News @ M-Media
Category: သုတ၊ရသနှင့်အထွေထွေ
ဆောင်းပါများ၊ ကဗျာများ။ ဝထ္ထုများ၊ ဗဟုသုတ ဖြစ်ဖွယ်ရာများ စသဖြင့်
  • ကမ္ဘာ့ အသက်အငယ်ဆုံး အသက် ၄၀ အောက် ကုဋေကြွယ်သူဌေး (၂၉) ယောက်
    မေ-၂၂၊၂၀၁၃
    M-Media
    ကုလားအုပ်ငယ် (ကန္တာရရပ်ဝန်း) စုစည်းတင်ပြသည်။
    ဒီနှစ်အတွင်းမှာတော့ ကမ္ဘာပေါ်တွင် ဘီလီယံနာပေါင်း (၁၄၂၆) ဦး ရှိပါသည်။ သူတို့အားလုံးကတော့ ချမ်းသာသူများ ထဲမှာမှ အချမ်းသာဆုံးသူများဖြစ်ပါသည်။
    ချမ်းသာကြွယ်ဝမှု နှင့် ငယ်ရွယ်မှု အရဆိုလျှင်  အသက်လေးဆယ်အောက် ဖြစ်သော ဘီလီယံနာ (၂၉) ယောက်သာရှိပါသည် ။ ၄င်းသူတို့ အကြောင်းကို ယခုလိုစုစည်းတင်ပြလိုက်ပါသည်။
    သူတို့အားလုံးသည် တစ်ဦးချင်းအလိုက် အမေရိကန်ဒေါ်လာ (၁၁၉) ဘီလီယံ လောက်စီ ပိုင်ဆိုင်ကြပါသည်။ Facebook ကဲ့သို့ လူမှု ကွန်ယက် site များ နှင့် ပတ်သက်သူ  လေးဦး အပါအ၀င်  ၊ ဘီလီယံနာ ဆယ်ဦးသည် နည်းပညာပိုင်းဆိုင်ရာ နယ်ပယ်များမှ ဖြစ်ပြီး ၊ ကျန် (၁၁) ဦး ကတော့ အမေရိကန် ပြည်ထောင် စုမှ ဖြစ်ပါသည် ။ အခြား ဘီလီယံနာများသည် အချို့သော နိုင်ငံများမှ ဖြစ်ပြီး ၊ ငါးယောက် ကတော့ ဘီလီယံနာဖြစ်ဖို့ တန်းဝင်နေသူများဖြစ်ပါသည်။
    ** အောက်ဖော်ပြပါ နံပါတ်အစဉ်မှာ အသက်အငယ်ဆုံးမှ စတင်ပြီး ငယ်စဉ် ကြီး လိုက်စဉ်ထားခြင်းဖြစ်ပါသည်။
    နံပါတ် (၁)1.dustin-moskovitz
    အမည် -Dustin Moskovitz
    အသက်-(၂၈) နှစ်
    ပိုင်ဆိုင်မှု- အမေရိကန်ဒေါ်လာ (၃.၈) ဘီလီယံ
    Facebook တည်ထောင် သူ Mark Zuckerberg ၏ အတန်းဖော် လည်းဖြစ်ပြီး ၊ Facebook အား အတူလက်တွဲ တည်ထောင် ခဲ့သူ ဖြစ်သည်။ ယခု တွင် ၄င်းသည် Facebook လူမှု ကွန်ယက်တွင် ဆက်လက် အလုပ် လုပ်ကိုင်ခြင်းမရှိတော့ပေ။  Bill Gate နှင့် Warren Buffett တို့၏ Giving Pledge ပရောဂျက် အတွက် စာချုပ်ချုပ်ဆို ထား ပါသည်။ အလုပ် ရှိရာ နေရာ အနှံ့ ခရီးသွားလျက်ရှိပြီး ၊ Burning Man ပရောဂျက်များတွင် ကိုယ်တိုင်ပါဝင်ဆောင်ရွက်နေသူ တစ်ဦးလည်းဖြစ်သည်။
    Mark Zuckerbergနံပါတ်(၂)
    အမည်-Mark Zuckerberg
    အသက်-(၂၈)နှစ်
    ပိုင်ဆိုင်မှု -အမေရိကန်ဒေါ်လာ (၁၃.၃)ဘီလီယံ
    Moskovitz  အသက် (၈) ရက်သာ ကြီးတဲ့ facebook တည်ထောင် သူMark Zuckergerg ကတော့ အသက်ငယ်ငယ်နဲ့ CEO ဖြစ်တဲ့သူအဖြစ် မီဒီယာများတွင် အများဆုံးဖော်ပြခြင်းခံရပါသည်။ (၂၀၁၂) ခုနှစ် မေလ မှ စတင်၍ facebook ကို တာဝန်ယူခဲ့ပြီးနောက်၊ ရက်ပိုင်းအတွင်းချစ်သူနဲ့ လက် ထက် ခဲ့သူ ဖြစ်ပြီး ၊ ခေါင်းစွပ် အင်္ကျီ အမြဲဝတ်လေ့ရှိပြီး ၊ ၄င်း၏ ကွန်ယက် သည် စတော့ ဈေးကွက်ရဲ့ အနိမ့်အမြင့် တွေ အကြားမှာ အမြဲတမ်း ရေပန်းစား ရပ်တည်အောင်မြင် လျက်ရှိပါသည်။
    3. Albert von Thurn und Taxis
    နံပါတ်(၃)
    အမည်-Albert von Thurnund Taxis
    အသက်-(၂၉)နှစ်
    ပိုင်ဆိုင်မှု -အမေရိကန်ဒေါ်လာ (၁.၅)ဘီလီယံ
    Albert von Thurnund Taxis သည် အသက်(၈) နှစ်အရွယ်ကတည်းကပင် ဘီလီယံနာစာရင်းဝင်အဖြစ် Forbes မဂ္ဂဇင်းတွင်ဖော်ပြခဲ့သော်လည်း ၊ ၄င်း တရားဝင်အမွေ ဆက်ခံခွင့်ရတဲ့ အချိန် သူ့အသက်(၁၈) နှစ်ပြည့်သော (၂၀၀၁) ခုနှစ်မှသာ ဘီလီယံနာအဖြစ် အသိအမှတ် ပြုခြင်းခံခဲ့ရပါသည်။ လူအများရဲ့စိတ်ဝင်စားခြင်းခံရသော လူလွတ်တစ်ဦး ဖြစ်တဲ့ ၄င်းသည် ပြိုင်ကားမောင်းသူဖြစ်ပြီး ၊ German auto-racing league တွေမှာ ပြိုင်ပွဲဝင်လေ့ရှိသည်။
    နံပါတ်(၄)
    အမည်-Scott Duncan
    အသက်-(၃၀)နှစ်
    ပိုင်ဆိုင်မှု -အမေရိကန်ဒေါ်လာ (၅.၁)ဘီလီယံ
    ကလေး လေးယောက်၏ ဖခင်ဖြစ်သူ Scott Duncan  သည် Enterprise Products Partners ကုမ္ပဏီ ပိုင်ရှင် Dan Duncan မိသားစု၏ အငယ်ဆုံးအမွေဆက်ခံသူ ဖြစ်သည်။  ယနေ့ ကမ္ဘာပေါ်တွင် သူ၏  ကုမ္ပဏီ တစ်ခုတည်းကပင် သဘာဝဓါတ်ငွေ့ ၊ ဆီ နှင့် ရေနံဓါတ်ငွေ့ ပိုက်လိုင်း မိုင်ပေါင်း (၅၀၀၀၀) ကျော်ပိုင်ဆိုင်ပါသည်။
    Facebook Co-Founder Eduardo Saverin Speaks At CHINICT Conferenceနံပါတ်(၅)
    အမည်-Eduardo Saverin
    အသက်-(၃၀)နှစ်
    ပိုင်ဆိုင်မှု -အမေရိကန်ဒေါ်လာ (၂.၂)ဘီလီယံ
    (၂၀၁၁) ခုနှစ်တွင် အမေရိကန်နိုင်ငံသားအဖြစ်ခံယူခဲ့သူ Saverin သည် facebook ၏ တွဲဖက်တည်ထောင် သူဖြစ်ပြီး ၊ ကုမ္ပဏီ ၏ ကနဦးပိုင်းရင်းနှီးမြှုပ်နှံမှု များအပေါ် တရားမ၀င် အခွန်ကိစ္စများဖြင့် အစွပ်စွဲခံခဲ့ရသူဖြစ်သည်။ တစ်ချိန်က Mark Zuckerberg ၏ အခင်ဆုံးသူငယ်ချင်းဖြစ်ခဲ့သူသည် facebook ၏ ရှယ်ယာ (၅) ရာခိုင်နှုန်း ကို တရားဝင် ပိုင်ဆိုင်ကာ ပြန်လည်ရပ်တည် လာနိုင်ခဲ့သည်။ နဂိုမူလ ဘရာဇီးနိုင်ငံသားဖြစ်သူ Saverin သည် ယခုအခါ Singapore နိုင်ငံတွင် နေ ထိုင်လျက်ရှိပြီး ၊ စီးပွားရေးလုပ်ငန်းများတွင် စတင်ရင်းနှီး မြှုပ်နှံလျက်ရှိသည်။
    6.Huiyan Yangနံပါတ်(၆)
    အမည်-Huiyan Yang
    အသက်-(၃၁)နှစ်
    ပိုင်ဆိုင်မှု -အမေရိကန်ဒေါ်လာ (၅.၇)ဘီလီယံ
    Country Garden Holdings အမည်ရှိ အိမ်၊ ခြံ၊ မြေ လုပ်ငန်းပိုင်ရှင်၏ သမီး ဖြစ်သူ Yang သည် တရုတ်နိုင်ငံ၏ အချမ်းသာဆုံးအမျိုးသမီးဖြစ်သည်။ ၄င်းသူမ ၏ ဖခင်ဖြစ်သူသည် (၂၀၀၇) ခုနှစ်အတွင်း ကုမ္ပဏီ၏ ရင်းနှီးမြှုပ်နှံမှု အသစ်များ မစတင်မီ  ၄င်း၏ ရှယ်ယာပိုင်ဆိုင်မှုများကို အမေရိကန်နိုင်ငံ Columbus မြို့ရှိ  Ohio State တက္ကသိုလ်အား လွှဲပြောင်းခဲ့သည်။
    Youngest son of slain Lebanese Prime Minနံပါတ်(၇)
    အမည်-Fahd Hariri
    အသက်-(၃၂)နှစ်
    ပိုင်ဆိုင်မှု -အမေရိကန်ဒေါ်လာ (၁.၃၅)ဘီလီယံ
    Hariri သည် လက်ဘနွန် ၀န်ကြီးချုပ် Rafik Hariri ၏ အငယ်ဆုံးသားဖြစ်ပြီး ၊ (၂၀၀၄) ခုနှစ်တွင် ပြင်သစ်နိုင်ငံ ပါရီမြို့ရှိ  Ecole Spéciale d’Architecture ဗိသုကာ ကျောင်းမှ ဘွဲ့ရခဲ့သူတစ်ဦးဖြစ်ပြီး ၊ ၄င်း ကျောင်းသားဘ၀ကတည်းကပင် မြို့ပြင်နေရာတစ်ခု၌ interior design studio တစ်ခုဖွင့်ကာ ၊ ၄င်း၏ လက်ရာ ပရိဘောဂ ပစ္စည်းများကို Saudi Arabia နိုင်ငံရှိ စီးပွားရေးလုပ်ငန်းရှင်များ  တင်သွင်းရောင်းချခဲ့သည်။
    နံပါတ်(၈)
    အမည်-Marie Besnier Beauvalot
    အသက်-(၃၂)နှစ်
    ပိုင်ဆိုင်မှု -အမေရိကန်ဒေါ်လာ (၁.၅)ဘီလီယံ
    ပြင်သစ်နိုင်ငံတွင် နွားနို့၊ ဒိန်ချဉ် နှင့် ဒိန်ခဲ  ထုတ်လုပ်သူ တံဆိပ်ပေါင်းရာချီရှိသည့်အနက် နာမည်ကြီး   Président တံဆိပ်၏  Lactalis   ၏ အမွေဆက်ခံသူ Marie သည် ၄င်း၏ မောင်နှမများဖြစ်သော Emmanual (၄၂)နှစ် နှင့် Jean Michel (၄၅) နှစ်တို့နှင့် အတူ အမွေဆက်ခံလျက်ရှိသူဖြစ်သည်။
    9.Sean Parkerနံပါတ်(၉)
    အမည်-Sean Parker
    အသက်-(၃၃)နှစ်
    ပိုင်ဆိုင်မှု -အမေရိကန်ဒေါ်လာ (၂)ဘီလီယံ
    Parker ၏ Airtime ခေါ်သော အင်တာနက် video chatting site ကြောင့် နာမည်ကြီးလာသူဖြစ်ပြီး ၄င်းပိုင်ဆိုင်သော အခြား Web များအပေါ်တွင်လွှမ်းမိုးနိုင်ခဲ့သည်။ အသက်(၁၉) နှစ်တွင် သီချင်း နှင့် တေးဂီတ ဆိုင်ရာ file များကို share လုပ်လို့ရသော Napster ဆိုသော site ကိုတည်ထောင် နေခဲ့သောကြောင့် တက္ကသိုလ်ပညာ ကို လက်လွှတ်ခဲ့သူဖြစ်သည်။ Parker သည် အသက် (၂၄) နှစ်တွင် facebook ၏ first president အဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သူလည်းဖြစ်သည်။
    နံပါတ်(၁၀)Hariri's son won elections - Beirut
    အမည်-Ayman Hariri
    အသက်-(၃၄)နှစ်
    ပိုင်ဆိုင်မှု -အမေရိကန်ဒေါ်လာ (၁.၃၅)ဘီလီယံ
    Ayman Hariri သည် လက်ဘနွန် ၀န်ကြီးချုပ် Rakik Hariri ၏ သားတစ်ဦးဖြစ်ပြီး ၊ Hariri မိသားစု ၏ ကံကြမ္မာအရ Saudi Arabia နိုင်ငံ၏ အကြီးဆုံးသော ဆောက်လုပ်ရေး  များအနက် တစ်ခုဖြစ်သော Saidi Oger လုပ်ငန်းစု တွင် ဦးဆောင်ပါဝင်လုပ်ကိုင်လျက်ရှိသည်။
    Jahrespressekonferenz Bauer Media Groupနံပါတ်(၁၁)
    အမည်-Yvonne Bauer
    အသက်-(၃၅)နှစ်
    ပိုင်ဆိုင်မှု -အမေရိကန်ဒေါ်လာ (၂.၄)ဘီလီယံ
    Bauer သည် ၄င်းသူမ မိသားစုပိုင် ပုံနှိပ် ထုတ်ဝေရေး ၏ (၈၅) ရာခိုင်နှုန်းကို ပိုင်ဆိုင်သည်။ သူမသည် (၁၈၇၅) ခုနှစ်တွင် ဂျာမနီနိုင်ငံ၌ စတင်တည်ထောင် ခဲ့သော Bauer Media Group ၏ ပဉ္စမမြောက်မျိုးဆက်အဖြစ် အမွေဆက်ခံသူလည်းဖြစ်သည်။  သူမပိုင် သည် နိုင်ငံပေါင်း (၁၆) နိုင်ငံအတွက် မဂ္ဂဇင်း အမျိုးအစားပေါင်း (၅၇၀) ကို ပုံနှိပ် ထုတ်ဝေပေးလျက်ရှိသည်။
    နံပါတ်(၁၂)President of Japanese mobile social netw
    အမည်-Yoshikazu Tanaka
    အသက်-(၃၆)နှစ်
    ပိုင်ဆိုင်မှု -အမေရိကန်ဒေါ်လာ (၁.၈)ဘီလီယံ
    Tanaka သည် Gree  ခေါ်သော လူမှု ကွန်ယက် game site ၏ CEO ဖြစ်ပြီး ၊ နာမည်ကြီး ဆယ်လူလာဖုန်း ကုမ္ပဏီလည်း ဖြစ် ၊ game များကိုစတင် မိတ်ဆက်လာသော NTT DoCoMo  နှင့် နာမည်ကြီး mobile gaming ကု DeNA တို့နှင့် အကြိတ်အနယ် ယှဉ်ပြိုင်နေရသည်။ ၄င်း၏ မူလ စီးပွားရေးကိုပြန်လည် ရရှိစေရန် Tanaka သည် ဂျပန်နိုင်ငံ Yahoo ကုမ္ပဏီ၏ partner အဖြစ် လုပ်ကိုင်ခဲ့ပြီး ၊ စီးပွားရေးပြန်လည် ကောင်းမွန်လာစေခဲ့သည်။
    13.Maxim Nogotkovနံပါတ်(၁၃)
    အမည်-Maxim Nogotkov
    အသက်-(၃၆)နှစ်
    ပိုင်ဆိုင်မှု -အမေရိကန်ဒေါ်လာ (၁.၃)ဘီလီယံ
    Nogotkov သည် ကျောင်းသားဘ၀ကပင် သူ၏ ကွန်ပျုတာ ပရိုဂရမ်များကို စတင်ရောင်းချခဲ့ရာ နောက်ပိုင်းတွင် ကြိုးမဲ့ဖုန်းများကို စတင်ရောင်းချနိုင်ခဲ့သည်။ သူသည် ကိုယ်ပိုင်စီးပွားရေးကို ပိုမိုအခြေစိုက်လုပ်ကိုင်နိုင်ရန် ကျောင်းထွက် ခဲ့သည်။ နောက်ပိုင်းတွင်  Svyaznoy အမည်ရှိ ဆယ်လူလာလက်ကိုင်ဖုန်းအရောင်းဆိုင်များဖွင့်လှစ်ရောင်းချခြင်းဖြင့် ရုရှားနိုင်ငံ၏ ဒုတိယအကြီးဆုံးသော မိုဘိုင်းအရောင်း ကုမ္ပဏီတစ်ခုကိုတည်ထောင် ခဲ့သူလည်းဖြစ်သည်။
    နံပါတ်(၁၄)NY STANDARD SOUNDS PERFORMS WITH DIEGO GARCIA
    အမည်-Alejandro Santo Domingo Davila
    အသက်-(၃၆)နှစ်
    ပိုင်ဆိုင်မှု -အမေရိကန်ဒေါ်လာ (၁၁.၇)ဘီလီယံ
    Domingo Davila သည် Harvard တက္ကသိုလ်ဘွဲ့ရတစ်ဦးဖြစ်ပြီး ၊စီးပွားရေး နယ်ပယ်တွင် အကြီးအကျယ်အောင်မြင်နေရာ ရနေသော ဖခင်၏ ဒုတိယအိမ်ထောင် မှ မွေးဖွားသော အကြီးဆုံးသားဖြစ်သည်။ ယခုအခါ Alejandro သည် နယူးယောက်အခြေစိုက် စီးပွားရေးဆိုင်ရာ အကြံပေးအဖွဲ့၏ managing director တစ်ဦးဖြစ်ပြီး ၊ နယူးယောက်မြို့ရှိ Metropolitan အနုပညာပြတိုက်တွင် တာဝန်ယူ အလုပ်လုပ်ကိုင်လျက်ရှိသည်။
    15.Jack Dorsey နံပါတ်(၁၅)
    အမည်-Jack Dorsey
    အသက်-(၃၆)နှစ်
    ပိုင်ဆိုင်မှု -အမေရိကန်ဒေါ်လာ (၁.၁)ဘီလီယံ
    Dorsey သည် ၄င်း၏ ကိုယ်ပိုင်နာမည်နှင့်ပင် Twitter  ၏ တွဲဖက်တည် ထောင် သူရော ဦးဆောင်သူအနေဖြင့် လုပ်ကိုင်နေသော်လည်း သူ့ကံကြမ္မာ အရတော့  သူ၏ ရှယ်ယာပိုင်ဆိုင်မှုများကို Square ခေါ်သော mobile payment ကုမ္ပဏီ မှ ရရှိလျက်ရှိသည်။ နယူးယောက်တက္ကသိုလ် ကျောင်း ထွက် တစ်ဦးဖြစ်ပြီး punk တေးဂီတ နှင့် အ၀တ်အစား တို့အပြင် အခြားသော အနုပညာဆိုင်ရာနယ်ပယ် များကိုလည်း စိတ်ဝင်စားသူအဖြစ်လည်း လူသိများသည်။
    နံပါတ်(၁၆)SABANCI SERRA
    အမည်-Serra Sabanci
    အသက်-(၃၇)နှစ်
    ပိုင်ဆိုင်မှု -အမေရိကန်ဒေါ်လာ (၁.၃)ဘီလီယံ
    Sabanci သည် (၁၉၉၆) ခုနှစ်တွင် အသတ်ခံခဲ့ရသူ Ozdemir Sabanci ၏ သမီးဖြစ်ပြီး ၊ တူရကီနိုင်ငံ၏ အကြီးဆုံးသော လုပ်ငန်းစုဖြစ်သည့် Sambanci မိသားစုပိုင် Sabanci Holding ကုမ္ပဏီ၏ အဖွဲ့ဝင်တစ်ဦးဖြစ်သည်။
    17.Nicholas Woodman နံပါတ်(၁၇)
    အမည်-Nicholas Woodman
    အသက်-(၃၇)နှစ်
    ပိုင်ဆိုင်မှု -အမေရိကန်ဒေါ်လာ (၁.၃)ဘီလီယံ
    GoPro အကြမ်းခံ ၊ ရေစိုခံ ကင်မရာ ကုမ္ပဏီ၏ CEO ဖြစ်သူ Nick Woodman သည် ၄င်း၏ ပထမဆုံး ကင်မရာအား မိခင်၏ အပ်ချုပ်စက် နှင့် အပေါက်ဖောက်စက် တို့၏ ပုံစံယူကာ ၄င်း၏ အိပ်ခန်းအတွင်း တီ ထွင်ခဲ့သူဖြစ်သည်။ (၂၀၀၄) ခုနှစ်တွင် GoPro ကင်မရာသည်  (၃၅) မီလီလီတာရှိသော ရေစိုခံ video ကင်မရာ အဖြစ်စတင် ပေါ် က်လာခဲ့သည်။ ယနေ့တွင်မူ ကမ္ဘာကျော်ရေလှိုင်းစီး သမား  Kelly Slater တို့၏ စွန့်စားမှု မှတ်တမ်းဓါတ်ပုံများကို ပရိသတ်များရုပ်ရှင်ရုံအတွင်း ကြည့်ရသကဲ့သို့ ကြည့်ခွင့်ရစေရန် GoPro ကင်မရာမှ ရိုက်ကူးပေးလျက်ရှိသည်။
    နံပါတ်(၁၈)
    အမည်-Chase Coleman
    အသက်-(၃၇)နှစ်
    ပိုင်ဆိုင်မှု -အမေရိကန်ဒေါ်လာ (၁.၄)ဘီလီယံ
    ကမ္ဘာ့အသက်အငယ်ဆုံး နှင့် ရေပန်အစားဆုံး မန်နေဂျာ တစ်ဦးဖြစ်သူ Coleman ၏ စွမ်းဆောင်ချက်များသည်  (၂၀၁၂) အတွင်းအနည်းငယ် ကျဆင်းခဲ့သော်လည်း ၊ ၄င်း၏ ကုမ္ပဏီ Tiger Global သည် သုံးနှစ်ဆက်တိုက်အတွင်းတွင် ကုမ္ပဏီအသားတင်အမြတ်ငွေ   (၂၀) ရာခိုင်နှုန်းပိုမိုရရှိကာ  အောင်မြင်နေဆဲဖြစ်သည်။
    19.Ryan Kavanaughနံပါတ်(၁၉)
    အမည်-Ryan Kavanaugh
    အသက်-(၃၈)နှစ်
    ပိုင်ဆိုင်မှု -အမေရိကန်ဒေါ်လာ (၁)ဘီလီယံ
    Relativity ရုပ်ရှင် studio ပိုင်ဆိုင်သူ Ryan Kavanaugh သည် ယခုနှစ်တွင် ဘီလီယံနာအဖြစ် ပထမအကြိမ်စာရင်းဝင်သူဖြစ်လာသည်။ ၄င်းပိုင် studio မှ ထုတ်လုပ်သော Safe Haven ရုပ်ရှင်ဖြင့် ချမ်းသာလာသူဖြစ်ပြီး ၊ ရုပ်ရှင် ထုတ်လုပ်မှု ကုန်ကျငွေ (၂၅)သန်းသာ ကုန်ကျ၍ ၊ Safe Haven ရုံတင်သော အခါ သန်း(၅၀) ကျော် အမြတ်ငွေ ရရှိခဲ့သည်။
    နံပါတ်(၂၀)20.Andrey Verevskiy
    အမည်-Andrey Verevskiy
    အသက်-(၃၈)နှစ်
    ပိုင်ဆိုင်မှု -အမေရိကန်ဒေါ်လာ (၁)ဘီလီယံ
    Verevskiy သည် သူ (၁၉) နှစ် အရွယ်မှ စ၍ အစေ့  ထုတ်ကုန် ပစ္စည်းများကို စတင် ရောင်းဝယ်ခဲ့ပြီး ၊ Kernal Holding ကုမ္ပဏီ ကို စတင်တည်ထောင်ခဲ့သည်။ ဆယ်စုနှစ်ကြာပြီးနောက်တွင် ယူကရိန်းနိုင်ငံ၏ အကြီးဆုံးသော နေကြာဆီ ထုတ်လုပ်သူဖြစ်လာခဲ့သည်။ လွန်ခဲ့သော နှစ်အတွင်းတွင် Verevskiy အား ယူကရိန်းနိုင်ငံ ပါလီမန်အမတ်အဖြစ် ရွေးချယ်ခြင်းခံခဲ့ရသည်။
    John Arnoldနံပါတ်(၂၁)
    အမည်- John Arnold
    အသက်-(၃၈)နှစ်
    ပိုင်ဆိုင်မှု -အမေရိကန်ဒေါ်လာ (၂.၈)ဘီလီယံ
    သူ၏ အသက် (၃၈)နှစ် ၊ (၂၀၁၂) ခုနှစ် မေလအတွင်း Arnold သည် ဘီလီယံနာစာရင်းဝင်ခဲ့သူဖြစ်သည်။ သူနှင့် သူ၏ ဇနီးဖြစ်သူ Laura တို့သည် Giving Pledge အဖွဲ့ဝင်များဖြစ်လာပြီး ၊ သူတို့၏ အချိန်များကို လူသားချင်းထောက်ထား စာနာမှု လုပ်ငန်းများအတွက် အသုံးချသွားမည်ဖြစ်သည်။ ၄င်းတို့နှစ်ဦးစလုံးသည်  ပိုင်ဆိုင်မှု ငွေကြေးများအနက်မှ (၁.၂) ဘီလီယံကို လှူဒါန်းပြီးလည်းဖြစ်သည်။
    နံပါတ်(၂၂)
    အမည်- Gary Fegel
    အသက်-(၃၉)နှစ်
    ပိုင်ဆိုင်မှု -အမေရိကန်ဒေါ်လာ (၁)ဘီလီယံ
    အမေရိကန်နိုင်ငံ Glencore  ကုမ္ပဏီ၏ ပထမ ဆုံး ရင်းနှီးမြှုပ်နှံမှုများမှ ရရှိသော ရှယ်ယာပိုင်ဆိုင်မှု အမြတ်ငွေများဖြင့် Gary Fegel သည် (၂၀၁၁) မေလ အတွင်းတွင် ဘီလီယံနာဖြစ်လာခဲ့သည်။ St.Gallen တက္ကသိုလ်မှ MBA ဘွဲ့ရတစ်ဦးဖြစ်သူ Gary Fegel သည် (၂၀၀၁) ခုနှစ်တွင် ကုမ္ပဏီ ၏ အလူမီနီယမ် ထုတ်လုပ်မှု ဌာန  တွင် စတင်အလုပ်လုပ်ကိုင်ခဲ့သူဖြစ်သည်။
    23.Kostyantin Zhevagoနံပါတ်(၂၃)
    အမည်- Kostyantin Zhevago
    အသက်-(၃၉)နှစ်
    ပိုင်ဆိုင်မှု -အမေရိကန်ဒေါ်လာ (၁.၅)ဘီလီယံ
    Kostyantin Zhevago သည် ဖောက်ခွဲရေး အင်ဂျင်နီယာ ၏ သားဖြစ်ပြီး ၊ အသက်(၂၂) နှစ်တွင် ဥရောပ စီးပွားရေးအဖွဲ့အစည်းတစ်ခုဖြစ်သော CIS(commonwealth of Independent States) ၏ အကြီးဆုံး သံတ္ထု တင်သွင်းသော Poltava Iron Ore သံသတ္ထု ကို တာဝန်ယူခဲ့သည် ။ (၂၀၀၇)ခုနှစ်တွင် Ferrexpo အမည်ရှိ သံသတ္ထု သန့်စင်ရေး ကုမ္ပဏီ ကို တည်ထောင် ခဲ့သည် ။ Zhevago သည် FC Vorska ဘောလုံးကလပ်ပိုင်ရှင်လည်းဖြစ်သည်။
    နံပါတ်(၂၄)Gertler Earns Billions as Mine Deals Leave Congo
    အမည်-  Dan Gertler
    အသက်-(၃၉)နှစ်
    ပိုင်ဆိုင်မှု -အမေရိကန်ဒေါ်လာ (၂.၂)ဘီလီယံ
    အာဖရိကတွင် မဖော်ပြနိုင်လောက်အောင် ချမ်းသာကြွယ်ဝသူ Dan Gertler သည် မျိုးရိုးစဉ်ဆက် စိန်ပိုင်ဆိုင်မှုများကြောင့်ဖြစ်ပြီး ၊ ကွန်ဂို ပြည်သူ့သမ္မတနိုင်ငံ၏ စိန်တွင်းများတွင် ရင်းနှီးမြှုပ်နှံ သူလည်းဖြစ်သည်။ သူအသက်နှစ်ဆယ်အရွယ်ကတည်းကပင် စစ်ထဲ ၀င်ခဲ့သော ယခုလက်ရှိ နိုင်ငံသမ္မတဖြစ်လာသော Joseph Kabila နှင့် သူငယ်ချင်းများဖြစ်ကြသည်။
    နံပါတ်(၂၅)
    အမည်-  Ana Luia de Mattos Barretto Villela
    အသက်-(၃၉)နှစ်
    ပိုင်ဆိုင်မှု -အမေရိကန်ဒေါ်လာ (၁.၅)ဘီလီယံ
    Ana Luia de Mattos Barretto Villela သည် ဘရာဇီးနိုင်ငံ၏ အစောဆုံးနှင့်အထင်ရှားဆုံးသော ဘဏ်လုပ်ငန်းပိုင်ရှင်များ မှ တစ်ယောက်ဖြစ်သည်။ ဘရာဇီးနိုင်ငံ၏ အကြီးဆုံးနိုင်ငံများအနက်မှ တစ်ခုဖြစ်သော Unibanco Holding S.A., ဘဏ် အား ထိန်းချုပ်လည်ပတ်လျက်ရှိသော တစ်ဦးချင်းအလိုက်ရှယ်ယာ အများဆုံးပိုင်ဆိုင်သော ရှယ်ယာရှင်များအနက် တစ်ယောက်အပါအ၀င်ဖြစ်သည်။
    26.Lee Seo-Hyunနံပါတ်(၂၆)
    အမည်-  Lee Seo-Hyun
    အသက်-(၃၉)နှစ်
    ပိုင်ဆိုင်မှု -အမေရိကန်ဒေါ်လာ (၁)ဘီလီယံ
    Lee Seo-Hyun သည် Samsung ကု ဥက္ကဌ  Lee Kun-Hee ၏ အငယ်ဆုံးသမီးဖြစ်သည်။ Parsons School of Design ကျောင်းမှ ဘွဲ့ရခဲ့သူဖြစ်ပြီး Samsung ကုမ္ပဏီကပင် ပိုင်ဆိုင်သော ဖက်ရှင်နှင့် ဇိမ်ခံပစ္စည်းများ လုပ်သည့် Cheil Industies စီးပွားရေး လုပ်ငန်းစု နှင့် ကိုရီးယားနိုင်ငံ၏ အကြီးဆုံးသော ကြော်ငြာလုပ်ငန်း Cheil Worldwide ကုမ္ပဏီတို့၏ ဒုတိယ ဥက္ကဌ လည်း ဖြစ်သည်။
    နံပါတ်(၂၇)
    အမည်-  Fang Wei
    အသက်-(၃၉)နှစ်
    ပိုင်ဆိုင်မှု -အမေရိကန်ဒေါ်လာ (၁.၅)ဘီလီယံ
    Fang Wei သည် အဟောင်း များကို အသစ်အဖြစ်ပြန်လည် လုပ်ခြင်း အထူးသဖြင့် steel စက်ရုံတွင် အဟောင်း များကို အသစ်အဖြစ်ပြန်လည် ပြုလုပ်ခြင်းဖြင့် ထင်ရှားသူဖြစ်သည်။ ၄င်းပိုင် Fangda Group တွင် အလုပ်သမားပေါင်း (၃၀၀၀၀) ဖြင့် တရုတ်နိုင်ငံတစ်ဝှမ်း အလုပ်ရုံပေါင်း ဆယ်ခုကျော်ဖြင့် ရပ်တည်လျက်ရှိသည်။
    Key Speakers And General Views From The Google I/O 2012 Conferenceနံပါတ်(၂၈)
    အမည်- Sergey Brin
    အသက်-(၃၉)နှစ်
    ပိုင်ဆိုင်မှု -အမေရိကန်ဒေါ်လာ (၂၂.၈)ဘီလီယံ
    Google ၏ တွဲဖက်တည်ထောင် သူ သည် ၄င်း၏ လုပ်ဖော်ကိုင်ဖက် နေ့စဉ် operations များကို ကိုင်တွယ်နေသူ Larry Page အား နောက်တွင်ချန်ခဲ့ပြီး ၊ Mountain View,Calif အမည်ရှိ အထူး Projects တွင် director ဖြစ်လာသည်။ Brin သည် ကုမ္ပဏီ၏ နည်းပညာပိုင်းဆိုင်ရာ များ ဥပမာအားဖြင့် မောင်းသူမဲ့ကား နှင့် တကယ့် အထိ အတွေ့ အသိအမြင် များကို အာရုံခံနိုင်သော Google မျက်မှန် ကဲ့သို့ သော ရှေ့ပြေး တီထွင် မှုများအတွက် အမြင်ရှိသူလည်းဖြစ်သည်။
    နံပါတ်(၂၉)Larry Page
    အမည်- Larry Page
    အသက်-(၃၉)နှစ်
    ပိုင်ဆိုင်မှု -အမေရိကန်ဒေါ်လာ (၂၃)ဘီလီယံ
    Google ၏ တွဲဖက်တည်ထောင် သူ Page သည် (၂၀၁၁) ခုနှစ်တွင် ကုမ္ပဏီ၏ CEO  အဖြစ် တာဝန်ယူခဲ့ပြီး ၊ (၂၀၁၂) ခုနှစ် တွင် ကုမ္ပဏီ၏ နှစ်စဉ် ၀င်ငွေအား ဘီလီယံပေါင်း(၅၀) အ ရောက်အောင် စွမ်းဆောင်ပေးခဲ့သူလည်းဖြစ်သည်။ လွန်ခဲ့သော နှစ်က Page ၏ ပိုင်ဆိုင်မှု ဘီလီယံ (၄) အပါအ၀င် ကုမ္ပဏီ၏ stock (၃၀) ရာခိုင်နှုန်းနီးပါး အ မြှင့်တက်သွားခဲ့ပါသည်။                ။
    Ref: Forbes
  • လူမျိုး၊ ဘာသာ သာသနာ နဲ့ နိုင်ငံသား ပြဿနာ
    လူမျိုး၊ ဘာသာ သာသနာ နဲ့ နိုင်ငံသား ပြဿနာ
    မေ-၂၀၊၂၀၁၃
    M-Media
    ဆောင်းပါးရှင်- Dr နေလင်းအောင်
    မြန်မာနိုင်ငံသား အများစု (ပညာတတ်ဆိုသူများ အပါအဝင်)ရဲ့ လူမျိုး၊ ဘာသာ၊ နိုင်ငံသား ဆိုတာကို ခွဲခွဲခြားခြား မသိခြင်းသည် ယနေ့ မြန်မာနိုင်ငံမှာ နိုင်ငံသားများ အကြား စည်းလုံးညီညွတ်မူ ပြိုကွဲနေရတဲ့ အဓိက အကြောင်းရင်းဖြစ်ပါတယ်။ တို့မြန်မာ/ဗမာ က အိမ်ထောင်ဦးစီး၊ ကျန်တိုင်းရင်းသားတွေက အိမ်ထောင်စုဝင် အိမ်ရှင်၊ တရုတ် ကုလား တွေက ငါတို့သနားလို့ လက်ခံထားတဲ့ ဧည့်သည်တွေဆိုတဲ့ လူမျိုးကြီးဝါဒ၊ ဘာသာရေးအခြေခံ ဧည့်သည်အိမ်ရှင် ခွဲခြားတဲ့ဘာသာကြီးဝါဒ ကြီးဆိုးနေသမျှ ကျနော်တို့နိုင်ငံ တိုးတက်ဖို့လမ်းမမြင်ပါ။ နိုင်ငံသားအချင်းချင်း ရန်လိုတိုက်ခိုက်မှု တွေနဲ့ပဲ လုံးပါးပါးဖို့သာရှိပါတယ်။ နိုင်ငံသားတိုင်း ခွင့်တူညီမျှတဲ့ အချိန်ကာလရောက်မှ သာလျှင် နိုင်ငံသားအားလုံး စစ်မှန်တဲ့ နိုင်ငံသား စိတ်ဓာတ်နဲ့ တိုင်းပြည် တိုးတက်အောင် တက်ညီလက်ညီ ဆောင်ရွက်နိုင်မှာပါ။
    လူမျိုး
    ခေတ်သစ်သိပ္ပံပညာရှင်များကတော့ လူဆိုတာ Homo sapiens တစ်မျိုးဘဲရှိတယ်လို့ ဆိုကြပါတယ်။ ဘယ်ဒေသကဖြစ်ဖြစ်၊ ဘယ်မျိုးနွယ်ကဖြစ်ဖြစ်၊ လူမှန်ရင် မျိုးရိုးဗီဇ genetic material ၉၉.၉၉% တူညီနေလို့ဘဲဖြစ်ပါတယ်။ မနုဿဗေဒပညာရှင်များကတော့ အသားအရောင်၊ သွင်ပြင်လက္ခဏာ ပေါ်မူတည်ပြီး Caucasian, Mongoloid, Negroid ဆိုပြီး ပင်မလူမျိုး (၃) မျိုးရှိတယ် လို့ဆိုပါတယ်။ အချို့က Australoid ၁မျိုးကိုပါ ထည့်တွက်ပါတယ်။ ဒီပင်မလူမျိုးတွေကနေ ရေကြည်ရာ မြက်နုရာ နေထိုင်ကြရင်း သွေးနှော ကြရင်း ယခုလက်ရှိ ကမ္ဘာပေါ်မှာ လူမျိုး ၅၀၀၀ ကျော်ရှိနေတယ် လို့ သုတေသန စာစောင် တခုကဆိုပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း ကတော့ ” လူမျိုးဆိုသည်မှာ သုခ၊ ဒုက္ခအတူခံစားကြ၍ နီးနီးစပ်စပ်အကျိုးချင်းထပ် ပြီးလျှင် နှစ်ပရိစ္ဆေရဒ ရှည်လျားစွာ တစ်မျိုး တစ်စားတည်းပင်ဟု စိတ်ထားရှိသူတို့ ကိုတစ်စုတည်းပေါင်း၍ ခေါ်ဝေါ်ခြင်းသာဖြစ်ပေသည်။ အမျိုးအနွယ်၊ ကိုးကွယ် သည့်ဘာသာတရား၊ ပြောဆိုသည့် စကားတို့ကိုအရေးထားရမည်ဖြစ်သော် လည်းစင်စစ်မှာ အေးအတူ ပူအမျှ ကောင်းတူဆိုးဘက် ပူးပေါင်းနေလိုသော ဆန္ဒအပေါ်တွင် ၀ံသာနုရက္ခိတတရားသည် တည်နေပေ၏။” လို့ လူမျိုး၏ အဓိပ္ပာယ်ကို ဖွင့်ဆို ခဲ့ပါတယ်။ (၁၉၄၆ ခုနှစ် သြဂုတ်လ ၂၀ ရက်နေ့တွင် ကျင်းပသော အလယ်ပစ္စယံညီလာခံ) လူမျိုးကို သွေးနဲ့ သတ်မှတ်သည် ဆိုတာ မမှန်သော်လဲ မိဘ မျိုးရိုးအတိုင်းသာ ဆက်ခံရပါတယ်။ တနည်းအားဖြင့် မိမိကိုယ်တိုင် ရွေးချယ်ပိုင်ခွင့် မရှိသော Identity ကိုယ်ပိုင် အမှတ်သညာ ဖြစ်ပါတယ်။ Unmodifiable factor ပြုပြင်ပြောင်းလဲလို့မရသော အရာလဲ ဖြစ်ပါတယ်။ ဥပမာ တရုတ်လူမျိုး မိဘ ၂ပါး က မွေးဖွားလာသူ တစ်ဦးဟာ မြန်မာ/ဗမာလူမျိုး တစ်ယောက် မဖြစ်နိုင်သလို မြန်မာ/ဗမာလူမျိုး မိဘ ၂ပါး က မွေးဖွားလာသူ တစ်ဦးဟာ ကိုးရီးယားလူမျိုး တစ်ယောက်ဘယ်တော့မှ မဖြစ်လာနိုင်ပါ။
    ဘာသာ သာသနာ
    ဘာသာတရားဟာ နှလုံးသား နဲ့ ဦးနှောက်က လက်ခံယုံကြည်ရတဲ့ ယုံကြည်မူပါ။ မိဘ လက်ခံယုံကြည်တဲ့ ဘာသာတရားကို လက်ခံယုံကြည်နိုင်သလို မိမိကြိုက်နှစ်သက်ရာ မည်သည့်ဘာသာကိုမဆို လက်ခံယုံကြည်နိုင်ပါတယ်။ တနည်းအားဖြင့် မိမိကိုယ်တိုင် ရွေးချယ်ပိုင်ခွင့် ရှိတဲ့ Identity ကိုယ်ပိုင် အမှတ်သညာ ဖြစ်ပါတယ်။ လူမျိုးတစ်မျိုး နိုင်ငံတစ်ခုမှာ လူများစုကိုးကွယ်ရာ ဘာသာရှိနိုင်ပေမယ့် ဘာသာတရား ဟာ လူမျိုးနဲ့ မသက်ဆိုင်သလို နိုင်ငံ နဲ့လဲ မသက်ဆိုင်တဲ့ သီးခြားကိုယ်ပိုင် အမှတ်သညာပါ။ လူတစ်ဦးချင်းစီရဲ့ ကိုယ်ပိုင်ရွေးချယ်မူသာဖြစ်ပါတယ်။ ဒါကြောင့် မြန်မာ/ဗမာလူမျိုး အစ္စလာမ်ဘာသာဝင် (မွတ်ဆလင်) ရှိသလို ဘင်္ဂါလီလူမျိုး ဗုဒ္ဓဘာသာဝင် လဲရှိပါတယ်။ ပိုလန်နိုင်ငံသား ဟိန္ဒူဘာသာဝင်ရှိသလို အီရန်နိုင်ငံသား ခရစ်ယာန်ဘာသာဝင်လဲရှိပါတယ်။
    နိုင်ငံသား
    ဥပဒေဆိုင်ရာ သတ်မှတ်ချက်ဖြစ်ပါတယ်။ နိုင်ငံတစ်ခုနဲ့ တစ်ခု ဥပဒေ မတူညီပေမယ့် ဘာသာတရား အပေါ်မှာ မူတည်ပြီး နိုင်ငံသားသတ်မှတ်တဲ့ နိုင်ငံဆိုလို့ ယနေ့ကမ္ဘာပေါ်မှာ တစ်နိုင်ငံမှ မရှိပါ။ လက်ရှိ မြန်မာနိုင်ငံသား ဥပဒေသည်လဲ ဘာသာတရားအပေါ်မှာ လုံးဝ (လုံးဝ) အခြေမခံပါ။ လူမျိုးအပေါ်မှာအခြေခံသည်မှာတော့မှန်ပါတယ်။ သို့သော် တိုင်းရင်းသား မဟုတ်သူအချို့လဲ နိုင်ငံသားဖြစ်နိုင်ကြောင်း ခေတ်အဆက်ဆက်နိုင်ငံသားဥပဒေ တွေကိုလေ့လာကြည့်ရင် သိနိုင်ပါတယ်။ ဒါကလဲ သဘာဝကျပါတယ်။ ကိုလိုနီခေတ်မှာ မြန်မာနဲ့ အိန္ဒိယ ဟာနိုင်ငံတခုထဲ အဖြစ်ရပ်တည်ခဲ့ပါတယ်။
    ဒါကြောင့် အိန္ဒိယလူမျိုးအချို့ လာရောက်အခြေချတာရှိသလို တရုတ်လူမျိုးအချို့လဲ နည်းအမျိုးမျိုးနဲ့ လာရောက်အခြေချတာရှိပါတယ်။ လွတ်လပ်ရေးရတဲ့အခါ မျိုးရိုးအစဉ် အဆက်နေခဲ့ကြတဲ့ ဒီလူမျိုးတွေကို အသိအမှတ်မပြုဘဲနေလို့ မရတဲ့အတွက် စည်းကမ်းအချို့နဲ့ နိုင်ငံသား သတ်မှတ်ပေးခဲ့ပါတယ်။ ဒါဟာ လုပ်ကိုလုပ်ပေးရမယ့် ကိစ္စတစ်ခုဖြစ်ပါတယ်။ ဥပမာအားဖြင့် ယခင် အစိုးရပြောပြောနေသလို (မပြောကောင်း မဆိုကောင်း) ပြည်ထောင်စုပြိုကွဲခဲ့မယ်ဆိုရင် ပေါ်ထွန်းလာမယ့် ရခိုင်နိုင်ငံတော် ရှမ်းနိုင်ငံတော်တွေမှာ မြန်မာနိုင်ငံတော်ရဲ့ အစိတ်အပိုင်း ရခိုင်ပြည်နယ် ရှမ်းပြည်နယ် ကာလတုန်းက ဘိုးစဉ်ဘောင်ဆက်နေခဲ့ကြတဲ့ မြန်မာ/ဗမာ အပါအဝင် အခြား လူမျိုးတွေကို မောင်းထုတ်မယ်၊ ဧည့်သည်အဖြစ် သတ်မှတ်မယ်လို့ မရစကောင်းသလိုဘဲဖြစ်ပါတယ်။
    ဒါကြောင့် မြန်မာနိုင်ငံသားတွေထဲမှာ တိုင်းရင်းသားတွေပါသလို၊ ဘိုးစဉ်ဘောင်ဆက်နေခဲ့ကြတဲ့ အခြားလူမျိုးတွေ၊ ကပြားတွေလဲပါဝင်ပါတယ်။ လူမျိုးအပေါ် အသားပေးရေးဆွဲထားတဲ့ မြန်မာနိုင်ငံသား ဥပဒေ ဟာလဲ တိုင်းပြည် တိုးတက်လာတာနဲ့ အမျှ လက်တွေ့ ကျင့်သုံးရာမှာ အခက်အခဲရှိလာနိုင်တာမလို့ မကြာတော့သော ကာလမှာ နိုင်ငံတကာ အဆင့်မီနိုင်ငံသား ဥပဒေအဖြစ် ပြောင်းလဲရတော့မှာဖြစ်ပါတယ်။ မြန်မာတိုင်းရင်းသားအဖြစ် တရားဝင် အသိအမှတ်ပြုထားတဲ့ လူမျိုးတွေဟာ အိမ်နီးချင်းနိုင်ငံတွေမှာ သန်းနဲ့ချီရှိနေတာဟာ လက်ရှိ မြန်မာနိုင်ငံသား ဥပဒေရဲ့ ပြဿနာ တွေထဲက ထင်ရှားတဲ့ ပြဿနာတရပ်ဖြစ်ပါတယ်။
    ခြုံပြောရယင် လူမျိုး၊ ဘာသာ၊ နိုင်ငံသားဟာ သီးခြားလွတ်လပ်တဲ့ Identity ကိုယ်ပိုင် အမှတ်သညာတွေဖြစ်ပါတယ်။ လူမျိုးတူပေမယ့် နေထိုင်ရာနိုင်ငံမတူ ကိုးကွယ်ရာ ဘာသာမတူသူ တွေ၊ ဘာသာတူပေမယ့် နိုင်ငံမတူ လူမျိုးမတူသူ တွေ နဲ့ နိုင်ငံတူပေမယ့် ဘာသာလူမျိုးကွဲပြားသူတွေ ရှိပါတယ်။ လူမျိုးတူသူတွေဟာ ကိုယ့်လူမျိုးအကျိုး၊ ဘာသာတူသူတွေဟာ ကိုယ့်ဘာသာအကျိုး စုပေါင်း ဆောင်ရွက်ကြရမှာဖြစ်သလို နိုင်ငံတူသူတွေဟာလဲ လူမျိုး ဘာသာ မခွဲခြားဘဲ ကိုယ့်နိုင်ငံအကျိုး ဆောင်ရွက်ကြမှသာလျှင် တိုင်းပြည် အမြန်ဖွံဖြိုးတိုးတက်နိုင်မှာ ဖြစ်ပါတယ်။ ပြည့်အင်အား ပြည်တွင်းမှာသာရှိသည် ဆိုတဲ့ ဆိုရိုးတခုရှိပါတယ်။ ဒီနိုင်ငံ မင်းတို့နိုင်ငံမဟုတ်ဘူးဆိုတဲ့ ငြင်းဆန်မူ နဲ့ ဒီနိုင်ငံ ငါတို့နိုင်ငံမဟုတ်ဘူးဆိုတဲ့ တုံ့ပြန်မူ ထပ်တူကြသွားရင်တော့ အောက်တန်း နောက်တန်းကျနေတယ့် ဘဝကရုန်းထွက်ဖို့အား မရှိနိုင်တဲ့ အပြင် ပိုဆိုးတဲ့ အခြေအနေထဲ ဆုံးဆုံးမြုပ်ဖို့သာ ရှိကြောင်း ထင်မြင်မိပါတယ်။
  • လူနည်းစုအရေး အလေးမပေးက အလှမ်းဝေးမည် ဒီမိုကရေစီ (ဘာသာပြန် ဆောင်းပါး)
    လူနည်းစုအရေး အလေးမပေးက အလှမ်းဝေးမည် ဒီမိုကရေစီ (ဘာသာပြန် ဆောင်းပါး)
    မေ-၁၈၊ ၂၀၁၃
    M-Media
    မြန်မာနိုင်ငံသည် စီးပွားရေးနှင့်နိုင်ငံရေးဆိုင်ရာ အကူးအပြောင်းကာလကို တစ်နှစ်ခွဲကျော်အထိ သိသိသာသာ ဖြတ်သန်းလာခဲ့ပြီးဖြစ်၏။ သို့တစေ နိုင်ငံတွင်းရှိ မွတ်စ်လင်မ် လူနည်းစုများအား ဆန့်ကျင်တိုက်ခိုက်နေမှု ကျယ်ပြန့်လာနေခြင်းအပေါ် ထိရောက်သောတုန့်ပြန်ဆောင်ရွက်မှု မရှိသေး။ မြန်မာနိုင်ငံလူဦးရေ သန်း ၆၀ အနက် အကြဉ်ခံရသော ရိုဟင်ဂျာ လူမျိုးများ အပါအ၀င် မွတ်စ်လင်မ်တို့မှာ ပမာဏအားဖြင့် ၅ % သာ ရှိနေ၏။ အန္တရာယ်ကြီးလှသည့် ထိုပြဿနာနှင့် စပ်လျဉ်း၍ လက်ရှိအစိုးရမှ ကြပ်မတ် အရေးယူနိုင်စွမ်း မရှိသည်ကို တွေ့နေရ၏။
    မြန်မာနိုင်ငံရှိ မွတ်စ်လင်မ်တို့သည် ဘင်္ဂလားဒေ့ရှ်ရော မြန်မာနိုင်ငံပါ လက်မခံနိုင်ဘဲ နိုင်ငံမဲ့လူနည်းစုဖြစ်နေရသည့် ရိုဟင်ဂျာများနှင့် ရောထွေးဖော်ပြခံနေရသည်။ ရိုဟင်ဂျာတို့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရားမ၀င် ခိုးဝင်လာသူများဟု မြန်မာအစိုးရက စွပ်စွဲထားသလို၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံကလည်း လူဦးရေ သန်း ၁၀၀ ခန့်ရှိနေသော မိမိတို့နိုင်ငံအတွင်း၌ ထိုသူများကို မိမိတို့၏လူနည်းစုဝင်အုပ်စုတစ်ခုအဖြစ် အခြေချစေရန် လက်ခံပေးဖွယ် (တစ်နည်း) နေရာပေးနိုင်ဖွယ် မရှိဟု ဆို၍ပယ်ချထားသည်။ ယင်းအခြေအနေက ရိုဟင်ဂျာ ၈ သိန်းခန့်မှာ ဖယ်ကြဉ်မှုကိုခံကြရပြီး ဗုဒ္ဓဘာသာဝင်တို့ ဖန်တီးသော ပဋိပက္ခအတွင်းသို့ ဆွဲသွင်းခံခဲ့ရ၏။
    မကြာသေးမီက BBC ၏ သတင်းမှတ်တမ်း၌ ၉၆၉ လှုပ်ရှားမှုနှင့်ပတ်သက်ဆက်နွယ်နေသည့်သူများ၊ သံဃာများမှ ရခိုင်နှင့်မိတ္ထီလာရှိ လူမျိုးစုံ မွတ်စ်လင်မ်တို့အား တိုက်ခိုက်နေသည်ကို ဥပဒေဘက်တော်သားများက ဘာဆိုဘာမှမလုပ်ဘဲ ရပ်ကြည့်လျက်သာရှိခဲ့ကြောင်း တွေ့ရသည်။ ထို့ကြောင့် အကြမ်းဖက်မှုများမှာ ရှေ့ဆက်လျော့ပါးဦးမည် မဟုတ်ချေ။
    EU နှင့် နိုင်ငံအများအပြားမှ စီးပွားရေးပိတ်ဆို့မှု ဖယ်ရှားရာတွင် မြန်မာနိုင်ငံသည် ဤအနေအထားကို မည်မျှအထိ တိတိကျကျကိုင်တွယ်မည်ကို သတိပြုရန် အရေးကြီး၏။ မြန်မာနိုင်ငံ၏ အထင်ရှားဆုံးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဤအရေးကိုရည်ညွှန်းလျက် လူများစုဗုဒ္ဓဘာသာဝင်အကြား ရိုဟင်ဂျာများအပေါ် သဟဇာတ ဖြစ်အောင် ဆက်ဆံသင့်သည်၊ စည်းလုံးညီညွတ်သည့် လူ့ဘောင်တစ်ခုကို တည်ဆောက်ရန် လိုအပ်သည်ဟု  ပြေလည်ရေးလမ်းကြောင်းဖြင့် ချဉ်းကပ်သော်ငြား – မွတ်စ်လင်မ်တို့သည် အကြမ်းဖက်မှုများ၏ အရင်းအမြစ်ဟု ဆင်ခြေပြု၍ ၄င်းတို့အား ဖယ်ရှားရန် လှုံ့ဆော်နေသော အစွန်းရောက် ဗုဒ္ဓဘုန်းတော်ကြီး ဦးဝီရသူကြောင့် လူ့ဘောင် ညီညွတ်ရေးအတွက် ပိုမိုခက်ခဲနေရပေသည်။
    မည်သည့်အစိုးရထံ၌မဆို အဓိကတာဝန်မှာ မိမိနိုင်ငံသားများကို ကာကွယ်စောင့်ရှောက်ရန်  ဖြစ်သည်။ မြန်မာအစိုးရအနေနှင့် မိမိနိုင်ငံသားတို့အား ကာကွယ်စောင့်ရှောက်ခြင်းမှ ပျက်ကွက်သော် လူ့ဘောင် အစိပ်စိပ် အမြွာမြွာပြိုကွဲမှု၊ အကြမ်းဖက်သောင်းကျန်းမှု၊ နားလည်မှုပျက်ပြားခြင်းများ တိုးပွားစေရန်အတွက် လမ်းဖွင့်ပေးနေခြင်းသာဖြစ်သည်။ တစ်စုံတစ်ရာ တင်းမာမှုဖြစ်လေတိုင်း အသံများ ကျယ်ကျယ်လောင်လောင် ထွက်လာလေ့ရှိသည်သာမက တစ်ဖက်စောင်းနင်း သတင်းကိုသာ ကြားနေရပေ၏။ ၅ % မျှသာရှိသော မြန်မာနိုင်ငံ၏ မွတ်စ်လင်မ်များ အပါအ၀င် အခြားဒေသရှိလူနည်းစု မွတ်စ်လင်မ်များမှာ ယင်းသို့ပင် ကြုံတွေ့နေကြရ၏။
    မြန်မာနိုင်ငံသည် ရှေ့လျှောက်ရင်ဆိုင်ရမည့် စိန်ခေါ်ချက် အများအပြား ရှိနေသေး၏။ ဤအကြမ်းဖက်မှုကိစ္စကို အဆုံးသတ်စေပြီး လူနည်းစုနှင့်လူမျိုးစုအသီးသီးအား စုစည်း ညီညွတ်စေမှသာ ယနေ့တိုင်အောင် သြဇာလွှမ်းမိုးနေသော စစ်အုပ်ချုပ်ရေးမှ ဖောက်ထွက်နိုင်မည်၊ ဒီမိုကရေစီပြောင်းလဲဖော်ဆောင်ရေး လမ်းကြောင်း ချောမွေ့လာနိုင်ပါလိမ့်မည်။ လူနည်းစုများ အပေါ် ပြဿနာရှာခြင်းဖြင့် အဖြေမထွက်နိုင်ပါ။ ကာလအကန့်အသတ် တစ်ခုအတွင်း ၄င်းတို့၏အကျိုးစီးပွားနှင့်တစ်ကွ သင့်မြတ်စွာအတူယှဉ်တွဲနေထိုင်ရေးကို ကျယ်ကျယ်ပြန့်ပြန့် တိုးမြှင့်ဆောင်ရွက်သွားရန် လိုအပ်လျက်ရှိနေပေပြီ။
    Shehab Chowdhury ၏ If Myanmar Wants a Democracy, It Must Integrate Its Muslim Minority  ဆောင်းပါးကို သာကီထက်ကောင်း မှ ဆီလျော်အောင် မြန်မာပြန်ဆိုပါသည်။
  • မုဟမ္မဒ် အလီ (ခ) ကက်စီးယက်စ် ကလေး
    မေ-၁၇၊၂၀၁၃
    M-Media
    ဝေဇင် စုစည်းတင်ပြသည်။
    ငယ်ဘဝ
    1
    မုဟမ္မဒ်အလီကို ၁၉၄၂ ခုနှစ် ဇန်န၀ါရီ ၁၇ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု၊ ကန်တာကီ ပြည်နယ်၊ လူဝီဗေးလ်မြို့တွင် မွေးဖွားခဲ့ပြီး မွေးချင်းနှစ်ယောက်အနက် အကြီးဖြစ်သည်။ ငယ်နာမည်မှာ ကက်စီးယက်စ် မာဆဲလ်လက်စ် ကလေး(Cassius Marcellus Clay) ဖြစ်သည်။ ကလေး ကို လက်ဝှေ့ထိုးရန် ပထမဦးဆုံးညွှန်ကြားသူမှာ လူဝီဗေးလ် မြို့ရှိ ရဲအရာရှိတစ်ဦးဖြစ်ပြီး သူ၏ လက်ဦးဆရာလည်းဖြစ်သည်။ ထိုအချိန်က ကလေးမှာ အသက် ၁၂ အရွယ်သာရှိသေးသည်။ ကလေး၏ အပျော်တမ်းလက်ဝှေ့သမားဘ၀တွင် ကန်တာကီ ရွှေလက်အိတ် ချန်ပီယံ (၆)ကြိမ်၊ အမေရိကန် ရွှေလက်အိတ် ချန်ပီယံ (၂) ကြိမ်၊ အပျော်တမ်းလက်ဝှေ့ချန်ပီယံ တစ်ကြိမ်၊ ၁၉၆၀ ခုနှစ် အီတလီနိုင်ငံ ရောမမြို့တွင် ကျင်းပပြုလုပ်သည့် နွေရာသီ အိုလံပစ်တွင် လိုက်ဟဲဗီးဝိတ်တန်း လက်ဝှေ့ပြိုင်ပွဲတွင် ရွှေတံဆိပ်တစ်ကြိမ်၊ စသဖြင့် ဆုတံဆိပ်ပေါင်း မြောက်များစွာရရှိခဲ့သည်။
    ပရော်ဖက်ရှင်နယ် လက်ဝှေ့သမားဘဝ
    2
    ပရော်ဖက်ရှယ်နယ်ဘ၀ ပထမဦးဆုံးပွဲကို ၁၉၆၀ အောက်တိုဘာ ၂၉ ရက်နေ့တွင် ကျွန်နေ ဟန်စကာ(Tunney Hunsaker) နှင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့ပြီး ကလေး က အနိုင်ရရှိခဲ့သည်။ ၁၉၆၀ မှ ၁၉၆၃ ခုနှစ်အထိ ၁၉ ပွဲယှဉ်ပြိုင် ထိုးသတ်ခဲ့ပြီး ရှုံးပွဲမရှိခဲ့ချေ။ ၁၅ ပွဲတွင် ပြိုင်ဘက်များကို အလဲထိုး၍ အနိုင်ယူခဲ့လေသည်။
    ဟဲဗီးဝိတ်ချန်ပီယံ
    ali_liston_1024x768
    ကလေး၏ ရလဒ်ကောင်းများကြောင့် ထိုစဉ်က ဟဲဗီးဝိတ်ချန်ပီယံ ဆန်နီ လစ်စတန်(Sonny Liston)ကို စိန်ခေါ်နိုင်သူ ဖြစ်လာခဲ့သည်။ ကလေးနှင့် လစ်စတန်တို့၏ပွဲကို ၁၉၆၄ ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ယှဉ်ပြိုင်ထိုးသတ်ရန် ရွေးချယ်သတ်မှတ်ခဲ့သည်။ မထိုးသတ်မီ တစ်ရက်အလို ကိုယ်အလေးချိန် စစ်ဆေးသောနေ့တွင် ကလေးက သူသည် လစ်စတန်အား “လိပ်ပြာကဲ့သို့ မျောလွင့်၍ ပျားကဲ့သို့ တုပ်မည်” (float like a butterfly and sting like a bee) ဟု သူ၏ ထိုးသတ်မည့်နည်းစနစ်ကို တင်စားခဲ့ပြီး သူ၏ နာမည်ကျော် နည်းစနစ်လည်းဖြစ်ခဲ့သည်။ ကလေးနှင့် လစ်စတန်တို့ထိုးသတ်ရာတွင် စတုတ္ထအချီမှလွဲ၍ အချီတိုင်းတွင် ကလေးက အသာရခဲ့သည်။ ၇ ချီမြောက်တွင် ပြိုင်ဘက် လစ်စတန်က ဘယ်ဘက်ပခုံးဒဏ်ရာရရှိ၍ ထပ်မံထိုးသတ်ရန် ငြင်းဆန်ခဲ့သောကြောင့် ကလေးမှာ ဟဲဗီးဝိတ်ချန်ပီယံဖြစ်လာခဲ့သည်။ ထိုစဉ်က ကလေးမှာ အသက် ၂၂ နှစ်အရွယ်သာရှိသေးသည်။
    အစ္စလာမ်သာသနာသို
    Muhammad Ali Boxer
    Muhammad-Ali-Converted-to-Islam-Religion
    ဟဲဗီးဝိတ်ချန်ပီယံဖြစ်ပြီးနောက် ကလေးသည် အစ္စလာမ်သာသနာသို့ ပြောင်းလဲသက်ဝင်ကြောင်း ကြေညာခဲ့ပြီး သူ၏ အမည်ကိုလည်း မုဟမ္မဒ်အလီ အဖြစ် ပြောင်းလဲခဲ့သည်။ လူမည်း မွတ်စလင် အဖွဲ့အစည်းဖြစ်သည့် နေးရှင်းအော့ဖ် အစ္စလာမ်(Nation of Islam) အဖွဲ့တွင်လည်း အဖွဲ့ဝင်ဖြစ်ခဲ့သည်။
    ချန်ပီယံဘွဲ့ ကာကွယ်
    ချန်ပီယံဘွဲ့ကို လက်လွှတ်ခဲ့ရသည့် လစ်စတန်က အလီအား ပြန်လည်စိန်ခေါ်ခဲ့ပြီး မေလတွင် ယှဉ်ပြိုင်ထိုးသတ်ရန် သတ်မှတ်ခဲ့သည်။ ထိုပွဲတွင် အလီက ပထမအချီ ၁ မိနစ်နှင့် ၅၂ စက္ကန့်မှာပင် လစ်စတန်အား အလဲထိုး အနိုင်ယူခဲ့သည်။
    အလီသည် ဒုတိယအကြိမ်မြောက် ချန်ပီယံကာကွယ်ပွဲကို ဖလွိုက်ပတ်တာဆန်နှင့် ထိုးသတ်ခဲ့ပြီး အလီ ကပင် အနိုင်ရရှိခဲ့သည်။
    WBA  ဟဲဗီးဝိတ်ချန်ပီယံတစ်ဦးဖြစ်သူ အာနီတယ်ရယ် (Ernie Terrell) နှင့် ၁၉၆၆ မတ်လ ၂၉ ရက်နေ့တွင် ထိုးသတ်ရန် စီစဉ်ထားခဲ့သော်လည်း ဗီယက်နမ်စစ်ပွဲနှင့် ပက်သက်သည့် အလီ၏ မှတ်ချက်ကြောင့် အီလီနွိုက်စ်ပြည်နယ် အားကစားကော်မရှင်က ပြိုင်ပွဲကျင်းပရန် ခွင့်မပြုခဲ့ပေ။
    ထို့ကြောင့် အလီသည် အမေရိကန်ပြင်ပသို့ ထွက်ခဲ့ပြီး ဂျော့ဂ်ျ ချူဗလို(George Chuvalo)နှင့် ကနေဒါတွင်လည်းကောင်း၊ ဟင်နရီကူးပါး(Henry Cooper)၊ ဘရိုင်ယန် လန်ဒန်(Brian London) တို့နှင့် လန်ဒန်တွင်လည်းကောင်း၊ ကားလ် မိုင်လ်ဒန်ဘာဂါ(Karl Mildenberger)နှင့် ဖရန့်ဖတ်တွင်လည်းကောင်း အသီးသီး ထိုးသတ်ခဲ့ပြီး အလီကပင်အနိုင်ရရှိကာ ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံဘွဲ့ကို ကာကွယ်ခဲ့သည်။
    ထို့နောက် အမေရိကန်သို့ပြန်လာခဲ့ပြီး တက္ကဆက်ပြည်နယ် ဟူစတန်မြို့တွင် ကလီဗ်လန်ဒ် ၀ီလီယံ(Cleveland Williams) နှင့်ထိုးသတ်ခဲ့ပြီး သုံးချီအတွင်း အလီက အလဲထိုးအနိုင်ယူနိုင်ခဲ့သည်။
    ထို့နောက် ၁၉၆၇ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်နေ့တွင် အာနီတယ်ရယ်နှင့်ထိုးသတ်ခဲ့သည်။ တစ်လကြာပြီးနောက် ဇိုရာဖော်လီ(Zora Folley) နှင့်ထိုးသတ်ခဲ့ပြီး အလီကပင် အနိုင်ရရှိခဲ့သည်။ ထိုပွဲမှာ အလီ၏ ဟဲဗီးဝိတ်ချန်ပီယံ ကာကွယ်ပွဲ၏ နောက်ဆုံးပွဲဖြစ်ခဲ့ပြီး အမေရိကန်စစ်တပ်သို့ ၀င်ရောက်အမှုထမ်းရန် ငြင်းဆိုမှုကြောင့် ဟဲဗီးဝိတ်ချန်ပီယံဘွဲ့ကို ရုပ်သိမ်းခံခဲ့ရသည်။ လက်ဝှေ့ထိုးသတ်ခွင် လိုင်စင်ပိတ်သိမ်းခံရပြီး လက်ဝှေ့ထိုးသတ်ခွင့်ကို ၅နှစ် ရပ်နားခံခဲ့ရသည်။
    တစ်ကျော့ပြန် လက်ဝှေ့သမားဘဝ
    ၁၉၇၀ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့တွင် အတ္တလန်တာပြည်နယ် အားကစားကော်မရှင်က အလီအား လက်ဝှေ့ထိုးသတ်ခွင့်လိုင်စင်ကို ပြန်လည် ထုတ်ပေးခဲ့သည်။ လက်ဝှေ့ထိုးသတ်ခွင့်လိုင်စင် ပြန်ရပြီးနောက် အောက်တိုဘာ ၂၆ ရက်နေ့တွင် ဂျယ်ရီ ကွာရီ(Jerry Quarry) နှင့် ထိုးသတ်ခဲ့ပြီး တတိယအချီတွင် အလီမှ အနိုင်ရရှိခဲ့သည်။ နောက်ပိုင်းတွင် နယူးယောက် လက်ဝှေ့ကော်မရှင်ကလည်း အလီအား လက်ဝှေ့ပြန်လည်ထိုးသတ်ခွင့် ပြုခဲ့ပြီး၊ ၁၉၇၀ ခုနှစ် ဒီဇင်ဘာလတွင် အော်စကာ ဘိုနာဗီနာ(Oscar Bonavena) နှင့် ထိုးသတ်ခဲ့သည်။ ၁၅ ချီအထိ ထိုးသတ်ပြီးနောက် အလီကပင် အနိုင်ရရှိကာ ထိုစဉ်က ဟဲဗီးဝိတ်ချိန်ပီယံ ဂျိုးဖရေဇာ(Joe Frazier)ကို စိန်ခေါ်နိုင်သူ ဖြစ်လာခဲ့သည်။
    အလီနှင့် ဖရေဇာတို့၏ပွဲကို ၁၉၇၁ ခုနှစ် မတ်လ ၈ ရက်နေ့တွင် ကျင်းပခဲ့ပြီး “ရာစုနှစ်၏အကောင်းဆုံးပွဲ” (Fight of the Century) ဟု အမည်တပ်ခြင်းခံရသည်။ ၁၅ ချီအပြည့်ထိုးသတ်အပြီးတွင် ဖရေဇာက မိုဟာမက်အလီအား အနိုင်ရရှိခဲ့သည်။ ထိုပွဲမှာ မုဟမ္မဒ်အလီ၏ ဖရော်ဖက်ရှင်နယ် လက်ဝှေ့သက်တမ်းတစ်လျှောက် ပထမဦးဆုံးရှုံးပွဲဖြစ်သည်။ အလီသည်၁၉၇၃ ခု မတ်လ၌ ကင်နော်တန်(Ken Norton) နှင့် ထိုးသတ်သောပွဲတွင် ရှုံးနိမ့်ခဲ့ပြီး သူ၏ ဒုတိယမြောက် ရှုံးပွဲဖြစ်ခဲ့လေသည်။ သို့ရာတွင် စက်တင်ဘာ ၁၀ရက်နေ့တွင် နော်တန်နှင့် ဒုတိယအကြိမ် ပြန်လည်ထိုးသတ်ခဲ့ရာ အလီက အနိုင်ရရှိခဲ့သည်။ သူ့အား အနိုင်ယူခဲ့သည့် ဖရေဇာနှင့် ၁၉၇၄ ခု ဇန်န၀ါရီလတွင် မကြေပွဲထိုးသတ်ခဲ့ကာ အလီကပင် အနိုင်ရရှိခဲ့သည်။
    တကျော့ပြန် ဟဲဗီးဝိတ်ချန်ပီယံ
     GeorgeForeman_MuhammadAli_boxe_30101974_1_600
    ၁၉၇၄ အောက်တိုဘာ ၃၀ ရက်နေ့တွင် ထိုစဉ်က ဟဲဗီးဝိတ်ချန်ပီယံ ဂျော့ဂ်ျ ဖိုမန်(George Foreman) နှင့်ထိုး သတ်ရန် စီစဉ်ခဲ့ပြီး အလီအား အစဉ်တစိုက်အားပေးခဲ့သူ ဟောင်းဝဒ် ကောစဲလ် (Howard Cosell) အပါအ၀င် မည်သူကမျှ ထိုပွဲတွင် အလီနိုင်လိမ့်မည်ဟု မထင်မှတ်ကြပေ။ အလီမှာ လက်ဝှေ့ကျော် ဂျိုးဖရေဇာနှင့် ကင်နော်တန်တို့ကို အကြိတ်အနယ် ထိုးသတ်ခဲ့ရပြီး ဖိုမန်ကမူ ဒုတိယအချီတွင်ပင် နှစ်ဦးစလုံးအား အလဲထိုးအနိုင်ယူနိုင်ခဲ့သည်။
    ထိုပွဲတွင် ဒုတိယအချီမှစ၍ အလီသည် ဖိုမန်၏ တရစပ်ထိုးသတ်ခြင်းကိုခံခဲ့ရသော်လည်း ၈ ချီမြောက်တွင် အလီက ဖိုမန်အား ပြင်းထန်သည့် လက်သီးချက်ဖြင့် အလဲထိုး အနိုင်ယူနိုင်ခဲ့ကာ ဟဲဗီးဝိတ်ချန်ပီယံဘွဲ့ကို ဒုတိယအကြိမ် ပြန်လည် ဆွတ်ခူးနိုင်ခဲ့သည်။
    ၁၉၇၈ ခုနှစ် ဖေဖော်ဝါရီလတွင် လက်ဝှေ့ကျော် လီယွန် စပင့်(Leon Spinks) နှင့် ထိုးသတ်ရာတွင် ရှုံးနိမ့်ခဲ့ပြီး ဟဲဗီးဝိတ် ချန်ပီယံဘွဲ့ကို လက်လွှတ်ခဲ့ရသော်လည်း ထိုနှစ် စက်တင်ဘာလတွင် လီယွန်စပင့်နှင့် မကြေပွဲ ပြန်လည်ထိုးသတ်ခဲ့ရာ အလီမှ အနိုင်ရရှိခဲ့ကာ ဟဲဗီးဝိတ်ချန်ပီယံဘွဲ့ကို သုံးကြိမ်ဆွတ်ခူးနိုင်သည့် ပထမဦးဆုံး လက်ဝှေ့သမား ဖြစ်လာခဲ့သည်။
    ၁၉၇၉ ခုနှစ် ဇူလိုင်လတွင် အလီသည် လက်ဝှေ့လောကမှ အနားယူလိုက်ပြီဟု ကြေညာခဲ့သည်။ သို့သော်လည်း မကြာမီပင် လက်ဝှေ့ကြိုးဝိုင်းအတွင်းသို့ ပြန်လည်ဝင်ရောက်လာခဲ့ကာ ၁၉၈၁ ခုနှစ် ဒီဇင်ဘာလတွင်မှ လက်ဝှေ့လောကမှ အပြီးတိုင် အနားယူခဲ့သည်။
    ဂုဏ်ပြုခံ အလီ
    ali
    မုဟမ္မဒ်အလီသည် ဟဲဗီးဝိတ်လက်ဝှေ့သမိုင်း၏ ရွှေခေတ်ဟု ခေါ်ဝေါ်သည့် သူ့ခေတ်သူ့အခါက ထိပ်တန်းဟဲဗီးဝိတ်ချန်ပီယံများကို အနိုင်ယူနိုင်ခဲ့သည်။ ရင်းမဂ္ဂဇင်း(Ring Magazine) ၏ “တစ်နှစ်တာအကောင်းဆုံးလက်ဝှေ့သမား” (Fighter of the Year) အဖြစ် အခြားလက်ဝှေ့သမားများထက် အကြိမ်များစွာ ရွေးချယ်ခံခဲ့ရသည်။  ထို မဂ္ဂဇင်းကပင် ရွေးချယ်သော “တစ်နှစ်တာ အကောင်းဆုံးလက်ဝှေ့ပွဲ” (Fight of the Year) တွင်လည်း အလီမှာ အခြားသူများထက် အကြိမ်များစွာ ဖော်ပြခံခဲ့ရသည်။ ၎င်းအပြင် အလီမှာ နိုင်ငံတကာလက်ဝှေ့အကျော်အမော်များ Hall of fame တွင် ပါဝင်ပြီး Sports Illustrated  မဂ္ဂဇင်း၏ “တစ်နှစ်တာအကောင်းဆုံး အားကစားသမား” စာရင်းတွင်ပါဝင်သည့် လက်ဝှေ့သမားသုံးဦးအနက်မှ တစ်ဦးဖြစ်သည်။
  • အကြမ်းဘက် ပဋိပက္ခများအား ဥပဒေ စိုးမိုးရေး အခြေခံမှ သုံးသပ်ခြင်း အပိုင်း-၁ ( ဦးအောင်ထူး- ရှေ့နေ)
    မေလ-၂၀၁၃
    ရေးသူ- ဦးအောင်ထူး (ရှေ့နေ)
    မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော အကြမ်းဘက် ပဋိပက္ခများအား ဥပဒေ စိုးမိုးရေးအခြေခံမှ သုံးသပ်ခြင်း အပိုင်း (၁)
    Riot policemen form up near a fire during riots in Meikhtila
    နိဒါန်း
    ဒီမိုကရေစီကို အသွင်ကူးပြောင်းနေသည်ဟု ကြွေးကြော်ဖေါ်ဆောင်နေသောဦးသိန်းစိန်အစိုးရလက်ထက်တွင်တိုင်းရင်း သားပြည်နယ်များ၌ စစ်မှန်သည့် ပြည်တွင်းငြိမ်းချမ်းရေးရရန် အလားအလာမတွေ့ရသေး။ လက်နက်ကိုင်တိုက်ပွဲ မဖြစ် ပွားသည့် မြေပြန့်ဒေသများမှာပင် အကြမ်းဘက်ပဋိပက္ခများတိုးများလာ၊ နိုင်ငံပြင်ပမှလည်း ဟိုကသည်က ခြိမ်းခြောက် မှု များပေါ်လာလျှက်ရှိနေကြောင်းတွေ့ရသည်။ တိုင်းပြည်လုံခြုံရေးတပ်ဖွဲ့များကိုထိတ်လန့်ရ၊ ဘာသာရေး အစွန်း ရောက်များကို ကြောက်ရ၊ အကြမ်းဘက်သမားများ၏ အန္တရာယ်ကို သတိထားနေရနှင့် တိုင်းပြည်၏ ဒေသ အမြောက်အများ၌ သာမန် လူထုပေါင်းမြောက်များစွာမှာ ယုန်သူငယ်များ ဘ၀ သို့ကျဆင်းနေရသည်။ ဥပဒေစိုးမိုးရေးသည် ပြိုကျ တော့ မည်လားဟု စိုးရိမ်ရ သည် အထိပင် ယိုင်လဲ ချိနဲ့လာခဲ့သည်။ တိုင်းပြည် ငြိမ်းချမ်း၊ တည်ငြိမ်ကာ အခြေခံလူထု စီးပွား ရေး တိုးတက်မှုရနိုင်ရေးအတွက် “စစ်မှန် သည့် ဥပဒေ စိုးမိုးရေး အခြေခံများ” ကို တည်ဆောက်ရန်မှာ အရေး တကြီး လိုအပ်ချက် ဖြစ်လာသည်။
    “စစ်မှန်သည့် ဥပဒေ စိုးမိုးရေး အခြေခံများ”[1] ဟူသော စကားလုံးကို သုံးစွဲရခြင်းမှာ ဥပဒေစိုးမိုးရေး အတု လွှမ်းမိုး သောကြောင့် ဖြစ်သည်။ စစ်အစိုးရ အဆက်ဆက်သည် ဥပဒေစိုးမိုးရေး ကို စကားလုံးအရ သုံးစွဲခဲ့သော်လည်း ယင်းမှာ မည်သို့ အဓိပ္ပါယ်ရှိ ကြောင်းကို မည်သည့်အခါကမျှ လူထုကိုရှင်းပြခဲ့ခြင်းမရှိ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ နိုင်ငံတော် အခြေခံမူများ ဟူသော ကဏ္ဍတွင်မူ ဥပဒေစိုးမိုးရေး ကို စကားလုံးအရ ပင် ထည့်သွင်းမထားတော့။ အကြောင်း မှာ ယင်း၏ အနှစ် သာရများကို တိုင်းပြည်၏ အချုပ်အခြာဖြစ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီကျင့်သုံး လိုခြင်း မရှိသောကြောင့်သာ ဖြစ်ကြောင်း မှတ်ယူ ရပါတော့မည်။
    ချုပ်ပြောရလျှင် မြန်မာနိုင်ငံ၌ “စစ်မှန်သည့် ဥပဒေစိုးမိုးရေး အခြေခံများ” အား လူထုတရပ်လုံး စနစ်တကျ လေ့လာ ခွင့် မရသေးပါ။ စစ်အစိုးရအဆက်ဆက်က ယနေ့အချိန်အထိ ကျင့်သုံးနေသော ဥပဒေစိုးမိုးရေးဟူသည်မှာ နိုင်ငံတကာ စံထားချက်များနှင့် ကိုက်ညီသည့် ဥပဒေစိုးမိုးရေး Rule of Law မဟုတ်။ အာဏာပိုင်များက ပြဌာန်းထားသည့် ပြည်တွင်း ဥပဒေ များအတိုင်း စိုးမိုးအုပ်ချုပ်ခြင်း Rule by Law အဆင့်တွင်သာ ရှိနေသေးကြောင်းတွေ့ရသည်။
    ၁၉၈၂ ခုနှစ်တွင် ပြဌာန်း၍ ၂၀၀၄ ခုနှစ်တွင် ပြင်ဆင်ကာ ယနေ့တိုင်အတည်ပြုကျင့်သုံးလျှက်ရှိသော တရုတ်ပြည်သူ့  သမ္မတ နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၅) တွင်အောက်ပါအတိုင်းတွေ့ရှိရသည်။
    “တရုတ်ပြည်သူ့သမ္မတ နိုင်ငံသည် အခွင့်အာဏာများအား ဥပဒေနှင့် အညီကျင့်သုံးသည်။ ဥပဒေစိုးမိုးရေးအောက်တွင် ဆိုရှယ်လစ်နိုင်ငံကို တည်ဆောက်သည်။”  [2] ယင်းပြဌာန်းချက်ကို လေ့လာလျှင် တရုတ်နိုင်ငံသည် ဥပဒေစိုးမိုးရေးကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ကျင့်သုံး နေပြီ ဖြစ်ကြောင်း ထင်ရှားသည်။ သို့ရာတွင် ယင်းမှာ မည်ကဲ့သို့သော ဥပဒေစိုးမိုးရေး ဖြစ်ပါသနည်း။
    “တရုတ်နိုင်ငံသည် Rule by Law နှင့် Rule of Law ကို ပေါင်းစပ်ကျင့်သုံးနေခြင်းဖြစ်ကြောင်း၊” ဆွီဒင်နိုင်ငံ စတော့ ဟုမ်းမြို့၊ စတော့ ဟုမ်းတက္ကသိုလ် ဥပဒေပညာဌာနတွင် ၂၀၁၃ ခုနှစ်မေလ (၈) ရက်နေ့က ကျင်းပ ခဲ့သည့်  နီးနှော ဖလှယ်ပွဲ၌ တရုတ်နိုင်ငံ ပီကင်း တက္ကသိုလ် ဥပဒေ ပညာဌာနမှ   ပါမောက္ခ Dr. Gong Renren က  ပြောကြားသွား ခဲ့ သည်။ ၄င်း၏ အဆိုအရ တရုတ်နိုင်ငံသည် နိုင်ငံတကာ စံထားချက်များနှင့်  ကိုက်ညီသည့် ဥပဒေစိုးမိုးရေး  အဆင့်ကို မသွားနိုင်သေးကြောင်း သုံးသပ်နိုင်သည်။ သို့ရာတွင် ဤမျှပေါင်းစပ် ကျင့်သုံးခြင်းသည်ပင် တရုတ်နိုင်ငံအတွက် များစွာ အကျိုးရှိကြောင်း ထင်ရှား သည်။ ဥပဒေစိုးမိုးရေး အခြေခံတွင် ယနေ့ တရုတ်နိုင်ငံ သည် စည်းလုံးညီညွတ်မှုတည်ဆောက်နိုင်ရုံသာမက နိုးနေ သောနဂါးကြီးအဖြစ် စီးပွားရေးအရ တိုးတက်ဖွံ့ဖြိုးလာ လျှက် ရှိသည်။
    Rule of Law နှင့် Rule by Law  စကားလုံးနှစ်လုံး၏ ဆက်စပ်မှုနှင့် ကွာခြားမှုကို လေ့လာမိပါက “ဥပဒေစိုးမိုးရေး” ဟူသောစကားလုံးကို လွယ်လင့်တကူ သုံးစွဲ၍ မရနိုင်ကြောင်း ထင်ရှားပါသည်။ ဖြစ်နိုင်လျှင် နိုင်ငံတကာ စံထားချက် များနှင့် ကိုက်ညီသည့် ဥပဒေစိုးမိုးရေး ဟူသည်ကို လူထုကြီးတရပ်လုံး လေ့လာကာ တတ်နိုင်သမျှ လက်တွေ့ ဖေါ် ဆောင်သင့် သော အချိန်ရောက်ပါပြီ။ စစ်အာဏာရှင်များတည်ဆောက်ထားသည့် ဥပဒေဘောင် [3]  နှင့် ၄င်းတို့ စိတ် ကြိုက်ပြဌာန်းထားသည့် ဥပဒေများအတိုင်း စိုးမိုးအုပ်ချုပ်ခြင်း Rule by Law တို့အား တိုက်ဖျက်သင့်သော အချိန်သို့ ရောက်ပါပြီ။
    ဤစာတမ်းငယ်တွင် ဥပဒေစိုးမိုးရေးကို အကျယ်တ၀င့်ရှင်းလင်းပြ မည်တော့ မဟုတ်ပါ။ သို့ရာတွင် မျက်မှောက်ဖြစ်ပွား နေသော အကြမ်းဘက် ပဋိပက္ခများအား ဥပဒေစိုးမိုးရေး ရှုဒေါင့်မှ ထောက်ပြ သုံးသပ်ပါမည်။ ထို့နောက် ယင်းတို့အား စနစ်တကျဖြေရှင်းကာ တိုင်းရင်းသားပေါင်းစုံလူထုကြီးတရပ်လုံး ငြိမ်းချမ်းမှု၊ တရားမျှတမှုနှင့် တိုးတက်ဖွံ့ ဖြိုးမှုတို့ ရနိုင် ရေး အတွက် နိုင်ငံတကာ စံထားချက် လမ်းကြောင်းတွင် မြန်မာနိုင်ငံအနေဖြင့် ကျင့်သုံးနိုင်ရေးအတွက် ဥပဒေ စိုးမိုးရေး ဆိုင်ရာ အခြေခံ အကျဆုံးအဆိုပြုချက် အချို့  ကို တင်သွင်းဆွေးနွေးသွားပါမည်။
    ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေသည် ဥပဒေစိုးမိုးရေး အခြေခံကို မတည်ဆောက်နိုင်ခြင်း။
    မည်သည့်နိုင်ငံတွင် မဆို ဖွဲ့စည်းပုံအခြေခံဥပဒေသည် ဥပဒေအားလုံး၏ အချုပ်အခြာ[4]  ဖြစ်သည်။ ယင်း၏ သဘောမှာ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မညီသော တည်ဆဲဥပဒေမှန်သမျှကို ဖျက်သိမ်းပစ်ရသည်။ နောင်ပြဌာန်းမည့် ဥပဒေများ သည်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့် ကိုက်ညီရသည်။ သို့ဖြစ်၍ ဥပဒေစိုးမိုးရေး အခြေခံကို တည်ဆောက်လိုပါက ဥပဒေအားလုံး၏ အချုပ်အခြာဖြစ်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ယင်း၏အုတ်မြစ်ကို ချမှတ်ရပါမည်။
    ဥပဒေစိုးမိုးရေး၏ အခြေခံအကျဆုံးမူမှာ ပြစ်မှုကျူး လွန်သူကိုအပြစ်ပေးရမည်ဖြစ်ပြီး လူတိုင်းဥပဒေရှေ့မှောက် တွင် တန်းတူခံစားခွင့်ရှိရမည် ဖြစ်သည်။ ဤမူကို အခြေခံအားဖြင့် ဥပဒေနှင့် နီးစပ်သူတိုင်း သိကြပါသည်။ အသစ်အဆန်း မဟုတ်ပါ။ ၂၀၀၄ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးခင်ညွှန့်ကို ဖမ်းဆီးအရေးယူခဲ့စဉ်က ဗိုလ်ချုပ်ကြီးသူရရွှေမန်း (ယခုဦးရွှေမန်း) ကိုယ်တိုင်ပင်တိုင်းသိ ပြည်သိ ကြွေးကြော်ခဲ့သည်။
    သို့ရာတွင် ဥပဒေစိုးမိုးရေး၏ အသစ်အဆန်းမဟုတ်သည့် ဤမူ နှင့် စပ်လျှဉ်း၍ မည်သို့လက်တွေ့ကျင့်သုံးအကောင် အထည်ဖေါ်သင့်သည်၊ မည်သည်တို့မှာ အဟန့်အတားဖြစ်နေသည်၊ ဤမူကို ဖေါ်ဆောင်နိုင်ရေးအတွက် မည်သည့် ဥပဒေများကို ဖျက်သိမ်း၊ ပြင်ဆင်၊ အသစ်ပြဌာန်းသင့်သည်၊ ဟူသည် တို့နှင့် စပ်လျှဉ်း၍အလေးထားကာ ယခု လွှတ် တော် ဥက္ကဌနေရာတွင် ယူထားသော ဦးရွှေမန်းသည် လွှတ်တော်အတွင်း၌ မည်သည့်အခါကမျှ ဦးဆောင်ဆွေးနွေးခဲ့ သည်ကို မကြားသိရပါ။ ဦးသိန်းစိန် အစိုးရက ဦးဆောင်ရန် ဆိုသည်မှာ ဝေလာဝေးပင်။
    ၂၀၀၈ ဖွဲ့စည်းပုံ ပုဒ်မ ၄၄၅ အပေါ် သုံးသပ်ချက်
    ပြစ်မှုကျူး လွန်သူကိုအပြစ်ပေးရမည်ဖြစ်ပြီး လူတိုင်းဥပဒေရှေ့မှောက်တွင် တန်းတူခံစားခွင့်ရှိရမည်ဟူသည့် မူကို ဖွဲ့စည်းပုံအခြေခံဥပဒေက အာမခံရပါ မည်။ မဆန့်ကျင်စေရပါ။ သို့ရာတွင် ၁၉၈၈ ခုနှစ် မှစ၍ အာဏာသိမ်း အုပ်ချုပ် ခဲ့သည့် သက်တမ်းကာလအတွင်း ဖြစ်ပွားကျူးလွန်ခဲ့သည့် ပြစ်မှုများနှင့် စပ်လျှဉ်း၍ စစ်အာဏာရှင်တို့၏ တာဝန်ရှိမှုကို ဖုံးကွယ်ကာ “မည်သည့် တရားရုံး တွင်မျှ တရားစွဲဆိုခွင့် မရှိစေရ” ဟူသည်ကို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၄၅ တွင် ပြဌာန်းထား သည်။ ယင်းမှာ ကိုယ့်ကိုယ်ကို အကြွင်းမဲ့ လွတ်ငြိမ်းချမ်းသာခွင့် ပေးထားခြင်းဖြစ်သည်။ အဆို ပါပြဌာန်းချက်မျိုးကို ကမ္ဘာပေါ် တွင် တည်ဆဲဖွဲ့စည်းပုံအခြေခံ ဥပဒေများ၌ မည် သည့် နိုင်ငံတွင်မျှ မတွေ့ ရပါ။ ယင်း အပေါ် ဥပဒေအထောက်အကူပြု ကွန်ယက်မှဆွေးနွေးမှုအား ၂၀၁၃ မေလ (၇) ရက်နေ့တွင် ဘီဘီစီမှအသံ လွှင့်သွား သည်ကို ဤလင့်ခ် တွင် နားဆင်ပါ။ https://docs.google.com/file/d/0BzC8VZhwp11AbTdrNlVyQ1FUb0k/edit?usp=sharing
    ပုဒ်မ ၄၄၅ ပြဌာန်းချက်သည် လူတိုင်း ဥပဒေရှေ့မှောက်တွင် တန်းတူရေး ဟူသည့် အခြေခံမူကို အဆင့်နှစ်ဆင့်အရ ဆန့်ကျင်လျှက်ရှိသည်။ ပထမ အဆင့်မှာ စစ်အစိုးရ အာဏာပိုင်ဟောင်းများသည်သာ အကြွင်းမဲ့ လွတ်ငြိမ်း ချမ်းသာခွင့် ရနေကြသည်။ အခြား သာမန် ပြည်သူများ မခံ စားရပါ။ ဒုတိယအဆင့် မှာ ပြစ်မှုကျူးလွန်သူခြင်းတူပါက န၀တ၊ နအဖ စစ်အစိုးရအဖွဲ့ဝင်များသာ လွတ်ငြိမ်းခွင့်ကို ခံစားကြရသည်။ ၄င်းတို့၏ အမိန့်ပေးမှုအရ သက်ဆိုင်ရာမှုခင်းများ ၌ မြေပြင်တွင် ကြီးကြပ်ကွပ်ကဲ ဖေါ် ဆောင်ခဲ့ ကြသည့် အခြားစစ် ခေါင်းဆောင်များ၊ အုပ်ချုပ်ရေး အာဏာပိုင်များ မှာ အဆိုပါ အခွင့်အရေးကို ခံစားခွင့် မရကြပါ။ အချိန်မရွေး တရားစွဲခံရ နိုင်သည်။ ၂၀၀၈ ဖွဲ့စည်းပုံ သည် ခွဲခြားမှု [5] ကို အခြေခံဥပဒေနှင့် အညီကျင့်သုံးထား ခြင်းဖြစ်သည်။
    ပြစ်မှုကျူးလွန်သူအား လွတ်ငြိမ်းခွင့် ပေးခြင်းမှာ ၂၀၀၈ ဖွဲ့စည်းပုံ၏ အုတ်မြစ်တချပ် ဖြစ်နေ သည်။ သို့ဖြစ်၍ ပြစ်မှုကျူး လွန်သူ မည်သူ့ကို မဆို တိတိကျကျ စုံစမ်းရှာဖွေ ဖေါ်ထုတ်ကာ အရေးယူ အပြစ်ပေးခြင်း ဖြင့် ဥပဒေ စိုးမိုးရေးတည် ဆောက်ရမည်ဟူသောအသံကို လူ့အဖွဲ့အစည်း၌ ကျယ်လောင်စွာ မကြားရတော့ပါ။ အကျိုး ဆက် အနေဖြင့် ဥပဒေ စိုးမိုးရေးပျက်သည့် အခြေအနေကို တပြည်လုံး၌ ကြုံတွေ့နေကြရသည်။ ၂၀၀၈ ဖွဲ့စည်းပုံသည် တိုင်းပြည်တွင် ဥပဒေ စိုးမိုးရေးအတွက် ပန်းခင်းသော လမ်းကို မတည်ဆောက်နိုင်ပါ။ ပြောင်းပြန်ပင် ၄င်းသည် ဥပဒေစိုးမိုးရေး ဆက် လက် ပျက်သုဉ်းစေ၇န် ငရဲမီးခင်းသောလမ်းကို ဖေါက်ပေးထားကြောင်းတွေ့ရှိရသည်။
    ရခိုင်ပြည်နယ်တွင် ဥပဒေစိုးမိုးရေးပျက်စီးစေခဲ့ရာ၌ မည်သူ့တွင် အမြင့်ဆုံးတာဝန်ရှိသလဲ။
    ရခိုင်ပဋိပက္ခများ စုံစမ်းစစ်ဆေးရေး ကော်မရှင် ၏အစီရင်ခံစာ စာမျက်နှာ ၈၇ တွင် “နစက သည် ကက (ကြည်း) ၏ တိုက်ရိုက်ကွပ်ကဲမှုအောက်တွင် ရှိနေ ကြောင်းနှင့် လုံခြုံရေး အဖွဲ့အစည်းများသည် သက်ဆိုင်ရာ ၀န်ကြီးဌာနများ၏ အမိန့်ကိုသာနာခံရပြီး ဒေသ ဆိုင်ရာ အုပ်ချုပ်ရေး ဆောင်ရွက်သူများ၏ အမိန့်ကို နာခံနိုင်ခြင်း မရှိသည်ကို တွေ့ရှိရ ကြောင်း” အတိအလင်း ဖေါ်ပြထား သည်။ ကက (ကြည်း) သည် (ကာ/လုံ) ၏ အဖွဲ့ ၀င်များဖြစ်သော ကာကွယ်ရေး ဦးစီးချုပ် နှင့် ဒုတိယ ကာကွယ်ရေး ဦးစီးချုပ်တို့ ၏ တိုက်ရိုက်အမိန့် ပေးညွှန်ကြားမှုအောက်တွင် ရှိသည်။
    ရခိုင်ပဋိပက္ခများအတွင်း (ကာ/လုံ) က ဥပဒေစိုးမိုးရေးအခြေခံကိုရိုက်ချိုး ခဲ့သည့် အဓိက ဖြစ်ရပ်ကြီးနှစ်ခုရှိခဲ့ကြောင်း ကော်မရှင်၏ အစီရင်ခံစာအရ ပေါ်လွင်သည်။ ၄င်းတို့မှာ ၂၀၁၂ ဇွန်လ (၃) ရက်နေ့တွင် တောင်ကုတ်၌ အစ္စလာမ် ဘာသာဝင် ဆယ်ဦး အသတ်ခံရခြင်းနှင့် ဇွန်လ (၈) ရက်နေ့ တွင် မောင်းတော၌ အစ္စလာမ်ဘာသာဝင်များက ရခိုင် လူထုများအပေါ် ပြန်လည်၍ အကြမ်းဘက်မှုများ ပြုကြခြင်း ဖြစ်သည်။
    အစ္စလာမ်ဘာသာဝင် ဆယ်ဦး အသတ်ခံရခြင်း နှင့် စပ်လျှဉ်း၍ ပြစ်မှုကျူးလွန်သူများကို ယခုအချိန်အထိ ဖေါ် ထုတ် အရေးယူခြင်းမပြုပါ။ ထိုနည်းတူ မောင်းတောတွင် အစ္စလာမ်ဘာသာဝင်များ၏ ပြန်လည် အကြမ်းဘက်မှုကို တားဆီး နိုင်ပါ လျှက် အာဏာပိုင်များက ကာကွယ်တားဆီးမှု မပြုခဲ့ပါ။ ယင်းနှင့် စပ်လျှဉ်း၍ ကော်မရှင်၏ အစီရင်ခံစာ စာမျက်နှာ ၈၂ တွင် အောက်ပါအတိုင်း ဖေါ်ပြထားသည်။
    “မောင်းတောဖြစ်စဉ်တွင် ထိုစဉ်က နစက အကြီးအကဲလုပ်သူက ပြတ်သားစွာ ကိုင်တွယ်အရေးယူဆောင်ရွက်ခဲ့မည် ဆိုပါက ယခု ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများစွာ ဖြစ်ပေါ်လာမည်မဟုတ်ကြောင်း ရခိုင်ရပ်မိ၊ ရပ်ဖ များမှ ဝေဘန် သုံးသပ်ခဲ့ကြပါသည်။”
    ပထမ ဖြစ်ရပ်တွင် ပြစ်မှုကျူးလွန်သူကို အရေးမယူသဖြင့် ရိုဟင်ဂျာများနှင့် အစ္စလာမ်ဘာသာ ၀င် အမြောက်အများယခုအချိန် အထိ အကြိတ်အခဲဖြစ်နေဆဲဖြစ်သည်။ ဒုတိယ ဖြစ်ရပ်တွင် ကာကွယ်တားဆီးနိုင်ပါလျှက် မကာကွယ်ခဲ့ သဖြင့် ထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပွားခဲ့ရသည့်အပြင် ရခိုင်ပြည်နယ် အခြားဒေသများသို့ ပျံ့သွားခဲ့ သောကြောင့် ရခိုင် လူထုများက မကြေမနပ် ဖြစ်နေဆဲဖြစ်သည်။ ၄င်းအကြိတ်အခဲများ၊ မကြေနပ်မှုများသည် ဥပဒေ စိုးမိုးရေးပျက်သုဉ်း ခြင်းကြောင့် ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။ ယင်း၏ အကျိုးဆက် အနေဖြင့် ပဋိပက္ခများ ဆက်လက် ကြီးထွားသွားခဲ့ ခြင်းဖြစ်သည်။
    ကော်မရှင်၏ အစီရင်ခံစာအရ ပေါ်လွင်သော ဖြစ်ရပ်နှစ် ခုလုံး တွင်သာမက ပထမဆုံး စတင်ဖြစ်ပွားခဲ့ သည့် ကျောက်နီမော် လူသတ်မုဒိန်းမှုတွင် အမှန်တရားကို ဖုံးကွယ်ခဲ့သည့် အတွက် ဥပဒေစိုးမိုးရေး ပျက်သုဉ်းရာတွင် အဓိက တာဝန်ရှိသူမှာ (ကာ/လုံ) နှင့် ဦးသိန်းစိန်ဦးဆောင်သည့် ဗဟိုအစိုးရဖြစ်သည်။ အဘယ်ကြောင့်ဆို သော် လုံခြုံရေးတပ်ဖွဲ့များသည် ၄င်းတို့၏တိုက်ရိုက်အမိန့်ပေး ညွှန်ကြားမှုအောက်တွင် တာဝန်ထမ်းဆောင်ခဲ့ရ သောကြောင့် ဖြစ်သည်။ (ကာ/လုံ) နှင့် ဦးသိန်းစိန်အစိုးရက ဥပဒေစိုးမိုးရေးကို မတည်ဆောက်ခဲ့သဖြင့် အကြမ်းဘက်ပဋိပက္ခများ သည် မြန်မာနိုင်ငံ အခြားနေရာ အတော်များများသို့ ပျံ့နှံ့သွားခဲ့ခြင်းဖြစ်သည်။
    နိုင်ငံတကာက လူ့အခွင့်အရေးရှုဒေါင့်မှ စွပ်စွဲလာမှုကို ကော်မရှင်က ပယ်ချသည် ဟူသည့်အပေါ် သုံးသပ်ချက်
    နိုင်ငံတကာက လူ့အခွင့်အရေးရှုဒေါင့်မှ စွပ်စွဲလာမှုကို ပယ်ချကြောင်း ကော်မရှင်အဖွဲ့ ဝင် ဒေါက်တာ ဒေါ် ရင်ရင်နွယ် က ပြောခဲ့သည်။ ပယ်ချရသည့် အဓိကအကြောင်းမှာ နိုင်ငံတကာ သည် ဘင်္ဂါလီ တဘက်တည်းကိုသာမေးခဲ့ပြီး ရခိုင် လူမျိုးများဘက်ကို မမေးခဲ့သောကြောင့် ဟူ၍ ဖြစ်သည်။ ကော်မရှင် အဖွဲ့ဝင် အခြားသူတချို့ကလည်း အလားတူ တုန့်ပြန်ခဲ့ဘူးသည်။ စင်စစ်အားဖြင့်မူ နိုင်ငံတကာသည် ရခိုင်တိုင်းရင်းသားများဘက်ကိုလည်း မေးသင့်သလောက် မေးမြန်းခဲ့သည်။ အရင်းခံအားဖြင့်မူ ဘက်နှစ်ဘက် ရှုဒေါင့်မှ အဓိက ချဉ်းကပ်ရန် မဟုတ်ပါ။ နိုင်ငံတနိုင်ငံ အတွင်း၌ မည်သို့သော အခြေအနေများဖြစ်ပွားသောအခါ နိုင်ငံတကာက လူ့အခွင့်အရေးချိုးဖေါက်မှု ရှုဒေါင့်မှ ချဉ်းကပ် ကိုင် တွယ်သည်ကို ကော်မရှင်အနေဖြင့် လေ့လာသင့်သည်။ ရိုးရိုးပြစ်မှု နှင့် လူ့အခွင့် အရေး ချိုးဖေါက်မှု တို့၏ ဆက်စပ်မှု နှင့် ကွာခြားမှုအပေါ်လည်း ရှင်းလင်းစွာ နားလည်ရန်လိုပါသည်။
    သာဓက ဆိုပါမည်။ နိုင်ငံတနိုင်ငံ အတွင်း၌ ဘာသာရေးအရဖြစ်စေ၊ လူမျိုးရေးအရဖြစ်စေ၊ အခြားအကြောင်းတခုခု အရဖြစ်စေ လူတဦးက အခြားတဦးကို၊ လူအုပ်စုတခုက အခြားအုပ်စုတခုကို၊ သတ်ဖြတ်မှုကျူးလွန်သည် ဆိုကြပါစို့။
    လူ့အခွင့်အရေးရှုဒေါင့်မှကြည့်လျှင် သတ်ဖြတ်ခံရသူ၏ အသက်ရှင်ရပ်တည်ပိုင် ခွင့် ရုပ်သိမ်းခံလိုက်ရခြင်းဖြစ်သည်။ သို့ရာတွင် သာမန်အားဖြင့် နိုင်ငံတကာက ၀င်ရောက်စွက်ဘက် ပြောဆိုမည် မဟုတ်ပါ။ သက်ဆိုင်ရာ နိုင်ငံ၏ အချုပ် အခြာအာဏာ အတွင်း ကျရောက်နေသောကြောင့် ဖြစ်သည်။ ၄င်းနိုင်ငံ၏ အစိုးရကသာလျှင် အဆိုပါနိုင်ငံ၏ တည်ဆဲဥပဒေများနှင့်အညီ ပြစ်မှုကျူးလွန်သူ သို့မဟုတ် ကျူးလွန်သူများကို အရေးယူ အပြစ်ပေးရမည်ဖြစ်သည်။
    ၂၀၁၂ ခုနှစ် ဇူလိုင်လအတွင်း အိန္ဒိယနိုင်ငံ အာသံပြည်နယ် အနောက်ခြမ်းတွင် လူမျိုးရေး ပဋိပက္ခဖြစ်ပွားခဲ့ပြီး အတော် များများ သေဆုံးကာ လူဦးရေ နှစ်သိန်းခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့သည်။ သို့ရာတွင် ကုလသမဂ္ဂသည်လည်းကောင်း၊ နိုင်ငံ တကာ လူ့အခွင့်အရေး အဖွဲ့ အစည်းကြီးများသည်လည်းကောင်း ၀င်ရောက်စွက်ဘက်ပြောဆိုကြခြင်းမရှိပါ။ အိန္ဒိယ နိုင်ငံ၏ အချုပ်အခြာအာဏာ [6] အတွင်းတွင် သက်ဆိုင်ရာအစိုးရများက ဖြေရှင်းဆောင်ရွက်ခဲ့ကြသည်။
    သို့ရာတွင် အစိုးရကိုယ်တိုင်က လူထုအပေါ် လူ့အခွင့်အရေးချိုးဖေါက်မှုကို ကျူးလွန်ခြင်း၊ သို့မဟုတ် အင်အားစု တရပ်ရပ်က ကျူး လွန်မှုကို အစိုးရက အားပေးကူညီခြင်း၊ တနည်းနည်းဖြင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ သို့မဟုတ် လူ့အခွင့်အရေးချိုး ဖေါက်ကျူးလွန်မှုကြီးများ ဖြစ်ပွားနေပါလျှက် ကျူးလွန်သူများကို အစိုးရက ထိထိရောက်ရောက် အရေးယူမှုမပြုခြင်း တို့ဖြစ်လျှင်မူ ကုလသမဂ္ဂ အနေဖြင့် ဖြစ်စေ၊ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့အစည်းကြီးများ အနေဖြင့် ဖြစ်စေ ၀င်ရောက်အရေးယူဆောင်ရွက်ရန် ကြိုးပမ်းကြရသည်။ ဤသည်မှာ နိုင်ငံတကာ လူ့အခွင့် အရေး ဥပဒေအခြေခံများပေါ်၌ နိုင်ငံတကာက ကျင့်သုံးသည့်အစဉ်အလာ လည်းဖြစ်သည်။ မြန်မာနိုင်ငံအတွင်း ရခိုင်ပြည် နယ်၌အလားတူ  အခြေအနေများ ဖြစ်ပွားနေသည့်  အထောက်အထားများအား နိုင်ငံတကာတွေ့ရှိသဖြင့်သာ ကုလ သမဂ္ဂ နှင့် နိုင်ငံတကာက ၀င်ရောက်ပြောဆိုလာကြခြင်းဖြစ်သည်။ အရေးယူဆောင်ရွက်မှုများလည်း ရှိလာနိုင်သည်။
    ယင်းသို့ကျူးလွန်မှု သက်သေအထောက်အထားများ ရှိပါက ကော်မရှင်အနေဖြင့် ဖြစ်စေ၊ ဒေါက်တာ ဒေါ်ရင်ရင်နွယ် အနေဖြင့်ဖြစ်စေ နိုင်ငံတကာသို့တိုင်တန်းမည်ဆိုပါက ရခိုင်တိုင်းရင်းသားများအား အဓိကထား၍ လာေ၇ာက် စစ်ဆေး မေးမြန်းရန်မှာ ရာခိုင်နုန်းပြည့်သေချာသည်။
    အကြမ်းဖက်ပဋိပက္ခများ ဖြစ်ပွားရခြင်း၏ လတ်တလောအကြောင်းရင်း နှင့် နောက်ဆက်တွဲအကြောင်းရင်းများ
    ရခိုင်ပြည်နယ် မှ စတင်ခဲ့ပြီး တနိုင်ငံလုံးသို့ တဖြေးဖြေး ပျံ့နှံ့နေပြီဖြစ်သော အကြမ်းဘက် ပဋိပက္ခကြီး၏ လတ်တလော အကြောင်းရင်းမှာ လူမျိုးရေးကွဲပြားမှုနှင့် ဘာသာရေးယုံကြည်ချက်ခြားနားမှုတို့အပေါ်အခြေခံပြီး တဘက်နှင့် တဘက် အပြန်အလှန်ပုတ်ခတ် စွပ်စွဲကြရာမှ စတင်ပေါ်ပေါက်လာခဲ့သည့် ပြသနာ မဟုတ်ပါ။ ဥပဒေစိုးမိုးရေးအခြေခံအရ ပြစ်မှု ကျူး လွန်သူမှန်သမျှကို ကျောသား ရင်သားမခွဲခြားဘဲ တန်းတူထား၍ ပြတ်ပြတ်သားသား ထိထိေ၇ာက်ရောက် အရေး မယူခဲ့ ခြင်းမှာ ပထမ လတ်တလော အကြောင်းရင်းဖြစ်သည်။ ဦးသိန်းစိန်အစိုးရ၏ စစ်တပ်နှင့် အခြားလုံခြုံရေးတပ်ဖွဲ့ များကိုယ်တိုင်က ဘက်တဘက်တွင် ရပ်၍ ပြစ်မှု ကြီးများအား ပါဝင်ကျူးလွန်ခဲ့ကြသည် ဟု နိုင်ငံတကာက ထောက်ပြ စွပ်စွဲလာသည်က ပို၍ အရေးကြီးသော ဒုတိယ လတ်တလော အကြောင်းရင်း ဖြစ်သည်။
    ဤလတ်တလော အကြောင်းရင်းနှစ်ရပ်ဖြစ်တည်လာခဲ့ပြီးနောက် နောက်ဆက်တွဲအကြောင်းရင်း တို့လည်း ပေါ်ပေါက် လာပြန်သည်။ ယင်းတို့မှာ ဘာသာရေးအုပ်စုကြီး နှစ်ခုမှ အချို့သော အစွန်း ရောက်ဘာသာရေးခေါင်းဆောင်များ၊ ဘာသာဝင်များ နှင့် အစွန်းရောက် အမျိုးသားရေးဝါဒီများက နည်းလမ်းပေါင်းစုံသုံး၍ လှုံ့ဆော်လာခဲ့ကြခြင်းဖြစ်သည်။ အကျိုးဆက်အနေဖြင့် အကြမ်းဘက် ပဋိပက္ခကြီးများသည် တိုင်းပြည်၏ နေရာဒေသ အတော်များများသို့ပျံ့နှံ့သွားခဲ့ရ ခြင်းဖြစ်သည်။
    လတ်တလော အကြောင်းရင်း နှင့် နောက်ဆက်တွဲ အကြောင်းရင်းတို့ကို နိုင်းယှဉ်လေ့လာရန်လိုပါမည်။ လတ်တလော အကြောင်းရင်းသည် ဥပဒေစိုးမိုးရေးနှင့် တိုက်ရိုက်သက်ဆိုင်သည်။ နောက်ဆက်တွဲအကြောင်းရင်းသည် သာသာရေး အရ မတူကွဲပြားသည့် ဘာသာများ အတူငြိမ်းချမ်းစွာရပ်တည်နိုင်ရေး၊ အပြန်အလှန်လေးစားမှု တည်ဆောက်ရေးတို့ နှင့် လည်းကောင်း၊ နိုင်ငံရေးအရ အစွန်းရောက် အမျိုးသားရေးဝါဒကို စွန့်လွှတ်ပြီး လူမျိုးပေါင်းစုံ အတူယှဉ်တွဲ နေ ထိုင် ရေး အခြေခံတွင် မိမိအမျိုးသား အကျိုးစီးပွားကို သမာသမတ်ကျစွာ ဖေါ်ဆောင်နိုင်ရေး အတွေးအခေါ် စိုက်ထူမှု နှင့် လည်းကောင်း သက်ဆိုင်သည်။
    နောက်ဆက်တွဲအကြောင်းရင်းများသည် အရေးမကြီးမဟုတ်ကြီးပါသည်။ သို့ရာတွင် ယနေ့တပြည်လုံးသို့ ပျံ့နှံ့နေ ပြီ ဖြစ်သော အကြမ်းဘက်ပဋိပက္ခကြီးများနှင့်စပ်လျှဉ်း၍ လူ့အဖွဲ့အစည်းတခုလုံးနီးပါးသည် နောက်ဆက်တွဲ အကြောင်း ရင်းများအပေါ်တွင်သာ ကုစားအဖြေရှာကြရန်ကြိုးပမ်းနေကြသည်ကို တွေ့ရသည်။ ထိရောက်မှု အားနည်း နိုင်သည်။
    လတ်တလောအကြောင်းရင်းများနှင့်စပ်လျှဉ်း၍ အမှန်တရားပေါ်အောင် အဓိကထားဖေါ်ထုတ်ပြီး အရေးယူဆောင်ရွက် နိုင်မှ သာလျှင် ဥပဒေစိုးမိုးရေးကို အခြေခံအားဖြင့် တည်ဆောက်နိုင်ပါမည်။ ထို့နောက် နောက်ဆက်တွဲအကြောင်းရင်း များကို တဖြေးဖြေး အချိန်ယူကုစားသွားရန် ဖြစ်ပါသည်။
    ရခိုင်ပဋိပက္ခများ စုံစမ်းစစ်ဆေးရေးကော်မရှင်သည် ဥပဒေစိုးမိုးရေးနှင့် တိုက်ရိုက်သက်ဆိုင်သည့် လတ်တလော အကြောင်းရင်းကို မီးမောင်းထိုးကာ အမှန်တရားပေါ်အောင်ဖေါ်ထုတ်ခဲ့ခြင်း မရှိ။ လတ်တလောအကြောင်းရင်းနှစ်ရပ် အနက် ပထမ တရပ်ကို ကော်မရှင်ကိုယ်တိုင်ဝန်ခံရသည်။ ထို့ အပြင် လုံခြုံရေးတပ်ဖွဲ့များကိုယ်တိုင်က ဘက်တဘက် နှင့်ပူးပေါင်းကာ ပြစ်မှုကြီးများအား ပါဝင်ကျူးလွန်ခဲ့ကြသည်ဟု နိုင်ငံတကာက ထောက်ပြစွပ်စွဲသည့် ဒုတိယအကြောင်း ရင်းကိုလည်း ကော်မရှင်ကမျက်စိမှိတ်
    ပယ်ချခြင်းမှလွဲ၍ အချက်အလက်နှင့် မငြင်းနိုင်။ သို့ရာတွင် အစီရင်ခံစာ၌ လတ် တလောအကြောင်းရင်းကို ရှင်းရှင်းလင်းလင်း ပြည့်ပြည့်စုံစုံ မဖေါ်ထုတ်ဘဲ နောက်ခံအကြောင်းရင်း နှင့်နောက်ဆက်တွဲ အကြောင်းရင်းများကိုသာ ဋီကာချဲ့ပြီးဖေါ်ပြခဲ့သည်။ ထို့ကြောင့် ဥပဒေစိုးမိုး ရေး အခြေခံကို ဖျက်ဆီးခဲ့သည့် ကာလုံ နှင့် သမ္မတ ဦးသိန်းစိန်၏ တာဝန်ရှိမှုကို ဖုံးကွယ် သွားစေခဲ့ သည်။ ယင်းအတွက် ကော်မရှင်အား ဦးသိန်းစိန်က များစွာ သဘောကျ သွားပုံရ သည်။ ၂၀၁၃ ခုနှစ် မေလ (၆) ရက်နေ့တွင် တိုင်းပြည်သို့ မိန့် ခွန်းပြော၍ပင် ချီးမွမ်းခဲ့သည်။
    (ကာ/လုံ) နှင့် ဦးသိန်းစိန်အစိုးရသည် ဥပဒေစိုးမိုးရေးပျက်အောင် ရည်ရွယ်ချက်ရှိရှိလုပ်သလား။
    ရခိုင်မှ တရုတ်ပြည်သို့ အမေရိကန် ဒေါ်လာ ဘီလျံပေါင်းများစွာ ချီကာ တန်ဘိုးရှိသည့် သဘာဝ ဓါတ်ငွေ့  ပိုက်လိုင်း သွယ်တန်း တည်ဆောက်နေပါသည်။ ယင်းအပေါ် ရခိုင်ပြည်နယ် အတွင်းရှိလူထုများက အားကောင်း ကောင်း နှင့် ကန့်ကွက်နိုင်ခြင်း မရှိစေရန်အာရုံလွှဲလိုက်ခြင်းဖြစ်နိုင်သည်ဟု လူထုအတော်များများက ယူဆလာကြသည်။ ထို့ပြင် တည်ဆောက်ပြီးသည့်အချိန်တွင် လက်ရှိနှင့်နောင်တက်လာဦးမည့် စစ်အစိုးရ အဆက်ဆက်က နှစ်ပေါင်းမြောက်များစွာ ဆက်လက် အမြတ်ထုတ်အကျိုးခံစားနေဦးမည့်အပေါ် မကန့်ကွက်နိုင်တော့စေရေးအတွက် ရခိုင်ပြည်နယ်အတွင်းရှိ လူထု များနှင့် ၄င်းတို့ ၏ နိုင်ငံရေးပါတီများအားနည်းချိနဲ့ သွားစေရန်၊ လုံခြုံရေးအရ ဦးသိန်းစိန်အစိုးရ၏ စစ်တပ်နှင့် အခြား လုံခြုံရေး အဖွဲ့များကိုသာ ထာဝရအားကိုးသွားစေရန် မဟာဗြူဟာချမှတ်လုပ်ဆောင်ခြင်းလည်း ဖြစ်နိုင်သည်။
    အထက်ပါသုံးသပ်ချက် မမှန်ဟူ၍ (ကာ/လုံ) နှင့် ဦးသိန်းစိန် အစိုးရက သက်သေပြလိုပါက ပိုက်လိုင်းနှင့် ဆက်စပ် သော သတင်း အချက်အလက်မှန်သမျှကို ရှင်းလင်းစွာ တပြည်လုံးသို့ထုတ်ပြန်ကြေငြာရန်လိုသည်။  ပို၍အရေးကြီး သည်မှာ အကြမ်းဘက် ပဋိပက္ခများကြောင့် ရခိုင်ပြည်နယ် လူထု၏ စီးပွားရေးမှာ ချွတ်ခြုံကျ ပျက်စီးသွားခဲ့ပြီဖြစ် သဖြင့် ပြန်လည်ကုစားနိုင်ရန် ပိုက်လိုင်း မှရသော ၀င်ငွေအားလုံးကို ရခိုင်ပြည်နယ် အကျိုးစီးပွားအတွက်သာ သုံးစွဲသွားနိုင်စေ ရန် ဥပဒေတရပ် ပြဌာန်းကာ လွှဲအပ် ဖေါ်ဆောင်သွားရန်လိုအပ်သည်။
    မည်သို့ ပင်နောက်ဆက်တွဲကုစားမှုများပြုစေဦး၊ ရခိုင်ပြည်နယ်အတွင်း ဥပဒေစိုးမိုးရေးပျက်စီးစေခဲ့သည့်အတွက်ယင်းမှ စတင်ကာ တပြည်လုံးသို့ပျံ့ နှံ့ စေခဲ့ရာ၌တာဝန်ရှိမှုမှနေ၍  (ကာ/လုံ)  နှင့် ဦးသိန်းစိန်အစိုးရသည် ရှောင်လွှဲ၍ မရနိုင်။
    အဖွဲ့အစည်း သဘော အရ တာဝန်ရှိမှု[7] နှင့် အမိန့်ပေးခြင်းအရ တာဝန်ရှိမှု[8]
    ၁၉၈၂ ခုနှစ်တွင် ဂွါတီမာလာနိုင်ငံ၌ အာဏာသိမ်းပြီး တိုင်းပြည်ကို အုပ်ချုပ်ခဲ့သော ဗိုလ်ချုပ်ကြီး အက်ဖရိန် ရိုင်ယို မွန့် [9] သည် အစ်ဇီးလ်မာယာ အမည်ရှိ တိုင်းရင်းသား လူမျိုးစုဝင်ဦးရေ ၁၇၇၁ ဦးအပေါ် လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်ခဲ့သည် ဟု စွဲချက်တင်ကာ တရားရုံး၌ သက်သေပေါင်း တရာကျော်ကို စစ်ဆေးခဲ့ပြီးနောက် ၂၀၁၃ ခုနှစ် မေလ ၁၀ ရက်နေ့  တွင် ၄င်းအပေါ် ထောင် နှစ်ရှစ်ဆယ်ချခဲ့သည်။ လူမျိုးတုံး သတ်ဖြတ်မှုအတွက် နှစ်ငါးဆယ်၊ လူသားဖြစ်မှုကို ဆန့်ကျင် သည့် ပြစ်မှုအတွက် နှစ်သုံးဆယ် နှစ်ခုပေါင်း ထောင်နှစ် ရှစ်ဆယ်ဖြစ်သည်။ “သမ္မတ တာဝန်ယူထားစဉ် အတွင်း သတ် ဖြတ်မှုကြီးများ ကျူးလွန်နေတာကိုသိရက်နဲ့ ရပ်ဆိုင်းသွားအောင် ကာကွယ်တားဆီးခြင်း မလုပ်ခဲ့တာကြောင့် ပြစ်မှု ကျူး လွန်ရာရောက်တယ်” ဟု တရားသူကြီး ဂျက်စ်မင် ဘာရီရော့[10] က စီရင်ချက်တွင်ထည့်သွင်းဖတ်ကြားသွားခဲ့သည်။
    အာဂျင်တီးနား၊ ချီလီ၊ ဂွါတီမာလာ အစရှိသော နိုင်ငံများတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးဟူသည်ကို အကြောင်း ပြ၍ ပြစ်မှု ကျူးလွန်မှုကြီးများအားမေ့ မထားဘဲ ပြန်လည်ဖေါ်ထုတ်ပြီး အရေးယူနေကြခြင်းမှာ စစ်မှန်သည့် ဥပဒေစိုးမိုး ရေး အခြေခံများ တည်ဆောက်ပြီး တိုင်းပြည် တည်ငြိမ်၊ ငြိမ်းချမ်းကာ၊ လူထုတရားမျှတမှု ရစေရန်ဖြစ်သည်။
    ၂၀၁၃ ခုနှစ် မတ်လ ၂၇ ရက် တပ်မတော်နေ့တွင် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က ၄င်း၏ တပ်မတော်သည် မည်သည့်အခါကမျှ လူမျိုးတုံးသတ်ဖြတ်မှု နှင့် စစ်ရာဇ၀တ်မှုများ မကျူးလွန်ခဲ့ကြောင်းထည့်သွင်း ပြောကြားသွားခဲ့သည်။ လူမျိုးတုံးသတ်ဖြတ်မှု၊[11]  စစ်ရာဇ၀တ်မှု[12]  နှင့် လူသားဖြစ်မှုကို ဆန့်ကျင်သည့် ပြစ်မှု [13] များအား မြန်မာနိုင်ငံ အတွင်းတွင် ဥပဒေ အဖြစ်ပြဌာန်း ထားမှု မရှိသေးပါ။ နိုင်ငံတကာ ဥပဒေ၏ အစိပ်အပိုင်းများဖြစ်ကြပါသည်။ ယင်းတို့ကို ချိုးဖေါက် ကျူးလွန်ခြင်းမှာ ပြစ်မှုမြောက်သည်ဟူ၍ ကာချုပ်မင်းအောင်လှိုင် ကိုယ်တိုင်က ၀န်ခံလိုက် သည့် သဘောဖြစ်သည်။ ယင်းမိန့်ခွန်းကိုးကားကာ အာဏာပိုင်များက ပြဌာန်းထားသည့် ပြည်တွင်းဥပဒေများအတိုင်း သာ စိုးမိုးအုပ်ချုပ်ခြင်း Rule by Law မှနေ၍ နိုင်ငံတကာ စံထားချက်များနှင့် ကိုက်ညီသည့် ဥပဒေစိုးမိုးရေး Rule of Law သို့ ပြောင်းလဲဖေါ်ဆောင်နိုင်ရေးအတွက် စတင်လှုပ်ရှား လုပ်ဆောင်သင့်ပြီဖြစ်ပါသည်။
    အထက်ပါ နိုင်ငံတကာ ပြစ်မှုကြီးများအား တပ်မတော်က မကျူးလွန်ပါဟူ၍ ကာချုပ်မင်းအောင်လှိုင်၏ ငြင်းဆိုချက်ကို မူ လက်ခံနိုင် ဘွယ်မရှိပါ။ ၄င်းပြစ်မှုကြီးများမှာ မည်သည့်အရာများဖြစ်သည်ကို ဥပဒေသမားများပင်နားလည်အောင် မနည်းကြိုးပမ်းကြရသည်။ ယင်းတို့နှင့် စပ်လျှဉ်း၍ တပ်မတော်အတွင်း ကျယ်ကျယ်ပြန့်ပြန့် ပညာပေးရေးလုပ်ခဲ့ ကြောင်း လည်း တကြိမ်တခါမျှ မကြားသိခဲ့ရပါ။ သို့ဖြစ်၍ တပ်ဗိုလ်၊ တပ်သားတကယ့်အများစုကြီးမှာ မည်သည်တို့ကို ကျူးလွန်လျှင် မည်သည့်ပြစ်မှုမြောက်သည်ဟူ၍ နားလည်နိုင် ကြခြင်းမရှိသေးသည်မှာ ရာနုန်းပြည့်နီးပါး သေချာသည်။ လတ်တလောဖြစ်ရပ်များကို သုံးသပ်လျှင်ပင် ရခိုင်ပြည်နယ်အတွင်း လူမျိုးတုံးသတ်ဖြတ်မှု၊ ကချင်ပြည်နယ်အတွင်း စစ်ရာဇ၀တ်မှု နှင့် လက်ပံတောင်းတောင်ဒေသတွင် ဆန္ဒပြသံဃာများအပေါ် လူသားဖြစ်မှုကို ဆန့်ကျင့်သည့်ပြစ်မှု များ ကျူးလွန်ခဲ့ပြီးပြီဟု နိုင်ငံတကာ ဥပဒေ အခြေခံမှ သုံးသပ်နိုင်သည်။ အသေးစိပ်ကို ဤစာတမ်း၏ ဒုတိယပိုင်းတွင် ဆက်လက်ဆွေးနွေးပါမည်။
    အထက်ပါ ပြစ်မှုကြီးများနှင့် စပ်လျှဉ်း၍ တာဝန်ရှိမှုကို ရှာဖွေရာတွင် အဖွဲ့အစည်းသဘောအရ တာဝန်ရှိမှု နှင့် အမိန့် ပေးခြင်းအရ တာဝန်ရှိမှု နှစ်ခုတို့၏ ဆက်စပ်မှုနှင့်ကွာခြားမှု တို့ကို လေ့လာဘို့လိုပါမည်။ သမတ ဦးသိန်းစိန်သည် လည်းကောင်း၊ ကာချုပ်မင်းအောင်လှိုင်သည်လည်းကောင်း တိုင်းပြည်တွင် အမြင့်ဆုံးအာဏာပိုင်အဖွဲ့အစည်းဖြစ်သည့် (ကာ/လုံ) ၏ အဖွဲ့ဝင်များဖြစ်ကြသဖြင့် ယနေ့တိုင်းပြည်တွင် ဖြစ်ပွားနေသော အကြမ်းဘက် ပဋိပက္ခကြီးများနှင့် စပ် လျှဉ်း၍ ၄င်းတို့တွင် ယေဘုယျအားဖြင့် တာဝန်ရှိကြသည်။
    ရခိုင်ပဋိပက္ခတွင် လုံခြုံရေး တပ်ဖွဲ့များအား(ကက/ကြည်း) က တိုက်ရိုက်အမိန့်ပေးခဲ့ကြောင်း  ကော်မရှင်၏အစီရင်ခံစာအရ ပေါ်လွင်သဖြင့် ကာချုပ်မင်းအောင်လှိုင်တွင် တာဝန် ရှိသည်။ (ကာ/လုံ) အစည်းအဝေးခေါ်ပြီး ကာချုပ်မင်းအောင်လှိုင်ကို တာဝန်ပေးခဲ့ခြင်းဖြစ်ပါက (ကာ/လုံ) အဖွဲ့ဝင် အားလုံးတွင်တာဝန်ရှိသည်။ သို့မဟုတ်ဘဲ သမတ ဦးသိန်းစိန်က ကာချုပ်မင်းအောင်လှိုင်အား ရခိုင်ပဋိပက္ခများ ကိစ္စ ဆောင်ရွက်၇န်တာဝန်ပေးခဲ့ပါက ဦးသိန်းစိန်သည် အကြီးအကဲ[14] အနေဖြင့်လည်းကောင်း၊ ကာချုပ်မင်းအောင်လှိုင် သည် လက်အောက်ငယ်သား[15] အနေဖြင့်လည်းကောင်း တာဝန်ရှိသည်။
    ကချင်ပြည်နယ်အတွင်း ကေအိုင်အိုကို ထိုးစစ်ကြီးများဆင်နွှဲခဲ့စဉ် စစ်ရေး သဘောအရ ကာချုပ်မင်းအောင်လှို်င် မှာ အဓိကတာဝန် ရှိသည်။ စစ်ရာဇ၀တ်မှုများ ကျူးလွန်ခဲ့ခြင်းနှင့် စပ်လျှဉ်း၍မူ အကြီးအကဲ ကာချုပ်မင်းအောင်လှိုင်တွင် တာဝန်ရှိသလား၊
    စစ်မြေပြင်တခုလုံးကို အနီးကပ်ကွပ်ကဲရသည့် လက်အောက်ငယ်သား မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှုးတွင် တာဝန်ရှိသလား ဟူသည်ကို သုံးသပ်ရပါမည်။ ဤတွင် နိုင်ငံတကာဓလေ့ ထုံးတမ်းဥပဒေ[16] အရသာ မက (ရ၀မ်ဒါ နိုင်ငံတကာ ပြစ်မှုဆိုင်ရာခုံရုံး[17] က ချမှတ်ခဲ့ပြီး ဆီအာရာလီယွန်းအထူး တရား ရုံး[18] ကပါ လိုက်နာကျင့်သုံး ခဲ့ သည့် လက်တွေ့အရ) သမားရိုးကျနိုင်ငံတကာဥပဒေ[19] အဖြစ်ပင်လိုက်နာကျင့် သုံးလာကြပြီဖြစ်သော သတ်မှတ် ပြဌာန်းချက်အရ အကြီးအကဲ နှင့် လက်အောက်ငယ်သား ဆက်ဆန်ရေး[20] အရတာဝန်ရှိမှု ကို လေ့လာရန်လိုပါသည်။ ဂွါတီမာလာနိုင်ငံက ဗိုလ်ချုပ်ကြီး အက်ဖရိန် ရိုင်ယိုမွန်၏ မှုခင်းနှင့် နိုင်းယှဉ်လေ့လာလျှင်အကျိုးရှိပါမည်။
    အပိုင်း (၂) ကို ဆက်လက်ဖတ်ရှုပါရန်
    ဦးအောင်ထူး (ရှေ့နေ) ဥပဒေအထောက်အကူပြုကွန်ယက် တည်ထောင်သူ
    ၂၀၁၃ ခုနှစ် မေလ
    1 Genuine Principles of the Rule of Law
    2 The People’s Republic of China exercises power in accordance with the law and establishes a socialist country under the rule of law.
    3 Legal framework
    4 Supreme law of the land
    5 Discrimination
    6 Sovereignty
    7 Organizational responsibility
    8 Command responsibility 9 General Efraín Ríos Mont 10 Judge Jazmin Barrios
    11 Genocide
    12 War crimes
    13 Crime against humanity
    14 Superior
    15 Subordinate
    16 Customary international law
    17 International Criminal Tribunal for Rawanda
    18 Special Court for Sierra Leone
    19 Conventional international law
    20 Relationship of superior-subordinate