News @ M-Media

Category: သုတ၊ရသနှင့်အထွေထွေ

ဆောင်းပါများ၊ ကဗျာများ။ ဝထ္ထုများ၊ ဗဟုသုတ ဖြစ်ဖွယ်ရာများ စသဖြင့်

  • ကွယ်ပျောက်သွားမည့် အရေး နှင့်ရင်ဆိုင်နေရသော အာရှ အထင်ကရ နေရာများ

    ဂူဂျာရသ်ပြည်နယ် (အိန္ဒိယ)

    သမိုင်း ၀င် ပုဂ္ဂိုလ်ကြီး မဟတ္တမဂန္ဒီ၏ မွေးရပ်မြေ ဖြစ်သော အိန္ဒိယနိုင်ငံရှိ ဂူဂျာရသ်ပြည်နယ်မှာ ၀ါနှင့်ဆားအထွက် ဆုံးပြည်နယ်ကြီးဖြစ် သည်။ ယင်းပြည် နယ်ကြီး

    သည် ယခုအခါတွင် ကမ္ဘာကြီး ပူနွေးလာမှု၏ နောက်ဆက်တွဲ ဆိုးကျိုးများကို အပြင်းအထန် ရင်ဆိုင်နေရပါသည်။၂၀၀၅-၂၀၀၆တ၏ အတွင်း မိုးသည်းထန်မှု

    လေမုန်တိုင်း တိုက်ခတ်မှု များကြောင့် ရေလွမ်းမိုများနှင့် အကြီးအကျယ်ကြုံတွေ့ခဲ့ရပြီး ပြည်သူ ထောင်ပေါင်းများစွာ သေဆုံးခဲ့ကြရသည်။ အိန္ဒိယနိုင်ငံ၏ အနောက်

    ဘက်ဆုံးတွင်ရှိသော ယင်းပြည်နယ်မှာ ရာသီဥတုပြောင်းလဲမှု များကြောင့် ပြည်နယ်၏ အဓိက အသက်သွေးကြောဖြစ်သည့် ၀ါနှင့်ဆား လုပ်ငန်းများ သည်မကြာခင်

    ပျောက်ကွယ် သွားနိုင်ကြောင်း ကျွမ်းကျင်သူများက ခန့်မှန်းနေကြသည်။

    မော်လ်ဒိုက်

    ကမ္ဘာလှည်ခရီးသွားများ အား အာရုံဖမ်းစား နေသော၊ စိမ်းပြာပြာ ရေပြင်၊ ဖြူလွလွ သဲသောင် များရှိသော ၊ ကျွန်းပေါင်း ၁၂၀၀ကျော်ပိုင် ဆိုင်ထားသည့်

    မော်လဒိုက်နိုင်ငံအား ပင်လယ် ရေမျက်နှာပြင် မြင့်တက်လာနေမှုက ခြိမ်းခြောက် နေသည်။ ၀င်ရိုစွန်း ဒေသများရှိ ရေခဲပြင်များ အရည်ပျော် နေခြင်းကြောင့်

    ပင်လယ်ရေပြင် မျက်နှာပြင်ထက် တစ်မီတာ အမြင့်တွင် တည်ရှိနေသော ယင်းနိုင်ငံလေးမှာ  လာမည့် ဆယ်စုနှစ်များ အတွင်း ရေနှစ်မြုပ် ကွယ်ပျောက်

    သွားတော့မည် ဟု ဟောကိန်း ထုတ်ထားကြသည်။

    ဘန်ကောက်

    ကျောက်ဖယား မြစ်ဝကျွန်ပေါ် တွင်တည်ရှိသော ဘန်ကောက်မြို့ တော်မှာ ထိုင်းနိုင်ငံ  ၏ပညာရေး စီးပွားရေး၊ ယဉ်ကျေးမှု၊နှင့် နိုင်ငံရေး အချက်အခြာ

    အဖြစ်ရှိ နေပါသည်။ မုတ်သုံရာသီ ကာလများတွင် မြစ်ရေမြင့် တက်ခြင်းကြောင့် မြိုတော်၏ နေရာအတော်တော်များများသည် ရေလွှမ်းခံနေရသည်။ မြို့ တည်ရှိရာ

    မြေလွာသည် ပျော့ ပြောင်းခြင်း ၊မြေအောက်ရေ အလွန်အကျွံ သုံးစွဲခြင်း၊ မိုးမျှော်တိုက်များ အဆမတန် ဆောက်လုပ်ခြင်းတို့ ၏ အကျိုးဆက်အဖြစ် ဘန်ကောက်မြို

့တော်သည် မြေအောက်သို့ တဖြည်ဖြည်းနိမ့်ဝင်လျက်ရှိ နေသည်။ ကျွမ်းကျင်သူများ၏ အဆိုအရ ရာစုနှစ် ကုန်ပိုင်းတွင် ဘန်ကောက်မြို့ သည် ပင်လယ်အောက်

    ကျွံဝင်သွားလိမ့် မည်ဟု တွက်ဆထားကြသည်။

    Cherrapunji (အိန္ဒိယ)

    ပင်လယ်ရေ မျက်နှာ ပြင်အထက် ၁၂၉၀မီတာ တွင်တည်ရှိသော အိန္ဒိယနိုင်ငံ၏  Cherrapunjiဒေသမှာ ကမ္ဘာမိုးရေချိန်အများ ဆုံးရွားသွန်းရာဒေသ ဖြစ်ပါသည်။

    နှစ်စဉ် မတ်လမှ အော်ကတိုဘာလအထိ မိုးများရွားသွန်း သော်လည်း ကျန်လများတွင်ပူပြင်ခြောက်သွေ့ လျက်ရှိနေသည်။ ယင်းဒေသရှိ မြေဆီလွာများသည်

    မိုးရေများကို စုပ်ယူထိန်းသိမ်းနိုင်မှုမရှိခြင်း ရာသီဥတု ဆိုးဝါးပြင်ထန်ခြင်း၊ ပတ်ဝန်ကျင် ညစ်ညမ်းလာခြင်း သစ်တောပြုန်းတီးခြင်း၊ များကြောင့်ဒေသခံပြည်များ မှာ

    ရေရှားပါးပျက်လပ် မှုဒဏ်ကို ဆိုးဆိုး ၀ါးဝါးရင်ဆိုင်နေရသည်။ လာမည့် ဆယ်စုနှစ်များ၌ ၎င်းဒေသရှိ ပြည်သူများ အသက်ရှင် သန်ရပ်တည် နိုင် ရေးသည် မ

    လွယ်ကူနိုင် တော့ ကြောင်း သိပ္ပံ ပညာရှင်များက ခန့်မှန်းထားကြသည်။

    Komodo (အင်ဒိုနီးရှား)

    အင်ဒိုနီရှားရှိ Komodo ကျွန်းစုသည် ပြည့်ဝကြည် လင်သော ရေပြင်၊ စုံလင်လှသော အပုပိုင်းရေနေသတ္တ၀ါများ ကြောင့် နာမည်ကျော်နေပြီး အပျော်တမ်း ရေငုပ်

    အပန်းဖြေသူများ အတွက်နတ် ဘုံနတ်နန်းတမျှ ဖြစ်နေသည်။ ကျွန်းပေါ်တွင် ကမ္ဘာအကြီးဆုံး ဖွတ်သတ္တ၀ါများနေထိုင် ကျက်စားလျက်၇ှိသည်။ ယခုအခါတွင်

    ကမ္ဘာကြီးပူနွေးလာမှု၊ ပင်လယ်ရေ အပူချိန်ပြောင်းလဲမှု များကြောင့် ရေအောက် ရှိ သန္တကျောက်တန်း များမှာ ကွယ်ပျောက် ပျက်ဆီသွား မည့်အရေးနှင့်

    ရင်ဆိုင်နေရသည်။

    ဟော့ကိုင်းဒိုး(ဂျပန်)

    ဂျပန်နိုင်ငံ ဟောကိုင်းဒိုကျွန်း ရှိ ခုရှိရော ရွှံ့နွံ ဒေသ မှာ ရှားပါး ခေါင်းနီကြိုးကြာ များအပါဝင် ငှက်မျိုးစိတ်များ ကြောင့်နာမည် ကျော်ဒေသ ဖြစ်ပါ သည်။  ယခုအခါတွင်

    လူတို့  ၏ အမဲလိုက်ခြင်း ထူးကဲဒီရေတက်ခြင်း တို့ကြောင်း ယင်းဒေသ၏ ဒီရေတောများ၊ ငှက်သတ္တ၀ါ ခိုအောင်း ရာနေရာများ သည် တစ်နှစ်ထက်တစ်နှစ်

    ပျက်ဆီးပျောက်ကွယ် လျက်ရှိနေသည်။ ထို့အတူ ရှားပါးစာရင်ဝင် ကြိုးကြာခေါင်းနီများ သည်လည်း မျိုးသုန်းပျောက်ကွယ် မည့် အန္တရယ်နှင့်ရင်ဆိုင်နေရသည်။

    အိန္ဒူမြစ် ( ပါကစ္စတန်)

    ဟိမ၀န္တာရှိ ရေခဲဖုံးရာ တောင်တန်းများတွင် မြစ်ဖျားခံစီး ဆင်းလာသော အရှည် ၃၀၀၀ရှိ အိန္ဒူမြစ် သည် သစ်တောအုပ်များ၊ ကျေးရွားများစွာကိုဖြတ်သန်းကာ

    အိန္ဒိယသမုဒ္ဒရာ အတွင်း စီးဝင် ပါသည်။ ပါကစ္စတန်ရှိ ဆည်များ စွားအတွက် အဓိက ရေအရင်းအမြစ် ဖြစ်နေသော ယင်းမြစ်ကြီးသည် ဟိမ၀န္တာ တောင်တန်း

    များရှိရေခဲများ အရည်ပျော်ကုန်ခန်းလာ နေခြင်း ဒေသအတွင်း ပုံမှန် မိုးရွာသွန်းမှုမရှိခြင်း တို့ကြောင့် ခန်းခြောက်သွား မည့်အန္တရယ်နှင့် ရင်ဆိုင်နေရကာ အိန္ဒူမြစ်အား

    မှီခိုနေများသူများ မှာလည်း ရေရှားပါးမှုနှင့် ကြုံ တွေ့ရဖွယ်ရှိနေသည်။   linyone

  • အသက် ၁၀၁နှစ် ပြည့်ချိန်မှ အမေရိကန် နိင်သံသားဖြစ်ခွင့်ရသည့် အမယ်အို

    အမေရိကားသို့ မျှော်လင်ချက်အမျိုးမျိုးဖြင့် ရွှေ့ပြောင်းဝင်ရောက်လာသူများထဲတွင် မက္ကဆီကို နိုင်ငံက အဘွား အို  Eulalia Garcia Maturey လည်းအပါဝင်ပါ၊  ရာစုနှစ် တစ်စုကြာမြင့်ပြီးနောက်မှတော့ အသက် ၁၀၁နှစ်ရှိ ယင်းအဘွားအိုမျှော်လင့်နေသော  အမေရိကန်နိုင်ငံသား တစ်ဦး ဖြစ်လာခဲ့ပါပြီ။ယင်းအမယ်အိုသည် လွန်ခဲသော ၁၉၀၉ ခု အောက်တိုဘာ ၁၂ရက်နေ့တွင် အမေရိကန်သို့ ၀င်ရောက်လာခဲ့ပြီးနောက် အသက် ၁၀၁နှစ်ပြည့် ချိန်တွင် အမေရိကန်နိုင်ငံသားအဖြစ် အသိမှတ်ပြုခံလိုက်ရသည်။ ‘ ကျန်းကျန်းမာမာ ရှိတဲ့ဒီအသက်အရွယ်မှာ အမေရိကန်နိုင်ငံသားဖြစ်ခွင့်ရလို့ တကယ်ကို ၀မ်းသာတယ်ရှင့် ‘ ဟု အမယ်အိုက သူ၏ခံစားချက် ကိုဆိုပါသည်။ အမေရိကန် နိုင်ငံသားဖြစ်လာသော အမယ်အို က လာမည့်နိုဝင်ဘာ၂ရက်နေ့တွင်ကျင်းပမည့် နှစ်လည် ရွေး ကောက် ပွဲမှာ အတော်ဆုံး လွတ်တော်အမတ်အတွက် မဲပေးမည်ဖြစ်ကြောင်း ၊ ပြောကြားခဲ့သည်။

      မက္ကဆီကို မြို့တော် မွန်တယ်ရေး တွင်မွေးဖွားခြဲ့ပီး မက္ကဆီနယ်စပ်မှာ အမေ၇ိကန်သို့ လွယ်လွယ်ကူကူ ၀င်ရောက် နိုင်ခဲ့စဉ် ကာလတွင်း  တက္ကဆက်ပြည်နယ်သို့ သူမအသက် ခြောက်လသားအရွယ်တွင် မိခင်ဖြစ်သူနှင့်အတူ ရောက် ရှိလာခဲ့သည်။ ‘ ဘ၀ကို အရှုံးမပေးတက်တဲ့ အမေအိုအသက်အရွယ်ကို အရင်က မမြင်ဖူးခဲ့ပါဘူး ၊ ဒီကမေးတဲ့ မေးခွန်းတွေကို လည်း ကောင်းကောင်းမွန်မွန်ဖြေဆိုနိုင်လို့ နိုင်ငံသားအဖြစ် လက်ခံလိုက်တာပါ’  ဟုအမေရိကန် လူဝင်မှုကြီးကြပ်ရေး ကဆိုပါသည်။ BBC

  • အနာဂတ်တွင် နေ နှင် လေ က အဓိက စွမ်းအင်များဖြစ်လာမည် ဟု ဆို

    အသစ်သစ်သောနည်းပညာတွေ့ရှိချက်များက လေနှင့် နေရောင်ခြည်စွမ်းအင် ကို အနာဂတ် ကမ္ဘာ့ စွမ်းအင်အရင်းအမြစ်ဖြစ်လာစေမည် ဟု နိုဘယ်ဆုရပါမောက္ခ ဝေါလ်တန်ကောန် က ပြောကြား လိုက်ပါသည်။ ရေနံနှင့် သဘာဝဓါတ်ငွေ့များမှာ  နောင်နှစ်ပေါင်း ၃၀ကျော်ထိသာ အမြင့်ဆုံး ထုတ်ယူသုံးစွဲနိုင်မှာ ဖြစ်ပြီ နောက်ပိုင်း ကာလများတွင် ကုန်းခန်းသွား မည်ဟု၎င်း ကဆိုပါသည်။ (more…)

  • ယိုယွင်းခဲ့သော အိုဇုန်းလွှာ ပြန်လည် ကောင်းမွန်တော့မည်ဟု ကုလဆို

    နေရောင်ခြည်တွင်ပါရှိလာသော  ခရမ်းလွန်ရောင်ခြည်ဒဏ်မှ မြေကမ္ဘာရှိ လူသားများအား ကာ ကွယ်ထားပေး သော အိုဇုန်းလွှာမှာ ရုပ်ကြွင်းလောင် စာသုံးစွဲမှု၊ ဖန်လုံအိမ်ဓါတ်  ငွေ့ထုတ် လွတ် မှုများကြောင် ယိုယွင်း  မှုများဖြစ်ပေါ် ခဲ့ခြင်းအပေါ် ကုလသမဂမှ အိုဇုန်းလွှာ ထိန်းသိမ်းရေး  လုပ် ငန်းများက လုပ်ဆောင် ခဲ့ ရာ အောင်မြင်မှုများ ရရှိနေပြီ ဟု  အိုဇုန်းလွာ ကာ ကွယ်ရေး ၂၀၁၀ အစီ ရင် ခံစာတွင်ရေးသား ထားပါသည်။ ၄င်း အစီရင်ခံစာ၌ ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှု အပေါ် အိုဇုန်းလွာ၏ အကျိုးသက် ရောက်မှု နှင့် ပတ်သက်သည့် တွေ့ရှိချက် အသစ်များကို ဖေါ်ပြ ထားသည်။နောင် လာမည့် ဆယ်စုနှစ်များ တွင် ကမ္ဘာမြေ မျက်နှာပြင်အထက် ကီလိုမီတာ  ၅၁ကီလိုမီတာရှိ အိုဇုန်းလွာကို  ပြည်လည် ပြည့်ဖြိုစေ ခြင်းဖြင့် ရာသီဥတု ပြောင်းလဲလာခြင်း  ကို
    ကုစားနိုင် မည်ဟုလည်း ၄င်း အစီရင်ခံစာတွင် ဖေါ်ပြထားသည်။ လူသားတို့၏ လူနေမှုစနစ် ကနေ ပေါ်ထွက်လာသည့် ကာဗွန်ဒိုင်အောက်ဆိုက် များကြောင့် အိုဇုန်းလွာမှာ ဆိုးဆိုးဝါးဝါး ပျက်ဆီးခဲ့ရသည် ။ … လာမဲ့၂၀၅၀ လောက်မှာအိုဇုန်းလွှာ က  နဂို အတိုင်း ပြည့်ဖြိုး နိုင်မှာပါ လက်ရှိ အတ္တလန်တိတ် ဒေသမှာရှိတဲ့ အိုဇုန်းလွာ အပေါက်ကလည်း  အရင် နှစ်နှစ်က ထက် ပိုသေးလာခဲ့ပါတယ် …ဟု သိပ္ပံ ပညာရှင်တစ်ဦးက ပြောဆိုသည်။  လက်ရှိနှုန်အတိုင်း
    ကာဗွန်ထုတ်လွတ်မှုကိုလျော့ချနို င်ပါက အိုဇုန်းလွာသည် ၁၉၈၀ ကာမတိုင်ခင် ကအတိုင်း ၂၁ရာစုအကုန်တွင် ဖြစ်ပေါ်လာ နိုင်ကြောင်း လေ့လာသူများက မျှော်လင့်နေကြသည်။ အိုဇုန်းလွှာ ပျက်စီး စေသော ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွတ်မှု ကို တစ်နှစ်လျှင် ၁၀ဂီဂါတန် လျှော့ချသုံးစွဲ ခြင်းဖြင့် အိုဇုန်း ပျက်စီးမှု ကိုကာကွယ် နိုင်ရန် ကမ္ဘာနိုင်ငံများ ချုပ်ဆိုထားခဲ့သော မွန်ထရီရယ် သဘောတူစာချုပ်က  ရည်မှန်းထားသည်။ လက်ရှိကာလတွင်  ရုပ်ကြွင်း လောင်စာ များ ကနေ ကာဗွန်ဒိုင်အောက်ဆိုက် ပမာဏာ ၃၀ ဂီဂါတန် ထုတ်လွတ် လျက် ရှိနေသည်။ နေရောင်ခြည် တွင်ပါရှိ သော ခရမ်းလွန်ရောင် ခြည်များ ကြောင့် လူအများ တွင် အရေပြား ကင်ဆာ၊မျက်လုံး အတွင်းတိမ် ရောဂါ များဖြစ်ပွားခဲ့ရကာ  စိုက်ပျိုးရေး လုပ်ငန်းများ ကိုပါ ထိခိုက်ပျက်စီး ခဲ့ပါသည်။ xinhua

  • သမိုင်း စာမျက်နှာ ပေါ်က ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခ ဖြစ်စဉ်

    ယနေ့ကမ္ဘာ့ မီဒီယာ များတွင်ထိပ်တန်းသတင်းများအဖြစ် စိုးမိုးထားသော  ပါ လက် စ တိုင်း၊ အစ္စရေးပဋိပက္ခ၏ သမိုင်းဆိုင်ရာအချက်အလက်များကို အကျဉ်းချုပ်  တင်ပြ ပေး လိုက် ပါသည်။

    ၁၉၄၈ မတိုင်မှီ ပါလက်စတိုင်း ဒေသ အခြေအနေ (ပုံနှင့်ပူးတွဲလေ့လာရန်)
    ဇီယွန်ဝါဒီများသည် ၁၈၉၇တွင် ဆွစ်ဇလန် နိုင်ငံတွင် အထူးအစည်း အဝေးတစ်ရပ် ပြုလုပ်ကာ ပါလက်စတိုင်းနယ်မြေကို သူတို့၏ပိုင်နက်မြေ အဖြစ် ပြောင်းလဲရန် ဆုံးဖြတ်ခဲ့ ကြသည်။ ပါလက်စတိုင်း နယ်မြေသည် နိုင်ငံမရှိသော လူ(ဂျူး)များအတွက် လူ မရှိသောနိုင်ငံဖြစ်သည်   ဟု သူတို့က ဆိုကြသည်။ ထို အချိန်၌ ပါလက်စတိုင်း နယ်မြေတွင်ပါလက်စတိုင်း သား ၆၀၀၀၀၀ ကျော်ခန့် နှင့် ဂျူးလူမျိုး ၅၄၀၀၀တို့ အေးချမ်းစွာနေထိုင်ကြ သည်။ နယ်မြေ၏ ၉၉့  ၆ ရာခိုင်နှုန်း(အစိမ်းရောင်)ကို ပါလက် စတိုင်းသားများ ပိုင်ဆိုင်ခဲ့ကြသည်။ ထိုစဉ်က ပါလက်စတိုင်းသည် အော်တိုမန်(တူရကီ) အင်ပါယာ အတွင်းရှိခဲ့ သော်လည်း နောက်ပိုင်းတွင် ဗြိတိသျှများမှ ပါလက်စတိုင်းနယ်မြေကို သိမ်းပိုက် ခဲ့သည့် အချိန်မှစပြီး ပါလက်စတိုင်း နယ်မြေအတွင်း သို့ ဥရောပမှ ဂျူးအများအပြားကို စတင်ဝင် ရောက် နေထိုင်ခွင့် ပေးခဲ့သည်။ ထိုကြောင့် ၁၉၄၇ တွင် ဂျူးလူမျိုး ၆သိန်း ၊ ပါလက်စတိုင်း ၁့  ၃ သန်း တို့သည် ပါလက်စတိုင်းနယ်မြေတွင် နေထိုင် ခဲ့ကြသည်။ ထိုကာလများတွင် နယ်မြေ၏ ၉၄ ရာခိုင်နှုန်းကို ပါလက်စတိုင်းများ ပိုင်ဆိုင်နိုင်ခဲ့ သေးသည်။ ရောက်ရှိလာသော ဂျူးများသည် အနောက်တိုင်းအားကိုးဖြင့် ဒေသခံများပေါ် ဖိနှိပ်မှုများ ပြုလပ်လာခဲ့သည်။ ထို့ကြောင့်  ပါလက်စတိုင်း နယ်မြေများတွင် ပါလက်စတိုင်း များနှင့် ဂျူးလူမျိုး၊ ဗြိတိသျှ တို့ အကြားတွင် တိုက်ခိုက်မှုများ ကြီးမား လာခဲ့သည်။ ၁၉၄၇တွင် ဗြိတိန်သည် ထိုဒေသမှ ၁၉၄၈ မေ(၁၅) တွင် ထွက်ခွာတော့မည်ဟု ကြေငြာသည်။


    ၁၉၄၈-၁၉၆၇ ပါလက်စတိုင်းဒေသအခြေအနေ (ပုံနှင့်ပူးတွဲလေ့လာရန်)

    ဗြိတိသျှတို့ ပါလက်စတိုင်းမှ  မထွက်ခွာခင် ၅လအလို တွင် ဇီယွန်ဝါဒီ တိုက်ခိုက်ရေး တပ်ဖွဲ့များဖြစ်သော ဟာဂနာ၊ အီရ်ဂန်တို့က ပါလက် စတိုင်း နယ်မြေ အနှံအပြားတွင် အကြမ်း ဖက်ခဲ့သည်။ ရလာဒ်အားဖြင့်  ပါလက် စတိုင်း ရွာပေါင်း ၅၀၀ ကျော် ဖျက်ဆီးခံရကာ ပါလက်စတိုင်းသား ထောင်သောင်းချီကာ နေ အိမ်များမှ နှင်ထုတ်ခြင်းခံ ရရှာ သည်။ မောင်းထုတ်ခံ ခဲ့ရသော ပါလက်စတိုင်း ဒုက္ခသည်များမှာ အိမ်နီး ချင်းနိုင်ငံများသို့ ထွက်ပြေးခဲ့ရပြီး ယခုကာလတွင် ပါလက်စတိုင်းဒုက္ခသည် ဦးရေ ၆ သန်းခန့် ရှိနေ ပေပြီ။ ဇီယွန်ဝါဒီတို့သည် ပါလက်စတိုင်းနယ်မြေ၏ (၇၈)ရာခိုင်နှုန်းကို သိမ်းပိုက်ကာ အစ္စရေးနိုင်ငံ(အဖြူရောင်)ကို ၁၉၄၈ မေလ(၁၄)တွင် ထူထောင်လိုက်ပြီး နောက် တွင် အာရဗ်နိုင်ငံတို့သည် ပါလက်စတိုင်းတို့ ဘက်မှ ရပ်တည် ထောက်ခံ လာခဲ့သည်။ ပါလက် စတိုင်းတို့ဘက်မှ နယ်မြေ(အစိမ်းေ၇ာင်)၏ ၂၂ရာခိုင်နှုန်းရှိသော ဂါဇာဒေသကို အီဂျစ်မှ၊ အရှေ့ဂျေရုစလင်နှင့် အနောက်ဘက်ကမ်းဒေသကို ဂျော်ဒန်တို့မှ ထိန်း ချုပ်လိုက်ရာမှ ကမ္ဘာတွင် နာမည်ကျော် (၆) ရက်ကြာစစ်ပွဲ သည်(၁၉၆၇)ခုနှစ်တွင် ဖြစ်ပွား ခဲ့သည်။ ၄င်း စစ်ပွဲတွင် အမေရိကန်၊ဗြိတိသျှတို့ ပုံပိုးကူညီ ပေးမှုများကြောင့် အစ္စရေးက ဂါဇာကမ်း မြှောင်၊အနောက်ဘက်ကမ်း၊ နှင့် အရှေ့ ဂျေရုဆလင် တို့ကို သိမ်းပိုက်ခဲ့ သည်။ အစ္စရေးတို့၏ ကျူးကျော် သိမ်းပိုက်ထားခဲ့မှု နှင့်ပတ်သက်ပြီး  ကုလသမဂ္ဂမှ ဆုံးဖြတ်ချက် အမှတ်-၂၄၂ကို ၁၉၆၇ခုနှစ် နိုဝင်ဘာလ(၂၂)ထုတ်ပြန်ကာ သိမ်းပိုက်ခံထားရ သော ပါလက်စတိုင်းနယ်မြေများမှ အမြန်ဆုံး ရုပ်သိမ်းဆုတ်ခွာပေးရန် တောင်းဆိုခဲ့သည်။ သို့သော် အစ္စရေးတို့မှ မလိုက်နာသည့်အပြင် ထိုသိမ်းပိုက်ခံ ဒေသများတွင် ဂျူးလူမျိုးများကို အခြေချအိမ်ရာအများအပြား ဆောက်လုပ် နေထိုင်စေခဲ့သည်မှာ ယနေ့တိုင်ဖြစ်သည်။

    ၁၉၆၇ မှ ယနေ့ ကာလအထိ အခြေအနေ(ပုံနှင့်ပူးတွဲလေ့လာရန်)
    ပါလက်စတိုင်း လွတ် မြောက်ရေးတပ်ဦး ((PLO) မှ ယာဆာအာရာဖသ် သည် အော့စလိုသဘောတူညီချက် ကို ၁၉၉၃ စက်တင်ဘာလ တွင် လက်မှတ်ရေးထိုးပြီး၊ ပါလက်စတိုင်းနယ်မြေ ၂၂% ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ သည်။ အရှေ့ ဂျေရုစလင် တစ်သိန်း၊ အနောက်ဘက်ကမ်းတွင် တစ်သိန်း ခန့်ရှိသော ဂျူးများက  အိမ်ရာ ဆောက်လုပ် နေထိုင်ခဲ့ကြ သည်။ ၁၉၉၃မှ ယနေ့ချိန် အထိ  ဂျူးအခြေချ နေထိုင်သူဦးရေ ပိုမိုမြင့်မားလာခဲ့ပြီး အနောက်ဘက်ကမ်းတွင်၂၂၀၀၀၀ခန့်၊ အရှေ့ ဂျေရုစလင်တွင် ၂၂၀၀၀၀ခန့် ရှိလာခဲ့ သည်။ ယခု လက်ရှိ ပါလက်စတိုင်းအစိုးရမှ ထိန်းချုပ်ခွင့်ရ နယ်မြေ များကို အစိမ်းရောင်ခြယ်ပြထားသည်။ အစ္စရေးမှ လည်း နေ့စဉ်လိုလို အနောက်ဘက်ကမ်း အရှေ့ ဂျေရုစလင်တို့တွင် ဂျူးအခြေချအိမ်ယာများ တိုးချဲ့ တည်ဆောက်နေသည်။ ပါလက်စတိုင်းအစိုးရတွင် လည်း နှစ်ပိုင်းကွဲလျက်ရှိရာ ဟားမတ်စ်အစိုးရက ဂါဇာဒေသကို ထိန်းချုပ်ထားကာ ဖာတာအစိုးရက အနောက်ဘက်ကမ်းကို ထိန်းချုပ်ကြပြီး အချင်းချင်း မူဝါဒဆိုင်ရာ ကွဲလွဲမှုများကြောင့် ပဋိပက္ခများ ဖြစ်ပေါ်နေသည်။ အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခသည် ပါလက်စတိုင်းတို့ အရှေ့ဂျေရုစလင်ကို မြို့တော် အဖြစ်သတ်မှတ်ပြီး နိုင်ငံထူထောင်ခွင့်ရရေး၊အိမ်နီးချင်းနိုင်ငံများသို့ ရောက်ရှိနေရသည့် ပါလက်စတိုင်းဒုက္ခသည်များ နေရပ်ပြန်ခွင့်ရရေး၊ ဖမ်းဆီးခံ ပါလက်စတိုင်းများ ပြန်လွှတ်ပေးရေး၊ ပါလက်စတိုင်းနေမြေများတွင် အိမ်ရာဆောက် လုပ်နေမှုများ ရပ်တံ့ရေးစသည့် အကြေအလည် ဖြေရှင်းရမည့်ကိစ္စရပ်များစွာရှိနေသည်။ အာရဗ်ကမ္ဘာ၊ အမေရိကန်ပြည်ထောင်စု၊ ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂတို့မှလည်း နှစ်နိုင်ငံယှဉ်တွဲနေထိုင်ရေမူကို ထောက်ခံထားပြီး အစ္စရေးမှ ယင်း စေ့စပ် ကမ်းလှမ်းချက်များအား လက်ခံလာနိုင် ရေးကို  များစွာ ကြိုးပမ်းရအုံးမည်။