News @ M-Media

ဂျာမနီနိုင်ငံ ဟမ်းဘာဂ့်မြို့၌ အစ္စလာမ် ရုံးပိတ်ရက်များကို အသိအမှတ်ပြု

သြဂုတ်၊ ၁၅၊ ၂၀၁၂

ဟမ်းဘာဂ့် မြို့တော်ဝန် Olaf Scholz

ဂျာမနီနိုင်ငံ၌ ဟမ်းဘာဂ့်မြို့ (Hamburg)ဟာ အစ္စလာမ်ရုံးပိတ်ရက်များကို ပထမဆုံး အသိအမှတ်ပြု ကျင့်သုံးသော မြို့ဖြစ်လာပါတယ်။ မွတ်စလင် အလုပ်သမားများ၊ ကျောင်းသားများ ပွဲတော်ရက်များမှာ အနားယူခွင့် ရရှိမှာဖြစ်ပြီး အစိုးရကျောင်းများတွင်လည်း အစ္စလာမ်သင်ခန်းစာများ ပို့ချမှာဖြစ်ပါတယ်။

ဂျာမနီနိုင်ငံ လူဦးရေ ၈၂-သန်းအနက် ၄-သန်းမှာ အစ္စလာမ်ဘာသာဝင်များဖြစ်၍ ထက်ဝက်ခန့်မှာ ဂျာမနီနိုင်ငံသား ခံယူရရှိထားသူများဖြစ်ပါတယ်။ မွတ်စလင်ဦးရေ တစ်သိန်းခွဲခန့်ရှိတဲ့ ဟမ်းဘာဂ့်မြို့ (Hamburg)အတွက် ဒီဆုံးဖြတ်ချက်ဟာ သမိုင်းဝင်ဖြစ်စဉ်ပါပဲ။

ဟမ်းဘာဂ့်မြို့ (Hamburg) အစ္စလာမ်လူမှုသိုင်းဝိုင်းကောင်စီမှ ဒေနီယလ် အဘဒင် (Daniel Abdin) က ဒီမြောက်ပိုင်းပြည်နယ်ရှိ  အစိုးရကျောင်းများတွင်လည်း အစ္စလာမ်သင်ခန်းစာများ ပို့ချခြင်းဟာ အခြားသော ပြည်နယ် ၁၅-ခု အတွက် အချက်ပေးစစ်ဂနယ်တစ်ခုဖြစ်ကြောင်း ပြောပါတယ်။

ဟမ်းဘာဂ့်မြို့မှ Fazle Omar ဗလီဝတ်ကျောင်းတော်

သူက ဆက်လက်ပြီး ပြောကြားရာမှာ ဒီတိုးတက်မှုဟာ ဂျာမနီနိုင်ငံမှာ အစ္စလာမ်သာသနာကို အသိအမှတ်ပြု လက်ခံခြင်းရဲ့ အရေးကြီးတဲ့ ခြေလှမ်းပဲလို့ သိရပါတယ်။

လာမယ့်နှစ်မှာ စတင် ကျင့်သုံးမှာဖြစ်ပြီး ဒီလိုဖြစ်မြောက်ဖို့ ကြိုးပမ်းအားထုတ်နေတာ ၅-နှစ်ရှိပြီ ဖြစ်ကြောင်းလည်းသိရပါတယ်။

လင်းယုန်နက် (ခြင်္သေ့မြို့တော်)

ကိုးကား

http://www.reuters.com/article/2012/08/15/us-germany-islam-idUSBRE87E0XV20120815

 

Comments

Leave a Reply