News @ M-Media

အမျိုးသား ညီညွတ်ရေး ကွန်ဂရက်ပါတီ မင်္ဂလာတောင်ညွန့် မဲဆန္ဒနယ် ရွေးကောက်ပွဲ အောင်နိုင်ရေး ရုံးခန်းဖွင့်

အောက်တိုဘာ၊ ၁၂ ၊ ၂၀၁၅
M-Media
ဓါတ်ပုံ- မိုးစက်
12077459_736375526467810_1422279976_n
အမျိုးသားညီညွတ်ရေး ကွန်ဂရက်မှ  မင်္ဂလာတောင်ညွှန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း  ဦးဆန်းတင်ကျော်၏  ရွေးကောက်ပွဲ အောင်နိုင်ရေး ရုံခန်းဖွင့်ပွဲ အခမ်းအနားကို အောက်တိုဘာလ ၁၁ ရက်နေ့က မင်္ဂလာတောင်ညွှန့်မြို့နယ် ဒေါ်သိန်းတင်လမ်း လမ်း(၉၀) ထောင့်တွင် ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါအခမ်းအနားသို့ ဆရာတော် ဦးမုနိန္ဒ ၊ ဟိန္ဒူသာသနာတော်မှ ဆရာတော် စရီဦးမောင်မြင့် နှင့် ၈၈ မျိုးဆက်များ၊ မင်္ဂလာတောင်ညွန့် မဲဆန္ဒရှင် ပြည်သူများ တက်ရောက်ခဲ့ကြသည်။

ထို့နောက် မင်္ဂလာတောင်ညွှန့်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသားညီညွတ်ရေး ကွန်ဂရက်ပါတီ (UNC) ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ကိုဆန်းတင်ကျော်နှင့် တိုင်းဒေကြီးလွှတ်တော်မှ ကိုယ်စားလှယ် ကိုခင်မောင်ရွှေတို့က မင်္ဂတောင်ညွှန့်မှ ပြည်သူများကို လိုက်လံနှုတ်ဆက်ခဲ့ကြသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဆန်းတင်ကျော်မှာ  ဂျပန်ခေတ် တော်လှန်ရေးသမား တစ်ဦးလည်းဖြစ်၊ ကန်တော့ခံ သက်ကြီး စာပေပညာရှင်၊ လွတ်လပ်ရေး မော်ကွန်းဝင် (ဒု)အဆင့်၊ နိုင်ငံဂုဏ်ရည် (ဒု) အဆင့်၊ အတ္ထုပ္ပတိ စာပေဆုရှင် (၂၀၀၈) ရရှိခဲ့သူ ဝမ်းအိုဝမ်း ဦးကျော်ဝင်းမောင်( ကွယ်လွန်) ၏ သားဖြစ်ကြောင်း သိရှိရသည်။

12074501_10205199465362821_7150429456084652034_n

12166120_736375499801146_1787898754_n

DSC_0010

12063937_736375669801129_840538874_n

Comments

Leave a Reply