News @ M-Media

Tag: Black Eagle

  • ၇ ရာစုက တည်ဆောက်ခဲ့တဲ့ ဗလီ ဘင်္ဂလားဒေ့ရှ်၌ ရှာဖွေတွေ့ရှိ

    ၇ ရာစုက တည်ဆောက်ခဲ့တဲ့ ဗလီ ဘင်္ဂလားဒေ့ရှ်၌ ရှာဖွေတွေ့ရှိ

    လင်းယုန်နက် (ခြင်္သေ့မြို့တော်)

    source:http://www.aljazeera.com/


    အပျော်တမ်း ရှေးဟောင်းသုတေသန ပညာရှင် တစ်ဦးက ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရပ်ဝေးရွာတစ်ရွာဖြစ်တဲ့ ရမ်ဂျာပူမှာ ၇ ရာစုက တည်ဆောက်ခဲ့တဲ့ ဗလီဝတ်ကျောင်းတော် တစ်ခုရဲ့ အကြွင်းအကျန်များကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။

    မြေအောက်မှာ နစ်မြုပ်နေတဲ့ ကုရ်အာန်စာသားများ ထွင်းထားတဲ့ ကျောက်တုံးများလည်း တွေ့ရှိပြီး တိကျတဲ့ အချက်အလက်များ ဆက်လက်ရှာဖွေနိုင်ပါက တောင်အာရှဒေသရဲ့ အစောဆုံး တည်ဆောက်ခဲ့တဲ့ ဗလီဝတ်ကျောင်းတော်  တစ်ခုအဖြစ် မှတ်တမ်းဝင်မှာ ဖြစ်ပါတယ်။

    အရှေ့တိုင်းမှာ အစောဆုံး အစ္စလာမ် ယဉ်ကျေးမှု အမွေအနှစ်များကို ၁၂ ရာစုခန့်ကသာ စ၍ တွေ့ရှိရလေ့ရှိပြီး ပိုမိုစောစီးစွာ တည်ဆောက်ခဲ့တဲ့ ဗလီဝတ်ကျောင်းတော်များဟာ တမန်တော်မြတ်သခင် လက်ထက်မှာ တရုတ်နိုင်ငံနဲ့ အိန္ဓိယနိုင်ငံ မာလဘာဒေသတို့မှာ ဖြစ်တယ်လို့ ယူဆကြသော်လည်း ခိုင်မာတိကျတဲ့ အထောက်အထား မရှိတဲ့အတွက် ယခု ရှာဖွေတွေ့ရှိမှုဟာ အလွန်သမိုင်းဝင်မဲ့ ဖြစ်ရပ်ပါ။

     

  • ဂျာမနီနိုင်ငံ ဟမ်းဘာဂ့်မြို့၌  အစ္စလာမ် ရုံးပိတ်ရက်များကို အသိအမှတ်ပြု

    ဂျာမနီနိုင်ငံ ဟမ်းဘာဂ့်မြို့၌ အစ္စလာမ် ရုံးပိတ်ရက်များကို အသိအမှတ်ပြု

    သြဂုတ်၊ ၁၅၊ ၂၀၁၂

    ဟမ်းဘာဂ့် မြို့တော်ဝန် Olaf Scholz

    ဂျာမနီနိုင်ငံ၌ ဟမ်းဘာဂ့်မြို့ (Hamburg)ဟာ အစ္စလာမ်ရုံးပိတ်ရက်များကို ပထမဆုံး အသိအမှတ်ပြု ကျင့်သုံးသော မြို့ဖြစ်လာပါတယ်။ မွတ်စလင် အလုပ်သမားများ၊ ကျောင်းသားများ ပွဲတော်ရက်များမှာ အနားယူခွင့် ရရှိမှာဖြစ်ပြီး အစိုးရကျောင်းများတွင်လည်း အစ္စလာမ်သင်ခန်းစာများ ပို့ချမှာဖြစ်ပါတယ်။

    ဂျာမနီနိုင်ငံ လူဦးရေ ၈၂-သန်းအနက် ၄-သန်းမှာ အစ္စလာမ်ဘာသာဝင်များဖြစ်၍ ထက်ဝက်ခန့်မှာ ဂျာမနီနိုင်ငံသား ခံယူရရှိထားသူများဖြစ်ပါတယ်။ မွတ်စလင်ဦးရေ တစ်သိန်းခွဲခန့်ရှိတဲ့ ဟမ်းဘာဂ့်မြို့ (Hamburg)အတွက် ဒီဆုံးဖြတ်ချက်ဟာ သမိုင်းဝင်ဖြစ်စဉ်ပါပဲ။

    ဟမ်းဘာဂ့်မြို့ (Hamburg) အစ္စလာမ်လူမှုသိုင်းဝိုင်းကောင်စီမှ ဒေနီယလ် အဘဒင် (Daniel Abdin) က ဒီမြောက်ပိုင်းပြည်နယ်ရှိ  အစိုးရကျောင်းများတွင်လည်း အစ္စလာမ်သင်ခန်းစာများ ပို့ချခြင်းဟာ အခြားသော ပြည်နယ် ၁၅-ခု အတွက် အချက်ပေးစစ်ဂနယ်တစ်ခုဖြစ်ကြောင်း ပြောပါတယ်။

    ဟမ်းဘာဂ့်မြို့မှ Fazle Omar ဗလီဝတ်ကျောင်းတော်

    သူက ဆက်လက်ပြီး ပြောကြားရာမှာ ဒီတိုးတက်မှုဟာ ဂျာမနီနိုင်ငံမှာ အစ္စလာမ်သာသနာကို အသိအမှတ်ပြု လက်ခံခြင်းရဲ့ အရေးကြီးတဲ့ ခြေလှမ်းပဲလို့ သိရပါတယ်။

    လာမယ့်နှစ်မှာ စတင် ကျင့်သုံးမှာဖြစ်ပြီး ဒီလိုဖြစ်မြောက်ဖို့ ကြိုးပမ်းအားထုတ်နေတာ ၅-နှစ်ရှိပြီ ဖြစ်ကြောင်းလည်းသိရပါတယ်။

    လင်းယုန်နက် (ခြင်္သေ့မြို့တော်)

    ကိုးကား

    http://www.reuters.com/article/2012/08/15/us-germany-islam-idUSBRE87E0XV20120815

     

  • သမ္မတ အိုဘားမား တည့်ခင်းတဲ့ အိမ်ဖြူတော် ဝါဖြေပွဲ

    သမ္မတ အိုဘားမား တည့်ခင်းတဲ့ အိမ်ဖြူတော် ဝါဖြေပွဲ

    ပြီးခဲ့တဲ့ သောကြာနေ့က အမေရိကန် သမ္မတ အိုဘားမားက အိမ်ဖြူတော်မှာ မွတ်စလင် ခေါင်းဆောင်များနဲ့ မွတ်စလင် ဝန်ထမ်းများအတွက် လမြတ်ရမသွာန် ဥပုဒ်လွှတ် ဝါဖြေပွဲ အခမ်းအနား ပြုလုပ်ကျင်းပခဲ့ပါတယ်။

    ဒီအစဉ်အလာကို မပျက်မကွက် နှစ်စဉ်ပြုလုပ်ခဲ့သူက သမ္မတ ဘီလ် ကလင်တန်ဖြစ်ပြီး သမ္မတ ဂျော့ဘုရှ်ကလည်း နှစ်စဉ်ကျင်းပခဲ့ပါတယ်။

    ဒါဟာ သူ တည်ခင်းဧည့်ခံတဲ့ ၄ ကြိမ်မြောက် ဝါဖြေပွဲဖြစ်ပြီး အမေရိကန်နိုင်ငံရဲ့ ဘာသာရေး လွတ်လပ်ခွင့်နဲ့ သမိုင်းတလျှောက် အမေရိကန် မွတ်စလင်များရဲ့ အရေးပါတဲ့ အခန်းကဏ္ဍများကို မိန့်ကြားခဲ့ပါတယ်။

    မိန့်ခွန်းနားဆင်လိုသူများ အောက်ပါလင့်မှာ သွားရောက်နားဆင်နိုင်ပါတယ်။

    http://www.whitehouse.gov/photos-and-video/video/2012/08/10/president-obama-hosts-iftar-dinner

    အိမ်ဖြူတော် ဝန်ထမ်းတစ်ဦးဖြစ်သူ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ရဲ့ ထိပ်တန်းအကြံပေးအရာရှိ အီဂျစ်လူမျိုး အစ္စလာမ်ဘာသာဝင် ‘ဟူမာ အဘီဒင်’ရဲ့ တိုင်းပြည်ချစ်စိတ်ကို ချီးကျူးဂုဏ်ပြုခဲ့ပြီး အခြားအတိုက်အခံ နိုင်ငံရေးသမားများရဲ့ စွပ်စွဲချက်ဖြစ်တဲ့ အီဂျစ်မှာ သူမရဲ့ ဆွေမျိုးသားချင်းများဟာ မွတ်စလင်ဘရားသားဟုဒ်အဖွဲ့နဲ့ အဆက်အသွယ်ရှိတယ် ဆိုတာကိုလည်း ချေပလိုက်ပါတယ်။

    အမေရိကန် သမိုင်းမှာ ပထမဦးဆုံး အိမ်ဖြူတော် ဝါဖြေပွဲ ကျင်းပခဲ့သူကတော့ တတိယမြောက် သမ္မတကြီး သောမတ်စ် ဂျက်ဖာဆင် ဖြစ်ပြီး ၁၈၀၅ ခုနှစ်မှာ တူနီးရှား သံတမန်အရာရှိကို ကြိုဆိုဂုဏ်ပြုခဲ့ခြင်းပါ။

    တက်ရောက်ဖို့ ဖိတ်ကြားခြင်းခံရတဲ့ အစိုးရအရာရှိများနဲ့ သံတမန်များ စားရင်းကို အောက်ပါလင့်မှာ ကြည့်ရှုနိုင်ပါတယ်။

    http://www.whitehouse.gov/the-press-office/2012/08/10/expected-attendees-white-house-iftar-dinner

     

    လင်းယုန်နက် (ခြင်္သေ့မြို့တော်)

    ကိုးကား

    http://www.reuters.com/article/2012/08/11/us-usa-obama-abedin-idUSBRE87A01N20120811

    http://www.huffingtonpost.com/2012/08/10/president-obamas-remarks-_n_1766576.html?utm_hp_ref=religion

    http://www.whitehouse.gov/blog/2012/08/11/president-obama-hosts-fourth-annual-iftar-dinner-white-house

     

  • တရုတ်အမျိုးသား D T F Wong ရဲ့ အစ္စလာမ့်အေးရိပ်ဆာရာသို့ ခရီး

    တရုတ်အမျိုးသား D T F Wong ရဲ့ အစ္စလာမ့်အေးရိပ်ဆာရာသို့ ခရီး

    ကျနော် “အဗဒူ ဟက်”ပါ။ ကျနော် တရုတ်လူမျိုးဖြစ်ပြီး “ဘရူနိုင်း”နိုင်ငံမှာ မွေးဖွားခဲ့သူပါ။ အမည်ရင်းက “ဝေါင်”ဖြစ်ပြီး နဂိုက မိဘတွေအတိုင်း ခရစ်ယာန်ဘာသာ ကိုးကွယ်ခဲ့ပါတယ်။ အခုအသက် ၃၆-နှစ်ရှိပါပြီ။ ၁၉၇၇-ခုနှစ်မှာ “ဘရူနိုင်း”နိုင်ငံကနေ “အင်္ဂလန်”နိုင်ငံကို ပညာသင်ထွက်ခဲ့ပြီး “အင်္ဂလန်”နိုင်ငံမှာပဲ အခြေချခဲ့ပါတယ်။ ငယ်စဉ်ကတည်းက ခရစ်ယာန်သာသနာပြုကျောင်းမှာ တက်ရောက်ခဲ့ပြီး “အင်္ဂလန်”နိုင်ငံရောက်တော့လည်း ကောလိပ်မတက်ခင် ခရစ်ယာန်အလွတ်တန်းကျောင်းတစ်ခုမှာ ၂-နှစ်တက်ရောက်ခဲ့ပါတယ်။ အသက် ၂၇-နှစ်အထိ ခရစ်ယာန်ဘာသာဝင်အဖြစ်ရှိခဲ့ပြီး အခုတော့ အစ္စလာမ်ဘာသာဝင်ဖြစ်လာတာ ၉-နှစ်တိုင်ခဲ့ပါပြီ။

    အသက် ၂၃-နှစ်လောက်ကစပြီး ဘာသာရေးကိုစိတ်ဝင်စားစပြုလာပြီး ဘုရားသခင်ဆိုတာကို ပိုမိုသိရှိလိုစိတ်တွေ ပေါပေါက်လာပါတယ်။ အိမ်ပြတင်းပေါက်ကနေ အပြင်ကိုကြည့်ပြီး ကောင်းကင်၊ သစ်ပင်၊ လူ စတာတွေကို ကြည့်ရင်း ဖန်ဆင်းခြင်းကိုစိတ်ဝင်စားလာပြီး ဖန်ဆင်းရှင် တည်ရှိကြောင်းအသိ ဖြစ်ပေါ်တိုးပွါးလာပါတယ်။ ကောလိပ်မှာ ဗိသုကာပညာရပ်သင်ကြားတဲ့အခါ အဆောက်အဦးဆိုတာ တစ်စုံတစ်ယောက်က ဒီဇိုင်းဆွဲ၊ ဆောက်လုပ်ရတာဆိုသလို နေ့နဲ့ည ပြောင်းလဲခြင်း၊ ခန္တာကိုယ်ဖြစ်တည်နေမှု စတာတွေဟာ ဖန်ဆင်းရှင်ရှိလို့ဆိုတာကို လေးလေးနက်နက် ယုံကြည်လာခဲ့ပါတယ်။

    “ဘရူနိုင်း”နိုင်ငံမှာ မွေးဖွားကြီးပြင်းခဲ့မယ့် အစ္စလာမ်သာသနာအကြောင်း မလေ့လာဖြစ်၊ မသိရှိဖြစ်ခဲ့ပါဘူး။ “ဘရူနိုင်း”နိုင်ငံမှာ အစ္စလာမ်ဘာသာဝင်မဟုတ်သူများအတွက် အစ္စလာမ်သာသနာ ပညာရေး သင်ခန်းစာ ကင်းလွတ်ခွင့်ရှိပါတယ်။ တစ်နေ့မှာ အစ္စလာမ်ဘာသာရေးရာ စာအုပ်ဆိုင်တစ်ဆိုင်အနား ဖြတ်လျှောက်အသွား ဘာရယ်မဟုတ် ဝင်ကြည့်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီမှာ “ကုရ်အာန်ကျမ်းမြတ်”ကို တွေ့ရှိပြီး ဝယ်ယူဖို့ ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ “ကုရ်အာန်ကျမ်းမြတ်”ရဲ့ ညွှန်ကြားပြသမှုတွေ၊ သင်ကြားရှင်းလင်းမှုတွေက အချိန်အတော်ကြာ ကျနော် ခံစားယုံကြည်နေတဲ့ ဖန်ဆင်းရှင်အသိ မှန်ကန်ကြောင်းအပြင် ခရစ်ယာန်ဘာသာရဲ့ယုံကြည်မှုနဲ့ သမ္မာကျမ်းစာတို့ကို ထပ်လောင်းလင်းဝင်းပြမှုတွေကို ပထမဆုံးအကြိမ် သိရှိလိုက်ရပါတော့တယ်။

    ဒီလိုနဲ့ ရှာဖွေလေ့လာဖတ်ရှုရင်း တဖြည်းဖြည်း  အစ္စလာမ်သာသနာဘောင်တွင်း ဝင်ရောက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။  အစ္စလာမ်သာသနာဟာ အလွန်ရိုးရှင်းပြီး သန့်စင်တဲ့ သာသနာပါ။ မိဘတွေကိုဖွင့်ပြောလိုက်တဲ့အခါ အမေက သူ့ရဲ့ အကိုတော်တဲ့ ခရစ်ယာန်ဘုန်းကြီးနှစ်ယောက်ကို ဆက်သွယ်ပြီး ခရစ်ယာန်ဘာသာ မှန်ကန်ကြောင်း ဟောပြောပြန်ဆွယ်ပါတယ်။ သို့သော်လည်း ကျနော့်ကို သူတို့ပြန်ဆွယ်လို့မရခဲ့ပါဘူး အစ္စလာမ်သာသနာရဲ့ အဆုံးအမတွေ ဆက်လက်လေ့လာဖတ်ရှုရင်း ကျနော့်ယုံကြည်ချက်က ပိုမိုခိုင်မာလာပါတယ်။

    ဒီနေ့လို လူတွေတီထွင်တဲ့ ဥပဒေသတွေ၊ မတရားမှုတွေနဲ့ လွှမ်းမိုးနေတဲ့ ခေတ်ကြီးမှာ ဖန်ဆင်းရှင်ရဲ့ သင်ကြားမှုဆီ ပြန်လှည့်ဖို့ရာ အချိန်တန်ပါပြီ။ ကျနော် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချခဲ့တယ်ဆိုတာ ကျနော် အသိဆုံးပါ။

    လင်းယုန်နက် (ခြင်္သေ့မြို့တော်)

    ကိုးကား

    http://wechooseislam.wordpress.com/2010/03/27/guidance-to-the-truth-by-abdulhaqq-dtf-wong-china/, http://islam100.wordpress.com/2009/01/24/guidance-to-the-truth-by-abdulhaqq-dtf-wong-china/

  • ကမ္ဘာ့ မွတ်စလင် လူဦးရေ ပျံ့နှံ့မှု စစ်တမ်း

    ကမ္ဘာ့ မွတ်စလင် လူဦးရေ ပျံ့နှံ့မှု စစ်တမ်း

    အင်တာနက်မှာ ကမ္ဘာ့ မွတ်စလင်လူဦးရေပျံ့နှံ့မှုများ ရှာဖွေလေ့လာရင်းက ၂၀၁၀-ခုနှစ် အမေရိကန်နိုင်ငံ ဟာဝိုင်အီကျွန်းပြည်နယ် ဟိုနိုလူလူမြို့တော်မှာ ပြုလုပ်ကျင်းပခဲ့တဲ့ (၈) ကြိမ်မြောက် နိုင်ငံတကာ အနုပညာနှင့် လူသားများဆိုင်ရာ ညီလာခံမှာ တင်သွင်းဖတ်ကြားခဲ့တဲ့ စာတမ်းတစ်ခုကို တွေ့ရှိဖတ်မှတ်ခွင့်ရရှိခဲ့ပါတယ်။

    World Muslim Population Map (photo-wiki)

    အဖွင့်မှာ အကျဉ်းတင်ပြထားချက်အရ အာရှတိုက်တစ်ခုအတွင်းမှာပင် ကမ္ဘာ့ မွတ်စလင်ဦးရေရဲ့ ၆၉-ရာခိုင်နှုန်း တည်ရှိနေထိုင်နေပြီး အာဖရိကတိုက်မှာတော့ ၂၇-ရာခိုင်နှုန်းရှိပါတယ်။ ၂၀၁၀-ခုနှစ်မှာ ကမ္ဘာ့မွတ်စလင်ဦးရေ က ကမ္ဘာ့ စုစုပေါင်းလူဦးရေရဲ့ ၂၄-ရာခိုင်နှုန်းဖြင့် သန်းပေါင်း-၁၆၅၀ (တစ်ထောင့်ခြောက်ရာ့ငါးဆယ်) ကျော်ရှိပါတယ်။ ဆယ်စုနှစ် တစ်ခုတိုင်း တစ်ရာခိုင်နှုန်းတိုးပွါးမှာဖြစ်ပြီး ၂၀၂၀-ခုနှစ်မှာ ကမ္ဘာ့ စုစုပေါင်းလူဦးရေရဲ့ လေးပုံတစ်ပုံ (၁/၄)ရှိလာမှာပါ။ ၂၀၇၅-ခုနှစ်မှာတော့ ကမ္ဘာ့ စုစုပေါင်းလူဦးရေရဲ့ သုံးပုံတစ်ပုံ (၁/၃)အထိ တိုးပွါးလာမှာဖြစ်ပါတယ်လို့ လေ့လာတင်ပြထားပါတယ်။

    ထူးခြားတာက ဒီနှစ်အစောပိုင်းမှာ အနောက်တိုင်းကပြုလုပ်တဲ့ စစ်တမ်းနောက်တစ်ခုအရ ကမ္ဘာ့ပေါ်မှာ လူ ၄-ဦးအနက် တစ်ဦးက မွတ်စလင်ဖြစ်ကြောင်း၊ ကမ္ဘာ့ မွတ်စလင်ဦးရေက ကမ္ဘာ့ စုစုပေါင်းလူဦးရေရဲ့ ၂၅-ရာခိုင်နှုန်းဖြစ်ကြောင်း သိလိုက်ရပါတယ်။ (သတင်းအရင်းအမြစ် အတိအကျ မမှတ်မိတော့တာကို ခွင့်လွှတ်ပေးပါ။) မှန်းဆတွက်ချက်မှုတွေထက် ပိုမိုလျင်မြန်စွာ တိုးတက်တိုးပွါးလာမှုဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုအတွင်း အနောက်တိုင်းမှာ အစ္စလာမ်ဘာသာကိုစိတ်ဝင်စားလာမှုတွေ၊ သက်ဝင် ယုံကြည်လာသူ အသစ်တွေ များပြားလာမှုကြောင့်လို့ ယူဆရင် မှားမယ်မထင်ပါ။

     အာရှ နှင့် အာဖရိက

    စာတမ်းရှင်ရဲ့ ၂၀၁၀-ခုနှစ် ကိန်းဂဏန်းများအရ အာရှတိုက်မှာ မွတ်စလင်ဦးရေ သန်းပေါင်း-၁၂၀၀ ခန့်ရှိပြီး ကမ္ဘာ့ မွတ်စလင်ဦးရေးရဲ့ ၇၀-ရာခိုင်နှုန်းနီးပါးဖြစ်ပါတယ်။ အာဖရိကတိုက်မှာ မွတ်စလင်ဦးရေ သန်းပေါင်း-၄၅၀ ခန့်ရှိပြီး ကမ္ဘာ့မွတ်စလင်ဦးရေရဲ့ ၂၇-ရာခိုင်နှုန်းနီးပါး၊ အာဖရိကတိုက် စုစုပေါင်းလူဦးရေရဲ့ ၄၄-ရာခိုင်နှုန်းနီးပါးဖြစ်ပါတယ်။

    ဥရောပ

    ဥရောပတိုက်မှာ မွတ်စလင်ဦးရေ သန်း-၅၀ ခန့်ရှိပြီး ကမ္ဘာ့ မွတ်စလင်ဦးရေရဲ့ ၃-ရာခိုင်နှုန်းနီးပါး၊ ဥရောပတိုက် စုစုပေါင်းလူဦးရေရဲ့ ၆.၅-ရာခိုင်နှုန်းကျော်ရှိနေပါပြီ။ အခုကိန်းဂဏန်းများဟာ ၂၀၁၀-ခုနှစ်က ကိန်းဂဏန်းများသာဖြစ်ပါတယ်။

    တောင်အာရှ

    တောင်အာရှဒေသ (အိန္ဓိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာ၊ နီပေါ၊ ဘူတန်နှင့် မော်လဒိုက်) ကတော့ အထူးပြောနေဖို့တောင် လိုမယ်မထင်တော့ပါဘူး။ နိုင်ငံပေါင်း ၇-နိုင်ငံရှိပြီး စုစုပေါင်းလူဦးရေ သန်းပေါင်း-၁၇၀၀ နီးပါးရှိကာ မွတ်စလင်ဦးရေ သန်း-၅၀၀ ကျော်ရှိနေပါတယ်။ အကြမ်းဖျင်းအားဖြင့် -ဘင်္ဂလားဒေ့ရှ် – ၁၄၅-သန်းကျော်,  ပါကစ္စတန် – ၁၇၅-သန်းကျော်,အိန္ဒိယ – ၁၆၅-သန်းကျော်,  သီရိလင်္ကာ – ၂-သန်းခန့်,  နီပေါ – ၁-သန်းကျော်,  မော်လဒိုက် – ၄-သိန်းခန့်,  ဘူတန် – ၅-သောင်းခန့် တို့အသီးသီးဖြစ်ကြပါတယ်။

    အာဆီယံ

    အရှေ့တောင်အာရှ (အာဆီယံဒေသ)မှာ နိုင်ငံပေါင်း ၁၁-နိုင်ငံရှိပြီး စုစုပေါင်းလူဦးရေ သန်း-၆၀၀ နီးပါးမှာ ၄၀-ရာခိုင်နှုန်းကျော်ဟာ အစ္စလာမ်ဘာသာဝင်တွေဖြစ်ပါတယ်။ ဒီစာရင်းဟာ အစိုးရများထုတ်ပြန်တဲ့ တရားဝင်စာရင်းဇယားကို အခြေခံထားတာဖြစ်ပြီး မြန်မာနိုင်ငံကဲ့သို့ အချို့နိုင်ငံတွေမှာ အစိုးရတွေအနေနဲ့ မွတ်စလင်ဦးရေကို ထိန်ချန်ထားတာ အများအသိပါပဲ။ အကြမ်းဖျင်းအားဖြင့် –

    အင်ဒိုနီးရှား – သန်း-၂၀၀ ကျော်,  မလေးရှား – ၁၈-သန်းခန့်,  ဘရူနိုင်း – ၃-သိန်းကျော်,  ဖီလစ်ပိုင် – ၅-သန်းခန့်,  ထိုင်း – ၃-သန်းကျော်,  ကမ္ဘောဒီးယား – ၃-သိန်းကျော်,  လာအို – ၂၀၀၀-ခန့်,  စင်္ကာပူ – ၁-သန်းခန့်,  ဗီယက်နမ် – ၁-သိန်းခန့်,  အရှေ့တိမော – ၅၀၀၀-ခန့် တို့အသီးသီးဖြစ်ကြပါတယ်။

    ကျွန်တော်တို့ ရွှေမြန်မာမှာတော့ တရားဝင်စာရင်းအရ “မွတ်စလင် ၄-ရာခိုင်နှုန်း”သာရှိပါတယ်။

    ယခုလက်ရှိ အချို့နိုင်ငံတကာခန့်မှန်းစစ်တမ်းများအရ မွတ်စလင်ဦးရေ အနည်းဆုံး ၆-ရာခိုင်နှုန်းမှ အများဆုံး ၁၀-ရာခိုင်နှုန်းအထိ ရှိတယ်လို့ဆိုကြပါတယ်။ ကမ္ဘာ့ ကုလသမဂ္ဂမှ ကြီးမှူးပြီး ဒေသခံအဖွဲ့အစည်းများ အကူအညီဖြင့် စစ်တမ်းအမှန် ကောက်ယူနေပြီး ၂၀၁၄-ခုနှစ်မှာ တရားဝင်ကြေညာ သိရှိရမယ်လို့တော့ သိထားပါတယ်။

     

    လင်းယုန်နက် (ခြင်္သေ့မြို့တော်)