News @ M-Media

Category: သုတ၊ရသ

ကဗျာ၊ ဝထ္ထု၊ ကာတွန်း၊ ရုပ်ရှင်၊ ဓတ်ပုံ စသဖြင့်

  • ကမ္ဘာကို တိုးတက်ပြောင်းလဲစေခဲ့သည့် မွတ်စလင်တို့ ၏ ဆန်းသစ်တီထွင်မှုများ – ၃ (ဆေးပညာ)

    မေ ၂၈၊ ၂၀၁၄
    M-Media
    Credit to -အောင်သန်းလွင် (UCSY)

    အာရဗ်မွတ်စလင်တွေရဲ့ ရှေးဦးဆေးပညာရပ်ဆိုင်ရာ အတွေးအခေါ်တွေ လှပစွာဝေဆာပွင့်ဖူးခဲ့တဲ့ကာလဟာ ( ၉ ) ရာစုမတိုင်ခင်မှာပဲ အစပြုနေပြီဖြစ်တယ်။

    10378909_753022108065994_2072894079231685074_n

    ပထမဦးဆုံး ထင်ရှားစွာပေါ်ထွက်လာတဲ့ ဆေးပညာရပ်ဆိုင်ရာ စွမ်းဆောင်မှုကတော့ အိဗ်နေ့ ဇကရီယာ အယ်လ် ရာဇီ (Ibn Zakaria Al-Razi) ရဲ့လက်ရာပဲဖြစ်ပါတယ်။ ဆေးပညာရပ်အပေါ် အထူးဂရုပြုခဲ့တဲ့ သူ့ကိုပဲ အနောက်တိုင်းက ရာဇတ်စ် (Rhazes) လို့သိကြပါတယ်။ သူ့ကို အစ္စလာမ့် ဆေးပညာရဲ့ အတော်ဆုံး လက်တွေ့ကုသခြင်းဆိုင်ရာသမားတော်အဖြစ်သာမက အကြီးကျယ်ဆုံး အတွေးအခေါ်ပညာရှင်အဖြစ်ပါ အသိအမှတ်ပြုကြပါတယ်။

    စာအုပ်အရေအတွက်ပေါင်း ( ၂၃၇ ) အုပ်ခန့်ထုတ်ဝေခဲ့တဲ့ စာရေးကောင်းသူဖြစ်ပြီး အဲ့ဒီထဲက တစ်ဝက်ကျော်ဟာ ဆေးပညာနဲ့ စပ်ဆိုင်ပါတယ်။ ” ကလေးရောဂါများ ” (The diseases of children) လို့အမည်ရတဲ့ သူရေးသားတဲ့ စာအုပ်ဟာ အချို့သမိုင်း ပညာရှင်များအဖို့ ကလေးဆေးပညာရဲ့ ဖခင်လို့တောင် သတ်မှတ်ခေါ်ဝေါ်ရစေပါတယ်။10336775_753021904732681_1842764874062449350_n

    အယ်လ်ရာဇီ ဟာ ဓာတ်မတည့်ခြင်းနဲ့ဆိုင်တဲ့ အဖျားရောဂါ (Hay Fever) ကို ပထမဦးဆုံး တိတိကျကျ  သတ်မှတ်နိုင်တဲ့ သူဖြစ်ပြီး အဲ့ဒီ အဖျားရောဂါဖြစ်ရခြင်း အကြောင်းအရင်းကိုလည်း ဖော်ထုတ်နိုင် ခဲ့သူဖြစ်ပါတယ်။ ကျောက်ကပ် ကျောက်တည်ခြင်းနဲ့ ပတ်သက်တဲ့ သူ့ရဲ့ရေးသားမှုတွေဟာလည်း ဂန္ထဝင် လက်ရာ အဖြစ်ရှိခဲ့ပါတယ်။

    ဒါ့အပြင် ယားနာတွေကို ကုသဖို့အတွက် ဆေးဖယောင်းချက်( Mercurial Ointment) တွေကို အဦးဆုံး မိတ်ဆက်ပေးတဲ့နေရာမှာ အခရာကျသူလည်းဖြစ်ပြန်ပါတယ်။ သူပြုစုတဲ့ အရေးပါတဲ့ ပထမဦးဆုံး  သုတေသနကျမ်းကတော့ အပိုင်း ( ၁ဝ ) ပိုင်း ပါဝင်တဲ့ အယ်လ် ကေတာဗ် အယ်လ် မန်ဆူရီ (Al-Kitab, Al-Mansuri) ဆိုတဲ့ကျမ်းပဲဖြစ်ပါတယ်။

    10402390_753022151399323_1603098833548609749_n

    အဲ့ဒီကျမ်းထဲမှာ ယေဘူယျ ဆေးပညာ သဘောတရားနဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေ၊ အစားအသောက် နဲ့ ဆေးဝါးတို့ လူ့ခန္ဓာကိုယ်ကို အကျိုးသက်ရောက်ပုံ၊ မိခင်နဲ့ ကလေးစောင့်ရှောက်ခြင်း၊ အရေပြားရောဂါများ၊ ခံတွင်း သန့်ရှင်းရေး၊ ရာသီဥတုနဲ့ သဘာဝ ပတ်ဝန်းကျင်၏ လူ့ကျန်းမာရေးအပေါ် အကျိုးသက်ရောက်မှုများ၊ အရေပြား အပေါ်ယံလွှာနဲ့ အဆိပ်အတောက်ဖြစ်ခြင်း စတဲ့ ဆေးပညာရပ်ဆိုင်ရာ ကျယ်ပြန်တဲ့ သဘောတရားတွေကိုပြုစုထားပါတယ်။ အယ်လ်ရာဇီ ဟာ ပထမဆုံး  ကျောက်နဲ့ ဝက်သက်ရောဂါတွေ အတွက် အယ်လ် ဂျူဒါရီ ဝါ အယ်လ် ဟက်စ်ဗာ (Al-Judari wa al Hasbah) ဆိုတဲ့ သုတေသနကျမ်းကို ပြုစုခဲ့သူလည်းဖြစ်ပါတယ်။

    10300319_753021668066038_1956179271229928054_nအနောက်တိုင်းတွင် အဗီစီးနား (Avicena) လို့ကျော်ကြားတဲ့ ( ၁ဝ ) ရာစု က မွတ်စလင် သမားတော် အိဗ်နေ့ စီနာ ကိုတော့ သူ့ရဲ့ ခေတ်ပြိုင်တွေက “သမားတော်အရာမှာ အိမ်ရှေ့စံ” လို့ဖော်ပြကြပါတယ်။ သူဟာ ဆေးပညာနဲ့ ဆိုင်တဲ့ စာအုပ်ပေါင်း ( ၂ဝ )  ကျော်ရေးသားခဲ့ပါတယ်။ အဲ့ဒီထဲက တစ်အုပ်ကတော့ အယ်လ် ကေတာဗ် အယ်လ် ရှီဖာ (Al-Kitab Al-Shifa) ( သို့ ) အနာရောဂါပျောက်ကင်းရာကျမ်း (The book of Healing) လို့ခေါ်တဲ့ ဆေးပညာနဲ့ အတွေးအခေါ်ဆိုင်ရာ စွယ်စုံကျမ်း ပဲဖြစ်ပါတယ်။ ဒါပေယ့် သူ့ရဲ့ အထွတ်အထိပ် လက်ရာကတော့ အယ်လ် ကင်နွန် ဖီ အယ်လ် တစ်ဗ် (Al-Qanun fi al-Tibb) လို့ခေါ်တဲ့ ဆေးပညာရပ်ဆိုင်ရာ ညွန့်ပေါင်းကျမ်း (The Canon of Medicine) ပဲဖြစ်ပါတယ်။ စကားလုံးရေပေါင်း ( ၁ ) သန်း လောက်ပါဝင်တဲ့ အဲ့ဒီကျမ်းဟာ ရှိပြီးသား ဆေးပညာရပ်တွေကို အစီစဉ်တကျ ပြန်လည်စုစည်းထားတာ ပဲဖြစ်ပါတယ်။ အိဗ်နေ့ စီနာ ဟာ ခန္ဓာဗေဒ၊ ဇီဝကမ္မဗေဒ၊ဆေးဝါးဗေဒ၊ ရောဂါရှာဖွေရေး၊ ကုသရေး စတဲ့ အချက်အလက် အသီးသီးကို ပြန့်ကျဲနေတဲ့အကြောင်းအရာတွေ အဖြစ်ကနေ နေရာတကျဖြစ်အောင် အားထုတ် စုစည်းခဲ့တာဖြစ်ပါတယ်။

    ညွန့်ပေါင်းကျမ်း( The Canon ) ထဲမှာ အစားအသောက် အဟာရရဲ့ အရေးကြီးပုံ၊ ရာသီဥတုနဲ့ ပတ်ဝန်းကျင်ဟာ ကျန်းမာရေးအပေါ် လွှမ်းမိုးပုံတို့ကို အလေးပေးဖော်ပြထားပါတယ်။ ဒီထဲမှာ ခွေးရူးပြန်ရောဂါ၊ မုတ်ရောဂါ၊ ရင်သားကင်ဆာ၊ အကျိတ်၊ ကိုယ်ဝန် အဆိပ်တက်ခြင်းနှင့် ကုသခြင်းတွေ အကြောင်း ဆွေးနွေးချက် စတာတွေလည်း ပါဝင်ပါတယ်။ အိဗ်နေ့ စီနာ ဟာ ကျောက်ကပ်ရောင်ရမ်းခြင်း၊ မျက်နှာအရေပြားများ လျော့ရဲခြင်း၊ အစာအိမ် အချဉ်ပေါက်ခြင်း၊ အသည်းရောင်ရမ်းခြင်း အမျိုးအစားများစွာနဲ့ ၎င်းဖြစ်ရခြင်းအကြောင်းရပ်များကို ဖော်ပြခဲ့ပါတယ်။ ညွန့်ပေါင်းကျမ်းမှာ ဆေးဖက်ဝင် အပင်ပေါင်း (၇၆ဝ) ခန့်နဲ့ အဲ့ဒီကနေ ဖော်ထုတ်လို့ရနိုင်တဲ့ ဆေးဝါးပေါင်း များစွာကိုဖော်ပြထားပါတယ်။ ဒီကျမ်းဟာ ချက်ချင်းဆိုသလိုပဲ အစ္စလာမ်ကမ္ဘာရဲ့ ဆေးပညာရပ်ဆိုင်ရာ စံပြုရာ အညွှန်းကျမ်းဖြစ်လာခဲ့ပါတယ်။ ဥရောပ ဆေးပညာကျောင်းများတွင်လည်း အိဗ်နေ့ စီနာ (အဗီစီးနား) ရဲ့ ညွှန့်ပေါင်းကျမ်းကို ( ၁၇ ) ရာစုတိုင် ပြဌာန်း ကျမ်းစာအဖြစ် အသုံးပြုခဲ့ကြပါတယ်။

    (1001 Inventions : Muslim Heritage in Our World)

    အင်္ဂလန်နိုင်ငံ သိပ္ပံ၊နည်းပညာ နှင့် ယဉ်ကျေးမှု ဖောင်ဒေးရှင်းမှ ပုံနှိပ်သည်။ (Foundation for Science, Technology and Civilisation (FSTC), UK)

    “ကျွန်ုပ်တို့ကမ္ဘာရှိ မွတ်စလင်များကပေးခဲ့သော အမွေအနှစ်များ” စာအုပ်မှ အကျဉ်းထုတ်နှုတ်ချက်
    ==========================
    ကမ္ဘာကို တိုးတက်ပြောင်းလဲစေခဲ့သည့် မွတ်စလင်တို့၏ ဆန်းသစ် တီထွင်မှုများ – ၁ (စာသင်ကျောင်းများ) ဖတ်ရန်
    http://www.m-mediagroup.com/news/27979

    ကမ္ဘာကို တိုးတက်ပြောင်းလဲစေခဲ့သည့် မွတ်စလင်တို့ ၏ ဆန်းသစ်တီထွင်မှုများ – ၂ (ဓာတုဗေဒပညာရပ်)
    http://www.m-mediagroup.com/news/28107

    (အစ္စလာမ့် တီထွင်ဆန်းသစ်မှုများကို ဖော်ပြရခြင်းအကြောင်း)

    ယနေ့ကာလမှာ ကမ္ဘာ့လူသားထုတိုးတက်ရေးအတွက် အစ္စလာမ်ကမ္ဘာကပြုလုပ်ခဲ့တဲ့ အရေးပါအရာ ရောက်လှတဲ့ ဖြည့်စွက်ချက်တွေကို အသိ နည်းနေကြပါသေးတယ်။ နှစ်ပေါင်း ( ၅ဝဝ ) ကျော်မျှ အစ္စလာမ်က သိပ္ပံပညာရပ်တွေမှာ ကမ္ဘာကို ဦးဆောင်ခဲ့ရုံမျှမက စည်းစနစ်ကျတဲ့ အသိပညာရှာဖွေမှုတွေမှာ တက်တက်ကြွကြွ ရှိနေခဲ့ကြတဲ့ တစ်ခုတည်းသော လူသားမျိုးနွယ် အစိတ်အပိုင်းဖြစ်ခဲ့ပါတယ်။

    ( ၈ ) ရာစုအလယ်က စလို့ သိပ္ပံနဲ့ ပညာရေးဟာ ဘဂ္ဂဒက်မြို့တော်ကိုအခြေပြုတဲ့ တန်ခိုးကြီး အစ္စလာမ့် အင်ပါယာအောက်မှာ မွတ်စလင်တွေရဲ့ လွှမ်းမိုးမှုအဖြစ်နဲ့ အကြီးအကျယ်ထွန်းကားနေခဲ့ပါတယ်။ ဒီတိုးတက်မှုအနေအထားဟာ နောင် နှစ်ပေါင်း (၅ဝဝ) ကြာပြီးတဲ့အခါ မွတ်စလင်တွေ နိုင်ငံရေးအရ ကျဆင်းလာတဲ့ အချိန်ကိုကျော်လွန်ပြီးတဲ့တိုင်အောင် ရှိနေခဲ့ပါတယ်။

    အစ္စလာမ့် တီထွင်ဆန်းသစ်မှုများ အဖြစ်နဲ့ ဖော်ပြသွားမယ့် ဆောင်းပါးတွေဟာ အစ္စလာမ့် ရွှေခေတ်လို့ခေါ်တဲ့ ကာလတွေမှာ မွတ်စလင်တွေဟာ အသိပညာရှာဖွေရာမှာနဲ့ အရေးပါအရာရောက်လှတဲ့ လူ့သမိုင်း တိုးတက်ရေးတွေမှာ ဘယ်လောက်တောင် ထူးချွန်ပြောင်မြောက်စွာဖြည့်စွက်ခဲ့ကြသလဲ ဆိုတာကို ဖော်ပြသွားဖို့ရည်ရွယ်ပါတယ်။

    အောင်သန်းလွင် (UCSY)

  • ကမ္ဘာကို တိုးတက်ပြောင်းလဲစေခဲ့သည့် မွတ်စလင်တို့ ၏ ဆန်းသစ်တီထွင်မှုများ – ၂ (ဓာတုဗေဒပညာရပ်)

    မေ ၂၅၊ ၂၀၁၄
    M-Media
    Credit to -အောင်သန်းလွင် (UCSY)
    Chemistry (ဓာတုဗေဒ) ဆိုတဲ့ ဝေါဟာရ စကားလုံးဟာ အာရဗီ စကားလုံး အယ်လ်ကင်မ်ယာ(Al-Kimya) ကနေဆင်းသက်လာတာဖြစ်ပါတယ်။ ကြိမ်ဖန်တလဲလဲ စမ်းသပ်စစ်ဆေးခြင်းဆိုတဲ့ နည်းပညာရပ်ကို ထည့်သွင်းပြီး ဒီဘာသာရပ်ကို အဆင့်မြင့် တိုးတက်မြင့်မားအောင် အာရဗ် မွတ်စလင်တွေက ပြုလုပ်ခဲ့တာပါ။

    10258779_751715524863319_5585533048290353104_n

    (၁၈) ရာစု မတိုင်ခင် အဲ့ဒီလိုနည်းပညာရပ်တွေဟာ ဥရောပမှာ ကျယ်ပြန့်ထွန်းကားခြင်း မရှိသေးပါ။ ပလပ်စတစ်၊ ရေယွန်(ပိုးထည်ပြုလုပ်ရာတွင်သုံးသည့် ဓာတုပစ္စည်း တစ်မျိုး(သို့) နာနတ်လျှော်)၊ လူလုပ်ရာဘာ၊ ရေနံ တို့အပြင် အင်ဆူလင် ၊ ပင်နယ်စလင် စတဲ့ ဆေးဝါးတွေဟာလည်း အစောပိုင်း မွတ်စလင်တွေဆီက အစပြုခဲ့တာဖြစ်ပါတယ်။

    ဂျဗာရ် အိဗ်နေ့ ဟိုင်ယာန် သို့ ဂျီဗာ (Geber)

    10311721_751715574863314_4319060130163438201_nဂျဗာရ်ကို ဓာတုဗေဒရဲ့ ဖခင်လို့ လူသိများကြပါတယ်။ သူဟာ အယ်လ်ခမီ (Alchemy) ဆိုတဲ့ ဘာသာရပ်ကို စနစ်ကျတဲ့ စမ်းသပ်စစ်ဆေးမှုတွေနဲ့ ပေါင်းစပ်ပြီး စစ်မှန်တဲ့ သိပ္ပံပညာရပ်ဖြစ်လာအောင် အမြောက်အမြားလုပ်ဆောင်ခဲ့တဲ့သူဖြစ်ပါတယ်။ ဓာတုဗေဒ ဓာတ်ခွဲခန်းသုံး ကိရိယာပစ္စည်းပေါင်းအမျိုး ( ၂ဝ ) ကျော်ကို တီထွင်ခဲ့သူလည်းဖြစ်ပါတယ်။

    အဲ့ဒီထဲမှာ ပေါင်းချောင်(Alembic)၊ ဖန်အိုးလက်ရှည် (Retort) တို့ ပါဝင်ပါတယ်။ ဒါ့အပြင် ဟိုက်ဒရိုကလိုရစ်၊ နိုက်ထရစ် အက်ဆစ် စတဲ့ ဓာတုဗေဒ ဒြပ်စပ်တွေကိုလည်း ရှာဖွေတွေ့ရှိခဲ့သူဖြစ်ပါတယ်။ နောက် သူဟာ ဓာတုဗေဒ လုပ်ငန်းစဉ်တွေဖြစ်တဲ့ သန့်စင်ခြင်း (Purification)၊ အခဲခံခြင်း (Crystallization) ၊ စစ်ထုတ်ခြင်း (Filtration) အပါအဝင် လုပ်ငန်းစဉ် အမျိုးအစားပေါင်း ( ၉ ) မျိုးကျော်ကို ပုံစံချပေးပြီး ပိုမိုပြည့်စုံအောင် လုပ်ခဲ့ပါတယ်။

    မိုဟမ္မဒ် အိဗ်နေ့ ဇကရီယာ အယ်လ် ရာဇီ

    10330400_751715631529975_1343182570818607308_nမိုဟမ္မဒ် ရာဇီဟာ ယနေ့ထိတိုင် အသုံးပြုနေဆဲဖြစ်တဲ့ ဓာတုဗေဒ ကိရိယာ တန်ဆာပလာပေါင်းများစွာကို တီထွင်ခဲ့သူဖြစ်ပါတယ်။ သူ့ကိုပိုမိုပြီး လူသိများရခြင်းကတော့ ပေါင်းခံခြင်း (Distallation) ၊ ခွဲထုတ်ခြင်း (Extraction) နဲ့ဆိုင်တဲ့ ဓာတု လုပ်ငန်းစဉ်တွေကို ပိုကောင်းမွန်ပြည့်စုံအောင်လုပ်ခဲ့တာကြောင့်ပါပဲ။

    သူ့ရဲ့လုပ်ဆောင်မှုအကျိုးဆက်အားဖြင့် ဆာလဖြူရစ် အက်ဆစ် (Sulphuric Acid) ကို ရှာဖွေတွေ့ရှိစေခဲ့ပါတယ်။ ရေနံဆီ (Kerosene) နဲ့ ရေနံ (Petroleum) တွေကို ပထမဆုံး ပေါင်းခံခြင်းပြုလုပ်ခဲ့တဲ့သူလည်းဖြစ်ပါတယ်။

    ဒီရှာဖွေတွေ့ရှိမှုတွေဟာ တခြား အစ္စလာမ့် ဓာတုဗေဒပညာရှင်တွေကို လမ်းခင်းပေးခဲ့သလိုလည်းဖြစ်ခဲ့ပါတယ်။ ဂျဗာရ်ရဲ့ များစွာသော ဓာတ်သတ္ထု အက်ဆစ် တွေရှာဖွေတွေ့ရှိမှုကလည်း ဤနည်းနှင့်ပဲ ဖြစ်ပါတယ်။

    အယ်လ် ကင်ဒီ

    10341560_751715698196635_7109295439755748837_nအီသနောကို လုံးဝသန့်စင်တဲ့ ဓာတ်ပေါင်းအဖြစ် ခွဲထုတ်ခြင်း လုပ်ငန်းစဉ်ကို ပထမဆုံး အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့တာဟာ အယ်လ် ကင်ဒီ ပဲ ဖြစ်ပါတယ်။ သူဟာ အမွှေးအကြိုင် (ရေမွှေး)၊ ရနံ့နဲ့ ပတ်သတ်တဲ့ ထုတ်ကုန်ပစ္စည်းပေါင်းများစွာကို တီထွင်ခဲ့သူလည်းဖြစ်ပါတယ်။

    သူ့ကို ယနေ့ အမွှေးအကြိုင် လုပ်ငန်းတွေရဲ့ ဖခင်အဖြစ် သတ်မှတ်ကြပါတယ်။ သူဟာ ရနံ့နဲ့ ဆိုင်တဲ့ ထုတ်ကုန်တွေ အတွက် ကျယ်ပြန့်တဲ့ သုတေသနလုပ်ငန်းတွေ၊ အမျိုးမျိုးသော အပင်တွေနဲ့ အခြားပစ္စည်းတွေ ပေါင်းစပ်တဲ့ စပ်းသပ်မှုတွေ မြောက်များစွာ လုပ်ဆောင်ခဲ့ပါတယ်။

     

    (1001 Inventions : Muslim Heritage in Our World)
    “ကျွန်ုပ်တို့ကမ္ဘာရှိ မွတ်စလင်များကပေးခဲ့သော အမွေအနှစ်များ” စာအုပ်မှ အကျဉ်းထုတ်နှုတ်ချက်

    ကမ္ဘာကို တိုးတက်ပြောင်းလဲစေခဲ့သည့် မွတ်စလင်တို့၏ ဆန်းသစ် တီထွင်မှုများ – ၁ (စာသင်ကျောင်းများ) ဖတ်ရန်
    http://www.m-mediagroup.com/news/27979

    (အစ္စလာမ့် တီထွင်ဆန်းသစ်မှုများကို ဖော်ပြရခြင်းအကြောင်း)

    ယနေ့ကာလမှာ ကမ္ဘာ့လူသားထုတိုးတက်ရေးအတွက် အစ္စလာမ်ကမ္ဘာကပြုလုပ်ခဲ့တဲ့ အရေးပါအရာ ရောက်လှတဲ့ ဖြည့်စွက်ချက်တွေကို အသိ နည်းနေကြပါသေးတယ်။ နှစ်ပေါင်း ( ၅ဝဝ ) ကျော်မျှ အစ္စလာမ်က သိပ္ပံပညာရပ်တွေမှာ ကမ္ဘာကို ဦးဆောင်ခဲ့ရုံမျှမက စည်းစနစ်ကျတဲ့ အသိပညာရှာဖွေမှုတွေမှာ တက်တက်ကြွကြွ ရှိနေခဲ့ကြတဲ့ တစ်ခုတည်းသော လူသားမျိုးနွယ် အစိတ်အပိုင်းဖြစ်ခဲ့ပါတယ်။

    ( ၈ ) ရာစုအလယ်က စလို့ သိပ္ပံနဲ့ ပညာရေးဟာ ဘဂ္ဂဒက်မြို့တော်ကိုအခြေပြုတဲ့ တန်ခိုးကြီး အစ္စလာမ့် အင်ပါယာအောက်မှာ မွတ်စလင်တွေရဲ့ လွှမ်းမိုးမှုအဖြစ်နဲ့ အကြီးအကျယ်ထွန်းကားနေခဲ့ပါတယ်။ ဒီတိုးတက်မှုအနေအထားဟာ နောင် နှစ်ပေါင်း (၅ဝဝ) ကြာပြီးတဲ့အခါ မွတ်စလင်တွေ နိုင်ငံရေးအရ ကျဆင်းလာတဲ့ အချိန်ကိုကျော်လွန်ပြီးတဲ့တိုင်အောင် ရှိနေခဲ့ပါတယ်။

    အစ္စလာမ့် တီထွင်ဆန်းသစ်မှုများ အဖြစ်နဲ့ ဖော်ပြသွားမယ့် ဆောင်းပါးတွေဟာ အစ္စလာမ့် ရွှေခေတ်လို့ခေါ်တဲ့ ကာလတွေမှာ မွတ်စလင်တွေဟာ အသိပညာရှာဖွေရာမှာနဲ့ အရေးပါအရာရောက်လှတဲ့ လူ့သမိုင်းတိုးတက်ရေးတွေမှာ ဘယ်လောက်တောင် ထူးချွန်ပြောင်မြောက်စွာဖြည့်စွက်ခဲ့ကြသလဲ ဆိုတာကို ဖော်ပြသွားဖို့ရည်ရွယ်ပါတယ်။

    အောင်သန်းလွင် (UCSY)

     

  • ကမ္ဘာကို တိုးတက်ပြောင်းလဲစေခဲ့သည့် မွတ်စလင်တို့၏ ဆန်းသစ် တီထွင်မှုများ – ၁ (စာသင်ကျောင်းများ)

    မေ ၂၂၊ ၂၀၁၄
    M-Media
    Credit to -အောင်သန်းလွင် (UCSY)
    10342885_750786004956271_3235806080792669825_n
    အတိတ်ခေတ် ကာလမှာ မွတ်စလင်တွေ ဗလီဝတ်ကျောင်းတော်တွေကို သွားခဲ့ကြရာမှာ ဝတ်ပြုမှု သက်သက်အတွက်ပဲ မဟုတ်ခဲ့ပါ။ ဗလီတွေဟာ သတင်း အချက်အလက်တွေ ဖလှယ်နိုင်တဲ့နေရာ၊ စာပေပညာ သင်ကြားရာ၊ ငြင်းခုန်မှုတွေ ချေဖျက်တဲ့နေရာ (တရားစီရင်ရာနေရာ) တွေ အဖြစ်သာမက စုပေါင်း ဝတ်ပြုရာနေရာတွေ အဖြစ် ရှိခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း (၁ဝဝဝ) ကျော်က ဗလီတွေဟာ များစွာသော မွတ်စလင်နိုင်ငံတွေမှာ စာသင်ကျောင်းတွေ အဖြစ်ရှိ ခဲ့တာဖြစ်ပါတယ်။ အစ္စလာမ်မှာ ဘာသာရေးနဲ့ အသိပညာ ရှာဖွေရေးတို့ဟာ လွန်မင်းစွာ ဆက်စပ်နေတာကြောင့် ပညာရေးနဲ့ ဝတ်ပြုမှုတို့အတွက် တူညီတဲ့ နေရာကို အသုံးပြုတာဟာ အဓိပ္ပာယ်ရှိပါတယ်။
    10253740_750785358289669_2010064635885079873_n
    တမန်တော်မိုဟမ္မဒ်(ဆွ)က ဗလီဝတ်ကျောင်းတစ်ခုဆောက်လုပ်ပြီးတိုင်းမှာ သင်ကြားရေးနဲ့ ဆက်စပ်တဲ့ အခြေခံပစ္စည်း အားလုံးကို ဖြည့်တင်းပေးပြီး ဗလီကို ပညာသင်ကြားရာ အခြေခံ အဆောက်အအုံဖြစ်စေပါတယ်။ ပညာ သင်ကြားရေးက နေရာတိုင်းကို ပြန့်နှံ့ခဲ့ပြီး (၉) ရာစုမှာ ဗလီတိုင်း အမျိုးသမီးကော၊ အမျိုးသားပါ သင်ကြားနိုင်တဲ့ စာသင်ကျောင်းတွေ ရှိနေခဲ့ပြီးဖြစ်ပါတယ်။
    1979767_750785958289609_7111537074721814334_n
    ကုရ်အာန်ကျမ်းစာကို ဗလီတွေမှာ သင်ကြားပေးပြီး မုက္ခပတ်တော် အပိုဒ်တွေကို တမန်တော်က ရှင်းပြခဲ့ပါတယ်။ သာဝကတွေဟာ ဗလီဝတ် ကျောင်းတော်တွေထဲမှာပဲ တမန်တော်ရဲ့ ပြောစကားတွေကို နှုတ်တိုက် မှတ်သားခဲ့ကြပါတယ်။ ၆ နှစ်အရွယ် ကလေးငယ်တွေဟာ ကုရ်အာန်ကို သင်ကြားနေကြပြီး သူတို့ အနည်းငယ်ကြီးလာတဲ့ အခါမှာ သင်္ချာ ဘာသာရပ်ကို သင်ရိုး အဖြစ် ထည့်သွင်းခဲ့ပါတယ်။ အစပိုင်းမှာ စည်းစနစ်အရ ကျကျနန မရှိသေးပေမယ့် နောက်ပိုင်းမှာ စနစ်တကျ ပုံစံအဖြစ် စုစည်းလာခဲ့ပါတယ်။

    ( ၈ ) ရာစုနဲ့ ( ၉ ) ရာစုတွေဟာ ဗလီဝတ်ကျောင်းတော်နဲ့ အနီးတဝိုက် စာပေ သင်ကြားမှုတွေ အတွက် လျှမ်းလျှမ်းတောက် ကျော်ကြားတဲ့ ကာလတွေဖြစ်ခဲ့ပါတယ်။ အဲ့ဒီကာလကစလို့ အစ္စလာမ့် ကျောင်းတော်တွေ သီးခြား မထူထောင်မီအထိ ဗလီတွေဟာ ကာလကြာရှည်စွာ ပညာရေးအခြေခံအဆောက်အအုံတွေဖြစ်ခဲ့ပါတယ်။ သို့သော်လည်း မွတ်စလင်တွေအတွက် ဗလီတွေဟာ အရေးပါတဲ့ ပညာရေး အဆောက်အအုံတွေဖြစ်နေဆဲပါ။

    ဒမတ်စကပ်စ် (Damascus )၊ ဘဂ္ဂဒက် (Baghdad) ၊ ကိုင်ရို (Cairo) နဲ့ နီရှာပူရ် (Nishapur- အီရန်ရှိ ခိုရာဆာန်ပြည်နယ်မှ မြို့) တို့က ခန်းနားထယ်ဝါတဲ့ ဗလီတွေဟာ ပညာသင်ကြားရာ အဆောက်အအုံတွေအဖြစ် ဆက်လက်တည်ရှိနေကြပါတယ်။

    (1001 Inventions : Muslim Heritage in Our World)
    “ကျွန်ုပ်တို့ကမ္ဘာရှိ မွတ်စလင်များကပေးခဲ့သော အမွေအနှစ်များ” စာအုပ်မှ အကျဉ်းထုတ်နှုတ်ချက်
    10366083_750785881622950_2874628359715777544_n
    (အစ္စလာမ့် တီထွင်ဆန်းသစ်မှုများကို ဖော်ပြရခြင်းအကြောင်း)

    ယနေ့ကာလမှာ ကမ္ဘာ့လူသားထုတိုးတက်ရေးအတွက် အစ္စလာမ်ကမ္ဘာကပြုလုပ်ခဲ့တဲ့ အရေးပါအရာ ရောက်လှတဲ့ ဖြည့်စွက်ချက်တွေကို အသိ နည်းနေကြပါသေးတယ်။ နှစ်ပေါင်း ( ၅ဝဝ ) ကျော်မျှ အစ္စလာမ်က သိပ္ပံပညာရပ်တွေမှာ ကမ္ဘာကို ဦးဆောင်ခဲ့ရုံမျှမက စည်းစနစ်ကျတဲ့ အသိပညာရှာဖွေမှုတွေမှာ တက်တက်ကြွကြွ ရှိနေခဲ့ကြတဲ့ တစ်ခုတည်းသော လူသားမျိုးနွယ် အစိတ်အပိုင်းဖြစ်ခဲ့ပါတယ်။

    ( ၈ ) ရာစုအလယ်က စလို့ သိပ္ပံနဲ့ ပညာရေးဟာ ဘဂ္ဂဒက်မြို့တော်ကိုအခြေပြုတဲ့ တန်ခိုးကြီး အစ္စလာမ့် အင်ပါယာအောက်မှာ မွတ်စလင်တွေရဲ့ လွှမ်းမိုးမှုအဖြစ်နဲ့ အကြီးအကျယ်ထွန်းကားနေခဲ့ပါတယ်။ ဒီတိုးတက်မှုအနေအထားဟာ နောင် နှစ်ပေါင်း (၅ဝဝ) ကြာပြီးတဲ့အခါ မွတ်စလင်တွေ နိုင်ငံရေးအရ ကျဆင်းလာတဲ့ အချိန်ကိုကျော်လွန်ပြီးတဲ့တိုင်အောင် ရှိနေခဲ့ပါတယ်။

    အစ္စလာမ့် တီထွင်ဆန်းသစ်မှုများ အဖြစ်နဲ့ ဖော်ပြသွားမယ့် ဆောင်းပါးတွေဟာ အစ္စလာမ့် ရွှေခေတ်လို့ခေါ်တဲ့ ကာလတွေမှာ မွတ်စလင်တွေဟာ အသိပညာရှာဖွေရာမှာနဲ့ အရေးပါအရာရောက်လှတဲ့ လူ့သမိုင်းတိုးတက်ရေးတွေမှာ ဘယ်လောက်တောင် ထူးချွန်ပြောင်မြောက်စွာဖြည့်စွက်ခဲ့ကြသလဲ ဆိုတာကို ဖော်ပြသွားဖို့ရည်ရွယ်ပါတယ်။

    အောင်သန်းလွင် (UCSY)

  • မဒီနဟ် မှ “၀တ်ကျောင်းအကျိုးဆောင်များ” သမိုင်း

    မေ ၁၇ ၊ ၂၀၁၄
    M-Media
    ki02_big
    မက္ကဟ် နဲ့ မဒီနဟ် ၀တ်ကျောင်းတော်နှစ်ခုအတွက် နစ်မြုပ်အကျိုးဆောင်သူများရဲ့ သမိုင်းကို ပြောမယ်ဆိုရင် ရာစုနှစ်များစွာဆီ ပြန်မျှော်ကြည့်ရပါလိမ့်မယ်။ မဒီနဟ်မြို့က တမန်တော့်ဝတ်ကျောင်းတော်မှာ ဆယ်ဦးမျှသာ ကျန်ရစ်နေသော်လည်း သူတို့အကြောင်းလေ့လာကြည့်တော့ ရာစုနှစ်များစွာကတည်းက မက္ကဟ်ဝတ်ကျောင်းတော်မှာရော မဒီနဟ်ဝတ်ကျောင်းတော်မှာပါ သူတို့တစ်တွေ ရှိနေခဲ့ကြတယ်လို့ တွေ့ရပါတယ်။

    သူတို့တစ်တွေရဲ့ အသွင်အပြင်၊ ၀တ်စားဆင်ယင်မှု၊ အိမ်ထောင်ရေး၊ လစာ၊ တာဝန်၊ လူမှုအဆင့်အတန်း စသဖြင့် လေ့လာမှုများစွာနဲ့ဆွေးနွေးတင်ပြကြသော်လည်း အသေးစိပ်တင်ပြထားတဲ့ သမိုင်းဝင်အထောက်အထားတွေကို ဘာသာပြန်တင်ပြမှု မရှိသေးဘူးလို့ မက္ကဟ်နေ့စဉ်သတင်းစာက ဖော်ပြခဲ့တယ်။

    လေ့လာမှုတစ်ရပ်မှာ အဲ့ဒီ ၀န်တော်ဆောင်တွေကို စုလ်သွာန် နူရွတ်ဒီးန် အလ်ရှဟီးဒ်က ဟိဂျာ့ဇ်နယ်ဆီ ၁၁၆၁ ခုနှစ်မှ စေလွှတ်ပို့ဆောင်ခဲ့တယ်လို့ ဆိုတယ်။ အခြားလေ့လာမှုများမှာတော့ အုမိုင်ယဒ်မင်းဆက်ကိုထူထောင်သူ မုအာဝီယဟ် ဘင်န် အဗူစုဖ်ယာန် က မြင့်မြတ်ကျောင်းတော်နှစ်ခုမှာ ၀န်တော်ဆောင်များကို ပထမဆုံး ခန့်အပ်တဲ့ ဘုရင်ဖြစ်တယ်လို့ ဖော်ပြထားတယ်။

    အဲ့ဒီ ၀န်တော်ဆောင်များရဲ့ ၀တ္တရားကတော့ မြင့်မြတ်ကျောင်းတော်နှစ်ခုကို မျက်ခြေမပြတ် ထိန်းသိမ်းစောင့်ရှောက်ရခြင်းဖြစ်တယ်။ တမန်တော်ရဲ့ ဂူဗိမာန်ကို စောင့်ကြပ်ခြင်းလည်း ပါဝင်ပါတယ်။ သူတို့တစ်တွေကို တမန်တော့်ဝတ်ကျောင်းမှာ စတင်ထားရှိတယ်လို့ လေ့လာ သုံးသပ်ချက်များက တင်ပြကြတယ်။ ဒီကောက်ချက်ကို အကြောင်းသုံးရပ်ပေါ်အခြေခံတင်ပြခြင်းဖြစ်ပါတယ်။

    ပထမအကြောင်းကတော့ ပထ၀ီဗေဒပညာရှင်နဲ့ခရီးသည်ဖြစ်သူ အိဗ်နု ဂျုဗိုင်းရ် မက္ကဟ်ကို ၁၁၈၃ ခုနှစ်မှာ ရောက်ရှိတုန်းက သူ့ခရီးသွားမှတ်တမ်းမှာ ၀န်တော်ဆောင်များအကြောင်း မဖော်ပြခဲ့ဘူး။ ဒါပေမယ့် မဒီနဟ်က တမန်တော့်ဝတ်ကျောင်းတော်သွားရောက်ချိန်မှာတော့ သူတို့အကြောင်းကို
    ရေးသားခဲ့တယ်။

    ဒုတိယအကြောင်းကတော့ ၁၃၂၄ ခုနှစ်မှာ မက္ကဟ်ကို ရောက်ရှိခဲ့တဲ့ အိဗ်နု ဘတူတာ ကလည်း ရေးသားဖော်ပြခြင်း မရှိခဲ့ဘူး။ သို့သော် မဒီနဟ်ရောက်တဲ့အခါမှာ သူတို့အကြောင်း ပါဝင်လာတာတွေ့ရတယ်။

    တတိယကတော့ အီဂျစ်လူမျိုး သင်္ချာပညာရှင် Ahmad Al-Qalqashandi (၁၃၅၅ ခုနှစ်မွေးဖွား) က မဒီနဟ်က ၀တ်ကျောင်း ၀န်တော်ဆောင်များရဲ့အကြီးအမှူး တစ်ဦးကို ခန့်အပ်တဲ့ ထုတ်ပြန်လွှာတစ်စောင်အကြောင်း ရေးသားခဲ့တယ်။ မက္ကဟ်မှာ အလားတူ ခန့်အပ်လွှာထုတ်ပြန်ချက်အကြောင်း ဆိုထားတာ မတွေ့ရပါဘူး။

    မဒီနဟ်က သွိုင်ဗဟ်တက္ကသိုလ် ဂုဏ်ထူးဆောင်အဖွဲ့ဝင် ဒေါက်တာ အဟ်မဒ် အလ်ရှာဘီက “လက်ရှိဝန်တော်ဆောင် အများစုက နာမကျန်းဖြစ်နေကြတယ်။ တမန်တော့်ဝတ်ကျောင်းလာရောက်ကြတဲ့ ဧည့်သည်တွေနဲ့ ကိုယ်စားလှယ်ခေါင်းဆောင်တွေကို ကြိုဆိုဖို့လောက်သာ တာဝန်ပေးထား ပါတယ်။ တမန်တော့်ဗလီဝတ်ကျောင်း အရှေ့ဖက်မှာ တည်ရှိခဲ့တဲ့ ဒေသခံကို အစွဲပြုလို့ သူတို့ကို Aghas လို့ ခေါ်ဆိုခဲ့တာဖြစ်တယ်။ အဲ့ဒီနေရာကတော့ ဗလီတိုးချဲ့စဉ်မှာ ပါဝင်သွားခဲ့တယ်။ သူတို့ဟာ မတူကွဲပြားတဲ့ အ၀တ်အစားတွေကို ဆင်ယင်လေ့ရှိတယ်။ (၀တ်ပြုရာမှာ) အမြဲတစေ လိုင်းတန်းတစ်ခုတည်းမှာ အလွန်ရိုကျိုးစွာ ရပ်လေ့ရှိကြတယ်။

    သူတို့တာဝန်ထဲမှာ သောကြာနေ့ဓမ္မသဘင်အတွက် အိမာမ်လျှောက်လမ်းရဲ့သော့ သယ်ဆောင်တာ၊ တမန်တော့် ဓမ္မပလ္လင်ကို သောကြာညဥ့် (ကြာသပတေးရဲ့ညဥ့်) မှာ သန့်ရှင်းရေးလုပ်တာ တို့ အပါအ၀င်ဖြစ်တယ်။ ဒါပေမယ့် ခုနောက်ပိုင်းမှာတော့ အဲ့ဒီတာဝန်မျိုးတွေကို စိတ်ချယုံကြည်ရတဲ့ သန့်ရှင်းရေး ၀န်ဆောင်မှု ကုမ္ပဏီတစ်ခုကို လွှဲပေးထားပါတယ်။ Aghas အများစုဟာ အီသီယိုးပီးယား နဲ့ ဆူဒန်နိုင်ငံက လာရောက်ခဲ့ကြတာဖြစ်ပါတယ်” လို့ ပြောပြတယ်။

    သူက ဒီလို ထပ်လောင်းပြောပြပါတယ်။ “ ၀န်တော်ဆောင် Aghas များဟာ ဗလီဝတ်ကျောင်းတော်ထဲက မီးလုံး/မီးချောင်းနဲ့ ဖယောင်းတိုင်တွေကို အစဉ်တစိုက် လဲလှယ်ပေးတတ်တယ်။ အိရှာဟ် ညဥ့်ဝတ်ပြုမှုပြီးတဲ့နောက် ဗလီအနှံ့သွားပြီး ၀တ်ပြုသူတွေကို အိမ်ပြန်ကြဖို့ ချိုသာယဉ်ကျေးစွာနဲ့
    တိုက်တွန်းပြောကြားလေ့ ရှိပါတယ်။ သူတို့ထဲက တစ်ဦးကတော့ ၀တ်ကျောင်းအတွင်းထဲမှာ အိပ်လေ့ရှိတယ်။ ချဉ်းနင်းကျူးကျော်သူမှန်သမျှကို ကာကွယ်ဖို့ပါ။ ဖဂျရ် အရုဏ်ဦးဝတ်ပြုချိန်မတိုင်မှီ မုအပ်ဇင်န် – ၀တ်ပြုရေးသံတော်ဆင့် လာနိုင်ဖို့ ဗလီကို ဖွင့်ပေးတယ်။ သံတော်ဆင့်က ၀တ်ပြုမှုအတွက် ဖိတ်ခေါ်ဟစ်ကြွေးတာနဲ့ တပြိုင်နက် သူက ဗလီတစ်ခွင့်လှည့်ပြီး တံခါးအားလုံးကို ဖွင့်ပေးပါတယ် ”။

    Ref: Saudi Gazette

  • ဦးပိန်တံတား သမိုင်းစကား မမှားစေဖို့

    ဖေဖော်ဝါရီ  ၁၁၊ ၂၀၁၁
    M-Media
    ဆောင်းပါးရှင်- မောင်သဲနီ

    ဦးပိန်တံတားခေါ် တောင်သမန် တံတားကိုပုဂံမင်း လက်ထက်သက္ကရာဇ် ၁၂၀၉ ခုနှစ်မှာ အမရပူရမြို့ ၀န် ဦးဘိုင်ဆပ်နဲ့ မြို့စာရေး မောင်ပိန် တို့ဦးဆောင် ဆောက်လုပ်ခဲ့ပါတယ် ။ အဲဒီတံတား ဟာဒီကနေ့ မြန်မာ ပြည်ရဲ့ ဂုဏ်ဆောင်တံတား ဖြစ်နေပါပြီး။ အရှေ့အာရှမှာ သက်တန်းအရှည်းဆုံး သစ်သားတံတားအဖြစ် ကျွန်တော်တို့ ဂုဏ်ယူ ၀င့်ကြွားနေ ရပြီး ကမ္ဘာလှည့် ခရီးသည်တွေရဲ့မျက်စိ ပသေဒ ဆွဲဆောင် ခြင်းခံနေရတဲ့ နေရာလည်းဖြစ် ၊ နိုင်ငံခြားငွေရှာပေးနေတဲ့ နေရာလည်းဖြစ်ပါတယ် ။ ဒါသမိုင်း ၊ အမွေ၊ မြန်မာယဉ် ကျေးမှုအ မွေ တစ်ခုပါ။ ကျွန်တော်တို့ ထိန်းသိမ်းရမှာပါ။

    ဒီအကြောင်းကို စာရေးဆရာတစ်ချို့ မကြာခန ဂုဏ်ယူစွာ ထုတ်ဖေါ်ရေးသားကြပါတယ်။ အဲဒီလိုရေး တဲ့အခါမှာလည်း တစ်ခါတစ်ခါ မြန်မာ ဘုရင် နဲ့ မြန်မာဘုရင် ရဲ့မြောက်စား ခံရသူတွေကို အထင်သေးစေတဲ့ နိုင်ငံခြားသားများ ရဲ့စွပ်စွဲ နှိမ်ချရေးသာချက်တွေကို အထောက် အကူ ပြုမဲ့ အရေးသားတွေ ဖေါ်ပြလာတာကို မကြာခဏတွေ့ရတဲ့အတွက် အတော်ပဲဝမ်းနည်းကြေကွဲရပါတယ် ။ ဒီကနေ့ ဒီလောက်တောင် အရေးထား ဂုဏ်ယူ နေရတဲ့ အဆင်ရောက်ရ တဲ့ ဦးပိန် တံတားဆောက် လုပ်ခြင်း ရည်ရွယ်ချက် ကိုလည်း မဟုတ်တလျား စွပ်စွဲရေးသား တာလည်း တွေ့ရတက်ပါတယ်

    .. မြို့ဝန်ကုလား ဘိုင်ဆပ် တို့ရဲ့အကြံက အင်းရဲ့အရှေ့ဘက်မှာရှိတဲ့ ဘိုင်ဆပ်နဲ့ ဘာသာတူနဲ့ အမျိုးအနွယ်တွေကို ဘိုင်ဆပ်အလိုရှိတဲ့အချိန်မှာ အလျင်မြန် အလွယ်တကူရောက်ရှိပြီ အမရပူရ ထီးနန်းကိုတောင် အရယူဖို့ကြံစည် ထားတယ်… လို့စွပ်စွဲ ထားချက်ကို ဖေါ်ပြလေ့ရှိပါတယ်။

    အဲဒီလိုစွပ်စွဲရအောင် ခိုင်လုံတဲ့ အထောက်အထားလည်း မရှိပါဘူး။ ခိုင်မာတဲ့သမိုင်းစာအုပ် တွေဖြစ်တဲ့ ဦးကုလား ရာဇ၀င် ၊ မှန်နန်းရာဇ၀င် ၊ ကုန်းဘောင်မဟာ ရာဇ၀င်များမှာလည်း လုံးဝမပါပါဘူး။ စာဖတ်ပရိသတ် များကို ဦးပိန်တံတားဆောက်လုပ်ရခြင်းရဲ့ အကြောင်းအရင်းတွေကို အရှိကိုအရှိတိုင်းသိရှိအောင် ဖေါ်ပြလိုက်ပါတယ် ။

    အဲဒီတံတားကြီး မဆောက်ခင် အသာဖယ်ယာ ခေါင်းဆောင်တဲ့သံအဖွဲ့ အင်းဝမြို့ကို လာကြတုန်းက တောင်သမန်ကို သူတို့ပိုင်တဲ့ သဘောင်္နဲ့ဖြတ်ပြီး ၀င်လာကြတာ နန်းတော်မြို့ရိုးအထိ ပေါက်ခဲ့တယ် ။ ဆိုတဲ့ သမိုင်းကြောင်းရှိဘုးတယ်။ ဒီ ဦးပိန် တံတား ဆောက်ပြီးနောက်မှာ တော့ နယ်ချဲ့ သင်္ဘောတွေ ဟာ နန်းတော်ဦးထိ မရောက်နိုင်တော့ပါဘုး။ ဒါကိုတော့မြင်တက်ဖို့ လိုပါတယ်။

    (အစ္စလာမ်ဓမ္မဗိမာန် နှစ် ၂၀ပြည့် အထူးစာစောင် စာမျက်နှာ ၁၀၂ မှာ တိုင်းရင်းသား အစ္စလာမ့်သာသနာ ၀င်လောကမှာ မြန်မာ့ သမိုင်း နှင့်ပတ်သက်ပြီး လေးစားခံရတဲ့ဆရာကြီး ပသီဦးကိုကိုလေး ၏ ဟောပြောချက် (ချက် (၃) ချက် ဆောင်းပါးမှ)

    ဤသို့ နယ်ချဲ့ အန္တရယ်မှ လွတ်ကင်းအောင် ပရိယယ်ကြွယ်ကြွယ်ဖြင့် တားဆီးနိုင်ခဲ့ပါတယ်။ အမရပုရ မြို့ပတ်ဝန်ကျင် ကိုတစ်နှစ်လျှင် နှစ်လကျော် ရေလွှမ်းမိုး လျက်ရှိရာ လူများစီးပွားရေး အတွက်ကုန်ပစ္စည်းများ ၀ယ်ယူ ဖြတ်သန်း သွားနိုင်ရန်အတွက်အမျှော် အမြင်ကြီးစွာဖြင့် ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။

    ( တက္ကသိုလ် နေ၀င်း ဘာသာပြန် အင်းဝရောက် ဗြိတိသျှသံ )

    မြို့စာရေးဦးပိန်သစ်သား တံတား တစ်ခုဆောက်လုပ်ရခြင်းရဲ့ရည်ရွယ်ချက် နဲ့ပတ်သက်ပြီး မြန်မာ့စွယ်စုံကျမ်း အတွဲ( ၁၄) အမရပုရမြို့အကြောင်း မှာ-

    ပုဂံမင်း လက်ထက်က မြိုစာရေး မောင်ပိန်သည် ထိုအင်းကိုဖြတ်၍ သစ်တားတံတားကြီးတစ်ခု ဆောက်လုပ်လှုဒါန်းခဲ့ရာ ယခုတိုင် ရှိသေးသည်။ တောင်သမာန် အင်းတစ်ဖတ်တွင် ပုဂံမင်း တည်းထားခဲ့သော ကျောက်တော်ကြီးဘုရားရှိသည်။ …လို့ဖေါ်ပြထားတော့ အစ္စလာမ် ဘာ သာ ၀င် တစ်ဦး ဖြစ်တဲ့မြို့စာရေး မင်းမောင်ပိန် ဟာစေတနာအလျောက် တံတား ဆောက် လုပ်လှူဒါန်းရာမှာ တံတားတစ်ဖတ်ချက်မှာရှိတဲ့ ရွာများက မြန်မာ ဗုဒ္ဓဘာသာ ၀င်တွေ လွယ် လင့် တကူ အန္တရယ်ကင်းရှင်စွာနဲ့ ဘုရားဖူး သွားနိုင်ပါစေ ဖို့ဆိုတဲ့ စေတနာကိုလည်း ဘယ် သူမှ မငြင်းနိုင်ပါဘူး ။ မြန်မာစွယ်စုံကျမ်း လိုခိုင်မာတဲ့ ကျမ်းကြီးက ဆောက်လုပ်လှူဒါန်း ခဲ့သည် ဟု ဖေါ် ပြထားပါသည်။

    မြို့စာရေးမင်း ဦးပိန် ဆောက်လုပ်ခဲ့သည်မှာ ဦးပိန်တံတာား တစ်ခုတည်းသာမက ဦပိန်သည် စကျင်ဝချောင်း ကိုဖြတ်လျက် တောင်ကြီးတံတား ဟင်္သာတံတား ၊ ပန်ဘဲတဲ့တား၊ ဗုံအိုးတံတား ၊ စကျင်ဝတံတား ၊ ကုက္ကိုင်တံတား များကိုလည်း ဆောက်လုပ်ခဲ့ပါသည်။ တံတားများဆောက်လုပ်၇န် လိုအပ်သော ပန်းဘဲသမားများနှင့် လက်သမားများ နေထိုင်ရန် ပန်းဘဲရွာ နှင့် လက်သမားရွာ ကိုလည်း တည်ပေးခဲ့ပါသည်။

    နောက်စွပ်စွဲချက်တစ်ခုရှိသေးတယ် .။ အမရပူရ မြို့သစ်တည်တဲ့အခါ အင်းဝနဲ့ စစ်ကိုင်းဘက် က နန်းတော် ဟောင်းတွေ အိမ်တော်ဟောင်းတွေ ၊ ကြမ်းအဟောင်းတွေ ကို ဖျက်ပြီး တောင်သမန် တံတားကြီးမှာ အသုံးပြုတာပေါ့ ဆိုတဲ့ စွပ်စွဲ ချက် ။ ထိုစွပ်စွဲချက် ပါးစပ်စကား သည် လုံးဝယုတ္တိမရှိပေ။ နန်းတော်များ၊ ဘုန်းကြီးကျောင်းများ၊ မင်းစိုးရာဇာ များ၏ အိမ်များတွင် မည်သူမျှ ဖိနပ်မစီးတက်ရပါ။ တံတားဆောက်၇ာတွင် သုံးသည် ဟုဆိုလျှင် မြန်မာ့အယူအဆအရ နာမ်နှိမ်ရာကျ ဘုရင် လာခွင့်ပြုမည် မဟုတ်ပါ.။ နန်းတော်တိုင်သည် လူကြီး တစ်ပိုက်ကျော်ကျော် ရှိပါသည်။ ဦးပိန်တံတားမှာ လူကြီးတစ်ပိုက်လုံးပတ်မရှိပါ။ နန်းတော်ကို မမြင်ဖူး သော မန္တလေးသား မဟုတ်သည့် သမိုင်းဆရာတစ်ချို့ ရဲ့စွပ်စွဲချက်သာဖြစ်တန်ရာ၏ လို့ မောင်မောင်ခင် (BSc. Dip Ed )က ၁၉၉၅ ခု၊ ဖေဖေါ်ဝါရီလထုတ် မိုးသောက်ကြယ် မဂ္ဂဇင်းမှာ ရေးသားထားပါတယ် ။

    ဦးပိန်သည် တံတားများဆောက်လုပ်၇န် အတွက်ကျွန်းသစ် ခုတ်ခွင့်ရရှိလေသည်။ မြစ်ရေကြီးသောအခါ ကျွန်းသစ်များဖောင်ဖွဲ့ပြီး သယ်ဆောင်ခဲ့လေသည်။ အဟောင်းများ မပါပဲ သစ်သားဖြင့် ဆောက်ခဲ့သည်။ အမရပုရ ရောက် အင်္ဂလိပ်သံမှူး ဟာင်နရီ ယူးက ဦးပိန်တံတား ကြီးပုံတူကို ရေးဆွဲဖေါ်ပြခဲ့ပေသည်။ တံတားကြီးသည် အသစ်စက်စက် ဖြစ်ပြီး ကျွန်းဝရန်တာ နှစ်ဘက်တွင် ပန်းပု၊ ပန်းနွယ်ဖြင့် ပြုလုပ်ထားသည်ဟု အတိအကျဖေါ်ပြထားသည်။ …လို့ (တက္ကသိုလ် နေ၀င်း ဘာသာပြန် – အင်းဝရောက်ဗြိတိသျှ ) စာအုပ်မှာ ရေးသားထားပါတယ် ။ ဒါကြောင့် စွပ်စွဲချက် ဟာလည်း အခြေအမြစ်မရှိပါဘူး။

    နောက်စွပ်စွဲချက်တစ်ခုက မြို့ဝန်ဘိုင်ဆပ် က သူရဲ့ရဲစွမ်း သတ္တိကြောင့်မြို့ဝန်ဖြစ်လာတာ မဟုတ်ပါဘူး ။ သူကကြက်တိုက် ငှက်တိုက် နွားတိုက်၊ ဆိတ်တိုက ဆိုတဲ့ အတက်တွေ ကို ဘုရင်က သဘောကျလို့ မြို့ဝန် ဖြစ်လာရတော့ နာယဂုဏ်ခြောက်ပါး နဲ့ ဘယ်ညီနိုင်မှာလဲ …လို့စွပ်စွဲ ပါသေးတယ်…

    အဲဒီလိုစွပ်စွဲတာက ကျွန်တော်တို့ မြန်မာဘုရင်တွေကို ဆင်ခြင်တုံတရား နည်းပါးသူအဖြစ် ရေးရာ ပြောဆိုရာ ကျပါတယ် ။ ဘုရားကျောင်းကန် များနဲ့ စည်းကားအောင် လမ်းတံတားများနဲ့ တင့်တယ်အောင် ဆောင်ရွက်နိုင်မဲ့ မြိုတော်စည်ပင်အောင် တာဝန်ယူနိုင်တဲ့ မြို့တော်ဝန်တစ်ဦးကို တာဝန်ပေးရွေးချယ်ရာမှာလဲ ပေါ့ပေါ့တန်တန်ရွေးမှာမဟုတ်ပါဘူး ။ မြိုတော်ဝန် တာဝန်ကလည်း ကြီးမားတဲ့ အတွက် တော်ရုံတန်ရုံ အရည်အချင်းနဲ့ စြဖ်နိုင်မှာမဟုတ်ပါဘုး ။ ဘုရင်ကို နှိမ့်ချဟန် အရေးအသားတွေဟာ မြန်မာအရေးကို ကိုနှိမ်ချင်ကြတဲ့ အနောက်နိုင်ငံသားတွေ ရဲ့လေသံမျိုးဖြစ်နေပါတယ် ။ မြို့စား ၊ ရွာစား၊ မြို့ဝန်ဖြစ်တဲ့ အဆင့်တွေဟာ သာမန်မဟုတ်ပါ့ဘုး .။

    သူတို့မှာအဆင့်ပေါင်းများစွာ ကိုကျော်ဖြတ်ပြီးမှ အဲီးနေရာကိုရောက် ရတာပါ။ မြန်မာနန်းတွင်း အမှုထမ်းတွေမှာ အရည်အချင်း သတ်မှတ်ချက်တွေရှိပါတယ် ။ သေဖေါ်ရှင်ဖတ် ငါးယောက်တစ်စု ကို တစ်အိုးစားလို့ခေါ်ပါတယ်။ နှစ်အိုးစားကို အကြပ်တစ် ယောက်ထား ပါတယ် ။ အကြပ်ငါးယောက် ပါတဲ့အိုးစားအစုကို သွေးသောက်တစ်ယောက် ထားပါတယ် ။ သွေးသောက်နှစ်ယောက် ကိုတပ်မှုး တစ်ယောက်ထား ပါတယ် အဲဒီတပ်မှူးငါးယောက် ကိုအုပ်ချုပ်ရတဲ့အစုကို ဗိုလ် တစ်ယောက် ထားတယ်။

    အဲဒီထဲက ခြေဆယ်ပွဲရမှ ဆင်အစုကို ၀င်ရတယ်။ ဆင်တယ်ပွဲရမှ သွေးသောက်အစုကို ရောက်တယ် ။ အဲဒီအဆင့်တွေကို ဖြတ်ကျော်ပြီးမှ မြို့စား၊ ရွာစား၊ မြို့ဝန် မှူးမတ်တွေ ဖြစ်ကြရတာပါ။ အဲဒါတွေကိုသိရက်သားနဲ့ မြို့ဝန်ရာထူးကို လွယ်လွယ် ခန့်လိုက်တယ် ပြောတာဟာ ဘုရင်ကို အရည်အချင်းမဲ့ သူအဖြစ် စွပ်စွဲလိုက်တာ သာဖြစ်ပါတယ်။ဒါကြောင့် သမိုင်းဆရာ ဒေါက်တာ ကျော်သက်က သူရေးတဲ့ မြန်မာနိုင်ငံ သမိုင်း စာအုပ်စာမျက်နှာ ( ၃၇၄ ) မှ ပုဂံမင်း ( ၁၈၄၆- ၁၈၅၂) နဲ့ပတ်သက်ပြီး ထီးနန်း ကိုသာယာဝတီမင်း ၏ သားတော်ကြီးပုဂံမင်းက ဆက်ခံလေသည်။ ပုဂံမင်း လက်ထက်နှင့် ပတ်သက်၍ ကုန်းဘောင် ရာဇ၀င် တွင်ပုဂံမင်းကို ရှေးအစဉ်အလာ မင်းများကဲ့သို့ မင်းဖြစ် သည်ဟု ဖေါ်ပြထားသည်။

    ပုဂံမင်းသည် စတုတွင် ဆည်မြောင်း၊ ကန်ချောင်းများ ကို ဖေါက်လုပ်သည်။ ထိုဒေသများတွင် စေတီပုထိုး တည်ထားသည့် သာသနာဘောင် သို့ ဆွေမျိုးများအား သွတ်သွင်းချီမြင့် ၍ သာသနာဒါယကာ အဖြစ်ခံယူခဲ့ပါသည်။ ညောင်ရွှေစော်ဘွား ၏သမီးတော် နှင့် လက်ဆက်သည်။ သူပုန်ထခြင်း ကို ငြိမ်သက်ပိပြားအောင် ပြုလုပ်သည်။ တရုတ်နိုင်ငံမှ သံတမန်အဖွဲ့ကို တန်း တူနိုင်ငံမှ စေလွှတ်သော သံအဖွဲ့သို့ လက်ခံပြုစု သည်ဟု ပါ၇ှိလေသည်။ လိုပုဂံမင်း ကောင်းကြောင်းေ၇းသားထားချက်များကိုတွေ့ရှိနေပါတယ်။ နိုင်ငံခြားသား များက ပုဂံမင်း၏ အကြောင်းကိုပြောဆိုကြသည်မှာ တစ်မျိုးတစ်ဖုံ ကွဲလေသည်။ ၄င်းတို့အဆိုအရ ထင်ရှားသည့် အချက်ကား ပုဂံမင်းသည် တန်ခိုးအာဏာ ကို အလွဲသုံးစား ပြုသည် ဟုလည်းကောင်း၊ တိုင်းကျိုးပြည်ကျိုး ကိုဆောင်ရွက်ခြင်း မပြုဟု လည်ကောင်း ဆိုကြသော အချက်ဖြစ်လေသည်။ တိုင်းရေးပြည် ရာကို မင်းက လစ်လျူရှူ ထားသည့်အတွက် တန်ခိုးအာဏာ ကိုအလွဲသုံးစား ၍ ဟောရမ်းမှုများ ပေါ်ပေါက်ခဲ့သည်။

    နောက်စွပ်စွဲမှု တစ်ခုလည်း ရှိပါသေးတယ် ။ အဲဒါကတော့ ဘိုင်ဆပ်မြို့ဝန်ဖြစ်တာနဲ့ အမရပူရ ကအမျိုးသားကောင်း အမျိုးသမီးကောင်းတွေ မှာ အသက်သေတဲ့ သူနဲ့ ဘ၀ပျက်တဲ့သူနဲ့ ဆွေတော်မျိုးတော်တွေမှာ တောင်အ၇ှက်ကွဲခဲ့ရတယ် ဆိုတဲ့စွပ်စွဲချက်ပါပဲ။

    ဒါနဲ့ပတ်သက်ပြီး အခုလို သမိုင်းအမှန်ကို ပြန်တင်ပြချင်ပါတယ်

    မြန်မာရာဇ၀င်တွင် အာဏာ အတွက်အဖေကိုသားသတ် ၊ သားကိုအဖေသတ် ၊ အစ်ကိုကို ညီသတ် ၊ ညီကို အစ်ကိုသတ်၊ စသော ရှုပ်ထွေးလှသော နန်းတွင် ရေးရာ မှာမင်းညီမင်းသား သို့မဟုတ် ဘုရင် တစ်ပါး ပါးရဲ့ သစ္စာတော်ခံအဖြစ် တာဝန်ထမ်းဆောင် ရတာ လွယ်ကူတာ တော့မဟုတ်ပါဘုး။ အဲဒီအခြေအနေ တွင်ဦးဘိုင်ဆပ် တို့ အမှုတော် ထမ်းခဲ့ရတဲ့ ဖြစ်က ကြိုးတန်းပေါ်လမ်းလျှောက်ရ သကဲ့သို့ အန္တရယ်များလှပါတယ် ။ ဒီနေရာမှာ မြို့တော် ၀န်ဘိုင် ဆပ် နှင့်မြို့စာရေး ဦးပိန်တို့အကြောင်း ကို ၁၉၉၅ခုနှစ် ဖေဖေါ်ဝါရီလထုတ် မိုးသောက်ကြယ် မဂ္ဂဇင်းပါ သမိုင်း သုတေသီ ဆရာဦးမောင်မောင်ခင် BSc (Dip Ed) ရဲရာဇ၀င် အဆောင်ဆောင်မှ မွှေနှောက် စုစည်းထားသော ရွှေမြို့တော်ဝန် ဘိုင်ဆပ်နှင့် မြို့စာရေး ဦးပိန် စွပ်စွဲချေပချက် မှ ထုတ်နှုတ်ပြီး အနည်းငယ် တင်ပြချင်ပါတယ်။

    မြို့တော်ဦးဘိုင်ဆပ် ၊ဦးပိန် နှင့်ပုဂံမင်းတို့သည်။ ငယ်စဉ်က တောင်သမန်အင်း အနောက်ထိပ်ရှိ ဘုန်းတော်ကြီး ကျောင်းတွင် စာအတု သင်အံခဲ့ကြသည်။ ဘိုင်ဆပ်သည် ပုဂံမင်းသား ၏ယုံကြည်ချက် သဒ္ဒါ ရင်းနှီးစွာ ဆက်ဆံရသော လူပျိုတော် တစ်ဦးဖြစ်ပြီး မင်းသားအလိုကျ တာဝန်များ ဆောင်ရွက်ခံစား တေနရလေသည်။ သာယာဝတီမင်း သည် မိမိ၏ သားကြီး ပြည်မင်းသား အားဒဂုံမြို့မှအပြန်အ ထင်မှားပြီး သာယာဝတီ မင်း၏ မိဖုရား မမြကလေး၊ ပြည်မင်းသား နှင့်မြေးတော် ကလေးများသည် မင်းမိန်ဖြင့် အကွပ်မျက်ခံရလေသည်။ ပြည်မင်းသား အသတ်ခံရပြီးနောက် သာယာဝတီ မင်းနတ် ရွာစံလေသည်။ ပုဂံမင်းက ခမည်းတော်အရိုကအရာ ကို ဆက်ခံခဲ့လေသည်။ ပုဂံမင်းသည် မိမိနန်းတက် သောအခါ ဦးဘိုင်ဆပ်၏ အရည်အသွေကို ငယ်စဉ် ကတည်းက ပင်သိရှိပြီးဖြစ် ၍ မြို့တော်ဝန်ခန့်ပြီး ဦးပိန်ကို စာရေးခန့်ခဲ့ပေသည်။ ဦးဘိုင်ဆပ်သည် နန်းမြိုတော် အတွင်းနှင့်မြို့ပြင် နျစ်ရပ်စလုံးကို အုပ်ချုပ်ရသော ရွှေမြို့တော်ဝန်ပင်ဖြစ်သည်။

    မြို့တော်ဝန် ဦးဘိုင်ဆပ် သည်အမရပူရ မြို့တော်တွင် ဘုန်းတော်ကြီး ကျောင်းများအနက် ရှားရှားပါးပါး အုတ်တိုက်ကျောင်း ကြီးတစ်ကျောင်း ဆောက်လုပ်လှူဒါန်းခဲ့သည်။ မြို့တော်ဝန် ဦးဘိုင်ဆပ် သည်အခွန် အတုပ်ကောက် ရာတွင် တိုင်းသူပြည်သား နှင့်မင်းမှုထမ်းများ အပေါ်ခြားနားခြင်း မပြုဘဲ မင်းမိန်အတိုင်း စည်းကြပ်ကောက်ခံခဲ့သည်။ ထို့ကြောင့် အခွန်မဆောင်လိုသော မင်းမှုထမ်းများ၏ မျက်မုန်းကျိုးခြင်းခံ ရလေသည်။ နေပြည်တော် ၌ ပြည်မင်းသားသစ္စာခံ ဘက်တော်သားများက လည်းရှိနေပါသည်။ ပုဂံမင်း ၏ သစ္စာခံ ဘက်တော် သားအပေါ် မလိုမုန်းထား မှုများလည်းရှိကြပေမည်။

    ဤသည်မှာ ဓမ္မတာပင်ဖြစ်သည်။ အပြစ်ဆိုဖွယ်ရာမရှိပေ။ ဦးဘိုင်ဆပ်သည် လည်းကျမ်း တော်ရွက် သစ္စာ တော်ခံ တစ်ဦး ဖြစ်သည်နှင့်အညီ စေသည့် ကျွန် ၊ထယ်သည့်နွား ကွဲသို့ အမှုတော်ကို ကျေပွန်စွာ ထမ်းရွက်ရပေသည်။ ပုဂံမင်း ၏ အတိုက်ခံများအားလုံး မှာလည်း အမှုတော်ကို ကျေပွန်စွာ ထမ်းရွက်ရပေသည်။ ပုဂံမင်း ၏ အတိုက်အခံအားလူံးမှာလည်း ရွှေမြိုတော်ဝန် ဦးဘိုင်ဆပ်နှင့် မြို့စာရေး ဦးပိန် တို့ကို မလိုမုန်း တီးကြပေမည်။ ၄င်းတို့ကဲ့သို့ သစ္စာရှိ မင်းမှုထမ်း လူယုံများရှိနေ၍ ပုဂံမင်းကို လုပ်ကြံရန်မလွယ်ကူပေ။ ဘိုင်ဆပ်နှင့် တောင်သမန်တံတား ဒါယကာ ဦးပိန်တို့ကို အပြစ်ရှာမှာသာလျှင် ပုဂံမင်း၏ ထီးနန်း ကိုလွယ်လင့်တကူ ရရှိပေမည်။ ကနောင်းမင်းသား ၏နောက်လိုက် အဖွဲ့များသည် လည်းပုဂံမင်းနှင့် နိုင်ငံရေးအရ ဆန့်ကျင်သူများ ဖြစ်ကြပေသည်။

    ဤအခြေအနေတွင် ဦးဘိုင်ဆပ် တို့ကို ဒုက္ခပေးလိုသော နောက်ထပ် အုပ်စုတစ်ခုကလည်းရှိနေသည်။ ယင်းသည် အခြားမဟုတ်၊ ပုဂံမင်း မိဖုရား၏ မောင်တော်ဦးကျောက်လုံး တို့အုပ်စု ဖြစ်သည်။ ၄င်းဦးကျောက်လုံးက ဦးဘိုင်ဆပ် ကိုမြို့ဝန် ရာထူးမှဖြတ် ချ ၍ မိမိမြို့ဝန်ဖြစ်လိုသည်.။

    တစ်နေ့ ဦးဘိုင်ဆပ်သမီး ကို ဦးကျောက်လုံးက ခိုးယူပေါင်းသင်းသည်။ ဦးဘိုင်ဆပ်က သမီးခိုးမှု ကို မင်းကြီးအား တိုင်တန်း ရန်နန်းတော်သို့ ၀င်ခဲ့သည်။ မိဖုရား ကြီးက မိမိ ၏ မောင်တော် ဦးကျောက်လုံး မယား လိုလားမှုကို ပုဂံမင်းအား ကြိုတင် လျှောက်ထားခဲ့လေသည်။ ဦးဘိုင်ဆပ် ပုဂံမင်း ရှေ့တော်သို့ ရောက်၇ှိလာသောအခါ ဘုရင်က အရိပ်အကဲကြည်ပြီး …ယောက်ဖတော် မောင်ကျောက်လုံး ၏ ယောက္ခကြီးနောက် ကျလှချည်လား …ကျီဆည် တော်မူ ခဲ့လေသည်။ ဦးဘိုင်ဆပ် နှင့်မောင်ကျောက်လုံး တို့လည်း သမီးကိစ္စနှင်ပတ်သက်ပြီး တစ်ဦးနှစ်တစ်ဦး ကျားနှင့်ဆင်ကဲ့သို့ ရန်စောင်နေခဲ့ကြသည်။

    ထိုအတောအတွင်း မင်းမှု ထမ်းနာခံတော်ဦရွှေရ သမီး မနစ်ကို ရွှေနားဋောင်း အမှုနှင့် ချုပ်ထားခဲ့ရမှနာခံတော် ဦးရွှေရ တောင်းပန်မှုကို ထောက်ထားပြီး မနစ်အား လက်မဖောက်တန်း အချူပ်ထောင်မှ လွှတ်ပေးခဲ့လေသည်။ ဒုတိယအကြိမ် မနစ်ကို ဥိကျောက်လုံး ၏ အစ်မတော်မိဖုရားကြီးက သောက်တော်ရွှေ ဖလား တစ်လုံး ပျောက်ဆုံးမှုဖြင့် ဖမ်းဆီးခဲ့သည်။ မနစ်က ကိုယ်လုပ် တော်တစ်ပါး ခိုးယူထားကြောင်းချေပခဲ့သည်။ မိဖုရားကြီးလည်း ဦးဘိုင်ဆပ်အား ကိုယ်လုပ်တော်မိဖုရား ငယ်တစ်ပါး ခိုးဝှက်ထား သည်ဟူ ၍ပင် ထင်မြင်ချက်ပေးပြီး စုံစမ်းခိုင်လေသည်။

    တစ်နေ့ ပုဂံမင်းတ ရားကြီး ရုပ်စုံသဘင် ကြည့်ရှုတော် မူနေရာ မှရုတ်တရက် ကိုယ်လုပ်တော် မိဖုရားငယ် ထံကြွမြန်း တော်မူခဲ့ လေသည်။ ဦးဘိုင်ဆပ် သည်ရွှေဖလား ပျောက်ဆုံးမှု ကိုစုံစမ်းရန် ကိုယ်လုပ်တော် မိဖုရား ငယ်ထံ ၀င်ရောက်ခဲ့ လေသည်။ စစ်ဆေး မေးမြန်ပြီးအပြန် ဦးဘိုင်ဆပ်သည် ပုဂံမင်းတရားကြီးနှင့် ဆုံဆည်းခဲ့သည်။ ပုဂံမင်းတရား ကြီးရုပ်စုံ သဘင် ကြည့် တော်မူနေရာ မှရုတ်တရက် မိဖုရား ကြွရောက်မူခြင်းသည် မလိုမုန်းထားသူများ၏ ဆင်ကွက်ပင် မဟုတ်ပါလော။ မိဖုရားငယ်ကလည်း မိမိအပေါ် ယုံမှားသံသယ ရှိနေမှုကို ရှက်တော်မူပြီး လွတ်အောင်တိုင်ကြားပေမည်။ နောက်ဆုံးကုန်ဘောင်ဆက် မဟာရာဇ၀င်ကြီး တတိယအတွဲ စာမျက်နှာ ၈၆- ၈၈ အရ ဦးဘိုင်ဆပ် ၊ ဦးပိန်နှင့်တကွ ငရွှေဘော်၊ ငမှုန် ၊ငရှင်ကလေး ၊ ငကျားကြီး၊ ငကြံ တို့ကွပ်မျက် ခြင်းခံရပေသည်။ တစ်နေ့သောအခါ ပုဂံမင်း ကိုယ်တိုင် သူအချစ်ဆုံး ဦးဘိုင်ဆပ်ကို မသတ်ချင်ဘဲ သတ်ခဲ့ရကြောင်း အင်းဝရောက် သံ တွင် ဖေါ်ပြထားပါသည်။

    ဒါတွေကတော့ ဦးဘိုင်ဆပ်၊ ဦးပိန်တို့ ကို မလိုမုန်းတီစွာ မကြာခဏ အရေးယူခံ ရခြင်းရဲ့ အဓိက အချက် များသာဖြစ်ပါတယ်

    မင်းလိုလိုက် မင်းကြိုက် ဆောင်ရာတွင် အခွင့်အရေး ယူကောင်းယူခဲ့နိုင်ပါသည်။ သို့သော် အာဏာသိမ်းရန်ကြံစည် သည်ဟူသော အရေးအသား မှာသမိုင်းတွင်ရှာမတွေ့ခဲ့ရပါ။ ဦးဘိုင်ဆပ် ကွပ်မျက်ခံရပြီးနောက် ဘုရင့်ယောက်ဖဦးကျောက်လုံး ရွှေမြို့တော်ဝန်ဖြစ်လာခြင်း ဖြင့် ဦးဘိုငဆပ်အပေါ် အထင်အမြင် လွဲမှားစေသော အရေးအသားများမှ မည်သူဘက်ကနေ လာခဲ့သည်ကို သိရှိလောက်ပြီဟု ယူဆပါသည်။ ပုဂံမင်းသစ္စာခံ ဘကတော်သား ဆူးငြောက်ခုတ် အားလုံးကို တောရှင်း ထားပြီဖြစ်သောကြောင့် ပုဂံမင်းအား လွယ်လင့်တကူ နန်းချ နိုင်ခဲ့လေသည်။

    မှားယွင်းတဲ့အကိုးကား တွေ ထင်ရာစွပ်စွဲ လွဲမှားတဲ့ကောက်ချက် တွေကို တစ်ဖတ်သတ် ရေးကြတာ တွေဟာမကြာမဏ တွေ့ရပါတယ်။

    ၁၉၉၈ ခုနှစ် ၊သြဂုတ် လထုတ် ရနံသစ်မဂ္ဂဇင်းမှာ မောင်ဝမ်းဆန်း (သံဖြူဇရပ်) က မြို့ဝန်ဘိုင်ဆပ်၊တောင် သမာန်အင်းဖြတ် ဦးပိန်တံတား အကြောင်းတစ်လွဲတွေ ရေးလို့ စာရေးသူက အိတ်ဖွင့်ပေးစာလေး တစ်ခုရေးပေးဖုးတယ်။ အခုတစ်ခါ ၁၆.၉.၂၀၀၉ ထုတ် News Watch Weekly စောင့်ကြည့်သတင်း ဂျာနယ်မှာ ယဉ်ကျေးမှု အမွေခံ တောင်သမာန် တံတာကြီး ဂုဏ်ဒြပ် ဆိုတဲ့ ခေါင်းစဉ်နဲ့ တစ်လွဲရေးသား လာပြန်ပါတယ် ။သမိုင်းတစ်ခေတ်မှာ သူဘက်ကိုယ်ဘက် ပြသနာတွေ အကြားမှာ ကိုယ့်အုပ်စု မဟုတ်ရင် စွပ်စွဲ ပုတ်ခတ်ရေး တက်ကြတဲ့ အစဉ်အလာ အရရေး သားထားတဲ့ သို့မဟုတ် စွပ်စွဲပြောဆိုတက်တဲ့ အတင်းစကားတွေကို အလေးထားေ၇းသားလာကြတော့ မလိုလားအပ်တဲ့ အထင်အမြင်လွဲမှားမှုတွေ ဖြစ်လာနိုင်ပါတယ် ။

    ဒါကြောင့် ဘယ်စာရေး ဆရာပဲဖြစ်ဖြစ် တိုင်းရင်းသား နိုင်ငံသားမြန်မာ မွတ်စလင် အကြောင်း ရေးတော့မယ်ဆိုရင် ၁၉၅၉ ခုနှစ်ထုတ် ရာဇ၀င် ပါမောက္ခ ရွှေပြည်ဆရာဦးဘတင်တည်းဖြတ်ပြီး ရာဇ၀င်သုတေသီဆရာကြီး ရွှေဘိုဦးဘဦး ရေးတဲ့ေ၇ွှမန်းအနှစ်တရာပြည့် ဗမာမွတ်စလင်တို့ ၏ အထ္တုပတ္တိ စာအုပ်အပါအ၀င် ဆရာချယ် တို့ပသီဦးကိုကိုလေး တို့လို သမိုင်း သုတေသီ တွှေရဲ့စာအုပ် တွေကိုလည်း လေ့လာပြီးမှ ရေးသား သင့်ကြပါတယ် ။ ဒါမှလည်း ကျွန်တော် တို့ရဲ့ မြန်မာယဉ်ကျေးမှု အမွေကို အားလုံး ၀ိုင်းဝန်း ထိန်းသိမ်း နိုင်ကြမှာ ပါ ဖြစ်ကြောင်း တင်ပြရင်း………..

    စာရေးဆရာ မောင်သဲနီ တင်ပြသည်။ မွတ်စလင်သတင်းစဉ် မှကူးပါသည်။

    မှတ်ချက်- ဖေဖော်ဝါရီ  ၁၁၊ ၂၀၁၁ တွင် ဖော်ပြခဲ့ပြီးသော ဆောင်းပါးကို ပြန်လည်ဖော်ပြပါသည်။