News @ M-Media

Category: ကြေငြာချက်

  • မသမာသူများ ပြဿနာ  ဖန်တီးလာနိုင်သည့် အခြေအနေ NLD သတိပေးကြေညာချက် ထုတ်ပြန်

    မသမာသူများ ပြဿနာ ဖန်တီးလာနိုင်သည့် အခြေအနေ NLD သတိပေးကြေညာချက် ထုတ်ပြန်

    မသမာသူများ ပြဿနာ ဖန်တီးလာနိုင်သည့် အခြေအနေ NLD သတိပေးကြေညာချက် ထုတ်ပြန်

    NLD

  • လှေစီးဒုက္ခသည်များနှင့် ပတ်သက်ပြီး NLD သဘောထားကြေညာချက် ထုတ်ပြန်

    လှေစီးဒုက္ခသည်များနှင့် ပတ်သက်ပြီး NLD သဘောထားကြေညာချက် ထုတ်ပြန်

    ဇွန် ၁ ၊ ၂၀၁၅
    M-Media
    .15MIGRANTS-WEB1-master675-v2
    လှေစီးဒုက္ခသည်များနှင့် ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ သဘောထားထုတ်ပြန်ချက်တခုကို ဒီကနေ့ နေစွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။
    ကြေငြာချက် အပြည့်အစုံမှာ အောက်ပါ အတိုင်းဖြစ်ပါတယ်။
    .
    လှေစီးဒုက္ခသည်များနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ သဘောထား
    ———————————————
    ကြေညာချက်အမှတ်-၀၁/၀၆/၂၀၁၅

    ပြီးခဲ့သောရက်သတ္တပတ်များတွင် မြန်မာ့ပင်လယ်ပြင်၌လည်းကောင်း၊ အာဆီယံနိုင်ငံအချို့၏ ပင်လယ်ပြင်၌လည်းကောင်း လှေစီး ဒုက္ခသည်များ ပါသောရေယာဉ်များကို အကြိမ်ကြိမ်ဖမ်းမိခဲ့ကြောင်း သိရှိရပါသည်။ ၎င်းတို့ကြုံတွေ့ခဲ့ရသော အစားဆင်းရဲခြင်းဒုက္ခနှင့် အနေဆင်းရဲခြင်းဒုက္ခများ အပြင် ကျန်းမာရေးချို့တဲ့မှု ဖြစ်ရပ်များကိုပါ ကြားသိခဲ့ရပါသည်။ အဆိုးရွားဆုံး အချက်မှာ အချို့သော ဒုက္ခသည်များသည် အသက်ပင်ဆုံးရှုံးခဲ့သည်အထိ အတိဒုက္ခရောက်ခဲ့ရပါသည်။
    .
    ဒုက္ခသည်များပါဝင်သော ရေယာဉ်များ ဆက်တိုက်ရှာဖွေတွေ့ရှိခဲ့ရာ စုစုပေါင်းလူဦးရေမှာ သောင်းဂဏန်းကျော်မည်ဟု ခန့်မှန်းရပါသည်။ အများစုမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဖြစ်သော်လည်း မြန်မာနိုင်ငံမှလည်း ပါဝင်သည်ဟု သတင်းများအရ သိရှိရပါသည်။ ပထမဦးစွာ လှေစီး ဒုက္ခသည်များ၏ လုံခြုံရေးနှင့် သက်တောင့် သက်သာနေနိုင်ရေး အတွက် အမြန်ဆုံးဆောင်ရွက်ပေးရန် လိုအပ်ပါသည်။ နိုင်ငံတကာ အကူအညီများ ရယူ၍ ၎င်းတို့ လတ်တလော ရင်ဆိုင်နေရသော ပြဿနာများကို ကူညီဖြေရှင်း ပေးရပါမည်။ ၎င်းတို့သည် မည်သည့်နိုင်ငံမှဖြစ်သည် ကိုလည်း သေချာစွာ စီစစ်အတည်ပြုရပါမည်။
    .
    လှေစီးဒုက္ခသည်များကိစ္စသည် ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဒေသများ တွင် လွန်ခဲ့သော သုံး၊လေးနှစ်ခန့်မှ စ၍ ဖြစ်ပေါ်ခဲ့သော ပဋိပက္ခများနှင့် ဆက်စပ်မှုရှိသည်ဟု ရှုမြင်ကြပါသည်။ တကမ္ဘာလုံးက စိုးရိမ်ပူပန်နေသော လူကုန်ကူးခြင်းပြဿနာ (Human Trafficking) ကိုလည်း ထိရောက်စွာ ကိုင်တွယ်ရပါမည်။ ဤကိစ္စနှင့်ပတ်သက်၍ နိုင်ငံတကာအသိုက်အဝန်းက ၀ိုင်းဝန်းကူညီဖြေရှင်း သင့်ပါသည်။ အချိန်ဆွဲလေ ပြဿနာကြီးလေဖြစ်မည်ကို အထူးသတိပြုကြစေလိုပါသည်။
    .
    ရခိုင်ပြည်နယ်တွင်း လူမှုရေးပဋိပက္ခများကို ဖြေရှင်းရာ၌ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပဋိပက္ခမီးများကို တောက်လောင်စေသည့် အပြောအဆို၊ အပြုအမူများ ရှောင်ကြဉ်ရေး တို့ကို အခြေခံအလေးထားရမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနှင့် လည်းကောင်း၊ အဖွဲ့ချုပ် ဥက္ကဋ္ဌအနေနှင့်လည်းကောင်း မကြာခဏ ထုတ်ဖေါ်ပြောကြား ခဲ့ပြီး ဖြစ်ပါသည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် ပြဿနာရပ်တိုင်းကို ဖြေရှင်းရာတွင် အကြမ်းမဖက်သော နိုင်ငံရေး လမ်းစဉ်ကို တစိုက်မတ်မတ် ခိုင်မာစွာ ဆွဲကိုင်ထားပါသည်။ ရေရှည်အမြင်ဖြင့် အခြေအနေကို သေချာစွာ လေ့လာဆန်းစစ်ပြီး သိမ်မွေ့စွာ ကိုင်တွယ်ရပါမည်။
    .
    ရခိုင်ပြည်နယ်ရှိ ပြဿနာများနှင့်ပတ်သက်၍ ပြောဆိုမှုများ၊ ကြေညာချက်များ အမျိုးမျိုး ထုတ်ပြန်ခဲ့ကြသော်လည်း ထိုမျှနှင့် မလုံလောက်ပါ။ ထိရောက်သောလုပ်ငန်းရပ်များကို ဘက်စုံအမြင်ဖြင့် ညင်သာစွာ ကိုင်တွယ်ဖြေရှင်းရပါမည်။
    .
    ရခိုင်ပြည်နယ်အတွင်း လူမျိုးရေးပဋိပက္ခများ ပြေငြိမ်းစေရန် လည်းကောင်း၊ လှေစီး ဒုက္ခသည်များ ထပ်မံမပေါ်ပေါက်လာစေရန် လည်းကောင်း အောက်ပါတို့ကို အလေးထားဆောင်ရွက်ရန် လိုအပ်ပါသည်။
    .
    – တရားဥပဒေစိုးမိုးရေး၊
    – နယ်စပ်လုံခြုံရေး၊
    – နယ်စပ်ဒေသနှင့် သက်ဆိုင်သော အာဏာပိုင်များ အဂတိလိုက်စားမှု ကင်းရှင်းရေး၊
    – လူသားချင်းစာနာသော အကူအညီအထောက်အပံ့များ လိုအပ်သူများထံ လျင်မြန်ပြည့်ဝစွာ ရောက်ရှိစေရေး၊
    – ဒုက္ခသည်စခန်းတွင်း နေထိုင်သူများ အမြန်ဆုံး ပြန်လည်နေရာချထားရေး၊
    – ဒေသတွင်းနေထိုင်သူများ၏ လူမှုစီးပွားအခြေအနေ ဖွံ့ဖြိုးတိုးတက်ရေး၊
    – နိုင်ငံသားဖြစ်မှုဆိုင်ရာကိစ္စရပ်များကို တရားမျှတ ပွင့်လင်းစွာ အမြန်ဆုံးဆောင်ရွက်ရေး။
    .
    လူကုန်ကူးမှုပြဿနာများ ပပျောက်သွားစေရန်လည်းကောင်း၊ ရခိုင်ပြည်နယ်တွင်း လူမှုရေးပဋိပက္ခများ ငြိမ်းအေးစေရန် လည်းကောင်း ဆောင်ရွက်ရာ၌ လူ့အခွင့်အရေး၊ ဒီမိုကရေစီ အခွင့်အရေးနှင့် ရေရှည် လိုအပ်ချက် ဖြစ်သော ငြိမ်းချမ်းစွာ အားလုံးနေထိုင်နိုင်ရေး ရည်မှန်းချက်များကို အစဉ်တစိုက် သတိပြုသွားရမည် ဖြစ်ပါသည်။ သက်ဆိုင်ရာ ဒေသတွင်း အစိုးရများ၊ နိုင်ငံတကာ အဖွဲ့အစည်းများ၊ ပြည်တွင်း အင်အားစုများအားလုံး ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပါသည်။
    .
    ဗဟိုအလုပ်အမှုဆောင်အဖွဲ့
    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

     

    NLD 1

    NLD 2

    ref: National League for Democracy FB

  • အစိုးရမှ မွတ်စလင်မ် ညီလာခံ ကျင်းပခွင့် မပြုကြောင်း ကျင်းပရေးကော်မတီ သတင်းထုတ်ပြန်

    အစိုးရမှ မွတ်စလင်မ် ညီလာခံ ကျင်းပခွင့် မပြုကြောင်း ကျင်းပရေးကော်မတီ သတင်းထုတ်ပြန်

    အစိုးရမှ မွတ်စလင်မ် ညီလာခံ ကျင်းပခွင့် မပြုကြောင်း ကျင်းပရေးကော်မတီ သတင်းထုတ်ပြန်

    Source:UMNC FB

    1 2

  • အယ်လ်ကိုင်းဒါး ကြေညာချက်ကို မြန်မာမွတ်စလင် အစည်းအရုံး (BMA) မှ ရှုံ့ချ

    အယ်လ်ကိုင်းဒါး ကြေညာချက်ကို မြန်မာမွတ်စလင် အစည်းအရုံး (BMA) မှ ရှုံ့ချ

    စက်တင်ဘာ ၅၊ ၂၀၁၄
    M-Media
    သီဟ
    BMA
    အယ်လ်ခိုင်ဒါက အိန္ဒိယကို အခြေစိုက်ပြီး မြန်မာ အပါအဝင် တောင်အာရှ ဒေသမှာ ကွန်ယက်တွေ ထူထောင်သွားမယ်လို့ ကြေညာခဲ့ ကိစ္စရပ်အပေါ်  မြန်မာမွတ်စလင် အစည်းအရုံး(BMA) မှ ရှုံ့ချတဲ့ ကြေညာချက် တစောင်ကို ထုတ်ပြန်လိုက် ပါတယ်။ ကြေညာချက် အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။

    ၁။ အယ်လ်ကိုင်းဒါး ခေါင်းဆောင် အေမန် အယ်လ် ဇဝါဟီရီ (Al-Qaeda leader Ayman al-Zawahiri)က အိန္ဒိယတွင် အယ်လ်ကိုင်းဒါး ဌာနခွဲတစ်ခု ဖွင့်လှစ်ပြီး အိန္ဒိယ၊ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ ကက်ရှမီးယားတို့တွင် အကြမ်းဖက်မှုများ လုပ်ဆောင်မည်ဖြစ်ကြောင်း မနေ့က ကြေညာလိုက်သည်ကို စိုးရိမ်ဖွယ်ရာ ကြားသိရသည်။

    ၂။ အိုင်ဆစ် (ISIS – Islamic State of Iraq and Syria) အကြမ်းဖက် အဖွဲ့သည်လည်း အစ္စလာမ် ဘုရင့်နိုင်ငံ တည်ထောင်မည်ဆိုကာ အရှေ့အလယ်ပိုင်းရှိ မွတ်စလင်များအပါအဝင် လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံတို့အပေါ် အစ္စလာမ်တရားတော်နှင့် ဆန့်ကျင်သော အကြမ်းဖက်လုပ်ရပ်များကို လူမဆန်စွာ ကျူးလွန်လျက်ရှိသည်။

    ၃။ မြန်မာပြည် တည်ငြိမ်တိုးတက်ရေး၊ ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံ တည်ဆောက်ရေးတို့ကို မလိုလားသော အဖျက်အမှောင့် အင်အားစုများ၏ သွေးထိုးလှုံ့ဆော်မှုများကြောင့် ယခုအခိုက်အတန့်ကာလတွင် ပြည်ထောင်စုသား မွတ်စလင်များအပေါ် အထင်လွဲ မုန်းတီးမှုများ၊ အကြမ်းဖက်မှုများ ဖြစ်ပေါ်နေသော်လည်း မိမိတို့၏ ပြည်တွင်းရေး၊ မိသားစုရေး ပြသနာများကို မိမိတို့နိုင်ငံသားချင်း ချည်ကြည်ရင်းနှီးစွာ ညှိနှိုင်းအဖြေရှာခြင်းနည်းလမ်း တစ်ခုတည်းသာရှိသည်ဟု မြန်မာမွတ်စလင် အစည်းအရုံးက လေးနက်စွာ ယုံကြည်သည်။

    ၄။ မုန်းတီးမှု၊ နှိမ့်ချစော်ကားမှု၊ အကြမ်းဖက်တိုက်ခိုက်မှုများသည် မြန်မာ့သမိုင်းတွင် မကြုံဖူးလောက်အောင် ပြင်းထန် ရှည်ကြာနေသော်လည်း မြန်မာမွတ်စလင် လူ့အဖွဲ့အစည်း အထူးသဖြင့် မြန်မာမွတ်စလင် လူငယ်များသည် အကြမ်းဖက် လက်တုန့်ပြန်ခြင်း နည်းလမ်းများကို ရှောင်ရှားလျှက် မြန်မာ့လူ့အဖွဲ့အစည်းအတွင်း အထင်အမြင်လွဲမှားမှုများ ပြေပျောက်လာသည်အထိ စိတ်ရှည်သည်းခံစွာ ကြိုးပမ်းနေကြသည်ကိုလည်း သမိုင်းမော်ကွန်း တင်အပ်သည်။

    ၅။ နိုင်ငံတကာ အကြမ်းဖက်အဖွဲ့အစည်းများ၏ ပြည်တွင်းရေး စွက်ဖက်မှု၊ နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ထိပါးမှု၊ အကြမ်းဖက်မှုများနှင့် အကြမ်းဖက် အတွေးအခေါ် မှန်သမျှကို ပြည်ထောင်စုသား မွတ်စလင်များသည် လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ မြန်မာတိုင်းရင်းသားပြည်သူများနှင့် ခိုင်မြဲစွာလက်တွဲ၍ ပြတ်ပြတ် သားသား ဆန့်ကျင်သွားမည်ဖြစ်၏။

    ၆။ လူမျိုးရေး၊ ဘာသာရေး မတူကွဲပြားမှုကို အကြောင်းခံပြီး မုန်းတီးရေး၊ အကြမ်းဖက်ရေးတို့အတွက် သွေးထိုး လှုံ့ဆော်နေသော အယ်လ်ကိုင်းဒါး၊ အိုင်ဆစ်အပါအဝင် ပြည်ပ၊ ပြည်တွင်း အဖွဲ့အစည်းများနှင့် ဦးဆောင်သူများကို မြန်မာ မွတ်စလင် အစည်းအရုံးကြီးက ပြင်းထန်စွာ ရှုံ့ချလိုက်သည်။

    မြန်မာမွတ်စလင်အစည်းအရုံး
    စက်တင်္ဘာ (၄) ၂၀၁၄
    Media Contact; –

    ကိုကျော်စွာ         +44 782 842 6801(UK)      [email protected];
    ကိုမျိုးဝင်း           +95 950 70304 (မြန်မာ)     [email protected];
    ကိုကျော်ဝင်း     +44-740-345-2378(UK)     [email protected];
    ဒေါ်မော်လီ         +1 416 516 7383 (Canada)     [email protected];
    Ma Yasmin     +1 408 250 6227(USA)     [email protected];