ဇွန် ၁၁၊ ၂၀၁၆
M-Media
– ရာမ်ဇာန်ဥပုသ်လအတွင်းမှာ ပြည်သူတွေအနေနဲ့ ကျန်းမာစွာ သွားလာနေထိုင်နိုင်စေဖို့အတွက် ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်တွေကို ဖော်ပြပေးမယ့် ၀ဘ်ဆိုက်တစ်ခုကို ကာတာ ကျန်းမာရေးဝန်ကြီးဌာနက လွှင့်တင်လိုက်တယ်လို့ သိရပါတယ်။
Ramadan Health လို့ အမည်ပေးထားတဲ့ အဲဒီဝဘ်ဆိုက်ကို ကျန်းမာရေးဝန်ကြီးဌာနရဲ့ ပြည်သူ့ဆက်သွယ်ရေးကော်မတီက ဦးစီးလုပ်ဆောင်တာဖြစ်ပြီး ရမ်ဇာန် ဥပုသ်လအတွင်း အဖြစ်များတဲ့ ကျန်းမာရေးပြဿနာတွေအပါအ၀င်၊ ဥပုသ်သည်များ ကျန်းမာအောင် နေထိုင်နိုင်မယ့် နည်းလမ်းတွေကို ဖော်ပြထားပါတယ်။
ဒီဝဘ်ဆိုက်ကို အာရဘီ အင်္ဂလိပ် ၂ ဘာသာနဲ့ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။
“ဥပုသ်စောင့်နေစဉ်အတွင်း ဆီးချိုကို ထိန်းသိမ်းနည်း၊ ရေဓာတ်ပြည့်ဝအောင် စားသောက်နေထိုင်နည်းနဲ့ တခြားသော ကျန်းမာရေးနည်းလမ်းတွေနဲ့ဆိုင်တဲ့ အချက်အလက်တွေကို ဒီဝဘ်ဆိုက်မှာ ရှာဖွေနိုင်ပါတယ်” လို့ ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူ အလီ အလ် ခတ္တာက ပြောကြားခဲ့ပါတယ်။
ဒီဝဘ်ဆိုက်ကို ရမ်ဇာန်ဥပုသ်လတစ်လုံးမှာ အမြဲတမ်း update ပြုလုပ်သွားမှာဖြစ်ပြီး ဆိုရှယ်မီဒီယာတွေကနေတစ်ဆင့်လည်း လူသိများအောင် လုပ်မှာဖြစ်ကြောင်း၊ ဒီဝဘ်ဆိုက်မှာ စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းအရာတွေ၊ အရေးအပါဆုံးနဲ့ အသုံးအ၀င်ဆုံး အကြောင်းအရာတွေကို ရှာဖွေနိုင်မယ်လို့ မျှော်လင့်ကြောင်း ခတ္တာရ်က ထည့်သွင်းပြောကြားခဲ့ပါတယ်။
Ref: IINA


Leave a Reply
You must be logged in to post a comment.