News @ M-Media

Tag: 2015_Hajj

  • မြန်မာ မွတ်စလင်မ်များနှင့် ၂၀၁၅ ဟဂ်ျကျင့်စဉ် ခရီးမှတ်တမ်း(၄)

    စက်တင်ဘာ ၂၄၊ ၂၀၁၅
    M-Media
    အဘာဘီးလ် ပေးပို့သည်။

    – ဟဂ်ျကျင့်စဉ်များမှ တစ်ခုဖြစ်သည့် ရှိုက်တွာန်မာရ်နတ်အကြီး အထိမ်းအမှတ်နေရာကို ခဲပေါက်ပြီးနောက် ဟာဂျီလောင်းများ မက္ကာမြို့တော်ဆီသို့ အသုတ်လိုက် ပြန်နေကြတာဖြစ်ပါတယ်။

    ထိုကျင့်စဉ်မှာ တမန်တော်ကြီး အီဗရာဟင်မ်သခင် (ငြိမ်းချမ်းသာယာမှု သက်ရောက်ပါစေ) က အလ္လာဟ်ရှင်မြတ်၏ အမိန့်တော်ကို အကောင်အထည်ဖော်ရန် သားတော် အီစမာအီလ်သခင် (ငြိမ်းချမ်သာယာမှု သက်ရောက်ပါစေ) အား ခေါ်ဆောင်လာစဉ် ရှိုင်တွာန်မာရ်နတ်က လာရောက် သွေးဆောင်နှောက်ယှက်ရာ တမန်တော် အီဗရာဟင်မ်က ပြန်လည်၍ ခဲဖြင့်ပေါက် မောင်းထုတ်ခဲ့မှုကို အထိမ်းအမှတ်ပြု ကျင့်သုံး ဖော်ဆောင်ခြင်းဖြစ်ပါတယ်။

    leave 1 leave 2

    leave 3

    leave 4

    leave 5

  • မြန်မာ မွတ်စလင်မ်များနှင့် ၂၀၁၅ ဟဂ်ျကျင့်စဉ် ခရီးမှတ်တမ်း(၃)

    စက်တင်ဘာ ၂၄၊ ၂၀၁၅
    M-Media
    အဘာဘီးလ် ပေးပို့သည်။

    – မြန်မာဟာဂျီလောင်းများ အပါအဝင် လူသိန်းပေါင်းများစွာသည် စက်တင်ဘာ ၂၄ ရက်နေ့နံနက် အရုဏ်တက်ဝတ်ပြုမှုအပြီး ရှိုက်တွာန်မာရ်နတ်အကြီး အထိမ်းအမှတ်ကို ခဲဖြင့်ပေါက်ရန် ဂျမရတ်နေရာသို့ သွားနေကြသည့် မြင်ကွင်းနှင့် ဂျမရတ် ရောက်ရှိလာသည့် မြင်ကွင်းများဖြစ်ပါတယ်။

    1

    3

    5

    7

    8

     

  • မြန်မာ မွတ်စလင်မ်များနှင့် ၂၀၁၅ ဟဂ်ျကျင့်စဉ် ခရီးမှတ်တမ်း(၂)

    မြန်မာ မွတ်စလင်မ်များနှင့် ၂၀၁၅ ဟဂ်ျကျင့်စဉ် ခရီးမှတ်တမ်း(၂)

    စက်တင်ဘာ ၂၃ ၊ ၂၀၁၅
    M-Media
    အဘာဘီးလ် ပေးပို့သည်။
    12047276_1011790895509369_806654784_n
    ၂၀၁၅ ခုနှစ် စက်တင်ဘာ ၂၃ ရက်နေ့တွင် ဟဂ်ျကျင့်စဉ် ဒုတိယနေ့အတွက် ဟာဂျီလောင်းများသည် အာရဖသ် ဆုတောင်းပြည့် ကွင်းပြင်သို့ အသုတ်လိုက် ဝင်ရောက်လာခဲ့ကြပါတယ်။

    ဟာဂျီလောင်း အများစုမှာ တမန်တော် မုဟမ္မဒ်သခင် ကျင့်သုံးပြသခဲ့သည့် အတိုင်း မွန်းလွဲနှင့် ညနေဝတ်ပြုမှုကို မွန်းလွဲချိန်တွင် တပေါင်းတည်း ဝတ်ပြုရန် နမရာ အရပ်ရှိ ဗလီဝတ်ကျောင်းကြီးတွင် စုဝေးနေခဲ့ကြပါတယ်။

    အကြောင်းအမျိုးမျိုးကြောင့် ဗလီဝတ်ကျောင်းတော်သို့ မလာနိုင်သော သူများမှာ အာရဖသ်ကွင်းပြင်ရှိ စခန်းများတွင် နားနေလျက် မွန်းလွဲပြီးနောက် ကျင့်စဉ် စတင်မည့် အချိန်ကို မျှော်လင့်တကြီးဖြင့် စောင့်ဆိုင်းခဲ့ကြပါတယ်။

    သန်းချီသော ဟာဂျီလောင်းများတွင် အပါအဝင်ဖြစ်သည့် ထောင်ချီသော မြန်မာမွတ်စလင်မ်ဟာဂျီလောင်းများဟာ အာရဖသ်ကွင်းပြင် စခန်းအမှတ် ၁၀, ၆၂,၇၀ စသည့်တို့တွင် စခန်းချခဲ့ကြပါတယ်။

    မနေ့ညက မိုးဖွဲရွာထားသောကြောင့် မနက်ပိုင်းတွင် အပူအနည်းငယ်သက်သာနေပါတယ်။ သို့သော် မည်မျှပင်ပူစေကာမူ ကိုးကွယ်ရာအရှင်ကို ကျိုးနွံစွာဖြင့် တမန်တော်မြတ် သင်ကြားထားသည့်အတိုင်း ဆုမွန်တောင်းခံခဲ့ကြမှာ မလွဲပါ။

    မွန်းလွဲချိန် ထိုကွင်းပြင်တွင် တောင်းခံသော တောင်းဆုများကို ကိုးကွယ်ရာ အရှင်မှ လက်ခံသည်ဟု သင်ကြားမှုရှိရာ မြန်မာမွတ်စလင်မ်များမှာ အမိမြန်မာနိုင်ငံ ငြိမ်းချမ်းရေး တိုးတက်ရေးတို့အတွက် ဆုမွန်ပြုကြမည်မှာ မုချပင် မလွဲပင်။

    ဝဲယာစခန်းချရာ လမ်းမကြီးတစ်လျှောက်တွင် လသားမှသည် အိုးမင်းမစွမ်းထိ ဟာဂျီလောင်းများ လုံခြုံရေးနှင့် လမ်းပြများ အလှူကားများ လမ်းဘေးဈေးသည်များနှင့် ပြည့်နှက်နေလျက်ရှိပါတယ်။

    ဟာဂျီလောင်းများအတွက် ဆေးခန်း လမ်းပြရုံး သောက်ရေပိုက်များ အိမ်သာများ အမှိုက်ပုံးများ စသည်တို့ကိုလည်း စီစဉ်ထားတာကို တွေ့ခဲ့ရပါတယ်။

    သန်းချီသော သူများတွင် လူအမျိုးမျိုးတို့ပါဝင်ရာ လမ်းတွင် အမှိုက်များပြန့်ကျဲနေသည်ကလည်း ဝမ်းနည်းဖွယ်ရာပင်။

    ယခု အချိန်မှာတော့ ဟာဂျီလောင်းများဟာ အာရဖတ် ကွင်းပြင်ကနေ မုဇလီဖာ ကို ထွက်ခွါနေကြပြီဖြစ်ပါတယ်။

    အပိုင်း(၁) ဖတ်ရန် =>http://www.m-mediagroup.com/news/45863

    12046621_1916490235241820_2095407091583610472_n

    11219021_1916484865242357_209599243613979699_n 11222404_1916484385242405_7796342012455373740_n 11987207_1916484665242377_2849674394044730114_n 12004944_1916484775242366_8895507552315876276_n 12006229_1916484971909013_612095146179542045_n 12006250_1916490288575148_6531714538759468837_n 12023232_1011790615509397_503742242_n 12029061_1011790732176052_1477738248_n 12033789_1011790865509372_1749037051_n 12039661_1916484791909031_3933063501307032455_n  12047119_1916485565242287_2657525097438173245_n 12047329_1011790875509371_1061034253_n 12053341_1011790842176041_2065566043_n

  • မြန်မာ မွတ်စလင်မ်များနှင့် ၂၀၁၅ ဟဂ်ျကျင့်စဉ် ခရီးမှတ်တမ်း(၁)

    မြန်မာ မွတ်စလင်မ်များနှင့် ၂၀၁၅ ဟဂ်ျကျင့်စဉ် ခရီးမှတ်တမ်း(၁)

    စက်တင်ဘာ ၂၂ ၊ ၂၀၁၅
    M-Media
    အဘာဘီးလ် ပေးပို့သည်။
    .10931366_1916007115290132_8801336087888511394_n
    စက်တင်ဘာလ ၂၂ ရက် တွင် ဟဂ်ျကျင့်စဉ် ပထမရက်အဖြစ် ဟာဂျီလောင်းများ မီနာစခန်းတွင် စခန်းချ တည်းခိုနေကြပြီ ဖြစ်ပါတယ်။
    .
    မီနာတွင် စခန်းချစဉ်တွင် အာရေဗျသဲကန္တာရ ရဲ့ ပူပြင်းသော အပူရှိန်ကို အံတုရင်း အချိန်နှင့် စုပေါင်းဝတ်ပြုခြင်း ကိုယ်စီ ကုရ်အာန်ကျမ်း ရွတ်ဖတ်သရဇ္ဇယ်ခြင်း ကိုးကွယ်ရာအရှင်ကို တမ်းတသတိရခြင်း ဆုမွန်တောင်းခံခြင်းနှင့် တမန်တော်မြတ် မုဟမ္မဒ်သခင်ကို မေတ္တာပို့ခြင်းတို့ကို ကျင့်ကြံလျက်ရှိကြပါတယ်။
    .
    ကမ္ဘာနေရာ အနှံ့မှ မွတ်စလင်မ်များ ဟဂ်ျကျင့်စဉ် အတွက် လာရောက်ကြရာ မြန်မာပြည်မှ မြန်မာ မွတ်စလင်မ်များလည်း ထောင်ချီပါဝင်ကြပါတယ်။
    .
    မင်းတုန်းမင်းကြီး မက္ကာမြို့တွင် ဆောက်လုပ် လှူဒါန်းခဲ့သော ဒေါင်းဇရပ် ကောင်းမှုတော်ကို အကြောင်းခံ၍ ဆော်ဒီအစိုးရ ကူညီမှုဖြင့် ရသော မြန်မာအစိုးရ ကိုယ်တာ ဟာဂျီလောင်း ၂၈၀ တို့ဟာ စခန်းအမှတ် (၁၀) တွင် တည်းခိုလျက် ဟဂ်ျ ကျင့်စဉ်ကို ကျင့်ကြံရင်း မြန်မာပြည်ကြီး ငြိမ်းချမ်းရေး တိုးတက်ရေးတို့ အတွက်ပါ ဆုမွန်တောင်းပေးလျက်ရှိကြပါတယ်။

    12049410_691967207606293_8750174851738042491_n

    11045481_1916007398623437_877459559443280370_n 12004080_1916007155290128_8713314693995315216_n 12006109_1916007288623448_1027473778913862560_n

  • ဆော်ဒီတွင် ဟဂ်ျစည်းမျဉ်းများကို ချိုးဖောက်မှုကြောင့် ထိန်းသိမ်းခံရသူ တစ်သောင်းကျော်ရှိ

    ဆော်ဒီတွင် ဟဂ်ျစည်းမျဉ်းများကို ချိုးဖောက်မှုကြောင့် ထိန်းသိမ်းခံရသူ တစ်သောင်းကျော်ရှိ

    စက်တင်ဘာ ၂၂၊ ၂၀၁၅
    M-Media

    hajj

    – ဟဂ်ျဘုရားဖူးခရီးသည်များကို တရားမ၀င် ခေါ်ဆောင်လာမှုအပါအ၀င် ဟဂ်ျဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်မှုအတွက် ဖမ်းဆီးအရေးယူခဲ့သူ အရေအတွက်မှာ တစ်သောင်းကျော် ရှိသည်ဟု ဆော်ဒီအာဏာပိုင်များက ပြောကြားလိုက်သည်။

    ဆော်ဒီ ပြည်ထဲရေးဝန်ကြီးဌာနမှ ယမန်နေ့က မီနာရှိ ပြည်သူ့လုံခြုံရေး အဆောက်အဦးတွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြည်သူ့လုံခြုံရေးအေဂျင်စီမှ ပြန်ကြားရေးအကြီးအကဲ ဗိုလ်မှူး ဆာမိ အလ်-ဆွာအီရက်ခ်က ပြောကြားခဲ့ခြင်းဖြစ်ပြီး ဟဂ်ျခရီးသည်များကို တရားမ၀င် ခေါ်ဆောင်လာမှုအတွက် ဖမ်းဆီးခဲ့ရသူမှာ ၁၂၉၅ ဦး ရှိပြီး၊ ၎င်းတို့အသုံးပြုသည့် ယာဉ် ၃၅၉၀၀ စီး ကိုလည်း ထိန်းသိမ်းခြင်း၊ သို့မဟုတ် လှည့်ပြန်ခိုင်းခြင်းတို့ကို ပြုလုပ်ခဲ့သည်ဟု ဆိုသည်။ ထို့ပြင် လုံခြုံရေးတပ်ဖွဲ့ဝင်များမှာ နိုင်ငံတစ်ဝှမ်းတွင် ဟဂ်ျရုံးခန်းအတု ၅၈ ခုကိုလည်း တွေ့ရှိခဲ့သည်ဟု ဆွာအီရက်ခ်က ထည့်သွင်းပြောကြားခဲ့သည်။

    ဟဂ်ျဘုရားဖူးများအတွက် လုံခြုံရေးနှင့် သွားလာရေးလမ်းကြောင်းများ အဆင်ပြေချောမွေ့စေရန် စီစဉ်ထားပြီး မက္ကာ၊ အလ်-ဟရမ် အလ်-ရှရစ်ဖ်တို့တွင် ဟဂ်ျပြုရန် လာရောက်သူများအား နေရာချထားပေးရာတွင် မည်သည့်အခက်အခဲမှ မဖြစ်ခဲ့ဟု ၎င်းက ဆိုသည်။

    မီနာနှင့် အာရာဖတ်တောင်များတွင် ဟဂ်ျပြုသူများနေထိုင်ရန် စခန်းများမှာ အဆင်သင့်ဖြစ်နေပြီး ၉၅ ရာခိုင်နှုန်းကို နေရာချထားပေးခဲ့ပြီဟု ဟဂ်ျဝန်ကြီးဌာနမှ ဒုတိယအတွင်းရေးမှူး ဟာတင်မ် ကွာဒီက ပြောကြားခဲ့သည်။ ဟဂ်ျဘုရားဖူးခရီးသည်များ အချိန်နှင့်အမျှ သတင်းပေးပို့နိုင်ရန် အခမဲ့ဖုန်းလိုင်းတစ်ခုကိုလည်း ၀န်ကြီးဌာနက စီစဉ်ထားပြီး နံပါတ်မှာ ၈၀၀၄၃၀၄၄၄၄ ဖြစ်သည်။

    Ref: Arabnews