News @ M-Media

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အထိမ်းအမှတ် သွေးလှူဒါန်းပွဲ ပြုလုပ်မည်

ဇွန် ၄၊ ၂၀၁၄
M-Media
အမ်တူးအေ

မန္တလေး ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ အသက် (၆၈)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် စုပေါင်း သွေးလှူဒါန်းပွဲ တစ်ရပ်ကို ဇွန်လ ၁၉-ရက်နေ့တွင် မန္တလေးမြို့၌ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

ASSK

အဆိုပါ သွေးလှူဒါန်းပွဲကို မန္တလေး၊ ချမ်းအေးသာစံမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှပြုလုပ်မည်ဖြစ်ပြီး ၂၀၁၃-ခု ဇွန်လ (၁၉)ရက်နေ့တွင် ကျရောက်သော ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့တွင် မန္တလေးမြို့၊ ၅၅-လမ်း၊ ၄၀x၄၁လမ်းကြား၊ ကံတက်ကုန်း မစိုးရိမ်ကျောင်းတိုက်တွင် မနက်(၈)နာရီမှ (၁၂)နာရီ အထိ ပြုလုပ်မည်ဖြစ်သောကြောင့် စိတ်ပါဝင်စားသူများအနေနှင့် အတူးပူးပေါင်း ပါဝင်၍ သွေးလှူဒါန်းနိုင်ကြောင်းလည်း သိရသည်။

“သွေးလှူဒါန်းတဲ့ အစီအစဉ်ကို ကျွန်တော်တို့ မနှစ်ကစပြီး လုပ်ခဲ့ပါတယ်။ ဟုတ်ပါတယ် ဒီနှစ်က ဒုတိယအကြိမ်မြောက်ပါ။ ဟုတ်ကဲ့၊ ချမ်းအေးသာစံမြို့နယ် NLD အနေနဲ့လုပ်တာပါ။

ရည်ရွယ်ကတော့ အန်တီမွေးနေ့မှာ စုပေါင်းပြီး ကုသိုလ်ယူတဲ့ အနေနဲ့ လုပ်ကြတာပါ။ အဓိပ္ပါယ်ကတော့ အဲဒါပါပဲခင်ဗျာ”လို့ မန္တလေးတိုင်း ချမ်းအေးသာစံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပြန်ကြားရေးတာဝန်ခံ ကိုဇော်ဇော်လတ်မှ M-Media ၏ ဆက်သွယ်မေးမြန်းချက်ကို ပြန်လည်ဖြေကြားပေးခဲ့ပါတယ်။

Photo Credit-မင်းမြန်မာ

Comments

Leave a Reply