News @ M-Media
Tag: Bangladesh
  • စစ်ရာဇဝတ်မှုဖြင့် ထောင်နှစ် ၉၀ ကျနေသည့် ဘင်္ဂလားဒေရှ် ခေါင်းဆောင်ဟောင်း ကွယ်လွန်
    စစ်ရာဇဝတ်မှုဖြင့် ထောင်နှစ် ၉၀ ကျနေသည့် ဘင်္ဂလားဒေရှ် ခေါင်းဆောင်ဟောင်း ကွယ်လွန်
    အောက်တိုဘာ ၂၄ ၊ ၂၀၁၄
    M-Media
    2014102461756907734_20
    – စစ်ရာဇ၀တ်မှုများဖြင့် ထောင်ဒဏ် နှစ် ၉၀ ကျခံနေရသည့် ဘင်္ဂလားဒေ့ရှ် ဂျမာအသ် အလ်-အစ္စလာမ်ပါတီမှ ခေါင်းဆောင်ဟောင်း ဂူလမ် အာဇမ်မှာ နှလုံးရောဂါဖြင့် အစိုးရဆေးရုံတွင် ကွယ်လွန် သွားခဲ့သည်ဟု သိရသည်။
    အသက် ၉၁ နှစ်အရွယ် ဂူလ်အာဇမ်မှာ မြို့တော်ဒါကာရှိ Bangabandhu Sehikh Mujib Medical University ဆေးရုံတွင် ဆေးကုသမှု ခံယူနေရသည်မှာ ကြပြီဖြစ်ပြီး ယမန်နေ့က ကွယ်လွန် သွားခဲ့ခြင်းဖြစ်သည်ဟု ဆေးရုံပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
    အာဇမ်မှာ ၁၉၇၁ ခုနှစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပါကစ္စတန်မှ ခွဲထွက်ရေး စစ်ပွဲတွင် စစ်ရာဇ၀တ်မှုကို ကျူးလွန်ခဲ့သည်ဟု ဆိုကာ အမှု ၆၁ မှုဖြင့် ဘင်္ဂလားဒေ့ရှ် အစိုးရက တရားစွဲဆိုခဲ့ပြီး ထောင်ဒဏ် နှစ် ၉၀ ချမှတ်ခဲ့သည်။
    လန်ဒန်တွင်နေထိုင်သော အာဇမ်၏ သားဖြစ်သူ ဆလ်မန် အလ်-အာဇမ်ကမူ မိမိတို့မိသားစုအနေဖြင့် ဖခင်အပေါ် တရားစွဲဆိုမှုနှင့် ပြစ်ဒဏ် ချမှတ်မှုအတွက် မည်သည့်အခါမှ ကျေနပ်မည် မဟုတ်ဟု ပြောကြားခဲ့သည်။
    အာဇမ်အား တရားစွဲဆိုရန်အတွက် ဘင်္ဂလားဒေ့ရှ် အာဏာရပါတီက ဦးဆောင်ကာ ခုံရုံးဖွဲ့ခဲ့ခြင်းဖြစ်ပြီး၊ ထိုခုံရုံးဖွဲ့မှုတွင် အငြင်းပွားဖွယ်များရှိခဲ့ကာ၊ အတိုက်အခံပါတီအား အားနည်းသွားစေရန် ဘင်္ဂလားဒေ့ရှ်အစိုးရက ဆောင်ရွက်ခြင်းဖြစ်သည်ဟု ဝေဖန်မှုများလည်း ရှိခဲ့သည်။ အစိုးရ အတိုက်အခံ BNP ပါတီ၏ အဓိက မဟာမိတ်ပါတီဖြစ်သည့် ဂျမာအသ် အလ်-အစ္စလာမ်ပါတီမှ ခေါင်းဆောင်အများစုမှာ ဘင်္ဂလားဒေ့ရှ်အစိုးရ၏ တရားစွဲဆိုခြင်းကို ခံခဲ့ရသည်။
    ref_ Al Jazeera and agencies
  • ဘင်္ဂလားဒေ့ရှ်၏ လူသိန်းချီ နိုင်ငံတော် သီချင်းသီဆိုမှု ဂင်းနစ် မှတ်တမ်းဝင်
    မတ် ၂၇၊ ၂၀၁၄
    M-Media
    – ယမန်နေ့က ပြုလုပ်ခဲ့သည့် လွတ်လပ်ရေးနေ့အခမ်းအနားတွင် နိုင်ငံတော်သီချင်းအား ဘင်္ဂလားဒေ့ရှ်ပြည်သူ သိန်းချီက သံပြိုင်သီဆိုခဲ့ကြပြီးနောက် ထိုသီဆိုမှုမှာ ဂင်းနစ်မှတ်တမ်း ၀င်သွားခဲ့ပြီဟု သိရသည်။
    1395827511-bangladesh-national-anthem-record-for-the-guinness-world-record-book_4300281
    ဘင်္ဂလားဒေ့ရှ် စစ်တပ်၊ ကျောင်းသားများနှင့် ပြည်သူလူထု စုစုပေါင်း ၂၅၄၆၈၁ ဦးက ဒေသစံတော်ချိန် နံနက် ၁၁ နာရီတွင် နိုင်ငံတော် သီချင်းအား သံပြိုင်သီဆိုခဲ့ကြခြင်းဖြစ်ပြီး၊
    ၂၀၁၃ ခုနှစ်တွင် အိန္ဒိယနိုင်ငံက ၎င်းတို့၏ နိုင်ငံတော်သီချင်းကို လူပေါင်း ၁ သိန်းကျော်ဖြင့် သံပြိုင်သီဆိုကာ စံချိန်တင်ခဲ့ပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ယခုကဲ့သို့  စံချိန်သစ်ထပ်တင်နိုင်ခဲ့ခြင်းဖြစ်သည်။
    ဘင်္ဂဘားဒေ့ရှ်ယဉ်ကျေးမှုဝန်ကြီးဌာန၊ စစ်တပ်၊ အစိုးရနှင့် အစိုးရမဟုတ်သည့်အဖွဲ့အစည်းများ ပူးပေါင်းကာ ပြုလုပ်ခဲ့သည့် အဆိုပါ အခမ်းအနားအား ဂင်းနစ်မှတ်တမ်းတွင်  စာရင်းဝင်ရန် သက်ဆိုင်သော စာရွက်စာတမ်းများ ဓာတ်ပုံများအား ဂင်းနစ်မှတ်တမ်းအဖွဲ့သို့ ပေးပို့ခဲ့ပြီး၊ ထိုအခမ်းအနားသို့ ဂင်းနစ်မှတ်တမ်း အဖွဲ့မှ ကိုယ်စားလှယ် တစ်ဦးလည်း တက်ရောက်ခဲ့သည်။
    ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလကလည်း ဘင်္ဂလားဒေ့ရှ်ရှိ ပြည်သူများက ကမ္ဘာ့အကြီးဆုံး နိုင်ငံတော်အလံကို ဖန်တီးခဲ့ပြီး ထိုဆောင်ရွက်ချက်မှာလည်း ဂင်းနစ်မှတ်တမ်းဝင်ခဲ့သည်။
    ဆင်ဟွာ
  • ဘင်္ဂလားဒေ့ရှ်မှ အင်တာနက် bandwidth မြန်မာနှင့် အိန္ဒိယတို့ ၀ယ်ယူရန် စီစဉ်
    နိုဝင်ဘာ- ၁၈ ၂၀၁၃
    M-Media
    Bandwidth
    ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အင်တာနက် bandwidth ၀ယ်ယူရန် မြန်မာနှင့် အိန္ဒိယနိုင်ငံတို့က စိတ်ဝင်စားနေသည်ဟု သိရသည်။
    နိုင်ငံအရှေ့မြောက်ပိုင်းရှိပြည်နယ်များအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ၁၀၀ ဂီဂါဘိုက်ပမာဏရှိ အင်တာနက် bandwidth အား ဝယ်ယူဖို့ အိန္ဒိယအစိုးရက နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ညွှန်ကြားချက်ပေးခဲ့သည်ဟု ဘင်္ဂလားဒေ့ရှ် ရေအောက် ဖိုက်ဘာလိုင်း ကုမ္ပဏီလိမိတက်မှ မန်နေဂျင်းဒါရိုက်တာ မွန်ဝါရ် ဟိုစိုင်က ပြောကြားခဲ့သည်။
    ထိုပြင် ၅၀ ဂီဂါဘိုက်ပမာဏရှိသည့် အင်တာနက် bandwidth  တစ်ခု ၀ယ်ယူမှုအတွက် ဆွေးနွေးရန် မြန်မာနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့တစ်ခုကိုလည်း ယခုသီတင်းပတ်တွင် ဒါကာသို့စေလွှတ်မည်ဟု သိရသည်။
    အိန္ဒိယနှင့် မြန်မာနိုင်ငံတို့မှာ ကိုယ်စားလှယ်များမှာ အဆိုပါအင်တာနက်ကိစ္စအား ဆွေးနွေးရန် ဒါကာသို့ အကြိမ်ကြိမ်သွားရောက်ခဲ့ကြသည်။ ဘင်္ဂလားဒေ့ရှ်အနေနှင့် အင်တာနက် bandwidth  အိန္ဒိယသို့ရောင်းရန် ဆုံးဖြတ်ခဲ့ပါကာ Brahmanbaria မှ အိန္ဒိယနယ်စပ်အထိ အနည်းဆုံး ကီလိုမီတာ ၅၀ ရှိမည့် ဖိုက်ဘာဆက်ကြောင်း တစ်ခုကို တည်ဆောက်ရန် လိုအပ်နေသည်။
    အိန္ဒိယနိုင်ငံမှာ အင်တာနက် အသုံးပြုရန် ဖိုက်ဘာ ဆက်ကြောင်းများစွာရှိသော်လည်း ထိုဆက်ကြောင်းများမှ အရှေ့မြောက်ပိုင်းပြည်နယ်များသို့ အင်တာလိုင်းများ ခွဲဝေပေးရန်မှာ ကုန်ကျစားရိတ် အလွန်များနေသောကြောင့် ဘင်္ဂလားဒေ့ရှ်မှ ၀ယ်ယူရန် စီစဉ်ရခြင်းဖြစ်သည်။
    မြန်မာနိုင်ငံတွင်လည်း အင်တာနက်အသုံးပြုရန်  SEA-ME-WE-3 လိုင်း ရှိနေသော်လည်း၊ အရေးပေါ်အသုံးပြုရန် လိုင်းများ မရှိခြင်းနှင့် ထိုလိုင်းမှာ လာမည့် ၂ နှစ်အတွင်း လုံလောက်မှု မရှိဖြစ်လာမည်ဖြစ်သောကြောင့် နိုင်ငံ၏ ဆက်သွယ်ရေး ကွန်ရက်များကို တိုးချဲ့ရန် လိုအပ်နေသည်။
    ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ နိုင်ငံ၏ အင်တာနက်ဆက်သွယ်ရေးနှင့် ပတ်သက်ပြီး အရေးပေါ်အသုံးပြုရန်နှင့် ထပ်တိုးအသုံးပြုရန်အတွက် SEA-ME-WE-4  လိုင်းများအပါအ၀င် ရေအောက်ဖိုက်ဘာဆက်ကြောင်းများမှ ၂၀၀ ဂီဂါဘိုက် ပမာဏရှိထားသည်။
    ထို့ပြင် ၂၀၁၅ ခုနှစ် မတ်လတွင် SEA-ME-WE-5 လိုင်းတပ်ဆင်ရန်ရှိနေပြီး ထိုလိုင်း တပ်ဆင်ပြီးပါက ၈၀၀ ဂီဂါဘိုက် ပမာဏရှိ အင်တာနက် bandwidth  ထပ်မံရရှိရန် ဘင်္ဂလားဒေ့ရှ်က မျှော်လင့်နေသည်။
    Ref: thedailystar
  • မြန်မာတပ်ရင်း ၃ ခု ကို နယ်စပ်သို့ပို့ဆောင်စေလွှတ် ထားသော်လည်း စိုးရိမ်စရာမရှိဟု ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များပြော
    စက်တင်ဘာ၊ ၂၃
    M-Media
    border-300
    ဘင်္ဂလားဒေ့ရှ်နှင့်ငါးမိုင်ဝန်းကျင်အကွာရှိ နယ်စပ်ဒေသသို့ မြန်မာနိုင်ငံစစ်တပ်မှ တပ်ရင်း ၃ စုကို ပို့ဆောင်စေလွှတ်ခဲ့သည်။ နိုင်ငံရေးအနေအထား တည်ငြိမ်စေရန် ဟူသော အကြောင်းပြချက်ဖြင့် စေလွှတ်ခြင်းဖြစ်သည်ဟု သက်ဆိုင်ရာမှပြောကြားကြောင်း Eleven Myanmar သတင်းစာမှ ဖော်ပြထား၏။
    နယ်စပ်လုံခြုံရေးအတွက် ရဲတပ်ရင်း ၂ ခုကိုလည်း ထပ်မံပို့ဆောင်သွားဦးမည်ဟု ရခိုင်ပြည်နယ်ဝန်ကြီးချူပ် ကလည်း ပြောကြားသည်။
    သို့သော် မြန်မာ၏ ဆောင်ရွက်ချက်နှင့် စပ်လျဉ်းပြီး စိုးရိမ်စရာမရှိဟု ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက ဆိုသည်။
    ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ Bangladesh Border Guard (BGB) ၏ ဦးစီးဒါရိုက်တာ ဗိုလ်ချုပ်ကြီး အဇီးဇ် အဟ်မဒ်က မြန်မာနိုင်ငံမှ ယင်းသို့ဆောင်ရွက်ခြင်းမှာ မလိုလားမှု ရည်ရွယ်ချက်ကြောင့်မဟုတ်ဘဲ ၄င်းတို့၏ ပြည်တွင်းလုံခြုံရေး အနေအထားကြောင့်ဖြစ်ကြောင်း bdnews24.com ၌ ပြောပြခဲ့သည်။
    “ ကျွန်တော်တို့အဖို့ ဘာမှစိုးရိမ်စရာမရှိပါဘူး ” ဟုပြောဆိုကာ မြန်မာနိုင်ငံသည် အလားတူ စေလွှတ်မှုမျိုးကို ယခင်ကလည်း ဆောင်ရွက်မှုများရှိနေခဲ့ကြောင်း ထည့်သွင်းထောက်ပြခဲ့သည်။
    ရခိုင်ဒေသတွင်းပြဿနာများကြောင့် မြန်မာအာဏာပိုင်များက နစကတပ်ဖွဲ့အားဖျက်သိမ်းလိုက်ပြီးနောက် ဘင်္ဂလားဒေ့ရှ်နယ်စပ်ဒေသတွင် ရဲများက စောင့်ကြပ်လျက်ရှိကြသည်။ ထိုဒေသ၌ လူမျိုးရေးဆိုင်ရာအကြမ်းဖက်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိနေ၏။
    ကိုးကား- bdnews24.com
  • BBC: ရာမူးပန်းဝါ ဘုန်းကြီးကျောင်းသစ် ပြန်တည်ဆောက်
    4.9.2013
    ဘီဘီစီိ (မြန်မာပိုင်း)
    bk01487
    ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကော့စ်ဘဇား ခရိုင် ရာမူး ပန်းဝါ ဒေသမှာ ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့ က မီးရှို ဖျက်ဆီး ခံရတဲ့ ဗုဒ္ဓ ဘာသာ ဘုန်းကြီး ကျောင်း ၁၉ ကျောင်း ကို တာကာငွေ ကုဋေ ၂၀ အကုန် အကျ ခံပြီး ၈ လ နဲ့ အပြီး တည်ဆောက် ပြီး မနေ့က ဝန်ကြီးချူပ် ရှိတ်ဟာဆီးနာ ကိုယ်တိုင် ဖွင့်လှစ် ပေးခဲ့ ပါတယ်။
    ဝန်ကြီးချူပ် ရှိတ်ဟာဆီးနာ က ဖွင့်ပွဲ အခန်းအနားမှာ ဗုဒ္ဒဘာသာ လူနည်းစု တွေ ကို အနိုင်မကျင့်ဖို့၊ မိမိက အနိုင်ကျင့်ရင် ကိုယ်ပါ လူနည်းစု ရှိတဲ့နေရာ ရောက်ရင် လူများစု က ပြန်လည် အနိုင်ကျင့်တာ ခံရတတ်တဲ့ အကြောင်း၊ ဘာသာပေါင်းစုံ အားလုံး ချစ်ချစ် ခင်ခင် နဲ့ သင့်မြတ်စွာ နေထိုင်ဖို့ လိုတယ်လို့ ပြောတဲ့ အကြောင်း ဒီဖွင့်ပွဲ အခန်းအနား ကို တက်ရောက်ခဲ့တဲ့ ရာမူးဒေသခံ ဦးကျော်ဇံ က ဘီဘီစီ ကို ပြောပါတယ်။
    ရာမူးဘုန်းကြီးကျောင်း ဖွင့်ပွဲ အခန်းအနား ကို ဘာသာပေါင်းစုံက လူတွေ ထောင် နဲ့ ချီတက်ရောက် ကြတဲ့ အထဲမှာ ဗုဒ္ဓဘာသာ ရဟန်းတော်တွေ အပါအဝင်၊ အစိုးရ ဝန်ကြီးတွေ၊ အမေရိကန်၊ အိန္ဒိယ၊ မြန်မာ စတဲ့ နိုင်ငံတကာ သံအမတ်ကြီးတွေ ပါ တက်ရောက် ကြပါတယ်။
    ဒါ့အပြင် အစ္စလာမ် ဘာသာဝင် မဟုတ်တဲ့ လူနည်းစု လူမျိုးတွေ စိတ်ချ လုံခြုံရေး ရှိစေဖို့လည်း လုံခြုံရေး အင်အား တိုးချဲ့ ချပေးမယ် လို့ ဝန်ကြီးချူပ် ရှိတ် ဟာဆီးနာ က ပြောသလို စိုးရိမ်မှု ဆက်ရှိနိုင်ပုံ ကို လည်း နားလည်တဲ့ အကြောင်း ပြောတာကို ရာမူးဒေသခံ ဦးကျော်ဇံ က ဘီဘီစီ ကို ပြောပါတယ်
    ဓါတ်ပုံ အညွှန်း-ကော့စ်ဘဇားခရိုင်မှ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း
    Link >>http://www.bbc.co.uk/burmese/burma/2013/09/130903_ramu_monastery_hasina.shtml