News @ M-Media

“ဘော့စနီးယား လူမျိုးတုံး သတ်ဖြတ်မှု” ဝမ်းနည်းဖွယ် နှစ်ပတ်လည်

ဇူလိုင် ၁၁ရက် ၂၀၁၂
ှSource- BBC New

ပိုတိုကာရီ ဗိမာန် (Potocari memorial centre) မှာ ပြုလုပ်ခဲ့တဲ့ ဆရေဘရန်နီကာ ဝမ်းနည်းဖွယ် နှစ်ပတ်လည် အခမ်းအနားကို သေဆုံးခဲ့ကြသူများရဲ့ မိသားစု၊ ဆွေမျိုးသားချင်း ထောင်ပေါင်းများစွာ တက်ရောက်ခဲ့ကြပါတယ်။ ၁၉၉၅-ခုနှစ် ဇူလိုင်လမှာ ဆာ့ဗ် (Serb) အကြမ်းဖက်စစ်တပ်မှ ဆရေဘရန်နီကာ (Srebrenica) မြို့ကို ဝင်ရောက်တိုက်ခိုက်ကာ ဘော့စနီးယား မွတ်စလင် အမျိုးသားများနဲ့ ယောကျာ်းလေးပေါင်း ၈၀၀၀-ကျော်ကို ရက်စက်စွာ သတ်ဖြတ်ခဲ့ကြတာပါ။

ဆာ့ဗ် (Serb) အကြမ်းဖက်စစ်ဗိုလ် Radovan Karadzic

ဆာ့ဗ် (Serb) အကြမ်းဖက်စစ်ဗိုလ် Mladic
(လူမျိုးတုန်းသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုများ စုစုပေါင်း ၁၁-မှုဖြင့် တရားစွဲခံထားရသူ)

ဒီလူသတ်မှုကြီးကို ကမ္ဘာ့ကုလသမဂ္ဂစစ်ခုံရုံးမှ လူမျိုးတုန်းသတ်ဖြတ်မှု (Genocide) အဆင့် သတ်မှတ်ထားပြီး ဒုတိယကမ္ဘာစစ်လွန်ကာလ ဥရောပတိုက်ရဲ့ အဆိုးရွားဆုံး လွန်မင်းရက်စက်မှု အဖြစ်အပျက်ကြီး ဖြစ်ပါတယ်။

ဆာ့ဗ်(Serb) အကြမ်းဖက်စစ်သားတွေက သူ့တို့ကျူးလွန်သတ်ဖြတ်ခဲ့တဲ့ အရေအတွက်အမှန်ကို ဖုံးဖိဖို့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မြှုပ်နှံ ထားပြီးသားများကို ပြန်လည်ဖော်ထုတ်ပြီး တခြားနေရာများမှာ ခွဲမြှုပ်စွန့်ပစ်ခဲ့ကြပါတယ်။

ယခု ၁၇-နှစ်မြောက်နှစ်ပတ်လည် အခမ်းအနားတွင် ပြန်လည်ရှာဖွေတွေ့ရှိကာ မည်သူမည်ဝါ ဖြစ်ကြောင်း ခွဲခြားနိုင်သည့် သေဆုံးခဲ့ကြသူ ၅၂၀-ဦးကို ဇူလိုင်လ ၁၁-ရက် ဗုဒ္ဓဟူးနေ့မှာ ပြန်လည် သင်္ဂြိုလ်မြှုပ်နှံတာဖြစ်ပြီး လူ ၃၀၀၀၀-ကျော် တက်ရောက်ခဲ့ကြပါတယ်။ တူးဖော်ရရှိသူ ၄၈-ဦးမှာ ဆယ်ကျော်သက်အရွယ်များ ဖြစ်ကြပြီး သေဆုံးခဲ့ကြသူ ၇၀၀၀-ကျော်ကို မည်သူမည်ဝါ ဖြစ်ကြောင်း ခွဲခြားနိုင်ပြီးဖြစ်ကျောင်းလည်း သိရှိရပါတယ်။

ဘော့စနီးယားမှာ နိုင်ငံတော် ဝမ်းနည်းခြင်း အထိမ်းအမှတ်နေ့ သတ်မှတ်ထားပြီး အစိုးရ အဆောက်အဦးတိုင်းမှာလည်း အလံများကို တိုင်ထက်ဝက်လွှင့်ထူကြပါတယ်။

ယခင် ဆာ့ဗ် (Serb)ခေါင်းဆောင် အကြမ်းဖက်သမား ၂-ဦးဖြစ်တဲ့ ရာဒိုဝမ် ကာရာဇစ် (Radovan Karadzic)နဲ့ ရက်တကို မလေဒလစ် (Ratko Mladic)တို့ကို ဒီဆရေဘရန်နီကာ လူမျိုးတုံး သတ်ဖြတ်မှုနဲ့ ယူဂိုစလားဗီးယား (Yugoslavia) စစ်ပွဲအခြား စစ်ရာဇဝတ်ကျူးလွန်မှုများဖြင့် ဟိဂ် (The Hague) နိုင်ငံတကာ စစ်ရာဇဝတ် အထူးခုံရုံး (the International Criminal Tribunal)မှာ စစ်ဆေးလျက်ရှိပါတယ်။

လင်းယုန်နက် (ခြင်္သေ့မြို့တော်)

Comments

Leave a Reply