News @ M-Media

အသက် ၁၀၁နှစ် ပြည့်ချိန်မှ အမေရိကန် နိင်သံသားဖြစ်ခွင့်ရသည့် အမယ်အို

အမေရိကားသို့ မျှော်လင်ချက်အမျိုးမျိုးဖြင့် ရွှေ့ပြောင်းဝင်ရောက်လာသူများထဲတွင် မက္ကဆီကို နိုင်ငံက အဘွား အို  Eulalia Garcia Maturey လည်းအပါဝင်ပါ၊  ရာစုနှစ် တစ်စုကြာမြင့်ပြီးနောက်မှတော့ အသက် ၁၀၁နှစ်ရှိ ယင်းအဘွားအိုမျှော်လင့်နေသော  အမေရိကန်နိုင်ငံသား တစ်ဦး ဖြစ်လာခဲ့ပါပြီ။ယင်းအမယ်အိုသည် လွန်ခဲသော ၁၉၀၉ ခု အောက်တိုဘာ ၁၂ရက်နေ့တွင် အမေရိကန်သို့ ၀င်ရောက်လာခဲ့ပြီးနောက် အသက် ၁၀၁နှစ်ပြည့် ချိန်တွင် အမေရိကန်နိုင်ငံသားအဖြစ် အသိမှတ်ပြုခံလိုက်ရသည်။ ‘ ကျန်းကျန်းမာမာ ရှိတဲ့ဒီအသက်အရွယ်မှာ အမေရိကန်နိုင်ငံသားဖြစ်ခွင့်ရလို့ တကယ်ကို ၀မ်းသာတယ်ရှင့် ‘ ဟု အမယ်အိုက သူ၏ခံစားချက် ကိုဆိုပါသည်။ အမေရိကန် နိုင်ငံသားဖြစ်လာသော အမယ်အို က လာမည့်နိုဝင်ဘာ၂ရက်နေ့တွင်ကျင်းပမည့် နှစ်လည် ရွေး ကောက် ပွဲမှာ အတော်ဆုံး လွတ်တော်အမတ်အတွက် မဲပေးမည်ဖြစ်ကြောင်း ၊ ပြောကြားခဲ့သည်။

  မက္ကဆီကို မြို့တော် မွန်တယ်ရေး တွင်မွေးဖွားခြဲ့ပီး မက္ကဆီနယ်စပ်မှာ အမေ၇ိကန်သို့ လွယ်လွယ်ကူကူ ၀င်ရောက် နိုင်ခဲ့စဉ် ကာလတွင်း  တက္ကဆက်ပြည်နယ်သို့ သူမအသက် ခြောက်လသားအရွယ်တွင် မိခင်ဖြစ်သူနှင့်အတူ ရောက် ရှိလာခဲ့သည်။ ‘ ဘ၀ကို အရှုံးမပေးတက်တဲ့ အမေအိုအသက်အရွယ်ကို အရင်က မမြင်ဖူးခဲ့ပါဘူး ၊ ဒီကမေးတဲ့ မေးခွန်းတွေကို လည်း ကောင်းကောင်းမွန်မွန်ဖြေဆိုနိုင်လို့ နိုင်ငံသားအဖြစ် လက်ခံလိုက်တာပါ’  ဟုအမေရိကန် လူဝင်မှုကြီးကြပ်ရေး ကဆိုပါသည်။ BBC

Comments

Leave a Reply