News @ M-Media

Tag: Champions League

  • PSG အားရှုံးခဲ့သည့် အတွက် အပြစ်တင်ရမည့် စာရင်းတွင် မိမိလည်းပါဝင်ဟု ဘာစီလိုနာ နည်းပြပြော

    PSG အားရှုံးခဲ့သည့် အတွက် အပြစ်တင်ရမည့် စာရင်းတွင် မိမိလည်းပါဝင်ဟု ဘာစီလိုနာ နည်းပြပြော

    အောက်တိုဘာ ၁ ၊ ၂၀၁၄
    M-Media
    Luis Enrique
    – ယနေ့နံနက် ချန်ပီယံလိဂ်တွင် ပီအက်စ်ဂျီအသင်းအား ရှုံးနိမ့်ခဲ့ခြင်းအတွက် အပြစ်တင်ခံရမည့်သူများတွင် မိမိလည်း ပါဝင်သည်ဟု ဘာစီလိုနာအသင်နည်းပြ လူးဝစ်အန်းရစ်က ပြောကြားလိုက်သည်။

    ပြင်သစ်မြေတွင် ကစားခဲ့သည့် အဆိုပါပွဲတွင် ဘာစီလိုနာမှာ အိမ်ရှင်ပီအက်စ်ဂျီအား ဖိကစားနိုင်ပြီး အနိုင်ရရှိနိုင်သည့် ဂိုးသွင်းခွင့်များစွာ ရရှိခဲ့သော်လည်း အသုံးမချနိုင်ခဲ့ဘဲ့ ၃ ဂိုး ၂ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရသည်။ အန်းရစ်ကမူ ထိုအတွက် မည်သူကို့မှ အပြစ်မမြင်ချင်ဘဲ မိမိကိုယ်တိုင်မှာလည်း အပြစ်တင်ခံရမည့်သူများတွင် တစ်ဦးအပါအ၀င်ဖြစ်သည်ဟု ဆိုသည်။

    “အရှုံးအတွက် ဖြေရှင်းချက်ပေးတာဟာ သိပ်ရှင်းပါတယ်။ ကျွန်တော်တို့ဟာ ကိုယ်နဲ့အဆင့်တူတဲ့ ပြိုင်ဘက်နဲ့ ယှဉ်ပြိုင်ခဲ့ရပြီး သူတို့က ကျွန်တော်တို့ထက် ဖိအားကို ပိုကောင်းအောင် ကိုင်တွယ်နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ကတော့ မျှော်လင့်ထားသလောက် ကောင်းကောင်း ကစားနိုင်ခဲ့ပါဘူး” ဟု အန်းရစ်က ပွဲအပြီးတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

    ၃ ဂိုး အလွယ်တကူပေးလိုက်ရသော နောက်တန်းနှင့် ဂိုးသမားတို့၏ စွမ်းဆောင်ရည်အတွက် မေးမြန်းခဲ့ရာ အန်းရစ်က ကစားသမားတစ်ဦးချင်းစီ၏အတွက် ဆုံးဖြတ်ချက် မပေးလိုကြောင်း မိမိမှာ နည်းပြဖြစ်သည့်အတွက် မိမိသာလျှင်တာဝန်အရှိဆုံး ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

  • ရိုးမားနှင့် CSKA မော်စကို တို့ ချန်ပီယံလိဂ်ပွဲအား UEFA စုံးစမ်းနေ

    ရိုးမားနှင့် CSKA မော်စကို တို့ ချန်ပီယံလိဂ်ပွဲအား UEFA စုံးစမ်းနေ

    စက်တင်ဘာ ၂၄ ၊ ၂၀၁၄
    M-Media
    459765_heroa
    – ချန်ပီယံလိဂ် အုပ်စုအဆင့်ပွဲစဉ်ဖြစ်သည့် ရိုးမားနှင့် CSKA မော်စကို တို့ ပွဲတွင် ဖြစ်ပွားခဲ့သော နှစ်ဖက်အသင်း ပရိတ်သတ်များ၏ လုပ်ရပ်များအတွက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်ဟု ယူအီးအက်ဖ်အေက ယမန်နေ့တွင် ကြေညာခဲ့သည်။

    စက်တင်ဘာ ၁၇ ရက်နေ့က ရောမတွင် ကစားခဲ့ပြီး ရိုးမားက ၅ ဂိုး ၁ ဂိုးဖြင့် အနိုင်ရခဲ့သည့် အဆိုပါပွဲတွင် စီအက်စ်ကေအေ ပရိတ်သတ်များမှာ လူမျိုးရေးအရ စော်ကားသည့် အမူအရာများ ပြုလုပ်ခဲ့သည်ဟု စွပ်စွဲချက်များထွက်ပေါ်လာပြီး၊ ရိုးမားပရိတ်သတ်များကလည်း မီးရှူး မီးပန်းများ ပစ်ဖောက်ခဲ့ကြသည်။

    ထိုလုပ်ရပ်များက ယူအီးအက်ဖ်အေ ၏ စည်းကမ်းပိုင်းဆိုင်ရာ ဥပဒေ၊ အန္တရာယ်ကင်းရှင်းရေးနှင့် လုံခြုံဆိုင်ရာ ဥပေဒများကို ချိုးဖောက်ခြင်းဖြစ်သည့်အတွက် မိမိတို့အနဖြင့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီး၊ ယူအီးအက်ဖ် စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့က အောက်တိုဘာ ၃ ရက်နေ့တွင် ကိုင်တွယ်ဖြေရှင်းသွားမည်ဟု ယမန်နေ့က ထုတ်ပြန်ခဲ့သော ကြေညာချက် အကျဉ်းချုပ်တွင် ဖော်ပြခဲ့သည်။

  • အတွေ့အကြုံမရှိခြင်းကြောင့် စပို့တင်း ပေးဆပ်ခဲ့ရသည်ဟု နာနီဆို

    အတွေ့အကြုံမရှိခြင်းကြောင့် စပို့တင်း ပေးဆပ်ခဲ့ရသည်ဟု နာနီဆို

    စက်တင်ဘာ ၁၈ ၊ ၂၀၁၄
    M-Media
    457061_heroa
    – စလိုဘေးနီးယား ကလပ် မာရီဘိုးနှင့်ပွဲတွင် သရေတစ်မှတ်သာ ရခဲ့ခြင်းမှာ အတွေ့အကြုံ မရှိမှုကြောင့် ပေးဆပ်ခဲ့ ရခြင်းဖြစ်သည်ဟု စပို့တင်း ကွင်းလယ်လူ နာနီက ပြောကြားလိုက်သည်။

    ပေါ်တူဂီကလပ်စပို့တင်းမှာ တိုပွဲတွင် ခြေအသာဖြင့် ကစားနိုင်ခဲ့ပြီး မိနစ် ၈၀ တွင် သွင်းယူခဲ့သော နာနီ၏ ဂိုးဖြင့် အနိုင်သုံးမှတ် ရလုရခင် ဖြစ်ခဲ့သည်။ သို့သော်လည်း နောက်တန်း၏ ပေါ့ဆမှုကြောင့် ဒုတိယပိုင်း နာကျင်အချိန်ပိုတွင် ချေပဂိုး ပြန်ပေးလိုက်ရပြီး သရေတစ်မှတ်ဖြင့်သာ ကျေနပ်ခဲ့ရသည်။

    “အတွေ့အကြုံမရှိတဲ့အတွက် ကျွန်တော်တို့အသင်း ချန်ပီယံလိဂ်မှာ ပေးဆပ်ခဲ့ရတာပါ။ အတွေ့အကြုံဟာ ခြားနားမှုတွေ ဖြစ်စေပါတယ်။ ဒါပေမယ့် ဒါဟာ ဘောလုံးရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ဒီထဲကနေ သင်ယူရတာဟာလည်း ကောင်းမွန်ပါတယ်။ နောက်ပွဲမှာ ကျွန်တော်တို့ တိုးတက်လာလိမ့်မယ်လို့ ပြောရဲပါတယ်” ဟု နာနီက ပွဲအပြီးတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

    မန်ယူမှ အငှားဖြင့် ပြောင်းရွှေ့လာခဲ့ပြီးနောက် နာနီမှာ ပမဆုံးအဖြစ် ထိုပွဲတွင် ဂိုးသွင်းနိုင်ခဲ့ခြင်းဖြစ်ပြီး ၎င်းကမူ အသင်းနှင့် အလျင်အမြန်အသားကျခဲ့သည့်အတွက် ကျေနပ်မိကြောင်း၊ အသင်းအား အကောင်းဆုံးပုံစံဖြင့် ဆက်လက်ကူညီသွားရန် မျှော်လင့်ထားကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

  • ဘိုင်ယန်နှင့် ပွဲတွင် သရေရသင့်သည်ဟု မန်စီးတီးဂိုးသမား ဂျိုးဟတ်ဆို

    ဘိုင်ယန်နှင့် ပွဲတွင် သရေရသင့်သည်ဟု မန်စီးတီးဂိုးသမား ဂျိုးဟတ်ဆို

    စက်တင်ဘာ ၁၈ ၊ ၂၀၁၄
    M-Media
    470ecacb-f40b-4979-ab1e-5edd4e37b8b6-460x276
    – ဘိုင်ယန်အား ၁ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သော ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲတွင် မိမိတို့အသင်းမှာ သရေရသင့်သည်ဟု မန်စီးတီးဂိုးသမား ဂျိုးဟတ်က ပြောကြားလိုက်သည်။

    ထိုပွဲတွင် ဂျိုးဟတ်မှာ အကောင်းဆုံး လက်စွမ်းပြနိုင်ခဲ့ပြီး ဘိုင်ယန်၏ အပိုင်ဂိုးသွင်းခွင့် အချို့ကို ကာကွယ်နိုင်ခဲ့သည်။ ထို့ကြောင့် မန်စီးတီးမှာ ၈၉ မိနစ်အထိ သရေကျနေ ခဲ့သော်လည်း မိနစ် ၉၀ တွင် ဘိုအာတင်း၏ ကန်ချက် ဂေါ့ဇီထိ၍ လမ်းကြောင်းပြောင်းကာ ၀င်သွားခဲ့ခြင်းကြောင့် သရေတစ်မှတ် ဆုံးရှုံးခဲ့ရသည်။

    “အသင်းကောင်းတစ်သင်းကို ကျွန်တော်တို့ တစ်ပွဲလုံး တိုက်ပွဲဝင်နိုင်ခဲ့ပါတယ်။ အဆုံးမှာ ဆိုးရွားတဲ့ ကန်ချက်လမ်းကြောင်းပြောင်းမှုက ကျွန်တော်တို့ကို ပွဲပြီးစေခဲ့ပါတယ်။ ဘိုအာတင်းကတော့ ကျွန်တော်တို့ကို ခြောက်လှန့်ခဲ့ပါပြီ။ နေရာတိုင်းမှာ သူတို့ကို ယှဉ်ကစားနိုင်ခဲ့ပြီး သရေနဲ့ ထိုက်တန်တဲ့ပွဲပါ။ ကျွန်တော်လည်း ဒီပွဲမှာ တော်တော် အလုပ်ရှုပ်ခဲ့ပါတယ်” ဟု ဂျိုးဟတ်က ပွဲအပြီးတွင် Sky Sports သို့ ပြောကြားခဲ့သည်။

    ယခုလနှောင်းပိုင်းတွင် မန်စီးတီးမှာ စီအက်စ်ကေအေအား ၅ ဂိုးပြတ်ဖြင့် အနိုင်ရခဲ့သော ရိုးမားအသင်းကို အိမ်ကွင်း၌ ဧည့်ခံကစားရမည်ဖြစ်သည်။ ဂျိုးဟတ်ကမူ ဘိုင်ယန်အား ရှုံးနိမ့်ခဲ့သည့် မိမိတို့မှာ ကျန်ရှိသည့်ပွဲများတွင် ကောင်းမွန်ကစားရမည်ဖြစ်ပြီး ပွဲအားလုံးနိုင်မည်ဟု ယုံကြည်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

  • နောက်ဆုံးမိနစ်ဂိုးနဲ့  နိုင်တဲ့ဘိုင်ယန်၊ ရိုမား၊ ပေါ်တိုတို့ ဂိုးမြူးခဲ့ပြီး ဘာစီလိုနာ ၃ မှတ်ရတဲ့ ချန်ပီယံလိဂ်

    နောက်ဆုံးမိနစ်ဂိုးနဲ့ နိုင်တဲ့ဘိုင်ယန်၊ ရိုမား၊ ပေါ်တိုတို့ ဂိုးမြူးခဲ့ပြီး ဘာစီလိုနာ ၃ မှတ်ရတဲ့ ချန်ပီယံလိဂ်

    စက်တင်ဘာ ၁၈ ၊ ၂၀၁၄
    M-Media

    နောက်ဆုံးမိနစ်ဂိုးနဲ့ အနိုင်ရ တဲ့ ဘိုင်ယန်၊ ရိုမား၊ ပေါ်တိုတို့ ဂိုးမြူးခဲ့ပြီး ဘာစီလိုနာ သုံးမှတ်ရခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုအဖွင့် ကြာသာပတေးနေ့ပွဲစဉ်များ
    – ချန်ပီယံလိဂ် ကျန်တဲ့အုပ်စုလေးခုရဲ့ အုပ်စုအဖွင့်ပွဲစဉ်တွေကိုတော့ ဒီနေ့မနက်မှာ ကစားခဲ့ပြီး ဘိုင်ယန်မြူးနစ်၊ ရိုးမားနဲ့၊ ဘာကာတို့ အနိုင်ရခဲ့ပါတယ်။

    အုပ်စု E

    ဘိုင်ယန်မြူးနစ် ၁-၀ မန်စီးတီး
    ရိုးမား ၅-၁ CSKA
    511785629_455602308
    ဂျာမန်မြေပေါ်မှာကစားခဲ့တဲ့ အုပ်စုအဖွင့်ပွဲမှာတော့ ပရီးမီးယားလိဂ်ချန်ပီယံ မန်စီးတီးတို့ နောက်ဆုံးမိနစ်ရောက်မှ အသည်းကွဲခဲ့ရပါတယ်။
    ယခင်တွေ့ဆုံခဲ့တဲ့ပွဲတွေမှာ ရလဒ်ပိုင်းရော ခြေစွမ်းပိုင်းပါ အသာရခဲ့တဲ့ ဘိုင်ယန်တို့ ဒီနေ့ပွဲမှာလည်း မန်စီးတီးကို အသာရခဲ့ပါတယ်။ မန်စီးတီးနည်းပြ ပယ်လီဂရီနီ ပွဲပယ်ပြစ်ဒဏ်ခံနေရတာကြောင့် လက်ထောက်နည်းပြ ရူဘန် ကော်စီလက်စ်က အသင်းကို ကြီးကြပ်ခဲ့ပါတယ်။ ပွဲချိန်အတွင်းမှာ ဂိုးရနိုင်တဲ့ အခွင့်အရေးတစ်ချို့ ဘိုင်ယန်တို့ရပေမယ့် အနိုင်ဂိုးကိုတော့ မိနစ် ၉၀ မှ ရရှိခဲ့တာဖြစ်ပြီး ဘိုအာတင်းက သွင်းယူပေးခဲ့တာပါ။ ဒီဂိုးဟာ သူ့ရဲ့ ချန်ပီယံလိဂ် ပထမဆုံးဂိုးလည်းဖြစ်ပါတယ်။

    SRE210_SOCCER_CHAMPIONS
    သုံးနှစ်အတွင်း ချန်ပီယံလိဂ်ကို ပထမဆုံး ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့တဲ့ ရိုးမားတို့ ရောမမြေမှာ CSKA မော်စကို ကို ဂိုးပြတ်ခြေပြတ်နဲ့ အနိုင်ရခဲ့ပါတယ်။ ရိုးမားဟာ ပွဲအစပိုင်းကတည်းက တောက်လျှောက်တိုက်စစ်ဆင်ခဲ့ပြီး ပထမပိုင်းမှာတင် ၄ ဂိုးပြတ်ခဲ့တာပါ။ ဂါဗင်ဟို အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့ပြီး အသင်းအတွက် အနိုင်ဂိုး ၂ ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။

    အုပ်စု F

    အေဂျက် ၁-၁ ပီအက်စ်ဂျီ
    ဘာစီလိုနာ ၁-၀ APOEL

    ပြင်သစ်ထိပ်သီး ပီအက်စ်ဂျီတို့ ဟော်လန်မြေမှာကစားခဲ့ရပေမယ့် အိမ်ရှင်အေဂျက်ကို ဖိအားပေးနိုင်ခဲ့ပါတယ်။ ပွဲအစကတည်းက ကစားပုံကောင်းခဲ့တဲ့ ပီအက်စ်ဂျီတို့ ၁၄ မိနစ်မှာပဲ ဦးဆောင်ဂိုးရခဲ့ပြီး ကာဗာနီက သွင်းယူပေးခဲ့တာပါ။ နောက်ပိုင်းမှာလည်း ပီအက်စ်ဂျီတို့ ဂိုးထပ်ရနိုင်မယ့်အခွင့်အရေးတစ်ချို့ ရခဲ့ပေမယ့် ဂိုးအဖြစ် ပြောင်းလဲနိုင်ခြင်းတော့ မရှိခဲ့ပါဘူး။ အေဂျက်အတွက် အဖိုးတန်ချေပဂိုးကိုတော့ ၇၄ မိနစ်မှာ ရခဲ့တာဖြစ်ပြီး ရှိုနီကသွင်းယူပေးခဲ့တာပါ။ ဒီပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကိုတော့ ပီအက်စ်ဂျီ တိုက်စစ်မှူး အီဗရာဟီမိုဗစ်က ရရှိခဲ့ပါတယ်။
    XTS106_Spain_Soccer_Champions_League
    ဘာစီလိုနာကတော့ အိမ်ကွင်းမှာ သက်တောင့်သက်သာကစားခဲ့ပြီး APOEL ကို ပီကေးရဲ့ ၂၈ မိနစ်ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ဒါပေမယ့် ဂိုးသွင်းခွင့် အများအပြားရခဲ့ပြီး ၁ ဂိုးသာသွင်းနိုင်ခဲ့တဲ့ ဘာစီလိုနာရဲ့ တိုက်စစ်ကတော့ မေးခွန်းထုတ်စရာဖြစ်ခဲ့ပါတယ်။

    အုပ်စု G

    ချယ်ဆီး ၁-၁ ရှော်လ်ကာ
    မာရီဘိုး ၁-၁ စပို့တင်း လစ္စဘွန်း

    LKW102_Britain_Soccer_Champions_League

    မော်ရင်ဟိုရဲ့ချယ်ဆီး စတမ်းဖို့ဒ်ဘရစ်မှာ ကစားခဲ့ရပေမယ့် ရှော်လ်ကာကို အသာရခြင်းမရှိပါဘူး။ ပရီးမီးယားလိဂ်ဂိုးသွင်းစက် ဒီယေဂိုကော်စတာ အရန်ခုံမှာ ထိုင်ခဲ့ရပြီး ၂၀၁၂ ချန်ပီယံလိဂ်ဗိုလ်ပွဲမှာ အဆုံးအဖြတ်ပယ်နယ်တီကန်သွင်းပေးခဲ့တဲ့ ဒရော့ဘာက ပွဲထွက်လာခဲ့ပါတယ်။ ဒဏ်ရာကြောင့် အဓိက ကစားသမား ၈ ယောက်လောက်အထိ မပါဝင်နိုင်တဲ့ ရှောလ်ကာရဲ့ ကစားပုံကတော့ ချီးကျူးစရာဖြစ်ခဲ့ပါတယ်။ ဖာဘရီဂက်စ်ရဲ့ ၁၁ မိနစ်ဂိုးနဲ့ ချယ်ဆီးတို့ ဦးဆောင်ခဲ့ပေမယ့် ဟော်လန်တိုက်စစ်မှူး ဟန်တယ်လာက ၆၂ မိနစ်မှာ အဖိုးတန်ချေပဂိုး သွင်းယူပေးခဲ့ပါတယ်။

    ပေါ်တူဂီကလပ် စပို့တင်းတို့ကတော့ အဝေးကွင်းမှာ အသာရခဲ့ပေမယ့် ပွဲပြီးကာနီး နာကျင်အချိန်ပိုမှာ ပေးလိုက်ရတဲ့ ဂိုးကြောင့် သရေတစ်မှတ်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။ ပွဲဟာမြိုင်ခဲ့ပြီး စပို့တင်းတို့ ဂိုးသွင်းခွင့်တော်တော်များများရခဲ့ပေမယ့်  ဦးဆောင်ဂိုးကို မိနစ် ၈၀ မှ ရခဲ့တာဖြစ်ပြီး မန်ယူကစားသမားဟောင်း နာနီက သွင်းယူပေးခဲ့တာပါ။

    အုပ်စု H

    ဘီဘာအို ၀-၀ ရှက်တာဒိုးနက်
    ပေါ်တို ၆-၀ BATE ဘိုရီဆော့ဗ်

    ပေါ်တိုကတော့ ချန်ပီယံလိဂ် မျက်နှာသစ်အသင်း BATE ကို အိမ်ကွင်းမှာ ဂိုးပြတ်ခြေပြတ်နဲ့ အနိုင်ယူနိုင်ခဲ့ပါတယ်။ ပေါ်တိုအတွက် ဂိုးတွေကိုတော့ ဘရာဟီမီက ဟက်ထရစ်၊ မာတီနက်ဇ်၊ အက်ဒရီယန်လိုပက်ဇ်နဲ့ အဘူဘာကာရ်တို့က တစ်ဂိုးစီ သွင်းပေးခဲ့တာပါ။

    ဘီဘာအိုနဲ့ ရှက်တာဒိုးနက်တို့ရဲ့ပွဲမှာတော့ ဧည့်သည်တို့ ဘောလုံးပိုင်ဆိုင်မှု အသာရခဲ့ပါတယ်။ ဒါပေမယ့် နှစ်သင်းစလုံးဂိုးသွင်းခွင့် အချို့ရခဲ့ပြီး အသုံးမချနိုင်ခဲ့တာကြောင့် ဂိုမရှိသရေနဲ့သာ ကျေနပ်ခဲ့ရပါတယ်။