News @ M-Media

Tag: အာဖဂန်

  • အကြံကြီးသော အာဖဂနနစ္စတန် က ကန်ထရိုက်တာများ

    အာဖဂန်နစ္စတန်ရှိ အမေရိကန်ဦးဆောင်သော အနောက်တိုင်းတပ်ဖွဲ့များသို့ ထောက်ပံရေးလုပ်ဆောင်နေသော ကွန်တိန်နာ ယာဉ်များအား  ယာဉ်ပိုင်ရှင်များ နှင့် သူတို့၏ အပေါင်းအပါများကိုယ်တိုင် မီးရှို့ဖျက်ဆီနေကြောင်း သိရသည်။ အကြောင်းပြချက်တစ်ချို့ကြောင့် ကုန်တင်ယာဉ်တွေကို သူတို့ကိုယ်တိုင် ဖောက်ခွဲနေတဲ့သက်သေ အထောက်အထားတွေရရှိထားပါတယ် ..ဟု အာဖဂန်လူမျိုးကားပိုင်ရှင်တစ်ဦးကပြောပါသည်။ ပါကစ္စတန် ရဲတပ်ဖွဲ့ကလည်း နေတိုးနှင့်စာချုပ်ချုပ်ဆိုထားသော လောင်စာနှင့် အစားစာကန်ထရိုက်လုပ်ငန်းလုပ်ကိုင်နေသူများကိုယ်တိုင် ၄င်းတတို့၏ ကားများကို မီးရှို ဖေါက်ခွဲ့ အမှုများ ရှိနေကြောင်း  လတ်တလောတွင် ဆီတင်ကားကို ဗုံးထောင်နေတဲ့ နေတိုးကန်ထရိုက်တစ်ဦးကို ဖမ်းဆီ မိထားကြောင်း ပြောဆိုပါသည်။ (more…)

  • ဗြိတိန်၊ကနေဒါတပ်ဖွဲများ အာဖဂန်ဘိန်း ကုန်ကူးမှုတွင် ပါဝင်ပတ်သက်နေ

    ဗြိတိန်နှင့် ကနေဒါတပ်ဖွဲ့များ က အာဖဂန်နစ္စတန်ရှိ ဘိန်းဖြူ မှောင်ခို လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေကြောင်း ဗြိတန် သည်ဆန်း သတင်းစာက ထုတ်ဖေါ် ရေးသာလိုက် ပါသည်။ ဟဲလ်မန်ပြည်နယ်တွင် ဗြိတိန်တပ်သားများက ၄င်း ကန်ဒါဟာ လေဆိပ်တွင် ကနေဒါတပ် သားများက်၎င်း ဘိန်းဖြူများ နိုင်ငံပြင်ပ သို့သယ်ဆောင်ရာ တွင် အကူအညီပေးနေကြသည်။ အာဖဂန်ရှိနိုင် ငံခြားစစ်သားများ အသုံးပြုသော camp bastion နှင့်ကန်ဒါဟာလေဆိပ်များ ရှိ စစ်သားများ ယင်း ဖြစ်စဉ်တွင်ပါဝင်နေကြသည် ဟု သိရသည်။…. ‘ဒီသတင်း ကို သေသေချာချာ မသိရသေးပေမဲ့ ဗြိတိန်နဲ့ အာဖဂန်နစ္စတန်ရှိလေဆိပ် အ၀င် အထွက်တွေ ကို စောင့်ကြည့်နေပါတယ်၊ အနံခံခွေးတွေကို ပိုအသုံးပြုနေတာပါ ။ ပါဝင် ပတ်သက်တဲ့ ဘယ်သူကိုမဆို ပြတ်ပြတ်သားသားကိုင်တွင်သွားမှာပါ.. ဟု ဗြိတိန်ကာကွယ်ရေးဌာနမှ ပြောဆိုပါသည်။  (more…)

  • အာဖဂန်စစ်ပွဲလျို့ဝှက်ချက်များ ပေါက်ကြား

    WikiLeaks တည်ထောင်သူ ဂျူလီယန်အာဆန်ဂ်
    Robert Gate
    ကာကွယ်ရေးဝန်ကြီး ရောဘတ်ဂိတ်နှင့် စစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဋ္ဌ ရေတပ်ဗိုလ်ချုပ်ကြီး မိုက်မူလင်
    Bradley Manning
    ဒုတပ်ကြပ် ဘရက်ဒလေမန်းနင်း

    အာဖဂန်စစ်ပွဲ လျို့ဝှက်ချက်များ ဆက်လက်ဖော်ပြခြင်း မပြုရန် WikiLeaks ၀က်ဘ်ဆိုက် တည်ထောင်သူအား အိမ်ဖြူတော်က ဇူလိုင်လ ၃၀ ရက်နေ့တွင် ပန်ကြားခဲ့ပြီး ပင်တဂွန်စစ်ဌာနချုပ်က သတင်းပေါက်ကြားမှုနှင့် ဆက်စပ်ပြီး ဆက်လက်စုံ စမ်း စစ်ဆေးနေကြောင်း သိရသည်။

    စစ်ပွဲလျို့ဝှက်ချက်ကို ပေါက်ကြားစေခဲ့သူဟု ယူဆရသော ဒုတပ်ကြပ် (Private First Class) ဘရက်ဒလေမန်းနင်းအား ကူဝိတ်မှနေပြီး ဗာဂျီးနီးယား စစ်ဘက်အကျဉ်းထောင်သို့ ခေါ်ယူကာ စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု သိရသည်။ ပြီးခဲ့သည့် ဧပြီလအတွင်းက WikiLeaks တွင် ပေါက်ကြားခဲ့သော အီရတ်တွင် အမေရိကန်ရဟတ်ယာဉ် ထိုးစစ်ဆင်ရာမှဖြစ်ပွားခဲ့သည့် မတော်တဆမှု ဗီဒီယိုခွေနှင့် ပတ်သက်ပြီး မန်းနင်းအား စစ်ဆေးနေခြင်းဖြစ်ပြီး ယခုကဲ့သို့ အာဖဂန်စစ်ပွဲ လျို့ဝှက်ချက်များ ပေါက်ကြားမှုနှင့် ပတ်သက်၍ပါ သံသယရှိနေသည်ဟု သိရသည်။ (more…)