News @ M-Media

Tag: Business in Myanmar

  • မန္တလေးအနီးတွင် နိုင်ငံ၏ အကြီးဆုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်သွားမည်

    မန္တလေးအနီးတွင် နိုင်ငံ၏ အကြီးဆုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်သွားမည်

    ဒီဇင်ဘာ ၇၊ ၂၀၁၅
    M-Media

    power

    – မြန်မာနိုင်ငံ၏ စွမ်းအင်ပြတ်လပ်မှု ပြဿနာကို ဖြေရှင်းရေးအတွက် နိုင်ငံ၏ အကြီးဆုံး သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးတွင် ရင်းနှီးမြှုပ်နှံရန် မြန်မာအစိုးရနှင့် နားလည်မှုစာချွန်လွှာတစ်ခုကို လက်မှတ်ရေးထိုးခဲ့သည်ဟု စင်ကာပူအခြေစိုက် Sembcorp ကုမ္ပဏီက ကြေငြာလိုက်သည်။

    လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက လက်အောက်ရှိ လျှပ်စစ်စွမ်းအင်စီမံကိန်းဌာနနှင့် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပြီး အမေရိကန်ဒေါ်လာ သန်း ၃၀၀ တန်ဖိုးရှိသည့် အဆိုပါ ဓာတ်အားပေးစက်ရုံကို မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးမြို့အနီးတွင် ဆောက်လုပ်သွားမည်ဟု ဆိုသည်။

    အဆိုပါဓာတ်အားပေးစက်ရုံမှာ လျှပ်စစ်ဓာတ်အား ၂၂၅ မီဂါဝပ်ကို ထုတ်လုပ်ပေးနိုင်မည်ဟု ယနေ့တွင်ထုတ်ပြန်သည့် ကြေငြာချက်တွင် Sembcorp ကုမ္ပဏီက ဖော်ပြထားသည်။

    မြန်မာနိုင်ငံတွင် စွမ်းအင်ကဏ္ဍ၌ ၀င်ရောက်လုပ်ကိုင်ခွင့်ကို ပြီးခဲ့သည့် ဧပြီလတွင် ရရှိခဲ့ခြင်းဖြစ်ပြီး ကာဘွန်ထုတ်လွှတ်မှုအနည်းဆုံးဖြင့် စွမ်းအင်အများဆုံး ထုတ်လုပ်နိုင်မည့် နည်းပညာများကို အသုံးပြုသွားမည်ဟု အဆိုပါ ကုမ္ပဏီက ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Straitstimes

  • ကမ္ဘောဇဆက်သွယ်ရေးကုမ္ပဏီက မြန်နှုန်းမြင့် ဂျူပီတာဂြိုဟ်တုစနစ်ကို သုံးမည်

    ကမ္ဘောဇဆက်သွယ်ရေးကုမ္ပဏီက မြန်နှုန်းမြင့် ဂျူပီတာဂြိုဟ်တုစနစ်ကို သုံးမည်

    နိုဝင်ဘာ ၂၇၊ ၂၀၁၅
    M-Media

    myan

    ကမ္ဘောဇကုမ္ပဏီများအုပ်စု၏ ဌာနခွဲတစ်ခုဖြစ်သည့် ကမ္ဘောဇဆက်သွယ်ရေးသည် မြန်မာနိုင်ငံတွင် မြန်နှုန်းမြင့် ကွန်ယက်အသစ်အတွက် လမ်းကြောင်းတစ်ခုအဖြစ် ဂျူပီတာစနစ်ကို ရွေးချယ်ထားပြီဖြစ်သည်။

    ယခုအခါ တပ်ဆင်ပြုလုပ်နေဆဲဖြစ်သည့် ဂျုပီတာ မြေပြင်ဆက်သွယ်ရေးလမ်းကြောင်းများနှင့် ထိန်းချုပ်ရေး စခန်းများကို KU နှင့် C ဂြိုဟ်တုချိတ်ဆက်မှုများဖြင့် လုပ်ငန်းလုပ်ဆောင်သွားမည်ဖြစ်ပြီး မြန်မာပြည်ရှိ စီးပွားရေးလုပ်ငန်းကြီးများ၊ စားသုံးသူပြည်သူများနှင့် ဆက်သွယ်ရေးလုပ်ငန်းများကို မြန်နှုန်းမြင့် အင်တာနက်လိုင်း ၀န်ဆောင်မှု ပေးနိုင်မည်ဖြစ်သည်။

    “ဒီဟာက ကုမ္ပဏီနှစ်ခုပူးပေါင်းဆောင်ရွက်မှုဖြစ်ပြီး ကျွန်တော်တို့နိုင်ငံအတွက် နည်းပညာတိုးတက်ရေးမှာ ပေါင်းကူးတံတားတစ်ခု ဖြစ်လာမှာပါ” ဟု ကမ္ဘောဇဆက်သွယ်ရေးအမှုဆောင်ချုပ် စတီဖိန်းလာမိုရုစ်က ပြောကြားလိုက်သည်။

    ဆက်လက်ပြီး “‘ဒါက အသစ်အဆန်းတော့မဟုတ်ပါဘူး၊ ဒီနိုင်ငံတစ်ဝန်းလုံးမှာရှိတဲ့ သုံးစွဲသူတွေအတွက် အလွန်အရေးကြီးတဲ့ ၀န်ဆောင်မှုမျိုးဖြစ်ပြီး မြန်နှုန်းမြင့်ထောက်ပံ့ခြင်းအားဖြင့် မြန်မာပြည်ဆက်သွယ်ရေးစနစ်ကို ပိုမိုကြီးထွားအောင်မြင်စေဖို့ မောင်းနှင်အားတစ်ခုပဲဖြစ်ပါတယ်” ဟု ဆိုသည်။

    ဂျူပီတာစနစ်သည် အလွန်ကောင်းမွန်သည့် လုပ်ဆောင်ချက်များကို ပြုလုပ်နိုင်မည်ဖြစ်ပြီး၊ လုပ်ငန်းများတွင်ကျယ်စွာ ဆောင်ရွက်နိုင်မည့် ဂြိုဟ်တုကွန်ယက် ဖြစ်သည့်အပြင် လာမည့်မျိုးဆက်ကိုလည်း စဉ်ဆက်မပြတ်သော တိုးတက်ရေးလမ်းကြောင်းပေါ် တင်ဆောင်နိုင်မည်ဖြစ်သည်။

    Ref: Stallitetoday

  • ဖားကန့်မြေစာပုံပြိုမှုမှာ ဘေးအန္တရာယ်ကင်းရေး လုပ်ဆောင်ချက် အားနည်းခြင်းကြောင့်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော

    ဖားကန့်မြေစာပုံပြိုမှုမှာ ဘေးအန္တရာယ်ကင်းရေး လုပ်ဆောင်ချက် အားနည်းခြင်းကြောင့်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော

    နိုဝင်ဘာ ၂၆၊ ၂၀၁၅
    M-Media

    pa kant

    – ကျောက်တူးဖော်ရေးလုပ်ငန်းများတွင်း တရားဥပဒေစိုးမိုးရေးကို လစ်လျူရှုထားခြင်းက လူ ၁၀၀ ကျော် သေဆုံးသည့် မြေစာပုံပြိုကျမှုကဲ့သို့ မတော်တဆမှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။

    ကမ္ဘာ့အဆင့် ကျောက်စိမ်းများထွက်ရှိရာ ဖားကန့်တွင် ပြီးခဲ့သည့် စနေနေ့က ကျောက်တူးရာမှ ထွက်ရှိသည့် မြေစာပုံများ ပြိုကျမှုကြောင့် လူအများအပြား ပိမိခဲ့သည်။ ရှာဖွေရေလုပ်ငန်းများကို အာဏာပိုင်များက ယမန်နေ့ည နှောင်းပိုင်းတွင် ရပ်တန့်ခဲ့ပြီး အလောင်း ၁၁၄ လောင်းကို တွေ့ရှိခဲ့သည်။

    “ကျွန်မတို့ သိရသလောက်ဆိုရင်တော့ ဒီလိုဖြစ်တာဟာ ဒီနှစ်အတွင်းမှာ ငါးကြိမ်မြောက်ပါ။ ဥပဒေစိုးမိုးမှုမရှိလို့ ဒီလို မတော်တဆမှုတွေဟာ ပုံမှန်လိုလို ဖြစ်နေတာပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က RFA မြန်မာဌာနသို့ ယနေ့မနက် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

    အဆိုပါ ကျောက်တူးဖော်ရေးလုပ်ငန်းများကို ယခင် စစ်အာဏာရှင် ခေါင်းဆောင်ပိုင်းနှင့် ဆက်နွယ်နေသည့် ကုမ္ပဏီများ၊ တိုင်းရင်းသားလက်နက်ကိုင်များ၊ စစ်အာဏာရှင်နှင့် အဆက်အသွယ်ရှိသည့် ခရိုနီများက လွှမ်းမိုးလုပ်ကိုင်နေခြင်းဖြစ်သည်။

    ဒေါ်အောင်ဆန်းစုကြည်ကမူ အစိုးရအနေဖြင့် အဆိုပါ ကျောက်တူးဖော်ရေးလုပ်ငန်းကို ပိုမို ဂရုစိုက်ရမည်ဖြစ်ပြီး၊ ပိုမိုတင်းကြပ်သည့် ဘေးအန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်မှုများကို လုပ်ဆောင်ပေးရမည်ဟု တိုက်တွန်းခဲ့သည်။

    ဖားကန့်ဒေသမှ ရဲအရာရှိတစ်ဦးဖြစ်သူ ထင်ကျော်ကမူ ဖော်ယူရရှိသည့် အလောင်း ၁၁၄ လောင်းမှ ၈၀ ကိုသာ မည်သူမည်ဝါဖြစ်ကြောင်း ဖော်ထုတ်နိုင်သည်ဟုဆိုပြီး၊ အသက်ရှင်ကျန်ရစ်ခဲ့သူများကို လုံခြုံသည့်နေရာတွင် နေရာချထားပေးရန် အာဏာပိုင်များက အာရုံစိုက် ဆောင်ရွက်နေသည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    ပြိုကျခဲ့သည့် မြေစာပုံများ၏ အခြေတွင် ကျောက်တွင်းလုပ်သားများက နေထိုင်ကြပြီး ၎င်းတို့ အိပ်နေစဉ် ပြိုကျခဲ့ခြင်းကြောင့် ထိုကဲ့သို့ အသေအပျောက်များခဲ့ခြင်း ဖြစ်သည်။ မြေစာပုံပိမိသူ မည်မျှရှိသည်ကို အသိအကျ မသိရသော်လည်း ဖားကန့်ဒေသအတွက် အမျိုးသားလွှတ်တော်တွင် ရွေးကောက်တင်မြှောက်ခံခဲ့ရသည့် NLD ကိုယ်စားလှယ်လောင်း တင့်စိုးကမူ သေဆုံးသူအရေအတွက်မှာ ၁၇၀ မှ ၂၀၀ အကြား ရှိမည်ဟု ခန့်မှန်းပြောဆိုခဲ့သည်။

    Ref: Channelnewsasia

  • မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်မှု ယခုနှစ်တွင် ၁၄ ရာခိုင်နှုန်း မြင့်တက်

    မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်မှု ယခုနှစ်တွင် ၁၄ ရာခိုင်နှုန်း မြင့်တက်

    နိုဝင်ဘာ ၂၄၊ ၂၀၁၅
    M-Media

    myan

    – လက်နက်ကိုင်တိုက်ခိုက်မှု၊ သဘာဝဘေးအန္တရာယ်များကြောင့် ကုန်သွယ်ရေး ကျဆင်းခဲ့သော်လည်း မြန်မာနိုင်ငံ၏
    နယ်စပ်ကုန်သွယ်မှုမှာ နိုဝင်ဘာလ အလယ်အထိ စာရင်းများအရ ယမန်နှစ်ကထက် ၁၄ ရာခိုင်နှုန်း တက်လာခဲ့သည်ဟု
    သိရသည်။

    နယ်စပ်ဂိတ် ၁၅ ခုမှ စုစုပေါင်း ကုန်သွယ်မှုတန်ဖိုးမှာ ယခုအချိန်အထိ ကန်ဒေါ်လာ ၄ ဘီလီယံကျော် ရှိနေပြီး ယမန်နှစ် ယခုလိုအချိန်က ကုန်သွယ်မှုပမာဏထက် သန်း ၅၀၀ ကျော် မြင့်တက်လာခြင်းလည်း ဖြစ်သည်။

    ယခုဘဏ္ဍာရေးနှစ်အတွင်း ပထမ ၈ လတွင် မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်ရေးမှာ ယမန်နှစ်ကထက် နှိုင်းယှဉ်ပါက ဒေါ်လာ ၄၉၂.၉၁ သန်း တက်လာခဲ့ပြီး ၄.၂၄ ဘီလီယံအထိ ရှိခဲ့သည်။ မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးနှစ်မှာ ဧပြီ ၁ ရက်နေ့မှ
    မတ်လ ၃၁ ရက်နေ့အထိ ဖြစ်သည်။

    ကုန်သွယ်မှုအမြင့်ဆုံး နယ်စပ်ဂိတ်မှာ တရုတ်နယ်စပ်ရှိ မူဆယ် နယ်စပ်ဂိတ်ဖြစ်ပြီး၊ ဒုတိယအမြင့်ဆုံးမှာ ထိုင်းနယ်စပ်ရှိ
    မြ၀တီနယ်စပ်ဂိတ်ဖြစ်သည်။ အဆိုပါနယ်စပ်ဂိတ်များတွင်လည်း ယခုနှစ် ကုန်သွယ်မှုပမာဏမှာ ယမန်နှစ်ကထက် တိုးတက်မှုများ ရှိခဲ့သည်။

    မတည်ငြိမ်မှုများရှိနေသော ကိုးကန့်ဒေသမှ ချင်းရွှေဟော်နယ်စပ်ဂိတ်တွင် ကုန်သွယ်မှုမှာ တိုက်ခိုက်မှုများကြောင့် ကျဆင်းခဲ့သော်လည်း မြန်မာနိုင်ငံ၏ နယ်စပ်ဂိတ် ကုန်သွယ်မှုအမြင့်ဆုံးနေရာများတွင် တတိယချိတ်ခဲ့သည်။

    ယခုနှစ်တွင် မြန်မာနိုင်ငံ၏ နယ်စပ်ဂိတ် ၁၅ ခု၌ ချင်းရွှေဟော်၊ တာချီလိတ်၊ မောင်တောနှင့် တမူးတို့မှလွဲ၍ ကျန်ရှိသည့် နယ်စပ်ဂိတ်အားများလုံးတွင် ကုန်သွယ်မှုမှာ ယမန်နှစ်ကထက် မြင့်တက်ခဲ့သည်။

    Ref: Bangkokpost

  • လာမည့်နှစ်တွင် Nissan က မြန်မာနိုင်ငံ၌ ကားများ တပ်ဆင် ဖြန့်ဖြူးမည်

    လာမည့်နှစ်တွင် Nissan က မြန်မာနိုင်ငံ၌ ကားများ တပ်ဆင် ဖြန့်ဖြူးမည်

    နိုဝင်ဘာ ၂၀၊ ၂၀၁၅
    M-Media

    nissan

    – မလေးရှားအခြေစိုက်ဖြစ်ပြီး Nissan ကားများကို ဖြန့်ဖြူးနေသည့် Tan Chong Motor Holdings ကုမ္ပဏီမှာ လာမည့်နှစ်မှစ၍ မြန်မာနိုင်ငံတွင် လက်ခွဲဖွင့်ကာ Nissan ကားများကို ဖြန့်ဖြူးရောင်းချတော့မည်ဟု သိရသည်။

    Tan Chong Motor (Myanmar) ကုမ္ပဏီလီမိတက်အမည်ဖြင့် ကုမ္ပဏီခွဲဖွင့်ကာ ရောင်းချသွားမည်ဖြစ်ပြီး Nissan ကား ထုတ်လုပ်ရေးက အလုံးစုံလုပ်ပိုင်ခွင့် ပေးထားသောကြောင့် ရောင်းချပြီးနောက် ဆားဗစ်ပိုင်းအတွက်လည်း ၎င်းတို့ကပင် တာဝန်ယူ ၀န်ဆောင်မှုပေးသွားမည်ဖြစ်သည်။

    ထို့ပြင် TCM Myanmar မှာ မိမိနှစ်သက်သူကို လက်လီရောင်းချမှု လုပ်ပိုင်ခွင့်၊ ရောင်းချပြီးနောက် ဆားဗစ်ပိုင်းအတွက် လုပ်ပိုင့်ခွင့်တို့ကိုလည်း ထပ်မံပေးအပ် ခန့်ထားနိုင်မည်ဖြစ်သည်။

    Tan Chong Motor Holdings ကမူ မိမိတို့မှာ လာမည့်နှစ် ဒုတိယနှစ်ဝက်တွင် မြန်မာနိုင်ငံအတွင်း ကားများကို စတင် ဖြန့်ဖြူးနိုင်ရန် မျှော်လင့်ထားသည်ဟု ဆိုသည်။

    TCM မှာ ပဲခူး၌ ဧက ၅၀ ရှိသော ဧရိယာအကျယ်အ၀န်းတွင် ကားအစိတ်အပိုင်းများကို တပ်ဆင်နိုင်မည့် အလုပ်ရုံတစ်ခု ဆောက်လုပ်နေပြီး လာမည့်နှစ်တွင် ပြီးစီးမည်ဖြစ်သည်။

    နောက်ထပ် ၅ နှစ်ကာလအတွင်း တစ်နှစ် ကားအစီးရေ ၉၁၀၀၀ တပ်ဆင်ထုတ်လုပ်ရန် ကုမ္ပဏီက လျာထားသည်။ ပထမ ၃ နှစ်အတွင်း ကားတပ်ဆင်စက်ရုံနှင့် အရောင်းပြခန်း တည်ဆောက်မှုတို့အပါအ၀င် စုစုပေါင်း ကုန်ကျငွေ ကန်ဒေါ်လာ သန်း ၅၀ ရှိမည်ဟု ခန့်မှန်းထားသည်။

    Ref: The Star