News @ M-Media
Category: ဆောင်းပါး
  • ISIL ထက်ပိုပြီး ဆိုးရွား ရက်စက်တဲ့ မက္ကဆီကန် မူးယစ်ရာဇာများ
    ISIL ထက်ပိုပြီး ဆိုးရွား ရက်စက်တဲ့ မက္ကဆီကန် မူးယစ်ရာဇာများ
    အောက်တိုဘာ ၂၆ ၊ ၂၀၁၄
    M-Media
    headlineImage.adapt.1460.high.1413922766181
    – ISIL အဖွဲ့၏ ဆိုးရွားသော သောင်းကျန်းမှုများက ကမ္ဘာတစ်ဝှမ်းလုံး၏ စိတ်ဝင်စားမှုကို ဖမ်းစားနိုင်ခဲ့သည်။ အနောက်နိုင်ငံများမှ သတင်းကြေညာသူတွေကလည်း ISIL ၏ ရာဇ၀တ်မှုတွေကို ပြိုင်စံရှားရာဇ၀တ်မှု၊ ယဉ်ကျေးသော ကမ္ဘာကြီး၏ မည်သည့်နေရာတွင်မှ မဖြစ်ဖူးခဲ့သော ရာဇ၀တ်မှုများအဖြစ် ဇောင်းပေးပြောကြလေသည်။ ထိုမျှမက ဒီအုပ်စု၏ ရိုင်းစိုင်းမှုမှာ အစ္စလာမ်ကြောင့် သန္ဓေတည်ပေါက်ဖွားလာသလို သူတို့က ဆိုကြသည်။ မွတ်စလင်ကမ္ဘာအပါ် အရင်ကတည်းက ရှိခဲ့သော အမြင်များပင်ဖြစ်၏။ ထိုသို့ ဥာဏ်မဲ့သော ပြောဆိုချက်များမှာ အသက်ရှူမှားလောက်စရာပင် ဖြစ်လေသည်။
    အခြားသော အဖွဲ့အစည်းများရှိပြီး ၎င်းတို့၏ ယုတ်မာမှု၊ အမေရိကန်ကို ခြိမ်းခြောက်မှုများမှာ ISIL ထက်ပိုမိုနေပမယ့် မည်သူကမှ ISIL အပေါ် ခံပြင်းဒေါသထွက်သကဲ့သို့၊  တုန်လှုပ်ခြောက်ခြားသကဲ့သို့ မဖြစ်ကြ။ ဒါက “အမေရိကန်တွေဟာ အဓိကအားဖြင့် ISIL ရဲ့ ရက်စက်ယုတ်မာမှုကို စိုးရိမ်တာလား ဒါမှမဟုတ် ဒီရာဇ၀တ်မှုတွေကို မွတ်စလင်တွေက ကျူးလွန်တဲ့အတွက် စိုးရိမ်တာလား?” ဆိုသော မေးခွန်းတွေကို မြင့်တက်စေခဲ့လေသည်။
    ဥပမာအားဖြင့် အမေရိကန်မီဒီယာများနှင့် အစိုးရအရာရှိတစ်ချို့ကတောင်မှ ISIL ၏ အရှေ့အလယ်ပိုင်းနှင့် အမေရိကန်အား ခြိမ်းခြောက်မှုနှင့် ပတ်သက်၍တစ်ဖက်စွန်းရောက်အောင် ချဲ့ကားပြောဆိုကြသည်။ သို့ရာတွင် အမေရိကန်အများစုမှာ မက္ကဆီကိုမှ မူးယစ်ရာဇာများ ကျူးလွန်ခဲ့သော ရက်စက်ယုတ်မာမှု တစ်ပုံတစ်ပင်ကို သတိမပြုမိကြ။ ထို မူးယစ်ရာဇာများ အမေရိကန်အား ခြိမ်းခြောက်နေမှုတွေကိုလည်း မသိရှိကြပေ။
    ကုလသမဂ္ဂမှ မကြာသေးမီက ထုတ်ပြန်ခဲ့သော အစီရင်ခံစာတွင် ၂၀၁၄ ခုနှစ်အတွင်း အီရတ်၌ သေဆုံးခဲ့သူ အရပ်သားအရေအတွက်မှာ ၉၀၀၀ နီးပါးရှိပြီး ဒဏ်ရာရသူမှာ ၁၇၃၈၆ ဦး ရှိသည်ဟု ဖော်ပြခဲ့သည်။ သေဆုံးဒဏ်ရာရသူများထဲမှ ထက်ဝက်ကျော်မှာ ISIL အဖွဲ့ အီရတ်မြောက်ပိုင်း နယ်မြေအချို့ကို သိမ်းပိုက်ပြီးခဲ့သည့် ဇွန်လနောက်ပိုင်းတွင် သေဆုံး ဒဏ်ရာရခဲ့ခြင်း ဖြစ်သည်ဟု ဖော်ပြထားလေသည်။  ဆီးရီးယား၌ လူထောင်ပေါင်းများစွာ သေဆုံးခဲ့မှုအတွက်လည်း ဒီအဖွဲ့ကပင် တာဝန်ရှိသည်ဟု ဆိုသည်။ တိတိကျကျဆိုရလျှင် ထိုအရေအတွက်မှာ သေချာမှုမရှိသေး။
    သို့ရာတွင် ၂၀၁၃ ခုနှစ်အတွင်း မက္ကဆီကိုတစ်နိုင်ငံတည်းမှာပင် မူးယစ်ဂိုဏ်းများ သတ်ခဲ့သော လူအရေအတွက်မှာ ၁၆၀၀၀ ကျော်ရှိပြီး၊ ၂၀၀၆ မှ ၂၀၁၂ ခုနှစ်အတွင်း ၎င်းတို့ သတ်ခဲ့သည့် အရေအတွက်ကတော့ ၆၀၀၀၀ လောက်ရှိသည် ဆို၏။ ထိုပမာဏအရ လွန်ခဲ့သော ၇ နှစ်တာကလအတွင်း မက္ကဆီကိုမူးယစ်ဂိုဏ်းများမှာ နာရီဝက်တိုင်း လူတစ်ယောက်နှင့် အထက်ကို သတ်ခဲ့သည်ဟု ယူဆနိုင်သည်။ ပို၍ဆိုးသည်က ထိုအရေအတွက်မှာ မက္ကဆီကိုအစိုးရက ခန့်မှန်းတွက်ချက်ထားသော ပမာဏသာဖြစ်ပြီး လက်တွေ့ သေဆုံးမှုအရေအတွက်ထက် ၅၀ ရာခိုင်နှုန်းလောက် လျော့နည်းနေသည်ဟူ၏။
    ကိန်းဂဏန်းအချက်အလက် တစ်ခုတည်းက မူးယစ်ဂိုဏ်းများ၏ ယုတ်မာမှုနဲ့ ခြိမ်းခြောက်မှုများကို သိရှိစေနိုင်မည် မဟုတ်။ ၎င်းတို့အနေဖြင့် နှစ်စဉ် လူရာချီကို ခေါင်းဖြတ်သတ်ခြင်း၊ ခန္ဓာကိုယ်အစိတ်အပိုင်းများအား ဖြတ်တောက်ပစ်ခြင်းကိုလည်း ဆောင်ရွက်ကြသေးသည်။ ထို့ပြင် ၎င်းတို့သတ်လိုက်သူများ၏ အလောင်းများအား တစ်စစီဖြစ်အောင် ဖြတ်တောက်ရာတွင်လည်း ထိုမူးယစ်ဂိုးဏ်များက ကျော်ကြားပြီး၊ ပြည်သူများအနေဖြင့် ၎င်းတို့အား မလွန်ဆန်နိုင်စေရန် သတ်ဖြတ်ထားသူများ၏ ခန္ဓာကိုယ်အစိတ်အပိုင်းများအား တောင်လိုပုံကာ ပြသတာမျိုးတွေလည်း လုပ်လေသည်။ ၎င်းတို့၏ ပုံမှန်ပစ်မှတ်ကတော့ အမျိုးသမီးများနှင့် ကလေးများဖြစ်ကြသည်။ ထို့ပြင် ထိုမူးယစ်ဂိုဏ်းများမှာ ၎င်းတို့၏ ရက်စက်ကြမ်းကြုတ်သော ရာဇ၀တ်မှုများကို ထင်ထင်ရှားရှားပြသရန်အတွက် ISIL ကဲ့သို့ ဆိုရှယ်မီဒီယာများကိုလည်း အသုံးပြုကြလေသည်။
    ၎င်းတို့မှာ ကလေးစစ်သားများကိုလည်း စုဆောင်းကြသည်။ အသက် ၁၁ နှစ် အရွယ်သာရှိသော ကလေးများအား လူသတ်သမားများအဖြစ် ပုံသွင်းကြပြီး မက္ကဆီကို စစ်တပ်နှင့် တိုက်ခိုက်ရာတွင် အသေခံရန် လွှတ်ကြလေသည်။ နိုင်ငံရပ်ခြားသို့ မူးယစ်ဆေးဝါး မှောင်ခိုကူးသည့်နေရာတွင် သုံးရန်၊ ဒါမှမဟုတ် ပြည့်တန်ဆာများအဖြစ် အသုံးချရန်အတွက်လည်း ထိုမူးယစ်ဂိုဏ်းများက ကလေးရာပေါင်းများစွာကို နှစ်စဉ် ပြန်ပေးဆွဲကြသည်။ ထို့ပြင် ကလေးများကိုသတ်ပြီး ကိုယ်လက်အင်္ဂါအစိတ်အပိုင်းများအား မှောင်ခိုဈေးကွက်တွင် ရောင်းချတာမျိုးတွေအထိ လုပ်ကြလေသည်။
    ထိုလုပ်ရပ်များအား နှိမ်နင်းရန် တိုက်တွန်းဆော်သြကြသူများမှာ အသတ်ခံကြရသည်။ မက္ကဆီကိုမှ မူးယစ်ဂိုဏ်းများ၏ ရက်စက်ယုတ်မာမှုများကို နှိမ်နင်းရန် ဆန္ဒပြခဲ့ကြသည့် အီဂွာလာမြို့ ပညာရေးတက္ကသိုလ်တစ်ခုမှ ကျောင်းသား ၄၃ ယောက်ကို ပြီးခဲ့သည့် စက်တင်ဘာလက ဒေသခံရတပ်ဖွဲ့၏ အကူအညီနှင့်အတူ မူးယစ်ရာဇာများက ပြန်ပေးဆွဲခဲ့သည်။
    ပြန်ပေးဆွဲခံရသော ကျောင်းသားများကို ရှာဖွေရာတွင်တော့ ခန္ဓာကိုယ် အစိတ်အပိုင်းများအား တစ်စစီဖြတ်တောက်ပြီး မီးရှို့ကာ မြှုပ်နှံထားသည့် နေရာများ ကိုသာ တွေ့ခဲ့ရလေ၏။ ခန္ဓာကိုယ်အစိတ်အပိုင်းများဟာ ဆိုးဆိုးရွားရွား ပျက်ဆီးနေတာကြောင့် ပျောက်ဆုံးသွားသော ကျောင်းသားများ၏ ရုပ်ကြွင်းတွေလား ဆိုသည်ကိုပင် အတည်မပြုနိုင်တော့။
     ISIL ၏ ခေါင်းဖြတ်သတ်မှု အတွက် ယမ်းပုံမီးကျဖြစ်ခြင်းအား သံသယဖြစ်စရာမရှိ။ မူးယစ်ဂိုဏ်းများက ဖမ်းဆီးရမိသူများအား နှိပ်စက်သည်။ ခန္ဓာကိုယ်ကို တစ်စစီဖြတ်တောက်ပစ်သည်။ ထို့နောက် ချက်ပြုတ်သည်။ ကိုယ်တိုင်စားခြင်း ဒါမှမဟုတ် ခွေးကိုကျွေးခြင်းလည်း ဖြစ်နိုင်လေ၏။
    အစ္စလာမ့်မစ် စစ်သွေးကြွများက ဂျာနယ်လစ် လက်တစ်ဆုပ်စာကို သတ်နေချိန်တွင် မက္ကဆီကို မူးယစ်ဂိုဏ်းများက ၎င်းတို့၏ လုပ်ရပ်များ၊ မက္ကဆီကို အစိုးရ အရာရှိများနှင့် ပေါင်းစားမှုများကို ဖော်ပြခဲ့သော ဂျာနယ်လစ်များအား ၂၀၀၆ ခုနှစ်မှစ၍ သတ်လာခဲ့သည်မှာ ၅၇ ယောက်တောင်ရှိခဲ့ချေပြီ။ မက္ကဆီကို မီဒီယာတော်တော်များများကတော့ ခြောက်လှန့်မှုများ၊ လာဘ်ထိုးမှုတွေကြောင့် ထိုအကြောင်းနှင့်ပတ်သက်၍ သိသိသာသာပင် နှုတ်ဆိတ်နေခဲ့ကြသည်။
    ဒါတွင်မကသေး။ ထိုကဲ့သို့ ဆင်ဆာပိတ်ထားသော ရက်စက်ယုတ်မှာမှုများမှာ ပရော်ဖက်ရှင်နယ် မီဒီယာများ၏အလွန်ကို ရောက်ရှိလာပြီး အင်တာနက်တွင် ၎င်းတို့အကြောင်း ဝေဖန်သော သာမန်လူများကိုတောင်မှ မူးယစ်ဂိုဏ်းများက အလွတ်မပေးပဲ ရှာဖွေဖမ်းဆီးကာ သတ်ပစ်တာမျိုးတွေ လုပ်သည်။ အများပြည်သူများ မြင်စေရန် မြို့တွင်းရှိ ရင်ပြင်များတွင် ကိုယ်လုံးတီး အလောင်းများ၊ ဖြတ်တောက်ထားသော ခန္ဓာကိုယ်အစိတ်အပိုင်းများအား ကြိုးချည်ပြသတာမျိုးတွေ အထိ လုပ်လာကြလေသည်။
    သို့ရာတွင် ဆမ်ဟားရစ်လို ပညာတတ် လူတန်းစားများက မူးယစ်ဂိုဏ်းများ ဂျာနယ်လစ် ဒါဇင်ပေါင်းများစွာကို သတ်ပစ်ခြင်း၊ မီဒီယာများနှင့်ပေါင်းထားခြင်း စတာတွေထက် မုန်းတီးရေး လုပ်ရပ်များအား တုန့်ပြန်သော မွတ်စလင်များ၏ ဆန္ဒပြမှုများကို ပိုပြီး ယမ်းပုံမီးကျ ဖြစ်နေကြလေ၏။
    ISIL က ယာဇီဒီ အမျိုးသမီး ၁၅၀၀ ခန့်ကို ဖမ်း၍ လိင်ပိုင်းဆိုင်ရာစော်ကားမှု၊ ကျွန်အဖြစ်အသုံးချမှုများ အတွက် အနောက်တိုင်း နိုင်ငံရေးနယ်ပယ်မှသူများမှာ မကျေနိုင်မချမ်းနိုင် ဖြစ်ကြသည်။ မူးယစ်ဂိုဏ်းများ၏ အမျိုးသမီးများအား ဖမ်းဆီးမှု၊ မှောင်ခို ကုန်ကူးမှုများကတော့ ISIL ၏ ရာဇ၀တ်မှုများကိုပင် သေးနုပ် သွားစေလေသည်။
    မူးယစ်ဂိုဏ်းများမှာ ထောင်ပေါင်းများစွာသော မက္ကဆီကိုနိုင်ငံသားများအား ၎င်းတို့၏ များပြားသော အသင်းအများအတွက် ကျွန်အဖြစ် အသုံးချကြသည်။ ထို့ပြင် မုဒိမ်းကျင့်ခြင်းကိုလည်း စစ်ပွဲ၏ လက်နက်အဖြစ် စနစ်တကျပင် အသုံးချကြလေ၏။
    အမေရိကန်နိုင်ငံသားများအပေါ် ISIL ၏ တိုက်ခိုက်မှုများကို အမေရိကန်မီဒီယာများက စန်းတင်ဖော်ပြကြသည်။ ယခုနှစ်နွေရာသီတွင် ISIL မှာ အမေရိကန်နှစ်ဦးအား ခေါင်းဖြတ် သတ်ပြခဲ့ပြီး နောက်တစ်ဦးကိုလည်း ထိုကဲ့သို့ သတ်ပစ်မည်ဟု ခြိမ်းခြောက်ထားသည်။ ထို့အပြင် အမေရိကန် မရိန်းစစ်သားတစ်ဦးမှာ ထိုအဖွဲ့အား ခုခံရင်း သေရရှာသည်။
    အခြားတစ်ဖက်မှာတော့ ၂၀၀၇ ခုနှစ်မှ ၂၀၁၀ ခုနှစ်အတွင်း မက္ကဆီကိုမူးယစ်ဂိုဏ်းများမှာ အမေရိကန်နိုင်ငံသား ၂၉၃ ယောက်ကို သတ်ပစ်ခဲ့သည်။ ထို့ပြင် မက္ကဆီကိုရှိ အမေရိကန် ကောင်စစ်ဝန်ရုံးကိုလည်း တိုက်ခိုက်ခဲ့လေသည်။ ISIL ၏ ခေါင်းဖြတ်သတ်မှု အတွက် ယမ်းပုံမီးကျဖြစ်ခြင်းအား သံသယဖြစ်စရာမရှိ။ မူးယစ်ဂိုဏ်းများက ဖမ်းဆီးရမိသူများအား နှိပ်စက်သည်။ ခန္ဓာကိုယ်ကို တစ်စစီဖြတ်တောက်ပစ်သည်။ ထို့နောက် ချက်ပြုတ်သည်။ ကိုယ်တိုင်စားခြင်း ဒါမှမဟုတ် ခွေးကိုကျွေးခြင်းလည်း ဖြစ်နိုင်လေ၏။
    မူးယစ်ဂိုဏ်းများ၏ ရက်စက်ကြမ်းကြုတ်မှုများမှာ မက္ကဆီကိုနယ်နမိတ်ကိုပါ ကျော်လွန်လာသည်။ ၂၀၀၆ ခုနှစ်မှ ၂၀၁၀ ခုနှစ်အတွင်း အမေရိကန်တွင် မူးယစ်ဂိုဏ်းများ၏ အကြမ်းဖက်မှုများကြောင့် အမေရိကန်ပြည်သူ ၅၇၀၀ သေဆုံးခဲ့ရသည်။ ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ တိုက်ခိုက်မှုတွင် အမေရိကန်နိုင်ငံသား ၂၃၄၉ ဦး သေဆုံးခဲ့သည်။ အမေရိကန်တို့၏ ကျူးကျော်စစ်အတွင်း အာဖဂန်၌ အမေရိကန်နိုင်ငံသား ၂၃၄၉ ဦးနှင့် အီရတ်၌ အမေရိကန်နိုင်ငံသား ၄၄၈၇ ဦး သေဆုံးခဲ့သည်။ လေးနှစ်အတွင်း မူးယစ်ဂိုဏ်းများကြောင့် စက်တင်ဘာ ၁၁ နှင့် အီရတ်၊ အာဖဂန် စစ်ပွဲများအတွင်း သေဆုံးသူများထက်ပိုသော အမေရိကန်နိုင်ငံသားများ သေဆုံးခဲ့ရလေသည်။
    ISIL က အမေရိကန်၏ အကျိုးစီးပွားနှင့် အမျိုးသား လုံခြုံရေးကို ဆိုးဆိုးရွားရွား ခြိမ်းခြောက်နေသည်ဟု အိုဘားမားအစိုးရက ကျွေးကျော်ခဲ့သည်။ သို့သော်လည်း ထိုစစ်သွေးကြွများမှာ အမေရိကန်က ၎င်းတို့အား ပစ်မှတ်ထားတိုက်ခိုက်နေသည့် တိုင်အောင် အီရတ်နှင့် ဆီးရီးယားတို့တွင် နယ်မြေများ သိမ်းပိုက်ရေးတွက်သာ စိတ်ဝင်စားနေ၏။ ယခုအချိန်တွင် အမေရိကန်အား ပစ်မှတ်ထား တိုက်ခိုက်မှုများပြုလုပ်ရန် ဆော်သြနေသော်လည်း ISIL နှင့်ပတ်သက်သည်ဟု ဖမ်းဆီးရမိသူများမှာ နိုင်ငံအတွင်း တိုက်ခိုက်မှုများကို ဆောင်ရွက်ရန်ထက် နိုင်ငံခြားသို့ သွားရောက်ပူးပေါင်းရန် ကြိုးစားကြသူများသာ ဖြစ်လေ၏။ ISIL မှာ ဖမ်းဆီးထားသော အမေရိကန် ဓားစားခံများကို လူသိရှင်ကြား သတ်ပြကာ အမေရိကန်စစ်တပ်ကို စိတ်ခြောက်ခြားအောင်လုပ်ရန်သာ ၎င်းတို့၏ အဓိကပစ်မှတ်ဖြစ်လေသည်။
    တစ်ကယ်တော့ အမေရိကန် ထောက်လှမ်းရေး အရာရှိများကပင် ISIL မှာ အမေရိကန်မြေအတွက် သိသာသောခြိမ်းခြောက်မှု မရှိဟု ၀န်ခံခဲ့လေသည်။ သို့သော်လည်း မူးယစ်ဂိုဏ်းများနှင့် ပတ်သက်၍တော့ ၎င်းတို့ မပြောနိုင်ကြ။
    မူးယစ်ဂိုဏ်းများမှာ အမေရိကန်နိုင်ငံသား ၃၀၀၀ အားစုဆောင်းထားပြီး အမေရိကန် စစ်သားများ၊ ဥပေဒေရေးရာဝန်ထန်းများ၊ အရာရှိများအပါအ၀င် အမေရိကန်နိုင်ငံသား အများအပြားကိုလည်း ဆက်လက်စုဆောင်းနေ၏။ အမေရိကန်တွင် ရှုပ်ထွေးအားကောင်းသည့် မူးယစ်ဖောင်ဒေးရှင်းများကိုလည်း တိုးမြှင့်ဖွဲ့စည်းနေပြီး အမေရိကန်ရှိ တရားမ၀င် မူးယစ်ဆေး ကုန်သွယ်လုပ်ငန်း၏ ၈၀ ရာခိုင်နှုန်းကို မက္ကဆီကိုရှိ မူးယစ်ရာဇာများက ထိန်းချုပ် ထားလေသည်။ ၎င်းတို့၏ အရေးပါသော အေးဂျင့်များမှာ အမေရိကန်ရှိ မြို့ပြဒေသ အားလုံးလိုလိုတွင် ရှိ၏။ ISIL အနေဖြင့် အမေရိကန်နိုင်ငံ အတွင်း ထိုအဆင့်အထိ ၀င်ရောက်နိုင်သည်ဟု တိတိကျကျဖော်ပြနိုင်ခြင်းမျိုး မရှိပေ။
    ဘာ့ကြောင့်လဲ?
    အမေရိကန်၏ ISIL ဆန့်ကျင်ရေးက ၎င်းတို့၏ ရက်စက်ကြမ်းကြုတ်မှုများနှင့် အမေရိကန်ကို ခြိမ်းခြောက်နိုင်မှုတို့ အတွက်ကြောင့် မဟုတ်သည်မှာ ရှင်းနေသည်။ အကယ်၍ ဤအကြောင်း အရင်းများကသာ ISIL ဆန့်ကျင်ရေးအတွက် အဓိကဖြစ်နေလျှင် အမေရိကန်ပြည်သူများ အနေဖြင့် မူးယစ်ဂိုဏ်းများအား ပို၍ကြောက်ကြပေမည်။ မက္ကဆီကိုရှိ Sinaloa မူးယစ်ဂိုဏ်းအား သုတ်သင်ပစ်ရန်နိုင်ငံ ၅၀ ခန့်ကို စည်းရုံးလှုံ့ဆော်ခြင်းထက် အမေရိကန်အနေဖြင့် ထိုမူးယစ်ဂိုဏ်းအား ကာကွယ်ခြင်း၊ ၎င်းတို့၏ ပြိုင်ဘက်များကို ချေမှုန်းကာ ကူညီပေးခြင်း သို့တည်းမဟုတ် အမေရိကန်အတွင်းသို့ မူးယစ်ဆေးများ သွင်းခွင့်ပေးခြင်းတို့ကို သာလျှင် ဆောင်ရွက်ပေလိ့မ်မည်။
    မတူညီမှုများ ရှိလင့်ကစား ISIL အဖွဲ့မှာ နိုင်ငံတကာတွင် ဥပဒေနှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေသော အယူအဆတစ်ခုတွင် စုစည်းထားပြီး၊  မက္ကဆီကိုရှိ မူးယစ်ဂိုဏ်းများမှာ ငွေးကြေးရယူလိုမှုတစ်ခုတည်းအတွက် ဦးစားပေးထားသောကြောင့် မူးယစ်ဂိုဏ်းများမှာ ISIL ထက် ခြိမ်းခြောက်မှု နည်းပါးသည်ဟု အချို့က စောဒကတက်ကောင်းတက်ကြမည်။ သို့သော် ထိုယူဆက်ချက်မှာ မမှန်ပေ။
    မူးယစ်ဂိုဏ်းများမှာ အကြမ်းဖက်မှုကို ၎င်းတို့ အယူဝါဒ အစိတ်အပိုင်းတစ်ခုအဖြစ် ကျူးလွန်ခဲ့ကြခြင်း ဖြစ်လေ၏။ ထိုအယူဝါဒမှာ မရဏကိုးကွယ်မှုအပေါ် ဦးတည်ထားပြီး အလွန် ပညာရပ်ဆန်သည်။ မူးယစ်ဂိုဏ်းများမှာ ၎င်းတို့အယူဝါဒ တည်တံ့ခိုင်မြဲစေရန် မက္ကဆီကိုတစ်ဝှမ်းတွင် ဘုရားကျောင်းများတည်ဆောက်ကာ ထောက်ပံ့ပေးသည်။
    Knights Templar ဟု အမည်ရသည့် မူးယစ်ဂိုဏ်းတစ်ခုမှာမူ ၎င်းတို့၏ ခေါင်းဆောင် သေဆုံး သွားခြင်းနှင့် ပြန်လည် ၀င်စားခြင်းကိုပင် ဂုဏ်ယူပြောဆိုကြ၏။ မူးယစ်ဂိုဏ်းသား တစ်ဦးဦး သေဆုံးသွားသည့် အခါ ခမ်းနားသော သင်္ချိုင်းအုတ်ဂူဖြင့် သင်္ဂြိုဟ်ကြသည်။ အာဇာနည်များ အဖြစ် သတ်မှတ်ပြီး လူကြိုက်များသော သီချင်းများကို အမှတ်တရ သီဆိုပေးကြသည်။ ၎င်းတို့၏ ရက်စက်ကြမ်းကြုတ်များ အတွင်း အမြတ်ထွက်ခဲ့သည်များကို ဂုဏ်ပြုပြောဆိုကြလေသည်။
    ၎င်းတို့အဖွဲ့ဝင်အများစုမှာ ထိုအာဇာနည်များအား လက်တင် အမေရိကကို အမြတ်ထုတ်နေသော နိုင်ငံတကာ ဥပဒေကို ခုခံရင်း၊ ထိုဥပဒေကို အသုံးပြုသော တာဝန်မဲ့သည့် အစိုးရအား တိုက်ခိုက်ရင်း သေဆုံးသွားသည့် သူရဲကောင်းများ အဖြစ် ရှုမြင်ကြသည်။ မူးယစ်ဂိုဏ်းများမှာ ၎င်းတို့၏ အခန်းကဏ္ဍကို တိုင်းပြည်အား အုပ်ချုပ်မှုအတွင်း အစိုးရ၏ ကျရှုံးမှုအတွက် ပြန်လည် ဖာထေးပေးသူများအဖြစ် ရှုမြင်ကြလေသည်။
    ခရစ်ယာန် ကက်သလစ်ဝါဒမှ ဆင်းသက်လာသည့် မူးယစ်ဂိုဏ်းများ၏ ကျမ်းစာမှာ အမေရိကန်နှင့် အမေရိကအလယ်ပိုင်းတွင် လျင်လျင်မြန်မြန်ပင် ဖောက်ထွင်း ၀င်ရောက်လာသည်။
    ကံမကောင်းအကြောင်းမလှစွာပင် အမေရိကန်ပြည်သူများက အစ္စလာမ်သာသနာအား မှိုးချိုးမြှစ်ချိုးပြောနေပြီး အမေရိကန်အစိုးရကလည်း နိုင်ငံရပ်ခြားတွင် အာရပ်နှင့် မွတ်စလင်များကို သတ်နေသောကြာင့် မူးယစ်ဂိုဏ်းများ၏ အလွန့်အလွန်ဆိုးရွားသည့် အဆိုပါ ခြိမ်းခြောက်မှုများအား ထိထိရောက်ရောက်တုံ့ပြန်ရန် စီမံနိုင်ခြင်းမရှိ။ သေချာတာ တစ်ခုကတော့ ISIL အား အမေရိကန်က စိတ်စွဲနေခြင်းမှာ အခြားသော လက်တွေ့ကျသည့် အခြေခံအကြောင်းအရာများထက် အစ္စလာမ်ကြောက်ရောဂါကြောင့်ပင် ဖြစ်နေပေတော့သည်။
    (ဤဆောင်းပါးရေးသူ Musa al-Gharbi မှာ အရီဇိုးနားတက္ကသိုလ် အစိုးရနှင့် ပြည်သူ့ဝန်ဆောင်မှုဌာနမှ ညွှန်ကြားရေးမှူးတစ်ဦးဖြစ်သည်။ )
    America Aljazeera မှတွင် ဖော်ပြခဲ့သည် Mexican drug cartels are worse than ISIL ဆောင်းပါးကို  လေးမောင် (M-Media) မှ ဆီလျော်အောင်ဘာသာပြန်ဆိုသည်။
  • ဖြူစင်ဖို့ထက် သန့်စင်ဖို့လိုပါသည်
    ဖြူစင်ဖို့ထက် သန့်စင်ဖို့လိုပါသည်
    အောက်တိုဘာ ၂၄ ၊ ၂၀၁၄
    M-Media
    သက်ဝေနှင်း ရေးသည်။
    mellor-belle-clean_mind
    စကြ၀ဠာ၊ ကမ္ဘာ၊ လူနှင့် လူတို့နေထိုင်ရာ ပတ်ဝန်းကျင် သက်ရှိသက်မဲ့တို့ ကျင်လည်ရာလောက၊ သဘာဝတရားများနှင့် တီထွင်ဖန်တီးမှု နယ်ပယ်စသည် စသည်တို့သည် ဆက်စပ်တည်ရှိနေသော ဂေဟနယ်ပယ်များပင် ဖြစ်၏။
    ကမ္ဘာမြေပေါ်တွင် သက်ရှိများနေထိုင်ကြသည်။ သက်ရှိများဆိုရာတွင် လူ၊ တိရစ္ဆာန်နှင့် သစ်ပင်များသာဖြစ်ကြပြီး ကျန်သည့်အရာများအားလုံးသည် သက်ရှိ လူသားများမှ ဖန်တီးထားခဲ့ကြသော ရုပ်ဝတ္တုပစ္စည်းများပင် မဟုတ်ပါလား။
    ယနေ့ သတ္တကမ္ဘာမြေပြင်တွင် လူသားများသည် အသိဉာဏ်ပညာ အကြီးမားဆုံးဖြစ်သည်မို့ တစ်နေ့ထက်တစ်နေ့ နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုများ ပိုမိုများပြားလာခဲ့ပေပြီ။ ထို့အပြင် လူသားသည် ဖန်တီး တီထွင်နိုင်မှုစွမ်းအားမြင့်မားခြင်း၊ အမှားအမှန် အဆိုးအကောင်းတို့ကို ပိုင်းဖြတ်ခွဲခြားနိုင်ခြင်းစသည့် အသိများ သတိများရှိကြပေသည်။ လူသားများသည် အသက်ရှင်နေထိုင် ရပ်တည်ရာ ဤကမ္ဘာမြပြင်ကြီးကို လေ့လာကြည့်မည်ဆိုပါက လူသားတို့၏ မျက်စိဖြင့် တွေ့မြင်နေရသော အရာများဖြစ်သည်။ (လူတို့ဖန်တီးထားသော) သဘာဝအလျောက်တည်ရှိမှုများ သဘာဝအလျောက် ဖြစ်ရှိနေမှုများတွင် မည်သည့်အရာမှ ညီမျှနေခြင်း တစ်ညီထဲ တစ်တန်းတစ်စားတည်း ဖြစ်နေခြင်းများ မရှိသည်ကို တွေ့မြင်နိုင်ပါသည်။ ဥပမာအားဖြင့်ဆိုရလျှင် တောင်ကုန်းတောင်တန်းများသည် အနိမ့်အမြင့်များစွာဖြင့် ဖွဲ့စည်းတည်ရှိနေသကဲ့သို့ တောအုပ်တောတန်း၊ သစ်ပင်၊ ခြုံပုတ်၊ မြစ်ချောင်း၊ အင်းအိုင်၊ ပင်လယ်၊ သမုဒ္ဒရာများသည်လည်း အထူ၊ အပါး၊ အကျဉ်းအကျယ်၊ အတိမ်အနက်တို့ မတူညီမှုများဖြင့် ဖွဲ့စည်းတည်ရှိနေကြပေသည်။ ဤသည်ကိုပင် သဘာဝတရားဟုခေါ်တွင်ခဲ့ကြသည် မဟုတ်ပါလား။ အရာရာသည် မတူညီမှုများ၊ ကွဲပြားခြားနားမှုများ၊ ဆန့်ကျင်ဘက်အနေအထားများဖြင့်သာ ထာဝရတည်ရှိနေပေသည်။
    အသားအရောင်ကွဲပြားခြင်း၊ ဘာသာတရားကွဲပြားခြင်း၊ ဆင်းရဲချမ်းသာ မတူညီခြင်း၊ အနိမ့်အမြင့်ကွာခြားခြင်း စသည့် စသည့် ကွာခြားမှုများသည် ယခင့် ယခင်ကလည်း ရှိခဲ့သည်ဖြစ်သလို ယခု၊ နောင်တွင်လည်း ရှိနေဦးမှာပင်ဖြစ်၏။ ဤသို့ကွဲပြားခြားနားမှုများကြား၊ အဓိကကျစွာတည်ရှိနေရမည့် သဘောတရား တစ်ခုသည် နားလည်မှုပင်ဖြစ်၏။ ပိုင်းကန့်ခြားနားမှုများကို ပယ်ချလိုက်လျှင် “လူ” သည် “လူ” ပင်ဖြစ်၏ဟူသော သဘောသည် အလိုအလျောက်ပင်ရောက်ရှိလာပေလိမ့်မည်။
    သို့ဆိုပါလျှင် လူသားများ၌လည်း မတူညီမှုများ ကွဲပြားခြားနားမှုများ ဆန့်ကျင်ဘက်များနှင့်ပင် ပေါင်းစည်း၍ ရပ်တည်ရှင်သန်နေကြသည်ကို လူသားတိုင်းသည် သိရှိနားလည်နေကြရပေမည်။ လူ့အသိဉာဏ်နှင့် အသိတရားတို့သည် မြင့်မားကြ၏။ ထိုနည်းတူခွဲခြားမှုများ ပြုလုပ်ကြသည်မှာလဲ လူသားများပင်ဖြစ်ကြ၏။ မြေ အနိမ့်အမြင့်၊ ခြုံ အထူအပါးစသည့် သဘာဝအလျောက် ဖြစ်ပေါ်နေသည့် မတူညီမျှမှုများကို လူသားတို့၏ အသိဉာဏ်ဖြင့် ညှိပြင်ပြောင်းလဲယူ၍ ရသလောက် ညှိပြင်ပြောင်းလာနေထိုင် အသက်ဆက်ကြသကဲ့သို့ ညှိ၊ ပြင်၊ ပြောင်းလဲ၍မရသောအရာများကိုကား သူ့သဘာဝအလျောက် ထားကြရသည် မဟုတ်ပါလား။ သို့ဆိုလျှင် မညီမမျှဖြစ်နေသော အရာများ မတူ ကွဲပြားခြားနားနေသော အရာများအား မိမိတို့၏အသိ၊ မိမိတို့၏သတိ၊ မိမိတို့၏ပညာ ညဏ်၊ မိမိတို့၏စိတ်ဓာတ်များဖြင့် ညှို၊ ပြင်၊ ပြောင်းလဲ၍ ရနိုင်သလောက် ညှိ၊ ပြင်၊ ပြောင်းလဲပြီး မရနိုင်သည့် အရာများအတွက် နားလည်မှုများထားကာ နေထိုင်ကြမည်ဆိုလျှင် “ပဋိပက္ခ”ဟူသည် ရှိလာနိုင်မည် မဟုတ်ပေ။ အသားအရောင်ကွဲပြားခြင်း၊ ဘာသာတရားကွဲပြားခြင်း၊ ဆင်းရဲချမ်းသာ မတူညီခြင်း၊ အနိမ့်အမြင့်ကွာခြားခြင်း စသည့် စသည့် ကွာခြားမှုများသည် ယခင့် ယခင်ကလည်း ရှိခဲ့သည်ဖြစ်သလို ယခု၊ နောင်တွင်လည်း ရှိနေဦးမှာပင်ဖြစ်၏။ ဤသို့ကွဲပြားခြားနားမှုများကြား၊ အဓိကကျစွာတည်ရှိနေရမည့် သဘောတရား တစ်ခုသည် နားလည်မှုပင်ဖြစ်၏။ ပိုင်းကန့်ခြားနားမှုများကို ပယ်ချလိုက်လျှင် “လူ” သည် “လူ” ပင်ဖြစ်၏ဟူသော သဘောသည် အလိုအလျောက်ပင်ရောက်ရှိလာပေလိမ့်မည်။
    လူမျိုး တစ်မျိုးနှင့်တစ်မျိုး၊ နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံ၊ ဘာသာတရား တစ်ခုနှင့်တစ်ခု၊ လူသားတစ်ဦးနှင့် တစ်ဦးကြား ပတ်သက်ဆက်နွယ်မှုများ အပေါ်တွင် ကန့်သတ်မှု၊ ခွဲခြားမှု၊ မလိုမုန်းထားမှု၊ အမြင် ကျဉ်းမြောင်းမှုများ ထားရှိနေကြမည် ဆိုပါလျှင် လူသားများသည် ငြိမ်းချမ်းပျော်ရွှင်ဖွယ်ကောင်းသော ကမ္ဘာလောကကြီးနှင့် အစဉ်အမြဲလွဲချော် နေကြလိမ့် ဦးမည်သာဖြစ်ပေသည်။ လူသားသည် အဘယ်ကလာသနည်း။ လူသားသည် အဘယ်သို့သွားမည်နည်း။ ကောင်းမြတ်သည့်နေရာမှ လာ၍ ကောင်းမြတ်သည့်နေရာသို့သွားရန် ကောင်းမြတ်သည့် စိတ်ထားများသည်သာ ၀င်ပေါက်၊ ထွက်ပေါက် တံခါးချပ်ပင်ဖြစ်ပေ၏။
    သို့ဆိုလျှင် ကျွန်ုပ်တို့လူသားများ အားလုံးကောင်းမြတ်ခြင်း အ၀င်၊ အထွက် လမ်းများဖြောင့်ဖြူးသာယာမှု ရရှိစေဖို့ ယနေ့မှစ၍ စိတ်များကို သန့်စင်အောင် ဆေးကြော လိုက်ကြပါစို့။
  • စိန်ခေါ်မှုများနှင့် မြန်မာ့စီးပွားရေး
    စိန်ခေါ်မှုများနှင့် မြန်မာ့စီးပွားရေး
    အောက်တိုဘာ ၂၁ ၊ ၂၀၁၄
    M-Media
    20141018_WBP003_0
    – သီလ၀ါအထူးစီးပွားရေးဇုန် SEZ တည်ဆောက်မှုအတွက် ပထမအဆင့် ပြင်ဆင်မှုများတွင် မြေဧရိယာ ဟက်တာ ၄၀၀ နီးပါးအား ရှင်းလင်းခြင်းနှင့် အနီးရှိ ဆိပ်ကမ်းသို့ရောက်ရှိမည့် လမ်းဖောက်ခြင်းတို့ ပါဝင်သည်။ စက်မှုဇုန်ကိုလာမည့် နှစ်ဝက်တွင် ဖွင့်လှစ်ရန် သတ်မှတ်ထားပြီး ထိုစက်မှုဇုံတွင် လုပ်ကိုင်မည့် ကုမ္ပဏီ ၂၂ ခုက ၎င်းတို့၏ စက်ရုံများကို အောက်တိုဘာလကုန်ပိုင်းတွင် စတင်ဆောက်လုပ်ကြတော့မည်ဖြစ်သည်။ သို့သော်လည်း ထိုဆောင်ရွက်မှုများ၏ ချက်ချင်းလက်ငင်း အကျိုးဖြစ်ထွန်းမှု အများစုက မြန်မာ့စီးပွားရေးအတွက် ဖြစ်လာမည်မဟုတ်။
    သီလ၀ါ၊ ကျောက်ဖြူနှင့် ထားဝယ် အထူးစီးပွားရေးဇုန်သုံးခုတွင် တိုးတက်မှုအရှိဆုံး သီလ၀ါပရောဂျက် အပြည့်အ၀ လည်ပတ်နိုင်ပါက စားသောက်ကုန်များ၊ လူသုံးကုန်ပစ္စည်းများ၊ ပြည်တွင်းဈေးကွက်အတွက် ဆောက်လုပ်ရေးပစ္စည်းများ၊ ဖိနပ်၊ မော်တော်ကားအစိတ်အပိုင်းများနှင့် အ၀တ်အထည်များကဲ့သို့ နိုင်ငံခြားပို့ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်မည်ဖြစ်ပြီး အလုပ်သမား ၇၀၀၀၀ အတွက် အလုပ်အကိုင်များ ဖန်တီးပေးနိုင်မည် ဖြစ်လေ၏။
    သမ္မတဦးသိန်းစိန်မှာ မြန်မာနိုင်ငံအား ကမ္ဘာ့စီးပွားရေးနှင့် ဆက်သွယ်ဆောင်ရွက်နိုင်ရေး ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ပေးမည်ဟူသော ကတိဖြင့် ၂၀၁၁ ခုနှစ်တွင် အာဏာရလာခဲ့သည်။ ထိုအချိန်မှစ၍ အကောင်းမြင်သူများက လမ်းတိုင်းလမ်းတိုင်းတွင် စူပါမားကတ်များ၊ အသင့်စား အစားအသောက်ဆိုင်များ တွေ့လာရတော့မည်၊ ထိုင်း သို့မဟုတ် စင်ကာပူကဲ့သို့ နိုင်ငံမျိုးနှင့်ပင် တန်းတူညီလာစေရန် ခုန်ပျံကျော်လွှား ဖွံဖြိုးမှုများ ဖြစ်စေမည့် မိုဘိုင်းနည်း ပညာများမှာလည်း မြန်မာနိုင်ငံ အတွင်းသို့ ရောက်ရှိလာတော့မည်ဟု စိတ်ကူးယဉ်ခဲ့ကြလေသည်။ သို့သော်လည်း နိုင်ငံ၏ စီးပွားရေးအနာဂတ်က နိုင်ငံခြားသို့ တင်ပို့ရန် ခွန်အားစိုက်ထုတ်ရသည့် လုပ်ငန်းများတွင်သာ ပျော်မွေ့နေကြသော ကျွမ်းကျင်မှုနည်းသည့် အလုပ်သမားများအပေါ်တွင် မူတည်နေလေ၏။
    စက်မှုကဏ္ဍတွင် ထိုင်းနိုင်ငံ၏အဆင့်သို့ ရောက်ရန် ဆန္ဒပြင်းပြမှုနေခြင်းထက် မြန်မာနိုင်ငံအနေဖြင့် အနောက်ဘက်အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်ကဲ့သို့ စားရိတ်နည်း ကုန်ထုတ်လုပ်မှုကဏ္ဍ ဖြစ်လာစေရန် ရည်ရွယ်ဆောင်ရွက်သင့်သည်။
    20141018_WBM952ရင်းနှီးမြှုပ်နှံသူများကတော့ စိတ်ကူးယဉ်ကြမည်။ မြန်မာနိုင်ငံမှာ စီပွားရေးဈေးကွက်ကြီးမားသည့် အိန္ဒိယနှင့် တရုတ် နှစ်နိုင်ငံအကြားတွင် ရှိနေသည်။ ထို့ပြင် ထိုင်းနိုင်ငံကိုလည်း အနောက်ဘက် ပင်လယ်ထွက်ပေါက် ပေးထား ရသည်။ နိုင်ငံတကာစီးပွားရေးအဖွဲ့ McKinsey Global Institute (MGI) ၏ အဆိုအရ ၂၀၂၅ ခုနှစ်တွင် တစ်နေ့ ၀င်ငွေ ကန် ၁၀ ဒေါ်လာနှင့် အထက်ရသော စားသုံးသူများ၏ ထက်ဝက်ကျော်မှာ မြန်မာနိုင်ငံနှင့် ၅ နာရီသာ လေယာဉ် စီးရသည့် နေရာတွင် နေထိုင်ကြလိ့မ်မည် ဟူ၏။
    မြန်မာနိုင်ငံတွင် ထွန်ယက်စိုက်ပျိုးနိုင်သောမြေယာ လှိုင်လှိုင်ပေါသည်။ အဏ္ဏ၀ါနှင့် သဘာဝ သယံဇာတများလည်း ပေါများသည်။ ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် ကျောက်စိမ်း၊ ပတ္တမြား၊ နီလာ စသည့် အဖိုးတန်ကျောက်များမှာလည်း ပဒေသာပင်ပေါက်သကဲ့သို့ ရှိနေလေ၏။
    ထိုင်းနိုင်ငံ၏ အလုပ်သမားထုမှာ အသက်အရွယ်ရနေပြီး၊ အလုပ်လုပ်နိုင်အားလည်း နည်းသွားကာ ဈေးလည်း ပိုပေးရသည်။ မြန်မာနိုင်ငံမှ အလုပ်သမားများမှာတော့ ငယ်ရွယ်ပြီး ဈေးလည်းသက်သာသည်။ နိုင်ငံရပ်ခြားတွင် အလုပ်လုပ်နေသူ ၃ သန်းမှ ၅ သန်းအကြား မြန်မာနိုင်ငံသို့ပြန်လာပါကလည်း ပို၍ အကျိုးရှိပေဦးမည်။
    အမိမြေတွင် အခွင့်အလမ်းမရှိသည့်အတွက် ဘဏ္ဍာရေးနှင့်ပတ်သက်၍ ပညာသင်ယူရန် ဂျက်စမင် သဇင်အောင်မှာ ၂၀၀၃ ခုနှစ်က စင်ကာပူသို့ ထွက်လာခဲ့သည်။ လက်ရှိတွင်တော့ သူမမှာ PricewaterhouseCoopers အမည်ဖြင့် ဖွင့်လှစ်ထားသော စာရင်းအင်းဆိုင်ရာ လုပ်ငန်းတစ်ခုကို ဦးဆောင်လုပ်ကိုင်လျက် ရှိနေသည်။ စင်ကာပူတွင် ဘဏ္ဍာရေးနှင့်ပတ်သက်၍ ကျောင်းတက်နေသည့် အခန်းဖော် အခြား မြန်မာအမျိုးသမီး ၃ ဦးမှာလည်း မြန်မာနိုင်ငံသို့ ပြန်လာခဲ့ကြသည်ဟု သဇင်က ဆိုလေသည်။
    အစမကောင်းမှုများစွာ ဖြစ်ခဲ့ပြီးနောက်ပိုင်း စီးပွားရေးလုပ်ငန်းသစ်များ ရှန်သန်ကောင်း ရှင်သန်နိုင်မည့် ဈေးကွက်စီးပွားရေးတစ်ခုကို ဖော်ဆောင်ရန် အစိုးရက ကတိပြုခဲ့သည်။ ဆယ်စုနှစ် ၂ ခုအတွင်း ပထမဆုံးအကြိမ် ရွေးကောက်ပွဲလုပ်ခဲ့သည့် ၂၀၁၀ နှင့် ၂၀၁၃ ခုနှစ်အကြား မြန်မာနိုင်ငံသို့ နိုင်ငံခြားမှ ရင်းနှီးမြှုပ်နှံသူများ တိုက်ရိုက်ဝင်ရောက် လုပ်ကိုင်မှု ပမာဏမှာ ၃ ဆ တိုးလာပြီး ကန်ဒေါ်လာ ၉၀၁ သန်းမှ သန်း ၂၅၀၀ အထိ တက်လာခဲ့လေသည်။
    ကန့်သတ်မှုများဖြင့် လုပ်ကိုင်ရမည့် ဘဏ်လုပ်ငန်းများအတွက်လည်း နိုင်ငံခြားဘဏ်အချို့က လိုင်စင်ယူကြသည်။ လက်တွေ့လုပ်ဆောင်မှုတွင်တော့ ပိုမိုလွတ်လပ်မှုများ ရှိနိုင်လေသည်။ ယခုနှစ်နှင့် လာမည့်နှစ်များတွင် မြန်မာနိုင်ငံ၏ စီးပွားရေးမှာ ၇.၈ ရာခိုင်နှုန်းအထိ တိုးလာမည်ဟု ခန့်မှန်းထားသည်။ လူသုံးကုန်ပစ္စည်းများ တင်ပို့မှု တိုးလာမည်။ ထိုကဲ့သို့ပင် ရေနံနှင့် သဘာဝဓာတ်ငွေ့ တင်ပို့မှုများမှာလည်း တိုးလာရန်ရှိနေသည်။
    ဗဟိုဘဏ်မှာ ယခုအချိန်တွင် ဘဏ္ဍာရေးဝန်ကြီးဌာနလက်အောက်မှ တရားဝင်ခွဲထွက်ခဲ့ပေပြီ။ ၀န်ထမ်းများကို တိုးချဲ့ကာ ငွေကြေးဆိုင်ရာပေါ်လစီ စီမံခန့်ခွဲရေကိုလည်း တိုးတက်အောင် ဆောင်ရွက်နေလေ၏။
    မြန်မာ့စီးပွားရေးကဏ္ဍအတွက် လုပ်စရာ အများအပြားရှိနေသည်။ စီးပွားရေးလုပ်ငန်း လွယ်ကူစွာ လုပ်ဆောင်နိုင်မှုနှင့် ပတ်သက်၍ ကမ္ဘာ့ဘဏ်မှ မကြာသေးမီက ထုတ်ပြန်ခဲ့သော အစီရင်ခံစာတွင် နိုင်ငံ ၁၈၉ နိုင်ငံ၌ မြန်မာနိုင်ငံက ၁၈၂ ချိတ်ခဲ့သည်။ စဉ်းမျဉ်းစည်းကမ်းပိုင်း မသေချာမှုက ကြီးမားသည့် ပြသနာတစ်ရပ်ဖြစ်နေပြီး၊ ခေတ်နောက်ကျနေသည့် ဥပဒေများကလည်း ဂရုပြုစရာဖြစ်နေသည်။
    စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအတွက် ဗြိတိသျှက ၁၉၁၄ ခုနှစ်တွင် ပြဌာန်းခဲ့သော “မြန်မာ့ကုမ္ပဏီများဆိုင်ရာ အက်ဥပဒေ” ကို ယခုအချိန်အထိ ဆက်လက်ကျင့်သုံးနေဆဲဖြစ်၏။ ထိုဥပဒေအား ပြင်ဆင်ရန်အတွက် အာရှဖွံ့ဖြိုးရေးဘဏ်က မြန်မာအစိုးရကို ကူညီနေသော်လည်း ယခုအချိန်အထိ မပြင်ဆင်နိုင်သေး။ ထိုပြင်ဆင်မှုကို အချိန်မီ ဆောင်ရွက်ခြင်းက လိုအပ်ချက်တစ်ခုကို လျှော့ချနိုင်လိမ့်မည်ဟု CEA ပရောဂျက်များအတွက် မြန်မာနိုင်ငံတွင်ဖွင့်လှစ်ထားသော ရုံးများအား ဦးဆောင်နေသည့် ထောက်ပံ့ပို့ဆောင်ရေး ကုမ္ပဏီမှ ဂျွန်ဟာမီလ်တန်က ပြောကြားခဲ့သည်။
    လုပ်ပိုင်ခွင့်အာဏာအရှိဆုံးနှင့် ချို့ယွင်းချက်များကိုပြင်ဆင်ထားသည့် ဗဟိုဘဏ်လျှင်ပင် အသေအချာလေ့ကျင့်ပေးထားသော ၀န်ထမ်းအင်အားကို ဖန်တီးနိုင်မည် မဟုတ်ချေ။ အဆိုပါ ၀န်ထမ်းအင်အားကို ရရှိရန်အတွက် ပညာရေးကဏ္ဍတွင် အကြီးစား ရင်းနှီးမြှုပ်နှံမှုများကို နှစ်ပေါင်းများစွာ ဆောင်ရွက် ရပေဦးမည်။ မြန်မာနိုင်ငံရှိ ပြည်သူများမှာ ပျမ်းမျှအားဖြင့် စာသင်ကျောင်း အတွက် အချိန်လေးနှစ်သာ ပေးကြသည်။ နိုင်ငံအတွင်း ကျောင်းသား-ဆရာ အချိုးမှာ ၃၀း၁ သာရှိပြီး၊ အိမ်နီးချင်း မလေးရှားနှင့် ထက်ခန့်ကွာနေလေ၏။
    အခြားသော အာရှနိုင်ငံများမှ လုပ်သားအင်အားမှာ ကုန်ထုတ်နိုင်စွမ်း တိုးတက်လာချိန်တွင် မြန်မာနိုင်ငံမှာ အခြားသောလားရာတစ်ဖက်တွင် ရှိနေခဲ့လေသည်။ ၁၉၅၆ ခုနှစ်မှ ၂၀၁၀ ခုနှစ်အကြား မြန်မာနိုင်ငံရှိ လယ်ယာလုပ်ကိုင်သူ အရေအတွက်မှာ ၃၅ ရာခိုင်နှုန်းမှ ၄၄ ရာခိုင်နှုန်းအထိတိုးလာပြီး၊ ဒေသအတွင်း နိုင်ငံအများစုတွင်တော့ လယ်ယာလုပ်ငန်း၌ လုပ်ကိုင်သူ အရေအတွက်မှာ လျော့ကျခဲ့သည်။
    သို့သော်လည်း မြန်မာနိုင်ငံရှိ လယ်ယာလုပ်ငန်း လုပ်သားအင်အားကို ကောင်းမွန်စွာ အသုံးချနိုင်သည်။ မြန်မာနိုင်ငံတွင် လယ်ယာမြေ ဟက်တာ ၁၂.၃ သန်းရှိပြီး ထိုင်းနိုင်ငံ၏ ပမာဏထက် အနည်းငယ်သာ လျော့နည်း၏။ မြန်မာနိုင်ငံမှာ တစ်ချိန်က အာရှ၏ အကြီးဆုံး ဆန်တင်ပို့သည့်နိုင်ငံဖြစ်ခဲ့သည်။ သို့သော်လည်း နောက်ပိုင်းတွင် နိုင်ငံ၏ လယ်ယာကဏ္ဍ ထုလ်လုပ်နိုင်စွမ်းမှာ သိသိသာသာပင် ကျဆင်းခဲ့လေသည်။
    လယ်သမားအများစုမှာ လယ်ဧကအနည်းငယ်သာ စိုက်ပျိုးကြသည်။ ရံဖန်ရံခါတွင် စက်ပစ္စည်းများနှင့် ဓာတ်မြေသြဇာများပင် မသုံးနိုင်ပေ။ မြန်မာ့လယ်သမား အစည်းအရုံး အကြီးအကဲဖြစ်သူ စိုးထွန်းကမူ သဘာဝမြေသြဇာသုံးစိုက်ပျိုးခြင်းမှာ ရွေးချယ်မှုကြောင့်မဟုတ်။ လယ်ယာစိုပျိုးမှုလုပ်ငန်းနှင့် နိုင်ငံ၏ အလုပ်သမား ထုတ်လုပ်နိုင်စွမ်းတို့ကို ကြီးမားစွာအကျိုးသက်ရောက်စေမည့် ဓာတ်မြေသြဇာသုံး စိုက်ပျိုးသည့်နည်းလမ်းများမှာ ကျေးလက်ဒေသသို့ မရောက်ခြင်းကြောင့်ဟု ဆိုသည်။
    ဖွံဖြိုးတိုးတက်မှုအတွက် အခြားသော မောင်းနှင်းအားတစ်ခုဖြစ်သည့် စက်မှုလုပ်သမားများမှာ စက်ရုံများ၊ မြို့များတွင် လွတ်လွတ်လပ်လပ် အလုပ်ပိုရှာနိုင်မည်။ ကုန်ထုတ်လုပ်မှုနှင့် ၀န်ဆောင်မှုလုပ်ငန်းမှ GDP တိုးတက်မှုနှုန်း၏ ၁၅ ရာခိုင်နှုန်းတိုင်းတွင် လူတစ်ယောက်ချင်း၏ GDP တိုးတက်မှု ၂ ဆနှင့် ဆက်နွယ်နေသည်။
    စက်ရုံအလုပ်ရုံများတွင် အလုပ်လုပ်ခြင်းမှာ မက်မောဖွယ်ကောင်းသော သို့မဟုတ် စိတ်ဝင်စားစရာကောင်းသော အလုပ်မဟုတ်။ သို့သော်လည်း ပြည်သူများအတွက် ဆန်စပါးများ၊ အသုံးအဆောင်ပစ္စည်းများ၊ ဆောက်လုပ်ရေးပစ္စည်းများမှာ အမြဲလိုအပ်နေ၏။
    ရွှေရောင်စေတီပုထိုးများအား နေရောင်ထိုးသည့်အခါ တဖိတ်ဖိတ်တောက်သကဲ့သို့ တိုင်းပြည်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်လိုပါက မြန်မာနိုင်ငံတွင် များများစားစားရှိနေသော ကျွမ်းကျင်မှုနည်းသည့် လုပ်သားများအား ထုတ်လုပ်နိုင်စွမ်းမြင့်မားသော အလုပ်များတွင် ပါဝင်ဆောင်ရွက်စေရန် လိုအပ်နေပေတော့သည်။
    The Economist တွင် ဖော်ပြခဲ့သည့် “Let a million factories rise” ဆောင်းပါးကို လေးမောင် (M-Media) မှ ဆီလျော်အောင် ပြန်ဆိုသည်။
  • က၀ိပညာကျော်တို့၏ မျက်ရှု မြတ်တမန် (ဘာသာပြန်သူ -အလ်ဟာဂ်ျ  ဦးညွန့်မောင်သျှိန်)
    က၀ိပညာကျော်တို့၏ မျက်ရှု မြတ်တမန် (ဘာသာပြန်သူ -အလ်ဟာဂ်ျ ဦးညွန့်မောင်သျှိန်)
    ဗြိတိသျှစွယ်စုံကျမ်း အတွဲ (၁၂)
    269250_514415201931333_1400140290_n
    – သမိုင်း၏ စောစွာသောကဏ္ဍ အခြေအနေများတွင် များစွာသော အသေးစိတ် အချက်အလက်များအရ   သူ(“မုဟမ္မဒ်”)သည် ရိုးသားဖြောင့်မတ်သော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ ထို့ပြင် ရိုးသားဖြောင့်မတ်သော   အခြားပုဂ္ဂိုလ်မွန်များ၏ ကျေးဇူးသစ္စာ စောင့်သိခြင်းကို ခံခဲ့ရသူလည်း ဖြစ်ပေသည်။-
    –  “မုဟမ္မဒ်”သည် တမန်တော်များနှင့် ဘာသာရေးဆိုင်ရာပုဂ္ဂိုလ်များအနက် “အအောင်မြင်ဆုံးပုဂ္ဂိုလ်”ဖြစ်သည်။
    ≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈
    ဂျော့(ဂ်ျ)ဘားနဒ်ရှော (GEORGE BEANARD SHAW)
    GEORGE BEANARD SHAWအကယ်၍ ကိုးကွယ်ယုံကြည်ရာ ဘာသာအယူဝါဒတစ်ခုသည် အင်္ဂလန်မဆိုထားဘိ ဥရောပနိုင်ငံများသို့တိုင် နောက်ထပ် နှစ်တစ်ရာအတွင်း လွှမ်းမိုးလာရန် အခွင့်အလမ်းရရှိခဲ့ပါလျှင် ၎င်းင်းသည် “အစ္စလာမ်”သာသနာပင်ဖြစ်နိုင်ပေမည်။
    -ကျွန်ုပ်သည် အစဉ်အမြဲ မုဟမ္မဒ်၏သာသနာကို အထင်ကြီး လေးစားခဲ့ရပါသည်။ အဘယ်ကြောင့်ဆိုသော် ထိုသာသနာ၏ အံ့သြလောက်အောင် ရှင်သန်ဖွံ့ဖြိုး တိုးတက်နေမှုကြောင့်ပင် ဖြစ်ပါသည်။
    ကျွန်ုပ် မြင်ရသည်မှာ“အစ္စလာမ်”တစ်ခုတည်းကသာလျှင် သူ၏အထင်ကြီးလေးစား ထိုက်သော စွမ်းရည်ကြောင့် လက်ရှိအခြေအနေ၏တိုးတက်ဖြစ်ပေါ်မှုအဆင့်ဆင့်ကို ထိန်းချုပ်နိုင်သည့် စွမ်းဆောင်ရည်ရှိပြီး ခေတ်တိုင်းနှင့်လည်း အံဝင်ခွင်ကျ ဖြစ်အောင် ထိန်းညှိဆောင်ရွက်နိုင်လိမ့်မည်ဖြစ်သည်။-
    ကျွန်ုပ်သူ့ကို  (တမန်တော် မုဟမ္မဒ်ကို) လေ့လာပြီးဖြစ်ပါသည်။   သူသည်    “ထူးဆန်း အံ့သြဖွယ်ကောင်းသူ”  ပင်  ဖြစ်ပေသည်။  အချိန်ကြာမြင့်စွာ ကတည်းက ခရစ်တော်ကို လက်ခံခဲ့သူမဟုတ်သော ကျွန်တော်၏ ထင်မြင်ချက်ကို ပြောရပါလျှင် သူ့အား လူသားထုတစ်ရပ်လုံး၏ “ကယ်တင်ရှင်”ဟုပင် ခေါ်ဆိုရပေမည်။-
    အကယ်၍ သူ့ကဲ့သို့သော သူသာ ဤခေတ်သစ် ကမ္ဘာပေါ်တွင် ခေါင်းဆောင်ဖြစ်လာမည်ဆိုပါက ပြဿနာ ကြီးငယ်တို့ကို ဖြေရှင်းဆောင်ရွက်နိုင်ပြီး လိုအပ်နေသော ငြိမ်းချမ်းရေးနှင့် ပျော်ရွှင်ချမ်းမြေ့မှု အ၀၀ကို အောင်မြင်စွာ ဖြည့်ဆည်းဆောင် ရွက်ပေးနိုင်လိမ့်မည်ဟု ကျွန်ုပ်ယုံကြည်ပါသည်။
    ကျွန်ုပ်သည် မုဟမ္မဒ်၏ ယုံကြည်ကိုးကွယ်ရာ “အစ္စလာမ်” ကို ကြိုတင် ဟောကိန်းထုတ်ခဲ့သည်မှာ မနက်ဖြန် (အနာဂတ်) အတွက်  ဥရောပတိုက်အဖို့ လက်ခံနိုင်ဖွယ်ရာ ဘာသာတစ်ရပ် ဖြစ်သလို ယနေ့(ပစ္စက္ခအခြေအနေ)တွင် အစပြု ကျင့်သုံးလျှင် လည်း လက်ခံနိုင်ဖွယ်ရာဘာသာ ဖြစ်ပါသည်။ –
    Sir George Bernard Shaw
    In ” the Genuine Islam – Vol-1 No.8-1936
    ≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈
    ရဲဗ့်၊ ရဲန်ဒ်၊ ရီဂျင်နာလ်ဒ်၊ ဗောစ့်ဝါသ် စမစ် (REV. REGINALD BOSWORTH SMITH)REV. REGINALD BOSWORTH SMITH
    – သူ(“မုဟမ္မဒ်”)သည် တစ်ကိုယ်တည်းနှင့် “ဆီဇာ”လည်း ဖြစ်သကဲ့သို့၊ “သာသနာပိုင် ပုပ်ရဟန်းမင်းကြီး”ကဲ့သို့ လည်းဖြစ်ပါသည်။
    – သာသနာပိုင်ဖြစ်လင့်ကစား ပုပ်ရဟန်းမင်းကြီးကဲ့သို့ သာသနာပိုင်အဆောင်အယောင်နှင့် ကိန်းခန်း ကြီးကျယ်ခြင်းမှကင်းသည်။
    – “ဆီဇာ”ဖြစ်လင့်ကစား “စစ်ဘုရင်ဆီဇာ”ကဲ့သို့ တပ်တောင်တာ ဗိုလ်ထုမရှိ၊ အခိုင်အမာ အမြဲတမ်း စစ်တပ်ကြီးလည်း မရှိ၊ သက်တော်စောင့် ကိုယ်ရံတော် တစ်ဦး တစ်ယောက်မျှပင်မရှိ၊ စံမြန်းရန် အဆောင် နန်းတော်တစ်ခုမျှမရှိ၊ အခွန်အတုပ် တစ်စုံတစ်ရာ စည်းကြပ်ခြင်းလည်းမရှိ။
    – လူတိုင်း အမှန်အတိုင်းပြောနိုင်သည့် အချက်မှာ မှန်ကန်သောကောင်းကင်ကျ လမ်းညွှန်ဥပဒေအတိုင်း တိကျစွာအုပ်ချုပ်သွားသူမှာ “မုဟမ္မဒ်”ပင်ဖြစ်သည်။
    – မည်သည့်ကိရိယာတန်ဆာပလာ လက်နက်ယန္တရား ပစ္စည်းမျှမပါ။ မည်သည့် ထောက်ပံ့မှုမျှမပါရှိဘဲ အလုံးစုံ သော အချုပ် အခြာအာဏာကို ပိုင်ဆိုင်ထားနိုင်ခဲ့သူမှာ သူ … “မုဟမ္မဒ်”ပင် ဖြစ်ပါသည်။
    –  (ရဲဗ့်၊ ရဲန်ဒ်၊ ရီဂျင်နာလ်ဒ်၊ ဗောစ့်ဝါသ်စမစ်)
    REV. REGINALD BOSWORTH SMITH.
    ≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈
    မိုက်ကယ် အိပ်ခ်ျ ဟာတ်(MICHAEL . H . HART)
    MICHAEL . H . HART– မိုက်ကယ်အိပ်ခ်ျဟာတ်က (ကျော်စွာတစ်ရာ စာအုပ်တွင်)  မုဟမ္မဒ်အား အဆင့်(၁)ပေးရခြင်းမှာ သူသည် လူ့ဘ၀၏ ကောင်းစားရေး အကျိုးပြု လုပ်ငန်းများ လုပ်ဆောင်ခဲ့မှုနှင့် လူသားထုတစ်ရပ်လုံးဖွံ့ ဖြိုးတိုးတက်စေရန်ဆောင်ရွက်ခဲ့သည့်  အတွက် ဖြစ်သည် ဟုဆိုသည်။
    –  ကျွန်ုပ်က“မုဟမ္မဒ်”ကို ကမ္ဘာပေါ်တွင် သြဇာတိက္ကမ အကြီးမားဆုံးထိပ်သီးပုဂ္ဂိုလ်ကျော် မှတ်တမ်းတွင် အဆင့်(၁) ပေးခြင်းနှင့်ပတ်သက်ပြီး စာရှုသူအချို့တို့အဖို့အံ့သြကောင်း အံ့သြမိပေမည် ဘ၀င်မကျဘဲစောဒက တက်ကောင်းတက်ကြပေမည်။
    -လူ့သမိုင်းကြောင်းတစ်ခုလုံးကို ကျနစွာဆန်းစစ် သုံးသပ် ကြည့်ပါလျှင်သူ(မုဟမ္မဒ်)တစ်ဦးတည်းသာလျှင်  “ဘာသာရေး”နှင့် “လောကီရေးရာ” နှစ်ပိုင်းစလုံး၌ “အအောင်မြင်ဆုံးပုဂ္ဂိုလ်”တစ်ဦးဖြစ်ခဲ့ခြင်းကြောင့်လည်း ဤကဲ့သို့အဆင့်(၁)ပေးရခြင်းဖြစ်ပါသည်။
    M.H.Hart In his book, THE 100
    A RANKING OF THE MOST INFLUENTIAL PERSONS IN HISTORY,New York 1978.P.33
    ≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈
    နပိုလီယံဗိုနာပတ် (NGPOLEAN BONAPARTE)
    NGPOLEAN BONAPARTE
    ကျွန်ုပ်မျှော်လင့်သည်မှာ နိုင်ငံအသီးသီးရှိ အတွေ့အကြုံ အမြော်အမြင်အသိဉာဏ်ပညာကြွယ်ဝသည့် ပုဂ္ဂိုလ်များ၊ပညာရှင်များကို စုစည်း၍ တစ်ပြေးညီ၊ မပြောင်းလဲသော အုပ်ချုပ်မှု၊ လူနေမှုစနစ်တစ်ခုကို ကျမ်းမြတ်ကုရ်အာန်၏ လမ်းညွှန်ချက်များ အတိုင်း အခြေခံရေးဆွဲ ပြုစုတည် ဆောက်ရန်အချိန်မှာ သိပ် မဝေးကွာတော့ပြီဖြစ်သည်။
    ကျမ်းမြတ်ကုရ်အာန်၏လမ်းညွှန်ချက်များသာလျှင် တစ်ခုတည်းသောမှန်ကန်မှု၊လူသားထုတစ်ရပ်လုံး လူမှုဘ၀ ချမ်းမြေ့ သာယာပျော်ရွှင်မှုအတွက် ဦးဆောင်နိုင်မှုကို ပေးစွမ်းနိုင်မည် ဖြစ်ပေသည်။ 
    နပိုလီယံဗိုနာပတ် (NGPOLEAN BONAPARTE)
    QUOTED IN CHRISTIAN CHERFILS’ BONAPARTE ET ISLAM (PARIS.1914)
    ≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈
    ကျော်ကြားသည့်သမိုင်းပညာရှင် လာမာတင် LAMARTINE –
    LAMARTINEလူ့ဂုဏ်သိက္ခာကြီးမား ထည်ဝါမှုအတွက် လိုအပ်သော အရည်အချင်း များကို ဆွေးနွေးခြင်းနှင့် အလေးအနက် ဆင်ခြင် သုံးသပ်ခြင်း
    -အနည်းဆုံးသောစွမ်းဆောင်နိုင်မှုအရင်းအနှီးကိုသာလက်ဝယ် ပိုင်ဆိုင်ထားပြီး အကြီးမားဆုံးသော လုပ်ငန်းကြီးကို  အံ့အား သင့်လောက်အောင် ထမြောက်အောင်မြင်စေရန် စွမ်းဆောင်ချက်ကို လူသားထု၏ ထူးချွန်မှုပါရမီကို တိုင်းတာသည့်စံနှုန်း(တစ်နည်း)မှတ်ကျောက်သုံးချက်ဟု သတ်မှတ်ခဲ့ပါ လျှင် ထင်ရှားကြီးကျယ်သူ မည်သူမဆို ခေတ်သစ်သမိုင်း၏ စာမျက်နှာတွင်ရှိသော “မုဟမ္မဒ်”ကို ယှဉ်ပြိုင်နိုင်အံ့နည်း။
    – ထင်ပေါ်ကျော်ကြားဆုံးသော ပုဂ္ဂိုလ်များသည် လက်နက်ဆန်းများထုတ်လုပ်ခြင်း၊ ဥပဒေနှင့် အင်ပါယာများကိုသာ ထုတ်လုပ် ရေးဆွဲ ဖန်တီးတည်ဆောက်နိုင်ခဲ့ကြသည်။ ၎င်းပုဂ္ဂိုလ်များ၏ ဆောင်ရွက်ချက်များသည် ရုပ်ဝတ္ထုစွမ်းအားများသာ ဖြစ်၍ အချို့သောသူတို့၏ သြဇာအရှိန်အ၀ါ ဆောင်ရွက်ချက် များသည် ၎င်းင်းတို့၏ မျက်မှောက်တွင်ပင် ကျဆုံးပြိုပျက် သွားကြကုန်သည်။
    – ဤပုဂ္ဂိုလ်(မုဟမ္မဒ်)သည် စစ်တပ်များ၊ တရားဥပဒေ ပြုပြင် ရေးဆွဲ အတည်ပြုပြဋ္ဌာန်းခြင်း၊ အင်ပါယာနိုင်ငံများ (ဧကရာဇ် မင်း တစ်ပါး၏ပိုင်နက်)၊ လူသူအများနှင့် နန်းဆက် မင်းဆက် နိုင်ငံများ၏ ပြုပြင်ပြောင်းလဲမှုများကိုသာ ပြုလုပ်ခဲ့သည် မဟုတ်၊  ထိုစဉ်က ရှိခဲ့သော (သုံးပုံတစ်ပုံ)ရှိ ကမ္ဘာ့ လူဦးရေ၏ သန်းပေါင်းများစွာသော လူအုပ်စုကြီးကိုပါ ပြုပြင် ပြောင်းလဲပေါ်ထွန်းစေခဲ့သည်။ ထိုမျှပင်မကသေး ထိုခေတ် ကာလများတွင်ရှိခဲ့ သော ဘာသာအယူဝါဒများ ယုံကြည် စွဲလန်း ရာ (၀ိညာဉ်ပိုင်း ဆိုင်ရာ)အတွေးအခေါ်အယူအဆများ ကိုပါ ပြောင်းလဲစေခဲ့သည်။
    -သူ၏ အောင်နိုင်မှုအတွက် သည်းခံထိန်းချုပ်ဆောင်ရွက် နိုင်ခြင်း၊ ဖြစ်မြောက်အောင် ပြုလုပ်ဆောင်ရွက်လိုသော ဆန္ဒအလုံးစုံ တို့သည် တစ်ခုတည်းသော အတွေးအခေါ် ဒဿနကိုသာ အာရုံ စူးစိုက်ဆောင်ရွက်အသုံးချခြင်းဖြစ်ပြီး အင်ပါယာ တစ်ခု တည်ထောင်ရန် အလျဉ်းမဟုတ်ပါပေ။
    -သူ၏စွဲမြဲစွာ ၀တ်ပြုမှု၊ ဗျာဒိတ်ရ၍ အလ္လာဟ် အရှင်မြတ်နှင့် ဆက်သွယ်မှု ၊သူ၏ ကွယ်လွန် ခြင်းနှင့် သူကွယ်လွန်ပြီးနောက် အောင်မြင်မှုတို့ကပင် သူသည် အယောင်ဆောင် အလိမ် အညာမဟုတ်ကြောင်း ထင်ရှား ပေါ်လွင်စေပြီး ခိုင်မာပီပြင် သော ယုံကြည်ချက်ကပင် သူ့အား ကိုးကွယ်ယုံကြည်ရာ အယူဝါဒတစ်ခုကို ရှင်သန် လာစေခဲ့သည်။
    -ဤကိုးကွယ်ယုံကြည်ရာ အယူဝါဒတွင် အပိုင်းနှစ်ပိုင်း ပါရှိပြီး တစ်ပိုင်းက အရှင်တစ်ဆူဝါဒ(The unity of God)နှင့် ကျန်တစ်ပိုင်းက အလ္လာဟ်အရှင်၏ ရုပ်သဘောကင်းလွတ်မှု  (The immateriality of God)ကိုပြသည်။ ပထမအပိုင်းသည် တုနှိုင်းမဲ့ ထာဝရ ကိုးကွယ်ရာ “အလ္လာဟ်”ဘာလဲ ဆိုသည် ကို ရှင်းပြ၍ ဒုတိယပိုင်းသည် ကိုးကွယ်ရာအရှင်သခင် မဖြစ် ထိုက်သည်တို့က ဘာလဲဆိုသည်ကိုပြသည်။ ဘုရားတု ဘုရား ယောင်များကို ဖြိုခွင်းပြီး ယုံကြည်ရာ အစစ်အမှန် တုနှိုင်းမဲ့ ကိုးကွယ်ရာအရှင်သခင်ကို တွေးခေါ် သည့် ဒဿန များဖြင့် ဝေဆာစွာ အစပြုခဲ့သည်။
    -“မုဟမ္မဒ်”သည်-
    • -သဘာဝတ္ထပညာရှင် (PHILOSOPHER)၊
    • -တရားပို့ချသူ၊အပြောအဟောကောင်းသူ(ORATOR)  ၊
    • -အယူဝါဒပြုပြင်ရေး လှုပ်ရှားမှုခေါင်းဆောင် (APOSTLE)၊
    • – ဥပဒေပြုပြဋ္ဌာန်းသူ (LEGISLATOR) ၊
    • – စစ်သူကြီး (WARRIOR) ၊
    • -တွေးခေါ်မြှော်မြင်မှုဒဿနများကို ဟောကြားပို့ချအောင်နိုင်သူ (CONQUEROR OF IDEAS) ၊
    • ဆင်ခြင်တုံတရားနှင့်ဆိုင်သော ကိုးကွယ် ယုံကြည်ရာ အယူဝါဒ  ပြန်လည်ရှင်သန်စေသူ၊(RESTORER OF RATIONAL DOGMAS)နှင့်   ဘာသာရေးအယူဝါဒကို စွဲစွဲမြဲမြဲ ကိုးကွယ်ကျင့်သုံးမှုကို ရုပ်ထု(IMAGES) များ မပါဘဲ တည်ထောင်နိုင်သူဖြစ်သည်။
    -ဤကမ္ဘာမြေပေါ်တွင် အင်ပါယာပိုင်နက် (၂၀)ကို တည်ထောင် ခဲ့သူနှင့် တစ်ခုတည်းသော နာမ်အင်ပါယာကြီး(SPIRITUAL EMPIRE)ကို တည်ထောင်သူမှာ “မုဟမ္မဒ်” ပင် ဖြစ်သည်။
    -လူ့ဂုဏ်သိက္ခာ၏ ကြီးကျယ်မြင့်မြတ်မှုကို တိုင်းတာသည့် စံနှုန်းများနှင့် ချိန်စက်တိုင်းတာမည်ဆိုလျှင်   ကျွန်ုပ်တို့ မိမိကိုယ်မိမိ ကောင်းစွာမေးမြန်းထားရမည်မှာ –
    -“သူ”( မုဟမ္မဒ်)ထက်သာ ပိုကြီးကျယ်မြင့်မြတ်သူ ရှိပါသလား?  ဟူ၍ပင်ဖြစ်ပါသည်။
    -အဲလ်ဖွန်စီ၊ ဒီ ၊ လာမာတင်
    -HISTORIES DE LA TURQUIE Paris 1854 VOL-II P.P 276-277
    ≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈
    ဒီ ၀မ်းချမ်ဒ်း သျှရမား DIWAN CHAND SHARMA
    DIWAN CHAND SHARMA
    ဒီ ၀မ်းချမ်ဒ်း သျှရမားကရေးသည်မှာ –
    -သူ(မုဟမ္မဒ်)၏ညှာတာထောက်ထား ကြင်နာသောစိတ်နေသဘောထား နှင့် သူ၏အကြင်နာတရားများက ပတ်ဝန်းကျင်ရှိ ပုဂ္ဂိုလ်တို့တွင် ဘယ်သော်အခါမျှ မမေ့နိုင်ကြပေ။
    -D.C Sharama.
    THE PROPHETS OF THE EAST
    Calacutta 1935. PP-12
    ≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈
    အက်ဒ၀ါဒ်၊ဂစ်ဘွန်နှင့်ဆိုင်မွန်အောက္ကလေး EDWARD GIBBON AND SIMON OCKLEY
    EDWARD GIBBON AND SIMON OCKLEY“ကျွန်ုပ်သည်ကိုးကွယ်ရာအရှင်တစ်ပါးတည်းကိုသာ ယုံကြည်ကိုးကွယ်ပါ၏။ မုဟမ္မဒ်သည်  ထိုအရှင်၏ တမန်တော်ဖြစ်သည်”ဟု ဆိုခြင်းသည် အစ္စလာမ်၏ ရိုးစင်း၍ ပြောင်းလဲမရနိုင်သော ယုံကြည်ချက် သဒ္ဓါတရားဖြစ်သည်။
    – အစ္စလာမ်၏ မြင့်မြတ်သည့် ဂုဏ်သိက္ခာနှင့် စပ်လျဉ်း၍ တွေးခေါ်ဆင်ခြင်မှုပုံရိပ်များကို မည်သည့်အခါမဆို မြင်နိုင်စွမ်း ရှိသော အရာများဖြင့် နှိုင်းယှဉ်နှိမ့်ချပြောဆိုလေ့မရှိပါ။
    – တမန်တော်မြတ်ကို ဂုဏ်ပြု ချီးမြှောက်ရာတွင်လည်း လူသားတစ်ဦး၏ ကောင်းမြတ်သော  ဂုဏ်၊ သမာဓိ သစ္စာတရားကို တိုင်းတာ သည်ထက် သာပိုလွန်ကျူး၍ မည်သည့် အခါမျှ တိုင်းတာ ခြင်း မရှိပါ။
    – သူ၏ ရှင်သန်လျက်ရှိသော ပညတ်ချက်၊ ၀ိနည်း၊ ကျင့်ဝတ်များကို သူ၏တပည့်နောက်လိုက် အဆွေတော်များက ကျေးဇူးတရားကို စောင့်သိမှုဖြင့်  ကျိုးကြောင်း ဆင်ခြင်တုံတရား ဆင်ခြင်ဉာဏ်ကိုအသုံးပြု၍ အစ္စလာမ့်စည်းဘောင်များအတွင်းမှ ထိန်းချုပ်ထားနိုင်ခဲ့သည်။
    Eward Gibbon and Simon Ockley, HISTORY OF THE SARACEN EMPIRE , London, 1870.p.54
    ≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈
    THE FAMOUS POETESS OF INDIA.(SAROJINI NAIDU) အိန္ဒိယနိုင်ငံ၏ထင်ပေါ်ကျော်ကြားသောကဗျာဆရာမကြီး ဆရိုဂျင်နီနိုင်ဒူး
    SAROJINI NAIDU)ကိုးကွယ်ယုံကြည်ရာ ဘာသာအယူဝါဒတစ်ခုအနေဖြင့် ဟောကြားပို့ချပြီး “ဒီမိုကရေစီ”စနစ်ကို လက်တွေ့ အကောင်အထည်ဖော် ကျင့်သုံးသော ပထမဦးဆုံးသော ဘာသာမှာ “အစ္စလာမ်” ဖြစ်ပါသည်။
    –  အဘယ်ကြောင့်ဆိုသော် ၀တ်ပြုရန်အချိန် ကျရောက်၍ သံတော်ဆင့်မှ ၀တ်ပြုရန်  ဖိတ်ခေါ်ကြွေးကြော်သံကို ကြားရသည့်အခါ ၀တ်ပြုသူများအားလုံး အတူတကွ စုရုံး၍ ၀တ်ပြုမည့်နေရာသို့ရောက်ကြရပါသည်။
    – အစ္စလာမ် က ကျင့်သုံးနေသည့် နေ့စဉ် (၅)ကြိမ် ၀တ်ပြုမှုတိုင်းတွင် “တောင်သူလယ်သမား”နှင့် “ဘုရင်”ပင် ဖြစ်ပါစေ၊ ပခုံးခြင်း ယှဉ်လျက်  “ထာဝရကိုးကွယ်ရာ တုနှိုင်းမဲ့ အရှင် သာလျှင် အကြီးကျယ်ဆုံး”ဟု အထင်အရှား သိမြင် ကြစေရန် တစ်ညီတည်း၊တစ်စိတ်တစ်ဝမ်းတည်း၊ တစ်တန်းတည်း၊ ကြွေးကြော်နေခြင်းသည် “အစ္စလာမ်၏ ဒီမိုကရေစီစနစ်”ကို ပီပြင်စွာ သရုပ်ဖော်နေခြင်းပင်တည်း။
    – ကျွန်မ၏ စိတ်အသွင်ဝယ် ထပ်တလဲလဲ သိသာထင်ရှား လာစေသည့်အချက်မှာ အစ္စလာမ်သာသနာ၏ လူမျိုး ဘာသာ မခွဲခြား၊ အသွေးအရောင် မပိုင်းခြားနိုင်သော တစ်အူတုံဆင်း ညီရင်းအစ်ကိုပမာ တစ်ဦးနှင့်တစ်ဦး သွေးစည်းညီညွတ်စေမှုပင် ဖြစ်သည်။
    -ဆရိုဂျင်နီနိုင်ဒူး
    – (S.Naidu IDEALS OF ISLAM; Vide Speeches & Writings . Madras 1918 . P. 169)
    -≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈
    ပါမောက္ခ ဟာရွန်ဂျီ (PROF. HURGRONJE)
    PROF. HURGRONJE“ပဋိညာဉ်စာချုပ်ကြီး” (The League of Nations)ကို အစ္စလာမ်သာသနာ၏ တမန်တော်ကြီးက တည်ထောင်ခဲ့ရာတွင် တစ်ကမ္ဘာလုံးဆိုင်ရာ ညီညွတ်ပေါင်းစည်းမှုနှင့် လူသားထုတစ်ရပ်လုံးညီရင်းအစ်ကို ပမာချစ်ခင်တွယ်တာရန် စည်းကမ်း ဥပဒေသများကို ထည့်သွင်းရေးဆွဲခဲ့သည်။
    – ထိုသို့ စကြ၀ဠာ ကမ္ဘာတစ်လောကလုံးနှင့်ဆိုင်သော အခြေခံ အုတ်မြစ်တွင် ဤကဲ့သို့ ထည့်သွင်းခဲ့သည်မှာ အခြားသောနိုင်ငံ များအား အလင်းဆောင် လမ်းညွှန်ရန် ဖြစ်သည်။ Prophet’s Constrtution (Meesaaq-al-Madinah or sahifat-alMadinah)သည် ထိုစဉ်က ကျယ်ဝန်းလှသော (ယခုဆိုလျှင် အာရှတိုက် ဒေသ အတွင်းရှိ) နယ်မြေဒေသများရှိ လူမျိုးစုံ ကိုးကွယ် ယုံကြည်ရာ၊ ယဉ်ကျေးမှုဓလေ့စရိုက် အစုံစုံ သော လူ့အဖွဲ့ အစည်းကို စုစည်းညီညွတ်သော လူ့အစုအဝေးတစ်ရပ် ပီပြင်စွာ ပေါ်ပေါက်လာစေရန် ဦးတည်  တည်ထောင်သောLeague of Nations ဖြစ်သည်။ ခေတ်သစ်ဝေါဟာရအရ လူ့သမိုင်းစဉ်တွင် ပထမဦးဆုံးရေးဆွဲသည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံစည်းမျဉ်းဥပဒေဖြစ်သည်။
    အကြောင်းခံမှာ  အစ္စလာမ်က ဆောင်ရွက်ခဲ့သော ဤဖွဲ့စည်း အုပ်ချုပ်ပုံ စနစ် တည်ဆောက်ခဲ့ရခြင်း၏ သဘောထား အယူအဆ ကဲ့သို့ အလားတူ ကမ္ဘာပေါ်ရှိ  မည့်သည့်တိုင်းပြည် နိုင်ငံကမျှယှဉ်ပြိုင်ဆောင်ရွက်နိုင်မှု မရှိသေးပေ။
    – ဤကမ္ဘာလောကကြီးသည် ပုံပြင်ဆန်လှ၍ ဒဏ္ဍာရီပမာ ရှိသည့်အတိုင်း လူပုဂ္ဂိုလ်အသီးသီးတို့၏ ဘ၀နှင့် ဒဿနများ ဆုံးရှုံးပျက်စီး ခဲ့ရမှုဖြစ်ရပ်များအစား ထူးကဲမြင့်မြတ်သော ဂုဏ်အဆင့်အတန်း မျှဝေရရှိရန် မြှင့်တင်တောင်း ဆုချွေပေးသည့် လုပ်ဆောင်မှုတွင်လည်း အလျှဉ်း တုံ့ဆိုင်းမှု မရှိပေ။
    – သမိုင်းအခြေခံဖြင့်ပြောရပါလျှင် မည်သည့် ပုံပြင်၊ ဒဏ္ဍာရီပမာ ရှိသည့်ဖြစ်ရပ်များကမှ တမန်တော်မုဟမ္မဒ်ဆောင်ရွက် ပြီးမြောက် အောင်မြင်ခဲ့သည့် အစိတ်အပိုင်းများ၏ အပိုင်းအစငယ်မျှ အကျိုး ရလာဒ်ရရှိအောင် မဆောင်ရွက်နိုင်ခဲ့ပေ။ သူ၏ ကြိုးစား ရုန်းကန် လှုပ်ရှားမှု အလုံးစုံတို့သည် လူသားထု တစ်ရပ်လုံးအား စုစည်း၍ ထာဝရ တူနိုင်းမဲ့ ကိုးကွယ်ရာအရှင် သခင်တစ်ဆူတည်း ကိုသာ စိတ်စေတနာ  ကြည်ဖြူစွာနှင့် အကျင့်သိက္ခာမြင့်မား စွာဖြင့် ထားရှိကိုးကွယ်ရန်သာဖြစ်သည်။
    – မုဟမ္မဒ် (သို့မဟုတ်) သူ၏ နောက်လိုက်တပည့် အဆွေတော်များက မည်သည့် အချိန်ကမှ မည်သို့မှ သူ( မုဟမ္မဒ် )သည် ဘုရား၏ သားတော်ဖြစ်ကြောင်း (သို့မဟုတ်) ဘုရားဝင်စားသူဖြစ်ကြောင်း (သို့မဟုတ်) ထူးကဲ မြင့်မြတ် တော်မူသောသူဖြစ်ကြောင်း၊ မကြွေးကြော်ခဲ့ပါပေ။ သို့သော်လည်း သူ(မုဟမ္မဒ်)သည် အစဉ်အမြဲ ယနေ့တိုင် အများ လက်ခံယုံကြည်ထားသည်မှာ ထာဝရ ကိုးကွယ်ရာ တုနှိုင်းမဲ့ အရှင်သခင်၏  ရွေးချယ်ခံ တမန်တော်ပင်ဖြစ်သည်ဟူသော အချက်ဖြစ်သည်။
    – ယနေ့နှစ်ပေါင်း (၁၄၀၀)ကျော်မျှ အချိန်များ ကုန်လွန်ခဲ့ငြားလည်း  မုဟမ္မဒ်၏ ဘ၀နှင့် ဒဿန သွန်သင် ဆုံးမ သြ၀ါဒ များမှာ အနည်းငယ် စိုးစဉ်းမျှ ဆုံးရှုံးမှုမရှိဘဲ ပြောင်းလဲခြင်း တစ်စုံ တစ်ရာ  ဖြည့်စွတ်ချက် မရှိဘဲ မပျက်မစီး တည်တံ့နေသည်။
    –     အစ္စလာမ်သာသနာဝင်တို့သည်လည်း   ၄င်း သက်တော် ထင်ရှား ရှိစဉ် ကာလက ဆောင်ရွက်ခဲ့ကြသကဲ့သို့ပင် အစဉ် ထာဝရ ဖြစ်တည်နေသော မျှော်လင့်ချက်နှင့် လူသားထု တစ်ရပ် လုံး၏ လူမှုကိစ္စဒုက္ခဆင်းရဲ ခြင်းအ၀၀ကို အကောင်းဆုံး ဖြည့်ဆည်း လျက် ရှိကြသည်။
    -ဤအရာသည် မုဟမ္မဒ်၏နောက်လိုက်တပည့်အဆွေတော်များက တောင်းဆိုခဲ့ခြင်းမဟုတ်သလို မလွှဲမရှောင်သာသောမလွတ်ကင်း နိုင်သည့် အဆုံးနိဂုံးချုပ် အခြေအနေ ကျရောက်လာသည့်အခါ လူ့သမိုင်းစဉ်၏ ဘက်လိုက်မှုကင်း သော ဖြစ်စဉ်အရသာဖြစ်ရ လေသည်။
    -မုဟမ္မဒ်သည်ကျယ်ဝန်းနက်ရှိုင်းပြီးမတူကွဲပြားခြားနားသည့်  လူ့ဘ၀နယ်ပယ်၏ တွေးခေါ် မြော်မြင်ခြင်းနှင့် ပြုမူနေထိုင်သည့် စည်းကမ်းကို စွမ်းအား ပြည့်ဖြင့် စံနမူနာပြုကာ ရှေ့ဆောင်လမ်းပြ အဖြစ် လူ့သမိုင်းစဉ်တွင် စွမ်းစွမ်းတမံဆောင်ရွက် အကောင် အထည် ဖော်ခဲ့သည်။
    – သူ၏ ကိုယ်ရေးကိုယ်တာ အသေးစိတ်နှင့် ဘ၀အခြေ အနေများ လူထုပရိတ်သတ်ရှေ့ဝယ် ပြောကြားသည့် မိန့်ခွန်းများကို သေချာ တိကျစွာ စာပေများဖြင့် ရေးသားမှတ်တမ်း ပြုပြီး ယနေ့အထိ သိမ်းဆည်းထားရှိခဲ့ပါသည်။ သူ၏ မှတ်တမ်း မှတ်ရာများသည် တိကျမှန်ကန်ခိုင်မာပြီး နဂိုမူလအတိုင်း ရှိပေသည်။ ထိုသို့ သစ္စာရှိစွာဖြင့် ခိုင်လုံစွာ သိမ်းဆည်းထားခြင်းကို သူ၏ နောက်လိုက် တပည့်အဆွေတော်များကသာ ပြုလုပ်ထားရှိကြသည် မဟုတ်ဘဲ သူ့အား အာဃာတဖြင့် အပြစ်ရှာ တတ်သူ ဝေဖန်ရေးသမား များကလည်းပြုစုသိမ်းဆည်းထားရှိကြပေသည်။
    -မုဟမ္မဒ်သည်
    • သင်ကြားပို့ချသူဆရာတစ်ပါး(A teacher)၊
    •  လူမှုရေးပြုပြင်မှုဝါဒီ (A Social Reformer) ၊
    • ကျင့်ဝတ်သိက္ခာ ကိုယ်ကျင့်တရားကိုလမ်းညွှန်သူ (A Moral Guide) ၊
    • အလွန် ကြီးမားသော အုပ်ချုပ်မှု ယန္တယား၏ အလုံးစုံဗျူဟာကို ချမှတ်သူ (An Administrative Colossus) ၊
    • သစ္စာစောင့်သိသော မိတ်ဆွေကောင်း (A Faithful Friend) ၊
    • အံ့သြလောက်သည့် မိတ်ဆွေ အပေါင်းအဖော် (A Wonderful Companion) ၊
    • တာဝန်ကျေပွန်သော ခင်ပွန်း  (A Devoted Husband) ၊
    • ခင်တွယ်စရာကောင်းသော ဖခင်တစ်ဦး(A Loving Father)
    စသည့်ဂုဏ်ပုဒ်များ အားလုံးနှင့် ပြည့်စုံစွာ ရှိသူဖြစ်သည်။
    -သူ့ဘ၀၏ ကွဲပြားခြားနားသော ဤကဲ့သို့စွမ်းဆောင်ချက် များတွင် သာလွန်ကောင်းမွန်အောင်မဆိုထားဘိ၊ သူနှင့် သာတူညီမျှပင် သမိုင်းတွင် မည်သူတစ်ဦးတစ်ယောက်မျှ မစွမ်းဆောင်နိုင်ချေ။
    -သို့ဖြစ်ရသည်မှာ မုဟမ္မဒ်၏ ကိုယ်ကျိုး အတ္တကင်းသော ဆောင်ရွက်နိုင်မှု စွမ်းရည် ကြောင့် မယုံကြည် နိုင် ဖွယ်ရာ ဖြစ်သော အထူး ပြည့်စုံ ကောင်းမွန် သည့် အကျိုး ရလဒ် များကို ရရှိခဲ့ခြင်းဖြစ်သည်။
    ≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈
    မဟတ္တမ ဂန္ဒီ (MAHATMA GANDHI)
    MAHATMA GANDHI  ကျွန်ုပ်သိလိုခဲ့သည်မှာ သန်းပေါင်းများစွာသော လူသားတို့၏ နှလုံးသားတွင် တိမ်းညွှတ် စွဲငြိစေပြီး အငြင်းပွားဖွယ်ရာ အလျဉ်းမရှိ အကောင်းဆုံးပါဟု လက်ခံထားရသူ တစ်ဦးသည် မည်သူပါလဲဟူ၍ပင်ဖြစ်သည်။
    – ကျွန်ုပ်ပို၍ သိရှိနားလည် သဘောပေါက်လာသည်မှာ ထိုခေတ် အခြေအနေများအရ လူနေမှုဘ၀အစုစုတို့၏ စီမံကိန်း (စနစ်) အတွက် အစ္စလာမ်သာသနာအနေဖြင့် နေသားတကျ ဖြစ်ခဲ့ရသည်မှာ“ဓား”လက်နက်ကြောင့် မဟုတ်ကြောင်းပင်ဖြစ်သည်။
    -မုဟမ္မဒ်၏ –
    •  -တည်ကြည်ခိုင်မာသော ရိုးသားဖြူစင်မှု၊
    • -အတ္တစွဲကို ခြေဖျက်တတ်မှု ၊
    • -သဘောတူညီမှုကတိက၀တ်များကို စောင့်ထိန်းလိုက်နာမှု ၊
    • -မိတ်ဆွေ၊ တပည့်များအပေါ် ပြည့်ဝစွာတာဝန်ကျေပွန်မှု၊
    • – ရဲစွမ်းသတ္တိရှိမှု ၊
    • – ကြောက်ရွံ့ခြင်းကင်းရှင်းသောစိတ်ဓာတ်၊
    • -“ကိုးကွယ်ရာထာဝရတုနှိုင်းမဲ့အရှင်သခင်” ကို အကြွင်းမဲ့ယုံပုံလွှဲအပ်ထားရှိသည့် ယုံကြည်ချက်သဒ္ဓါတရားရှိမှုနှင့်
    • -သူကိုယ်တိုင်ဦးဆောင်ခဲ့သော အစ္စလာမ်သာသနာပြု လုပ်ငန်းတို့ကြောင့်သာဖြစ်ပေသည်။
    ဤအရာများကသာ သူရင်ဆိုင်ကြုံတွေ့ရသော အခက်အခဲအကျပ်အတည်းများကို လွယ်ကူစွာ ကျော်လွှားသွားစေနိုင်ခဲ့ပါသည်။  “ဓား”ကြောင့် မဟုတ်ပါ။
    -တမန်တော်မြတ်၏ အတ္ထုပ္ပတ္တိ ဒုတိယတွဲကို ဖတ်ပြီး သောအခါ ဤမျှ ကြီးကျယ်သော ပုဂ္ဂိုလ်မွန်၏ အတ္ထုပ္ပတ္တိကို ဖတ်ရန် ကျွန်ုပ်တွင် စာအုပ် နောက်ထပ် မရှိတော့၍ ၀မ်းနည်းမိပါသည်။
    မဟတ္တမ ဂန္ဒီ
    ≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈
    သောမတ်(စ)ကာလိုင်း THOMAS CARLYLE
    THOMAS CARLYLETHOMAS CARLYLE in his HEROES AND HERO-WORSHIP, was simply amazed as to:
    – သောမတ်(စ)ကာလိုင်း၏ သူရဲကောင်းများနှင့် သူရဲကောင်းဆည်းကပ်ခြင်းဝါဒ စာအုပ်တွင်-
    -အကူအညီမပါဘဲ မည်သို့သော လူသားတစ်ဦးတည်းက ဖက်ပြိုင်စစ်ခင်းနေသော လူမျိုးစုများနှင့် ခရီးလှည့်လည် သွားလာနေသော     (Bedouins ) အရဗ်ကျေးတောသားတို့ကို ပေါင်းစပ် ညီညွတ်စေပြီး အင်အား အတောင့်တင်းဆုံးနှင့် ယဉ်ကျေးသော လူအစုအဝေး တစ်ရပ်၏ တိုင်းနိုင်ငံ တစ်ခုအဖြစ် ရာစုနှစ် နှစ်ခုအတွင်း ဆောင်ရွက်နိုင်မည်နည်း ?
    – စိတ်ရင်းစေတနာကောင်းဖြင့် စိတ်အားထက်သန်သူ ဤပုဂ္ဂိုလ်မုဟမ္မဒ်နှင့်စပ်လျဉ်း၍ အနောက်နိုင်ငံများက အလိမ်အညာအတင်းအဖျင်းများစုပုံပြောဆိုနေခြင်းမှာ ကျွန်ုပ်တို့ကိုယ် ကျွန်ုပ်တို့ ဂုဏ်သိက္ခာကျဆင်းစေအောင် လုပ်ဆောင်နေခြင်းသာဖြစ်သည်။
    -နှုတ်ဆိတ်ပြီး ကြီးကျယ်မြင့်မြတ်သူတစ်ဦးဖြစ်သော်ငြားလည်း စိတ်အားထက်သန်၍ အလေးအနက် သဘောဆောင်သူဖြစ်ခြင်းကြောင့်  ဤကမ္ဘာ လောကကြီးအား ပြုစုပျိုးထောင်သောဖန်ဆင်းရှင်က သူ့အား ဤကမ္ဘာကြီးကို လှုပ်ရှား နိုးထလာစေရန် တာဝန် ပေးအပ်ခဲ့သည်။
    –  သောမတ်(စ)ကာလိုင်း  THOMAS CARLYLE
    ≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈
    အဲယ်နီဘီးစဲန်တဲ့ (ANNINE BESANT)
    ANNINE BESANTANNINE BESANT , in The Life & Teaching of MUHAMMADsays
    – တမန်တော်မြတ်မုဟမ္မဒ်၏ ဘ၀၊ သွန်သင်ချက် များနှင့် စပ်လျဉ်း၍ ပြောရာတွင်-
    –   တစ်စုံတစ်ဦးအတွက် အရေးဗီးယားနိုင်ငံမှ ကြီးကျယ် မြင့်မြတ်လှသော တမန်တော်ကြီး၏ ဘ၀နှင့် ကြန်အင်လက္ခဏာများကို လေ့လာ ဆည်းပူးမည်ဆိုပါက ပြီးပြည့်စုံအောင်ဖြစ်နိုင်ချေမရှိပါ။
    – အမြင့်မြတ်ဆုံးသော တမန်တော်တို့တွင် တစ်ပါး အပါအ၀င် ဖြစ်ပြီး ကြီးကျယ်မြင့်မြတ်သည့် ထိုတမန်တော်၏ ကြည်ညို လေးစား မြတ်နိုးဖွယ်ရာကိုမူ  စိတ်အာရုံတွင် တစ်စုံတစ်ခုမုချထိတွေ့ခံစား ရမည်ဖြစ်သည်။
    – ကျွန်မတင်ပြမည့် အချက်များတွင် များသောအားဖြင့် အားလုံးကောင်းစွာ သိရှိထားပြီဖြစ်သော အရာများလည်း ပါဝင်နေမည် ဖြစ်သည်ကို သိပါသည်။ သို့ရာတွင် ကျွန်မ အနေဖြင့် ထိုတမန်တော်၏ အတ္ထုပ္ပတ္တိကို ပြန်၍ ပြန်၍ ဖတ်တိုင်း ဖတ်တိုင်း ချီးကျူး ထောပနာပြုမှု အသစ် အသစ် တစ်မျိုး၊ ကြည်ညို လေးစား မြတ်နိုးမှုအနှစ်သာရ အစုစုတို့ကို ထို “အရေးဗီးယားမှ သြဇာတိက္ကမရှိသောဆရာ”အတွက် စိတ်အလျင်ဝယ် သာယာထိတွေ့ခံစားမှုအပြည့်ရရှိပါသည်။
    -အဲယ်နီဘီးစဲန်တဲ့ (ANNINE BESANT)
    ≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈
    LANE – POOLE in Speeches and Table Talk of the Prophet:
    LANEလိန်း(န်)ပူလ်း၏မိန့်ခွန်းများ၊ ဟောပြောချက်များနှင့် စကားများမှ တမန်တော်မြတ်နှင့် ပတ်သက်၍ တင်ပြချက်များ သူ၏ ကာကွယ်စောင့်ရှောက်ခံတို့အတွက် သူသည် ယုံကြည်စိတ်အချရဆုံးသော၊ သစ္စာအရှိဆုံးသော ကာကွယ် စောင့်ရှောက်သူ ဖြစ်သည်။ နှုတ် အချိုသာဆုံးနှင့် ပြောဆိုဆက်ဆံရာတွင် နှစ်သက် လက်ခံနိုင်ဖွယ်ရာကိုသာပြောသည်။
    သူ့ကိုရုတ်ချည်းမြင်လိုက်ရသူတိုင်း ကြည်ညို လေးစားမြတ်နိုးတွယ်တာခြင်း ဖြစ်ရသည်။
    –  သူ့အနားချဉ်းကပ်ခဲ့ရသူတိုင်းသူ့ကို ချစ်ခင်မြတ်နိုး၏။
    -သူ့အကြောင်းကို ပြောပြခဲ့သူတို့၏ ပြောခဲ့ကြသည့်အတိုင်း ဆိုရပါလျှင်-
    -ကျွန်ုပ် ထိုပုဂ္ဂိုလ်နှင့်တူသူတစ်ဦး တစ်ယောက်ကိုမျှ ယခင်ကလည်း မတွေ့ခဲ့ဘူးပါ။ နောင်လည်းတွေ့မည် မဟုတ်ပါ။
    ထိုပုဂ္ဂိုလ်သည် အလွန် စကားနည်းသူ ဖြစ်ပါသည်။  သို့သော်လည်း သူစကားပြောသည့်အခါ အလေးအနက်ပြု ဆင်ခြင် စဉ်းစား၍ ပြောသဖြင့် တစ်စုံတစ်ဦးကမျှ ထိုပုဂ္ဂိုလ်ပြောသည့် စကားကို မေ့သွားခြင်း မရှိပါ။
    ≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈
    WASHINGTON IRVINGသူ၏စစ်ရေးစစ်ရာအောင်မြင်မှုများသည် အကယ်၍သာ ကိုယ်ကျိုးအတ္တအတွက် ရည်စူး၍ဆောင်ရွက်ခဲ့သည်များဖြစ်လျှင် ဂုဏ်ယူစရာလည်းမရှိသကဲ့သို့ အချီးနှီး အလဟဿလည်း မဟုတ်ပါလားဟုသတိပြုမိပါသည်။
    -သူ၏ တန်ခိုးအာဏာအကြီးမားဆုံးသော အချိန်ကာလမှာပင် သူ(မုဟမ္မဒ်)သည် ရိုးရှင်းသော သူ၏ကိုယ်ကျင့်မူရာနှင့်စရိုက် သွင်ပြင်အနေအထားကို ကံဆိုးမိုးမှောင်ကျ၍ စိတ်ဆင်းရဲဒုက္ခရောက်ခဲ့ရသည့် နေ့ရက်ကာလများကကဲ့သို့ပင် ထိန်းသိမ်း တည်တံ့စေခဲ့သူဖြစ်သည်။
    -သူ(မုဟမ္မဒ်)သည် တော်ဝင်၍ မင်းဧကရာဇ်တို့နှင့်သာ ထိုက်တန်သော “တိုင်း နိုင်ငံ အင်ပါယာ”ကို စိတ်ဝယ်စွဲငြိ ခင်တွယ်ရန်ဝေးစွ၊
    -၀ါရှင်တန်အာဗင် (WASHINGTON IRVING)
    ≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈
    အမေရိကန် စိတ်သရုပ်ခွဲပညာရှင်ကြီး ပါမောက္ခ ဂျူးလ်(စ်)မက်ဆာမင်း PROF – JULES MASSERMAN of USA Psychiatric Association:
    PROF - JULES MASSERMAN– ခေါင်းဆောင်ကောင်းတစ်ဦးအနေဖြင့် ကဏ္ဍသုံးရပ်ကို ဖြည့်ဆည်းပေးနိုင်ရပေမည်။
    -(၁)  မိမိ၏ ဦးဆောင်လမ်းညွှန်မှုအောက်တွင်ရှိသော သူများ၏ အကျိုးကိစ္စအ၀၀ကို သယ်ပိုးနိုင်ရမည်။
    -(၂)  လူမှုဘ၀တည်ဆောက်ရာတွင် လုံခြုံမှုကို အာမခံချက် အပြည့်အ၀ရှိစေမည့် အဖွဲ့အစည်းတစ်ရပ်ကို ထူထောင်ပေးနိုင်ရမည်။
    -(၃) ၎င်းင်းတို့အတွက် တစ်ခုတည်းသော ယုံကြည်ချက်တစ်ရပ်ကို တည်ဆောက်ပေးနိုင်ရမည်။
    – ပါစ္စ်ချာ (Pasteur) နှင့် ဆာလ်က်ခ် (Salk)တို့ ကဲ့သို့သော ခေါင်းဆောင်များက “ပထမ”ကဏ္ဍ ကိုသာ ဖြည့်ဆည်းနိုင်ကြသည်။
    -ဂန္ဒီ (Gandhi) ၊ ကွန်ဖြူးရှပ်(စ်) (Confucius) ၊ အလက်ဇဲန္ဒား (Alexander)  ၊ ဆီဇာ  (Caesor) နှင့် ဟစ်တလာ (Hitler)တို့ကား “ဒုတိယ”ကဏ္ဍ ကိုသာ ဖြည့်ဆည်းပေးနိုင်ကြသူများဟု ဆိုနိုင်သလို “တတိယ” ကဏ္ဍအပိုင်းကိုလည်း ဖြည့်စွမ်းပေးနိုင်သည့် ပုဂ္ဂိုလ်များ ဟုလည်း ဆိုနိုင်ကောင်းပါသည်။
    – ဤကဏ္ဍသုံးရပ်စလုံးကို တစ်ဦးတည်း အကောင်အထည် ဖော်ဆောင်ရွက်သွားနိုင်သူမှာ ခေတ်အဆက်ဆက်တွင် သာလွန် မြင့်မြတ်ကြီးကဲသည့် ပုဂ္ဂိုလ်ဟုဆိုရမည့် “မုဟမ္မဒ်” ပင် ဖြစ်ပါသည်။ တမန်တော်မူစာ(မော်ရှေး)က တမန်တော် မုဟမ္မဒ်၏ နောက်မှ အနီးစပ်ဆုံး ကပ်ပြီး လိုက်ပါသည်။
    –  ပါမောက္ခ ဂျူးလ်(စ်)မက်ဆာမင်း
    ====================================
    IRAC Website မှ ထပ်ဆင့်ကူးယူဖော်ပြသည်။
    က၀ိပညာကျော်တို့၏ မျက်ရှု မြတ်တမန် EBook ဖတ်ရှုလိုလျှင် Click Here
  • လူ့သမိုင်းမှာ တန်ခိုးသြဇာ အကြီးမားဆုံး ပုဂ္ဂိုလ် (သို့) တမန်တော် မုဟမ္မဒ် (ဘာသာပြန်- Dr သန်းထွန်း)
    လူ့သမိုင်းမှာ တန်ခိုးသြဇာ အကြီးမားဆုံး ပုဂ္ဂိုလ် (သို့) တမန်တော် မုဟမ္မဒ် (ဘာသာပြန်- Dr သန်းထွန်း)
    Michael H. Hart ၏ the 100 a ranking of the most influential စာအုပ်ကို ဒေါက်တာ သန်းထွန်း ဘာသာပြန်ဆိုသော ကျော်စွာ ၁ဝဝ စာအုပ်မှ ဖြစ်ပါသည်။
    မူရင်းစာရေးဆရာ၏ လူပုဂ္ဂိုလ်များ စီစဉ်ဆုံးဖြတ်ပုံ
    ၁) ဘယ်အခြေခံနဲ့ ဒီပုဂ္ဂိုလ်ဟာကြီးမြင့် လာရပါသလဲ
    ၂) ဒီလူရဲ့ အစွမ်းနဲ့လူတွေဘယ်လောက်များများအကျိုးခံစားရသလဲ
    ၃) ဒီလူ့ကျေးဇူးကို လူတွေဘယ်လောက်ကြာကြာ ခံစားရပါသလဲ။
    အဲ့ဒီမေးခွန်းသုံးခုနဲ့ပဲ လူတွေကို ပထမ ဒုတိယဆိုပြီး တန်းစီလိုက်တယ်။ အဲ့ဒီလိုလုပ်ပုံကို ကျွန်တော်ကြိုက်တယ်။ ဒါပဲ သမိုင်းနည်းလမ်းကျတယ်။ ဒါကြောင့် ကျော်ကြားတဲ့တခြားစာအုပ်တွေ မြန်မာဘာသာမပြန်မိဘဲ ဒီစာအုပ်ကျတော့မှ မြန်မာဘာသာပြန်မိပါတယ်။ (ဒေါက်တာသန်းထွန်း အမှာစာမှ)
    မူရင်း စာအုပ်မှ လူပုဂ္ဂိုလ်များအစီအစဉ်မှ
    ၁။ မိုဟမ္မဒ်
    ၂။ အိုင်းဆက် နယူတန်
    ၃။ သခင်ယေရှု ဂျေစပ်ခရိုက်စ်
    ၄။ ဗုဒ္ဓ
    ၅။ ကွန်ဖြူးရှပ်
    10736145_834814936553377_510616055_n
    မုဟမ္မဒ် (Muhammad) ကို ကမ္ဘာ့သြဇာအရှိဆုံး ပုဂ္ဂိုလ်ထဲမှာ ထိပ်ကထည့်လိုက်တာကို တချို့လဲ အံ့သြမယ်၊ တချို့လည်း ဟုတ်ရဲ့လားကွယ်လို့ မေးခွန်းထုတ်မယ်။ သမိုင်းကို ပြန်ကြည့်ရင် ကိုးကွယ်ယုံကြည်မှုဘက်၊ ပြည်ရေးရွာမှုဘက် နှစ်ဖက်စလုံးမှာ အကြီးအကျယ်အောင်မြင်ခဲ့တဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။
    အညတြအနေက ကမ္ဘာ့အကြီးဆုံး ကိုးကွယ်ယုံကြည်မှုတွေထဲမှာ တစ်ခုအပါအ၀င်ဖြစ်တဲ့ ယုံကြည်မှုကို ပေါ်ထွန်းစေတယ်။ အင်မတန် တန်ခိုးသြဇာ ရှိတဲ့ နိုင်ငံရေးခေါင်းဆောင် လည်း ဖြစ်ခဲ့တယ်။ ကွယ်လွန်ခဲ့တာ အနှစ်တစ်ထောင့်သုံးရာရှိပေမယ့် မုဟမ္မဒ်ရဲ့ သြဇာကြီးမား ရှင်သန်လျက်ရှိပါသေးတယ်။
    ဒီကျမ်းထဲမှာ ပါဝင်တဲ့ ပုဂ္ဂိုလ် အများစုဟာ နိုင်ငံရေးအရ ဆုံလည်လို့ အချက်အချာဒေသ၊ ဓလေ့အရာမှာလည်း အမြင့်ဆုံးဒေသ၊ ယဉ်ကျေးမှု ဘက်မှာလည်း ဗဟိုဆိုတဲ့နေရာတွေမှာပဲ မွေးဖွားခဲ့တဲ့ အချက်ဟာ ဒီပုဂ္ဂိုလ်တွေအတွက် အခြေခံကောင်းတယ်လို့ဆိုရပါမယ်။ ဒါပေမယ့် မုဟမ္မဒ်ကို အဲဒီအခါက စာပေကျမ်းဂန်၊ အနုပညာနဲ့ ရောင်းဝယ်ရေး မထွန်းကား မတိုးတက်တဲ့ အာရေဘိယ (Arabia) တောင်ဘက် မက္ကာ (Mecca) မှာ ၅၇၀ က မွေးဖွားခဲ့တယ်။ ခြောက်နှစ်သားမှာ မိဘမဲ့ကလေးဖြစ်ရရှာပါတယ်။ အစ္စလာမ် (Islam) အစဉ်အဆက်ပြောစကားအရ စာမတတ်ပါ။ အသက်နှစ်ဆယ့်ငါးနှစ်မှာကြွယ်ဝတဲ့ မုဆိုးမနဲ့ အိမ်ထောင်ကျလို့ အနေအစားချောင်လည်လာပါတယ်။ ဒါပေမယ့် အသက်လေးဆယ်အထိသူ့ကို နောင်ထင်ရှားကြီးကျယ်မယ်လို့ ဘယ်သူမှ ထင်မှတ်ကြမယ် မဟုတ်ပါ။
    ဟိုတုန်းက အာရပ် (Arab) အများစုဟာ မိစ္ဆာအယူရှိကြတယ်။ ဘုရားပေါင်းစုံကိုးကွယ်တယ်။ မုဟမ္မဒ်ဟာ မက္ကာမှာ ဂျူး (Jew) နဲ့ ခရစ်ယာန် (Christian) လူနည်းစုတွေဆီက စကြ၀ဠာတစ်ခုလုံးကို စီမံအုပ်ချုပ်တဲ့ တစ်ဆူတည်းဘုရား၊ တန်ခိုးအကြီးဆုံးဘုရား ရှိတယ်လို့ ပြောဟောတာကို နာယူခဲ့ဖူးဟန်တူပါတယ်။ အသက်လေးဆယ်မှာ ဒီစစ်မှန်တဲ့ တစ်ဆူတည်းသောဘုရား (Allah) က တမန်တော်ကြီး ဂေဗရီယယ် ( Angel Gabriel) က တစ်ဆင့်အယူမှန်ကို ပျံ့နှံ့အောင်လုပ်ဖို့ သူ့ကိုရွေးချယ်တယ်လို့ သိရပါတယ်။
    အစပထမသုံးနှစ်မှာ နီးစပ်ရာအရင်းနှီးဆုံး မိတ်သင်္ဂဟကိုပဲ ပြောဟောစည်းရုံးတယ်။ ပြီးမှ အေဒီ (၆၁၃) လောက်မှာ လူအများကို တွေ့ဆုံပြီး တရားဟောပါတယ်။ သူ့အယူဝါဒကို သက်ဝင်ယုံကြည်တဲ့လူ တဖြည်းဖြည်းများလာတဲ့အခါ  မက္ကာ (Mecca) ကိုအုပ်ချုပ်သူတွေက အန္တရာယ်ပေးမယ့် မနှစ်မျို့ဖွယ် အနှောင့်အယှက်တစ်ခုလို့ သတ်မှတ်လိုက်တယ်။ အဖမ်းအချုပ်လွတ်အောင် (၆၂၂) ခုနှစ် မှာ မက္ကာကမြောက်ဘက် မိုင် (၂၀၀) ကွာ မဒီနာ (Medina)  ကိုပြေးခဲ့ရတယ်။ မဒီနာမှာ နိုင်ငံရေးအာဏာ အသင့်အတင့်ရရှိသူ တစ်ဦးဖြစ်လာပါတယ်။
    တိမ်းရှောင်တာကို ဟီဂျရာ (Hegira) ခေါ်ပါတယ်။ အဲဒီလို့ တိမ်းရှောင်ခြင်းဟာ ပရောဖက် (Prophet) ဘ၀မှာ အတက်တကွေ့ ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ မက္ကာမှာတုန်းက နောက်လိုက် အသင့်အတင့်ရှိခဲ့ပါတယ်။ မဒီနာမှာ နောက်လိုက်တွေပေါများပြီး ဘုရင်တစ်ဆူလို ကြီးမြင့်လာခဲ့ပါတယ်။ နှစ်နည်းနည်း အတွင်းမှာပဲ နောက်လိုက်ခြွေရံသင်းပင်း အများကြီးဖြစ်လာတယ်။ မဒီနာ နဲ့ မက္ကာစစ်ပွဲအပြန်အလှန် အများကြီးတိုက်ခိုက်ကြရတယ်။ ၆၃၀ ခုနှစ်မှာ မက္ကာကို စစ်အောင်နိုင်သူအဖြစ်နဲ့ ပြန်ရောက်ပါတယ်။ မကွယ်လွန်မီ တစ်နှစ်ခွဲအတွင်းမှာ ယုံကြည်မှုအသစ်ကို အာရပ်မျိုးတူစုတွေ (Arab tribes ) တစ်ဖွဲ့ပြီးတစ်ဖွဲ့ ကူးပြောင်းလာကြလို့ မုဟမ္မဒ် ကွယ်လွန်တဲ့ (၆၃၂) ခုနှစ် အခါမှာ တောင်ဘက် အာရေဘိယ တစ်ခုလုံးကို ကောင်းစွာအုပ်စီးနိုင်တဲ့ ပုဂ္ဂိုလ်ဖြစ်လာပါတယ်။
    အာရေဘိယရဲ့ ဗဒူအင် (Bedouin) လူမျိုးစုဟာ အင်မတန် ကြောက်စရာကောင်းတဲ့ အစီအစဉ်ကောင်းတဲ့ စစ်သည်တွေလို့ ထင်ရှားကျော်ကြားတယ်။ လူဦးရေကတော့ နည်းတယ်။ အချင်းချင်း မညီညွတ်လို့ နှစ်ဦးနှစ်ဖက်စလုံး ပြုန်းတီးပျက်စီးကျဆုံးရတဲ့ စစ်ပွဲတွေ ဆင်နွှဲနေကြလို့ သူတို့ရဲ့မြောက်ဘက်က သူတို့ထက်အင်အားကြီးပြီး စိုက်ပျိုးရေးနဲ့ အခြေတကျ ကြီးပွားနေတဲ့ နိုင်ငံတွေရဲ့ တပ်တွေကို မယှဉ်ပြိုင်နိုင်ခဲ့ကြပါ။ ဒါပေမယ့် မုဟမ္မဒ် စုစည်းပေးလို့ သူတို့သမိုင်းတလျှောက်မှာ အခုလိုညီညွတ်မှုကို မရစဖူးရပြီး တစ်ဆူတည်းဖြစ်ပြီး စစ်မှန်သော ဘုရား (God) ကို အပြင်းအထန် စွဲမြဲယုံကြည်စိတ်နဲ့ အာရဗ် (Arab) တပ်ငယ်ကလေးတွေဟာ လူ့သမိုင်းမှာ အင်မတန်အံ့သြစရာကောင်းလောက်အောင် တစ်ခါထက်တစ်ခါ သာလွန်အောင်မြင်တဲ့ ပွဲစဉ်တွေကို တိုက်ခိုက်ခဲ့ကြတယ်။ အာရေဘိယရဲ့ အရှေ့မြောက်မှာ ဆက်စနစ် (Sassanids) တွေရဲ့ ပါရှန်အင်ပိုင်ရာသစ် (Neo-Persian Empire) ရှိတယ်။ အနောက်မြောက်မှာ ကွန်စတန်တီနိုပယ် (Constantinople) ကို ဗဟိုပြုတဲ့ ဗိုင်ဇန်တိုင်း (Byzantine) ခေါ်တဲ့ အရှေ့ရောမအင်ပါယာရှိတယ်။ ဂဏန်းအရေအတွက်ချပြီး ပြောကြမယ်ဆိုရင် ဒီရန်သူတွေကို အာရပ်တွေမယှဉ်နိုင်ပါ။ လက်နက်နဲ့ ယှဉ်ရတဲ့ စစ်ပွဲမှာတော့ တစ်မျိုးပဲ၊ ယုံကြည်မှု နှိုးဆွထားတဲ့ အာရပ်တွေက ခပ်မြန်မြန်ပဲ မက်ဆိုပိုတေးမီးယား (Mesopotamia)၊ ဆီးရီးယား (Syria)၊ နဲ့ ပါလက်စတိုင်း (Palestine) တို့ကို သိမ်းယူနိုင်ခဲ့တယ်။ အီဂျစ် (Egypt) ကို (၆၄၂) မှာ ဗိုင်ဇန်တိုင်း အင်ပါယာထဲက ဖဲ့ယူပြီး ပါသျှ (Persia) တပ်တွေကို (၆၃၇) ကာဒီဆီးယား (Qadisiya) စစ်ပွဲနှင့် (၆၄၂) နေဟဗင် (Nehavend) စစ်ပွဲတွေမှာ ချေမှုန်းနိုင်ခဲ့တယ်။ ဒီနှစ်ပွဲဟာ အရေးအပါဆုံးပဲ။ ဒီပွဲနှစ်ပွဲနိုင်ရင် ကျန်ပွဲတွေဟာ မမှုလောက်တော့ဘူးလို့ ဆိုရမယ့် ပွဲတွေပါပဲ။
    မုဟမ္မဒ်ရဲ့ အရင်းနှီးဆုံးမိတ်ဆွေဖြစ်ပြီး မုဟမ္မဒ်ကို ဆက်ခံသူ တွေဖြစ်တဲ့ အဗူဗကရ် (Abu Bakr) နဲ့ အိုမရ် အိဗ်နေ့ အလ်ခတ္တဗ် (Umar ibn Al Khattab) တို့က ကြီးမားလှတဲ့ အောင်မြင်သိမ်းပိုက် ပွဲတွေဆက်လုပ်ခဲ့တာမျှနဲ့လဲ အာရပ်တိုးတက်ကြီးပွားရေးဟာ မရပ်သေးဘူး အာရပ်တပ်မကြီးတွေဟာ မြောက်အာဖရိကကိုဖြတ်ပြီး အတ္တလန္တိတ် သမုဒ္ဒရာ ကမ်းခြေအထိ (၇၁၁) ခုနှစ်မှာ နယ်မြေသိမ်းယူပွဲကြီးလုပ်ပြီးနောက် မြောက်ဘက်ကို ဦးတည်ပြီး ဂျီဘရော်တာ (Gibraltar) ရေလက်ကြားကိုဖြတ် စပိန် (Spain) က ဗီစီဂေါ့သ် (Visgothic) နိုင်ငံကို လွှမ်းမိုးလိုက်သေးတယ်။
    ဥရောပရဲ့ ခရစ်ယာန်နိုင်ငံတွေအားလုံးကို မူစလင် (Muslim) က ၀ါးမျိုတော့မလောက် စိုးရိမ်ရတဲ့ အခြေရောက်လုဆဲဆဲဖြစ်ပြီးမှ (၇၃၂) ခုနှစ်မှာ နာမည်ကျော် တိုး (Tours) ပွဲမှာ ပြင်သစ်နိုင်ငံ အလယ်ပိုင်းအထိပေါက်မြောက်နေပြီဖြစ်တဲ့ မူဆလင်တပ်တွေကို ဖရန့်စ် (France) တွေက နိုင်လိုက်ပါတယ်။ ဒီလို တစ်ရာစုနှစ်မျှလောက် လှူပ်ရှားတိုက်ခိုက်ရုံနဲ့ ဗဒူအင် (Bedouin) လူမျိုးတွေဟာ တမန်တော် (Prophet) ရဲ့ အားပေးစကားမျှနဲ့ အိန္ဒိယနယ်စပ်က အတ္တလန္တိတ်သမုဒ္ဒရာထိ ကျယ်ပြန့်တဲ့ နယ်မြေကို ရယူနိုင်တာဟာ အံ့သြရမှာဖြစ်တယ်။ အခုအထိ ကမ္ဘာမှာ ဒါလောက်ကျယ်ပြန့်တဲ့ အင်ပါယာမျိုး မမြင်သေးဘူးပါ။ အဲဒါအပြင် သူတို့သိမ်းယူတဲ့ နေရာတိုင်းမှာ သူတို့အယူကို လူတွေအများကြီးက ပြောင်းယူလာကြတာကိုလဲ တွေ့ရမှာဖြစ်ပါတယ်။
    ဒီလိုအောင်ပွဲတွေအကြာအရှည် တည်မြဲတယ်လို့တော့ မဆိုနိုင်ပါ။ တမန်တော် (Prophet) ရဲ့အယူကို ဆက်လက်ခံယူတယ်ဆိုပေမယ့် အာရပ်လက်အောက်က လွတ်လပ်ရေးရခဲ့တဲ့ နိုင်ငံတွေရှိပါတယ်။ စပိန်မှာဆိုရင် အနှစ် (၇၀၀) ကျော်ကြာအောင် တိုက်ကြပြီးမှ ခရစ်ယာန် အယူရှိသူတွေက ကျွန်းဆွယ်တစ်ခုလုံးကို ပြန်ရပါတယ်။ ရှေးအကျဆုံး ယဉ်ကျေးမှု စတင်ထွန်းကားတဲ့ မက်ဆိုပိုတေးမီးယား နဲ့ အီဂျစ် မှာလိုပဲ အာရပ်နိုင်ငံဖြစ်တဲ့ မြောက်အာဖရိက ကမ်းခြေတစ်လျှောက်မှာလည်း ဒီအတိုင်းပဲတွေ့ရတယ်။ ကိုးကွယ်ယုံကြည်မှုသစ်ဟာ အဲဒီနောက် ရာစုနှစ်ပေါင်းများစွာ မလွဲဧကန် ဆက်လက်ပြန့်နှံ့ခဲ့ပါတယ်။ စတင်ထွန်းကားရာဒေသကနေ အများကြီးဝေးကွာတဲ့ အရပ်တွေကို ရောက်သွားပြီး အာဖရိကနဲ့ အာရှအလယ်ပိုင်း တွေမှာ ယုံကြည်သူ သန်းပေါင်းများစွာရှိသလို ပါကစ္စတန် နဲ့ အိန္ဒိယမြောက်ပိုင်း၊ ပြီးတော့ အင်ဒိုနီးရှားမှာ ပိုလိုတောင်များသေးတယ်။ အင်ဒိုနီးရှားဆိုရင် အားလုံးပေါင်းစပ်မိအောင် ကိုးကွယ်ယုံကြည်မှုက ဆောင်ရွက်ပေးပါတယ်။ အိန္ဒိယလို တိုက်ကြီးတစ်တိုက်နီးပါး ကြီးမားကျယ်ပြန့်တဲ့နေရာမှာတော့ ဟိန္ဒူ၊ မူဆလင် ပဋိပက္ခဟာ ညီညွတ်ရေးရဖို့ အကြီးဆုံးအဟန့်အတားဖြစ်ခဲ့ပါတယ်။
    မုဟမ္မဒ်ကို လူ့သမိုင်းမှာ သြဇာအရှိဆုံးလို့ အကဲဖြတ်ဖို့ ခက်မနေဘူးလားလို့ မေးစရာရှိပါတယ်။ တခြားကိုးကွယ်ယုံကြည်စရာ ဘာသာတရားတွေလိုပဲ အစ္စလာမ်တရားက ယုံကြည်သူတွေရဲ့ ဘ၀လမ်းကြောင်းကို ကောင်းကောင်းထိန်းချုပ်ထားနိုင်ပါတယ်။ အဲဒီအချက်ကြောင့်ပဲ ဒီစာအုပ်မှာ ဘာသာတရားခေါင်းဆောင်တွေကို ထိပ်တန်းကတင်ထားရတာဖြစ်ပါတယ်။ အကြမ်းအားဖြင့် ခရစ်ယာန်သာသနာဝင် လူဦးရေက မူစလင်လူဦးရေထက် နှစ်ဆလောက်များနေတယ်ဆိုပေမယ့် မုဟမ္မဒ်က ယေရှူ (Jesus) ထက်သာတယ်ပြောရင် လွယ်လွယ်ကူကူ ပြောကြတယ်၊ ဟုတ်ပါ့မလားလို့ မေးစရာဖြစ်တယ်။ ဒီဘက်ကပြစရာ အရေးပါတဲ့ အကြောင်းအချက် နှစ်ခုရှိပါတယ်။ ပထမတစ်ချက်က အစ္စလာမ် ပြန့်ပွားဖို့ မုဟမ္မဒ်တာဝန်ယူပုံက ခရစ်ဝါဒပြန့်ဖို့ ဂျေစပ် (Jesus) တာဝန်ယူပြီးဆောင်ရွက်ပုံထက် အများကြီးထိရောက်ပါတယ်။ လူဓလေ့ လူ့စရိုက်ဆိုင်ရာ ပဓာန သဘောတရားတွေမှာ ခရစ်ယာန်အယူဝါဒက ဂျူးဝါဒီ (Judaism) နဲ့ခြားနားသမျှကို ဖွင့်ဆိုဟောပြောရာမှာ ဂျေစပ်ကတာဝန်ခံ ဟောပြောခဲ့ပါတယ်။ ဒါပေမယ့် ခရစ်ယာန်ကျမ်းကို အရင်းမူလကျနအောင် ဖော်ထုတ်ပြီး ပျံ့နှံ့စေတာ ဓမ္မသစ် (New Testament) ရဲ့ အခန်းပေါင်းများစွာကိုရေးတာ၊ မူလဂျူးဝါဒနဲ့ ပိုပြီးပြန်လည်ပေါင်းစပ်မိအောင် ဆောင်ရွက်ပေးတာ စိန်ပေါလ် (St. Paul) ဖြစ်ပါတယ်။
    အစ္စလာမ်ရဲ့ ကျမ်းစာပိုင်းဆိုင်ရာနဲ့ အရင်းမူလကျင့်ဝတ်တွေကို ဖော်ထုတ်ဟောပြောသူက မုဟမ္မဒ်ဖြစ်တယ်။ အယူဝါဒသစ်ကို ရှေးအယူနဲ့ညှိုပေးတဲ့ နေရာမှာလဲ ရှေ့ဆောင်ဖြစ်တယ်။ အစ္စလာမ်ယုံကြည်မှု ကျင့်စဉ်ကို တီထွင်သူလဲဖြစ်တယ်။ မူဆလင် ကျမ်းစာဖြစ်တဲ့ ကိုရန် (Koran) ဆိုတာကလဲ အထက်ကောင်းက နှိုးဆော်တဲ့အတိုင်း ပြောတာပဲလို့ သူကိုယ်တိုင်ဖွင့်ဟပြောပြီးတော့ ဟောပြောသမျှကို အစီအစဉ်ကျနအောင် ရေးပေးသူလဲဖြစ်တယ်။ ပြောသမျှကို အမှားအယွင်း နည်းနိုင်သမျှနည်းအောင် မုဟမ္မဒ် အသက်ထင်ရှားရှိစဉ်ကပဲ ရေးသားကူးယူကြပြီး မုဟမ္မဒ်ကွယ်လွန်ပြီး မကြာမီမှာပဲ မူရင်းမူမှန်ဆိုတဲ့ ကျမ်းအနေအထားရောက်အောင် ရေးသားခဲ့ပြီးဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ကိုရန်ဟာ မုဟမ္မဒ်ရဲ့ အတွေးအခေါ်နဲ့ ဆိုဆုံးမချက်တွေကို အမှန်အကန်ဆုံးဖော်ပြတယ်။ သူ့နှူတ်မြွက်စာကားတွေအတိအကျဖြစ်တယ်လို့ဆိုရပါမယ်။ ခရစ်တော် (Jesus Christ)  ရဲ့စကားကို အတိအကျ မှတ်သားချက်မကျန်ခဲ့ပါ။ မူစလင်တွေမှာ ကိုရန်ဟာ အရေးပါအရာရောက်သလို ခရစ်ယာန်သာသနာဝင်တွေမှာလဲ သမ္မာကျမ်း (Bible) ဟာအရာရောက်ပါတယ်။ ကိုရန်ကို အရင်းမူလပြုပြီး မုဟမ္မဒ်ရဲ့သြဇာကြီးမားပုံဟာ ခရစ်ယာန်သာသနာမှာ ဂျေစပ်ခရစ် နဲ့ စိန်ပေါလ်နှစ်ဦးပေါင်းရဲ့ သြဇာကြီးမားပုံထက်ပိုပါတယ်။ သာသနာသက်ဝင် ယုံကြည်မှုအဆင့်နဲ့ပြောရရင် သမိုင်းမှာ မုဟမ္မဒ်ရဲ့ လူသားများအပေါ်မှာ လွှမ်းမိုးမှုဟာ ဂျေစပ်လွှမ်းမိုးတာနဲ့ အဆင်တူဖြစ်မယ် ထင်ပါတယ်။
    အဲဒါထက်ပိုတာရှိသေးတယ် (ဂျေစပ်နဲ့မတူတဲ့) မုဟမ္မဒ်ဟာ ယုံကြည်မှုခေါ်င်းဆောင်ဖြစ်သလို လူမှုခေါ်င်းဆောင်လည်းဖြစ်တယ်။ အာရပ်တွေရဲ့ နယ်မြေသိမ်းယူ အောင်မြင်သူတွေမှာ သူကနောက်က တွန်းအားလို့ဆိုရပါမယ်။ ခေတ်အဆက်ဆက် သြဇာအကြီးဆုံးနိုင်ငံရေး ခေါ်င်းဆောင်ဖြစ်ပါတယ်။
    အဖိုးတန်တဲ့ သမိုင်းဖြစ်စဉ် အမျိုးမျိုးတွေထဲမှာ နောက်ကကြိုးကိုင်ပြီး စီမံခန့်ခွဲတဲ့ နိုင်ငံရေးခေါင်းဆောင်တစ်ယောက်မပါပေမယ့်လဲ သူ့အလိုအလျှောက်ဖြစ်သွားမယ်ဆိုတာမျိုး ရှိတတ်ပါတယ်။ (ဥပမာ) ဆိုင်မွန်ဗော်လီးဗား (Simon Boliviar) လို လူမျိုးမွေးဖွားပေါ်ပေါ်က်ထွက် မလာပေမယ့်လည်း တောင်အမေရိက ကိုလိုနီတွေဟာ စပိန်လက်အောက်ကထွက်ပြီး လွတ်လပ်ရေးရကြမှာ ဖြစ်ပါတယ်။ အာရပ်တွေ နယ်ပယ်အများကြီး သိမ်းနိုင်တာမှာတော့ ဒီလိုပြောလို့မရနိုင်ပါ။ မုဟမ္မဒ် မပေါ်ခင်ကလဲဒါမျိုး မရှိခဲ့ဖူးဘူး။ သူမပါဘဲနဲ့ ဒါမျိုးဖြစ်မယ်လို့ အကြောင်းပြစရာမရှိပါ။ လူသမိုင်းမှာ နှိုင်းယှဉ်စရာ တစ်ခုတော့ရှိဖူးပါတယ်။ တစ်ဆယ့်သုံးရာစုနှစ်မှာ မွန်ဂို (Mongols) တွေ နယ်မြေအများကြီးတိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တာဟာ အရင်းခံကြီးကြပ်ဆော်သြတဲ့ ဂျင်ဂျစ်ခန်း (Genghis Khan) ကြောင့်ဖြစ်ပါတယ်။ နယ်မြေကျယ်ပြန့်တာက အာရပ်တွေထက် ပိုကျယ်ပြန့်ပါတယ်။ ဒါပေမယ့် ကြာရှည်မတည်ပါ။ အခုဆိုရင် ဂျင်ဂျစ်ခန်း မပေါ်မီကနေမြဲဖြစ်တဲ့ ဇာတိအရပ်မှာပဲ မွန်ဂိုတွေနေကြပါတယ်။ အာရပ်ပိုင်ဆိုင်အုပ်စီးပုံနဲ့ သိပ်ကွာခြားပါတယ်။ အီရတ် (Iraq) ကနေ မော်ရိုကို (Morocco) အထိ အာရပ်နိုင်ငံတွေဟာ သံကြိုးကွင်းဆက်လို ဆက်နေပါတယ်။ အစ္စလာမ်အယူတစ်ခုတည်းကြောင့် ဆက်နေတာမျိုးမဟုတ်ပါ။ အာရပ်ဘာသာစကား၊ အာရပ်သမိုင်းနောက်ခံ၊ အာရပ်ဓလေ့တွေပါ အားလုံးပေါင်းစပ်ယှက်တွဲနေပါတယ်။ မူစလင်အယူဝါဒမှာ ကိုရန် (Koran) က အခရာဖြစ်နေတော့ ကိုရန်ကိုရေးထားတဲ့ ဘာသာ စကားဟာ အာရပ်ဖြစ်တာနဲ့ပဲ အာရပ်ဒေသိကစကား (Dialects) တွေကို ပြီးခဲ့တဲ့ နှစ်တစ်ထောင့်သုံးရာအတွင်းမှာ တစ်နယ်နဲ့တစ်နယ် စကားပြော မပေါက်အောင်၊ ပွားများမလာအောင် ဟန့်တားပြီးဖြစ်ခဲ့ရပါတယ်။ အာရပ်နယ်တွေမှာ အချင်းချင်းကွဲပြားခြားနားမှုတွေ ရှိတတ်ပါတယ်။ ဒါလောက်နဲ့လည်းမျက်စိ မလည်ပါနဲ့၊ သူတို့မှာ အမြဲရိုင်းပင်း ညီညွတ်ရမယ်ဆိုတဲ့ အချက်ကြီးတစ်ခုအမြဲရှိနေပါတယ်။ ဥပမာ အီရန်(Iran) နဲ့ အင်ဒိုနီးရှား (Indonesia) နှစ်နိုင်ငံစလုံးဟာ အစ္စလာမ်အယူတူပြီး ရေနံအထွက်လဲတူပေမယ့် ၁၉၇၃-၇၄ ဆောင်း ရာသီရေနံ မထုတ်ဘဲထားတာမှာ အာရပ်နိုင်ငံအားလုံးပါတယ်။ အာရပ်နိုင်ငံတွေကသာ ဒီကိစ္စကိုလုပ်တာဖြစ်တယ်။ အဲဒါမတော်တဆ တိုက်ဆိုင်တယ်မထင်ပါနဲ့။
    အာရပ်တွေရဲ့ ခုနစ်ရာစုနှစ်က တိုက်ခိုက် သိမ်းသွင်းစစ်ဟာ လူ့သမိုင်းမှာ အခုထိ အရာရောက်တုန်းပဲဆိုတာ မမေ့ထိုက်ပါ။ ယုံကြည်မှုနဲ့ နိုင်ငံအုပ်ချုပ်ရေးကို တွဲဖက်ပေးတဲ့နေရာမှာ ဘယ်သူမှ မယှဉ်နိုင်အောင် ကောင်းမွန်အောင်မြင်တယ်။ အဲဒါရဲ့အရင်းခံက မုဟမ္မဒ်ရဲ့အစွမ်းဖြစ်လို့ သူ့ကို လူ့သမိုင်းမှာ တန်ခိုးသြဇာအကြီးမားဆုံးပုဂ္ဂိုလ်လို့မှတ်ယူရခြင်းဖြစ်ပါတယ်။
    ဘာသာပြန်သူ သမိုင်းပညာရှင် ဆရာကြီး ဒေါက်တာ သန်းထွန်း
    Dr Than Htun
    ဒေါက်တာ သန်းထွန်း
    B.A.(Hons:), M.A., Ph.D, D.Lit. (London)
    အငြိမ်းစားပါမောက္ခ၊ သမိုင်းဌာန၊ မန္တလေးတက္ကသိုလ်။
    အဖွဲ့ဝင်၊ မြန်မာနိုင်ငံသမိုင်းကော်မရှင်။
    ဂုဏ်ထူးဆောင်ပါမောက္ခ၊ ရှေးဟောင်းသုတေသနပညာဌာန။
    ဂုဏ်ထူးဆောင်ပါမောက္ခ၊ သမိုင်းဌာန၊ ရန်ကုန်တက္ကသိုလ်။