News @ M-Media

Category: နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်းများ

  • တာဂျစ်စတန်၌ ဆောက်လုပ်နေသော ကမ္ဘာအကြီးဆုံး ဗလီဝတ် ကျောင်းတော်ထဲမှ တစ်ခု

    တာဂျစ်စတန်၌ ဆောက်လုပ်နေသော ကမ္ဘာအကြီးဆုံး ဗလီဝတ် ကျောင်းတော်ထဲမှ တစ်ခု

     

    Dushanbe Grand ဗလီဝတ်ကျောင်းတော် ပုံစံဒီဇိုင်း
    Photo-http://wikimapia.org

    အာရှတိုက် အလယ်ပိုင်းဒေသ (Central Asia)ရှိ တာဂျစ်စတန်နိုင်ငံ(Tajikstan)တွင် ဝတ်ပြုသူပေါင်း ၁၁၅,၀၀၀ ဦး တပြိုင်နက် စုပေါင်းဝတ်ပြုနိုင်သော ဗလီဝတ်ကျောင်းတော်ကြီးတစ်ခု စတင်တည်ဆောက်လျက်ရှိပြီး ၂၀၁၄-ခုနှစ်တွင် ပြီးစီးမည်ဖြစ်ကြောင်း သိရှိရပါသည်။

    တာဂျစ်အစိုးရ တရားဝင်ကြေညာချက်အရ အမေရိကန်ဒေါ်လာ သန်း-၁၀၀ ကုန်ကျမည်ဖြစ်၍ ကာတာနိုင်ငံ(Qatar)မှ သန်း-၇၀ ထည့်ဝင်လှုဒါန်းထားပြီး Dushanbe Grand Mosque ဟု အမည်ပေးထားသည်။

    တာဂျစ်စတန်နိုင်ငံ လူဦးရေမှာ ၇.၇-သန်းဖြစ်၍ အာရှတိုက် အလယ်ပိုင်းဒေသနိုင်ငံများအနက် အဆင်းရဲဆုံး နိုင်ငံတစ်ခုသည်။

    ၂၀၁၁-ခုနှစ် ဩဂုတ်လတွင်လည်း လန်ဒန်မြို့လယ်ရှိ ကမ္ဘာ့အမြင့်ဆုံးဆက်သွယ်ရေးတိုင် BT Tower ထက် အနည်းငယ်သာနိမ့်သော ၁၆၅-မီတာမြင့် ကမ္ဘာ့အမြင့်ဆုံးအလံတိုင် တည်ဆောက်ဖွင့်လှစ်ခဲ့သည်။

     

    မောင်လှငွေ

    ကိုးကား

    http://www.telegraph.co.uk/news/worldnews/asia/tajikistan/8813420/Tajikstan-starts-building-one-of-the-worlds-biggest-mosques.html

  • ဂျာမနီ၌ “အရေပြားလှီး မင်္ဂလာ” ပိတ်ပင်မှု နောက်ဆက်တွဲ အခြေအတင်

    ဂျာမနီ၌ “အရေပြားလှီး မင်္ဂလာ” ပိတ်ပင်မှု နောက်ဆက်တွဲ အခြေအတင်

    ဇူလိုင် ၁၃ရက် ၂၀၁၂။
    Source: BBC News ၊ဘာလင်

     

     

    ဂျာမနီနိုင်ငံ ကိုလုန်းမြို့တရားရုံးက ”အရေပြားလှီး မင်္ဂလာပြုခြင်း”အား ပိတ်ပင်တားမြစ်လိုက်ပြီး နောက်ဆက်တွဲ အခြေအတင်များ ဖြစ်ပေါ်လာနိုင်ဖွယ်ရှိသည်။

    မွတ်စလင်များက နိုင်ငံတဝှမ်းလုံးပိတ်ပင်ပါက နိုင်ငံရပ်ခြားသို့ သွားရောက်ပြုလုပ်မည်ဖြစ်ကြောင်း ပြောကြသည်။ ဂျူးများကလည်း ဥရောပ၌ ရောမခေတ်နောက်ပိုင်း ဂျူးများ၏ ဘာသာရေးထုံးတမ်းအပေါ် အစိုးရွားဆုံး တိုက်ခိုက်မှုဟု တုန့်ပြန်သည်။

    ဂျာမနီအကြီးအကဲ အိန်ဂျလာမာကယ်၏ ပြောရေးဆိုခွင့်ရှိသူကမူ နိုင်ငံတွင်း၌  ”အရေပြားလှီး မင်္ဂလာပြုခြင်း” လုပ်ပိုင်ခွင့်ရှိရမည်ဟုဆိုပြီး အစိုးရအနေဖြင့် ကိုလုန်းမြို့တရားရုံး၏ ဆုံးဖြတ်ချက်အား ပြန်လည်ပြင်ဆင်ခိုင်းခြင်း ရှိမရှိ မသိရပေ။

    ဂျူးများကိုသာမက မွတ်စလင်များကိုပါ “အရေပြားလှီးမင်္ဂလာ” ပြုလုပ်ပေးသော ဘာလင်ရှိ နှစ်ပေါင်း ၂၅၀-ကျော်သက်တမ်းရှိ ဂျူးဆေးရုံကလည်း ဝန်ဆောင်မှု ရပ်ဆိုင်းထားရကြောင်း သိရှိရသည်။

    ဂျာမနီနိုင်ငံ၌ မွတ်စလင်လူဦးရေက ဂျူးထက်များပြားသည်။ ဂျူးများအနေဖြင့် ကလေး၈-ရက်သား အရွယ်တွင်ပြုလုပ်ရပြီး မွတ်စလင်များကမူ အရွယ်မရောက်ခင် အချိန်ထိ စောင့်ဆိုင်းနိုင်သောကြောင့် ဂျူးများ ပိုမို အခက်တွေ့ကြရသည်။

    ဥပဒေကို ထောက်ခံသူတို့က ဘာသားရေးခွဲခြားမှုမဟုတ်ကြောင်း တစ်စုံတစ်ဦး (ကလေးငယ်)၏ ဆန္ဒသဘောမပါရှိဘဲ ခန္တာကိုယ်အစိတ်အပိုင်းအား ဖယ်ထုတ်ခြင်းသည် ဥပဒေနှင့် မညီညွတ်ကြောင်း ခုခံပြောဆိုကြသည်။

    အချို့စာနယ်ဇင်းများကလည်း ထိုဥပဒေမှာ မှန်ကန်ကြောင်း၊ မွတ်စလင်နှင့် ဂျူးလူငယ်များ အသက် ၁၄-နှစ်ပြည့်က မိမိအလိုကျ ရွေးချယ်ပိုင်ခွင့်ရှိကြောင်း၊ ဤသို့ပြုခြင်းဖြင့် ဘာသာအတင်း သွတ်သွင်းရာရောက်ကြောင်း စောဒကတက် ထောက်ခံကြသည်။

    မွတ်စလင်နှင့် ဂျူးများဘက်မှ ရပ်တည်သူများကလည်း ပြန်လည်ခုခံရာ၌ ဤဥပဒေအတိုင်းဆိုလျှင် အရွယ်မရောက်သေးသည့် မိန်းကလေးငယ်လေးများအား နားဖောက်ခြင်းလည်း တရားမဝင်ကြောင်း၊ ခရစ်ယာန်များ ကလေးငယ်အား “နှစ်ခြင်းမင်္ဂလာ” ပြုခြင်းမှာလည်း ဘာသာအတင်း သွတ်သွင်းခြင်းပင်ဖြစ်ကြောင်း စသဖြင့် ခုခံပြောဆိုသည်။

    သို့သော် ဤဥပဒေအတည်ပြုရန်မှာလည်း ချက်ချင်းလက်ငင်း မဖြစ်နိုင်ချေ။ တရားရုံးချုပ်မှတဆင့် ဖွဲ့စည်းပုံဥပဒေအားပြင်ဆင်ရန်မှာလည်း နှစ်ပေါင်းများစွာကြာနိုင်သည်သာ။

     

    မောင်လှငွေ

    ကိုးကား- http://www.bbc.co.uk/news/magazine-18793842

     

  • ကာဇတ်စတန်၌ ၂၇-ဧက အကျယ်ရှိ  ဗလီဝတ် ကျောင်းတော်သစ်ကြီး ဖွင့်လှစ်

    ကာဇတ်စတန်၌ ၂၇-ဧက အကျယ်ရှိ ဗလီဝတ် ကျောင်းတော်သစ်ကြီး ဖွင့်လှစ်

    ဇူလိုင် ၉ ရက် ၂၀၁၂
    Telegraph

    ကာဇတ်စတန်နိုင်ငံ(Kazakhstan)၊ အတ်စတာနာမြို့ရှိ (Astana)
    ဟဇရသ် စူလတန် (Hazrat Sultan Mosque) ဗလီဝတ်ကျောင်းတော်ကြီး
    Photo-AP

    ကာဇတ်စတန်နိုင်ငံ(Kazakhstan)၌  မြို့တော်သစ် အတ်စတာနာ (Astana) ပြောင်းရွှေ့နှစ်ပတ်လည် ၁၄-နှစ်မြောက် အထိမ်းအမှတ်အဖြစ် ဗလီဝတ်ကျောင်းတော်ကြီး တစ်ခုဖွင့်လှစ်ခဲ့သည်ပြီး အာရှတိုက် အလယ်ပိုင်းဒေသ (Central Asia)တွင် အကြီးဆုံး ဗလီဝတ်ကျောင်းတော်ကြီးများအနက် တစ်ခုအပါအဝင်ဖြစ်ကြောင်း သိရှိရသည်။

    ထို ဟဇရသ် စူလတန် (Hazrat Sultan Mosque) ဗလီဝတ်ကျောင်းတော်ကြီးသည် ၂၇-ဧကအကျယ်ရှိ၍ ဘောလုံးကွင်း ၁၈-ကွင်းစာ ကျယ်ဝန်းကာ လူ ၅၀၀၀ ခန့် တပြိုင်နက်တည်း ဝတ်ပြုနိုင်သည်။

    ကာဇတ်စတန်နိုင်ငံသည် အာရှတိုက်အလယ်ပိုင်းဒေသတွင် အကြီးဆုံးနိုင်ငံဖြစ်ပြီး ၁၉၉၁-ခုနှစ်တွင် ဆိုဗီယက်ပြည်ထောင်စု (Soviet Union)မှ ခွဲထွက်ခဲ့သည်။ ၁၉၉၈-ခုနှစ်တွင် မြို့တော်အား အယ်လမာတီ (Almaty)မှ ယခု အတ်စတာနာ (Astana)သို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။

     

    မောင်လှငွေ

    ကိုးကား

    http://www.telegraph.co.uk/news/worldnews/asia/tajikistan/8813420/Tajikstan-starts-building-one-of-the-worlds-biggest-mosques.html

  • စင်္ကာပူနိုင်ငံသား မြန်မာတစ်ဦး အသက်မပြည့်သူနှင့် ကျူးလွန်မှုကြောင့် အရေးယူခံရ

    စင်္ကာပူနိုင်ငံသား မြန်မာတစ်ဦး အသက်မပြည့်သူနှင့် ကျူးလွန်မှုကြောင့် အရေးယူခံရ

    ဇူလိုင် ၁၃ ရက်၊ ၂၀၁၂

    File photo of a masked Pyi Kyaw Han in a cap leaving the Subordinate Courts with his lawyer. Pyi, 31, and Louis Lee Lip Kian, 32, both Singaporeans, pleaded guilty to the offence in court to having sex with the Singaporean girl who was not yet 18 at the time of their offences between November and December 2010. — ST PHOTO: ASHLEIGH SIM

    အသက် ၁၈ နှစ် မပြည့်သေးသူ ပြည့်တန်ဆာအမျိုးသမီးဖြင့် ကျူးလွန်မှုကြောင့် လုံခြုံရေးကုမ္ပဏီ ဒါရိုက်တာတစ်ဦးဖြစ်သူ စင်္ကာပူနိုင်ငံသား မြန်မာလူမျိုး ‘ပြည်ကျော်ဟန်’ (အသက် ၃၁-နှစ်)နှင့် ဘဏ်အရာရှိဟောင်း ‘လီလစ်ကိယန်’ (အသက် ၃၃-နှစ်)တို့အား တရားရုံးတင် အမှုစစ်ဆေးနေကြောင်း သိရှိရသည်။

    ‘ပြည်ကျော်ဟန်’သည် ၂၀၁၀-ခုနှစ် ဒီဇင်ဘာလ၌ ‘စထရန်း ဟိုတယ်’တွင် အဆိုပါအမျိုးသမီးအား ဒေါ်လာ ၆၅၀ ပေး၍ ကျူးလွန်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီး တရားရုံးမှ ဩဂုတ်လ ၂၇-ရက်တွင် အမိန့်ချမီဖြစ်ကြောင်း သိရပါသည်။

    အဆိုပါအမျိုးသမီးငယ်နှင့် ကျူးလွန်ခဲ့သူ စုစုပေါင်း ၄၈-ဦး အရေးယူမည်ဖြစ်ကြောင်းလည်း သိရှိရသည်။

     

    ကိုညီမောင်ဦး

    ကိုးကား

    http://www.channelnewsasia.com/stories/singaporelocalnews/view/1213126/1/.html

    http://www.straitstimes.com/BreakingNews/Singapore/Story/STIStory_821445.html

  • ဂျာမနီနိုင်ငံ ကိုလုန်းမြို့တွင် “အရေပြားလှီး မင်္ဂလာပြုခြင်း” တားမြစ်ခြင်းကို မွတ်စလင်နှင့် ဂျူး အတူကန့်ကွက်

    ဂျာမနီနိုင်ငံ ကိုလုန်းမြို့တွင် “အရေပြားလှီး မင်္ဂလာပြုခြင်း” တားမြစ်ခြင်းကို မွတ်စလင်နှင့် ဂျူး အတူကန့်ကွက်

    ဇူလိုင် ၁၂ ရက်၊ ၂၀၁၂
    BBC News

    ဥရောပ၌ မွတ်စလင်များနှင့် ဂျူးများ အတူလက်တွဲ၍ ဂျာမနီနိုင်ငံ ကိုလုန်းမြို့တရားရုံးက ” အရေပြားလှီး မင်္ဂလာပြုခြင်း”အား ပိတ်ပင်တားမြစ်မှုအပေါ် ခုခံကာကွယ်သွားမည်ဟု သတင်းရရှိသည်။

    ” အရေပြားလှီး မင်္ဂလာပြုခြင်း”သည် သာသနာသက်ဝင်ယုံကြည်မှု၏ အခြေခံအုတ်မြစ်ဖြစ်သောကြောင့် တရားဥပဒေဖြင့်ကာကွယ်ပေးရမည်ကြောင်း ပူးတွဲကြေညာချက်၌ပါရှိသည်။

    ဂျာမန်ဆေးပညာအဖွဲ့က ဆရာဝန်များအား ” အရေပြားလှီး မင်္ဂလာပြုခြင်း ” ပြုလုပ်မပေးရန် မှာကြားထားပြီး ကိုလုန်းမြို့တရားရုံးက ပိတ်ပင်ရန်ဆုံးဖြတ်ခဲ့သော်လည်း ဂျာမနီနိုင်ငံတဝှမ်းလုံးသို့ မသက်ရောက်ကြောင်းသိရသည်။

    ထိုပူးတွဲကြေညာချက်အား ဥရောပ ဂျူးဘုန်းကြီးများစင်တာ (Rabbinical Centre of Europe)၊ ဥရောပ ဂျူးပါလီမန် (European Jewish Parliament)၊ ဥရောပ ဂျူးများအဖွဲ့ (European Jewish Association)၊ ဂျာမနီရှိ တူရကီအစ္စလာမ် သာသနာရေးရာ ယူနီယံ (Germany’s Turkish-Islamic Union for Religious Affairs)၊ ဘရပ်ဆလ်မြို့ (ဘလ်ဂျီယမ်နိုင်ငံ) အစ္စလာမ်စင်တာ (the Islamic Centre Brussels)တို့အပါအဝင် အခြားအဖွဲ့အစည်းခေါင်းဆောင်များက လက်မှတ်ရေးထိုးထားသည်။

    (မှတ်ချက်။     ။ အရေပြားလှီး မင်္ဂလာပြုခြင်း အား Circumcision ဟုခေါ်၍ အစ္စလာမ်ဘာသာဝင်များသာမက ဂျူးများကလည်း လေးစားလိုက်နာကြသည်။)

     

    မောင်လှငွေ

    ကိုးကား – http://www.bbc.co.uk/news/world-europe-18807040