News @ M-Media
Month: October 2013
  • အိမ်ဖြူတော်အတွင်းသို့ ဖြတ်ကျော်မောင်းနှင်ခဲ့သည့် ကားတစ်စီးအား ရဲတပ်ဖွဲ့ဝင်များမှ ပစ်ခတ်ဖမ်းဆီး
    အိမ်ဖြူတော်အတွင်းသို့ ဖြတ်ကျော်မောင်းနှင်ခဲ့သည့် ကားတစ်စီးအား ရဲတပ်ဖွဲ့ဝင်များမှ ပစ်ခတ်ဖမ်းဆီး
    အောက်တိုဘာ ၄၊ ၂၀၁၃
    M-Media
    Untitled
    အမေရိကန်နိုင်ငံ ၀ါရှင်တန်ဒီစီရှိ အိမ်ဖြူတော်မှ လွှတ်တော်အထိ ကားဖြင့် ဖြတ်ကျော်မောင်းနှင်ခဲ့သည့် အမျိုးသမီးတစ်ဦးမောင်းနှင်လာသည့်ကားအား ရဲများက ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု သိရသည်။
    အဆိုပါအမျိုးသမီးမှာ အသက် ၁-နှစ်အရွယ်ရှိ ကလေးငယ်တစ်ဦးကို တင်ဆောင်လာသည့် အနက်ရောင် sport car ဖြင့် အိမ်ဖြူတော်နှင့် လွှတ်တော်တစ်ဝိုက်ရှိ တားထားသော အတားအဆီးများကို ဖြတ်ကျော်ကာ လွှတ်တော်အနီး ၂ -မိုင်အကွာအဝေးအထိ ၀င်ရောက်သွားခဲ့သောကြောင့် လုံခြုံရေးရဲများက ပစ်ခတ်ဖမ်းဆီးခဲ့ရာမှ သေဆုံးသွားခဲ့သည်။
    ထိုအမျိုးသမီး၏ ကားအား ရဲကားများက နောက်မှလိုက်၍ တားဆီးခဲ့သော်လည်း အရှိန်လျှော့ချခြင်းမပြုခဲ့ပဲ ထိုကားဖြင့် ရဲကားတစ်စီးအား တိုက်မိခဲ့သောကြောင့် ရဲတပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရရှိခဲ့သည်။ ၀ါရှင်တန် ရဲတပ်ဖွဲ့အကြီးအကဲ ကေသီ လိန်နီယာက အသေးစိတ်အချက်အလက်များကို ထုတ်ဖော်ပြောဆိုရန် ငြင်းဆိုခဲ့ပြီး အဖြစ်အပျက်များကို ဆက်လက်စုံစမ်းစစ်ဆေးနေသည်ဟု ပြောဆိုခဲ့သည်။
    “(ကားပေါ်မှာပါလာတဲ့) ကလေးငယ်က ၁-နှစ်လောက်ရှိပြီး ဘာမှမထိခိုက်ပါဘူး။ ကလေးငယ်ကို တာဝန်ရှိသူတွေက စောင့်ရှောက်ထားပါတယ်” ဟု ကေသီက ပြောကြားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လုပ်ဆောင်ပုံနှင့်ပက်သက်၍ “အိမ်ဖြူတော်နဲ့လွှတ်တော်အနီးတစ်ဝိုက်မှာ လုံခြုံရေးအဆီးအတားတွေ ချထားပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေက သူတို့လုပ်ရမယ့်အရာကို လုပ်ခဲ့တာပါ။ အိမ်ဖြူတော်နဲ့ လွှတ်တော်နှစ်နေရာစလုံးမှာ အတားအဆီးတွေကို ဖြတ်ကျော်မောင်းနှင်ခဲ့တဲ့ အဲဒီအမျိုးသမီးကို လုံခြုံရေးဝန်ထမ်းတွေက ထားခဲ့ကြပါတယ်” ဟု သူမက ထပ်လောင်းပြောကြားခဲ့သည်။
    Ref : aljazeera
  • စပါး၊ ၀ီဂန်၊ ဆွမ်းဆီးတို့ အနိုင်ရရှိခဲ့ကြသည့် ယူရိုပါလိဂ်ဖလား ဘောလုံးပြိုင်ပွဲ အုပ်စုအဆင့်ပွဲစဉ်များ
    စပါး၊ ၀ီဂန်၊ ဆွမ်းဆီးတို့ အနိုင်ရရှိခဲ့ကြသည့် ယူရိုပါလိဂ်ဖလား ဘောလုံးပြိုင်ပွဲ အုပ်စုအဆင့်ပွဲစဉ်များ
    စက်တင်ဘာ ၄၊ ၂၀၁၃
    M-Media
    324533hp2
    ယူရိုပါလိဂ်ဘောလုံးပြိုင်ပွဲ အုပ်စုအဆင့် ဒုတိယပွဲစဉ်များကို ယှဉ်ပြိုင်ကစားခဲ့ရာ အင်္ဂလန်ကလပ်အသင်းများဖြစ်ကြသည့် စပါး၊ ဆွမ်ဆီးနှင့် ၀ီဂန်အသင်းအတို့ အနိုင်ရရှိခဲ့သည်။
    အန်ဇီ ၀-၂ စပါး
    ပရီးမီးယားလိဂ်တွင် ရလဒ်ကောင်းများရရှိနေပြီး ယူရိုပါလိဂ် အုပ်စုအဖွင့်ပွဲစဉ်တွင် အနိုင်ရရှိခဲ့သည့် စပါးအသင်းမှာ ယခု ဒုတိယပွဲစဉ်တွင်လည်း အမှားအယွင်းမရှိခဲ့ဘဲ ရုရှားကလပ် အန်ဇီအသင်းအား ရုရှားမြေတွင် ၂-ဂိုး ဂိုးမရှိဖြင့်အနိုင်ရရှိခဲ့သည်။ ပထမပိုင်းသွင်းဂိုးများဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်ပြီး ၃၄-မိနစ်တွင် ဂျာမိန်းဒီဖိုးနှင့်၊ ၃၉-မိနစ်တွင် နေဆာ ချဒ်လီတို့က သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ ဒုတိယပိုင်းတွင် အိမ်ရှင်အသင်းက ချေပဂိုးများရရှိရန် တိုက်စစ်ဆင်ကစားခဲ့သော်လည်း စပါးအသင်းက အနိုင်ရလဒ်ကို ထိန်းသွားနိုင်ခဲ့သောကြောင့် အဖိုးတန်အနိုင်သုံးမှတ်ရရှိကာ နှစ်ပွဲကစား ခြောက်မှတ်ဖြင့် အုပ်စု K ၏ ထိပ်ဆုံးတွင် ဦးဆောင်နေသည်။
    …………………………………………
    ဆွမ်ဆီး ၁-၀ ဂယ်လန်
    အုပ်စုအဖွင့်ပွဲစဉ်တွင် ဗလင်စီယာအသင်းအား အနိုင်ယူနိုင်ခဲ့သည့် ဆွမ်ဆီးအသင်းမှာ အိမ်ကွင်းတွင် ဆွဇ်ကလပ်ဂယ်လန်အသင်းကို ၁-ဂိုး ဂိုးမရှိဖြင့်အနိုင်ရရှိခဲ့သည်။ သက်တောင့်သက်သာအနိုင်ရရှိခဲ့ခြင်းမျိုးမဟုတ်ခဲ့ဘဲ ပထမပိုင်း ၁၄-မိနစ်တွင်ရရှိခဲ့သည့် ဂယ်လန်အသင်း၏ ပယ်နယ်တီအားဆွမ်ဆီးအသင်း ဂိုးသမားက ကာကွယ်နိုင်ခဲ့သောကြောင့် ကံကောင်းစွာဖြင့် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။ ဆွမ်ဆီးအသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ၅၂-မိနစ်တွင် ၀ိန်း ရုတ်လက်ဂျက်ကအနီးကပ် ကန်သွင်းယူခဲ့ခြင်းဖြစ်သည်။
    ……………………………………..
    အခြားအင်္ဂလိပ်ကလပ်အသင်းတစ်ခုဖြစ်သည့် ၀ီဂန်အသင်းမှာအိမ်ကွင်းတွင် စလိုဗေးနးယားကလပ် မာရီဘိုးအသင်းအား ၃-ဂိုး ၁-ဂိုးဖြင့်အနိုင်ယူနိုင်ခဲ့ပြီး ယူရိုပါလိပ် ပထမဦးဆုံးနိုင်ပွဲကိုရယူနိုင်ခဲ့သည်။ ဦးဆောင်ဂိုးကို ၀ီဂန်အသင်းမှ စတင်ရရှိခဲ့ပြီး ပထမပိုင်း ၂၂-မိနစ်တွင် လူငယ်ကစားသမား နစ်က်ပေါင်းဝဲလ်က သွင်းယူပေးခဲ့သည်။ များမကြာမီ ၃၃-မိနစ်တွင် ဘန်ဝက်စတန်က အိမ်ရှင်အသင်းအတွက် ဒုတိယဂိုးသွင်းယူပေးခဲ့ပြီး မိနစ် ၆၀ တွင် မာရီဘိုးအသင်းမှ တာဗာရက်စ်က အသင်းအတွက် ချေပဂိုးကိုသွင်းယူပေးခဲ့သည်။ ၀ီဂန်အသင်းအတွက် နောက်ဆုံးပိတ်အနိုင်ဂိုးကို ဒုတိယပိုင်းနာကျင်အချိန်ပိုတွင် ပေါင်းဝဲလ်က သူ၏ ဒုတိယမြောက်ဂိုးအဖြစ် သွင်းယူပေးခဲ့ခြင်းဖြစ်သည်။
    အခြားပွဲစဉ်များတွင် ဆွမ်ဆီးအသင်းအား အဖွင့်ပွဲစဉ်တွင်ရှုံနိမ့်ခဲ့သည့် ဗလင်စီယာအသင်းမှာ ယခုပွဲတွင် ကူဘန်အသင်းအား အဝေးကွင်းတွင် ၂-ဂိုး ဂိုးမရှိဖြင့် အမှားအယွင်းမရှိ အနိုင်ရရှိခဲ့ပြီး၊ ဆီးဗီးလားအသင်းမှာလည်း အိမ်ကွင်းတွင် ပီအေအိုကေအသင်းကို နှစ်ဂိုးဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။
    စီးရီးအေအသင်းများတွင် ဖီအိုရင်တီးနားအသင်းက အဝေးကွင်းတွင် အနိုင်ရရှိခဲ့ပြီး လာဇီယိုအသင်းက အဝေးကွင်းတွင် သရေတစ်မှတ်ရယူနိုင်ခဲ့သည်။
    ယူရိုပါလိဂ် အနိုင်အရှုံးရလဒ်များမှာ အောက်ပါအတိုင်းဖြစ်သည်။
    GROUP A
    Kuban Krasnodar 0-2 Valencia CF
    Swansea 1-0 FC St Gallen
    ………………….
    GROUP B
    FC Chornomorets Odesa 0-2 PSV
    Ludogorets Razgrad 3-0 Dinamo Zagreb
    …………………..
    GROUP C
    Elfsborg 1-1 Standard Liège
    Esbjerg fB 1-2 FC Red Bull Salzburg
    ………………….
    GROUP D
    Rubin Kazan 4-0 SV Zulte Waregem
    Wigan 3-1 NK Maribor
    ………………….
    GROUP E
    FC Dnipro 1-2 Fiorentina
    Paços de Ferreira 1-1 Pandurii Targu-Jiu
    ……………………
    GROUP F
    Apoel Nicosia 0-3 Eintracht Frankfurt
    Bordeaux 1-2 Maccabi Tel Aviv
    ……………………
    GROUP G
    KRC Genk 2-1 FC Thun
    SK Rapid Vienna 2-2 Dynamo Kiev
    ……………………
    GROUP H
    Sevilla 2-0 Sport-Club Freiburg
    Slovan Liberec 2-1 Estoril-Praia
    …………………..
    GROUP I
    HNK Rijeka 1-1 Real Betis
    Lyon 1-1 Vitória Guimarães
    …………………….
    GROUP J
    Legia Warsaw 0-1 Apollon Limassol
    Trabzonspor 3-3 Lazio
    …………………….
    GROUP K
    Anzhi Makhachkala 0-2 Tottenham
    Tromsø 1-1 Sheriff Tiraspol
    ……………………..
    GROUP L
    Shakhter Karagandy 2-2 Maccabi Haifa
    AZ Alkmaar 1-1 PAOK Salonika
    ………………….
  • မလေးရှားဘုရင်မှပေးအပ်သည့် ဂုဏ်ထူးဆောင်ဘွဲ့ကို ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လက်ခံရရှိ
    မလေးရှားဘုရင်မှပေးအပ်သည့် ဂုဏ်ထူးဆောင်ဘွဲ့ကို ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လက်ခံရရှိ
    အောက်တိုဘာ ၄၊ ၂၀၁၃
    M-Media
    ပြည့်ပြည်
    1376992_648992558468986_340605865_n
    မလေးရှား   ။            ။     မလေးရှားနိုင်ငံ တပ်မတော်၏ နှစ် ၈၀-မြောက်နှစ်ပတ်လည်နေ့တွင် ဂုဏ်ထူးဆောင် ဘွဲ့တံဆိပ်များ ချီးမြှင့်သည်တွင် မြန်မာနိုင်ငံ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အားလည်း မလေးရှားဘုရင်မှ ချီးမြှင့်ပေးအပ်ခဲ့သည်။
    ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေဖြင့် မလေးရှားနှင့် မြန်မာတပ်မတော်တို့ ချစ်ကြည်ရင်းနှီးမှုပိုကောင်းစေရန်နှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် စွမ်းဆောင်နိုင်မှုကြောင့် ယခုကဲ့သို့ ဂုဏ်ထူးဆောင်ဘွဲ့ ပေးအပ်ခံရခြင်းဖြစ်သည်။
    အဆိုပါ ဘွဲ့တံဆိပ်ကို မြန်မာအပါအ၀င် ဖိလစ်ပိုင်နှင့် UAE တပ်မတော်မှ ဦးစီးချုပ်များကိုလည်း ချီးမြှင့်ခဲ့သည်ဟု သိရသည်။
    ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေဖြင့် မလေးရှားဘုရင်မှ ချီးမြှင့်သည့် Honourary Malaysian Armed Forces Order For Valour (First Degree)- Gallant Commander of Malaysian Armed Forces ဂုဏ်ထူးဆောင်ဘွဲ့ကို လက်ခံရရှိခဲ့ခြင်း ဖြစ်ပါသည်။
  • အင်တာနက်လိုင်းများ ရန်ကုန်တွင် ခေတ္တပြတ်တောက်မည်
    အင်တာနက်လိုင်းများ ရန်ကုန်တွင် ခေတ္တပြတ်တောက်မည်
    အောက်တိုဘာ ၃၊ ၂၀၁၃
    M-Media
    လင်းလင်း
    MPT
    ရန်ကုန် ။ ။ အောက်တိုဘာလ ၅-ရက်နေ့မှ ၉-ရက်နေ့အထိ ရန်ကုန်မြို့တွင် အချိန်ပိုင်း ကန့်သတ်ချက်များဖြင့် အင်တာနက်လိုင်းများ ခေတ္တပြတ်တောက်မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးမှ ယနေ့မှာ အသိပေး ကြေညာထားပါတယ်။
    အဆိုပါ ပြတ်တောက်မှုမှာ ရန်ကုန်မြို့ရှိ ISP Network နှင့် ချိတ်ဆက်ထားသော POP (Post Office Protocol)များကို လိုင်းသစ်ချိတ်ဆက်မှုကြောင့် ခေတ္တပြတ်တောက်မည်ဟု ဆိုပါသည်။
    အောက်တိုဘာ ၅-ရက်နေ့တွင် ဟံသာဝတီ POP ၌ မွန်းလွဲ ၂-နာရီမှ ၂း၁၅-နာရီထိ၊ အောက်တိုဘာ ၈-ရက်နေ့တွင် မိုဘိုင်း POP ၌ မွန်းလွဲ ၂-နာရီမှ ၂း၁၅-နာရီထိလည်းကောင်း၊ မရမ်းကုန်း POP ၌ မွန်းလွဲ ၂း၁၅-နာရီမှ ၂း၃၀-နာရီထိ လည်းကောင်း၊ မောင်ထော်လေး POP ၌ မွန်းလွဲ ၂း၃၀-နာရီမှ ၂း၄၅-နာရီအထိ၊ အောက်တိုဘာ ၉-ရက်နေ့တွင် MICT POP ၌ မွန်းလွဲ ၂-နာရီမှ ၂း၁၅-နာရီထိ အင်တာနက်လိုင်းများ ခေတ္တပြတ်တောက်မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးမှ အသိပေး ကြေညာထားပါတယ်။
  • မိကျောင်းကန်မြေသိမ်းမှု သပိတ်စခန်းဖွင့် ဆန္ဒထုတ်ဖော်
    မိကျောင်းကန်မြေသိမ်းမှု သပိတ်စခန်းဖွင့် ဆန္ဒထုတ်ဖော်
    အောက်တိုဘာ ၃၊ ၂၀၁၃
    M-Media
    အငယ်လေး
    ရန်ကုန်      ။          ။     မိကျောင်းကန် မြေယာ သိမ်းခြင်းနှင့်ပက်သက်၍ အောက်တိုဘာ ၂-ရက်နေ့မှ စတင်ကာ ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့တွင် ဆန္ဒထုတ်ဖော်ပြီး သပိတ်စခန်းဖွင့်လှစ်ထားကြောင်းသတင်းရရှိပါတယ်။
    အာဏပိုင်အဖွဲ့အစည်းမှ ၁၉၉၁-ခုနှစ်တွင် စတင် သိမ်းဆည်းခဲ့ကြောင်း သိမ်းခံရသည့် မြေဧကမှာ စုစုပေါင်း ၃၃.၈၈ ရှိကြောင်း သိမ်းခံရသည့် အိမ်ခြေပေါင်း
    ၂၀၀၀-ကျော်ရှိကြောင်းနှင့် မသိမ်းခံရခင်က ၎င်းနေရာမှာ ပြည်သူများသော နေရပ်ကွက်ဖြစ်ပြီး ယခုလိုဆန္ဒထုတ်ဖော်တာ ၈-ကြိမ်မြောက်ရှိပြီဟုဆိုပါတယ်။ ပထမ အကြိမ်ကို ၂၇.၁.၂၀၁၃၊ ဒုတိယ အကြိမ်ကို ၃.၃.၂၀၁၃၊ တတိယအကြိမ်ကို ၅.၅.၂၀၁၃၊ စတုတ္ထအကြိမ်ကို ၂၆.၅.၂၀၁၃.ပဉ္စမအကြိမ်ကို ၂၅.၇.၂၀၁၃၊ ဆဌမအကြိမ်ကို ၂၈.၈.၂၀၁၃၊သတ္တမအကြိမ်ကို၂၉.၉.၂၀၁၃ခုနှစ် နှင့် ၂.၁၀.၂၀၁၃ ခုနှစ်တို့ဖြစ်ကြောင်းသိရှိရပါတယ်။
    “၁၉၉၁-ခုနှစ်က စပြီးသိမ်းခံရတာပါ။ အဲ့ဒီအချိန်တုန်းက မြေယာတွေပြန်လိုချင်ရင် ၄၈၀၀-ကျပ် တောာင်းပါတယ်။ မပေးနိုင်ရင် အေးမြသာယာ၊ ဒဂုံတောင်၊လှိုင်သာယာ၊ ရွှေပြည်သာတို့ဘက်ကို အကုန်ပို့ပါတယ်။ ဒါပေမယ့် ယခုလိုပွင့်လင်းတဲ့ အချိန်ရောက်လာတော့ ကိုယ့်နေရာကိုယ်ပြန်တောင်းချင်တာပါ။ အခုဆို ဆန္ဒထုတ်ဖော်တာ ၈-ကြိမ်လည်း ရှိပါပြီ။ အခုဆို သပိတ်စခန်းဖွင့်တာ၂-ရက်ရှိသွားပြီ။ ဒါပေမယ့် အထက်ကတော့ အဆောက်အဦးတွေ ဆောက်ပြီးရင် ပြန်ပေးမယ်လို့တော့ ပြောပါတယ်။ အောက်ကတော့ ပေးမယ်လည်းမပြော၊ မပေးဘူးလည်းမပြောပါဘူး။ သူတို့ကတော့ အထောက်အထားရှာခဲ့လို့တော့ ပြောပါတယ်။ အထောက်အထားရှိရင်တော့ ဖြေရှင်းပေးမယ်လို့ ပြောပါတယ်။ အခုဆို အာဏပိုင်တွေနဲ့ ဦးဆောင်သူတွေနဲ့တော့ ဆွေးနွေးနေကြပါတယ်။ အကြောင်းအရင်းတော့ မသိရသေးပါဘူး။ သူတို့ဘက်က ပေးမယ်၊ မပေးဘူးမပြောသေးခင်အထိ ကျွန်မတို့ ဘက်ကတော့ ရက်အကန့် အသတ်မရှိ ဆန္ဒထုတ်ဖော်သွားဖို့ ရှိပါတယ်”လို့ ဆန္ဒထုတ်သူများရဲ့ကိုယ်စား ဒေါ်သင်းသင်းခိုင် ပြောကြားခဲ့ပါတယ်။
    FB တွင် ဓါတ်ပုံများ ကြည့်လိုပါက > https://www.facebook.com/media/set/?set=a.598283830214091.1073742046.468226919886450&type=1