News @ M-Media
Category: မြန်မာသတင်း
မြန်မာသတင်း
  • အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဟောင်း မယ်ဒလင်းအောဘရိုက် မိန့်ခွန်း အပြည့်အစုံ
    ဇွန်-၄၊ ၂၀၁၃
    M-Media
    ယနေ့ ဇွန်လ-၄ ရက် ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမ မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း မယ်ဒလင်း အောဘရိုက် ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ ဖြစ်ပါတယ်။
    Medellin Albright 1 Medellin Albright 2 Medellin Albright 3 Medellin Albright 4 Medellin Albright 5 Medellin Albright 6 Medellin Albright 7 Medellin Albright 8 Medellin Albright 9
  • Mizzima Youth Network မှ ရန်ကုန်မြို့ အတွင်းရှိ အစ္စလာမ် ဘာသာရေး ပညာရှင်များ မိတ်ဆုံစားပွဲ အခမ်းအနား တစ်ရပ်ကျင်းပ
    ဇွန်လ ၄၊ ၂၀၁၃
    M-Media
    သတင်း – ဆူးထက်
    IMG_1697
    အဆိုပါ အခမ်းအနားသို့ ဘာသာရေး ပညာရှင် (၆၀)ဦးခန့် နှင့် အစ္စလာမ်ဘာသာဝင် (၁၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
    အဆိုပါ အခမ်းအနားတွင် မြန်မာနိုင်ငံတွင်းဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများနှင့် စပ်လျဉ်းပြီး ဖြေရှင်းသင့်သည့် နည်းလမ်းကောင်းများနှင့် အနာဂတ်တွင် မြန်မာနိုင်ငံသား အစ္စလာမ် ဘာသာဝင်များ အနေနှင့် ပြည်တွင်းတွင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ရေးတွင် ဆက်လက် ပါဝင်လုပ်ဆောင်သင့်သည့်ကိစ္စရပ်များကို ဆွေးနွေးသုံးသပ်ခဲ့ကြသည်။ ထိုဆွေးနွေးပွဲမှ သာသနာ့ပညာရှင်များ၊ အစ္စလာမ်ဘာသာဝင် ပြည်သူများနှင့် Mizzima Youth Network မှလူငယ်များစုပေါင်းကာ အနာဂတ်တွင် အစ္စလာမ်ဘာသာဝင်များ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်ရေးကို ဆောင်ရွက်နိုင်ရန် အဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းခဲ့ကြောင်းသတင်းရရှိပါသည်။
    အခမ်းအနားကျင်းပရခြင်း ရည်ရွယ်ချက်နှင့် ပတ်သက်၍ မိတ်ဆုံစားပွဲ ဖိတ်ခေါ်ဆောင်ရွက်ခဲ့သော Mizzima Youth Network မှ လူငယ်တစ်ဦးဖြစ်သော ကိုရဲထူးအား M-Media မှ ဆက်သွယ်မေးမြန်းခဲ့ရာ ” လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေနှင့် ပတ်သက်ပြီး အစ္စလာမ်ထုတစ်ရပ်လုံးဘက်မှ မားမားမတ်မတ် ခိုင်ခိုင်မာမာ မှန်ကန်စွာ ရပ်တည်ပေးနိုင်မယ့် ဦးဆောင်လမ်းပြမယ့်သူတွေ လိုအပ်နေသေးသည်ဟု ယူဆတဲ့ အတွက် အခုလို အခမ်းအနား ကျင်းပခဲ့ရခြင်း ဖြစ်ပါတယ်။
    လက်ရှိ မြန်မာနိုင်ငံ တစ်ဝှမ်းလုံးတွင် ဖြစ်ပွားနေသော အစ္စလာမ်ဘာသာဝင်များအား အကြမ်းဖက်မှုများကို အစ္စလာမ် ဘာသာရေးပညာရှင်၏ မှန်ကန်စွာ ရပ်တည်သော လမ်းညွှန်မှု အောက်မှာ တစ်ပြည်လုံးရှိ အစ္စလာမ်ဘာသာဝင်များ တစ်ညီတညွှတ်တည်း ငြိမ်းချမ်းစွာ ဖြေရှင်းစေဖို့ ရည်ရွယ်ပါတယ်”ဟု ပြန်လည်ဖြေကြားခဲ့ပါတယ်။
    အဆိုပါ အခမ်းအနားကို နံနက်(၉)နာရီတွင် စတင်ကျင်းပခဲ့ပြီး နေ့လည်(၂) နာရီတွင် အခမ်းအနားပြီးဆုံးခဲ့ကြောင်း သတင်းရရှိသည်။
  • ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အထိမ်းအမှတ် သွေးလှူဒါန်းပွဲ ပြုလုပ်မည်
    ဇွန် ၄၊ ၂၀၁၄
    M-Media
    အမ်တူးအေ
    မန္တလေး ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ အသက် (၆၈)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် စုပေါင်း သွေးလှူဒါန်းပွဲ တစ်ရပ်ကို ဇွန်လ ၁၉-ရက်နေ့တွင် မန္တလေးမြို့၌ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
    ASSK
    အဆိုပါ သွေးလှူဒါန်းပွဲကို မန္တလေး၊ ချမ်းအေးသာစံမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှပြုလုပ်မည်ဖြစ်ပြီး ၂၀၁၃-ခု ဇွန်လ (၁၉)ရက်နေ့တွင် ကျရောက်သော ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့တွင် မန္တလေးမြို့၊ ၅၅-လမ်း၊ ၄၀x၄၁လမ်းကြား၊ ကံတက်ကုန်း မစိုးရိမ်ကျောင်းတိုက်တွင် မနက်(၈)နာရီမှ (၁၂)နာရီ အထိ ပြုလုပ်မည်ဖြစ်သောကြောင့် စိတ်ပါဝင်စားသူများအနေနှင့် အတူးပူးပေါင်း ပါဝင်၍ သွေးလှူဒါန်းနိုင်ကြောင်းလည်း သိရသည်။
    “သွေးလှူဒါန်းတဲ့ အစီအစဉ်ကို ကျွန်တော်တို့ မနှစ်ကစပြီး လုပ်ခဲ့ပါတယ်။ ဟုတ်ပါတယ် ဒီနှစ်က ဒုတိယအကြိမ်မြောက်ပါ။ ဟုတ်ကဲ့၊ ချမ်းအေးသာစံမြို့နယ် NLD အနေနဲ့လုပ်တာပါ။
    ရည်ရွယ်ကတော့ အန်တီမွေးနေ့မှာ စုပေါင်းပြီး ကုသိုလ်ယူတဲ့ အနေနဲ့ လုပ်ကြတာပါ။ အဓိပ္ပါယ်ကတော့ အဲဒါပါပဲခင်ဗျာ”လို့ မန္တလေးတိုင်း ချမ်းအေးသာစံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပြန်ကြားရေးတာဝန်ခံ ကိုဇော်ဇော်လတ်မှ M-Media ၏ ဆက်သွယ်မေးမြန်းချက်ကို ပြန်လည်ဖြေကြားပေးခဲ့ပါတယ်။
    Photo Credit-မင်းမြန်မာ
  • ကချင်ဒေသ တစ်ကျော့ပြန်စစ် နှစ်နှစ်ပြည့် ငြိမ်းချမ်းရေးခေါ်သံ အစီအစဉ်များ အကြိုစာနယ်ဇင်း ရှင်းလင်းပွဲ
    ဇွန် ၃၊ ၂၀၁၃
    M-Media
    သန့်သန့်
    ရန်ကုန် ။             ။        ကချင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော တစ်ကျော့ပြန်စစ်၏ နှစ်နှစ်ပြည့် ငြိမ်းချမ်းရေးခေါ်သံ အစီအစဉ်များ၏ အကြိုစာနယ်ဇင်းရှင်းလင်းပွဲတစ်ရပ်ကို ၂၀၁၃ ခုနှစ်၊ ဇွန်လ ၃ ရက် (တနင်္လာနေ့) နေ့လည် (၁)နာရီတွင် ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ လှည်းတန်းရှိ COMREG ရုံးခန်းတွင် ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
    P6030001
    အဆိုပါ စာနယ်ဇင်းရှင်းလင်းပွဲတွင် ကချင်ငြိမ်းချမ်းရေးကွန်ရက်မှ ကိုဂျော်ဂွန်း၊ မမေစပယ်ဖြူ၊ အဖြူရောင်တွဲလက်များမှ ကိုဖိုးသား၊ လိုင်ဇာငြိမ်းချမ်းရေးလမ်းလျှောက်သူများအဖွဲ့မှ ကိုအောင်မင်းနိုင်တို့မှ ရှင်းလင်းပြောပြခဲ့ကြပါသည်။ ထို့နောက် တက်ရောက်လာသော မီဒီယာများမှ မေးမြန်းကြသည်များကို ကိုဂျော်ဂွန်း၊ မမေစပယ်ဖြူ၊ ကိုဖိုးသားနှင့် ကိုအောင်မင်းနိုင်တို့မှ ပြန်လည်ဖြေကြားခဲ့ကြပါတယ်။  အဆိုပါ စာနယ်ဇင်းရှင်းလင်းပွဲသို့ မီဒီယာများနှင့် ငြိမ်းချမ်းရေးကို စိတ်ပါဝင်စားသူများထဲမှ တချို့နှင့် စုစုပေါင်း (၄၀)၀န်းကျင်ခန့် တက်ရောက်ခဲ့ပါသည်။
    ကချင်ဒေသတွင် တစ်ကျော့ပြန်စစ် ပြန်လည်ဖြစ်ပွားခြင်း နှစ်နှစ်ပြည့်အထိမ်းအမှတ်တွင် စစ်အတွင်းထိခိုက်သေဆုံး ခဲ့ရသော မိသားစုများစွာတို့အတွက် ဘာသာပေါင်းစုံ အောက်မေ့ သတိရဆုတောင်းခြင်းနှင့် “စစ်ပွဲ၏နောက် ကွယ်မှ မျှော်လင့်ချက်များ” ဗွီဒီယိုမှတ်တမ်းတိုအား ပြသခြင်းအပါအဝင် ငြိမ်းချမ်းရေးခေါ်ဖိတ်သော ဂီတ၊ ပန်းချီ၊ ကဗျာ၊ ဓါတ်ပုံ၊ အနုပညာပြခန်းများ ခင်းကျင်းပြသခြင်းကို စစ်မှန်တရားမျှတသော ငြိမ်းချမ်းရေးကိုလိုလားသော အရပ်ဘက်လူမှုအဖွဲ့အစည်း၊ တိုင်းရင်းသားညီအစ်ကိုမောင်နှမများမှ ကြီးမှူး၍အစီအစဉ်များအတိုင်း (၃) ပိုင်းခွဲ၍ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
    သံတမန်များနှင့် အလှူရှင်များကို စစ်ဘေးရှောင်ပြည်သူများ၏ လက်ရှိအနေအထားကို ရှင်းလင်းတင်ပြခြင်း အစီအစဉ်(၁)ကို ၂၀၁၃ ခုနှစ်၊ ဇွန်လ (၇) ရက်၊ သောကြာနေ့ နံနက် (၁၀း၀၀) နာရီတွင် ရန်ကုန်မြို့ Central Hotel ၌ပြုလုပ်မည်ဖြစ်ပြီး၊ အစီအစဉ်(၂)မှာ နှစ်နှစ်တာကာလ စစ်အတွင်းထိခိုက်သေဆုံးခဲ့ရသော နှစ်ဘက်စစ်သည်များနှင့် အပြစ်မဲ့တိုင်းရင်းသား ပြည်သူ များအားလုံးတို့အတွက် ကြေကွဲလွမ်းဆွတ် အောက်မေ့သတိရ အသိအမှတ်ပြုသောအားဖြင့် အထိမ်းအမှတ် လွမ်းသူ့ပန်းခွေချများကို ရန်ကုန်အခြေစိုက် အသင်းအဖွဲ့ပါင်းစုံတို့မု ဆူးလေမဟာဗန္ဓုလပန်းခြံတွင်းမှ လွတ်လပ် ရေးကျောက်တိုင်ရှေ့သို့ သယ်ယူလာခြင်းကို ဇွန်လ (၉)ရက်နေ့တွင်ပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။ အစီအစဉ်(၃)အရ ဇွန်လ (၉)ရက်နေ့တွင် လွမ်းသူ့ပန်းခွေများကို လမ်းလျှောက်အဖွဲ့မှ အလုံပိုးကရင်ခြံသို့ သယ်ဆောင်လာပြီး ဘာသာပေါင်းစုံ ဆုတောင်းပွဲကျင်းပမည့် အစီအစဉ်ဖြစ်သော်လည်း အာဏာပိုင်များမှ လာရောက်ဖိအားပေးမှုကြောင့် အလုံပိုးကရင်ခြံတွင် ပြုလုပ်နိုင်ခွင့်မရတော့ပဲ နေရာပြောင်းရွှေ့ပြုလုပ်ရန် စီစဉ်နေရကြောင်းလည်း သိရပါသည်။
    ယင်းကဲ့သို့ နှစ်နှစ်ပြည့် ငြိမ်းချမ်းရေးခေါ်သံ အခမ်းအနားများကိုကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်မှာ –
    ၁။ ကချင်ဒေသတွင် နှစ်နှစ်ပြည့်သည်တိုင်အောင် အဆုံးမသတ်နိုင်သေးသော လက်နက်ကိုင်ပဋိပက္ခများ ကြောင့် ထိခိုက်ဆုံးရှုံးရမှုများကို အများပြည်သူသိအောင် ဖော်ပြပြီး စစ်မှန်တရားမျှတသော ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မည့် နိုင်ငံရေးအရဆွေးနွေးပွဲများ အမြန်ဆုံးဖြစ်ပေါ်လာရေးအတွက် တိုင်းရင်းသားပြည်သူတစ် ရပ်လုံး၏ ပူးပေါင်းပါဝင်မှုကို ဖိတ်ခေါ်ပိုမိုရရှိနိုင်ရန်။
    ၂။ နှစ်နှစ်ပြည့်သည်အထိ ထိရောက်စွာကူညီဖြေရှင်းပေးနိုင်ခြင်းမရှိသေးသည့် စစ်ဘေးရှောင်ဒုက္ခသည်စခန်း များမှ စစ်ဘေးသင့်ပြည်သူများ၏ အဓိကကျသော အခြေခံလိုအပ်ချက်များကို ဝိုင်းဝန်းကူညီ ဖြည့်ဆည်းပေးနိုင် ရန် အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ ကွန်ရက်များမှတစ်ဆင့် အားယူရန်။
    ၃။ ကချင်ဒေသငြိမ်းချမ်းရေးသည် တစ်နိုင်ငံလုံး၏အရေးဖြစ်သည်နှင့်အညီ လတ်တလောပြုလုပ်နေသော ငြိမ်း ချမ်းရေးဆွေးနွေးပွဲများကို စဉ်ဆက်မပြတ် စောင့်ကြည့်လေ့လာရေးတွင် ရန်ကုန်မြို.နေ တိုင်းရင်းသား ညီအစ်ကိုမောင်နှမအသီးသီးတို့မှလည်း စစ်မှန်သောပြည်ထောင်စုစိတ်ဓါတ်ဖြင့် ညီညွတ်စွာ တစ်သားတည်းရှိပါ ကြောင်း အားပေးမေတ္တာပြနိုင်ရန်ဖြစ်ကြောင်းကို ကချင်ငြိမ်းချမ်းရေးကွန်ရက်သတင်းထုတ်ပြန်ချက်မှသိရသည်။
    အဆိုပါ အခမ်းအနားအစီအစဉ်များနှင့်စပ်လျဉ်း၍ အသေးစိတ်သိလိုလျှင် ကိုဂျော်ဂွန်း – ၀၉ ၇၃၁၄၀၇၂၈၊ ကချင်ငြိမ်းချမ်းရေးကွန်ရက်သို့ဆက်သွယ်မေးမြန်းနိုင်ကြောင်းလည်း သိရသည်။
    More Photo
  • ခိုးဝင်သည့် လှေနစ်မြှုပ်၊ မြန်မာ ၁၂ ဦး အလောင်း ထိုင်းပင်လယ်ကမ်းခြေ၌ တွေ့၊ ၃၈ ယောက် ကယ်ဆယ်ထားနိုင်
    ဇွန်-၃၊၂၀၁၃
    M-Media
    ထိုင်းနိုင်ငံ အနောက်ပိုင်းကမ်းခြေဒေသရှိ ရနောင်းမြို့ အနီး ကျွန်းများတွင် မြန်မာပြည်မှ လှေဖြင့် ခိုးဝင်လာရာမှ ရာသီဥတု ဆိုးရွားမှုကြောင့် လှေနစ်ပြီး သေဆုံးသည်ဟု ယူဆရသော အလောင်း ၁၂ လောင်းခန့် တွေ့ရှိခဲ့သည်။
    ranong
    စနေ့နေ့မနက်ပိုင်းက လှေနှစ်မြုပ်ခဲ့ပြီးနောက်၊ တနင်္လာနေ့တွင် ရနောင်းမြို့ အနီးရှိ ကျွန်းများတွင် အလောင်းများ တွေ့ရှိခဲ့ရကြောင်း၊ အမျိုးသား ၆ ဦး နှင့် အမျိုးသမီး ၃ ဦးတို့၏ အလောင်းများ ဖြစ်ကြောင်း၊ ရဲချုပ်ကြီး တာဝီပွန် ချူရင်(Taweeporn Churin) မှပြောကြားခဲ့သည်။
    ယင်းမတိုင်မီ စနေနေ့က ရေတပ်ရဲတပ်ဖွဲ့မှ အမျိုးသမီးအလောင်း ၃ လောင်းအား တွေ့ရှိခဲ့သည် ဟု သူက ထည့်သွင်းပြောကြားခဲ့သည်။
    တာဝီပွန်၏ ပြောပြချက်အရ အသက်ရှင်ကျန်ရစ်သူ ၃၈ ယောက် အားလည်း ရဲတပ်ဖွဲ့မှ ကယ်ဆယ်လိုက်နိုင်ကြောင်း သိရသည်။
    ရနောင်းသည် ဘန်ကောက် နှင့် မြန်မာပြည် နယ်နိမိတ် ၏ တောင်ပိုင်းတွင်ရှိပြီး ၄၆၀ ကီလိုမီတာ ကွာဝေးကြောင်း၊ ရဲများ၏ ပြောပြချက်အရ မြန်မာပြည်ဘက်မှ ခိုးဝင်လာသော အလုပ်သမားများသည် ၄င်းကဲ့သို့ပဲ လှေများနှင့်လာကြကာ ထိုင်းနိုင်ငံအတွင်းသို့ ၀င်ရောက်ကျကြောင်း ပြောကြားခဲ့သည်။
    မဇ္ဈိမတွင် ဖော်ပြထားသော သတင်းတပုဒ်အရ သေဆုံးသူများ၏ ကိုယ်ပေါ်မှ မြန်မာနိုင်ငံသား စိစစ်ရေးကတ်ပြားများ တွေ့ရှိခဲ့ရကြောင်းနှင့် အသက်မသေကယ်ဆယ်နိုင်သူ ၃၈ ယောက်ကို ရနောင်းအချူပ်မှာ ချူပ်နှောင်ထားကြောင်းသိရပါသည်။
    Ref: aljazeera