News @ M-Media

Tag: Champions League

  • ပထမဆုံး ချန်ပီယံလိဂ် ၂ နှစ်ဆက်ရသည့် အသင်းဖြစ်အောင် ကြိုးစားမည်ဟု ရီးယဲလ်နည်းပြ အန်ဆယ်လော့တီဆို

    ပထမဆုံး ချန်ပီယံလိဂ် ၂ နှစ်ဆက်ရသည့် အသင်းဖြစ်အောင် ကြိုးစားမည်ဟု ရီးယဲလ်နည်းပြ အန်ဆယ်လော့တီဆို

    သြဂုတ် ၁၁၊ ၂၀၁၄

    M-Media

    ancelotti

    ပြီးခဲ့သည့်နှစ် ချန်ပီယံလိဂ်ဖလားရရှိခဲ့သည့် ယုံကြည်မှုက ယခုနှစ်တွင် ချန်ပီယံဘွဲအား ကာကွယ်ရန် တွန်းအားဖြစ်စေပြီး ရီးယဲလ်အား ချန်ပီယံလိဂ် နှစ်ကြိမ်ဆက်ရ ပထမဆုံး အသင်းဖြစ်လာရန် ဆောင်ရွက်ပေးသွားမည်ဟု ရီးယဲလ်နည်းပြ အန်ဆယ်လော့တီက ပြောကြားလိုက်သည်။

    ၁၉၉၀ ပြည့်နှစ်များကတည်း  ချန်ပီယံလိဂ်အဖြစ် အမည်ပြောင်းကာ ကျင်းပခဲ့သည့် အဆိုပါပြိုင်ပွဲတွင် မည်သည့်အသင်းမှ နှစ်ကြိမ်ဆက် ဗိုလ်စွဲနိုင်ခြင်း မရှိသေးပေ။ အန်ဆယ်လော့တီမှာ ယခင် ဥရောပချန်ပီယံရှစ် ပြိုင်ပွဲတွင် အေစီမီလန်အား ၁၉၈၉၊ ၁၉၉၀ ခုနှစ်များတွင် နှစ်ကြိမ်ဆက် ဗိုလ်စွဲနိုင်စေရန် စွမ်းဆောင် ပေးနိုင်ခဲ့သည်။

    “(ချန်ပီယံလိဂ်အဖြစ် ပြောင်းလဲကျင်းပခဲ့တဲ့) သမိုင်းမှာ ဘယ်သူမှ ချန်ပီယံဘွဲ့ကို မကာကွယ်နိုင်သေးပါဘူး။ ဒါဟာ သိပ်ကို ခက်ခဲမယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ မကြာခင်က ရရှိခဲ့တဲ့ အောင်မြင်မှုတွေကြောင့် ကျွန်တော်တို့ဟာ ယုံကြည်မှုတွေ ပိုရှိနေပါတယ်။ ဒါဟာ အခုနှစ် ချန်ပီယံလိဂ်အတွက် ပိုသာတဲ့အရာတစ်ခုခုကို ဖြစ်စေမယ်လို့ ကျွန်တော် ထင်ပါတယ်” ဟု အန်ဆယ်လော့တီ၏ ပြောကြားမှုကို ရီးယဲလ်အသင်း ၀ဘ်ဆိုက်တွင် ဖော်ပြထားသည်။

    ချန်ပီယံလိဂ်ချန်ပီယံ ရီးယဲလ်မှာ ယူရိုပါလိဂ် ချန်ပီယံ ဆီးဗီးလားအသင်းနှင့် မနက်ဖြန်တွင် ဆူပါဖလားလုပွဲ ကစားရမည်ဖြစ်သည်။

    အန်ဆယ်လော့တီကမူ ဆီးဗီးလားအသင်းမှာ အသင်းလိုက်ကောင်းမွန်သည့် ကစားသမားများဖြင့် ဖွဲ့စည်းထားသည့် အသင်းဖြစ်ကြောင်း၊ ယခုနှစ်တွင် အနည်းငယ် ပြောင်းလဲသွားပြီး အဆိုပါပွဲတွင် မည်သို့ဖြစ်လာမည်ကို ကြည့်ရမည်ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

  • ဝမ်းနည်းခြင်းကြောင့် မဟုတ် ခါးသီးခဲ့ခြင်းကြောင့် ပြသနာဖြစ်ခဲ့ဟု အက်သလက်တီကို နည်းပြပြော

    မေ ၂၆၊ ၂၀၁၄
    M-Media
    Real-Madrid-v-Atletico-Madrid
    – ယနေ့နံနက်က ကစားခဲ့သည့် ချန်ပီယံလိဂ်ဗိုလ်လုပွဲစဉ် အချိန်ပိုဒုတိယပိုင်းပြီးကာနီးတွင် ပြဿနာဖြစ်ပွားခဲ့ခြင်းမှာ ၀မ်းနည်း၍ မဟုတ်ဘဲ ခါးသီး၍သာဖြစ်သည်ဟု အက်သလက်တီကို မက်ဒရစ်နည်းပြ ဆီမြွန်နီက ပြောကြားလိုက်သည်။

    ထိုပွဲ၏ အချိန်ပိုနောက်ဆုံမိနစ်တွင် ရီးယဲလ်နောက်ခံလူ ဗာရိန်းမှာ ဘောလုံးအား အက်သလက်တီကိုနည်းပြအဖွဲ့ခုံတန်းသို့ ကန်ခဲ့ပြီးနောက် ဆီမြွန်နီမှာ ကွင်းအတွင်းသို့ဝင်ရောက်ကာ ဗာရိန်းနှင့် အချင်းများခဲ့ပြီး အနီကဒ် ပြသခြင်းခံခဲ့ရသည်။

    “ကျွန်တော်ဝမ်းနည်းတာမဟုတ်ပါဘူး။ ကျွန်တော့်ရဲ့ ရည်ရွက်ချက်မအောင်မြင်ခဲ့တဲ့အတွက် ကျွန်တော်ခါးသီးခဲ့ရတာပါ။ အခုတော့ ကျွန်တော်ပိုတည်ငြိမ်လာခဲ့ပြီး ဒီခြေအနေကို ကျော်ဖြတ်နိုင်ခဲ့ပါပြီ” ဟု ဆီမြွန်နီက ပွဲအပြီးတွင်ပြောကြားခဲ့သည်။

    ပထမပိုင်းသွင်းဂိုးဖြင့် မိနစ် ၉၀ ပြည့်အထိ ဦးဆောင်နေသည့် အက်သလက်တီကိုမှာ နာကျင်အချိန်ပိုတွင် ချေပဂိုးပေးခဲ့ရပြီး အချိန်ပိုတွင် ဂိုးများထပ်ပေးခဲ့ရကာ သမိုင်းတွင်မည့် အောင်ပွဲနှင့် ဝေးကွာခဲ့ရသည်။

  • ချန်ပီယံလိဂ် ဗိုလ်စွဲခြင်းမှာ အိပ်မက် အကောင်အထည်ပေါ် လာခြင်းဖြစ်သည်ဟု ဘေးလ်ဆို

    မေ ၂၅ ၊ ၂၀၁၄
    M-Media410680_heroa

    – ချန်ပီယံလိဂ်ဖလား ရရှိခဲ့ခြင်းမှာ မိမိ၏ အိပ်မက် အမှန်တကယ်ဖြစ်လာခြင်းဖြစ်ပြီး၊ ချန်ပီယံလိဂ်အောင်မြင်မှုထက် ပိုကြီးသော အရာမရှိဟု ရီးယဲလ်အသင်း၏ ဝေးလ် တိုက်စစ်မှူးဘေးလ်က ပြောကြားခဲ့သည်။

    ရီးယဲလ်အသင်းက ၄ ဂိုး ၁ ဂိုးဖြင့်အနိုင်ရရှိခဲ့သည့် အဆိုပါပွဲတွင် အသင်းအတွက် အရေးပါသည့် အနိုင်ဂိုးကို သွင်းယူပေးခဲ့သော ဘေးလ်က အက်သလက်တီကိုမှ ဂေါ့ဒင်၏ ဂိုးဖြင့် ဦးဆောင်ခဲ့သော်လည်း ရီးယဲလ်အသင်း ချန်ပီယံဖြစ်ရေးအတွက် မည်သည့် သံသယမှမရှိဟု ဆိုသည်။

    “ဒီရာသီမှာ အက်သလက်တီကို အသင်းနဲ့ ကျွန်တော်တို့ ၄ ကြိမ် ကစားခဲ့ဖူးပါတယ်။ ပွဲတိုင်းဟာ အကြိတ်အနယ်ရှိပြီး ခက်ခဲခဲ့ပါတယ်။ သူတို့ဦးဆောင် ဂိုးရပြီးတဲ့နောက်မှာ သူတို့ကို ဖြိုရခက်သွားပါတယ်။ ကံကောင်းစွာနဲ့ပဲ နာကျင် အချိန်ပိုမှာ ကျွန်တော်တို့ ချေပဂိုးရခဲ့ပြီး အဲဒီဂိုးက ကျွန်တော်တို့ကို အားအင်တွေဖြစ်စေခဲ့ပါတယ်” ဟု ဘေးလ်ကဆိုသည်။

    ၎င်းသွင်းယူခဲ့သည့်ဂိုးမှာ ၎င်းအားခေါ်ယူခဲ့သည့် ပေါင် ၈၅ သန်းတန်ဖိုးကို ချေနိုင်ခဲ့သည်လားဆိုသည့် အမေးကို ဘေးလ်က ရယ်မော၍ ထိုတန်ဖိုးမှာ မိမိအတွက် အရေးမပါပဲ ပြောင်းရွှေ့ကြေး တစ်ပြားဖြင့် ရောက်လာလျှင်လည်း ကောင်းကောင်းကစားသွားမည်ဟု ပြောကြားခဲ့သည်။

  • ၂ မိနစ်အလိုမှ ချန်ပီယံဖြစ်ခွင့် ဆုံးရှုံးခဲ့ရတဲ့ အက်သလက်တီကို၊ ဆယ်ကြိမ်မြောက် ချန်ပီယံလိဂ် အိပ်မက် ပြည့်ဝသွားတဲ့ ရီးယဲလ်

    မေ ၂၅ ၊ ၂၀၁၄
    M-Media
    660x495
    ရီးယဲလ်မက်ဒရစ် ၄-၁ အက်သလက်တီကို

    ချန်ပီယံလိဂ်နောက်ဆုံးဗိုလ်လုပွဲကို ပေါ်တူဂီနိုင်ငံ လစ္စဘွန်းမြို့မှာ ယနေ့နံနက်စောစောက ကျင်းပခဲ့ပါတယ်။ စပိန်က မြို့ခံပြိုင်ဘက်တွေဖြစ်တဲ့ အက်သလက်တီကို မက်ဒရစ်နဲ့ ရီးယဲလ်မက်ဒရစ်တို့ ကစားခဲ့ကြတာဖြစ်ပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့ ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်။

    လာလီဂါဖလားကို ပူပူနွေးနွေးရရှိထားတဲ့ အက်သလက်တီကိုမက်ဒရစ်အသင်းက ပထမပိုင်း ၃၆ မိနစ် မှာ ဒီယေဂို ဂိုဒင်ရဲ့ ခေါင်းတိုက်ချက်နဲ့ ဦးဆောင်ဂိုးရခဲ့ပါတယ်။ ဒီဂိုးဟာ ရီးယဲလ်ဂိုးသမား ကာဆီးလက်စ် ရှေ့ကိုအနည်းငယ်ထွက်နေတာကြောင့် ပေးလိုက်ရတာဖြစ်ပါတယ်။

    ၁၀ကြိမ်မြောက်ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ဖို့အတွက် နောက်ပိုင်းမှာ ရီးယဲလ်တို့ တောက်လျှောက်ဖိကစားခဲ့ပေမယ် မိနစ် ၉၀ ပြည့်တဲ့အထိ လိုအပ်တဲ့ ချေပဂိုးမရခဲ့ဘဲပါဘူး။ ဒိုင်လူကြီးက နာကျင်အချိန်ပို ၅ မိနစ်ပေးခဲ့ပြီး တစ်ဖက်သတ်ဖိကစားနေတဲ့ ရီးယဲလ်အတွက် ၉၃ မိနစ်မှာ ရာမို့စ်က ခေါင်းတိုက်ပြီး အဖိုးတန်ချေပဂိုးသွင်းပေးခဲ့ပါတယ်။

    ပွဲအပြီးမှာ ၁ ဂိုးစီ သရေဖြစ်နေတာကြောင့် အချိန်ပိုဆက်ကစားခဲ့ပြီး အချိန်ပိုမှာလည်း ရီးယဲလ်ကသာ တစ်ဖက်သတ်ဖိကစားခဲ့ကာ မိနစ် ၁၁၀ မှာ ဒီမာရီယာရဲ့ ကန်သွင်းချက် အက်သလက်တီကို ဂိုးသမားနဲ့ထိပြီး ထွက်လာတာကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းလာတဲ့ဘေးလ်က ဒေါင့်ကျဉ်းထဲကို ခေါင်းခုန်တိုက်ပြီး အဖိုးတန်အနိုင်ဂိုးသွင်းခဲ့ပါတယ်။ ၁၁၇ မိနစ်မှာတော့ မာဆယ်လိုက နောက်တစ်ဂိုးထပ်သွင်းခဲ့ပြီး အချိန်ပိုနောက်ဆုံးမိနစ်မှာ ပင်နယ်တီကတစ်ဆင့် ရော်နယ်ဒိုက စတုတ္ထမြောက်ဂိုးသွင်းယူခဲ့ပါတယ်။ ပွဲပြီးကာနီးမှာ ရီးယဲလ်နောက်ခံလူဗာရိန်းနဲ့ စကားများပြီး ကွင်းထဲဝင်လာတဲ့ အက်သလက်တီကိုနည်းပြ ဆီမြွန်နီ အနီကဒ်နဲ့ အထုတ်ခံခဲ့ရပါတယ်။

    နောက်ဆုံးဗိုလ်လုပွဲတက်ဖို့ ၁၂ နှစ်ကြာစောင့်ခဲ့ရတဲ့ ရီးယဲလ်အတွက် ဒီဖလားဟာ ၁၀ကြိမ်မြောက် ချန်ပီယံလိဂ်ဖလားလည်းဖြစ်ပါတယ်။

  • ချန်ပီယံလိဂ် နောက်ဆုံး ဗိုလ်လုပွဲတွင် ကစားရမည်ကို မယုံကြည်နိုင်ဟု ဘေးလ်ပြော

    မေ ၂၀ ၊ ၂၀၁၄
    M-Media
    397094_heroa
    – ချန်ပီယံလိဂ် နောက်ဆုံးဗိုလ်လုပွဲတွင် ကစားရမည်ကို မိမိအနေဖြင့် မယုံကြည်နိုင်ဖြစ်နေသည်ဟု ရီးယဲလ်တိုက်စစ်မှူး ဂါရက်ဘေးလ်က ပြောကြားလိုက်ပြီး အသင်းပြောင်းခဲ့ခြင်းမှာ မှန်ကန်ခဲ့သည်ဟု ဆိုသည်။

    ပြီးခဲ့သည့် နွေရာသီက စံချိန်တင်ပြောင်းရွှေ့ကြေး ယူရို သန်း ၁၀၀ ဖြင့် စပါးအသင်းမှ ရီးယဲလ်သို့ ပြောင်းရွှေ့လာခဲ့သည့် ဘေးလ်မှာ ဘာနေဗျူးတွင် ခြေစွမ်းပြနိုင်ခဲ့ပြီး အောင်မြင်သော ရာသီကို ရရှိခဲ့သည်။

    “တစ်ကယ်လို့များ တစ်ယောက်ယောက်က ကျွန်တော်ဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ကစားရမယ်လို့ ပြောခဲ့မယ်ဆိုရင် ကျွန်တော် ချက်ခြင်း ယုံလိုက်မှာမဟုတ်ပါဘူး။ ဒါပေမယ့် ဒါဟာ ဘောလုံးပါ။ စပါးကနေထွက်ခဲ့တာ မှန်တယ်လို့ ခံစားရပြီး ရီးယဲလ်ကို အချိန်ကောင်းမှာ ရောက်လာခဲ့တာပါ” ဟု ဘေးလ်က Daily Telegraph သို့ပြောကြားခဲ့သည်။

    ချန်ပီယံလိဂ်ဗိုလ်ပွဲတွင် စပိန်ပြိုင်ဘက်များဖြစ်သည့် အက်သလက်တီကိုနှင့် ရီးယဲလ်တို့ တွေ့ဆုံနေပြီး ယခုတစ်ပတ် တနင်္ဂနွေ့တွင် ကစားမည်ဖြစ်သည်။