News @ M-Media
Tag: 2016 Ramadan
  • ဥပုသ်သည်များအတွက် ကျန်းမာရေးလမ်းညွှန် ၀ဘ်ဆိုက်တစ်ခုကို ကာတာ လွှင့်တင်
    ဥပုသ်သည်များအတွက် ကျန်းမာရေးလမ်းညွှန် ၀ဘ်ဆိုက်တစ်ခုကို ကာတာ လွှင့်တင်
    ဇွန် ၁၁၊ ၂၀၁၆
    M-Media
    ramadan health
    – ရာမ်ဇာန်ဥပုသ်လအတွင်းမှာ ပြည်သူတွေအနေနဲ့ ကျန်းမာစွာ သွားလာနေထိုင်နိုင်စေဖို့အတွက် ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်တွေကို ဖော်ပြပေးမယ့် ၀ဘ်ဆိုက်တစ်ခုကို ကာတာ ကျန်းမာရေးဝန်ကြီးဌာနက လွှင့်တင်လိုက်တယ်လို့ သိရပါတယ်။
    Ramadan Health လို့ အမည်ပေးထားတဲ့ အဲဒီဝဘ်ဆိုက်ကို ကျန်းမာရေးဝန်ကြီးဌာနရဲ့ ပြည်သူ့ဆက်သွယ်ရေးကော်မတီက ဦးစီးလုပ်ဆောင်တာဖြစ်ပြီး ရမ်ဇာန် ဥပုသ်လအတွင်း အဖြစ်များတဲ့ ကျန်းမာရေးပြဿနာတွေအပါအ၀င်၊ ဥပုသ်သည်များ ကျန်းမာအောင် နေထိုင်နိုင်မယ့် နည်းလမ်းတွေကို ဖော်ပြထားပါတယ်။
    ဒီဝဘ်ဆိုက်ကို အာရဘီ အင်္ဂလိပ် ၂ ဘာသာနဲ့ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။
    “ဥပုသ်စောင့်နေစဉ်အတွင်း ဆီးချိုကို ထိန်းသိမ်းနည်း၊ ရေဓာတ်ပြည့်ဝအောင် စားသောက်နေထိုင်နည်းနဲ့ တခြားသော ကျန်းမာရေးနည်းလမ်းတွေနဲ့ဆိုင်တဲ့ အချက်အလက်တွေကို ဒီဝဘ်ဆိုက်မှာ ရှာဖွေနိုင်ပါတယ်” လို့ ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူ အလီ အလ် ခတ္တာက ပြောကြားခဲ့ပါတယ်။
    ဒီဝဘ်ဆိုက်ကို ရမ်ဇာန်ဥပုသ်လတစ်လုံးမှာ အမြဲတမ်း update ပြုလုပ်သွားမှာဖြစ်ပြီး ဆိုရှယ်မီဒီယာတွေကနေတစ်ဆင့်လည်း လူသိများအောင် လုပ်မှာဖြစ်ကြောင်း၊ ဒီဝဘ်ဆိုက်မှာ စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းအရာတွေ၊ အရေးအပါဆုံးနဲ့ အသုံးအ၀င်ဆုံး အကြောင်းအရာတွေကို ရှာဖွေနိုင်မယ်လို့ မျှော်လင့်ကြောင်း ခတ္တာရ်က ထည့်သွင်းပြောကြားခဲ့ပါတယ်။
    Ref: IINA
  • အာဖရိကနိုင်ငံတစ်ခုတွင် ကာတာက ရမ်ဇာန်ဥပုသ်လအထိမ်းအမှတ် ထောက်ပံ့ကူညီမှု ပြုလုပ်
    အာဖရိကနိုင်ငံတစ်ခုတွင် ကာတာက ရမ်ဇာန်ဥပုသ်လအထိမ်းအမှတ် ထောက်ပံ့ကူညီမှု ပြုလုပ်
    ဇွန် ၁၀၊ ၂၀၁၆
    M-Media
    – အာဖရိကနိုင်ငံတစ်ခုဖြစ်တဲ့ ဒီဘောက်တီမှာရှိတဲ့ ကာတာပရဟိအသင်း (QC) ရုံးက မိမိတို့အနေနဲ့ အစ်ဖ်သာရ် အလှူဒါနအစီအစဉ်တစ်ခုကို အခုတစ်ပတ်အတွင်း စတင်လိုက်ပြီး ဒီဘောက်တီနိုင်ငံတစ်ဝှမ်းက ချို့တဲ့တဲ့မိသားစုတွေကို အစားအသောက်တွေ ဝေငှပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
    QC ရုံးဒါရိုက်တာ မိုဟာမက် အလ်ဝေ့စ်က အခုအချိန်အထိ ချို့တဲ့တဲ့မိသားစုတွေအတွက် အစားအသောက်ခြင်းပေါင်း ၁၆၀၀ ၀န်းကျင်လောက်ကို ဝေငှခဲ့ပြီး၊ အဲဒီခြင်းတွေထဲမှာ ဆန်အိတ်၊ သကြားအိတ်၊ ဂျုံအိတ်တွေနဲ့ ဟင်းချက်ဆီ၊ စွံပလွံသီး၊ မြေပဲ၊ ပဲ၊ ခရမ်းချဉ်သီးအနှစ်နဲ့ အခြား စားသောက်ကုန်တွေ ပါဝင်တယ်လို့ ပြောကြားခဲ့ပါတယ်။
    ကာတာပရဟိတအသင်းဟာ ဒီလိုအစားအသောက်တွေ ဝေငှလှူဒါန်းတာအပြင် လူ ၁၀၀၀ အတွက် အစ်ဖ်သာရ် ၀ါဖြေပွဲ ပြုလုပ်ဖို့လည်း အစီအစဉ် ရှိနေပါတယ်။
    အလ်ဝေ့စ်ကတော့ ဒါဟာ ဒီဘောက်တီမှာရှိနေတဲ့ ယီမင်ဒုက္ခသည်တွေနဲ့ ဒီဘောက်တီပြည်သူတွေအတွက် အစိုးရရဲ့ အားထုတ်ကူညီများကို မိမိတို့က တစ်တပ်တစ်အား ကူညီပေးခြင်းဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒီဘောက်တီက QC ရုံးကို အခုနှစ် ဇန်န၀ါရီ ၁၉ ရက်နေ့မှာ ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။
    Ref: IINA
  • ရမ်ဇာန်ဥပုသ်လတွင်း တူရကီက နိုင်ငံရပ်ခြားသို့ အစားအသောက်အကူအညီ ပေးပို့မည်
    ရမ်ဇာန်ဥပုသ်လတွင်း တူရကီက နိုင်ငံရပ်ခြားသို့ အစားအသောက်အကူအညီ ပေးပို့မည်
    ဇွန် ၉၊ ၂၀၁၆
    M-Media
    turkish
    – တူရကီလခြမ်းနီအဖွဲ့ဟာ ရမ်ဇာန်ဥပုသ်လအတွင်းမှာ ကန်ဒေါ်လာ ၈၆၀,၀၀၀ တန်ဖိုးရှိတဲ့ အစားအသောက်ပစ္စည်းတွေကို နိုင်ငံရပ်ခြားသို့ ပေးပို့သွားမှာ ဖြစ်တယ်လို့ Anadolu သတင်းဌာနက အင်္ဂါနေ့မှာ ဖော်ပြခဲ့ပါတယ်။
    အဲဒီအစီအစဉ်မှာ လူပေါင်း ၅ သိန်းလောက် အကျိုးဖြစ်ထွန်းမှာဖြစ်ပြီး ၂၀၁၅ ခုနှစ် ရမ်ဇာန်ဥပုသ်လမှာလည်း တူရကီနိုင်ငံဟာ ပြည်တွင်းနဲ့ ပြည်ပက လူ ၁၀၀,၀၀၀ ထံ စားသောက်ကုန်ပါကင်ထုပ် ၂၀၀၀၀ ပေးပို့ခဲ့ပါတယ်။
    “ဒီနှစ်မှာတော့ တူရကီလခြမ်းနီအဖွဲ့က ရမ်ဇာန်လအတွင်း အစားအစာပါကင်ထုပ် တစ်သိန်းကို နိုင်ငံအတွင်းနဲ့ နိုင်ငံပြင်ပက လူ ၅ သိန်းဆီ အရောက်ပို့ပေးသွားမှာ ဖြစ်ပါတယ်။ တူရကီလခြမ်းနီအဖွဲ့အနေနဲ့ ပါကစ္စတန်ကို ပါကင်ထုပ် ၁၀၀၀၊ ဂါဇာကို ၁၅၀၀၀၊ ဘင်္ဂလားဒေ့ရှ်ကို ၂၂၀၀၊ အီရတ်ကို ၁၇၀၀၊ ကာဇက်စတန်ကို ၁၀၀၊ ဘော့စ်နီးယားဟာဇီဂိုးဗီးနားကို ၁၅၀၀၊ ဆားဘီးယားကို ၁၅၀၀၊ အာဖဂန်ကို ၂၀၀၀ စသဖြင့် ပေးပို့သွားမှာပါ” လို့ တူရကီ လခြမ်းနီအဖွဲ့ ဥက္ကဌ ကရင်မ် ကီနစ်က ပြောကြားခဲ့ပါတယ်။
    ဆိုမာလီယာကိုလည်း ရမ်ဇာန်လအတွင်း အကူအညီတွေ ဆက်လက် ပေးပို့သွားမယ်လို့ ကီနစ်က ထပ်လောင်းပြောကြားခဲ့ပါတယ်။
    “တူရကီက ဆီးရီးယားပြည်သူတွေရဲ့လိုအပ်ချက်ကိုလည်း ဖြည့်ဆည်းပေးသွားမှာဖြစ်ပြီး ဆီးရီးယားနိုင်ငံကို အကူအညီတွေ ပို့ပေးမှာ ဖြစ်ပါတယ်”
    Ref: IINA
  • ကနေဒါဝန်ကြီးချုပ် မွတ်စလင်များအတူ ၀ါဖြေ
    ကနေဒါဝန်ကြီးချုပ် မွတ်စလင်များအတူ ၀ါဖြေ
    ဇွန် ၈၊ ၂၀၁၆
    M-Media
    abd78902-56cc-4a87-821d-fe6e27506062_16x9_788x442
    – အစ္စလာမ်ဘာသာဝင်တို့ရဲ့ ရမ်ဇာန်ဥပုသ်လ ပထမဆုံးနေ့မှာပဲ ကနေဒါဝန်ကြီးချုပ် ဂျပ်စတင် ထရူဒူဟာ အစိုးရအဖွဲ့နဲ့ နိုင်ငံရေး အသိုင်းအ၀ိုင်းက မွတ်စလင်တွေနဲ့အတူ ဥပုသ်အထွက်မှာ ၀ါဖြေညစာ စားသောက်ခဲ့တယ်လို့ ဗီဒီယိုမှတ်တမ်းအရ သိရပါတယ်။
    .
    Facebook စာမျက်နှာပေါ် ရောက်ရှိလာတဲ့ အဲဒီဗီဒီယိုဖိုင်ကို ပြန်လည်မျှဝေမှု အကြိမ် ၄ သန်းရှိခဲ့ပါတယ်။ ထရူဒူဟာ အရှေ့အလယ်ပိုင်းနဲ့ အာရှရိုးရာ အစားအသောက်တွေကို စားသောက်ခဲ့တယ်ဆိုတာ အဲဒီဗီယိုဖိုင်မှာ တွေ့ခဲ့ရပါတယ်။
    .
    .
    ref: english.alarabiya.,Justin Trudeau twitter
  • မွတ်စလင်တို့ရဲ့ ရမဿွန် ဥပုတ်လ ပထမနေ့ ဝါမထွက်ခင် ရန်ကုန်မှ မြင်ကွင်းအချို့ (ဓါတ်ပုံသတင်း)
    မွတ်စလင်တို့ရဲ့ ရမဿွန် ဥပုတ်လ ပထမနေ့ ဝါမထွက်ခင် ရန်ကုန်မှ မြင်ကွင်းအချို့ (ဓါတ်ပုံသတင်း)
    7
    ဇွန် ၇ ၊ ၂၀၁၆ (M-Media)
    .
    ဒီကနေ့ဟာ မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်တို့ရဲ့ ရမဿွာန် ဥပုတ်လ ပထမဆုံး ရက်ပဲဖြစ်ပါတယ်။
    ညနေ နေဝင် ဥပုတ်မထွက်ခင် အစားအသောက်များ ရောင်းချ၊ ဝယ်ယူနေကြပုံ၊ သက်ဆိုင်ရာ မြို့နယ်အလိုက် ဗလီများ၊ သာရေးနာရေး အသင်းများမှ အာဟာရ ဒါန လှူဒါန်းတဲ့ ဟာလင်များကို လက်ခံ ယူနေကြပုံများနှင့် သက်ဝင်လှုပ်ရှားနေတဲ့ မွတ်စလင်မ်တို့ရဲ့ ရမဿွာန် ဥပုသ်လ ပထမရက် ရန်ကုန်မှ မြင်ကွင်းအချို့ ကို မှတ်တမ်းတင်ဖော်ပြလိုက်ရပါတယ်။
    ဓါတ်ပုံ မိုးစက်
    4 5 8 9 16 17