News @ M-Media

Tag: cambodia

  • Facebook ပို့စ်ကြောင့် ကမ္ဘောဒီးယားအတိုက်အခံကို နိုင်ငံတော်သစ္စာဖောက်မှုဖြင့် အစိုးရက တရားစွဲမည်

    Facebook ပို့စ်ကြောင့် ကမ္ဘောဒီးယားအတိုက်အခံကို နိုင်ငံတော်သစ္စာဖောက်မှုဖြင့် အစိုးရက တရားစွဲမည်

    သြဂုတ် ၁၆၊ ၂၀၁၅
    M-Media

    cam

    – ၀န်ကြီးချုပ် ဟန်ဆန်အား ဒေါသထွက်စေသည့် ပို့စ်တစ်ခုကို Facebook ၌ လွှင့်တင်မှုကြောင့် ကမ္ဘောဒီးယားရှိ ထင်ရှားသည့် အတိုက်အခံ လွတ်တော်အမတ်တစ်ဦးကို နိုင်ငံတော်သစ္စာဖောက်မှုဖြင့် တရားစွဲဆိုသွားမည်ဟု အစိုးရ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားလိုက်သည်။

    လွတ်တော်အမတ် ဟွန် ဆွတ် ဟောရ်ဖြစ်ပြီး ကမ္ဘောဒီယားခေါင်းဆောင်ဟောင်း ဟန်ဆာမရင်က ၁၉၇၉ ခုနှစ်တွင် ကမ္ဘောဒီးယား-ဗီယက်နမ် နယ်စပ်ကို ဖျက်သိမ်းရန် ကတိပြုထားသည့် စာချုပ်ဟုဆိုသော စာရွက်စာတမ်းတစ်ခုကို Facebook စာမျက်နှာတွင် လွှင့်တင်ခဲ့မှုအတွက် နိုင်ငံတော်သစ္စဖောက်မှုဖြင့် စွပ်စွဲခံရခြင်း ဖြစ်သည်။

    “စာချုပ်အတုတစ်ခုနဲ့ပတ်သက်ပြီး Facebook မှာ ပို့စ်တစ်ခု တင်ထားပါတယ်။ ဒါဟာ ခွင့်လွတ်နိုင်စရာမဟုတ်ဘဲ အရေးယူဖို့ လိုအပ်ပါတယ်။ ပိုချက်တွန် (ဖနွမ်ပင် နိုင်ငံတကာလေဆိပ်) နဲ့ အခြားသော စစ်ဆေးရေးဂိတ်တွေအားလုံးကို ပိတ်ဆို့လိုက်ပါပြီ။ ဒါ့ကြောင့် ဒီလူကို ဖမ်းမှာဖြစ်ပြီး နိုင်ငံခြား သံရုံးတွေအတွင်း ထွက်ပြေးခွင့် ပေးမှာမဟုတ်ပါဘူး” ဟု ကြာသာပတေးနေ့က ပြုလုပ်ခဲ့သည့် မိန့်ခွန်းတွင် ၀န်ကြီးချုပ် ဟန်ဆန်က ပြောကြားခဲ့သည်။

    စနေနေ့မနက် အာရုံတက်ချိန်တွင် အတိုက်အခံ ကမ္ဘောဒီးယား အမျိုးသား ကယ်ဆယ်ရေးပါတီ CNRP မှ ဟွန်ဆွတ်ဟောရ်ကို လက်နက်အပြည့်အစုံ တပ်ဆင်ထားသည့် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။

    အစိုးရပြောခွင့်ရပုဂ္ဂိုလ် ဖေဆိုင်ဖန်ကမူ ဆွတ်ဟောရ်ကို မေးခွန်းများ မေးမြန်းရန်အတွက် ရဲဌာနတွင် ထိန်းသိမ်းထားသည်ဟု Reuters သတင်းဌာနသို့ ပြောကြားခဲ့သည်။

    CNRP ၏ နိုင်ငံရေးသမားတစ်ဦးဖြစ်သူ အူချန်ရစ်သ်ကမူ အဆိုပါစာချုပ်မှာ အတုဖြစ်သည်မှာ မှန်သော်လည်း ဆွတ်ဟောရ်မှာ နိုင်ငံတော်သစ္စာဖောက်မှုကို မကျူးလွန်ခဲ့ကြောင်း၊ ၎င်းအား ဖမ်းဆီးခြင်းမှာ တရားမ၀င်ကြောင်း ပြောကြားခဲ့သည်။

    ပြည်ထဲရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ခယူ ဆိုဟီက်ကမူ ဆွတ်ဟောရ်၏ Facebook တွင်တင်သော သတင်းအချက်အလက်မှာ တိုင်းပြည်အတွင်း ၀ရုန်းသုန်းကား ဖြစ်စေနိုင်ပြီး၊ ထိုကြောင့် နိုင်ငံတော်သစ္စာဖောက်မှု လုပ်ရပ်သာဖြစ်ကြောင်း ပြောကြားခဲ့သည်။

    အတိုက်အခံပါတီ CNRP နှင့် အာဏာရ ကမ္ဘောဒီးယားပြည်သူ့ပါတီတို့ အကြားတွင် တင်းမာမှုများမှာ လွန်ခဲ့သည့်နှစ်ကတည်းက စတင် မြင့်တက်လာခဲ့သည်။

    Ref: Aljazeera

  • တီဗီသရုပ်ဆောင်ကို လက်ရောက်ကျူးလွန်သူ ကမ္ဘောဒီးယားသူဌေးကြီးတစ်ဦး တရားစွဲခံရ

    တီဗီသရုပ်ဆောင်ကို လက်ရောက်ကျူးလွန်သူ ကမ္ဘောဒီးယားသူဌေးကြီးတစ်ဦး တရားစွဲခံရ

    ဇူလိုင် ၁၈၊ ၂၀၁၅
    M-Media

    cam

    – နာမည်ကြီး တီဗီမင်းသမီးတစ်ဦးကို လက်ရောက်ကျူးလွန်ခဲ့သည့် ကမ္ဘောဒီးယား သူဌေးကြီးတစ်ဦးကို ရဲတပ်ဖွဲ့က ယနေ့မနက်ပိုင်းတွင် ဖမ်းဆီးကာ တရားစွဲဆိုလိုက်သည်ဟု သိရသည်။

    နာမည်အရင်း အီက်ဆိုချီတာ ဟုခေါ်ပြီး အနုပညာအမည် ဆာဆာဖြင့် လူသိများသည့် အဆိုပါရုပ်ရှင်သရုပ်ဆောင်ကို ဆွတ်ဘန်ဟု အမည်ရသည့် သူဌေးကြီးက ဖနွမ်ပင်ရှိ ဂျပန်စားသောက်ဆိုင်တစ်ခုတွင် ဇူလိုင်လ ၂ ရက်နေ့က ထိုးကြိတ်ကန်ကျောက်ခဲ့ခြင်း ဖြစ်သည်။
    ထိုကဲ့သို့ လက်ရောက်ကျူးလွန်နေစဉ်အတွင်း ဆွတ်ဘန်၏ သက်တော်စောင့်က ပစ္စတိုကိုကိုင်ကာ တစ်ချိန်ချိန် လုပ်နေခဲ့သည်။

    လုံခြုံရေးကင်မရာတွင် မှတ်တမ်းတင်ထားသည့် အဆိုပါအဖြစ်အပျက်ကို ဆာဆာက ရယူခဲ့ပြီးနောက် ၎င်း၏ Facebook စာမျက်နှာတွင် လွှင့်တင်ခဲ့ကာ ကမ္ဘောဒီးယား ပြည်သူများအကြား အလျင်အမြန် ပြန့်နှံ့သွားခဲ့ပြီး တရားခံအား အရေးယူမှု မရှိခြင်းအတွက် အစိုးရမှာ ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခြင်း ခံခဲ့ရသည်။ ကမ္ဘောဒီးယားတွင် ငွေကြေးကြွဝယ်သူများမှာ နိုင်ငံတရားစီရင်ရေးစနစ်၏ အထက်တွင် မကြာခဏ ရှိနေကြသည်။

    ဆွတ်ဘန်မှာ အာဏာပိုင်များ၏ ဖမ်းဆီးမှုကို ရှောင်ရှားရန် စင်ကာပူနိုင်ငံသို့ ရှောင်တိမ်းခဲ့ပြီးနောက် ကမ္ဘောဒီယားသို့ပြန်အလာ ယနေ့တွင် ဖနွမ်ပင်လေဆိပ်၌ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ ထို့နောက် ဖနွမ်ပင်မြူနီစီပယ်တရားရုံးတွင် “တမင်ရည်ရွယ်ကျူးလွန်သော တိုက်ခိုက်မှု” ဖြင့် တရားစွဲဆိုခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာန၏ ရဲတပ်ဖွဲ့ဌာနခွဲ အကြီးအကဲ ဆွတ် ခီမာရင်က ပြောကြားခဲ့သည်။

    အသက် ၃၇ နှစ်အရွယ်ရှိပြီး လူကုံထံအသိုင်းအ၀ိုင်းတွင် နာမည်ကြီးသည့် ဆွတ်ဘန်မှာ အပြစ်ရှိကြောင်း ၀န်ခံခဲ့ပြီး၊ ၎င်းအား ဖနွမ်ပင်ဆင်ခြေဖုံးရှိ အကျဉ်းထောင်တွင် ထိန်းသိမ်းထားကာ ကြားနာမှုပြုလုပ်ရန် စောင့်ဆိုင်းနေသည်ဟု ခီမာရင်က ထပ်လောင်းပြောကြားခဲ့သည်။ ပြစ်မှုထင်ရှားပါက ဆွတ်ဘန်မှာ ထောင်ဒဏ် ၅ နှစ်အထိ ကျခံရမည်ဖြစ်သည်။

    ကမ္ဘောဒီးယားတွင် အမျိုးသမီးများအပေါ် အကြမ်းဖက်တိုက်ခိုက်မှုများမှာ ပုံမှန်လိုလို ဖြစ်နေသော်လည်း ပြည်သူများ သိရှိခဲ့သည့် ယခုအဖြစ်အပျက်ကသာ တစ်နိုင်ငံလုံးတွင် လှုပ်လှုပ်ရှားရှားဖြစ်သွားခဲ့သည်။

    AFP သတင်းဌာနနှင့် အင်တာဗျူးတွင် ဆာဆာ သူမ၏ ဂျပန်သူငယ်ချင်းတစ်ဦးကို အရက်မူးနေသော ဆွတ်ဘန်က မလိုလားအပ်သည့် အသားယူမှုများပြုလုပ်ရာမှ အချေအတင်ဖြစ်ကာ ထိုကဲ့သို့ ထိုးကြိတ်ကန်ကြောက်ခံခဲ့ရခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    Ref: Channelnewsasia

  • ကမ္ဘောဒီးယား၏ အကြီးဆုံးဗလီကို ၀န်ကြီးချုပ်ဟန်ဆန် တက်ရောက် ဖွင့်လှစ်ပေး

    ကမ္ဘောဒီးယား၏ အကြီးဆုံးဗလီကို ၀န်ကြီးချုပ်ဟန်ဆန် တက်ရောက် ဖွင့်လှစ်ပေး

    မတ် ၂၈၊ ၂၀၁၅
    M-Media
    1241
    – ကမ္ဘောဒီးယားနိုင်ငံ မြို့တော်ဖနွမ်းပင်မှာရှိတဲ့ နိုင်ငံရဲ့ အကြီးဆုံးဗလီဖြစ်တဲ့ အလ်ဆာကဲလ် ဗလီဝတ်ကျောင်းတော်ကြီး ဖွင့်ပွဲအခမ်းအနားမှာ ၀န်ကြီးချုပ် ဟန်ဆန်ကိုယ်တိုင် တက်ရောက်ခဲ့ပြီး ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပါတယ်။

    အဲဒီဖွင့်ပွဲအခမ်းအနားကို မတ်လ ၂၇ ရက်နေ့က ပြုလုပ်ခဲ့တာဖြစ်ပြီး ဒီဗလီဝတ်ကျောင်းကြီးဟာ နိုင်ငံအတွင်း ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်မှုကို ဖော်ကျူးနေတာဖြစ်တယ်လို့ ၀န်ကြီးချုပ်က ဆိုပါတယ်။

    “ကမ္ဘောဒီးယားမှာ အယူဝါဒပေါင်းစုံ၊ ဘာသာပေါင်းစုံက လူတွေဟာ ငြိမ်းချမ်းစွာနဲ့ သဟဇာတဖြစ်စွာ အတူတကွ နေထိုင်ကြတယ် ဆိုတဲ့ ကောင်းမွန်တဲ့ သမိုင်းကြောင်း ရှိပါတယ်။ ဘာသာရေးနဲ့ပတ်သက်လို့ ပဋိပက္ခတွေ ဘယ်တုန်းကမှ မရှိခဲ့ဖူးပါဘူး။ ကမ္ဘောဒီယားဟာ မွတ်စလင်ပြည်သူတွေကို လူမှုလုပ်ငန်းတွေမှာ မျှမျှတတ ဆက်ဆံပါတယ်” လို့ ၀န်ကြီးချုပ် ဟန်ဆန်က ဖွင့်ပွဲအခမ်းအနားမှာ ပြုလုပ်ခဲ့တဲ့ သူ့ရဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
    129
    ယဉ်ကျေးမှုနဲ့ သာသနာရေးဝန်ကြီး မင်ခင်က နှစ်ထပ်ဆောင်ဖြစ်တဲ့ ဒီဗလီဝတ်ကျောင်းတော် ဆောက်လုပ်မှုအတွက် ကန်ဒေါ်လာ ၂.၉ သန်းလောက် ကုန်ကျတယ်လို့ ဆိုပါတယ်။

    “ဒီဗလီဝတ်ကျောင်းတော် ဖွင့်လှစ်နိုင်ခြင်းဟာ ကမ္ဘောဒီးယားမှာ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်မှု ရှိတယ်ဆိုတာကို ပြသလိုက်တာပါပဲ။ ပြီးတော့ ဒီလွတ်လပ်ခွင့်ဟာ အခြားသော ယုံကြည်ချက်တွေနဲ့ ဘာသာတရားတွေကို မထိခိုက်ဘူးဆိုရင် ဘာသာရေးလှုပ်ရှားဆောင်ရွက်မှုအားလုံးကို နိုင်ငံတော်က အာမခံပေးထားပါတယ်” လို့ မင်ခင်က ပြောကြားခဲ့ပါတယ်။

    ကမ္ဘောဒီးယားမွတ်စလင်လူ့အဖွဲ့အစည်းရဲ့ နာမ်ပိုင်းဆိုင်ရာ ခေါင်းဆောင်ဖြစ်တဲ့ အွတ်စ်မန် ဟာဆန်က ၀န်ကြီးချုပ်ကိုယ်တိုင် တက်ရောက်လာတာဟာ နိုင်ငံတော်ရဲ့ ဗုဒ္ဓဘာသာအပြင် အခြားသော ဘာသာတရားတွေအပေါ်မှာ ကမ္ဘောဒီယားအစိုးရက မျှမျှတတ ဆက်ဆံတယ်ဆိုတာ ပြသလိုက်တာပဲလို့ ပြောကြားခဲ့ပါတယ်။

    ဗုဒ္ဓဘာသာဝင်အများစုရှိတဲ့ ကမ္ဘောဒီးယားနိုင်ငံမှာ ခမာမွတ်စလင် အရေအတွက်ဟာ ၆ သိန်းလောက်ရှိတယ်လို့ ခန့်မှန်းတွက်ချက်ထားပါတယ်။

    ref:Xinhua
    Photo: Chim Nary

    1251 126 127 128

  • ကမ္ဘာ့အကောင်းဆုံး ဆန်ဆု ကမ္ဘောဒီးယားနှင့် ထိုင်းတို့မှ ရရှိ

    ကမ္ဘာ့အကောင်းဆုံး ဆန်ဆု ကမ္ဘောဒီးယားနှင့် ထိုင်းတို့မှ ရရှိ

    နိုဝင်ဘာ ၂၀ ၊ ၂၀၁၄
    M-Media
    133802886_14164726261451n
    – ယနေ့နံနက်ပိုင်း ဗီယက်နမ်နိုင်ငံ ဖနွမ်းပင်မြို့တွင် ပြုလုပ်ခဲ့သည့် ၆ ကြိမ်မြောက် ကမ္ဘာ့ဆန်ညီလာခံတွင် အကောင်းဆုံးဆန်အတွက် ပေးအပ်သောဆုအား ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့မှ ရရှိခဲ့သည်ဟု သိရသည်။

    ကမ္ဘာ့အကောင်းဆုံးဆန်ဆုအတွက် ကမ္ဘောဒီးယား၊ ထိုင်း။ ဗီယက်နမ်၊ အိန္ဒိယ၊ မြန်မာနှင့် အမေရိကန်ပြည်ထောင်စုအပါအ၀င် နိုင်ငံပေါင်း ၁၅ နိုင်ငံမှ ဆန်နမူနာများပေးအပ်ကာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်ဟု အဆိုပါပြိုင်ပွဲကို စီစဉ်ကျင်းပသော ဆန်ကုန်သည်ကြီးများအသင်းမှ ဥက္ကဌနှင့် အမှုဆောင်အရာရှိ ဂျယ်ရီမီ ဇွင်ဂါက ပြောကြားခဲ့သည်။

    အကောင်းဆုံးဆန်ဆုအတွက် ဆန်၏ အရောင်းအဆင်း၊ ပုံစံနှင့် အရသာတို့အပေါ် အဓိကထားကာ ရွေးချယ်ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့မှ မွှေးရနံ့သင်းသော ဆန်များက ရရှိသွားခဲ့ခြင်းဖြစ်သည်။

    ကမ္ဘောဒီးယားမှ အဆိုပါဆန်မှာ သုံးနှစ်ဆက်တိုက် ထိုဆုအား ရရှိခဲ့ခြင်းဖြစ်သည်ဟု ကမ္ဘောဒီယား ဆန်စပါးအသင်းမှ ဥက္ကဌဖြစ်သူ ဆွတ် ပူသီဗက်သ်က ပြောကြားခဲ့သည်။

    “ကမ္ဘောဒီးယား ဆန်ထုတ်လုပ်မှုလုပ်ငန်းအတွက် နောက်ထပ် သမိုင်းမှတ်တိုင်တစ်ခုပါပဲ။ ဒီဆုဟာ ကျွန်တော်တို့ဆန်ရဲ့ အရည်အသွေးမြင့်မား မှုကို ရောင်ပြန်ဟပ်စေတာဖြစ်ပြီး ကျွန်တော်တို့နိုင်ငံက ဆန်ကို နိုင်ငံတကာက ပိုပြီး သိလာလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု ပူသီဗက်သ်က ဆိုသည်။

    ဆုရသွားခဲ့သည့်ထိုင်းဆန်မှာ “စံပယ်ညို” ဆန်ဖြစ်ပြီး မိမိတို့နိုင်ငံမှာ ကမ္ဘာ့အကြီးဆုံး ဆန်တင်ပို့သည့်နိုင်ငံဖြစ်ကာ မိမိတို့၏ ဆန်အရည်အသွေးကို နိုင်ငံတကာက အသိအမှတ်ပြုကြသည်ဟု ထိုင်း ဆန်တင်ပို့သူများအသင်းမှ ဥက္ကဌ ချိုကီယက် အိုဖက်စ်ဝွန်ဆီက့ ပြောကြားခဲ့သည်။

    ထိုင်းနိုင်ငံမှာ ယခုလက်ရှိတွင် ကြိတ်ခွဲပြီး ဆန်တန်ချိန် ၈ သန်းခန့် နိုင်ငံခြားသို့ တင်ပို့ပြီး ဖြစ်ပြီး ယခုနှစ်အကုန်တွင် ၁၀.၅ သန်း တင်ပို့နိုင်ရန် မျှော်လင့်ထားသည်။ ကမ္ဘောဒီးယားနိုင်ငံကမူ ယခုနှစ် ၁၀ လပိုင်းအကုန်အထိ ဆန်တန်ချိန် ၃၀၄၇၈၈ တန် တင်ပို့ထားပြီး ၀င်ငွေ ကန်ဒေါ်လာ သန်း ၁၈၀ ခန့် ရရှိထားသည်။

    ref_ ဆင်ဟွာ

  • ကမ္ဘောဒီးယားနိုင်ငံသား တစ်ဦးကို ထိုင်းစစ်တပ် ပစ်သတ်ပြန်

    ကမ္ဘောဒီးယားနိုင်ငံသား တစ်ဦးကို ထိုင်းစစ်တပ် ပစ်သတ်ပြန်

    အောက်တိုဘာ ၂၅ ၊ ၂၀၁၄
    M-Media

    Thai-Cambodia-border-crossing-surin
    ထိုင်း နှင့် ကမ္ဘောဒီးယား နယ်စပ်

    – ထိုင်းမော်တော် ဆိုင်ကယ်တစ်စီးကို ခိုးယူခဲ့သည်ဟု စွပ်စွဲကာ မိမိတို့နိုင်ငံသားတစ်ဦးအား ထိုင်းစစ်တပ်က ပစ်သတ်ခဲ့မှုအတွက် ကမ္ဘောဒီယားအစိုးရက ရှုတ်ချပြောဆိုလိုက်သည်။

    အသက် ၂၁ နှစ်အရွယ် ကမ္ဘောဒီးယားနိုင်ငံသား  Soeun Vorn မှာ ကြာသာပတေးနေ့က ထိုင်းနိုင်ငံ စူရင်ပြည်နယ်အတွင်းသို့ ၀င်ရောက်ကာ Honda Scoopy မော်တော်ဆိုင်ကယ် ခိုးယူမှုနှင် ပတ်သက်၍ သံသယရှိသောကြောင့် ထိုင်းစစ်တပ်က ပစ်သတ်ခဲ့ခြင်းဖြစ်သည်။

    “လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေခံ စည်းမျဉ်းများ၊ ကမ္ဘောဒီးယားနှင့် ထိုင်း နှစ်နိုင်ငံ ကောင်းမွန်သောအိမ်နီးချင်းဖြစ်မှု၊ မိတ်ဆွေဖြစ်မှုတို့ကို ချိုးဖောက်ကာ ထိုင်းစစ်တပ်၏ ကြမ်းကြုတ်သော ထိုလုပ်ရပ်အား ကမ္ဘောဒီးယား အစိုးရက ပြင်းပြင်းထန်ထန်ရှုတ်ချလိုက်သည်” ဟု ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ဖနွမ်းပင်ရှိ ထိုင်းသံရုံးသို့ ပေးပို့သောစာတွင် ရေးသားထားသည်။

    ထို့ပြင် ထိုင်းအစိုးရအနေဖြင့် အကြမ်းဖက်မှုကို ရှောင်ရှားရန်အတွက်လည်း တိုက်တွန်းထားသည်။ ထိုင်းစစ်တပ်မှ ကမ္ဘောဒီးယားနိုင်ငံသားများအား ပစ်သတ်မှုမှာ ယခုတစ်ကြိမ်ပါဆိုလျှင် တစ်လအတွင်း နှစ်ကြိမ်ရှိပြီဖြစ်သည်။

    ယခုလအစောပိုင်းကလည်း ကမ္ဘောဒီးယား နယ်စပ်တစ်လျှောက် ကင်းလှည့်နေသော ကမ္ဘောဒီးယား သစ်ခုတ်သမားများနှင့် စစ်သားများအား ထိုင်းစစ်တပ်မှ ပစ်ခတ်ခဲ့ပြီး သစ်ခုတ်သမား ၂ ဦးသေဆုံးခဲ့ကာ ကမ္ဘောဒီးယားစစ်သားတစ်ဦး ဒဏ်ရာရရှိခဲ့သည်။

    ကမ္ဘောဒီးယား ပြည်ထဲရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ ထိုင်းစစ်တပ်မှာ ပြီးခဲ့သည့်နှစ်က တရားမ၀င်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသည့် ကမ္ဘောဒီးယား သစ်ခုတ်သမား ၆၉ ဦးအား ပစ်သတ်ခဲ့သည်ဟု သိရသည်။

    ဆင်ဟွာ