယ်လို့ သိရတယ်။ အခုထိတော့ လူ၃-ယောက် ပျောက်နေတယ်ပြောတယ်။ မီးသတ်ကားတွေ၊ လူနာတင် ကားတွေရော ရဲတွေရော ရောက်နေတယ်။ ဘာကြောင့် ပေါက်ကွဲမှုဖြစ်တယ်လို့တော့ မသိသေးပါဘူး”လို့ မန္တလေးမြို့ခံတစ်ဦးမှလည်း M-Media ကို ဆက်သွယ်ပြောပြလာပါတယ်။

    အဆိုပါသဘောမှာ ကျောက်တုံးများ တင်ဆောင်လာပြီး ကမ်းနားတွင် ရပ်နားထားချိန် gas အိုး သို့မဟုတ် လေအိုးပေါက်ကွဲမှုကြောင့် ဖြစ်နိုင်သည်ဟု ခန့်မှန်းပြောဆိုမှုများ ရှိပြီး မည်သည်ကြောင့် ပေါက်ကွဲသည်ကို အတိအကျ မသိရှိရသေးပါ။

     

    သင်္ဘောပေါက်ကွဲမှု ဓါတ်ပုံများ

  • ဒီဇင်ဘာ ၂၆၊ ပြည်တွင်းသတင်း စုစည်းမှု

    ဒီဇင်ဘာ ၂၆၊ ပြည်တွင်းသတင်း စုစည်းမှု

    ဒီဇင်ဘာ ၂၆၊ ၂၀၁၃
    M-Media

    မန္တလေးမြို့လယ်ခေါင် ရွှေဆိုင် လုယက်သူမှာ လွှတ်တော်ကိုယ်စားလှယ်၏ တူဖြစ်ကြောင်း တိုင်းရဲတပ်ဖွဲ့မှူး ပြောကြား

    – မန္တလေး မြို့လယ်ခေါင်ရှိ မောင်ကိန်းရွှေဆိုင်အား ဒီဇင်ဘာ ၂၄-ရက် ညနေပိုင်းက သေနတ်ဖြင့်ပတ်၍ ဓါးပြတိုက်လုယက်သူမှာ ကိုးကန့် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် တစ်ဦး၏ တူဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး တိုင်းရဲတပ်ဖွဲ့မှူးမှ အတည်ပြု  ပြောကြားလိုက်ကြောင်း သိရသည်။
    ________________________

    မလေးရှားရှိ မြန်မာအလုပ်သမားနှင့် အင်ဒိုအလုပ်သမားအကြား ပြဿနာကို မြန်မာအစိုးရတာဝန်ယူ ဖြေရှင်းမည်

    – မလေးရှားနိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသားအလုပ်သမားများနှင့် အင်ဒိုနီးရှား နိုင်ငံသားများအကြား  ပြဿနာ ဖြစ်ပွားခဲ့မှု များကို မြန်မာအစိုးရမှ တာဝန်ယူဖြေရှင်းမည်ဖြစ်ပြီး မလေးရှားရှိ မြန်မာအလုပ်သမား သံအရာရှိမှလည်း ကူညီဆောင်ရွက်နေသည့် အတွက် စိုးရိမ်ရသည့် အခြေအနေတွင် မရှိကြောင်း အလုပ်သမားညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ပြောကြားခဲ့ကြောင်း ဧရာဝတီသတင်းတွင် ဖော်ပြထားသည်။
    ________________________

    ဧရာဝတီမြစ်ဆုံစီမံကိန်း မြန်မာအစိုးရ မှန်ကန်စွာဆုံးဖြတ်ရန် တရုတ်ကုမ္ပဏီပြော

    – ရပ်ဆိုင်းထားသည့် ဧရာဝတီမြစ်ဆုံ စီမံကိန်း ပြန်လည်စတင်ရန် ကြိုးစားနေသည်လားဟူသည်မေးခွန်းအား ပြည်သူတွေကို မှန်ကန်စွာ ချပြသွားမှာ ဖြစ်ပြီး အစိုးရရဲ့ ဆုံးဖြတ်ချက်နဲ့ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး မြန်မာအစိုးရအနေနဲ့ မှန်ကန်သည့် ဆုံးဖြတ်ချက် ချမှတ်နိုင်မည်ဟု မျှော်လင့်ကြောင်း ယနေ့ပြုလုပ်တဲ့ ဧရာဝတီမြစ်ဆုံ စီမံကိန်း သတင်းစာရှင်းလင်းပွဲမှာ တရုတ်ကုမ္ပဏီ ACHC ဥက္ကဌ Mr. Li Guanghua က ပြောခဲ့ ကြောင်း သိရသည်။
    ________________________

    လားရှိုးမြို့ ကား ၁၀-စီး တိုက်မှု တရားခံ စုံစမ်းစစ်ဆေးရေး ပြုလုပ်

    – စက်တင်ဘာ ၁၉-ရက်နေ့က လားရှိုးမြို့တွင် ဖြစ်ပွားခဲ့သည့် ကုန်တင်ယာဉ်ကြီးတစ်စီးမှ ဘရိတ်ပေါက်ကာ မော်တော်ကား ၁၀-စီးနှင့် ဆိုင်ကယ် ၁-စီးတိုက်မိပြီး လူ ၄-ဦး ပြင်းထန်စွာ ဒဏ်ရာရှိခဲ့သည့် အမှုတွင် ယာဉ်မောင်းသူအား ရဲတပ်ဖွဲ့မှ ဖမ်းဆီးပြီး တရားခံပြေးအဖြစ် တင်ပို့ခဲ့သည့်အတွက် နစ်နာသူများမှ ဒုတိယ သမ္မတ စိုင်းမောက်ခမ်းထံ ယခု လဆန်းပိုင်းက တိုင်ကြားခဲ့သည့်အတွက် အဆိုပါ အမှုကိစ္စအတွက် ၃-ဦးပါဝင်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့မှ စတင် စစ်ဆေးနေကြောင်း မြန်မာ့ခေတ်သတင်းဖော်ပြချက်မှ သိရှိရသည်။
    ________________________