News @ M-Media

Tag: Bangladesh

  • အိမ်ယာမဲ့များအားလုံး နေအိမ်ရရှိရေး အမျိုးသားစီမံကိန်းတစ်ခုကို ဘင်္ဂလားဒေ့ရှ်စတင်

    အိမ်ယာမဲ့များအားလုံး နေအိမ်ရရှိရေး အမျိုးသားစီမံကိန်းတစ်ခုကို ဘင်္ဂလားဒေ့ရှ်စတင်

    ဇန်နဝါရီ ၂၄၊ ၂၀၂၁
    M-Media

    -နိုင်ငံတစ်ဝှမ်းက အိမ်ယာမဲ့တွေအားလုံးကို နေအိမ်ဆောက်လုပ်ပေးမယ့် စီမံကိန်းတစ်ခုကို ဘင်္ဂလားဒေ့ရှ်က မနေ့မှာ ထုတ်ပြန်ကြေငြာလိုက်ပါတယ်။

    စီမံကိန်းကို Ashrayan-2 လို့ အမည်ပေးထားပြီး အိမ်ယာမဲ့တွေကို နေစရာရအောင် ဖန်တီးပေးတဲ့ စီမံကိန်းတွေထဲမှာ ကမ္ဘာ့အကြီးဆုံးလည်း ဖြစ်ပါတယ်။

    “လွတ်လပ်ရေးဖခင်ကို ဂုဏ်ပြုတဲ့ထားတဲ့နှစ် တိုင်းပြည်လွတ်လပ်ရေးရတာ နှစ် ၅၀ ပြည့်တဲ့ ဒီနှစ်မှာ ဘင်္ဂလားဒေ့ရှ်ပြည်သူတိုင်း အိုးအိမ်ပိုင်ဆိုင်ရမယ်လို့ ကျွန်မတို့ ရည်မှန်းထားပါတယ်။ ဒီရည်မှန်းချက် အောင်မြင်ဖို့အတွက် ကျွန်မတို့အစိုးရဟာ မဆုတ်မနစ် ကြိုးပမ်းဆောင်ရွက်နေပါတယ်” လို့ မနေ့က အွန်လိုင်းကနေပြုလုပ်တဲ့ စီမံကိန်း မိတ်ဆက်ပွဲ အခမ်းအနားမှာ ဝန်ကြီးချုပ် ရှိခ်ဟာဆီနာက ပြောကြားခဲ့ပါတယ်။

    တိုင်းပြည်ရဲ့ လွတ်လပ်ရေးဖခင် ရှိခ်မူဂျီဘူရ် ရဟ်မန် မွေးဖွားမှု နှစ် ၁၀၀ ပြည့်မြောက်တဲ့ ၂၀၂၁ ခုနှစ်ကို Mujib Year နှစ်အဖြစ် ဘင်္ဂလားဒေ့ရှ်အစိုးရက ကြေငြာထားတာ ဖြစ်ပါတယ်။

    လူဦးရေ ၁၆၅ သန်းရှိတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပါကစ္စတန်ကနေ လွတ်လပ်ရေးရတာဟာ မတ်လ ၂၆ ရက်နေ့ဆိုရင် နှစ် ၅၀ ရှိပါပြီ။

    အစိုးရရဲ့ အခုအိမ်ယာစီမံကိန်းမှာ နိုင်ငံတစ်ဝှမ်းက မိသားစု ၉ သိန်းနီးပါးလောက် အိမ်ယာရရှိမှာဖြစ်ပါတယ်။ ပထမအဆင့်မှာ လူ ၇ သောင်းကို အိမ်ယာဆောက်လုပ်ပေးအပ်မှာဖြစ်ပြီး လာမယ့်လမှာ နောက်ထပ် လူ တစ်သိန်း အိမ်ထပ်ရမှာ ဖြစ်ပါတယ်။

    စီမံကိန်းက အိမ်တွေဟာ အိပ်ခန်း ၂ ခန်း၊ မီးဖိုဆောင်တစ်ခု၊ ရေချိုးခန်းတစ်ခုနဲ့ ၀ရန်တာတစ်ခု ပါဝင်မှာ ဖြစ်ပါတယ်။

    ဝန်ကြီးချုပ် ရှိခ်ဟာဆီနာက သူ့အစိုးရဟာ အိမ်ယာမဲ့မိသားစု ၃၂၀၀၀၀ ကို အိမ်ယာ ဖန်တီးပေးနိုင်ခဲ့ပြီး နောက်ထပ် ဒီလိုစီမံကိန်းမျိုး လုပ်ဆောင်ရတဲ့အတွက် ပျော်ရွှင်ကျေနပ်မိတယ်လို့ မနေ့က မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ဘင်္ဂလားဒေ့ရှ်အစိုးရဟာ နိုင်ငံအရှေ့ပိုင်းက ရာသီဥတုဘေးကြောင့် အိုးအိမ်စွန့်ခွာရသူတွေအတွက်လည်း အိမ်ယာတွေ ဆောက်လုပ်ပေးဖို့ စီစဉ်နေပါတယ်။

    Ref: Anadolu Agency

  • ရိုဟင်ဂျာများ နေရပ်ပြန်ရေး တရုတ်-ဘင်္ဂလား-မြန်မာ သုံးပွင့်ဆိုင် ဆွေးနွေးပွဲ ကျင်းပ

    ရိုဟင်ဂျာများ နေရပ်ပြန်ရေး တရုတ်-ဘင်္ဂလား-မြန်မာ သုံးပွင့်ဆိုင် ဆွေးနွေးပွဲ ကျင်းပ

    ဇန်နဝါရီ ၂၀၊ ၂၀၂၁
    M-Media

    ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာ ဒုက္ခသည်စခန်း

    -အကြမ်းဖက်မှုတွေကြောင့် ရခိုင်ပြည်နယ်ကနေ ထွက်ပြေးသွားရတဲ့ ရိုဟင်ဂျာတွေ နေရပ်ပြန်လာရေးအတွက် တရုတ်၊ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာတို့ မနေ့က အတွင်းဝန်အဆင့် ဆွေးနွေးပွဲကို အွန်လိုင်းကနေ ပြုလုပ်ခဲ့ပြီး တရုတ်ဒုတိယဝန်ကြီးချုပ် လော်ကျောက်ဟွေ တက်ရောက်ခဲ့ပါတယ်။

    ရိုဟင်ဂျာတွေကို အခုနှစ်ဆန်းပိုင်းမှာ ပြန်ပို့ဖို ဘင်္ဂလားဒေ့ရှ်က ဆွေးနွေးပွဲမှာ ပြောခဲ့ပေမယ့် မြန်မာဖက်က ဒုတိယ ၃ လပတ်မှ စတင်လက်ခံဖို့ ပြောခဲ့ပါတယ်။

    “ပထမ ၃ လပတ်မှာ နေရပ်ပြန်ဖို့ရေးလုပ်ငန်းစဖို့ ကျွန်တော်တို့ တွန်းအားပေးခဲ့ပေမယ့် ပို့ဆောင်ရေးနဲ့ မြေပြင်အစီအမံတွေအတွက် အချိန်ထပ်ပေးဖို့ မြန်မာဖက်က တောင်းဆိုခဲ့ပါတယ်။ ဒါ့ကြောင့် ဒုတိယ ၃ လပတ်မှာ လုပ်ငန်းစဖို့ ကျွန်တော်တို့ပြောခဲ့ပြီး မြန်မာဖက်ကလည်း သဘောတူခဲ့ပါတယ်” လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက တာဝန်ရှိသူ မာဆွဒ် ဘင် မိုမန်က ဆွေးနွေးပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။

    ရိုဟင်ဂျာတွေ နေရပ်ပြန်လာတဲ့အခါ ရခိုင်ပြည်နယ်အတွင်း နိုင်ငံတကာအသိုင်းအဝိုင်းက အဖွဲ့အစည်းတွေ ထားရှိစောင့်ကြည့်ရေး ဘင်္ဂလားဒေ့ရှ်ရဲ့ အဆိုပြုမှုကိုလည်း တရုတ်နဲ့ မြန်မာတို့က လက်ခံခဲ့ပါတယ်။

    ပထမအသုတ် နေရပ်ပြန်လာတဲ့ ရိုဟင်ဂျာတွေကို တရုတ်နိုင်ငံက ကိုဗစ်ကာကွယ်ဆေး အခမဲ့ ထိုးပေးသွားမှာဖြစ်ပါတယ်။

    ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး အေကေ အဘ်ဒူလ် မိုမင်က နေရပ်ပြန်ပို့ရေးကသာ ရိုဟင်ဂျာပြဿနာ ဖြေရှင်းဖို့ တစ်ခုတည်းသောအဖြေ ဖြစ်မှာဖြစ်ပြီး အခြားနည်းလမ်း မရှိဘူးလို့ ဒီဆွေးနွေးပွဲမတိုင်ခင် ရက်အနည်းငယ်မှာ ပြောကြားခဲ့ပါတယ်။

    ဒုက္ခသည်စခန်းက ရိုဟင်ဂျာကိုယ်စားလှယ်အဖွဲ့ကို ရခိုင်ပြည်နယ် အရင်စေလွှတ်ပြီး နေရပ်ပြန်ရေးကိစ္စ စီစဉ်ခိုင်းဖို့၊ မူရင်းနေထိုင်တဲ့ရွာတွေမှာ ပြန်လည်နေရာချထားပေးဖို့လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက အဆိုပြုခဲ့ပါတယ်။

    ဆွေးနွေးပွဲကို မြန်မာနိုင်ငံရဲ့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဒုတိယဝန်ကြီး ဦးဟောက်ဒိုဆွမ်း တက်ရောက်ခဲ့ပါတယ်။

    မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ ရိုဟင်ဂျာတွေကို ပြန်လည်လက်ခံရေး လိုအပ်တဲ့ ဆောင်ရွက်မှုတွေအားလုံး လုပ်ဆောင်ထားပြီး၊ မြန်မာနိုင်ငံမှာ မွေးဖွား နေထိုင်ခဲ့တယ်လို့ အတည်ပြုနိုင်တဲ့သူတွေကို နှစ်နိုင်ငံသဘောတူညီချက်အရ လက်ခံဖို့ အဆင်သင့်ဖြစ်နေတယ်လို့ ဖော်ပြထားပါတယ်။

    ဒါပေမယ့် ရိုဟင်ဂျာတွေကို ပြန်လည်လက်ခံမယ့် ရက်စွဲအတိအကျကို ဒီကြေငြာချက်မှာ မဖော်ပြထားပါဘူး။

    ရိုဟင်ဂျာတွေ နေရပ်မပြန်နိုင်အောင် အကြမ်းဖက်သမားတွေက ခြိမ်းခြောက် အကြပ်ကိုင်မှု ပြဿနာကို ဖြေရှင်းဖို့ မြန်မာ ဒုတိယနိုင်ငံခြားရေးဝန်ကြီးက ဘင်္ဂလားဒေ့ရှ်ကို အစည်းအဝေးမှာ တိုက်တွန်းခဲ့ပါတယ်။

    ဘင်္ဂလားဒေ့ရှ်က ဒီကိစ္စကို သိရှိထားပြီး နိုင်ငံအတွင်း ဘယ်လက်နက်ကိုင်ကိုမှ အခြေချဖို့ ခွင့်ပြုသွားမှာ မဟုတ်ဘူးလို့ တုန့်ပြန်ပြောကြားခဲ့ပါတယ်။

    ရိုဟင်ဂျာတွေ နေရပ်မြန်မာနိုင်ငံကိုပြန်ရေး ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာတို့ ၂၀၁၇ ခုနှစ်ကတည်းက သဘောတူညီချက် ရထားပေမယ့် လက်တွေ့အကောင်အထည် မဖော်နိုင်ခဲ့ပါဘူး။

    နောက်ဆုံးဆွေးနွေးမှုကို ပြီးခဲ့တဲ့နှစ် ဇန်နဝါရီ ၂၀ ရက်နေ့က နယူးယောက်မြို့မှာ ကျင်းပခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်က ဒီကိစ္စနဲ့ပတ်သက်ပြီး ဆွေးနွေးဖို့ တောင်းဆိုခဲ့ပေမယ့် မြန်မာဖက်က အကြိမ်ကြိမ် ရပ်ဆိုင်းခဲ့တယ်လို့ စွပ်စွဲထားပါတယ်။

    ရခိုင်ပြည်နယ်မှာ နေထိုင်နေကြတဲ့ ရိုဟင်ဂျာတွေဟာ စစ်အာဏာရှင် ဦးနေဝင်းလက်ထက် ၁၉၇၀ ပြည့်နှစ်တွေကတည်းက ဖိနှိပ်ညှင်းပမ်းမှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ရတာပါ။

    ၂၀၁၇ ခုနှစ် ဩဂုတ်လအတွင်း မြန်မာစစ်တပ်ရဲ့ စစ်ဆင်ရေးကြောင့် ရိုဟင်ဂျာ ၈ သိန်းလောက် ဘင်္ဂလားဒေ့ရှ်ဖက်ကို ထပ်မံထွက်ပြေးခဲ့ရပါတယ်။ ဒီစစ်ဆင်ရေးအတွင်း အစုအလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ၊ အဓမ္မကျင့်မှုတွေ၊ ရွာလုံးကျွတ်မီးရှို့မှုတွေ ရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်ပေါ်ခဲ့ပြီး မြန်မာအစိုးရနဲ့ စစ်တပ်ကတော့ ဒီသတင်းတွေကို ငြင်းဆိုကာ အကြမ်းဖက်အဖွဲ့ ARSA ကို တိုက်ဖျက်တဲ့ စစ်ဆေးရေးသာဖြစ်တယ်လို့ဆိုပါတယ်။

    အဲဒီစစ်ဆင်ရေးမှာ ရိုဟင်ဂျာတွေ အစုလိုက်အပြုံလိုက် အသတ်ခံရတဲ့ ဖြစ်စဉ်တစ်ချို့ ၂၀၁၉ ခုနှစ်နဲ့ ၂၀၂၀ ခုနှစ်တွေမှာ ပေါ်ထွက်ခဲ့ပြီး ဒီကိစ္စမှာပါဝင်ခဲ့တဲ့ စစ်သားတွေကို အရေးယူထားတယ်လို့ မြန်မာစစ်တပ်က ထုတ်ပြန်ပါတယ်။

    Ref: Anadolu Agency

  • ဘင်္ဂလားဒေ့ရှ်ရဲ့ စီးပွားရေးတိုးတက်မှုကနေ ဘာသင်ခန်းစာယူနိုင်မလဲ? (မြန်မာစာတမ်းထိုး)

    ဘင်္ဂလားဒေ့ရှ်ရဲ့ စီးပွားရေးတိုးတက်မှုကနေ ဘာသင်ခန်းစာယူနိုင်မလဲ? (မြန်မာစာတမ်းထိုး)

    ဘင်္ဂလားဒေ့ရှ်ရဲ့ စီးပွားရေးတိုးတက်မှုကနေ ဘာသင်ခန်းစာယူနိုင်မလဲ? (မြန်မာစာတမ်းထိုး)Video Source – World Economic Forum (M-Media မှ ဘာသာပြန်ဆို စာတမ်းထိုး တင်ဆက်သည်)

  • ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာများကို မြန်မာက ပြန်ခေါ်လိမ့်မည်ဟု တရုတ်ပြော

    ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာများကို မြန်မာက ပြန်ခေါ်လိမ့်မည်ဟု တရုတ်ပြော

    အောက်တိုဘာ ၂၆၊ ၂၀၂၀
    M-Media

    -နေရပ်စွန့်ခွာထွက်ပြေးရပြီး ဘင်္ဂလားဒေ့ရှ်မှာ နေထိုင်နေရတဲ့ ရိုဟင်ဂျာတွေကို ပြန်လည်ခေါ်ယူဖို့အတွက် မြန်မာနိုင်ငံက ဆန္ဒရှိကြောင်း တရုတ်နိုင်ငံက ဘင်္ဂလားဒေ့ရှ်ကို သတင်းစကား ပါးခဲ့ပါတယ်။

    တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး အေကေ အဘ်ဒူလ် မိုမန်တို့ ကြာသာပတေးနေ့ညက တွေ့ဆုံစဉ်မှာ ဒီလိုပြောခဲ့တာလို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးဌာနရဲ့ သောကြာနေ့ကထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    “အိုးအိမ်စွန့်ခွာ ထွက်ပြေးလာရတဲ့ ရိုဟင်ဂျာတွေကို ပြန်လည်ခေါ်ယူသွားမယ်ဆိုတာ မြန်မာနိုင်ငံက ထပ်လောင်း အတည်ပြုပြောကြားခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးက သတင်းစကား ပါးခဲ့ပါတယ်”

    ရိုဟင်ဂျာတွေကို ပြန်လည်လက်ခံရေး မကြာခင်မှာ ဘင်္ဂလားဒေ့ရှ်နဲ့ ဆွေးနွေးသွားမယ်ဆိုတဲ့အကြောင်း မြန်မာနိုင်ငံက တရုတ်ကို အသိပေးခဲ့တယ်လို့လည်း ကြေငြာချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။

    ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးကိစ္စအတွက် တရုတ်ဟာ မြန်မာနိုင်ငံနဲ့ အမြဲတစေပြောဆိုမှုရှိပြီး လာမယ့် နိုဝင်ဘာရွေးကောက်ပွဲအပြီးမှာ နှစ်ဖက် ကိုယ်စားလှယ်အဖွဲ့ ဆွေးနွေးမှုတွေ ဖြစ်လာအောင် လုပ်ပေးမယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးက ဘင်္ဂလားဒေ့ရှ်ကို ပြောကြားခဲ့ပါတယ်။

    အဲဒီနောက်မှာတော့ တရုတ်၊ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ ၃ နိုင်ငံဝန်ကြီးအဆင့်ဆွေးနွေးမှု​တွေ ဖြစ်လာမယ်လို့ ဘင်္ဂလားဒေ့ရှ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    ဝမ်ယီနဲ့ မိုမန်တို့ တွေ့ဆုံမှုအတွင်း ကိုဗစ်ကာကွယ်ဆေးကိစ္စ၊ ကပ်ရောဂါအလွန် စီးပွားရေးတွေအပါအဝင် အကြောင်းအရာတော်တော်များများကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

    Ref: Anadolu Agency

  • ဘင်္ဂလားဒေ့ရှ်၏ တစ်ဦးချင်းဂျီဒီပီ အိန္ဒိယကို ကျော်တက်မည်

    ဘင်္ဂလားဒေ့ရှ်၏ တစ်ဦးချင်းဂျီဒီပီ အိန္ဒိယကို ကျော်တက်မည်

    အောက်တိုဘာ ၁၅၊ ၂၀၂၀
    M-Media

    -၂၀၂၀ ခုနှစ်အတွင်း ဘင်္ဂလားဒေ့ရှ်ရဲ့ တစ်ဦးချင်း ဂျီဒီပီဟာ အိန္ဒိယနိုင်ငံကို ကျော်တက်ဖို့ရှိတယ်လို့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF က ကမ္ဘာစီးပွားရေးသုံးသပ်ချက် အစီရင်ခံစာ (WEO) မှာ ဖော်ပြထားပါတယ်။

    အိန္ဒိယရဲ့ တစ်ဦးချင်းဂျီဒီပီဟာ အခုနှစ်မှာ ၁၀.၅ ရာခိုင်နှုန်း ကျဆင်းကာ ၁၈၇၇ ဒေါ်လာသာ ရှိတော့မှာဖြစ်ပြီ ဘင်္ဂလားဒေ့ရှ်ကတော့ ၄ ရာခိုင်နှုန်းတက်ကာ ၁၈၈၈ ရှိလာမယ်လို့ IMF က ခန့်မှန်းပါတယ်။ ပြီးခဲ့တဲ့ ၅ နှစ်အရင်က IMF ရဲ့ အစီရင်ခံစာမှာ အိန္ဒိယက ဘင်္ဂလားဒေ့ရှ်ထက် တစ်ဦးချင်းဂျီဒီပီ ၄၀ ရာခိုင်နှုန်းလောက် မြင့်မားခဲ့တာပါ။

    ဒီခန့်မှန်းချက်ကြောင့် အိန္ဒိယဟာ ပါကစ္စတန်နဲ့ နီပေါပြီးရင် အာရှမှာ တတိယအဆင်းရဲဆုံးတိုင်းပြည် ဖြစ်လာဖို့ ရှိနေပါတယ်။ ကိုဗစ်ကပ်ရောဂါကြောင့်လည်း အိန္ဒိယရဲ့ စီးပွားရေးဟာ အဆိုးဝါးဆုံးအနေအထားကို ရင်ဆိုင်ရမယ်လို့ IMF က ထည့်သွင်း သုံးသပ်ထားပါတယ်။

    ပြီးခဲ့တဲ့ ၅ နှစ်အတွင်း ဘင်္ဂလားဒေ့ရှ်ရဲ့ တစ်ဦးချင်း ဂျီဒီပီဟာ ၉.၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ပို့ကုန်ကဏ္ဍ၊ ဘဏ်လုပ်ငန်းနဲ့ ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွေမှာ သိသိသာသာ တိုးတက်လာတာကြောင့် ဖြစ်ပါတယ်။

    ကိုဗစ်အလွန် လာမယ့်နှစ်မှာတော့ အိန္ဒိယရဲ့ စီးပွားရေးဟာ အခြားနိုင်ငံတွေထက် လျင်လျင်မြန်မြန်ပဲ ပုံမှန်အခြေအနေအတိုင်း ပြန်ရောက်လိမ့်မယ်လို့ WEO အစီရင်ခံစာမှာ IMF က ခန့်မှန်းထားပါတယ်။ ၂၀၂၁ ခုနှစ်မှာ အိန္ဒိယရဲ့ တစ်ဦးချင်းဂျီဒီပီဟာ ၈.၂ ရာခိုင်နှုန်းတက်ကာ ၂၀၃၀ ဒေါ်လာ ရှိလာမှာဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်ကတော့ ၅.၄ ရာခိုင်နှုန်းတိုးကာ ၁၉၉၀ ရှိလာမယ်လို့လည်း IMF က ထည့်သွင်းသုံးသပ်ထားပါတယ်။

    Ref: New Indian Express