News @ M-Media

Category: ပညာရေး

  • “မြင်မြင်သမျှ ပါမောက္ခ၊ တွေ့သမျှလူ ပါရဂူ”

    “မြင်မြင်သမျှ ပါမောက္ခ၊ တွေ့သမျှလူ ပါရဂူ”

    “ပညာမြင့်မှ နိုင်ငံတင့်မည်” ကိုယုံကြည်သော နိုင်ငံတော်၏အတိုင်ပင်ခံ ဦးဆောင်သော အရပ် သားအစိုးရသည် ပညာရေးလိုအပ်ချက်အရ ၂၀၁၇- ၂၀၁၈ ပညာသင်နှစ်တွင် ဝိဇ္ဖာ၊သိပ္ပံ တက္က သိုလ်၊ ကွန်ပျူတာ၊နည်းပညာတက္ကသိုလ်နှင့် ပညာရေးကောလိပ်များအတွက် နည်းပြ သရုပ်ပြရာထူး  ၁၄၀၀ခန့်ထားမည်ဖြစ်ကြောင်း နည်းပြ သရုပ်ပြရာထူးများခန့်ထားရာတွင် အဆင့်မြင့်ပညာဦးစီးဋ္ဌာန လက်အောက်ရှိ ဝိဇ္ဇာ၊သိပ္ပံတက္ကသိုလ် ၄၈ခုအတွက် ၆၈၀ ဦး၊ကွန်ပျူတာနှင့် နည်းပညာတက္ကသိုလ် ၆၀ အတွက် ၆၀၀၊ ပညာရေးကောလိပ် ၂၅ ခု အတွက် ၁၂၀ ဦး၊ စုစုပေါင်း ၁၄၀၀ ဦးကို ကျောင်းဖွင့် အမှီ ခန့်ထားနိုင်ရန် ဘာသာရပ်အလိုက် ခန့်ထားလိုသည့်ဦးရေနှင့်ပညာအရည်အချင်းသတ်မှတ် ချက်များ တောင်းခံပြီး အဆင့်မြင့်ပညာရေးဦးစီးဋ္ဌာနမှ တက္ကသိုလ်အားလုံးအတွက် သတင်းစာမှ ကြော်ငြာ အသိပေးခေါ်ယူသွားမည်ဖြစ်ကြောင်း၊ အခြေခံပညာဦးစီးဋ္ဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သိန်းဝင်းက မေလ ၁၄ရက်နေ့၌ ပြောဆိုခဲ့ပါသည်။

    မြန်မာနိုင်ငံတွင် နဝတ၊ နအဖ စစ်အစိုးရလက်ထက်၊ ဦးသိန်းစိန်အစိုးရလက်ထက်တို့တွင် မဟာဘွဲ့၊ပါရဂူဘွဲ့ရများစွာကို စက်ရုံထွက်ကုန်သဖွယ် မွေးထုတ်ခဲ့ပေသည်။ Thesis စာတမ်းများ ပြုစုဖို့၊တင်ဖို့၊ နောက်ကွယ်က “ရှဲဒိုး” ရေးပေးနေသူများ၊ ဖန်တီးထုတ်လုပ်ပေးနေသူများကလည်း ထိုက်တန်သည့် ကန်တော့ပန်းဆင်မြန်းခံရလျှင် “ကူညီပါရစေ” သတည်း။ သိပ္ပံနှင့်နည်းပညာဝန် ကြီး ဦးသောင်းလက်ထက်တွင်ပင် မဟာဘွဲ့ M.E ဘွဲ့မရသေးဘဲ၊ပါရဂူဘွဲ့ Ph.D ကိုပြိုင်တက်ခွင့် ပေးပြီး ပါရဂူဘွဲ့ရသွားသော စက်ရုံထွက်ကုန်များသည်ပင်လျှင် အမြောက်အမြားရှိခဲ့သည်။

    စာရေးသူတို့ တက္ကသိုလ်ကျောင်းသားဘဝက ပညာသင်ကြားပေးခဲ့ကြသော ဆရာ၊ဆရာမ ကြီးအချို့သည် ပညာရပ်ဆိုင်ရာ ပါရဂူဘွဲ့ (Doctor of Philosophy) Ph.D ဘွဲ့ကိုအမေရိက၊ အင်္ဂလန် စသည့် အနောက်နိုင်ငံများမှ ရရှိခဲ့ကြသည်။ မိမိတို့ တက်ရောက်နေသော တက္ကသိုလ်နောက်ဆုံးနှစ် စာမေးပွဲအောင်စာရင်း အမှတ်ပေါင်းရလာဒ်ကို ကြည့်၍ မဟာဘွဲ့ကြို သင်တန်းများကို တက်ရောက်ခွင့်ပြုခဲ့သည်။ တက္ကသိုလ်မဟာဘွဲ့များဖြစ်သည့် M.A, M.Sc, M.E စတဲ့ဘွဲ့များရရန် ကတိကဝတ်ပြု လက်မှတ်ရေးထိုးမှုပြုရသည်။ လျှောက်ထားသူများပြားပါက ဝင် ခွင့်စာမေးပွဲ ရေးဖြေ၊နှုတ်ဖြေ၊ ဖြေဆိုရသေးသည်။ရွေးချယ်ခံရပါက မိမိတို့သက်ဆိုင်ရာ တက္ကသိုလ် များတွင် ကျောင်းသားတစ်ပိုင်း၊ဆရာတစ်ပိုင်း၊ အလုပ်သင်ဆရာအနေဖြင့်ဝင်လုပ်ရသည်။ အချို့ မဟာဘွဲ့ကြိုတန်းများကို နိုင်ငံခြားပြန် ပါရဂူ Ph.D ဘွဲ့ရ ဆရာ၊ဆရာမများက သင်ကြားပေးခဲ့ ကြသည်။ မဟာဘွဲ့များအတွက် စာတမ်းများပြုစုရန် စာကြည့်တိုက်များသို့ အကြိမ်ကြိမ်အခါခါ သွားခဲ့ရသည်။ “ရှာဖွေလေလေ တွေ့ရှိလေလေ” ဆိုတဲ့စကားအတိုင်း အချိန်ကုန် ငွေကုန် စိတ်ဆင်းရဲ အပင်ပန်းခံကာ သုတေသန စာတမ်းများကို ပြုစုခဲ့ကြသောကြောင့် မိမိ၏သုတေသန စာတမ်းကို ပါမောက္ခကြီးများ အကြိုက်တွေ့ခဲ့သည်။

    ကံမကောင်း၊ အကြောင်းမလှ၍ မိမိ၏ Thesis သုတေသနစာတမ်း၊ အပယ်ခံရလျှင် မဟာဘွဲ့ကို လက်ပြနှုတ်ဆက်သွား ရသူများထဲတွင် စာရေးသူ၏မိတ်ဆွေတစ်ဦး ပါခဲ့ဖူးသည်ကို မှတ်မိပါသေးသည်။

    စာရေးသူတို့ ကျောင်းသားဘဝတွင် ပါရဂူဘွဲ့ရယူရန် အနောက်နိုင်ငံများသို့ ပညာတော် သင်သွားရသည်။ ပါရဂူဘွဲ့အတွက် ပညာသင် စရိတ်ကို အနောက်နိုင်ငံများ၏အစိုးရများက နှစ်နိုင် ငံချစ်ကြည်ရေးအကြောင်းခံကာ ကူညီဆောင်ရွက်ပေးတတ်ကြသည်။ ဂျပန်နိုင်ငံရှိ “အိုကီနာဝါ ဖောင်ဒေးရှင်းကြီးသည် ယနေ့တိုင် မြန်မာနိုင်ငံသားများ၊ ပညာတော်သင် စေလွှတ်ရေးတွင် အစစ အရာရာ ကူညီထောက်ပံ့လျက်ရှိသည်။ စာရေးသူ၏ ရန်ကုန်စက်မှု့တက္ကသိုလ်ကျောင်းသားဘဝ ကဆရာကြီးတစ်ဆူလည်းဖြစ်ခဲ့သူ ပညာရေးဝန်ကြီးဟောင်း ဒေါက်တာချမ်းငြိမ်းသည် အင်္ဂလန် နိုင်ငံမှ မဟာဘွဲ့နှင့် ပါရဂူဘွဲ့ Ph.D ကိုရရှိခဲ့သူဖြစ်သည်။ အတွေ့အကြုံရှိ အရည်အချင်းအပြည့် ရှိသူမို့ ဆရာ့စာသင်ချိန်ဆို ကျွန်တော်အလွန်ပျော်သည်။ ဗဟုသုတများစွာရသည်။

    စာရေးသူသည် ယခုအချိန်အခါတွင် ပညာဖြင့် အမိမြန်မာနိုင်ငံတော်ကြီး တင့်တယ် လှပစေ ရန် ရည်ရွယ်လျက် အရပ်ဖက် လူ့အဖွဲ့အစည်းတစ်ရပ် (Civil Society Organization) C.S.O ကိုယ်ကျိုးမဖက်၊ အများအကျိုးအတွက် (Non- Profit Organization) တစ်ခုကို တရားဝင် အသင်းအဖွဲ့မှတ်ပုံတင် လုပ်ထုံးလုပ်နည်း စည်းမျဉ်းစည်းကမ်းများနှင့်အညီ နေပြည်တော်ရှိ ပြည်ထဲရေး ဝန်ကြီးဋ္ဌာန၊ ပညာရေးဝန်ကြီးဋ္ဌာနများသို့ မှတ်ပုံတင်ခဲ့ပါသည်။ စိတ်တူ၊ကိုယ်တူ၊  ရည်ရွယ်ချက်တူ ပညာရေး နယ်ပယ်မှ ဆရာ၊ဆရာမများဖြင့်ဖွဲ့စည်းခဲ့ပါသည်။

    ရန်ကုန်မြို့လောက်ရှိသည့် အရှေ့တောင်အာရှမှ စင်္ကာပူနိုင်ငံလေးသည် မည်သည့်သယံ ဇာတမှလည်းမထွက်၊ ပြည်ပပို့ကုန်ဟူ၍ ဘာကုန်မှ ထွေထွေထူးထူးမရှိ။ သို့သော် လူသားရင်းမြစ်အမြောက်အမြားကို စင်္ကာပူနိုင်ငံ၏ တက္ကသိုလ် ကောလိပ်များက အချိန်နှင့် တစ် ပြေးညီ တန်ဖိုးရှိရှိ ထုတ်လုပ်ပေးလျက်ရှိသည်။

    စာရေးသူသည် မြန်မာ့ပညာရေးလောကသား ပဲ့ကိုင်ရှင်များအား အကြံပြုလိုသည်မှာ “မြင်မြင်သမျှပါမောက္ခ၊ တွေ့သမျှပါရဂူ” များကို စက်ရုံထွက်ကုန်ပစ္စည်းများသဖွယ် ထုတ်လုပ် နေမည့်အစား  ဒေါက်တာဘွဲ့အမည်ခံ “ပြစားများ” ၊ မွေးထုတ်နေမည့်အစား ၊ အရည်အသွေး၊အ ရည်အချင်း၊ ထွန်းတောက်ခဲ့သော ရှေ့ဆောင်လမ်းပြ တစ်ချိန်က ဂုဏ်ထူးဆောင် ဆရာ၊ဆရာမကြီး များကဲ့သို့ အတုစံနမူနာယူ မွေးထုတ်သင့်ပါကြောင်း အကြံပြုတိုက်တွန်းလိုက်ပါသည်။

    လေးစားလျှက်

    ဂျက်ဖရီတင်အုန်း (R.I.T ရန်ကုန်စက်မှုတက္ကသိုလ်)

  • အဌမတန်း အောင်မြင်သူများ အာဆီယံ ပညာသင်ဆု လျောက်ထားနိုင်

    အဌမတန်း အောင်မြင်သူများ အာဆီယံ ပညာသင်ဆု လျောက်ထားနိုင်

    ဧပြီ ၁၃ ၊ ၂၀၁၇

    ၂၀၁၈ ပညာသင်နှစ်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်ရှိ အခြေခံ ပညာအလယ်တန်း၊ အထက်တန်းကျောင်း၊ ဘုန်းတော်ကြီး ပညာသင်ကျောင်း၊ ပုဂလိကကျောင်း(ပညာရေး သင်ရိုးညွှန်းတမ်း၊ နိုင်ငံတကာ သင်ရိုးညွှန်းတန်းဖြင့်သင်သည့် ကျောင်းအားလုံး) တို့မှ အဌမတန်း အောင်မြင်ထားသူများ အာဆီယံပညာသင်ဆု လျောက်ထားနိုင်ကြောင်း ပညာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

    လျှောက်ထားသူသည် အဌမတန်း အောင်မြင်ကြောင်း သက်ဆိုင်ရာ ကျောင်းအုပ်ကြီး၏ ထောက်ခံချက် မူရင်းကို တင်ပြရမည်ဖြစ်ပြီး အင်္ဂလိစာ ကောင်းမွန်ပြီး သင်္ချာ နှင့် သိပ္ပံထူးချွန်သူဖြစ်ရမည် ဖြစ်ကာ သတ်မှတ်ချက်နှင့် ကိုက်ညီသူများသည် တိုင်းဒေသကြီးနှင့် ပြည်နယ် ပညာရေးမှူးရုံးများသို့ ဧပြီ ၂၆ ရက်တွင် နောက်ဆုံးထားလျှောက်ထားရမည် ဖြစ်ကြောင်းသိရသည်။

    ပညာသင်ဆုအတွက် ပဏာမ ရေးဖြေစာမေးပွဲကို(၁၁ . ၅ . ၂၀၁၇) ရက်နေ့တွင်သက်ဆိုင်ရာ တိုင်း နဲ့ ပြည်နယ် ပညာရေးမှူးရုံးက သတ်မှတ်ပေးသည့် ကျောင်းများတွင် ဖြေဆိုရပါသည်။

    အာဆီယံ ပညာသင်ဆု ပဏာမရေးဖြေ အောင်မြင်သူများကို(၂၆ . ၅ . ၂၀၁၇) ရက်နေ့တွင် ကြေငြာမည် ဖြစ်ပြီး အောင်မြင်ပါက ရန်ကုန်မြို့တွင်(၂၈. ၅ .၂၀၁၇)( ၃၀ .၅ .၂၀၁၇)ရက်နေ့အတွင်း ပညာသင်ဆု လျှောက်လွှာပုံစံ ဖြည့်စွက်ရပါမည်။

    အာဆီယံ ပညာသင်ဆု ပဏာမရေးဖြေ အောင်မြင်သူများကို၂၀၁၇ ဇူလိုင်လတွင် စင်္ကာပူနိုင်ငံမှ လာရောက်၍ ရေးဖြေ စာမေးပွဲ ထပ်မံ စစ်ဆေးမည် ဖြစ်ပါသည်။

    အာဆီယံ ပညာသင်ဆု ထပ်မံ ရွေးချယ်ခံရသူများကို၂၀၁၇ စက်တင်ဘာလတွင် လူတွေ့ စစ်ဆေးခြင်းကိုထပ်မံ ဖြေဆိုရမည် ဖြစ်ပါသည်။

    လေးနှစ်ပညာသင်ကြားခွင့်
    —————————–
    စင်ကာပူအစိုးရက ပညာရေးတွင် ထူးချွန်သော မြန်မာကျောင်းသား၊ကျောင်းသူများကို အာဆီယံပညာသင်ဆုပေးအပ်ရန် ကမ်းလှမ်းလာပြီး ရွေးချယ်ခံ ရသူများသည် စင်ကာပူအစိုးရ ကျောင်းများတွင် Secondary Three မှာ Pre-University  အဆင့်ထိ လေးနှစ် ပညာသင်ကြားခွင့်ရမည်ဖြစ်ကြောင်းသိရသည်။

    ကိုးကား- စံတော်ချိန်သတင်းစာ၊ Thein Win Oo FB

    အသေးစိတ်အချက်အလက်များကို အောက်ဖော်ပြပါ Website တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

    Link

  • “မြန်မာ့ပညာရေး စနစ်ကို ဆင်ကန်းတောတိုး မြေစမ်းခရမ်းပျိုး ပုံစံမျိုး မဖြစ်စေချင်”

    “မြန်မာ့ပညာရေး စနစ်ကို ဆင်ကန်းတောတိုး မြေစမ်းခရမ်းပျိုး ပုံစံမျိုး မဖြစ်စေချင်”

    မတ်လ ၂၅ ၊ ၂၀၁၇
    ဂျက်ဖရီတင်အုန်း (ရန်ကုန်စက်မှုတက္ကသိုလ် R.I.T)

    မြန်မာနိုင်ငံတွင် စတုတ္ထတန်းနှင့်အဋ္ဌမတန်း အတန်းတင်စာမေးပွဲများကို အစိုးရစစ်အနေ ဖြင့် ပြန်လည်စစ်ဆေးမေးမြန်းခဲ့သည်မှာ တတိယအကြိမ်ပင်ရှိပြီ။ ဖေဖော်ဝါရီလ ၂၂ရက်တွင် စတင်ကျင်းပခဲ့ပြီး ၂၈ရက်နေ့တွင် ပြီးဆုံးခဲ့ပေသည်။ စာဖြေသူများအားလုံးကို အောင်မြင်စေချင် သည့် ရည်ရွယ်ချက်ဖြင့် ၂၀၁၆ခု ဒီဇင်ဘာလတွင် စစ်မေးခဲ့သော အစမ်းစာမေးပွဲမေးခွန်းများထဲမှ အောင်မှတ်နီးပါးလောက်ကို မေးမြန်းခဲ့ကြောင်း ဆရာ၊ ဆရာမများ သတိပြုမိခဲ့ကြသည်။ ထိုစတုတ္ထတန်းနှင့် အဋ္ဌမတန်း အတန်းတင်စာမေးပွဲကြီး မဖြေဆိုမှီကပင် ၂၀၁၆ခု ဒီဇင်ဘာလ စာမေးပွဲမေးခွန်းများထဲမှ အောင်မှတ်ဖိုးနီးပါးလောက် စစ်မေးမည်ကို ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများ ကြိုတင်သိနေခြင်းသည်လည်း ထူးခြားချက်တစ်ရပ်အနေဖြင့် ၂၀၁၇ခုနှစ်တွင် အမှန် တကယ်ဖြစ်ခဲ့သည်။

    ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များအလိုက်စစ်ဆေးခဲ့သော Grade-4 နှင့် Grade-8 အဖြေ လွှာများကိုလည်း သက်ဆိုင်ရာမြို့နယ်များရှိ “အထက၊အလက” အခြေခံပညာကျောင်းများ၌ စစ် ဆေးပြီးစီးခဲ့ပြီးဖြစ်သည်။ ထိုသို့စစ်ဆေးရာတွင် စာစစ်ဆရာမများအနေဖြင့် အမှတ်၂၅ မှတ်ဖိုးကို  မရ၊မက ရှာဖွေကာ အောင်မှတ်ဖိုးရလေအောင် ခက်ခက်ခဲခဲစွဲတင်ပေးခဲ့ရကြောင်း အခြေခံပညာမှ  စာစစ်ဆရာမတစ်ဦးက စာရေးသူအားပြောကြားခဲ့ပေသည်။

    ၂၀၁၇ ခုနှစ် မတ်လ ၈ ရက်နေ့မှ မတ်လ ၁၇ရက်ထိ ကျင်းပခဲ့သော တက္ကသိုလ်ဝင်တန်း သင်္ချာ(ပြည်တွင်း) မေးခွန်းလွှာဖြေဆိုသည့်နေ့၌ စာဖြေသူ ကျောင်းသား၊ကျောင်းသူအများစုအ   ကြား ငိုယို ညည်းတွားသံများကြားခဲ့ရသည်။ အကြောင်းမှာ ထိုမေးခွန်းလွှာ၌ ၁ မှတ်တန် section  (A) No.24 ၌ မေးခွန်းလွဲမှားမှု၊ ၃ မှတ်တန် section (B) No.4 ၌ ပေးချက်မပြည့်စုံမှု ၊ ၅ မှတ်တန် section (C) No.7 (A), 7 (B) နှင့် section (C) No.8 (B) တို့၌ ပုစ္ဆာမေးခွန်းသတ်မှတ်ချက်များ၊ မပြည့်စုံပဲ အားနည်းနေမှု section(C) No.15 (A) ၌ ပုစ္ဆာလွှဲမှားနေမှု့တို့ဖြစ်ကြောင်း သင်္ချာဆရာ များက ဝေဖန်၊ထောက်ပြ၊ ပြောဆိုချက်များသည် “ဝိရောဓိ” ဖြစ်စေသည့်အတွက် နောင်အနာဂတ် တွင် မေးခွန်းထုတ်သူ စာစစ်မှူးများအတွက် အတွေ့အကြုံထူး တစ်ခုဖြစ်သည်ဟု စာရေးသူ သတိ  ပြုမိသည်။ ထို့ကြောင့်လည်း ပညာရေးဝန်ကြီး၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာမျိုးသိမ်းကြီးက “သင်္ချာမေးခွန်း၊ မပြည့်စုံမှု၊မှားယွင်းမှုများရှိပါက ကျောင်းသားများမနစ်နာစေရန် ဆောင်ရွက်ပေး မည်ဖြစ်ကြောင်း ကတိပြုပြောကြားချက်ကိုလည်း မီဒီယာများအကြား အတည့်အလင်းပြောဆိုပြီး ဖြစ်သည်။

    ပြီးခဲ့သည့် ၂၀၁၇ ခု တက္ကသိုလ်ဝင်တန်း စာမေးပွဲကြီးတွင် မကြုံစဖူးဖြစ်ရပ်များကို အံ့သြ ဖွယ်ရာ ကြားသိခဲ့ရပါသည်။ တက္ကသိုလ်ဝင်တန်းစာမေးပွဲကြီး စာဖြေသူတစ်ဦးသည် ဘာသာရပ် တိုင်းကို ဆက်တိုက် မပျက်မကွက် ဖြေဆိုရသည့်အစဉ်အလာသည် ကြာခဲ့ပြီဖြစ်သည်။ အကြောင်း  အမျိုးမျိုးကြောင့် ဘာသာရပ်တစ်ခုခုကို ဖြေဆိုရန် ပျက်ကွက်ခဲ့လျှင် ကျန်ဘာသာရပ်များကို ဖြေဆို ခွင့် လုံးဝမပြုတော့ချေ။

    သို့သော် ၂၀၁၇ ခု မတ်လတွင် ကျင်းပခဲ့သော စာမေးပွဲကြီးတွင် အချို့သော စာဖြေသူများ သည် သင်္ချာဘာသာရပ်တွင် အထိနာ၍ လက်လျော့ကာ ဓာတုဗေဒ ဘာသာရပ်ကို မဖြေဆိုကြ တော့ပဲ ရူပဗေဒဖြေဆိုသည့်နေ့တွင် စာမေးပွဲခန်းထဲသို့ စာမေးပွဲလာရောက်ဖြေဆိုခဲ့ကြောင်း ကြီး ကြပ်ရေးတာဝန်ယူထားရသော ဆရာမတစ်ဦးက စာရေးသူအား ပြောဆိုခဲ့သည်။ ဒီမိုကရေစီအစိုးရ အရပ်သားအစိုးရလက်ထက်တွင် စာမေးပွဲနှင့်ပတ်သက်၍ ဖြေလျော့ပေါ့သည့် သဘောမျိုးဟု စာရေးသူ နားလည်မိပါသည်။ အံ့သြရပါသည်။

    စာရေးသူတို့နေထိုင်ရာ ရန်ကုန်တိုင်းဒေသကြီးရှိ အခြေခံပညာ အထက်တန်းကျောင်းများ တွင် တက္ကသိုလ်ဝင်တန်းအောင်ချက်ရာခိုင်နှုန်း ကောင်းရေးအတွက် တစ်ကျောင်းနှင့်တစ်ကျောင်း အပြိုင် အဆိုင် ကြိုးပမ်းအားထုတ်နေခြင်းသည် အပေါင်းလက္ခဏာဆောင်သည်ဟု ထင်မြင်မိပါ သည်။ မိမိတို့ကျောင်း အောင်ချက်မြင့်မားရေးအတွက် ပဉ္စမတန်း အတန်းတင်စာမေးပွဲကြီးရမှတ်ကို အခြေခံကာ ဆဋ္ဌမတန်းမှစ၍ တက္ကသိုလ်ဝင်တန်းအထိ စုစုပေါင်းရမှတ် အနည်းအများ အလိုက်  အဆင့်များ သတ်မှတ်ကာ ရမှတ်အများဆုံးအခန်း (အတော်ဆုံးအခန်း)ကို section (A)၊ ထို့နောက် (B) (C) စသည်ဖြင့်  သတ်မှတ်လာခဲ့သည်မှာ ဆယ်စုနှစ်များစွာရှိခဲ့ပေသည်။

    ၂၀၁၇ခုနှစ် ဇွန်လ ၁ ရက် အခြေခံပညာကျောင်းများစတင်ဖွင့်လှစ်ချိန်တွင် အတန်းတိုင်း၏ စာသင်ခန်းများကို (A) (B) (C)(D) စသည်ဖြင့် ခွဲခြားမသတ်မှတ်တော့ပဲ၊ “ပန်း” နာမည် အမျိုးမျိုး အမည်ပေးထားမည်ဖြစ်သည်။ ဥပမာ ခရေပန်းတန်းခွဲ၊သစ်ခွပန်းတန်းခွဲ၊ နှင်းဆီပန်းတန်းခွဲ၊ငုဝါပန်း တန်းခွဲ၊စပ္ပွါယ်ပန်းတန်းခွဲ စသည်တို့ကို မှည့်ခေါ်သတ်မှတ်ထားမည်ဖြစ်ပြီး စာသင်ခန်းတိုင်းတွင် “တော်၊လတ်၊ညံ့” ကျောင်းသား၊ကျောင်းသူမျိုးစုံကို စုစည်းထားပြီး ပညာသင်ကြားစေမည့်အတွက် ကျောင်းသား၊ကျောင်းသူများအကြား ခွဲခြားသည့်စနစ်တစ်ခု အားငယ်စေသည့်စနစ်တစ်ခု ရှိတော့ မည် မဟုတ်ကြောင်း အခြေခံပညာ၊ ကျောင်းအုပ်ဆရာမကြီးတစ်ဦးက စာရေးသူအား ပြောဆိုခဲ့ပေသည်။ တနည်းအားဖြင့် အခြေခံပညာ ကျောင်းတွင်းစာမေးပွဲတွင် ရမှတ်အလိုက် အဆင့် ၁၊ အဆင့် ၂ ပေးတဲ့စနစ်ကို မကျင့်သုံးတော့ပဲ၊ (A) Level. (B)Level. (C) Level (D)Level
    စနစ်ကို ကျင့်သုံးခဲ့သည့် သဘောလည်းဖြစ်ပါသည်။

    ထို့ပြင် ၂၀၁၇-၂၀၁၈ ခု ပညာသင်နှစ်မှစ၍ အခြေခံပညာ သူငယ်တန်းမှ နဝမတန်းအထိ စာမေးပွဲဖြေဆိုပြီး “အောင်၊ရှုံး” သတ်မှတ်သည့် စနစ်တစ်ခုကိုကျင့်သုံးတော့မည် မဟုတ်ကြောင်း မိတ်ဆွေ၊ကျောင်းအုပ်ဆရာကြီးတစ်ဦး၏ ပြောဆိုသည်ကိုလည်း ထူးဆန်းစွာကြားသိခဲ့ရသည်။

    စာရေးသူအနေဖြင့် ‘NLD’ အရပ်သားအစိုးရအနေဖြင့် အပြောင်းအလဲ တစ်ရပ်အနေဖြင့် ပညာရေးကဏ္ဍတစ်ရပ်ကို ပြုပြင်ပြောင်းလဲရာတွင် အသိ၊သတိ ကြီးစွာ ထားသင့်သည်ဟု ထင်မြင်မိ ပါသည်။ ပညာရေးဟူသည် တိုင်းပြည်၏ အနာဂတ် ကံကြမ္မာကို ပဲ့ကိုင်ပေးနိုင်သည့် အရာဖြစ်သည်။ ပညာရေး အားကောင်းသော တိုင်းပြည်သည် တိုးတက်ဖွံ့ဖြိုးသည်။ မည်သည့်သယံဇာတမျှ ထွက်ရှိခြင်း မရှိသည့် စင်္ကာပူနိုင်ငံလေးသည် ပညာရေးအားကောင်းသောကြောင့် လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ပြီး အရှေ့တောင်အာရှတွင် “ကျားတစ်ကောင်” အနေဖြင့် ဂုဏ်ပြု ခံနေရခြင်းပင် ထင်ရှားသည့်သက်သေ သာဓကဖြစ်ပါသည်။

    အစိုးရ တစ်ရပ်ပြောင်းတိုင်း ပညာရေးဝန်ကြီးတစ်ဦးပြောင်းတိုင်း၊ ပညာရေး စနစ်တစ်ခုကို “ဆင်ကန်းတောတိုး၊မြေစမ်းခရမ်းပျိုး၊ ရောင်ဝါးဝါး၊စမ်းတဝါးဝါး၊ လုပ်နေသည့်စနစ်မျိုးသည်၊ တိုင်းပြည် ဘဏ္ဍာလည်းကုန်၊အချိန်လည်းကုန်ကာ အနာဂတ်လူငယ်ကျောင်းသားများ၏ ဘဝကို မရေရာ၊ မသေချာ ဖြစ်စေသည့်ဖက်သို့ ဦးတည်စေပါသည်။

    တိကျရေရာ သေချာသည့် အာမခံချက်ရှိသည့် ပညာရေးစနစ်တစ်ခုကို တည်ဆောက်ရန် ဖွံ့ဖြိုးတိုးတက်နေသော ကမ္ဘာတစ်လွှားနိုင်ငံများ၏ ပညာရေးစနစ်များကို အတုစံနမူနာယူကာ လူငယ်တို့၏ ဘဝကို အာမခံချက်အပြည့်အဝပေးနိုင်သည့် လမ်းညွှန်မှု့ပေးနိုင်သည့် ပညာရေးစနစ် တစ်ခုကို အမြန်အကောင်အထည်ဖော် အုတ်မြစ်ချ တည်ဆောက်ကြပါလို့ အကြံပြုတိုက်တွန်းလိုက်ရပါသည်။

    ဂျက်ဖရီတင်အုန်း (ရန်ကုန်စက်မှုတက္ကသိုလ် R.I.T)

  • ဆယ်တန်းအောင်ပြီးသူတွေ လျောက်ထားနိုင်တဲ့ တူရကီနှင့် မလေးရှားနိုင်ငံမှ ပညာတော်သင်ဆုများ

    ဆယ်တန်းအောင်ပြီးသူတွေ လျောက်ထားနိုင်တဲ့ တူရကီနှင့် မလေးရှားနိုင်ငံမှ ပညာတော်သင်ဆုများ

    အခြေခံပညာအထက်တန်း အောင်မြင်ပြီးများ အတွက် လျောက်ထားနိုင်သော တူရကီနိုင်ငံနှင့် မလေးရှားနိုင်ငံရှိ တက္ကသိုလ်များမှ ပညာတော်သင်ဆုများနျှင့် ပတ်သက်သည့်အချက်အလက်များကို ဖော်ပြအပ်ပါသည်။

     

    source:-Al-Azhar – Myanmar

  • “တက္ကသိုလ်ဝင်တန်း သချာင်္မေးခွန်း ပုစ္ဆာ အမှန်တကယ်ပဲ မှားခဲ့တာလား?”

    “တက္ကသိုလ်ဝင်တန်း သချာင်္မေးခွန်း ပုစ္ဆာ အမှန်တကယ်ပဲ မှားခဲ့တာလား?”

    မတ် ၁၆ ၊ ၂၀၁၇
    ဂျက်ဖရီတင်အုန်း (ရန်ကုန်စက်မှု့တက္ကသိုလ် R.I.T) ရေးသည်။

    မြန်မာနိုင်ငံတွင် ပညာရေးကို အုပ်ချုပ်သူအစိုးရအဆက်ဆက်က မိမိတို့အလိုအတိုင်း စမ်းသပ်စစ် ဆေးအဖြေရှာလာခဲ့သည်မှာ ဆယ်စုနှစ်ပေါင်းများစွာ သာကြာလာခဲ့သည်။ စာရေးသူ တို့ တက္ကသိုလ်ဝင်တန်း ကျောင်းသားဘဝက ဓာတုဗေဒ၊ရူပဗေဒ၊သင်္ချာဘာသာရပ်မေးခွန်းများ၏

    အဆင့်အတန်းသည် ယခုအာဆီယံအဖွဲ့နိုင်ငံများဖြစ်သော မလေးရှား၊အင်ဒိုနီးရှား၊ဘရူးနိုင်းနိုင်ငံ တို့ထက် သာလွန်ရုံသာမက ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ တက္ကသိုလ်ဝင်တန်းသင်ရိုးများထက် လည်း များစွာသာကြောင်း ဆရာကြီးများကထောက်ပြ ပြောဆိုခဲ့ဖူးပါသည်။ ထို့ကြောင့်လည်း မြန်မာနိုင်ငံမှရသော M.B.B.S ဆရာဝန်ဘွဲ့ကို အင်္ဂလန်နိုင်ငံက အသိအမှတ်ပြုသည်။ ရန်ကုန်စက်မှုတက္ကသိုလ်မှရသော အင်ဂျင်နီယာ B.E ဘွဲ့ကို စင်္ကာပူနိုင်ငံက အသိအမှတ်ပြုခဲ့ပြီး အလုပ်အကိုင်၊ အခွင့်အလမ်းများ ရစေခဲ့သောဖြစ်ရပ်များသည် အမှန်တကယ်ရှိခဲ့ဖူးပါသည်။

    စာရေးသူတို့နိုင်ငံတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲသည် စာဖြေသူကျောင်းသား၊ ကျောင်း သူများနှင့်မိဘများကို ညှို့ယူဖမ်းစားနိုင်သည်မှာ အကြောင်းရှိသည်။ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ကို ဖြေဆိုနေသူသည် ဘဝတိုက်ပွဲတစ်ခုကို ဆင်နွှဲနေသူနှင့် အလားတူပေသည်။ ထို့ကြောင့် ကာယ ကံရှင်မိဘများ၊ မိမိတို့ရင်သွေးငယ်များ ပညာရေးအတွက် ငွေတွေသုံးကြ စာမေးပွဲကာလအတွင်း အလုပ်အကိုင်များကိုပစ်ကာ စာစစ်ဌာနများသို့အကြို အပို့လုပ်ကြ ပြေးလွှားကြ လုပ်နေမှု့များသည် လက်တွေ့သာဓကများဖြစ်ပါသည်။

    မြန်မာတစ်နိုင်ငံလုံးတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲမေးခွန်းကို ၂၀၁၅ခုမှစ၍ ပြည်တွင်း တစ်စုံ၊ပြည်ပတစ်စုံ စစ်မေးလာသည်မှာ ယခုနှစ်၂၀၁၇ခု မတ်လစာမေးပွဲထိဖြစ်ပါသည်။ တစ်နိုင်ငံ လုံးအတိုင်းအတာဖြင့် ပြည်တွင်းစာစစ်ဌာနပေါင်း ၁၅၇၇ ခုနှင့် ပြည်ပစာစစ်ဌာနပေါင်း (၁၇)ခု ရှိကြပါသည်။ စာမေးပွဲကြီးဖြေဆိုရန် တရားဝင်စာရင်းသွင်းထားသူပေါင်း ၈ သိန်းနီးပါးရှိသည်မှာ မနှစ်ကထက် သာလွန်ပေသည်။ ရန်ကုန်ပြည်သူ့ဆေးရုံကြီး စာစစ်ဌာနတွင်လူနာစာဖြေသူ ၁၄ ဦး၊ မြောက်ဥက္ကလာပဆေးရုံကြီးတွင် ၈ ဦးဖြေဆိုလျက်ရှိသည်။ အင်းစိန်ဗဟိုအကျဉ်းထောင်တွင် စာဖြေသူ ၂၈ ဦး၊ မန္တလေးဗဟိုအကျဉ်းထောင်တွင် ၁၀ဦး၊ဘားအံအကျဉ်းထောင်တွင် ၁ ဦး၊ ပေါက် မြို့မ ရဲစခန်းအချုပ်တွင် ၂ ဦးနှင့် မကွေးမြို့သစ်ရဲစခန်းအချုပ်တွင် ၁ ဦး ဖြေဆိုလျက်ရှိသည်။ ပိုထူးဆန်းသည်မှာ ကိုယ်လက်အင်္ဂါမသန်စွမ်းဖြေဆိုသူ ၁၀၁ ဦး၊ ဆွံ့အ၊နားမကြားဖြေဆိုသူ ၂၄ ဦး ရှိပါသည်။ ယခုနှစ်တွင် မျက်မမြင်စာဖြေသူ လုံးဝ လုံးဝ မရှိခဲ့ခြင်းသည်လည်း ထူးခြားဖြစ်စဉ်တစ်ခု ဖြစ်သည်။

    တစ်ပွဲထိုး ကံစမ်းသည့်အနေဖြင့် ပါလျှင်စံ၊ မပါလျှင်ခံ သဘောမျိုးဖြေဆိုသူများရှိကြောင်း အောက်ပါကိန်းဂဏန်းများက သက်သေပြလျက်ရှိပါသည်။ ဥပမာ- ၈.၃.၂၀၁၇ မြန်မာစာဖြေဆို သည့်နေ့တွင် စာဖြေသူပေါင်း ၇၁၆၂၁၆ဦးရှိခဲ့ပြီး၊ ၉.၃.၂၀၁၇ အင်္ဂလိပ်စာဖြေဆိုသည့်နေ့တွင်       ၇၁၅၀၇၉ဦး၊ သင်္ချာဖြေဆိုသည့်နေ့တွင် ၇၁၄၅၂၁ ဦး၊ ဓာတုဗေဒဘာသာရပ်နေ့ဖြေဆိုသူ ၆၄၀၀၀၇ ဦး၊ ရူပဗေဒနေ့တွင်ဖြေဆိုသူဦးရေ ၆၃၉၇၂၅ ဦးသာရှိတော့သည်။

    ယခုနှစ်တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် သင်္ချာဘာသာရပ် ဖြေဆိုသည့်နေ့၌ စာဖြေသူအ များစု မျက်စိပျက် မျက်နှာပျက်ဖြစ်ခဲ့သည်ကို သတိထားမိသည်။ လူမှုရေးကွန်ရက် Facebook တွင် အမှတ် ၂၀ကျော်ဖိုးမှားနေသည်ဟု အချို့က ထောက်ပြထားသည်။ အချို့သင်္ချာဆရာများက ၅မှတ် ဖိုးသာမှားကြောင်း ရှင်းပြထားသည်ကိုဖတ်ခဲ့ရသည်။ သင်္ချာဘာသာရပ်၌ စာသင်ကြားမှု့ အတွေ့ အကြုံရင့်ကျက်သော စာရေးသူ၏မိတ်ဆွေဆရာတစ်ဦးက “ မေးတဲ့သင်္ချာပုစ္ဆာအားလုံးက အဖြေ ထွက်ပါတယ်။ မေးခွန်းတွေက တိကျမှု အားနည်းနေတယ်။ အဖြေအမျိုးမျိုးထွက်နိုင်တယ်။ စာဖြေသူတွေ အတွက် ဝိရောဓိဖြစ်စေတယ်။ step by step ဖြေဆိုခဲ့တဲ့စာဖြေသူတွေကတော့ အမှတ်ပြည့်ရမှာ သေချာပါတယ်” ဟု စာရေးသူအားပြောဆိုခဲ့ပါသည်။

    သင်္ချာစာမေးပွဲမေးခွန်း မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ အချိန်တန်၍ အောင်စာရင်းထွက် လျှင်အမှတ်ပြည့် (၁၀၀)ရရှိသူများဧကန်အမှန် ထွက်ပေါ်လာမည်ဟု စာရေးသူယုံကြည်ပါသည်။ လေ့ကျင့်မှု့များသော စနစ်တကျ အချိန်ယူသင်ကြားတတ်မြောက်ထားသော စာဖြေသူတိုင်း ထူးချွန် ကြမည်ဖြစ်ပါသည်။

    သို့သော် ထိုတက္ကသိုလ်ဝင်တန်းသခ်ျာမေးခွန်းပါ ပုစ္ဆာအချို့သည် အမှန်တကယ်လိုအပ် ချက်၊အားနည်းချက်များရှိခဲ့ပါက အာဆီယံနိုင်ငံ(၁၀)နိုင်ငံ၏ သင်္ချာပညာရှင်များအလယ် မြန်မာ့နိုင် ငံ၏ ပညာရေးပုံရိပ်ကျဆင်းနိုင်ပါသည်။

    မေးခွန်းထုတ်သူ စာစစ်မှူးချုပ်အနေဖြင့် မိမိစစ်မေးခဲ့သော လိုအပ်ချက်ရှိသည့်မေးခွန်းပုစ္ဆာ အတွက် တာဝန်ယူမှု၊တာဝန်ခံမှုတော့ရှိပါလိမ့်မည်။

    ထို့ကြောင့်လည်း တက္ကသိုလ်ဝင်တန်းစာမေးပွဲ အဖြေလွှာများကို ၂၀၁၇ခု ဧပြီလ ၁ ရက်နေ့ တွင်စတင် မစစ်ဆေးခင် တိုင်းနှင့်ပြည်နယ်အသီးသီးရှိ တက္ကသိုလ်များမှဘာသာရပ်ဆိုင်ရာ စာစစ် မှူးချုပ်များကို ရန်ကုန်သို့ဖိတ်ခေါ်ထားပါသည်။ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်တိကျခိုင်လုံသော အမှတ်ပေး စည်းမျဉ်းများ တပြေးညီပေါ်ထွက်လာစေရန် ရည်ရွယ်ပါသည်။ တိုင်းနှင့်ပြည်နယ်ဘာ သာရပ်ဆိုင်ရာ ပါမောက္ခကြီးများ တွေ့ဆုံဆွေးနွေးညှိနှိုင်းကာ မိမိတို့ဖြတ်သန်းလာခဲ့သော စာစစ် အတွေ့အကြုံများကို အခြေပြုကာ စာဖြေသူအပေါင်းအတွက် အကောင်းဆုံးအဖြေတစ်ခုကို ထုတ် ပေးကြမည်ဖြစ်ပါသည်။

    လူသားဟူသည် အမှားနှင့်ကင်းသည်ဟူ၍မရှိပြီ။ တက္ကသိုလ်ဝင်တန်းသင်္ချာစာစစ်မှူးချုပ် ကြီးသည်လည်း လူသားတစ်ဦးပင်တည်း။သူ့ထဲတွင် တိကျရေရာသေချာသော “တာဝန်ယူမှု၊ တာဝန်ခံမှု” အဖြေတစ်ခုတော့ ဧကန်မုချ ရှိကိုရှိမည်ဟု စာရေးသူယုံကြည်မိပါသည်။