News @ M-Media
Month: October 2013
  • သံတွဲမြို့တွင် အကြမ်းဖက်ခံရသည့် ကမန်တိုင်းရင်းသားများကိုပါ ဖမ်းဆီးနေ
    သံတွဲမြို့တွင် အကြမ်းဖက်ခံရသည့် ကမန်တိုင်းရင်းသားများကိုပါ ဖမ်းဆီးနေ
    အောက်တိုဘာ ၅၊ ၂၀၁၃
    M-Media
    ထွန်းတောက်
    လင်းသီရွာမှ ဖမ်းဆီးခံရသူ ဒေါ်ခင်မေသန်း
    လင်းသီရွာမှ ဖမ်းဆီးခံရသူ ဒေါ်ခင်မေသန်း
    သံတွဲ  ။        ။        ရခိုင်ပြည်နယ် သံတွဲမြို့ရှိ ကျေးရွာများတွင် လွန်ခဲ့သော ရက်များအတွင်း အကြမ်းဖက် မီးရှို့ ဖျက်ဆီး သတ်ဖြတ်မှုများတွင် အကြမ်းဖက်သူများကို သာမက အကြမ်းဖက်ခံရသည့် ကမန်တိုင်းရင်းသားများကိုပါ စက်တင်ဘာ ၄-ရက်နေ့မှ စတင်၍ ဖမ်းဆီးနေကြောင်း သိရပါတယ်။
    အောက်တိုဘာ ၄-ရက်နေ့မှစတင်ကာ လင်းသီရွာသား ကမန်တိုင်းရင်းသားတချို့ကို ရွှေလှေရဲစခန်းမှ ဖမ်းဆီးသွားကြောင်းသိရသည်။ ၎င်းရဲစခန်းမှ ဖမ်းဆီးခြင်း မပြုလို သော်လည်း ပြည်နယ်မှ အမိန့်ပေးသည့်အတွက် ဖမ်းဆီးရသည်ဆိုကြောင်း လင်းသီဒေသခံတစ်ဦးက ပြောပါတယ်။
    အောက်တိုဘာ ၄-ရက်နေ့က ကိုတင်နောင်ထွန်းဆိုသူ လင်းသီရွာသားအား ဖမ်းဆီးခဲ့ပြီး အောက်တိုဘာ ၄-ရက် ညနေ ၄-နာရီခန့်မှာပင် သူ၏ ဇနီးဖြစ်သူ မခင်မေသန်း ခေါ် မနီ အား ရွှေလှေရဲစခန်းမှ ဖမ်းဆီးခံခ့ရဲပါတယ်။ ဓါတ်ဆီပုလင်းတွေ့သည်ဟုဆိုကာ ကိုတင်နောင်ထွန်းအား ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး ယခုကိစ္စသည် အမှုဆင် ဖမ်းဆီးခြင်း သာဖြစ်ပြီး ဆီရောင်းသည်မှာလည်း ယခင်ကတည်းက ရောင်းချလာခြင်းဖြစ်ပြီး ယခုမှ တမင်အကြောင်းပြဖမ်းဆီးခြင်းသာ ဖြစ်တယ်လို့ လင်းသီဒေသခံက ဆိုပါတယ်။
    “ရွှေလှေရဲစခန်းက လာဖမ်းတာ။ သူတို့ကလည်းပြောတယ်။ ငါတို့ မဖမ်းချင်ပါဘူး ဒီလောက် တရင်းတနှီးပေါင်းလာကြတာ အကြောင်းသိနေတာပဲ။ အခုက ပြည်နယ်က အမိန့်ကြောင့် ဖမ်းရတာလို့ ပြောတယ်။ ဆီရောင်းတာ အရင်ကတည်းက ရောင်းလာတာပဲဗျာ။ ဓါတ်ဆီရောင်းတဲ့အိမ်မှာ ဒီဇယ်ဆီပုလင်းလည်း ရှိချင်ရှိမှာပေါ့။ အရင်တုန်းကကျ သူတို့ပဲ ရောင်းခွင့်ပြုထားတာလေ။ အခုမှ ဆီပုလင်းတွေ့လို့ ဖမ်းတယ်ဆိုတာက သက်သက်မဲ့ အကြောင်းပြတာပါ။ မနေ့ကတော့ မနီတို့ လင်မယား ၂-ယောက်ကို ဖမ်းတယ်။ ဒီနေ့လည်း အခုလည်း ၁၁-ယောက်ကို ထပ်ပြီး ဖမ်းသွားတယ်။ ရွာထဲက ယောက်ျားလေးတွေလည်း ကစဥ့်ကလျားဖြစ်နေတယ်။ အလကားနေရင်း ဖမ်းခံနေရတယ်ဗျာ။”
    ယနေ့ အောက်တိုဘာ ၅-ရက်နေ့တွင်လည်း လင်းသီရွာသား ကမန်တိုင်းရင်းသားများဖြစ်သည့် ကိုကို၊ တင်ရွှေ၊ မောင်တင်နု၊ ထွန်းထွန်းနိုင်၊ မျိုးမင်းသွေး၊ ရန်နိုင်၊ မိုးကြိုး၊ ကြွက်ဖြူ၊ ဆရာလေး၊ တင်လှိုင်စိုး၊ အောင်သိန်း၊ တို့ ၁၁-ဦးကို ရွှေလှေရဲစခန်းမှ ရဲအုပ် တင်မောင်လွင်မှ ထပ်မံ ဖမ်းဆီးသွားသည်ဟု သိရပြီး လင်းသီရွာမှ ကမန်အမျိုးသားများအနေဖြင့် ရွာတွင် နေထိုင်ရင်း ဖမ်းဆီးခံရမည်ကို စိုးရိမ်ပူပန်နေကြောင်းသိရပါတယ်။
    အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ ရွှေလှေရဲစခန်းသို့ တယ်လီဖုန်းဖြင့် M-Media မှ ဆက်သွယ်မေးမြန်းရာ ဖမ်းဆီးမှု မရှိဟု ဆိုပြီး လင်းသီရွာသားများဖမ်းဆီးမှုအား မေးမြန်းရာတွင် အလုပ်မအားလပ်၍ မဖြေနိုင်သေးပါဟုဆိုကာ ဖုန်းချသွားခဲ့ပါတယ်။
  • ၀ီလ်ရှိုင်းယား ဆေးလိပ်သောက်ခြင်းကြောင့် ၀င်းဂါးဒေါသပုန်ထ
    အောက်တိုဘာ ၅၊ ၂၀၁၃
    M-Media
    article-2443651-1885840400000578-906_634x542
    အာဆင်နယ်အသင်း၏ လူငယ်အလယ်တန်းလူ ၀ီလ်ရှိုင်းယား၏ ဆေးလိပ်သောက်နေသည့် ဓာတ်ပုံထွက်ပေါ်လာပြီးနောက် နည်းပြ အာဆင်ဝင်းဂါးက ထိုလုပ်ရပ်အပေါ် ပြစ်တင်ပြောဆိုလိုက်သည်။ နာပိုလီအသင်းနှင့် ချန်ပီယံလိဂ်ပွဲကစားအပြီး အာဆင်ဝင်းဂါးက အသင်းအား ၂-ရက်အနားပေးထားခဲ့ခြင်းဖြစ်ပြီး ဗုဒ္ဓဟူးနေ့ညပိုင်းက လန်ဒန်မြို့ရှိ နိုက်ကလပ်တစ်ခုသို့ သွားရောက်စဉ် ဆေးလိပ်သောက်ခဲ့ခြင်းဖြစ်သည်။
    အသင်းရှိ ကစားသမားများအား လူအများရှေ့တွင်ဝေဖန်မှုနည်းသည့် အာဆင်ဝင်းဂါးမှာ ၀ီလ်ရှိုင်းယား၏ လုပ်ရပ်အား “ဒီလိုအပြုအမူမျိုးကို ကျွန်တော် လုံးဝ သဘောမတူ ပါဘူး။ ပထမဦးဆုံးအနေနဲ့ ဘောလုံးသမားဆိုတာ ပြယုဂ်တစ်ခုပါပဲ။ ဒုတိယ အနေနဲ့ ကိုယ့်ရဲ့ ကျန်းမာရေးကို ထိခိုက်စေမယ့် အပြုအမူမျိုးကို မလုပ်ရ ပါဘူး” ဟု ၀င်းဂါးက သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။ ထို့ပြင် မိမိအိမ်တွင် ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်းများကို မည်သူမျှ မမြင်နိုင်ကြောင်း၊ သို့ရာတွင် လူအများရှေ့၌ ထိုကဲ့သို့သော လုပ်ရပ်များလုပ်ခြင်းမှာ မိမိ၏ဂုဏ်သတင်းအား ထိခိုက်စေကြောင်း ၀င်းဂါးက ထပ်လောင်းပြောကြားခဲ့သည်။
    dailymail
  • ရွှေကျောင်းကြီး ပြုပြင်ထိန်းသိမ်းရေးအတွက် အမေရိကန်ပညာရှင်နှင့် တွေ့ဆုံ
    ရွှေကျောင်းကြီး ပြုပြင်ထိန်းသိမ်းရေးအတွက် အမေရိကန်ပညာရှင်နှင့် တွေ့ဆုံ
    အောက်တိုဘာ ၅၊ ၂၀၁၃
    M-Media
    လင်းလင်း
    ဓါတ်ပုံ - News Collection
    ဓါတ်ပုံ – News Collection
    မန္တလေး ။        ။     မန္တလေးမြို့ အောင်မြေသာစံမြို့နယ်ရှိ သမိုင်းဝင် ရွှေကျောင်းကြီး ပြုပြင်ထိန်းသိမ်းရန် မြန်မာနိုင်ငံ ရှေးဟောင်းသုတေသန (မန္တလေးဌာနခွဲ)နှင့် အမေရိကန် World Monuments Fund မှ Mr. Jeff Allen နှင့် အောက်တိုဘာ ၃-ရက်နေ့က ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
    အဆိုပါ သမိုင်းဝင် ရွှေကျောင်းကြီး (ရွှေနန်းတော်ကျောင်း) ပြုပြင်ထိန်းသိမ်းရန်အတွက် Mr. Jeff Allen နှင့် ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာန (မန္တလေးဌာနခွဲ) ညွှန်ကြားရေးမှူး ဦးဇော်ဦးဟန်တို့ ဆွေးနွေးခဲ့ကြပါတယ်။ ၎င်းနောက် ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာန (မန္တလေးဌာနခွဲ) လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးစမ်း၊ မြန်မာဗိသုကာပညာရှင် တမ္ပ၀တီ ဦးဝင်းမောင်၊ မန္တလေး နည်းပညာတက္ကသိုလ်မှ ဒေါက်တာသန်းဋ္ဌေးဦးတို့မှ ရွှေကျောင်းကြီးနှင့် ပတ်သက်သည်များကို ရှင်းလင်း တင်ပြ ဆွေးနွေးခဲ့ကြကြောင်း သိရပါသည်။
    ကိုးကား – ကြေးမုံသတင်းစာ၊
  • ဗီယက်နမ် ဗိုလ်ချုပ်ကြီးဟောင်းတစ်ဦး ကွယ်လွန်
    ဗီယက်နမ် ဗိုလ်ချုပ်ကြီးဟောင်းတစ်ဦး ကွယ်လွန်
    အောက်တိုဘာ ၅၊ ၂၀၁၃
    M-Media
    2009562152550734_3
    ဗီယက်နမ်စစ်ပွဲအတွင်း အမေရိကန်နှင့် ပြင်သစ်တပ်များအား ဗီယက်နမ် တော်လှန်ရေးတပ်က ပြောင်မြောက်စွာအနိုင်ရခဲ့သည့် တိုက်ပွဲများ၏ဗိသုကာဖြစ်ခဲ့သူ ဗိုလ်ချုပ်ကြီးဟောင်း Vo Nguyen Giap မှာ ယမန်နေ့က ကွယ်လွန်သွားပြီဟု မိသားစုဝင်များနှင့် ဗီယက်နမ်အာဏာပိုင်များက အတည်ပြုပြောကြားလိုက်သည်။
    လေးနှစ်နီးပါး နာတာရှည်ရောဂါကို ခံစားခဲ့ရပြီးနောက် အသက် ၁၀၂-နှစ်အရွယ်ရှိ အဆိုပါ ဗိုလ်ချုပ်ကြီးမှာ မြို့တော်ဟနွိုင်းရှိ စစ်ဆေးရုံတွင် ယမန်နေ့ညနေပိုင်းက ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။ တောင်သူလယ်သမား မိသားစုက မွေးဖွားခဲ့သည့် Vo Nguyen Giap မှာ ၁၉၅၄ ခုနှစ် Dien Bien Phu ဒေသတွင် ပြင်သစ်စစ်တပ်အား ချေမှုန်းနိုင်ခဲ့သောတိုက်ပွဲနှင့်၊ နှစ်ပေါင်း ၂၀-အကြာတွင် အမေရိကန် ကျောထောက်နောက်ခံပြုထားသည့် တောင်ဗီယက်နမ်စစ်တပ်အား ကွန်မြူနစ်တို့က အောင်နိုင်ခဲ့သည့်တိုက်ပွဲတို့တွင် အဓိက စီစဉ်ညွှန်ကြားခဲ့သူဖြစ်သည်။
    ၂၀၀၄-ခုနှစ်က အင်တာဗျူးတစ်ခုတွင် Vo Nguyen Giapက ငြိမ်းချမ်းရေးအကြောင်းကို ပြောကြားခဲ့ပြီး ဗီယက်နမ် လွတ်လပ်ရေးအောင်ပွဲမှာ ကမ္ဘာပေါ်ရှိ ကိုလိုနီပြုခံ နိုင်ငံများအားလုံး၏ အောင်ပွဲပင်ဖြစ်ခဲ့သည်ဟု ဖြေကြားခဲ့သည်။
    Vo Nguyen Giap ကို ၁၉၁၁ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့တွင် ဗီယက်နမ်နိုင်ငံအလယ်ပိုင်းဒေသတွင် မွေးဖွားခဲ့ပြီး သမ္မတဟောင်း ဟိုချီမင်းနှင့် ရင်းနှီးသောသူငယ်ချင်းဖြစ်ကာ ၀န်ကြီးချုပ်ဟောင်း Pham Van Dong နှင့်အတူ နိုင်ငံ၏ အမြင့်ဆုံးဘွဲ့တံဆိပ်ကိုလည်း အပ်နှင်းခြင်းခံခဲ့ရသည်။
    Ref : aljazeera
  • ရခိုင်ကိုယ်စားလှယ်အဖွဲ့ ဦးရွှေမန်းနှင့်တွေ့စဉ် အကြမ်းဖက်မှုများ တရားဝင်ဆောင်ရွက်နိုင်ဖို့ ပြည်သူ့စစ်ဖွဲ့ပေးရန် တောင်းဆို
    ရခိုင်ကိုယ်စားလှယ်အဖွဲ့ ဦးရွှေမန်းနှင့်တွေ့စဉ် အကြမ်းဖက်မှုများ တရားဝင်ဆောင်ရွက်နိုင်ဖို့ ပြည်သူ့စစ်ဖွဲ့ပေးရန် တောင်းဆို၊ ၉၆၉ အား ဖမ်းမည်ဟုဆိုခဲ့ဖူးသည့် ဦးရွှေမန်းက အကြမ်းဖက်မှုများအဖြစ် သံသယ၀င်စရာ ရခိုင်တို့၏ဆောင်ရွက်ချက်များအား ထောက်ခံပြောကြားခဲ့
    M-Media
    အောက်တိုဘာ ၅၊ ၂၀၁၃
    သတင်း – မြန်မာတိုင်းမ်စ် အင်္ဂလိပ်ပိုင်း
    imagesမြန်မာလွှတ်တော်ဥက္ကဌ ဦးရွှေမန်းက ရခိုင်များကို မြန်မာပြည်၏ အနောက်ဘက်စည်းအား အကာအကွယ်ပေး လုံခြုံစေသည်ဟုဆိုကာ ဂုဏ်ပြုချီးကျူးခဲ့ သည်ဟု မြန်မာတိုင်းမ်စ်အင်္ဂလိပ်ပိုင်းက အောက်တိုဘာ ၄ ရက်နေ့၌ သတင်းတင်ပြခဲ့သည်။
    ရခိုင်ကိုယ်စားလှယ်များကလည်း ယာယီနိုင်ငံသားကဒ်ပြားများဖျက်သိမ်းရေးနှင့် အကြမ်းဖက်မှုများအား တရားဝင်စေဖို့ရာ အတွက် ပြည်သူ့ စစ်ဖွဲ့စည်းပေး ဖို့ရန် တောင်းဆိုခဲ့ကြကြောင်း သိရသည်။
    ရန်ကုန်တွင် သူရဦးရွှေမန်းနှင့် ရခိုင်ကိုယ်စားလှယ်များ စက်တင်ဘာ ၂၉ က တွေ့ဆုံခဲ့စဉ်ယင်းသို့ နှစ်ဖက်ပါတီ ပလဲနံပသင့် အပြန်အလှန် ပြောဆိုမှု များ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
    ၉၆၉ အစွန်းရောက်များအား ဖမ်းဆီးပေးပါမည်ဟု အမေရိကန်နိုင်ငံတွင် ကတိပေးပြောဆိုခဲ့သော ဦးရွှေမန်းမှာ ရခိုင်ပြည်နယ်၌ လတ်တလော အကြမ်းဖက်မှုများအား ခေါင်းဆောင်ခဲ့သည်ဟု သံသယ၀င်ဖွယ်ရာ ရခိုင်ကိုယ်စားလှယ်များအား အထက်ပါအတိုင်း မြှောက်ပင့်ခဲ့သည်သာမက ရခိုင်များကို အထောက်အပံ့ပေးရန် မြန်မာပါလီမန်တွင် တာဝန်ရှိသည်ဟုလည်း ပြောဆိုခဲ့သည်။
    “ရခိုင်တွေကို စကားလုံးနဲ့ ချီးမြှင့်ပြောဆိုဖို့တောင် မလုံလောက်ဘူးဗျာ။ ရခိုင်ြပည်နယ်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ပူးပေါင်းဆောင်ရွက်ကြပါစို့၊ လူတွေကို လည်း ရုပ်ပိုင်းအရသာမက စိတ်ပိုင်းအရပါ ကူညီကြဖို့ဖြစ်ပါတယ်။” ဟု ဦးရွှေမန်းက ပြောဆိုခဲ့သည်။
    ထို့ပြင် ဦးရွှေမန်းက ရခိုင်များကို အနောက်ဘက်စည်းရှိ ရေပိုင်နက်အား ကာကွယ်ပေးသည့်အတွက် လေးစားကြဖို့ရန်တိုက်တွန်းခဲ့သည်။
    “နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာ၊ နယ်နိမိတ်၊ ယဉ်ကျေးမှုအစဉ်အလာနဲ့ ဘာသာသာသနာစတာတွေကို ကာကွယ်တဲ့တာဝန်ဆိုတာ လွယ်တာမဟုတ်ဘူး။ အခက်အခဲတွေရှိပေမယ့်လည်း ရခိုင်တွေရဲ့ မြန်မာပြည်ကို ကာကွယ်ပေးတဲ့အပေါ် ကျွန်တော်တန်ဖိုးထားပါတယ်” ဟု ဦးရွှေမန်းက ဆိုခဲ့သည်။
    ရခိုင်ကိုယ်စားလှယ်များကလည်း ဦးရွှေမန်းအား ၄င်းတို့၏အခက်အခဲများကို တင်ပြခဲ့သည်။ ၄င်းတို့၏ တင်ပြပြောဆိုမှုများထဲ၌ ဘူး သီးတောင်နှင့် မောင်တောဒေသများ၌ တရားမ၀င် ခိုးဝင်လာသူများ အခြေချနေထိုင်နေကြကြောင်း၊ အစိုးရက ၄င်းတို့အား white card ခေါ် ယာယီနေထိုင်ခွင့်ကဒ်များ ထုတ်ပေးထားကြောင်း၊ ထိုကဒ်များမှာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ထုတ်ပေးခဲ့ခြင်းမျိုးမဟုတ်သလို ၁၉၈၂ နိုင်ငံသားဖြစ်ခွင့်ဥပဒေအရလည်း တရားမ၀င်ကြောင်း ဆိုသည်။
    ရခိုင်ကိုယ်စားလှယ်များ အဓိကပြောဆိုခဲ့သည့်အချက်မှာ ၄င်းတို့ရခိုင်မြေကို ကာကွယ်ရန်အကြောင်းပြကာ ၄င်းတို့ကျူးလွန်နေသည့် အကြမ်းဖက်မှုများအား တရားဝင်ဆောင်ရွက်နိုင်ဖို့ “ပြည်သူ့စစ်” အဖွဲ့အား ဖွဲ့စည်းထားရှိပေးရန်ပင်ဖြစ်သည်။
    ဦးရွှေမန်းကလည်း သမ္မတရုံးထံ တင်ပြပြောဆိုပေးမည့်အကြောင်း ကတိပေးခဲ့သည်။ ရခိုင်ကိုယ်စားလှယ်အဖွဲ့ကို ရှေ့နေ ဦးဘိုမင်းဖြူနှင့် စစ်တွေမြို့မှ ရှေ့နေ ဦးသားပွင့်တို့က ခေါင်းဆောင်ခဲ့သည်။
    ဦးရွှေမန်း၏ ယင်းသို့ပြောဆိုမှုများမှာ ကမန်တိုင်းရင်းသားများအပါအ၀င် ပြည်တွင်းနေ နိုင်ငံသားမွတ်စလင်များအတွက် ရတက်မအေးဖွယ်ရာဖြစ်နေသည် သာမက အပြောကတော့ ရွှေ့မန်း ၊ အဆိုမှာတော့ ချိုမိုင်မိုင် ဇတ်လမ်းမျိုးဖန်တီးနေသည်ဟူသော ဝေဖန်ချက်များမှာလည်း တဖြည်းဖြည်း ပိုမို မှန်ကန် လာနေသည်ဟု သုံးသပ်ရပေသည်။