News @ M-Media

Tag: Business in Myanmar

  • နိုင်ငံတကာ ရေနံကုမ္ပဏီတစ်ခု မြန်မာနိုင်ငံတွင် ၀င်ရောက်လုပ်ကိုင်မည်

    နိုင်ငံတကာ ရေနံကုမ္ပဏီတစ်ခု မြန်မာနိုင်ငံတွင် ၀င်ရောက်လုပ်ကိုင်မည်

    နိုဝင်ဘာ ၂၀၊ ၂၀၁၅
    M-Media

    oil

    – နိုင်ငံတကာ၌ ရေနံသိုလှောင်ပြီး ရေနံထွက်ပစ္စည်းများကို ရောင်းချသည့် ကုမ္ပဏီတစ်ခုဖြစ်သော Puma Energy International မှာ မြန်မာနိုင်ငံတွင် ကန်ဒေါ် သန်း ၁၀၀ ကုန်ကျမည့် ရေနံသိုလှောင်ကန်ကို သီလ၀ါဆိပ်ကမ်း၌ ဆောက်လုပ်နေသည်ဟု သိရသည်။

    အဆိုပါ သိုလှောင်ကန်မှာ ရေနံပမာဏပေါင်း ၉၇၀၀၀ ကျုဗစ်မီတာကို သိုလှောင်နိုင်မည်ဖြစ်သည်။ စင်ကာပူတွင် အခြေစိုက်ပြီး ဂျီနီဗာတွင် အဓိကထား လုပ်ကိုင်နေသည့် Puma ကုမ္ပဏီမှ မြန်မာနိုင်ငံတွင် ပထမဆုံး လုပ်ပိုင်ခွင့်ရသည့် ရေနံကုမ္ပဏီတစ်ခု ဖြစ်သည်ဟု ကုမ္ပဏီဘဏ္ဍာရးအကြီးအကဲ ဒီနစ် ဂါရိန်းက ပြောကြားခဲ့သည်။

    ထို့ပြင် မြန်မာနိုင်ငံမှာ ရေနံထွက်ပစ္စည်းများအတွက် အလွန်အလာကောင်းသော ဈေးကွက်ရှိနေပြီး မိမိတို့မှာ စက်သုံးဆီ၊ ရေယာဉ်သုံးဆီနှင့် လက်ကားဈေးကွက်များကို အဓိက ပစ်မှတ်ထား ရောင်းချသွားမည်ဟု ပြောကြားခဲ့သည်။

    နိုင်ငံတော်ပိုင် ရေနံထွက်ပစ္စည်းကုမ္ပဏီနှင့် ပူးပေါင်းကာ ရေနံနှင့် သဘာဝဓာတ်ငွေ့ စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်ရန်အတွက် မြန်မာအစိုးရမှ တင်ဒါခေါ်ယူမှုတွင် Puma အပါအ၀င် နိုင်ငံခြား ကုမ္ပဏီပေါင်း ၁၁ ခုက လျှောက်ထားခဲ့ကြသည်။

    Ref: Bloomberg

  • အိန္ဒိယ-မြန်မာ-ထိုင်း မော်တော်ယာဉ် သဘောတူညီချက် ၂၀၁၆ တွင် လက်မှတ်ထိုးမည်

    အိန္ဒိယ-မြန်မာ-ထိုင်း မော်တော်ယာဉ် သဘောတူညီချက် ၂၀၁၆ တွင် လက်မှတ်ထိုးမည်

    နိုဝင်ဘာ ၂၊ ၂၀၁၅
    M-Media

    car

    – အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ မော်တော်ယာဉ်များ အဆီးအတားမရှိ ဖြတ်သန်းသွာလာခွင့် သဘောတူညီချက်ကို လာမည့်နှစ်တွင် လက်မှတ်ရေးထိုးရန် အိန္ဒိယက သတ်မှတ်လိုက်သည်ဟု သိရသည်။

    “စည်းမျဉ်းစည်းကမ်းတွေ အဆုံးသတ်ပြီးတဲ့ ဒီသဘောတူညီချက်ကို ၂၀၁၆ မတ်လ နှောင်းပိုင်း ဒါမှမဟုတ် ဧပြီလဆန်းပိုင်းလောက်မှာ လက်မှတ်ရေးထိုးသွားမှာပါ” ဟု ပြည်ထောင်စု သယ်ယူပို့ဆောင်ရေးနှင့် အဝေးပြေးလမ်းမများဆိုင်ရာ အတွင်းရေးမှူး ဗီဂျေး ချစ်ဘာက ဘင်္ဂလားဒေ့ရှ်-ဘူတန်-အိန္ဒိယ-နီပေါ (BBIN) လမ်းကြောင်းအတိုင်း ကုန်တင်ကားများ အဆီးအတားမရှိ ဖြတ်သန်းသွားလာမှု သဘောတူညီချက်အတိုင်း စမ်းသပ်မောင်းနှင်ရေး ဖွင့်ပွဲအခမ်းအနားတွင် ပြာကြားခဲ့သည်။

    အိန္ဒိယ-မြန်မာ-ထိုင်း (IMT) သုံးနိုင်ငံ ဆောင်ရွက်မည့် မော်တော်ယာဉ်များ အဆီးအတားမရှိ သွားလာရေး ထိုသဘောတူညီချက်ကို ယခုနှစ် ဒီဇင်ဘာလတွင် လက်မှတ်ရေးထိုးရန် မူလက စီစဉ်ထားခဲ့သော်လည်း မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲရှိနေပြီး ထိုလုပ်ငန်းစဉ်မှာ ၃ လတာ ကြာမြင့်မည်ဖြစ်သောကြောင့် ထိုကဲ့သို့ မတ်လတ်အထိ ရွှေ့ခဲ့ခြင်းဖြစ်သည်ဟု ချစ်ဘာက ထည့်သွင်းပြောကြားခဲ့သည်။

    ထိုသဘောတူညီချက်ကို မြန်မာနိုင်ငံတွင် လက်မှတ်ရေးထိုးသွားမည်ဖြစ်သည်။ BBIN သဘောတူညီချက်ကို အတုယူကာ အကောင်အထည်ဖေါ်သည့် IMT သဘောတူညီချက်ကြောင့် ကုန်တင်ယာဉ်များ၊ လူစီးယာဉ်များနှင့် ကိုယ်ပိုင်ယာဉ်များမှာ လွတ်လပ်စွာ သွားလာနိုင်မည်ဖြစ်ပြီး ထိုသုံးနိုင်ငံအတွင်း စီးပွားရေးဆိုင်ရာ တိုးတက်မှုကို ရရှိမည်ဟု ချစ်ဘာက ဆိုသည်။

    Ref: Economictimes

  • ထိုင်းနိုင်ငံမှ Makro ကုန်မျိုးစုံစတိုး မြန်မာနိုင်ငံတွင် လာရောက်ဖွင့်ရန် ဆန္ဒရှိနေ

    ထိုင်းနိုင်ငံမှ Makro ကုန်မျိုးစုံစတိုး မြန်မာနိုင်ငံတွင် လာရောက်ဖွင့်ရန် ဆန္ဒရှိနေ

    အောက်တိုဘာ ၃၀၊ ၂၀၁၅
    M-Media

    thai

    – ထိုင်းနိုင်ငံတစ်ဝှမ်းတွင် Makro အမည်ဖြင့် အလွယ်တကူ ၀ယ်ယူ၍ရနိုင်သည့် ကုန်မျိုးစုံ စတိုးဆိုင်များကို ဖွင့်လှစ်ထားသော Charoen Pokphan Group က မြန်မာနိုင်ငံတွင် ၎င်းတို့၏ စီးပွားရေးလုပ်ငန်းကို တိုးချဲ့ဆောင်ရွက်ရန် ဆန္ဒရှိနေသည်ဟု သိရသည်။

    မြန်မာနိုင်ငံတွင် ဈေးကွက်အခွင့်အလမ်းများကို ရှာဖွေရန်အတွက် မိမိတို့ကုမ္ပဏီမှာ ရန်ကုန်မြို့ရှိ ထိုင်းနိုင်ငံဆိုင်ရာ သံအမတ်ကြီးနှင့် တွေ့ဆုံခဲ့ပြီး၊ ဗီယက်နမ်နှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင်လည်း ချဲ့ထွင်သွားရန် လေ့လာဆောင်ရွက်နေသည်ဟု အမှုဆောင်အကြီးအကဲ Suchada Ithijarukul က ယမန်နေ့တွင် ပြောကြားခဲ့သည်။

    လက်ရှိတွင် မြန်မာနိုင်ငံ၏ စားသုံးသူများ၏ အနေအထား၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေများကို လေ့လာနေပြီး စည်းမျဉ်းစည်းကမ်းများမှာ ရှင်းရှင်းလင်းလင်းရှိပါက ပထမဆုံး ဆိုင်ခွဲကို ဖွင့်လှစ်သွားရန် ရှိနေသည်။

    မြန်မာနိုင်ငံ၌ လက်ရှိတွင် နိုင်ငံခြားအခြေစိုက် ကုန်မျိုးစုံဆိုင်များကို ဖွင့်လှစ်ခွင့်ပြုထားပြီး လာမည့်နှစ်တွင် နိုင်ငံခြား စူပါမားကတ်များနှင့် ဟိုက်ပါမားကတ်များကို မြန်မာနိုင်ငံမှ ကုမ္ပဏီများနှင့် ပူးပေါင်းကာ ဖွင့်လှစ်ခွင့် ပေးတော့မည်ဖြစ်သည်။

    Ref: Bangkokpost

  • ဒေါ်လာထိန်းချုပ်မှုမှာ ကျပ်ငွေတန်ဖိုး တည်ငြိမ်ရန်ဟု မြန်မာပြော

    ဒေါ်လာထိန်းချုပ်မှုမှာ ကျပ်ငွေတန်ဖိုး တည်ငြိမ်ရန်ဟု မြန်မာပြော

    အောက်တိုဘာ ၂၁၊ ၂၀၁၅
    M-Media

    kyat

    – စီးပွားရေးလုပ်ငန်များတွင် ဒေါ်လာများ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုမှုကို တားမြစ်ခြင်းမှာ မြန်မာကျပ်ငွေ မတည်မငြိမ်ဖြစ်မှုကို ထိန်းသိမ်းရန်ဖြစ်သည်ဟု မြန်မာအစိုးရက ပြောကြားလိုက်သည်။

    ဗဟိုဘဏ်မှာ ဟိုတယ်နှင့် စားသောက်ဆိုင်များမှ စ၍ ဂေါက်ကလပ်နှင့် ဆေးရုံများအထိ စီးပွားရေးလုပ်ငန်းများတွင် နိုင်ငံခြားငွေ လဲလှယ်အသုံးပြုခွင့် လိုင်စင်များကို ပယ်ဖျက်ခဲ့ပြီး၊ အမေရိကန်ဒေါ်လာ သုံးစွဲမှု မြင့်တက်လာခြင်းက ဒေါ်လာ ၀ယ်လိုအားကို မြင့်တက်လာစေကာ ငွေလဲလှယ်နှုန်း မတည်မငြိမ် ဖြစ်လာမှုကြောင့် ဖြစ်သည်ဟု ပြောကြားခဲ့သည်။

    အမေရိကန်ဒေါ်လာကို နိုင်ငံ၏ ခရီးသွားလုပ်ငန်းတွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေသည်။ ငွေကြေးလဲလှယ် အသုံးပြုခွင့် လိုင်စင်များကြောင့် ပြည်တွင်းလုပ်ငန်းများတွင် ဒေါ်လာအသုံးပြုမှု မြင့်တက်လာပြီး ယခုနှစ်အတွင်း ကျပ်ငွေတန်ဖိုးမှာ ၂၀ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့ကာ ဒေသအတွင်း ဆိုးဆိုးဝါးဝါး ကျဆင်းခဲ့သည့် ငွေကြေး ဖြစ်လာခဲ့သည်။

    မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်သော ကြေငြာချက်တွင် ထိုကဲ့သို့ ငွေလဲလှယ်သုံးစွဲခွင့် လိုင်စင်များကို ရုပ်သိမ်းလိုက်ခြင်းက “ဒေါ်လာယဉ်ကျေးမှု” ကို တိုက်ဖျက်ရန် ဆောင်ရွက်ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

    “ရောင်းတာ၊ ၀ယ်တာတွေကို ဒေါ်လာနဲ့ လုပ်လာတဲ့အတွက်ကြောင့်၊ ဒေါ်လာယဉ်ကျေးမှု ဖြစ်လာခဲ့ပြီး ဒေါ်လာဝယ်လိုအား တက်လာပါတယ်။ ဒါ့ကြောင့် ကျပ်ငွေတန်ဖိုး ပျော့သွားပြီး ငွေလဲလှယ်နှုန်းကလည်း မတည်မငြိမ် ဖြစ်လာခဲ့ပါတယ်” ဟု ဗဟိုဘဏ်က ပြောကြားခဲ့သည်။

    ထိုကဲ့သို့ စီးပွားရေးလုပ်ငန်းများတွင် ငွေလဲလှယ်သုံးစွဲခွင့် လိုင်စဉ်များ ရုပ်သိမ်းလိုက်ခြင်းကြောင့် နိုင်ငံခြားငွေများကို ဘဏ်များနှင့် အစိုးရအသိအမှတ်ပြု ငွေလဲဌာနများတွင်သာ လဲလှယ်နိုင်တော့မည်ဖြစ်သည်။

    မြန်မာနိုင်ငံမှာ အရှေ့တောင်အာရှတွင် ဒေါ်လာကို တရားမ၀င် ဒုတိယငွေကြေးအဖြစ်သာ အသုံးပြုရသည့် တစ်ခုတည်းသောနိုင်ငံ မဟုတ်ဘဲ ကမ္ဘောဒီးယားတွင်လည်း အမေရိကန်ဒေါ်လာကို ပြည်တွင်းငွေကြေးနှင့်သာ တွဲဖက်၍ အသုံးပြုရသည်။

    Ref: BBC