News @ M-Media

Tag: Afghanistan

  • အီရန်နှင့် ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ရန် အာဖဂန်သဘောတူ

    ဒီဇင်ဘာ- ၁၀ ၂၀၁၃
    M-Media

    Afghanistan, Iran plan cooperation pact amid tensions with U.S.

    ၂၀၁၄ ခုနှစ်နောက်ပိုင်း နိုင်ငံအတွင်း အမေရိကန်တပ်များ ဆက်လက်ရှိနေမည့် လုံခြုံရေးဆိုင်ရာ သဘောတူညီချက်အား လက်မှတ်ထိုးရန်ဆိုင်းငံ့ထားသည့် အာဖဂန်သမ္မတ ဟာမစ်ကာဇိုင်းမှာ အီရန်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ရန် တနင်္ဂနွေနေ့က သဘောတူညီခဲ့သည်ဟု သိရသည်။

    တဟီရန်သို့ရောက်ရှိနေသည့် ကာဇိုင်းမှာ အီရန်သမ္မတ ဟာဆန်ရူဟာနီနှင့် တွေ့ဆုံခဲ့ပြီးနောက် ထိုကဲ့သို့ သဘောတူညီခဲ့ခြင်းဖြစ်ပြီး အသေးစိတ်ကိစ္စရပ်များအား မကြာမီ လက်မှတ်ထိုးသွားမည်ဟု ကာဇိုင်း၏ ပြောရေးဆိုခွင့်ရှိသူ အိုင်မယ် ဖိုင်ဇီက ပြောကြားခဲ့သည်။

    ပြီးခဲ့သည့် သြဂုတ်လကလည်း အာဖဂန်နိုင်ငံမှာ အီရန်နှင့် လုံခြုံရေးကိစ္စရပ်များကို အသားပေးထားသည့် မဟာဗျူဟာကျသော ပူးပေါင်းဆောင်ရွက်မှုစာချုပ်ကိုလည်း လက်မှတ်ရေးထိုးထားသည်။

    Ref: Reuters

  • အမေရိကန်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အာဖဂန် ကျောင်းသား(၄) ဦးသေဆုံး

    ဒီဇင်ဘာ ၈ ၊ ၂၀၁၃
    M-Media

    4 killed in US-led airstrikes in Afghanistan
    – အာဖဂန်နစ္စတန် အရှေ့မြောက်ပိုင်းတွင် အမေရိကန်ကပြုလုပ်ခဲ့သော ဒရုန်းလေယာဉ်ဖြင့် တိုက်ခိုက်မှုကြောင့် ကျောင်းသား ၄ ဦးသေဆုံးခဲ့သည်ဟု အာဖဂန် စစ်တပ်မှ ယနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

    ၂၀၀၁ ခုနှစ်က အမေရိကန်အနေဖြင့် အာဖဂန်နစ္စတန်သို့ ကျူးကျော်ဝင်ရောက်ပြီးနောက်ပိုင်း ဒရုန်းလေယာဉ်များဖြင့် တိုက်ခိုက်မှုကြောင့် အာဖဂန်ပြည်သူထောင်ပေါင်းများစွာ သေကျေခဲ့ရသည်။

    ကုလသမဂ္ဂမှ တားမြစ်ထားသော အဆိုပါဒရုန်းလေယာဉ်များဖြင့် တိုက်ခိုက်မှုမှာ စစ်သွေးကြွများကို ပစ်မှတ်ထားသည်ဟု ပင်တဂွန်မှ ပြောကြားသော်လည်း လက်တွေ့တွင် သေဆုံးသူအများစုမှာ အရပ်သားများဖြစ်ကြသည်။
    Ref: Press TV

  • ဒေါ်လာ ၁ သန်း ချီးမြှင့်သည့် လူသားအကျိုးပြု Opus Prize (2013) ဆု အာဖဂန် အမျိုးသမီးရရှိ

    နိုဝင်ဘာ- ၂၁ ၂၀၁၃

    M-Media

    o-SAKENA-facebook_0
    ၂၀၁၃ ခုနှစ်အတွက် ချီးမြှင့်သော Opus Prize ဆုကို အာဖဂန်နိုင်ငံ၌ ပညာရေးဆိုင်ရာလှုပ်ရှားမှုများကို ဆောက်ရွက်လုပ်ကိုင်နေသည့် စကီနာ ယာကူဘီက ဆွတ်ခူးရရှိခဲ့သည်ဟုသိရသည်။

    ယာကူဘီမှာ ၁၉၉၅ ခုနှစ်က Afghan Institute of Learning အဖွဲ့ကို စတင်တည်ထောင်ခဲ့ပြီး ယခုအအချိန်အထိ ထိုအဖွဲ့၏ ဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်နေသူဖြစ်သည်။ Afghan Institute of Learning အဖွဲ့မှာ အာဖဂန် အမျိုးသမီးများ ဦးဆောင်သည့် NGO အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ကျောင်းဆရာများအား လေ့ကျင့်သင်ကြားပေးခြင်း၊ အာဖဂန် ကလေးငယ်များ၏ ပညာရေးအားထောက်ပံ့ပေးခြင်း၊ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များကို လိုက်လံကူညီပေးခြင်းနှင့် အမျိုးသမီးများနှင့် ကလေးငယ်များအား ပညာသင်ကြားပေးခြင်း စသည့် ကိစ္စရပ်များကို အခမဲ့ ဆောင်ရွက်ပေးနေသော အဖွဲ့လည်းဖြစ်သည်။

    ယာကူဘီက ၎င်းအနေဖြင့် Opus Prize ဆု ချီးမြှင့်သည့် ရည်ရွယ်ချက်ကို သဘောကြနှစ်ခြိုက်ပြီး၊ ထိုဆုအား ရရှိခဲ့ခြင်းအတွက် ပျော်ရွင်မိကာ၊ ဂုဏ်ယူမိကြောင်း ပြောကြားခဲ့သည်။

    “အမျိုးသား၊ အမျိုးသမီး အားလုံးအတွက် ပညာရေးကို မသင်မနေရလို့ အစ္စလာမ်က ပြောထားတာကို ကျွန်မယုံကြည်ပါတယ်။ ကုရ်အာန်ကျမ်းမြတ်က ကျွန်မတို့ကို ကောင်းမွန်စွာနေထိုင်ဖို့ သွန်သင်ပါတယ်။ ပညာရေးဟာ လူ့ကျင့်ဝတ်နဲ့ဆိုင်တဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်ရာမှာ ကျွန်မတို့ကို အရေးကြီးတဲ့ တွေးခေါ်မှုတွေ ပေးပါတယ်” ဟု ယာကူဘီက အမေရိကန် အွန်လိုင်း သတင်းဌာနတစ်ခုဖြစ်သည့် The Huffington Post သတင်းစာသို့ပြောကြားခဲ့သည်။

    ထို့ပြင် အာဖဂန်လူ့အဖွဲ့အစည်း ဖွံ့ဖြိုးရေးအတွက် ပညာရေးမှာ အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ကြောင်း၊ နိုင်ငံတစ်နိုင်ငံကို ဦးဆောင်သူမှာ တရားမျှတမှုရှိပြီး၊ ပညာတတ်ကာ လူသားဆန်သည့် ပုဂ္ဂိုလ်ဖြစ်ရမည်ဖြစ်ကြောင်း၊ အာဖဂန်နိုင်ငံ ပညာရေးအတွက် အဓိက အတားအဆီးမှာ လုံခြုံရေးပင်ဖြစ်ကြောင်း ယာကူဘီက ထပ်လောင်းပြောကြားခဲ့သည်။

    Opus Prize ဆု မှာကမ္ဘာ့တစ်ဝှမ်း ဘာသာရေးကို အခြေပြု၍ ဆင်းရဲမွဲတေမှု၊ ငတ်မွတ်ခေါင်းပါးမှု၊ ရောဂါထူပြောမှု၊ တရားမမျှတမှု စသည့် ဒုက္ခသုက္ခပေါင်းစုံ ခံစားနေရသော သူများ အတွက် လူထု အကျိုးပြုလုပ်ငန်းများကို စွမ်းစွမ်းတမံဆောင်ရွက်နေသော သူများအား ဂုဏ်ပြုသောအနေဖြင့် ၁၉၉၄ ခုနှစ်မှစတင်ကာ နှစ်စဉ် ချီးမြှင့်သည့် ဆုတံဆိပ် တစ်ခုဖြစ်ပြီး ဆုကြေးငွေမှာ ကန်ဒေါ်လာ ၁ သန်းဖြစ်သည်။

    ဆုချီးမြှင့်ပွဲ အခမ်းအနားကို ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ၀ါရှင်တန်မြို့ Georgetown တက္ကသိုလ်ရှိ Berkley ဘာသာရေးနှင့် ငြိမ်းချမ်းရေး စင်တာတွင်ပြုလုပ်ခဲ့ပြီး Georgetown တက္ကသိုလ် ဥက္ကဌ ဂျွန် ဂျေ ဒီဂျီယိုအီယာက ချီးမြှင့်ခဲ့သည်။

  • အာဖဂန်၏ တစ်ဦးတည်းသော အမျိုးသမီး အုပ်ချုပ်ရေးမှူးမှ အာရှနိုဗယ်လ်ဆု ပထမဆုံးရရှိ

    ဇူလိုင် ၂၅၊၂၀၁၃
    M-Media

    Habiba Sarabi, Afghanistan's first and only female governor

    ကဗူးလ်။        ။အာဖဂန်နစ္စတန်၏ ပထမဆုံးနှင့်တစ်ဦးတည်းသော အမျိုးသမီးအုပ်ချုပ်ရေးမှူး ဟဗီဗဟ် စရာဗီ(Habiba Sarabi) သည် မနီလာ အခြေစိုက် ဆုချီးမြှင့်ရေးအဖွဲ့မှပေးအပ်သည့် ဤျနှစ်၏ Ramon  Magsaysay Awards ဆုရှင်ဖြစ်လာကြောင်း ဗုဒ္ဓဟူးနေ့က ကြေငြာလိုက်သည်။

    “ ဒီလို ဂုဏ်ယူစရာဆုကို လက်ခံရရှိတဲ့ ပထမဆုံးအာဖဂန် အမျိုးသမီးတစ်ဦးအနေနဲ့ ယနေ့အဖို့ ကျွန်မ ပျော်ရွှင်မိပါတယ်။ တန်ဖိုးလည်းထားပါတယ်။ ဒီဆုဟာ ဗမ်ယန်ခရိုင်အုပ်ချုပ်မှုကောင်းမွန်လာအောင် ဖော်ဆောင်အားထုတ်နိုင်ခဲ့တဲ့အပေါ် ကျွန်မကို အသိအမှတ်ပြုချီးမြှင့်မှုတစ်ရပ် ဖြစ်ပါတယ် ” ဟု စရာဗီမှ စင်ဟွာသတင်းဌာနသို့ ကြာသပတေးနေ့က ပြောပြခဲ့သည်။

    အာဖဂန်နစ္စတန်အလယ်ပိုင်း ဗမ်ယန်ခရိုင် အုပ်ချုပ်ရေးမှူး တစ်ဦးဖြစ်သူ စရာဗီသည် ၂၀၀၅ ခုနှစ်ကတည်းကပင် အုပ်ချုပ်ရေးမှူးတာဝန်ကို ရယူခဲ့ပြီး၊ ထိုဒေသ၏ ပညာရေး၊ လူ့အခွင့်အရေး နှင့် လုံခြုံရေးကို ခိုင်မာအောင် ဆောင်ရွက်နိုင်ခဲ့သည်။

    “ ဒီဆုကို လက်ခံရရှိခြင်းက အာဖဂန်တွေရဲ့လူနေမှုအဆင့်မြင့်မားဖို့အတွက်၊ အလားတူစွာပဲ စစ်ဒဏ်ခံတိုင်းပြည်က အမျိုးသမီးတွေအတွက် အကောင်းဆုံးဆက်လက် လုပ်ဆောင်သွားဖို့ ကျွန်မကို ထပ်မံတွန်းအားပေးလိုက်တာပါပဲရှင် ” ဟု စရာဗီမှ ဆိုသည်။

    စရာဗီသည် လူပုဂ္ဂိုလ်သုံးဦးနှင့် အဖွဲ့အစည်းကြီးနှစ်ရပ်အနက်မှ ဤနှစ်၏ Ramon Magsaysay Awards အတွက် အများဆန္ဒအရ ရွေးချယ်ခံရခြင်းဖြစ်သည်။

    Ramon Magsaysay Awards Foundation အား ဖိလစ်ပိုင်သမ္မတဟောင်း၏အမည်ကို အစွဲပြုခေါ်ဆိုထားပြီး၊ ၄င်းမှ ချီးမြှင့်သည်ကို အာရှနိုဗယ်လ်ဆုအဖြစ် အသိအမှတ်ပြုသတ်မှတ်ကြသည်။

    လာမည့်သြဂုတ်လအတွင်း လက်ခံရရှိမည့် ဆုကြေးငွေကို မည်သည့်နေရာ၌ မြှုပ်နှံအသုံးချမည်ဟူသည်ကို မဆုံးဖြတ်ရသေးကြောင်း၊ သို့သော်လည်း အမျိုးသမီးများ လူနေမှုအဆင့်မြင့်မားရေး နှင့် မိန်းကလေးငယ်များ၏ ပညာရေး အတွက် ပံ့ပိုးပေးရန် စဉ်းစားထားကြောင်း စရာဗီမှ ပြောဆိုလိုက်သည်။

    BERNAMA

  • အမေရိကန်နိုင်ငံသားတွေရဲ့ အသက်ကယ်နေသည့်  အီရန်ဆေးပညာ

    အမေရိကန်နိုင်ငံသားတွေရဲ့ အသက်ကယ်နေသည့် အီရန်ဆေးပညာ

    ဒီဇင်ဘာ ၃၊ ၂၀၁၂

    M-Media

    အီရန် နိုင်ငံအပေါ် အမေရိကန်ဦးဆောင်သော ဥပဒေမဲ့ စီးပွားရေး အရေးယူ ပိတ်ဆို့မှု့များကြောင့် အီရန်နိုင်ငံသား လူနာများ၏ ဘ၀အပေါ် ဆိုးဝါးစွာ အကျိုး သက်ရောက်လျှက် ရှိနေချိန်တွင် အမေရိကန် နိုင်ငံသားများအသက်ကို  အီရန် ဆေးပညာက ကယ်တင်လျှက် ရှိသည်။

    တနင်္ဂနွေနေ့က ဝေါစထရိတ်ဂျာနယ်၏ အင်တာနက် အစီရင်ခံစာတွင် အာဖဂန်နစ္စတန်ရောက် နယ်ခြားစစ်တပ်များအား အာရှအလယ်ပိုင်းရှိ မြွေဟောက်ကိုက်ခံရမှုများ၊ ငန်းစောင်းနှင့် အခြားသော အနောက်တောင်အာရှ၏ ထူးခြားသောမြွေ အကိုက်ခံရမှုများကို ကုသရန် အမေရိကန် ကာကွယ်ရေးဌာန အနေဖြင့် အီရန်နိုင်ငံ၏ ဆေးဝါး သုတေသန နည်းပညာနှင့် ဆေးဝါးထုတ်လုပ်မှု လိုအပ်သည် ဟုထုတ်ဖေါ် ပြောခဲ့သည်။

    “အမေရိကန်ဗဟိုမှ ထုတ်ပြန်သော ဆေးပညာ လမ်းညွှန်တွင် အီရန်နိုင်ငံ၏ ရာဇီ မြွေဆိပ်ဖြေဆေးနှင့် သွေးရည်ကြည် သုတေသန အဖွဲ့မှ ထုတ်လုပ်သော ဆေးဝါးများသည် မြွေဆိပ်ကုထုံးပညာတွင် ပထမတန်းစားဖြစ်သင့်သည်။”ဟု အရာရှိတဦး၏ ပြော စကားကို ကိုးကားဖေါ်ပြသည်။

    “အီရန်ရဲ့ မြွေဆိပ်ဖြေဆေးက အကောင်းဆုံးဘဲ” ဟု အာဖဂန်တောင်ပိုင်း အခြေစိုက် အမေရိကန်ရေတပ်နှင့် ကပ်လျှက်ရှိသော ဗြိတိန် ဦးဆောင်သည့် ဘော့စတွန် ယာယီအခြေစိုက် ဆေးရုံ ဆေးဝါးသိုလှောင်ရုံမှ ဆေးပညာ ညွှန်ကြားရေးမှုး ဗိုလ်မှုးကြီး ရော့ဘ်ရပ်စဲလ် က ပြောပါသည်။

    အစီရင်ခံစာတွင်  အမေရိကန်နိုင်ငံ ဆေးဝါးနှင့် စားသောက်ကုန်လုပ်ငန်း (FDA) မှ အသိအမှတ်ပြုသော အမေရိကန်ထုတ် မြွေဆိပ်ဖြေဆေးမှာ “အာဖဂန်နိုင်ငံတွင် ဖြစ်ပွားခဲ့သည့် မြွေကိုက်မှုများအပေါ် မစွမ်းဆောင်နိုင်ကြောင်း” မီးမောင်းထိုးပြခဲ့သည်။

    အမေရိကန် အဖွဲ့အစည်းများအနေဖြင့် အီရန်နိုင်ငံသို့ ဆေးနှင့် ဆေးပစ္စည်းများ ရောင်းချခွင့်မပြုရဟု ပိတ်ပင်ထားသော်လည်း ပို့ကုန်လုပ်ငန်းရှင်များမှာ အထူးလိုင်စင်များ လျှောက်ထားရန် လိုအပ်ပေသည်။  ထိုအမိန့်တို့ စတင်ပေါ်ထွက်လာသည့်အခါ ဘဏ်များမှတဆင့် ငွေလွှဲခြင်းတို့မှာ လျှင်မြန်စွာ ပြုလုပ်ရန် မဖြစ်နိုင်အောင်ရှိနေခဲ့ပြီး အီရန်နိုင်ငံ၏ ဆေးဝါးနှင့် ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုတို့ကို နှေးကွေးလေးလံစေပါသည်။ လူနာ သန်းပေါင်းများစွာတွင် အဖြစ်များသည့် ရောဂါများဖြစ်သည့် မွေးရာပါ သွေးအားနည်းရောဂါ၊ သွေးမတိတ်သောရောဂါ၊ အသဲရောင်ရောဂါ၊ အအေးပိုင်း ဒေသတွင်သာ တွေ့ရှိရသော ဦးနှောက်နှင့် အာရုံကျောမကြီး ထူမာသည့်ရောဂါ။ ဆီးချိုရောဂါ နှင့် အခြားသော ရောဂါများအား ကုသရန် အခက်အခဲများတွေ့ကြုံနေပေရသည်။ ထိုသို့သော အမေရိကန်တို့ ဖန်တီးလာခဲ့သည့် ပိတ်ဆို့အရေးယူမှုများကြောင့် အီရန်လူနာများ၏ အသက်အန္တရာယ်ကို ထိခိုက်လာစေသည်။

    အမေရိကန်တို့၏ အီရန်နိုင်ငံအပေါ် ဆန့်ကျင် ချမှတ်ထားသော ပိတ်ဆို့မှု အမိန့်များရဲ့ အကျိုးဆက်ကြောင့် သွေးမတိတ်သည့်ရောဂါ ခံစားနေရသော အီရန် ဆယ်ကျော်သက်အရွယ် တဦးမှာ ဆေးရုံတွင် လိုအပ်သောဆေးဝါး မပြည့်စုံသဖြင့် နိုဝင်ဘာလအတွင်းက အသက်ဆုံးရှုံးခဲ့၇သည်။

    ထင်ရှားကျော်ကြားသော အီရန်စာရေးဆရာ ဒေါက်တာ အစ္စမေးစလာမီက အမေရိကန်တို့ ဖန်တီးယူထားသည့် လူမဆန်သော ပိတ်ဆို့သည့် အမိန့်များအပေါ် မီးမောင်းထိုးပြခဲ့သည်။

    “အီရန်နိုင်ငံအပေါ် တမင်သက်သက် ပြစ်ဒဏ်ချမှတ်သည့် ဥပဒေနှင့်မညီသော ပိတ်ဆို့အမိန့်များသည် အမှန်တကယ် လူနာသန်းပေါင်းများစွာ၏ အသက်ကို ထိခိုက်ဆုံးရှုံးစေသည့် လူမဆန်သော လုပ်ရပ်၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ဥပဒေကို ဆန့်ကျင်သော လုပ်ရပ်ဖြစ်သလို  လူသားဝိဥာဉ်များအပေါ် လုံးဝမှန်ကန်သော  လူမဆန်သည့် လုပ်ရပ် ဖြစ်သည်” ဟု ဒေါက်တာ စလာမီက အောက်တိုဘာ ၁၉ရက်နေ့က တီဗွီ သတင်းစာ ရှင်းလင်းပွဲ အင်တာနက်စာစောင် တွင် ရေးသားခဲ့သည်။

    ရာဇီ အဆိပ်ဖြေဆေးဌာန၏ သုတေသနခေါင်းဆောင် ဟဒီဇာရာက အီရန်အဆိပ်ဖြေဆေးကို ရည်ညွှန်းလျှက် “ကျွန်တော်တို့က ဒါကိုလူသားများ အသက်ကယ်ဖို့ လုပ်တာပါ။ ဒီတော့ အီရန်နိုင်ငံသား၊ အာဖဂန်နိုင်ငံသား၊ အမေရိကန်နိုင်ငံသား၊  ဆိုတာတွေက အရေးမကြီးပါဘူး။ အမေရိကန် စစ်သားကို အသက်ကယ်လိုက်တယ် လို့ကြားရတာတောင် ကျွန်တော်တို့ ၀မ်းသာပါတယ်။” ဟုပြောခဲ့သည်။

    အမေရိကန်တို့ ဖန်တီးသည့် ဥပဒေမဲ့ အမိန့်များမှာ အီရန်နိုင်ငံသည် အနုမြူ စွမ်းအင် ပြုလုပ်ရန် ရည်ရွယ်နေသည် ဆိုသည့် အရပ်သားများနှင့်မဆိုင်သော မသေချာသည့် စွပ်စွဲချက်မျးအပေါ် အခြေခံရ်ျ  ပြစ်ဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

    အီရန်က အနုမြူ မပြန့်ပွားရေး သဘောတူစာချုပ် (NPT) တွင်ပါဝင် လက်မှတ် ရေးထိုးပြီးဖြစ်ကြောင်း နှင့် အပြည်ပြည်ဆိုင်ရာ အနုမြူစွမ်းအင်ဆိုင်ရာ အဖွဲ့အစည်းတွင် အဖွဲ့ဝင်အဖြစ်ပါဝင်ပြီးဖြစ်ကြောင်း၊ အနုမြူစွမ်းအင်ကို ငြိမ်းချမ်းသော ရည်ရွယ်ချက်များအတွက် သုံးစွဲနိုင်ခွင့်ရှိကြောင်း လျှောက်လဲလျှက် စွပ်စွဲချက်များအပေါ် ငြင်းဆိုသည်။

    ကိုးကား – http://www.presstv.ir/