News @ M-Media

Tag: Afghanistan

  • ၁၃ နှစ်ကြာပြီ ဖြစ်တဲ့ အာဖဂန် ကျူးကျော်စစ်တွင် ပါဝင်ခဲ့သော ဗြိတိန် စစ်တပ် အိမ်ပြန်ပြီ

    ၁၃ နှစ်ကြာပြီ ဖြစ်တဲ့ အာဖဂန် ကျူးကျော်စစ်တွင် ပါဝင်ခဲ့သော ဗြိတိန် စစ်တပ် အိမ်ပြန်ပြီ

    အောက်တိုဘာ ၂၇ ၊ ၂၀၁၄
    M-Media
    2014102615119240734_20
    – ၁၃ နှစ်တာ ကြာမြင့်ခဲ့သည့် အာဖဂန်အား အမေရိကန်၏ ကျူးကျော်စစ်တွင် ပါဝင်ခဲ့သည့် ဗြိတိန်စစ်တပ်များမှာ ၎င်းတို့၏ တာဝန်များကို အဆုံးသတ်လိုက်ပြီး အိမ်ပြန်တော့မည်ဟု သိရသည်။

    ဗြိတိန်စစ်တပ်မှာ ၎င်းတို့၏ တာဝန်အရပ်အရပ်ကို အာဖဂန် အနောက်တောက်ပိုင်း ဟဲလ်မန်းပြည်နယ်ရှိ Bastion နှင့် Leatherneck စစ်အခြေစိုက် စခန်းနှစ်ခုတွင် အာဖဂန် တပ်များအား ယမန်နေ့က လွှဲပြောင်းပေးခဲ့သည်။ သို့သော်လည်း ဗြိတိန်တပ်များ အာဖဂန်မှ ထွက်ခွာမည့်အချိန်ကို လုံခြုံရေး အကြောင်းပြချက်ဖြင့် ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိချေ။

    အဆိုပါ တပ်စခန်းနှစ်ခုမှာ အာဖဂန် အနောက်တောင်ပိုင်း ဒေသအတွက်နိုင်ငံတကာမဟာမိတ်တပ်များ အခြေစိုက်ရာ ဌာနချုပ်ကြီးဖြစ်ပြီး ဗြိတိန်တပ်များ ထွက်ခွာပြီးနောက် အာဖဂန်တပ်မတော် အမှတ် ၂၁၅ တပ်မမှ ကွပ်ကဲအုပ်ချုပ်မည်ဖြစ်သည်။

    အာဖဂန်ကျူးကျော်စစ်အတွင်း အမေရိကန်နှင့် ဗြိတိန်တပ်များမှာ တိုက်ပွဲကြီးများကို ရင်ဆိုင်ခဲ့ရပြီး ၂၀၀၁ ခုနှစ်မှစတင်ခဲ့သည့် အဆိုပါ စစ်ပွဲအတွင်း အမေရိကန်စစ်သား ၂၂၁၀နှင့် ဗြိတိန်စစ်သား ၄၅၃ ဦး သေဆုံးခဲ့သည်။ အာဖဂန်မှ နိုင်ငံခြားတပ်များမှာ ယခုနှစ်အကုန် နောက်ဆုံးထား၍ ထွက်ခွာမည်ဖြစ်သည်။

    ref_ AP

  • အာဖဂန် သမ္မတသစ် အဖြစ် အရှ်ရက်ဖ်ဂနီ ကျမ်းကျိန်

    အာဖဂန် သမ္မတသစ် အဖြစ် အရှ်ရက်ဖ်ဂနီ ကျမ်းကျိန်

    စက်တင်ဘာ ၃၀ ၊ ၂၀၁၄
    M-Media
    Ashraf-Ghani_3054762b
    – ရွေးကောက်ပွဲနှင့် ပတ်သက်၍ လပေါင်း များစွာကြာ ငြင်းခုံမှုများဖြစ်ပွားခဲ့သည့် အာဖဂန်နစ္စတန်၏ သမ္မတသစ် အဖြစ် အရှ်ရက်ဖ် ဂနီက ယမန်နေ့တွင် ကျမ်းကျိန်ခဲ့သည်ဟု သိရသည်။

    ၂၀၀၁ ခုနှစ် တာလီဘန် အစိုးရ ပြုတ်ကျသွားခဲ့ပြီးနောက် နိုင်ငံ၏ ပထမဆုံး ဒီမိုကရေစီနည်းကျ  အာဏာ လွှဲအပ်မှုဖြစ်သည့် သမ္မတ ကျမ်းကျိန်ပွဲကို ယမန်နေ့က မြို့တော် ကဘူးလ်တွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။

    “ကျွန်တော်ဟာ ခင်ဗျားတို့အားလုံးထက် ပိုကောင်းတဲ့သူ မဟုတ်ပါဘူး။ တကယ်လို့ ကျွန်တော်လုပ်တာမှန်ရင် ခင်ဗျားတို့ အားပေးကူညီကြပါ။ မှားနေတယ်ဆိုရင်တော့ ကျွန်တော့်ကို အမှန်ပြင်ပေးကြပါ” ဟု ဂနီက ကျမ်းကျိန်ပြီးနောက် ပြောကြားခဲ့သည်။

    ဂနီနှင့်ပြိုင်ဘက် အဗ္ဗဒူလ်လာကလည်း ၀န်ကြီးချုပ် အဆင့်နှင့်ညီသည့် အစိုးရ အမှုဆောင် အရာရှိအဖြစ် ကျန်းကျိန်ခဲ့သည်။ ၎င်းတို့နှစ်ဦးစလုံးမှာ ရွေးကောက်ပွဲ ရလဒ်အတွက် အခြေအတင်ဖြစ်ခဲ့ပြီး ပြီးခဲ့သည့် သီတင်းပတ် အနည်းငယ်ကမှ ညီညွတ်ရေး စာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။

    ယခုဖွဲ့စည်းမည့် အာဖဂန် အစိုးရသစ်တွင် သမ္မတနှင့် အမှုဆောင် အရာရှိချုပ်တို့က တိုင်းပြည်အား ပူးတွဲအုပ်ချုပ်သွားမည်ဖြစ်သည်။ အာဖဂန် သမိုင်းပညာရှင် ဟီလီနာ မာလစ်ယာ ကမူ သမ္မသစ် ဂနီကျမ်းကျိန်ခဲ့သည့်နေ့မှာ အာဖဂန်ပြည်သူအများစုအတွက် ခါးသီဖွယ်ရာများကြားမှ ချိမြိန်စရာကောင်းသောနေ့ဖြစ်သည် ဟု ပြောကြားခဲ့သည်။

    ref_ Al Jazeera and agencies

  • အာဖဂန် သမ္မတသစ်ကို ရွေးကောက်ပွဲ ကော်မရှင်ကြေညာ

    အာဖဂန် သမ္မတသစ်ကို ရွေးကောက်ပွဲ ကော်မရှင်ကြေညာ

    စက်တင်ဘာ ၂၃ ၊ ၂၀၁၄
    M-Media
    Ashraf-Ghani_2967111b
    – သမ္မတရွေးကောက်ပွဲနှင့် ပတ်သက်၍ လအတော်ကြာ အငြင်းပွားခဲ့ပြီးနောက်ပိုင်း အရှ်ရက်ဖ် ဂနီကို နိုင်ငံ၏ သမ္မတသစ်အဖြစ် အာဖဂန်ရွေးကောက်ပွဲ ကော်မရှင်က ယမန်နေ့တွင် ကြေညာလိုက်သည်ဟု သိရသည်။

    တာလီဘန် အဖွဲ့ ပြုတ်ကျသွားပြီးနောက်ပိုင်း တတိယ အကြိမ်မြောက် ရွေးကောက်ပွဲကို ဧပြီလ ၅ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပြီး မဲ အရေအတွက် တူညီနေသည့်အတွက် ဂနီနှင့် ပြိုင်ဘက် အဗ်ဒူလာ အဗ်ဒူလာတို့၏ ဒုတိယအကျော့ သမ္မတ ရွေးကောက်ပွဲကို ဇွန်လ ၁၄ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။

    သို့သော်လည်း ရွေးကောက်ပွဲပြီးနောက်ပိုင်း ဂနီနှင့် အဗ်ဒူလာတို့အကြား အပြင်းအထန် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ပြီးခဲ့သည့် တနင်္ဂနွေနေ့တွင် ညီညွတ်သော အစိုးရ တစ်ရပ်ဖွဲ့စည်းရန် ၎င်းတို့နှစ်ဦး သဘောတူညီချက်ရရှိခဲ့သည်။

    ရွေးကောက်ပွဲရလဒ်ကိုမူ ကော်မရှင်က မကြေညာသေးဘဲ၊ ၀န်ကြီးချုပ် ရာထူးနှင့် ညီမျှသည့် အစိုးရ အမှုဆောင်အကြီးအကဲအဖြစ် အဗ်ဒူလာက တာဝန်ယူမည်ဖြစ်သည်။ ထိုအမှုဆောင် အကြီးအကဲမှာ သမ္မတနှင့် နီးနီးကပ်ကပ် ဆောင်ရွက်ရမည်ဖြစ်သည်။

    တိုင်းပြည်အား အုပ်ချုပ်မှုလုပ်ငန်းများကို အမှုဆောင်အကြီးအကဲ ခေါင်းဆောင်သည့် ၀န်ကြီးများကောင်စီမှ တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ပြီး မဟာဗျူဟာကျသည့် ဆုံးဖြတ်ချက်များကို သမ္မတနှင့် အမှုဆောင်အကြီးအကဲတို့ ပါဝင်သည့် ၀န်ကြီးအဖွဲ့က ချမှတ်သွားမည်ဖြစ်သည်။

    ref_ Al Jazeera and agencies

  • တာလီဘန် လက်က လွတ်လာတဲ့ အမေရိကန် စစ်သား အစ္စလာမ်ကို လက်ခံခဲ့လေသလော ?

    တာလီဘန် လက်က လွတ်လာတဲ့ အမေရိကန် စစ်သား အစ္စလာမ်ကို လက်ခံခဲ့လေသလော ?

    ၂၀၁၄၊ ဇွန်လ ၁၀ ရက်
    M-Media
    မင်းထွဋ်ခေါင် ဘာသာပြန်ဆိုသည်။

    AFGHANISTAN-TALIBAN-UNREST-US-QATAR

    များမကြာသေးမီ အာဖဂန်နစ္စတန်မှ တာလီဘန်တို့ လွှတ်ပေးလိုက်သော အမေရိကန် ဆာဂျင် ဘိုဝီ ဘာ့ဂ်ဒါလ်သည် အစ္စလာမ်သာသနာသို့ ပြောင်းလဲသက်ဝင်ခဲပြိး မိမိကိုယ်ကို အစ္စလာမ့်စစ်သည် (မုဂျာဟစ်ဒ်) ဟု ကြေငြာခဲ့ကြောင်း လျှို့ဝှက်မှတ်တမ်းအရ သိရသည်ဟု ကြာသပတေးနေ့ Fox News ၏ သတင်း၌ ဆိုသည်။

    ဘာ့ဂ်ဒါလ်မှာ သူ့အား ဖမ်းဆီးထားသူတို့ထံ ညှင်းပန်းနှိပ်စက်မှု မရှိဘဲ ဖော်ရွေနွေးထွေးသည့် ဆက်ဆံရေးကိုသာ မြင်ခဲ့ရသည်ဟု မျက်မြင်သက်သေ၏ အဆိုကိုအခြေခံပြီး ဤအချက်အလက်များကို ဖော်ပြသည့် Fox သတင်းဌာနက ပြောသည်။

    “ သူဟာ ယုံကြည်စိတ်ချရတဲ့ နောက်လိုက်ကောင်းဖြစ်တဲ့ အပြင် အခါအားလျော်စွာ သူကို သေနတ်ပါ ပေးကိုင်တယ် ” လို့  အဆိုပါသတင်းဌာနက ထပ်မံဖြည့်စွက်ဖော်ပြခဲ့သည်။

    အထောက်အထား မှတ်တမ်းများအရ ဘာ့ဂ်ဒါလ်သည် တစ်ကြိမ်တွင် သုံ့ပန်းအဖြစ်မှ အလွတ်ရုန်း ထွက်ပြေးသွားနိုင်ခဲ့ပြီး ၅ ရက်တိုင်တိုင် လွတ်မြောက်နေခဲ့သည်။ သို့သော် ပြန်လည်ဖမ်းဆီးခံရသောအခါ သတ္ထုလှောင်အိမ်တစ်ခုအတွင်း တိရစ္ဆာန်တစ်ကောင်ကဲ့သို့ ပိတ်လှောင်ခံခဲ့ရသည်။

    သို့သော် တာလီဘန်တိုက်ခိုက်ရေးသမားနှင့်အတူ ဘောလုံးကစားခဲ့ဖူးကြောင်း၊  အေကေ ၄၇ ဖြင့် သေနတ်ပစ် လေ့ကျင့်မှု၌ ပါဝင်ခြင်း အပြင် သေနတ်တစ်လက်ကို မိမိဖာသာ သယ်ဆောင်ခွင့် ပြုခဲ့ကြောင်း၊ ရယ်ရယ်မောမောဖြင့် ရင်းနှီးစွာ စကားပြောကြအကြောင်း၊ အရဗီစကားဖြင့် ငြိမ်းချမ်းပါစေဟု စလာမ်ဆိုနှုတ်ဆက်ကြောင်း ဟုလည်း သတင်းထွက်ခဲ့၏။

    ဘာ့ဂ်ဒါလ်နှင့် တာလီဘန်တို့၏ နွေးထွေးသော ဆက်ဆံရေးအကြောင်းကို တင်ပြသည့် အမေရိကန်သတင်းဌာနမှာ Fox News တစ်ခုတည်း မဟုတ်ပါ။

    အမေရိကန် အခြေစိုက် လက်ျာယိမ်း ၀က်ဘ်ဆိုဒ်ဖြစ်သော Breitbart ကလည်း ယူကေ နေ့စဉ်သတင်းမှ ၂၀၁၀ ဆောင်းပါးကိုညွှန်းပြီး၊ ဘာ့ဂ်ဒါလ်သည် အစ္စလာမ်သို့ ကူးပြောင်းလက်ခံခဲ့ပြီး တာလီဘန်တိုက်ခိုက်ရေးသမားတို့ကို ဗုံးလုပ်နည်း သင်ကြားပေးခဲ့ကြောင်း ဆိုသည်။

    မိမိကိုယ်ကို ဟာဂျီ နဒီးမ်ဟု ခေါ်ဆိုသော တာလီဘန် ဒုတိုင်းမှူးဖြစ်သူနှင့် UK Daily Mail မှ အင်တာဗျူးစဉ် ဘာ့ဂ်ဒါလ်သည် မိမိအား မိုဘိုင်းလ်ဖုန်းကို တစ်စစီဖြုတ်ပြီး အဝေးထိန်း ချိန်ကိုက်ဗုံး အဖြစ် ပြောင်းလဲအသုံးချနည်း သင်ကြားပေးခဲ့သည်ဟု ၎င်းက ပြောသည်။

    ထိုသတင်းအား အတည်မပြုနိုင်သေးပါ။ သူလွတ်မြောက်လာပြီးနောက်ပိုင်း သူ၏အစ္စလာမ် လက်ခံသက်ဝင်မှုနှင့် ပတ်သက်၌ တာလီဘန်တို့သည် မည်သည့်မှတ်ချက် မပေးသေးချေ။

    တာလီဘန်ပြောရေးဆိုခွင့်ရှိသူ ဇိုင်ဘူလာ မုဂျာဟစ်က အေပီသတင်းဌာနသို့ “ သူ့သုံ့ပန်းဘ၀ အခြေအနေအကြောင်းကို အမေရိကမှာ ခင်ဗျားတို့ မေးမြန်းကြည့်နိုင်ပါတယ်။ မကျေနပ်တဲ့ စကား ဆိုမှာ မဟုတ်ဘူး ” ဟူသော စကားဖြင့် သောကြာနေ့တွင် ဘာ့ဂ်ဒါလ်အား သုံ့ပန်းဘ၀တွင် ကောင်းစွာ ဆက်ဆံခဲ့ကြောင်း၊ သူ့အား တာဝန်ယူထားသူနှင့်အတူ ဘောလုံးကစားခွင့်ပြုကြောင်း၊ သူတောင်းဆိုသမျှ အစားအသောက်နှင့် သီးနှံများ ပေးကမ်းခဲ့ကြောင်းကိုသာ ဖုန်းဖြင့်ပြောပြခဲ့သည်။

    US soldier freed in Taliban prisoner swap
    ဘာ့ဂ်ဒါလ် ရဲ့ မိဘ (၂) နှစ်ပါးနဲ့ သမ္မတ အိုဘားမား

    အမည်မဖော်လိုသူ တာလီဘန် ထိပ်တန်း အရာရှိ တစ်ဦးကလည်း ပြန်လွှတ်လိုက်သည့် အမေရိကန် ဆာဂျင်အပေါ် ပြုမူဆက်ဆံပုံကို “ ကျွန်တော်တို့လည်း လူသားတွေဖြစ်တယ်၊  နှလုံးသားရှိတဲလူတွေဆိုတာ ခင်ဗျားတို့ သိကြပါတယ်။ ကျွန်တော်တို့ အချင်းချင်းကြား စစ်ပွဲတွေဖြစ်ကြတယ်။ တိုက်ပွဲထဲမှာ အမေရိကန်တွေ ကျွန်တော်တို့ကို သတ်ဖြတ်သလို ကျွန်တော်တို့လည်း သူတို့ကို သတ်တယ်လေ။ ဒါပေမယ့် (သုံ့ပန်းဖြစ်သွားတဲ့) ဘာ့ဂ်ဒါလ်ကိုတော့ သူစိတ်ချမ်းသာအောင် တတ်နိုင်သမျှ ကျွန်တော်တို့ လုပ်ဆောင်ပေးခဲ့ပါတယ် ” ဟူ၍ မိမိတို့ထံပြောပြခဲ့ကြောင်း သောကြာနေ့ထုတ် The Time မဂ္ဂဇင်းက ဖော်ပြသည်။

    ဘာ့ဂ်ဒါလ်သည် အာဖဂန်ဘာသာစကားဖြစ်တဲ့ Pashto ကို အခြေခံ  လေ့လာသင်ယူခဲ့ကြောင်း၊ သူ့အား လက်ရဖမ်းဆီးခဲ့သော တာလီဘန်များအကြား မိတ်ဆွေများစွာ ရှိခဲ့ကြောင်း၊ ကောင်းမွန်စိတ်ရှင်းသည့် ပြည်တော်ပြန် ခရီး ဖြစ်စေလိုကြောင်း ၎င်းသူ၏စကားအရ သိရသည်။

    လွန်ခဲ့သည့် ရက်သတ္တပတ် သူ့အားလွှတ်ပေးလိုက်သည့် တာလီဘန် ဗီဒီယို မှတ်တမ်းတစ်ခုတွင် သူ့ကို ၎င်းသူတို့မှ လက်ဆောင်ပေးထားသည့် ဗောင်းထုတ်ကို ပခုံးပေါ်ဖြန့်ပြီး ဆောင်းလျက်သား တွေ့မြင်ခဲ့ကြရသည်။

    သို့သော် ဘာ့ဂ်ဒါလ်၏ ပြည်တော်ပြန်ခရီးမှာကား စိုပြေသာယာစွာ ဆီးကြိုခြင်း မခံခဲ့ရချေ။

    ဘာ့ဂ်ဒါလ် သည် စစ်တပ်မှ ထွက်ပြေးခဲ့ခြင်း ဖြစ်ကြောင်း သတင်းများထွက်ပေါ်ခဲ့ပြိးနောက်မှာ သူ့ဇာတိ Idaho တွင် သူ့အတွက် ဇွန်လ ၂၈ ရက်၌ ပြုလုပ်ပေးရန်စီစဉ်ထားသော ပါတီကို ဖျက်သိမ်းခဲ့ပါသည်။

    သူနဲ့ပတ်သက်ပြီး ကန့်ကွက်ခြင်း၊ စောဒကတက်ခြင်း အကြောင်းကြားချက် မြောက်များစွာကိုလည်း မိမိတို့မှ လက်ခံရရှိခဲ့ကြောင်း အာဏာပိုင်များက ဆိုသည်။ ရဲချုပ် ဂျက်ဖ် ဂန်သာသည် တဲန်နက်စီ ရဲမှူးထံမှ “ ဒီ စစ်တပ်က ထွက်ပြေးတဲ့ တပ်ပြေး ကို အားပေးရအောင် ရူးနေလို့လား ” ဟူ၍ ဖုန်းဆက်ပြောကြားခဲ့ကြောင်း ရိုက်တာသို့ ပြောပြသည်။

    တာလီဘန်များလက်မှ ဘာ့ဂ်ဒါလ် လွတ်မြောက်ရေးအတွက် ဂွမ်တာနာမိုအကျဉ်းစခန်းမှ နာမည်ကြီးတာလီဘန်အကျဉ်းသား ၅ ဦး လှဲလှယ် လွှတ်ပေးလိုက်ရခြင်းအတွက် သမ္မတ ဘားရက် အိုဘားမား အပါအ၀င် ထိပ်တန်းအာဏာပိုင်များကို အမေရိကန် လူထုက ဒေါသထွက်လျက်ရှိပြီး ဝေဖန်မှုများ အများအပြားထွက်လျက်ရှိပြီး  ဘာ့ဂ်ဒါလ်၏ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး အတွက်စိုးရိမ်ကြောင်း ပြောဆိုလျက်ရှိနေကြသည်။

    ဘာ့ဂ်ဒါလ် လွတ်မြောက်လာပြီးကတည်းက သမ္မတ ဘားရက် အိုဘားမား အပါအ၀င် ထိပ်တန်းအာဏာပိုင်များက အကျဉ်းသားမှာ ဂွမ်တာနာမိုအကျဉ်းစခန်းမှ နာမည်ကြီးတာလီဘန်အကျဉ်းသား ၅ ဦးနှင့် လဲလှယ်ရေးအစီအစဉ်၌ ပါဝင်သူဖြစ်ကြောင်း၊ ယင်းကိစ္စသည် အမေရိကတွင် လူထုအား အမျက်ထွက်စေခဲ့ကြောင်း၊ ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးဆိုးဝါးနေသဖြင့် စိုးရိမ်ရကြောင်း ပြောဆိုလျက်ရှိနေကြသည်။

    Ref:Al Arabiya News

  • အမေရိကန်တပ်များ အာဖဂန်တွင် နောက်ထပ် ၂ နှစ် ဆက်ရှိနေမည်

    မေ ၂၉ ၊ ၂၀၁၄
    M-Media
    shamseddin20130222165106570
    – အာဖဂန်ရှိ အမေရိကန်တပ်များမှာ ယခုနှစ်အကုန်တွင် အားလုံးဆုတ်ခွာမည်မဟုတ်ဘဲ ၂၀၁၆ ခုနှစ်အကုန်မှသာ မိမိတို့၏ စစ်ရေးကျူးကျော်မှုကို အဆုံးသတ်သွားမည်ဟု အမေရိကန်သမ္မတ ဘာရက်အိုဘားမားက ယမန်နေ့တွင် ကြေညာလိုက်သည်။

    အာဖဂန်သမ္မတ ဟာမစ်ကာဇိုင်းနှင့် ဖုန်းဖြင့်ဆွေးနွေးပြီးနောက် အိုဘားမားက ယခုကဲ့သို့ ကြေညာခဲ့ခြင်းဖြစ်သည်။ ၂ နှစ်တာအစီအစဉ်အရ ၂၀၁၄ ခုနှစ်နောက်ပိုင်းတွင် အာဖဂန်၌ အမေရိကန်စစ်သား ၈၉၀၀ ကျန်ရစ်နေမည်ဖြစ်ပြီး အာဖဂန် လုံခြုံရေးတပ်များမှာ နိုင်ငံအား ကာကွယ်နိုင်စွမ်းရှိသည်ကို ပြသရမည်ဟု အိုဘားမားက ထည့်သွင်းပြောကြားခဲ့သည်။

    အာဖဂန်သမ္မတ ဟာမစ်ကာဇိုင်းက ရွေးကောက်ပွဲ မပြီးခင် အမေရိကန်နှင့် နှစ်နိုင်ငံ လုံခြုံရေးဆိုင်ရာ သဘောတူညီချက်အား လက်မှတ်ရေးထိုးမည်မဟုတ်ဟု စောစောပိုင်းက ပြောကြားထားသည်။ အိုဘာမား၏ ယခုကြေညာချက်ကို လာမည့်လရွေးကောက်ပွဲတွင် ပါဝင်မည့် နိုင်ငံခြားရေးဝန်ကြီးဟောင်း အဘ်ဒူလာ အဘ်ဒူလာနှင့် ဘဏ္ဍာရေးဝန်ကြီးဟောင်း အရှ်ရဖ် ဂနီ အဟ်မဒ်ဇိုင်တို့က ကြိုဆိုကြောင်း AP သတင်းဌာနက ဖော်ပြခဲ့သည်။

    ၂၀၁၆ နောက်ပိုင်းတွင် အမေရိကန်နှင့် အာဖဂန်တို့မှာ သံတမန်ဆက်သွယ်ရေးသာ ရှိတော့မည်ဖြစ်ပြီး အီရတ်တွင် ပြုလုပ်ထားသည့်အတိုင်း မြို့တော်တွင် လုံခြုံရေး ရုံးခန်းသာ ဖွင့်လှစ်သွားမည်ဟု အမေရိကန်အစိုးရ အကြီးတန်းအရာရှိတစ်ဦးက ယမန်နေ့စောစောပိုင်းတွင် ပြောကြားခဲ့သည်။

    Ref: Al Jazeera and agencies