News @ M-Media

Category: ကျန်းမာရေးနှင့်ဆေးပညာ

  • ကိုဗစ်ကိစ္စ သတင်းမှားဖြန့်သူကို ယူအေအီး ဒဏ်တပ်မည်

    ကိုဗစ်ကိစ္စ သတင်းမှားဖြန့်သူကို ယူအေအီး ဒဏ်တပ်မည်

    ဧပြီ ၁၉၊ ၂၀၂၀
    M-Media

    -နိုင်ငံအတွင်း Covid-19 ကပ်ရောဂါနဲ့ပတ်သက်တဲ့ သတင်းမှားတွေ ဖြန့်ဝေသူကို ဒီရ်ဟမ် ၂ သောင်း (ဒေါ်လာ ၅၅၀၀) ရိုက်မယ်လို့ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နိုင်ငံက မနေ့မှာ ကြေငြာလိုက်ပါတယ်။

    ယူအေအီးမှာ လက်ရှိအချိန်အထိ ကူးစက်သူ ၆၃၀၀ ကျော်နဲ့ သေဆုံးသူ ၃၇ ဦး ရှိနေပါတယ်။

    ဆိုရှယ်မီဒီယာမှာ ဗိုင်းရပ်စ်ပြန့်နှံ့မှု၊ ကုသမှုတွေနဲ့ပတ်သက်တဲ့ သတင်းမှားတွေလည်း ပြန့်နှံ့နေပြီး ယူအေအီးအစိုးရရဲ့ မနေ့က ကြေငြာချက်ဟာ ဒါတွေကို ထိန်းသိမ်းဖို့ ဖြစ်ပါတယ်။

    ကိုဗစ်နဲ့ပတ်သက်တဲ့ သတင်းတွေကို ကျန်းမာရေး၀န်ကြီးဌာနတစ်ခုတည်းကသာ ထုတ်ပြန်သွားမှာဖြစ်ပြီး အဲဒီအချက်အလက်တွေနဲ့ ကွဲလွဲတဲ့ သတင်းတွေ၊ သတင်းမှားတွေ၊ တရားဝင်ထုတ်ပြန်ထားခြင်းမရှိတဲ့ သတင်းတွေကို ပုံနှိပ်ဗားရှင်း၊ အသံဗားရှင်း၊ အီလက်ထရောနစ်ဗားရှင်း ဘယ်လို ပုံစံနဲ့မဆို ဖြန့်ချီတာကို တားမြစ်တယ်လို့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    ဒါပေမယ့် ဒီတားမြစ်ချက်ဟာ သတင်းသမားတွေ၊ မီဒီယာသမားတွေအပေါ်မှာ အကျုံးဝင်လားဆိုတာ အသေးစိတ် ဖော်ပြထားခြင်း မရှိပါဘူး။

    Ref: Aljazeera

  • Covid-19 ကြောင့် ဂျပန်ကျန်းမာရေးစနစ် ပြိုလဲနိုင်ဟု ပညာရှင်များ သတိပေး

    Covid-19 ကြောင့် ဂျပန်ကျန်းမာရေးစနစ် ပြိုလဲနိုင်ဟု ပညာရှင်များ သတိပေး

    ဧပြီ ၁၉၊ ၂၀၂၀
    M-Media

    -Covid-19 ကူးစက်သူအရေအတွက် မြင့်တက်လာရင် တိုင်းပြည်ရဲ့ ကျန်းမာရေးစနစ် ပြိုလဲနိုင်တယ်လို့ ဂျပန် ဆရာဝန်တွေက အစိုးရကို သတိပေးလိုက်ပါတယ်။

    တရုတ်နိုင်ငံအပြင်ဘက်မှာ ဒုတိယမြောက် အစောဆုံးကူးစက်ခဲ့တဲ့ ဂျပန်နိုင်ငံဟာ ပြန့်ပွားမှုကို ထိန်းချုပ်နိုင်တော့မယ်လို့ အစောပိုင်းမှာ ထင်ခဲ့ရပေမယ့် နောက်ပိုင်းမှာ ကူးစက်မှု ပြန်လာပြီး အခုဆိုရင် ကူးစက်သူ တစ်သောင်းကျော်လာပြီ ဖြစ်ပါတယ်။ သေဆုံးသူက ၂၀၀ ကျော်ရှိလာပြီး မြို့တော်တိုကျိုဟာ ဗိုင်းရပ်စ်ဒဏ်ကို အဆိုးဝါးဆုံးခံရတဲ့နေရာ ဖြစ်ပါတယ်။

    ကူးစက်သူ မြင့်တက်လာတာနဲ့အမျှ ဆေးရုံတွေက လက်ခံကုသမပေးနိုင်တာတွေ ဖြစ်ပေါ်နေပြီး ကိုဗစ်သံသယလူနာတစ်ဦးကိုဆိုရင် ဆေးရုံ ၈၀ လောက်က ငြင်းပယ်မှုကို ခံခဲ့ရပါတယ်။

    ဂျပန်ဆရာဝန်များအသင်းက ကျန်းမာရေးဝန်ထမ်းတွေအားလုံး လာရောက်ကူညီပေးဖို့လိုအပ်ပြီး ဒီလိုမှမဟုတ်ရင် ကျန်းမာရေးစနစ် ပြိုလဲသွားမယ်လို့ မနေ့မှာ သတိပေးခဲ့ပါတယ်။

    အခြား ဆေးဘက်ဆိုင်ရာ အသင်း ၂ ခုကလည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ မြင့်တက်လာတာနဲ့အမျှ ဆေးရုံတွေရဲ့ ကုသနိုင်စွမ်းကလည်း ကျဆင်းလာတယ်လို့ ထောက်ပြခဲ့ပါတယ်။ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေမှာ ကာကွယ်ရေးဝတ်စုံတွေ လုံလုံလောက်လောက်မရှိတာလို လိုအပ်ချက်တွေလည်း ရှိနေပါတယ်။

    ဝန်ကြီးချုပ် ရှင်ဇိုအာဘေးအစိုးရရဲ့ ကိုဗစ်တားဆီးနှိမ်နှင်းရေး ပေါ်လစီတွေကို နိုင်ငံအတွင်းမှာ ဝေဖန်မှု မြင့်တက်နေပါတယ်။

    Ref: BBC

  • အာဆီယံဒေသတွင် ကိုဗစ်ကူးစက်မှု သိသိသာသာ မြင့်တက်

    အာဆီယံဒေသတွင် ကိုဗစ်ကူးစက်မှု သိသိသာသာ မြင့်တက်

    ဧပြီ ၁၉၊ ၂၀၂၀
    M-Media

    (Photo – ဖိလစ်ပိုင်နိုင်ငံမှာ မြင်ကွင်းတစ်ခု)

    စင်ကာပူ ကူးစက်သူ ၆၀၀ နီးပါး ထပ်တွေ့

    ဒီကနေ့ စင်ကာပူနိုင်ငံမှာ Covid-19 ထပ်မံကူးစက်သူအရေအတွက်ဟာ ၅၉၆ ဦးရှိခဲ့ပြီး ၂၅ ဦးသာ စင်ကာပူနိုင်ငံသားနဲ့
    အမြဲတမ်းနေထိုင်ခွင့်ရထားသူတွေဖြစ်ကာ ကျန်တဲ့သူအားလုံးက နိုင်ငံခြား အလုပ်သမားတွေနေထိုင်တဲ့ အလုပ်သမားတန်းလျားက ဖြစ်ပါတယ်။ မနေ့ကလည်း ကူးစက်မှု ၉၀၀ ကျော်ရှိခဲ့ပြီး စုစုပေါင်း ကူးစက်သူအရေအတွက် ၆၅၈၈ ဦး ရှိလာပါပြီ။ စင်ကာပူဟာ ဒုတယိအကြိမ်မြောက် အကြီးအကျယ်ကူးစက်မှုကို ကြုံတွေ့နေရပြီး အခုတစ်ခေါက်ကူးစက်မှုဟာ နိုင်ငံခြားသား အလုပ်သမားတန်းလျားကနေ စတင်တာဖြစ်ပါတယ်။ အာဆီယံမှာ ကူးစက်မှုအများဆုံး ဖြစ်လာပါတယ်။

    မလေးရှားတွင် ကူးစက်သူ ၅၉ ရာခိုင်နှုန်း ပျောက်ကင်း

    မလေးရှားမှာ ဒီကနေ့ ကူးစက်သူအရေအတွက် ၈၄ ဦးရှိခဲ့ပြီး၊ သေဆုံးသူ ၁ ဦး ရှိပါတယ်။ ဒါ့ကြောင် စုစုပေါင်း ကူးစက်သူ ၅၃၈၉ ဦးနဲ့ သေဆုံးသူ ၈၉ ဦး ရှိလာတာပါ။ မနေ့က ကူးစက်သူအရေအတွက်ဟာ ၅၀ ကျော်သာရှိခဲ့ပြီး ၂ လနီးပါးအတွင်း တစ်ရက်တာအနည်းဆုံးပမာဏာ ဖြစ်ပါတယ်။ ဧပြီလ ၁၆ ရက်နေ့ အင်ဒိုနီးရှားကနေ ပြန်လာတဲ့ ကျောင်းသား ၄၀ ကျော်အုပ်စုမှာ အများအပြား ကူးစက်နေတာကို ထပ်တွေ့ခဲ့ရပြီး လက်ရှိမှာ အဲဒီကျောင်းသားတွေကို သီခြားခွဲထား စောင့်ကြည့်နေပါတယ်။ ဗိုင်းရပ်စ်ပျောက်ကင်းပြီး ဆေးရုံကဆင်းသွားသူအရေအတွက်က ဒီကနေ့မှာ ၉၅ ဦး ရှိခဲ့ပြီး စုစုပေါင်း ပျောက်ကင်းသူ ၃၁၉၇ ဦး ရှိလာတာပါ။

    အင်ဒိုနီးရှားတွင် သေဆုံးသူ တရားဝင်ထုတ်ပြန်မှုထက် ၂ ဆများနိုင်

    အင်ဒိုနီးရှားမှာ ဒီကနေ့ ဗိုင်းရပ်စ်ထပ်မံကူးစက်သူအရေအတွက် ၃၂၇ ဦး ရှိပြီး စုစုပေါင်း ကူးစက်မှုအရေအတွက်က ၆၅၇၅ ခု ဖြစ်ပါတယ်။ ဒီကနေ့ သေဆုံးသူဟာ ၄၇ ဦး ရှိခဲ့ပြီး စုစုပေါင်း ၅၈၂ ဦး ရှိလာတာပါ။ တိုင်းပြည်အတွင်း အမှန်တကယ် သေဆုံးသူအရေအတွက်ဟာ တရားဝင်ထုတ်ပြန်တာထက် ၂ ဆလောက်များနိုင်တယ်လို့ အင်ဒိုနီးရှား ဆရာဝန်များအသင်းက မနေ့မှာ သတိပေးခဲ့ပါတယ်။ လက်ရှိ အင်ဒိုနီးရှားဟာ အာဆီယံမှာ ကူးစက်မှု ဒုတိယအများဆုံးဖြစ်နေပါတယ်။

    ကိုဗစ်တားမြစ်မိန့် မလိုက်နာလျှင် စစ်တပ်လွှတ်မည်ဟု ဒူတာတေး ခြိမ်းခြောက်

    အာဆီယံမှာ ကူးစက်မှု တတိယအများဆုံးဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံမှာတော့ ဒီကနေ့ ထပ်မံကူးစက်သူ ၁၇၂ ဦး ရှိခဲ့ပြီး စုစုပေါင်း ၆၂၅၉ ဦး ဖြစ်လာတာပါ။ သေဆုံးသူကတော့ ၄၀၉ ဦး ရှိနေပါတယ်။ ပြန်လည် သက်သာလာသူအရေအတွက်ကတော့ ၅၇၂ ဦး ရှိနေပါတယ်။ ဖိလစ်ပိုင်အစိုးရဟာ တိုင်းပြည်က ဒေသတစ်ချို့မှာ ရွေ့လျားသွားလာမှုကန့်သတ်မိန့် ထုတ်ပြန်ထားပြီး မလိုက်နာရင် မာရှယ်လော ထုတ်မယ်လို့ သမ္မတဒူတာတေးက အခုတစ်ပတ်အစောပိုင်းမှာ သတိပေးထားပါတယ်။

    Ref: CNA

  • အာဖရိကတွင် ၆ လအတွင်း လူသန်းချီ ကိုဗစ်ကူးနိုင်ဟု WHO သတိပေး

    အာဖရိကတွင် ၆ လအတွင်း လူသန်းချီ ကိုဗစ်ကူးနိုင်ဟု WHO သတိပေး

    ဧပြီ ၁၉၊ ၂၀၂၀
    M-Media

    -အာဖရိကတိုက်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ အရေအတွက်ဟာ ၆ လအတွင်း သန်းချီ ဖြစ်လာနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က သတိပေးလိုက်ပါတယ်။

    လက်ရှိ အာဖရိက တစ်တိုက်လုံးမှာ ကူးစက်သူ ၁၇၀၀၀ ကျော်နဲ့ သေဆုံးသူ ၉၀၀ လောက်သာ ရှိသေးတဲ့အတွက် အခြားဒေသတွေနဲ့ယှဉ်ရင် အလွန်အမင်း နည်းပါးနေတာ ဖြစ်ပါတယ်။ ဒါပေမယ့် ကမ္ဘာ့အဆင်းရဲဆုံးတိုက်ဖြစ်ပြီး ကောင်းမွန်တဲ့ ကျန်းမာရေးစနစ်တွေ မရှိတဲ့အတွက် ကူးစက်သူ အလွန်အမင်း များလာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ ရှိနေပါတယ်။

    “ဗိုင်းရပ်တွေဟာ နိုင်ငံတွေအလိုက် ဆက်လက် ကူးစက်ပြန့်နှံ့သွားမှာကို ကျွန်တော်တို့ စိုးရိမ်ပါတယ်။ ကူးစက်သူ အရေအတွက်ဟာ တစ်နေ့တစ်ခြား တိုးလာပါတယ်” လို့ WHO အာဖရိကဒေသ ဒါရိုက်တာ မက်ရှီဒီဆို မိုတီက ပြောကြားခဲ့ပါတယ်။

    လန်ဒန်မြို့ Imperial ကောလိပ်ရဲ့ ခန့်မှန်းတွက်ချက်မှုမှာတော့ အာဖရိကမှာ Covid-19 ကူးစက်မှုကို အကောင်းဆုံး တုန့်ပြန်နိုင်ရင်တောင် လူ ၃ သိန်းလောက် သေဆုံးနိုင်ခြေရှိပြီး အဆိုးဆုံးအခြေအနေမှာ လူ ၃.၃ သန်းလောက် သေဆုံးကာ သန်း ၁၂၀၀ လောက် ကူးစက်နိုင်တယ်လို့ ဆိုပါတယ်။

    အာဖရိကတိုက်အတွင်း ကူးစက်မှုအများဆုံးဖြစ်တဲ့ တောင်အာဖရိကနိုင်ငံမှာ တိုင်းပြည်ကို တံခါးပိတ်ကာ ရွေ့လျားသွားလာမှု ကန့်သတ်ထားတာကြောင့် ကူးစက်မှုအရေအတွက် ကျဆင်းနေပေမယ့် ဘာကီနာဖာဆို၊ ကွန်ဂို၊ အလ်ဂျီရီးယားတို့လို အခြား အာဖရိက နိုင်ငံတွေမှာတော့ ကူးစက်မှု၊ ပျမ်းမျှသေဆုံးမှုအရေအတွက်တွေဟာ မြင့်မားနေပါတယ်။

    Ref: Aljazeera

  • ကိုဗစ်ကန့်သတ်မိန့်ဖောက်ဖျက်၍ ဟိန္ဒူဘုရားပွဲကျင်းပသူများကို အိန္ဒိယ ဖမ်းဆီး

    ကိုဗစ်ကန့်သတ်မိန့်ဖောက်ဖျက်၍ ဟိန္ဒူဘုရားပွဲကျင်းပသူများကို အိန္ဒိယ ဖမ်းဆီး

    ဧပြီ ၁၈၊ ၂၀၂၀
    M-Media

    ဘုရားပွဲမြင်ကွင်း

    -အိန္ဒိယနိုင်ငံ အနောက်တောင်ပိုင်း ကာနာတာကာပြည်နယ်က ရွာတစ်ရွာမှာ ရွေ့လျားသွာလာမှု ကန့်သတ်မိန့်ကို ဖောက်ဖျက်ပြီး​ ဟိန္ဒူဘုရားပွဲလှည့်မှုအတွက် လူ ၅ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး တရားစွဲဆိုလိုက်ပါတယ်။

    ရီဗူရ်ရွာမှာ ဘုရားပွဲလှည့်လည်မှုကို ဧပြီလ ၁၆ ရက်နေ့က ပြုလုပ်ခဲ့တာဖြစ်ပြီး လူ ၁၀၀ ကနေ ၂၀၀ လောက်အထိ ပါဝင်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ဘုရားကျောင်း ဂေါပကအပါအဝင် ဘုရားပွဲကျင်းပသူတွေကို ဖမ်းဆီးမှုအပြင် ခွင့်ပြုချက်ပေးတဲ့ ခရိုင်တာဝန်ရှိသူတစ်ဦးနဲ့ ရဲတပ်ဖွဲ့ အရာရှိတစ်ဦးတို့ကိုလည်း အာဏာပိုင်တွေက ရာထူးကနေ ရပ်ဆိုင်းလိုက်ပါတယ်။

    ဖမ်းဆီးထားသူတွေကို ၁၈၉၇ ခု ကူးစက်ရောဂါများဆိုင်ရာ ဥပဒေ၊ တရားမဝင် လူစုမှု၊ ကူးစက်ရောဂါ ပြန့်ပွားနိုင်မှုကို လစ်လျူရှုမှုတွေနဲ့ တရားစွဲဆိုထားပါတယ်။ ရဲတပ်ဖွဲ့ကတော့ နောက်ထပ်ချိုးဖောက်တဲ့ ပုဒ်မတွေ ရှိလားဆိုတာကို ဆန်းစစ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

    ရွေ့လျားသွားလာမှု ကန့်သတ်မိန့်ကြောင့် ဘုရားပွဲမကျင်းပဖို့ ဧပြီလ ၁၄ ရက်နေ့မှာ ခရိုင်ရဲတပ်ဖွဲ့က အကြံပြုခဲ့ပေမယ့် ဘုရားကျောင်းဂေါပကတွေဟာ နားမထောင်ပဲ စီစဉ်ထားတဲ့အတိုင်း ကျင်းပခဲ့တာ ဖြစ်ပါတယ်။

    Ref: Indian Express