News @ M-Media

Tag: 2015election

  • အရည်အချင်းနဲ့ ပြောင်းလဲမယ်ဆိုတဲ့ စိတ်ရှိရင်ဖြစ် ပါပြီဆိုတဲ့ အင်းစိန်က တသီး ပုဂ္ဂလ အမတ်လောင်း ဦးလှထွန်း

    အရည်အချင်းနဲ့ ပြောင်းလဲမယ်ဆိုတဲ့ စိတ်ရှိရင်ဖြစ် ပါပြီဆိုတဲ့ အင်းစိန်က တသီး ပုဂ္ဂလ အမတ်လောင်း ဦးလှထွန်း

    အောက်တိုဘာ ၁၂ ၊ ၂၀၁၅
    M-Media
    မိုးစက် တွေ့ဆုံမေးမြန်းသည်။
    U Hla Tun pp size
    ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ၌ ရန်ကုန်တိုင်း အင်းစိန်မဲဆန္ဒနယ်မှနေ၍ အခြားပါတီများမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၈) ဦးနှင့်  တစ်သီးပုဂ္ဂအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးလှထွန်းအား M-Media မှတွေ့ဆုံ မေးမြန်းထားပါသည်။

    M-Media။    ။ အန်ကယ့်အနေနဲ့ ဒီရွေးကောက်ပွဲမှာ ဘာကြောင့်တစ်သီးပုဂ္ဂ အနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရတာလဲ။
    ဖြေ။    ။ အန်ကယ်ကအရင်က NLD ကပါ။ NLD ကနေအဆိုတင်တယ်။တင်တော့သူတို့က ပယ်လိုက်တယ်။ အန်ကယ်ကလည်း နိုင်ငံရေးဆက်လုပ်ချင်တော့ NLD ကနေနှုတ်ထွက်ခဲ့ပြီး တစ်သီးပုဂ္ဂအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်ခဲ့တာပါ။

    M-Media။    ။  ဒီအင်းစိန်မြို့နယ်ကိုရွေးချယ်ရတဲ့အကြောင်းကရော ဘာကြောင့်ပါလဲ။
    ဖြေ။    ။ အန်ကယ်က အင်းစိန်သားပါ။ အင်းစိန်မှာမွေးပြီး အင်းစိန်မှာကြီးတော့ အန်ကယ်ဒီမြို့ကပဲ ဝင်ပြိုင်ဖြစ်တာပါ။

    M-Media။    ။ ခုစည်းရုံးရေးအလုပ်တွေရော စတင်လုပ်ဆောင်နေပြီလား။
    ဖြေ။    ။  လုပ်နေပါပြီ။ အန်ကယ့် မဲဆန္ဒနယ်ကလူတွေဆီကို ကိုယ်တိုင်သွားပြီး တစ်အိမ်တက်ဆင်း သူတို့နဲ့တွေ့ သူတို့အခက်အခဲတွေမေးပြီးဆွေးနွေးတာတွေ လုပ်ပါတယ်။ အန်ကယ့် လက်ကမ်းစာစောင်တွေကိုလည်း သူတို့ကိုဝေပြီး သူတို့နားလည်အောင် သေချာရှင်းပြပါတယ်။

    M-Media။    ။ အန်ကယ်မဲဆွယ်တဲ့အခါမှာရော လူထုရဲ့တုံ့ပြန်မှုက ဘယ်လိုရှိသလဲ။
    ဖြေ။    ။ စိတ်ဝင်စားမှုရှိပါတယ်။ လူတွေက ခုရွေးကောက်ပွဲကိုလည်း စိတ်ဝင်တစားရှိနေကြတာဆိုတော့ သူတို့ကို ပြောပြရှင်းပြရတာက ကောင်းပါတယ်။ စိတ်ဝင်စားကြတယ်။

    M-Media။    ။ အန်ကယ့်ရဲ့မြို့နယ်မဲဆန္ဒရှင်တွေအပေါ်မှာရော ဘာတွေလုပ်ဆောင်ပေးဖို့ရှိသလဲ။
    ဖြေ။    ။ အင်းစိန်သားတစ်ယောက်အနေနဲ့တော့ အင်းစိန်မြို့နယ် ဖွံ့ဖြိုးရေးကို အဓိကထားလုပ်မှာပါ။

    M-Media။    ။ လွှတ်တော်ထဲရောက်သွားရင်ရော အန်ကယ့်အနေနဲ့ ဘာတွေလုပ်ဆောင်ဖို့ရှိလဲ။
    ဖြေ။    ။ ကိုယ့်မြို့နယ်က မဲဆန္ဒရှင်တွေ အတွက် လုပ်ပြီးရင်တော့ အန်ကယ်က လျှပ်စစ် သဘောင်္အင်ဂျီနီယာတစ်ယောက်ဖြစ်တော့ အန်ကယ့်မှာနိုင်ငံတကာ အတွေ့အကြုံတွေလည်း အများကြီးရှိတယ်။ လျှပ်စစ် မဖွံ့ဖြိုးသေးသမျှတော့ နိုင်ငံတစ်နိုင်ငံဟာ စက်မှုနိုင်ငံ မဖြစ်နိုင်ဘူးလေ။သူများနိုင်ငံတွေနဲ့ ရင်ဘောင်တန်းပြီး လိုက်နိုင်ဖို့ လိုတယ်။ နောက်အန်ကယ်တို့နိုင်ငံမှာ ပင်လယ် ဆိပ်ကမ်းတွေနည်းနေတယ်။ ပင်လယ်ဆိပ်ကမ်းတွေရှိမှ ဒေသဖွံ့ဖြိုးရော ကုန်သွယ်မှုတွေရော တိုးတက်မှာပါ။ ပြီးတော့ လူနည်းစု အခွင့်အရေးတွေပေါ့။ ဥပဒေမှာသာရှိပြီး လက်တွေ့အကောင်အထည်မဖော်သေးတာတွေ ရှိနေတယ်။ အဲဒါတွေကိုလည်း တခြားပါတီတွေနဲ့ ပူးပေါင်းလုပ်ဆောင်သွားမယ်။ နောက်တစ်ခုက ငြိမ်းချမ်းရေး ရအောင်ပေါ့။ အန်ကယ်တို့က ငြိမ်းချမ်းရေးကိုရဖို့ လက်တက်ကမ်းပဲ လိုတော့တာပါ။ မရှိမဖြစ်လိုအပ်တာတွေကို အဓိက ဦးစားပေးလုပ်ဆောင်သွားမှာပါ။
    U Hla Tun

    M-Media။    ။ လွှတ်တော်ထဲရောက်ရင်ရော ဘယ်သူတွေနဲ့ ပူးပေါင်းဖို့ရှိသလဲ။
    ဖြေ။    ။ အန်ကယ်က ဒီမိုကရေစီဘက်တော်သားဆိုတော့ ဒီမိုကရေစီကို ဖော်ဆောင်မဲ့သူတွေနဲ့ပဲ ပူးပေါင်းမှာပါ။ အထူးသဖြင့် NLD နဲ့ပူးပေါင်းမှာပါ။

    M-Media။    ။ ယှဉ်ပြိုင်ရမဲ့ ပါတီတွေအပေါ်မှာရော စိုးရိမ်တာမျိုးရှိလား။
    ဖြေ။    ။ စိုးရိမ်တာမရှိပါဘူး သမ္မတကြီး အင်ဗရာဟင်လီကွန်းဟာ ဘယ်ပါတီမှမဝင်ပဲ သမ္မတဖြစ်ခဲ့တာလေ။နိုင်ငံတစ်နိုင်ငံကို တိုးတက်ပြောင်းလဲပေးခဲ့တာ။ အန်ကယ်မြင်တာကတော့ အရည်အချင်းရှိပြီး တိုင်းပြည်ကိုတိုးတက်ပြောင်းလဲချင်တဲ့စိတ်ရှိရင်တော့ ရပီထင်တယ်။ ။ အန်ကယ်က ကိုယ့်ကိုကိုယ် ယုံကြည်မှုအပြည့်အဝရှိပါတယ်။

    M-Media။    ။ အန်ကယ့်မှာစိန်ခေါ်မှုတွေ အခက်အခဲတွေရော ရှိလား။
    ဖြေ။    ။ စိန်ခေါ်မှုတွေကတော့ များတာပေါ့။ ဒါပေမယ့် အန်ကယ်ကမစိုးရိမ်ပါဘူး။ ကျော်လွှားသွားနိုင်မယ် ထင်ပါတယ်။ ရှိတဲ့အင်အားလေးနဲ့ အန်ကယ်လုပ်ဆောင်နေတာဆိုတော့ အရမ်းအခက်အခဲတော့ မရှိပါဘူး။

    M-Media။    ။ လာမယ့်ရွေးကောက်ပွဲကရော တရားမျှတမယ်လို့ ထင်မိလား။
    ဖြေ။    ။ စောင့်ကြည့်ရမဲ့အနေအထားမှာရှိတယ်။ အန်ကယ်ထင်တာကတော့ မမျှတဘူးလို့ပဲထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ မဲစာရင်းတွေ မှားတာတွေ တချို့အပြင်မှာကြားနေရတာတွေ ရှိနေတာပေါ့နော်။

    M-Media။    ။ အန်ကယ့်ရဲ့ နိုင်ငံရေးအတွေ့အကြုံလေးလည်း သိပါရစေ။
    ဖြေ။    ။ ၁၉၉၉ ခုနှစ်မှစပြီး NLD ကိုဝင်ရောက်ခဲ့တယ်။ NLD ဗဟိုတာဝန်ကနေ တာဝန်ပေးတဲ့ ရနကုန်တိုင်း လူမှုအထောက် အကူပြုအဖွဲ့(ယာယီ)မှာ အတွင်းရေးမှူးအဖြစ် ၂၀၁၂ ခုနှစ်ထိ တာဝန်ထမ်းဆောင်ခဲ့တယ်။ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး မှာလည်းေ န့စဉ်ပါဝင်ချီတက်လှုပ်ရှားခဲ့တယ်။

    12048490_736488403123189_2028083801_n

     

  • ဒေါ်ကြူကြူဝင်း-၂၀၁၅ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း မိတ်ဆက်(၂)

    ဒေါ်ကြူကြူဝင်း-၂၀၁၅ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း မိတ်ဆက်(၂)

    ၂၀၁၅ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းမိတ်ဆက်(၂)

    အမည်          – ဒေါ်ကြူကြူဝင်း
    ကိုယ်စားပြုပါတီ    – ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီ
    မဲဆန္ဒနယ်         – ရန်ကုန်တိုင်းဒေသကြီး ၊ ပန်းဘဲတန်း မဲဆန္ဒနယ် အမှတ် (၂ )
    လွှတ်တော်    – တိုင်းဒေသကြီးလွှတ်တော်၊

    Daw Kyu Kyu Win 4

    Daw Kyu Kyu Win

     

    Daw Kyu Kyu Win 1

    Daw Kyu Kyu Win 3

    Daw Kyu Kyu Win 2

  • ဦးကျော်ငြိမ်း – ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း မိတ်ဆက်(၁)

    ဦးကျော်ငြိမ်း – ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း မိတ်ဆက်(၁)

    ၂၀၁၅ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း မိတ်ဆက်(၁)

    အမည် – ဦးကျော်ငြိမ်း
    ကိုယ်စားပြုပါတီ – ကမန်အမျိုးသား တိုးတက်ရေးပါတီ
    မဲဆန္ဒနယ် – ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊မဲဆန္ဒအမှတ်(၂)
    လွှတ်တော် -ပြည်နယ်လွှတ်တော်

    U Kyaw Nyein 1

    U Kyaw Nyein

    U Kyaw Nyein 2

  • အမျိုးသား ညီညွတ်ရေး ကွန်ဂရက်ပါတီ မင်္ဂလာတောင်ညွန့် မဲဆန္ဒနယ် ရွေးကောက်ပွဲ  အောင်နိုင်ရေး ရုံးခန်းဖွင့်

    အမျိုးသား ညီညွတ်ရေး ကွန်ဂရက်ပါတီ မင်္ဂလာတောင်ညွန့် မဲဆန္ဒနယ် ရွေးကောက်ပွဲ အောင်နိုင်ရေး ရုံးခန်းဖွင့်

    အောက်တိုဘာ၊ ၁၂ ၊ ၂၀၁၅
    M-Media
    ဓါတ်ပုံ- မိုးစက်
    12077459_736375526467810_1422279976_n
    အမျိုးသားညီညွတ်ရေး ကွန်ဂရက်မှ  မင်္ဂလာတောင်ညွှန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း  ဦးဆန်းတင်ကျော်၏  ရွေးကောက်ပွဲ အောင်နိုင်ရေး ရုံခန်းဖွင့်ပွဲ အခမ်းအနားကို အောက်တိုဘာလ ၁၁ ရက်နေ့က မင်္ဂလာတောင်ညွှန့်မြို့နယ် ဒေါ်သိန်းတင်လမ်း လမ်း(၉၀) ထောင့်တွင် ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါအခမ်းအနားသို့ ဆရာတော် ဦးမုနိန္ဒ ၊ ဟိန္ဒူသာသနာတော်မှ ဆရာတော် စရီဦးမောင်မြင့် နှင့် ၈၈ မျိုးဆက်များ၊ မင်္ဂလာတောင်ညွန့် မဲဆန္ဒရှင် ပြည်သူများ တက်ရောက်ခဲ့ကြသည်။

    ထို့နောက် မင်္ဂလာတောင်ညွှန့်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသားညီညွတ်ရေး ကွန်ဂရက်ပါတီ (UNC) ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ကိုဆန်းတင်ကျော်နှင့် တိုင်းဒေကြီးလွှတ်တော်မှ ကိုယ်စားလှယ် ကိုခင်မောင်ရွှေတို့က မင်္ဂတောင်ညွှန့်မှ ပြည်သူများကို လိုက်လံနှုတ်ဆက်ခဲ့ကြသည်။

    ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဆန်းတင်ကျော်မှာ  ဂျပန်ခေတ် တော်လှန်ရေးသမား တစ်ဦးလည်းဖြစ်၊ ကန်တော့ခံ သက်ကြီး စာပေပညာရှင်၊ လွတ်လပ်ရေး မော်ကွန်းဝင် (ဒု)အဆင့်၊ နိုင်ငံဂုဏ်ရည် (ဒု) အဆင့်၊ အတ္ထုပ္ပတိ စာပေဆုရှင် (၂၀၀၈) ရရှိခဲ့သူ ဝမ်းအိုဝမ်း ဦးကျော်ဝင်းမောင်( ကွယ်လွန်) ၏ သားဖြစ်ကြောင်း သိရှိရသည်။

    12074501_10205199465362821_7150429456084652034_n

    12166120_736375499801146_1787898754_n

    DSC_0010

    12063937_736375669801129_840538874_n

  • မြန်မာနိုင်ငံသို့ ဥရောပမှ ရွေးကောက်ပွဲ စောင့်ကြည့်သူများ ရောက်ရှိလာပြီး လုပ်ငန်းစတင်

    မြန်မာနိုင်ငံသို့ ဥရောပမှ ရွေးကောက်ပွဲ စောင့်ကြည့်သူများ ရောက်ရှိလာပြီး လုပ်ငန်းစတင်

    အောက်တိုဘာ ၁၁၊ ၂၀၁၅
    M-Media

    eu

    – လာမည့် နိုဝင်ဘာ ၈ ရက်နေ့တွင် ပြုလုပ်မည့် ရွေးကောက်ပွဲအား လေ့လာရန်အတွက် ဥရောပသမဂ္ဂမှ စောင့်ကြည့်လေ့လာသူများမှာ မြန်မာနိုင်ငံသို့ ရောက်ရှိနေပြီး အောက်တိုဘာ ၁၁ ရက်နေ့ (ယနေ့တွင်) စောင့်ကြည့်လေ့လာသူ ၃၀ ခန့်မှာ ရန်ကုန်မှ ထွက်ခွာသွားကြပြီ ဖြစ်သည်။

    ဥရောပသမဂ္ဂမှ စောင့်ကြည့်လေ့လာရေးအဖွဲ့မှာ မြန်မာနိုင်ငံတွင် တစ်လကြာ နေထိုင်သွားမည်ဖြစ်ပြီး ရွေးကောက်ပွဲနေ့တွင် နော်ဝေ၊ ဆွစ်ဇာလန်တို့ကဲ့သို့ သမဂ္ဂအဖွဲ့ဝင် ၂၈ နိုင်ငံမှ စောင့်ကြည့်လေ့လာသူ ၁၅၀ မှာ နိုင်ငံတွင်တစ်ဝှမ်း၌ အခြေအနေများကို စောင့်ကြည့်သွားမည်ဖြစ်သည်။

    မြန်မာအစိုးရမှာ ရွေးကောက်ပွဲအား လွတ်လပ်၍ တရားမျှတမှုရှိသော ရွေးကောက်ပွဲဖြစ်လာမည်ဟု မျှော်လင့်နေပြီး နိုင်ငံတကာမှ လေ့လာစောင့်ကြည့်သူများကိုလည်း ရွေးကောက်ပွဲလုပ်ငန်းစဉ်အား စောင့်ကြည့်ရန် ခွင့်ပြုထားသည်။

    စောင့်ကြည့်သူများမှာ နိုင်ငံတစ်ဝှမ်း ၎င်းတို့သွားရောက်ရမည့် နေရာများကို အသေးစိတ် ရယူထားပြီး မဲပေးခြင်း၊ မဲရေတွက်ခြင်းနှင့် ရလဒ်အပေါ် တုန့်ပြန်ခြင်းတို့အပါအ၀င် ရွေးကောက်ပွဲလုပ်ငန်းစဉ်၏ အဓိက ကဏ္ဍများကို လေ့လာကာ ပြန်လည် တင်ပြသွားမည်ဖြစ်သည်။

    “လေ့လာစောင့်ကြည့်သူတွေဟာ ကော်မရှင်အနေနဲ့ ရွေးကောက်ပွဲအတွက် ပြင်ဆင်ထားလား၊ ရွေးကောက်ပွဲဆိုင်ရာ တာဝန်ရှိသူတွေကို လေ့ကျင့်ပေးထားလား ဆိုတာကို လိုက်ကြည့်သွားမှာဖြစ်ပြီး၊ နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံကာ သူတို့ ဘယ်လိုမဲဆွယ်နေလဲဆိုတာကို ကြည့်ပြီး မဲဆွယ်မှုလုပ်ငန်းကိုလည်း လေ့လာသွားမှာပါ။ ပြီးတော့ ရွေးကာက်ပွဲမှာပြောတဲ့ စကားတွေကိုလည်း နားထောင်မှာဖြစ်ပြီး နိုင်ငံရေးပါတီတွေ လွတ်လပ်စွာ စုဝေးခွင့်၊ လှုပ်ရှားခွင့်၊ ပြောကြားခွင့် အဲဒီလိုမျိုးတွေ ရလားဆိုတာကိုလည်း လေ့လာသွားမှာ
    ဖြစ်ပါတယ်” ဟု ဥရောပသမဂ္ဂ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး ကော်မရှင်အကြီးအကဲ မာ့က် စတီဗင်က ပြောကြားခဲ့သည်။

    သို့သော်လည်း စောင့်ကြည့်လေ့လာသူများမှာ ရွေးကောက်ပွဲလုပ်ငန်းစဉ်တွင် ၀င်ရောက်စွက်ဖက်သွားမည် မဟုတ်ချေ။ ရွေးကောက်ပွဲတွင် စောင့်ကြည့်သူများမှာ မမှန်ကန်မှုများကို တွေ့ရလေ့ရှိပြီး စတီဗင်ကမူ မိမိတို့မှာ ကန့်ကွက်သွားမည်မဟုတ်ဟု ဆိုသည်။

    “ကျွန်တော်တို့ရဲ့အလုပ်က ရွေးကောက်ပွဲလုပ်ငန်းစဉ်ကို စောင့်ကြည့်ဖို့နဲ့ အစီရင်ခံစာ တင်ဖို့ပါပဲ။ ရွေးကောက်ပွဲ တာဝန်ရှိသူတွေနဲ့ ကျွန်တော်တို့ ပုံမှန်အစည်းအတွေ လုပ်လေ့ရှိပြီး သူတို့ကို ဘယ်လိုအချိန်မျိုးမှာမဆို ပြဿနာတွေတင်ပြတာ မေးခွန်းတွေမေးတာတွေလည်း ရှိပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာ ကျွန်တော်တို့ဟာ လုပ်ငန်းစဉ်ကို စောင့်ကြည့်ရတာပါပဲ”

    ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်ခြင်းမပြုမီ စောင့်ကြည့်လေ့လာသူများမှာ မြန်မာနိုင်ငံ၏ နိုင်ငံရေး အခြေအနေနှင့် ရွေးကောက်ပွဲစနစ်များအကြောင်း အကြမ်းဖျင်း သိရှိထားပြီးဖြစ်သည်။ ရွေးကောက်ပွဲပြီးနောက် စောင့်ကြည့်လေ့လာရေးအဖွဲ့မှာ ၎င်းတို့၏ တွေ့ရှိချက်များကို ကနဦးအစီရင်ခံစာ တင်သွင်းရမည်ဖြစ်ပြီး နောက်ပိုင်းတွင် မြန်မာနိုင်ငံ၏ အနာဂတ်ရွေးကောက်ပွဲ လုပ်ငန်းစဉ်များအတွက် နည်းစနစ်ပိုင်းဆိုင်ရာ အကြံပေးချက်နှင့်အတူ နောက်ဆုံး အစီရင်ခံစာတစ်ခုကို ထပ်မံထုတ်ပြန်သွားမည်ဖြစ်သည်။

    Ref: Channelnewsasia