News @ M-Media
Tag: Champions League
  • ဒေါ့မွန်အသင်းနှင့်ပွဲ ကစားပုံအား အာဆင်နယ် ကွင်းလယ်လူ အာတီတာ ဝေဖန်
    ဒေါ့မွန်အသင်းနှင့်ပွဲ ကစားပုံအား အာဆင်နယ် ကွင်းလယ်လူ အာတီတာ ဝေဖန်
    စက်တင်ဘာ ၁၈ ၊ ၂၀၁၄
    M-Media
    456773_heroa
    – ဒေါ့မွန်အသင်းအား ၂ ဂိုး ပြတ်ဖြင့် ရှုံးနိမ့်ခဲ့သည့်ပွဲတွင် ပြသခဲ့သည့် အသင်း၏ကစားပုံအား အာဆင်နယ်ကွင်းလူ အာတီတာက ဝေဖန်ပြောဆိုလိုက်သည်။
    အဆိုပါပွဲတွင် အာဆင်နယ်မှာ အိမ်ရှင်ဒေါ့မွန်အား ယှဉ်ကစားနိုင်ခြင်းမရှိဘဲ တစ်ပွဲလုံးတွင် ဂိုးသွင်းခွင့် ၁ ကြိမ်သာရခဲ့သည်။ အာတီတာကမူ ဒေါ့မွန်အသင်းမှာ အာဆင်နယ်ထက် ပိုကောင်းသည်ဟု ၀န်ခံခဲ့သည်။
    “ဥရောပက ကြောက်စရာအကောင်းဆုံး ကွင်းတွေထဲကတစ်ကွင်းမှာ ကျွန်တော်တို့ဟာ ထိပ်တန်းအသင်းတစ်သင်းနဲ့ ရင်ဆိုင်ရတာပါ။ ကျွန်တော်တို့ ပွဲကို နိုင်နိုင်နင်းနင်း မလုပ်နိုင်ခဲ့ပါဘူး။ ဘောလုံးပိုင်ဆိုင်မှုဆုံးရှုံးခဲ့ပြီး ဒေါ့မွန်လိုအသင်းမျိုးကို ဒီလိုကစားလို့ကတော့ သေမှာပါပဲ။ သူတို့ဟာ ကျွန်တော်တို့ထက် ပိုကောင်းခဲ့ပါတယ်” ဟု အာတီတာက ပွဲအပြီးတွင် Sky Sports သို့ ပြောကြားခဲ့သည်။
    နောက်ခံလူဒီဘောက်ချီ ဒဏ်ရာရနေသည့်အတွက် အတွေ့အကြုံမရှိသည့် အသက် ၁၉ နှစ်အရွယ် လူငယ်ကစားသမား ဟက်တာ ဘဲလ်လီရင် ကို အာဆင်ဝင်းဂါးက ပွဲအပြည့်ကစားစေခဲ့သည်။ ထို့ပြင် မန်စီးတီးနှင့် ပွဲတွင် ခြေစွမ်းပြခဲ့သည့် ၀ဲလ်ဘတ်ကိုလည်း ထည့်သွင်းအသုံးပြုခဲ့ခြင်းမရှိချေ။
  • ဂျူဗီ၊ လီဗာပူးလ်၊ ရီးယဲလ်တို့ အဖွင့်လှခဲ့ပြီး အက်သလက်တီကို၊ အာဆင်နယ်တို့ ရှုံးတဲ့ ချန်ပီယံလိဂ်
    ဂျူဗီ၊ လီဗာပူးလ်၊ ရီးယဲလ်တို့ အဖွင့်လှခဲ့ပြီး အက်သလက်တီကို၊ အာဆင်နယ်တို့ ရှုံးတဲ့ ချန်ပီယံလိဂ်
    စက်တင်ဘာ ၁၇ ၊ ၂၀၁၄
    M-Media
    ဂျူဗီ၊ လီဗာပူးလ်၊ ရီးယဲလ်တို့ အဖွင့်လှခဲ့ပြီး အက်သလက်တီကို၊ အာဆင်နယ်တို့ ရှုံးနိမ့်ခဲ့ရသည့် ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲစဉ်များ
    – ၂၀၁၄-၂၀၁၅ ဥရောပ ချန်ပီယံလိဂ်ရဲ့ အုပ်စုအဖွင့် ပွဲစဉ်တွေကို ယနေ့မနက်မှာ ကစားခဲ့ပြီး ဂျူဗင်တပ်စ်၊ လီဗာပူးလ်၊ ရီးယဲလ်မက်ဒရစ်တို့ အနိုင်ရခဲ့ကာ၊ အက်သလက်တီကို၊ အာဆင်နယ်၊ ဘင်ဖီကာတို့ ရှုံးနိမ့်ခဲ့ပါတယ်။
    အုပ်စု A
    ဂျူဗင်တပ်စ် ၂-၀ မာလ်မို
    အိုလံပီယာကော့စ် ၃-၂ အက်သလက်တီကို
    2148551_w2
    အိမ်ကွင်းမှာ ကစားရတဲ့ စီးရီးအေချန်ပီယံ ဂျူဗင်တပ်စ်တို့ အနိုင်ရခဲ့ပေမယ့် လွယ်လွယ်ကူကူတော့ မဟုတ်ပါဘူး။ မာလ်မိုအသင်းက နောက်တန်းငါးယောက်ထား ကစားခဲ့တာကြောင့် ဂိုးရဖို့ ရုန်းကန်ခဲ့ရပြီး ၅၉ မိနစ်ရောက်မှ ဦးဆောင်ဂိုးရခဲ့တာပါ။ နောက်ပိုင်းမှာလည်း ဆွီဒင်ချန်ပီယံအသင်းက ခံစစ်ကို လုံခြုံအောင် ကစားခဲ့ပါတယ်။ ဂျူဗင်တပ်စ်တို့အတွက် ဒုတိယအနိုင်ဂိုးကိုတော့ မိနစ် ၉၀ မှာရရှိခဲ့ပါတယ်။ ဒီပွဲရဲ့ ၂ ဂိုး စလုံးကို တီဗက်ဇ်တစ်ဦးတည်းက သွင်းယူပေးခဲ့တာဖြစ်ပြီး ၂၀၀၉ ခုနှစ်နောက် သူရဲ့ ပထမဆုံး ချန်ပီယံလိဂ် ဂိုးတွေလည်း ဖြစ်ပါတယ်။
    ပြီးခဲ့တဲ့နှစ် ချန်ပီယံဗိုလ်လုပွဲရောက်ခဲ့တဲ့ အက်သလက်တီကိုတော့ ဂရိမြေမှာ ရှုံးပွဲ တွေ့ခဲ့ရပါတယ်။ ဘောလုံးပိုင်ဆိုင်မှုအနည်းငယ် အသာရခဲ့ပေမယ့် အက်လက်တီကိုတို့ ဂိုးသွင်းခွင့် အများကြီးမဖန်တီးနိုင်ခဲ့ပါဘူး။ နာရီဝက်အတွင်း ၂ ဂိုးပေးလိုက်ရတာက အက်လက်တီကိုအတွက် အထိနာစေခဲ့ပါတယ်။ ဒါပေမယ့် ဂိုးသွင်းခွင့် ၄ ကြိမ်မှာ ၃ ဂိုးသွင်းယူနိုင်ခဲ့တဲ့ အိုလံပီယာကော့စ်ကစားသမားတွေရဲ့ ဂိုးသွင်းသေချာမှုကလည်း ချီးကျူးစရာဖြစ်ခဲ့ပါတယ်။
    အုပ်စု B
    လီဗာပူးလ် ၂-၁ လူဒိုဂိုးရက်စ်
    ရီးယဲလ်မက်ဒရစ် ၅-၁ ဘေဆယ်
    2148556_w2
    ငါးနှစ်ကြာမှ ချန်ပီယံလိဂ်ကို ပြန်လည်ရောက်ရှိလာတဲ့ လီဗာပူးလ်တို့ ဂျရတ်ရဲ့ နာကျင်အချိန်ပို ပင်နယ်တီနဲ့ အိမ်ကွင်းမှာ ကံကောင်းထောက်မစွာ အနိုင်ရခဲ့တာပါ။ ဘောလုံးပိုင်ဆိုင်မှုအသာရခဲ့ပြီး ဂိုးသွင်းခွင့် ၉ ကြိမ်အထိရခဲ့တဲ့ လီဗာပူးလ်တို့ ၈၂ မိနစ်မှာမှ ဦးဆောင်ဂိုးရခဲ့ပြီး တိုက်စစ်မှူးသစ် ဘာလော့တယ်လီက သွင်းယူပေးခဲ့တာပါ။ ၉၁ မိနစ်မှာ ချေပဂိုးပြန်ပေးခဲ့ရပေမယ့် ၉၃ မိနစ်မှာ ရခဲ့တဲ့ ဂျရတ်ရဲ့ ပင်နယ်တီကြောင့် လီဗာပူးလ်တို့ အုပ်စု အဖွင့်လှခဲ့တာဖြစ်ပါတယ်။
    2148282_w2
    လက်ရှိချန်ပီယံ ရီးယဲလ်မက်ဒရစ်ကတော့ အိမ်ကွင်းမှာ သက်တောင့်သက်သာ ကစားပြီး ဘေဆယ်ကို ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပါတယ်။ ပထမပိုင်း မိနစ် ၄၀ အတွင်းမှာပဲ ရီးယဲလ်တို့ လေးဂိုးပြတ်ခဲ့ပြီး ၇၉ မိနစ်မှာ နောက်ထပ်တစ်ဂိုး ထပ်သွင်းနိုင်ခဲ့ပါတယ်။ ရီးယဲလ်အတွက်ဂိုးတွေကိုတော့ တိုက်စစ်မှူးတွေဖြစ်ကြတဲ့ ဘေးလ်၊ ရော်နယ်ဒို၊ ရော်ဒရီဂက်စ်၊ ဘန်ဇီမာတို့က တစ်ဂိုးစီသွင်းပေးခဲ့တာဖြစ်ပြီး ဘေဆယ်ကစားသမား ဆူချေးရဲ့ ကိုယ့်ဂိုးကိုယ်သွင်းရာကနေ တစ်ဂိုးရခဲ့တာပါ။ ဒီပွဲအနိုင်ဟာ လာလီဂါမှာ ၂ ပွဲဆက်ရှုံးထားလို့ ဝေဖန်ခံနေရတဲ့ ရီးယဲလ်နည်းပြ အန်ဆယ်လော့တီအတွက် သက်ရှူချောင်စေခဲ့ပါတယ်။
    အုပ်စု C
    ဘင်ဖီကာ ၀-၂ ဇင်းနစ်
    မိုနာကို ၁-၀ လေဗာကူဆင်
    ပေါ်တူဂီမြေမှာကားခဲ့တဲ့ ဘင်ဖီကာနဲ့ ဇင်းနစ်တို့ရဲ့ ပွဲမှာတော့ ဧည့်သည် ဇင်းနစ်တို့ ပွဲအစ ၅ မိနစ်နဲ့ ၂၂ မိနစ်တွေမှာ သွင်းယူခဲ့တဲ့ ဂိုးတွေနဲ့ အိမ်ရှင်ကို အနိုင်ယူနိုင်ခဲ့ပါတယ်။ ၁၈ မိနစ်မှာ ဘင်ဖီကာ ဂိုးသမား အာသာ တိုက်ရိုက်အနီကဒ်နဲ့ အထုတ်ခံလိုက်ရတာကလည်း ပွဲကို အလှည့်အပြောင်းဖြစ်စေခဲ့ပါတယ်။ ၁၀ ယောက်နဲ့ကစားရတဲ့ ဘင်ဖီကာတို့ နောက်ပိုင်းမှာ ဂိုးသွင်းခွင့်တွေ ဖန်တီးနိုင်ခဲ့ပေမယ့် ဂိုးတော့ မရခဲ့ပါဘူး။ ဒီပွဲအရှုံးကြောင့် ဘင်ဖီကာရဲ့ အိမ်ကွင်း ၅၁ ပွဲဆက် ရှုံးပွဲမရှိစံချိန်လည်း ကျိုးပျက်ခဲ့ရပါတယ်။
    ပြင်သစ်ထိပ်သီးမိုနာကိုတော့ အိမ်ကွင်းမှာ လေဗာကူဆင်ကို မော်တင်ဟိုရဲ့ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ လေဗာကူဆင်က ဂိုးသွင်းခွင့် ၂ ကြိမ်လောက်ရခဲ့ပေမယ့် တစ်ပွဲလုံးမှာ ၁ ကြိမ်သာရခဲ့တဲ့ အခွင့်အရေးကို အကောင်းဆုံး အသုံးချနိုင်ခဲ့တာကြောင့် မိုနာကိုတို့ အဖိုးတန် အနိုင် ၃ မှတ် ရရှိခဲ့တာဖြစ်ပါတယ်။
    အုပ်စု D
    ဒေါ့မွန် ၂-၀ အာဆင်နယ်
    ဂါလာတာစာရေး ၁-၁ အန်ဒါလက်ခ်ျ
    10603854_982005431811437_7565798155387065325_o
    ဂါလာတာစာရေးနဲ့ အန်ဒါလက်ခ်ျတို့ပွဲမှာတော့ အန်ဒါလက်ခ်ျတို့ အိမ်ရှင်ကို ဖိကစားနိုင်ခဲ့ပြီး ပရာအက်ရဲ့ ၅၂ မိနစ်သွင်းဂိုးနဲ့ ပွဲပြီးတဲ့အထိ ဦးဆောင်နိုင်ခဲ့တာပါ။ ဒါပေမယ့် နာကျင်အချိန်ပိုမှာ ယီလ်မက်ဇ်က ချေပဂိုး သွင်းယူပေးနိုင်ခဲ့တာကြောင့် ၂၀၀၅ ခုနှစ်နောက်ပိုင်း ပထမဆုံး ချန်ပီယံလိဂ် အဝေးကွင်းနိုင်ပွဲရမယ့် အခွင့်အရေးကို အန်ဒါလက်ခ်ျတို့ လက်လွှတ်ခဲ့ရပါတယ်။
  • မန်စီးတီးအား ရင်ဆိုင်ရေး ပိုကောင်းအောင် အရှိန်မြင့်ရမည်ဟု ဘိုင်ယန် အသင်းခေါင်းဆောင်ပြော
    မန်စီးတီးအား ရင်ဆိုင်ရေး ပိုကောင်းအောင် အရှိန်မြင့်ရမည်ဟု ဘိုင်ယန် အသင်းခေါင်းဆောင်ပြော
    စက်တင်ဘာ ၁၆ ၊ ၂၀၁၄
    M-Media
    444361_heroa
    – မနက်ဖြန်ညတွင် ကစားမည့် ချန်ပီယံလိဂ်ပွဲတွင် မန်စီးတီးအသင်းအား အနိုင်ရရန် မိမိတို့အသင်းမှာ အကောင်းဆုံးနေအထားတွင် ရှိနေရမည်ဟု ဘိုင်ယန်မြူးနစ် နောက်ခံလူ ဖိလစ်လမ်းက အသင်းဖော်များအား သတိပေး ပြောကြားလိုက်သည်။
    ၎င်းတို့နှစ်သင်းစလုံးမှာ အုပ်စု E တွင် ရိုးမားနှင့် စီအက်စ်ကေအေ အသင်းတို့နှင့်အတူ ကျရောက်နေပြီး ဘိုင်ယန်အသင်းခေါင်းဆောင် ဖိလစ်လမ်းကမူ အနိုင်ရရန် မျှော်လင့်နေသည်။
    “ဗုဒ္ဓဟူးနေ့ပွဲမှာ ကျွန်တော်တို့ နောက်ထပ်အရှိန်မြင့်ဖို့ လိုပါတယ်။ မန်စီးတီးဟာ ထိပ်တန်းအသင်းတစ်သင်းပါ။ ဒါပေမယ့် ဘိုင်ယန်မြူးနစ် အိမ်ကွင်းမှာ ကစားရမှာဖြစ်ပြီး နိုင်ဖို့မျှော်လင့်ပါတယ်” ဟု ဖိလစ်လမ်းက အသင်း၏၀ဘ်ဆိုက်သို့ ပြောကြားခဲ့သည်။
    ဘိုင်ယန်အသင်း၏ ဂိုးသမားဖြစ်သူ သောမတ်စ်မူလာကလည်း မိမိတို့အနေဖြင့် အစကောင်းချင်ပြီး စွမ်းဆောင်ရည်ကောင်းမွန်ရန် လိုအပ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
  • ချန်ပီယံလိဂ်မှာ လီဗာပူးအသင်း လိုအပ်ကြောင်း နည်းပြ ရော်ဂျာပြော
    ချန်ပီယံလိဂ်မှာ လီဗာပူးအသင်း လိုအပ်ကြောင်း နည်းပြ ရော်ဂျာပြော
    စက်တင်ဘာ ၁၆ ၊ ၂၀၁၄
    M-Media
    The Champions League needs Liverpool
    – လီဗာပူးလ်အသင်း ချန်ပီယံလိဂ်သို့ ပြန်လည် ပါဝ်ယှဉ်ပြိုင်ခွင့်ရခြင်းမှာ ပြိုင်ပွဲရှိ အသင်းတိုင်းအတွက် အကျိုးရှိပြီး မိမိတို့မှာ ချန်ပီယံလိဂ်တွင် လိုအပ်သော အသင်းဖြစ်သည်ဟု လီဗာပူးလ်နည်းပြ ဘရန်ဒန်ရော်ဂျာက ပြောကြားလိုက်သည်။
    လီဗာပူးလ်မှာ ချန်ပီယံလိဂ် အုပ်စုပွဲအဖြစ် ယနေ့ညတွင် ဘယ်လ်ဂျီယံကလပ် လူဒိုဂိုးရက်နှင့် ကစားရမည်ဖြစ်ပြီး ၂၀၀၉ ခုနှစ်နောက်ပိုင်း ချန်ပီယံလိဂ်တွင် ပထမဆုံး ကစားခွင့်ရခြင်းလည်း ဖြစ်သည်။
    ရော်ဂျာကမူ ရီးယဲလ်၊ ဘေဆယ်အသင်းတို့ပါဝင်သည့် ၎င်းတို့အုပ်စုမှ တက်ရန် ဆန္ဒရှိနေပြီး ချန်ပီယံလိဂ်ပြိုင်ပွဲသို့ ပုံမှန်ယှဉ်ပြိုင်ခွင့်ရရေးမှာ မိမိ၏ ပစ်မှတ်ဖြစ်သည်ဟု ဆိုသည်။
    “ချန်ပီယံလိဂ်မှ ပါဝင်ရတဲ့အတွက် ကျွန်တော်တို့ အရမ်းစိတ်လှုပ်ရှားမိပါတယ်။ လီဗာပူးလ်လို အသင်းမျိုးအတွက် ၅ နှစ်လောက် ပြိုင်ပွဲမှာ ပါဝင်ခွင့်မရခဲ့တာ ရှည်ကြာတဲ့ ကာလတစ်ခုပါပဲ။ ကျွန်တော်တို့ရဲ့ အဓိကရည်ရွယ်တွေထဲက ပထမဆုံးတစ်ခုဟာ အုပ်စုအဆင့်ကနေလွတ်ဖို့ပါပဲ” ဟု ပြိုင်ပွဲအကြို သတင်းစာရှင်းလင်းပွဲတွင် ရော်ဂျာက သတင်းထောက်များအား ပြောကြားခဲ့သည်။
    ထို့ပြင် ဥရောပ၏ ဂုဏ်သိက္ခာအရှိဆုံးပြိုင်ပွဲဖြစ်သည့် ချန်ပီယံလိဂ်တွင် ပါဝင်ခွင့်ရခြင်းမှာ ပြီးခဲ့သည့် နှစ်အနည်ငယ်အတွင်း ကြိုးစားမှုများ၏ ရလဒ်ဖြစ်သည်ဟု ၎င်းကထပ်လောင်းပြောကြားခဲ့သည်။ လီဗာပူးလ်အသင်းမှာ ချန်ပီယံလိဂ်တွင် အအောင်မြင်ဆုံး အင်္ဂလိပ်အသင်းလည်း ဖြစ်သည်။
  • ပွဲပယ်ကစားသမား ထည့်ကစား၍ ပိုလန်ချန်ပီယံ ချန်ပီယံလိဂ် ကစားခွင့်မရတော့
    ပွဲပယ်ကစားသမား ထည့်ကစား၍ ပိုလန်ချန်ပီယံ ချန်ပီယံလိဂ် ကစားခွင့်မရတော့
    သြဂုတ် ၁၉ ၊ ၂၀၁၄
    M-Media
    444164_heroa
    – ပွဲပယ်ခံထားရသည့် ကစားသမားအား ထည့်သွင်း အသုံးပြုမှုအတွက် ချန်ပီယံလိဂ် ၀င်ရောက်ကစားခွင့် ပိတ်ပင်ခံထားရသည့် ပိုလန် အမှတ်ပေးချန်ပီယံ လီဂီယာ ၀ါဆော၏ အယူခံကို အားကစားဆိုင်ရာ ခုံရုံး CAS က ယမန်နေ့တွင် ပယ်ချခဲ့သည်ဟု သိရသည်။
    ချန်ပီယံလိဂ် တတိယအဆင့်တွင် ဆဲလ်တစ် အသင်းအား နှစ်ကျော့ပေါင်း ၆ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် လီဂီယာဝါဆောမှာ ဒုတိယအကျော့ ၃ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်ပွဲ နောက်ဆုံး ၄ မိနစ်တွင် ပွဲပယ်ခံထားရသည့် နောက်ခံလူ ဘာတော့ဇ် ဘီရက်ဇင်စကီးအား ထည့်သွင်း ကစားခဲ့ခြင်းဖြစ်သည်။
    ဘီရက်ဇင်စကီးမှာ သုံးပွဲပယ်ခံထားရသူဖြစ်ပြီး ပွဲပယ်ပြီးနောက် ကစားခဲ့သည့် လီဂီယာအသင်း၏ ပွဲစဉ်နှစ်ခုတွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အမှားကြောင့် ၎င်း၏ အမည်မှာ ကစားသမားစာရင်းတွင် မပါဝင်ခဲ့သည့်အတွက် ပွဲပယ်ပြစ်ဒဏ်မှာ အကျုံးမ၀င်ခဲ့ပေ။
    ယခုကဲ့သို့ အယူခံ ပယ်ချခြင်း ခဲ့ရသောကြောင့် လီဂီယာ ၀ါဆောအသင်းမှာ ချန်ပီယံလိဂ်တွင် ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရမည် မဟုတ်ဘဲ ဆဲလ်တစ်အသင်းမှာမူ ပါဝင် ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သည်။