News @ M-Media
Tag: britain
  • Woolwich မြို့ လူသတ်မှုမှာ အစ္စလာမ်သာသနာနှင့် ပတ်သက်မှု မရှိဟု ဗြိတိန် ဝန်ကြီးချူပ် ပြော
    မေ-၂၃၊၂၀၁၃
    M-Media
    Cameron
    လန်ဒန်။ ။ ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က လန်ဒန်မြို့တောင်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက် တိုက်ခိုက် သတ်ဖြတ်မှုမှာ အစ္စလာမ်သာသနာနှင့် ပတ်သက်မှုမရှိဟု ဗြိတိသျှ အာဏာပိုင်များမှ မေလ ၂၃ ရက် ကြာသာပတေးနေ့က ပြောကြားလိုက်သည်။
    “ဒါဟာ ဗြိတိန်နဲ့ ဗြိတိသျှ လူမှုဘ၀တွေကို တိုက်ခိုက်ရုံတင်မဟုတ်ပါဘူး။ အစ္စလာမ်ဘာသာနဲ့ ကျနော်တို့တိုင်းပြည်အတွက် အများကြီးပေးဆပ်ခဲ့ကြတဲ့ မွတ်စလင်လူ့အဖွဲ့အစည်းကို သစ္စာဖောက်တဲ့ လုပ်ရပ်လည်းဖြစ်ပါတယ်။ တကယ့်ကို သွေးပျက်ဖွယ်ကောင်းတဲ့ ဒီလိုလုပ်ရပ်ကို အားပေးတာမျိုး အစ္စလာမ်သာသနာမှာ လုံးဝ မရှိပါဘူး။” ဟု ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း(David Cameron)က ကတ်ဘိနတ်ဝန်ကြီးများ၊ လုံခြုံရေးတာဝန်ရှိသူများနှင့် အရေးပေါ်အစည်းအဝေးပြုလုပ်ပြီးနောက် သတင်းထောက်များသို့ ပြောကြားခဲ့သည်။
    လန်ဒန်မြို့တောင်ဘက် ၀ူးလ်ဝစ်ခ်ျ(Woolwich) ဒေသရှိ စစ်တန်းလျားအနီးတွင် ဗိုလ်လောင်းတစ်ဦးအား တောခုတ်ဓား ကိုင်ဆောင်ထားသည့် လူနှစ်ဦးမှ တိုက်ခိုက်သတ်ဖြတ်မှု တစ်ခု ဗုဒ္ဓဟူးနေ့က ဖြစ်ပွားခဲ့သည်။
    ဗီဒီယိုတစ်ခု လူသတ်သမားနှစ်ဦးက ၎င်းတို့၏သတ်ဖြတ်မှုအတွက် ဗြိတိသျှရဲတပ်ဖွဲ့ကို ပြစ်တင်ပြောဆိုခဲ့ပြီး၊ အစိုးရအားဖြုတ်ချရန် ဗြိတိန်ပြည်သူများကို တိုက်တွန်းခဲ့သည်။
    “ငါတို့ကို သူတို့ တိုက်ခိုက်သလို ငါတို့ကလည်း သူတို့ကို ပြန်တိုက်ခိုက်ရမယ်။ မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး၊ သွားတစ်ချောင်းအတွက် သွားတစ်ချောင်းပဲ။ ငါတို့ သေနတ်နဲ့ပစ်တဲ့အခါ ဒေဗစ်ကင်းမရွန်းက ဖမ်းလိမ့်မယ်လို့ ခင်ဗျားတို့ ထင်သလား။ နိုင်ငံရေးသမားတွေ သေတော့မယ်လို့ ခင်ဗျားတို့ထင်သလား” ဟု ထိုဗီဒီယိုတွင် ပြောဆိုထားသည်။
    တိုက်ခိုက်ခဲ့သူနှစ်ဦးအနက် တစ်ဦးမှာ နိုက်ဂျီးရီးယားနွယ်ဖွား ဗြိတိန်နိုင်ငံသားဖြစ်သည်ဟု တာဝန်ရှိသူများကဆိုသည်။ ဒေသတွင်း မီဒီယာကလည်း ၎င်းတို့အနက် တစ်ဦးမှာ အသက် ၂၈ နှစ်အရွယ်ရှိ မိုက်ကယ် အဒီဘိုလာဂျို(Michael Adebolajo)ဆိုသူဖြစ်ပြီး လန်ဒန်အရှေ့ပိုင်း လင်ကွန်းမြို့ရှိ ၎င်း၏ မိသားစုနေထိုင်သည့်အိမ်ကို ရဲတပ်ဖွဲ့ဝင်များက ၀င်ရောက် စီးနင်းခဲ့သည်ဟု ဆိုသည်။
    ထိုသူနှစ်ဦးစလုံးမှာ နိုက်ဂျီးရီးယားနိုင်ငံမှ ရွှေ့ပြောင်းအခြေချသူများဖြစ်ပြီး ခရစ်ယာန်ဘာသာမှ အစ္စလာမ်ဘာသာသို့ ပြောင်းလဲထားကြသူများဖြစ်သည်ဟု မီဒီယာများကဆိုသည်။
    “အကြမ်းဖက်တိုက်ခိုက်မှု ဒါမှမဟုတ် အကြမ်းဖက်ဝါဒရဲ့ ဘယ်လိုပုံစံမျိုးကိုမှ ကျနော်တို့ လက်လျှော့အရှုံးပေးသွားမှာမဟုတ်ပါဘူး။” ဟု သူက ပြောကြားခဲ့ပြီး အကြမ်းဖက်ဝါဒအား တိုက်ခိုက်ရန် အကောင်းဆုံးနည်းလမ်းမှာ ပုံမှန်အတိုင်း နေထိုင်ခြင်းဖြစ်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။
    ၂၀၀၅ခုနှစ် ဇူလိုင်လက လန်ဒန်မြို့တွင် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး၊ ထိုစဉ်က ခရီးသည် ပို့ဆောင်ရေးယာဉ်များကို ပစ်မှတ်ထားသည့် လူငယ်လေးဦး၏ အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် ၅၂ ဦးသေဆုံးခဲ့သည်။
    ၂၀၀၉ ခုနှစ်ကလည်း မြောက်အိုင်ယာလန်ရှိ စစ်တန်းလျားအပြင်ဘက်တွင် စစ်သားနှစ်းဦအား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ဖြစ်ပွားခဲ့ပြီး အိုင်ယာလန်ခွဲထွက်ရေးလှုပ်ရှုားသူများက ၎င်းတို့၏ လက်ချက်ဟု ကြေညာခဲ့သည်။
    အစ္စလာမ်နှင့် မသက်ဆိုင်
    အဆိုပါ အကြမ်းဖက်သတ်ဖြတ်မှုမှာ အစ္စလာမ်သာသနာနှင့် ပက်သက်ခြင်းမရှိဟု လန်ဒန်မြို့တော်ဝန် ဘောရစ် ဂျွန်ဆင်(Boris Johnson) ကပြောဆိုခဲ့သည်။
    “ထင်ရှားတဲ့အချက်တစ်ချက်ကိုပြောရရင်၊ ဒီသတ်ဖြတ်မှုနဲ့ ပက်သက်ပြီး အစ္စလာမ်သာသနာကို ပြစ်တင်ပြောဆိုတာဟာ လုံးဝမှားယွင်းပါတယ်။ နောက်ပြီး ဗြိတိန်ရဲ့ နိုင်ငံခြားရေး ပေါ်လစီနဲ့ ဒီသတ်ဖြတ်မှုအကြား ဆွဲယူချိတ်ဆက် ပြောဆိုတာတွေဟာလည်း မှားယွင်းပါတယ်။
    ကျူးလွန်ခဲ့တဲ့သူတွေရဲ့ အတွေးအခေါ် မှားယွင်းမှုကြောင့်သာ ဒါတွေဖြစ်လာတာပါ။ သတ်ဖြတ်ခံရတဲ့သူနဲ့ သူရဲ့ မိသားစုအတွက် တရားခံကို တရားဥပဒေရှေ့မှောက် ခေါ်ဆောင်လာဖို့ လိုအပ်ပါတယ်။” ဟု ဂျွန်ဆင်က အရေးပေါ် အစည်းအဝေးမတိုင်မီ ပြောကြားခဲ့သည်။
    ထိုအကြမ်းဖက်တိုက်ခိုက်သတ်ဖြတ်မှုနှင့်ပက်သက်၍ ဗြိတိန်တ၀ှမ်းရှိ မွတ်စလင်များက ကျယ်ကျယ်ပြန့်ပြန့် ရှုတ်ချခဲ့ကြပြီး အစ္စလာမ်၏ သွန်သင်ချက်များနှင့် ဆန့်ကျင်နေသည်ဟု ပြောဆိုခဲ့ကြသည်။
    “ဒါဟာ အစ္စလာမ်ကမသွန်သင်တဲ့ တကယ့်ကို ရိုင်းစိုင်းတဲ့လုပ်ရပ်ပါ။ ဒီလုပ်ရပ်ကို ကျနော်တို့ လုံးလုံးလျားလျား ဆန့်ကျင်ရှုတ်ချပါတယ်။ မွတ်စလင်တွေဟာ နှစ်ပေါင်းများစွာကတည်းက ဒီနိုင်ငံရဲ့စစ်တပ်ထဲမှာ ဂုဏ်ယူစွာနဲ့ အမှုထမ်းခဲ့ကြပါတယ်။ ” ဟု ဗြိတိသျှ မွတ်စလင်ကောင်စီ(MCB)က ဆိုသည်။
    ၎င်းအပြင် အစွန်းရောက်ဝါဒအား နှိမ်နင်းရန် မွတ်စလင်နှင့် မွတ်စလင်မဟုတ်သူများအပါဝင် ဗြိတိန်နိုင်ငံသားများအားလုံး စည်းလုံးညီညွတ်ကြရန် ဆော်အော်ခဲ့သည်။
    “ဒီလုပ်ရပ်ကြောင့် ယူကေရဲ့လမ်းမတွေပေါ်မှာ တင်းမာမှုတွေ မြင့်တက်လာမယ်ဆိုတာ သံသယဖြစ်စရာမလိုပါဘူး။ စည်းစည်းလုံးလုံးနဲ့ အမုန်းတရားတွေ ဆက်လက်ပြန့်နှံ့မသွားအောင်လုပ်ဖို့ လူ့အဖွဲ့အစည်းအားလုံးကို တိုက်တွန်းပါတယ်။” ဟု MCB မှ ပြောကြားခဲ့သည်။
  • မအောင်မြင်ခဲ့သော ကုရ်အာန်မီးရှိုမည့် အစီစဉ်၏ နောက်ဆက်တွဲ
    Youtube ဗွီဒီယို ၀က်ဆိုက်တွင် ကျမ်းမြတ်ကုရ်အာန် စာ နှစ် အုပ်အားမီးရှိုခဲ့ပုံ အား ၉-၁၁ နှစ်ပတ်လည်နေ့တွင် လွင့်တင် ခဲ့သော ဗြိတိန်လူငယ် ၆ဦး အမှုရင်ဆိုင်နေရကြောင်းသိရသည်။ ယင်းဗီဒိယိုပြကွက်တွင် လက်ကိုင်ပ၀ါလည်ပင်း တွင်ပတ်ဆင်ထားလူများက ကုရ်အာန်ကျမ်းစာကိုမီးရှိုကာ …ဒါက အာဖဂန်နစ္စတန် ကျဆုံးသွားတဲ့ ဗြိတိန်စစ်သားတွေ အတွက် ၊ ၉-၁၁မှာသေဆုံးသွား တဲ့သူတွေအတွက် ….ဟု သူတို့ ရည်ရွယ်ချက် ကို အော်ဟစ် ကြွေးကြော် ကြခဲ့သည်။ Youtube တွင်ယင်း ဗီဒိယို ထွက်ပေါ် လာပြီး ၆ရက် အကြာတွင် ၄င်းတို့အားဆက်တိုက် ဖမ်းဆီးရမိခဲ့ခြင်းဖြစသည်။ ရဲတပ်ဖွဲ၏ ပြောဆိုချက်အရ ၄င်းတို့ သည် ကုရ်အာန် ကျမ်းစာအား မီးရှို့ခဲ့သည်ဟု ၀န်ခံသော် လည်း Youtube တွင်ထုတ်လွင့်ခဲ့ခြင်းမရှိဟု ငြင်းဆိုထားကြောင်း မွတ်စလင် များနှင့် လူဖြူ အင်္ဂလိပ်များကို သာမန် စိတ် အနှောက်ယှက်ဖြစ် စေအောင် သာရည်ရွယ် ကြောင်းသည်ဟု သိရသည်။ ကုရ်အာန် မီးရှိုခဲ့ သူများကို စက်တင်ဘာ ၁၅ရက် နေ့တွင်နှစ်ဦးနှင့် စက်တင်ဘာ ၂၂ ရက်နေ့တွင် ၄ဦးဖမ်းဆီး မိခဲ့ကြောင်း ယင်း လူငယ်များမှာ အင်္ဂလန်မြောက်ပိုင်း Gateshead တွင် အမှုရင်ဆိုင်ရမှာဖြစ်ကြောင်း ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၇နှစ် ကျခံရမည်ဖြစ် ကြောင်း ရဲတပ်ဖွဲကဆိုပါသည်။ ကမ္ဘာ့ ကုန်သွယ်ရေး အဆောက် အုံအား လေယာဉ်ဖြင့် တိုက်ခိုက်ခံ လိုက်ရသော ၉-၁၁ နှစ်ပတ်လည်နေ့တွင် အမေရိကန် ဖလော်ရီဒါပြည်နယ်ရှိ ချာခ်ျဘုရားကျောင်း တစ်ခုမှ် ကုရ်အာန် မီးရှို့ပွဲကို ပြုလုပ်ရန် စီစဉ်ခဲ့ သော်လည်း (more…)
  • နိုင်ငံခြားအလုပ်သမားများ ဗြိတိန်လုပ်ငန်းခွင်များ တွင် ဖိနှိပ်မှုများနှင့် ရင်ဆိုင်နေရ
    ဗြိတိန်တွင်မြင့်မားသော လုပ်ခလစာ ဖြင့် အလုပ်လုပ်ရန် ရောက်ရှိလာကြသော နိုင်ငံခြားအလုပ်သမားများမှာ ဗြိတိန်ရှိ လုပ်ငန်းခွင်များတွင်
    မှန်းချက်နှင့် နှမ်းထွက်မကိုက် သည့်  အဖြစ်မျိုးနှင့် ယခုအခါ တွင် ကြုံတွေ့နေ ရပြီဖြစ် သည်။ သည်ဆန်း သတင်းစာက ဗြိတိန်ရောက် နိုင်ငံခြား
    အလုပ် သမားများသည် ရုပ်ပိုင်း၊စိတ်ပိုင်း၊ နှင့် လိင်မှု စော်ကားမှုများ ရင်ဆိုင်ကြုံ တွေ့ နေကြောင်း ၊ ရေးသား ဖေါ်ပြ လိုက်သည့် အ ပြင် ဗြိတိန်
    ချယ်နယ် ၄ ရုပ်သံမှလည်း  နိုင်ငံခြား အလုပ်သမား ၁၅၀၀၀၀ ခန့်မှာ ခေတ်သစ် ကျေးကျွန်များသဖွယ် အလုပ်ရှင်၊ အိမ်ရှင်များက သောခတ်ပိတ်လှောင်ခြင်း၊
    နေ့စဉ်ပိတ်ရက်မရှိ နာရီ ၂၀ခန်အလုပ်စေခိုင်းခံနေရသည် ဟု ထုတ်လွင့်ပြသခဲ့ ပါ သည်။
    (more…)