News @ M-Media

Tag: Champions League

  • ဘိုင်ယန်အား ချေပဂိုးပေးခဲ့သည့် မန်ယူနောက်တန်းအား စိတ်ပျက်မိသည်ဟု မိုယက်စ်ဆို

    ဧပြီ ၁၀၊ ၂၀၁၄
    M-Media

    – ဘိုင်ယန်မြူးနစ်အား ရှုံးနိမ့်ခဲ့သော ချန်ပီယံလိဂ် ဒုတိယအကျော့ပွဲတွင် ဦးဆောင်ဂိုးရပြီးနောက် ဘိုင်ယန်အားချေပဂိုးပေးခဲ့ရခြင်းမှာ မဖြစ်သင့်သောအမှားဖြစ်သည့်အတွက် စိတ်ပျက်မိသည်ဟု မန်ယူနည်းပြ မိုယက်စ်က ပြောကြားခဲ့သည်။

    1215242-25362868-640-360

    ပထမအကျော့က ၁ ဂိုးစီသရေကျခဲ့ပြီး ယနေ့နံနက်ကစားခဲ့သည့်ပွဲတွင် မန်ယူမှာ ဦးဆောင်ဂိုး အရင်သွင်းနိုင်ခဲ့သော်လည်း၊ ၂၂ စက္ကန့်အတွင်းမှာပင် ဘိုင်ယန်အသင်းအား ချေပဂိုးပေးခဲ့ရကာ နောက်ပိုင်းတွင် အနိုင် ဂိုးများကိုလည်း ခွင့်ပြုခဲ့ရသည်။

    “ကစားသမားတွေရဲ့ စွမ်းဆောင်မှုကို ကျွန်တော်ကျေနပ်ပါတယ်။ ဒါပေမယ့် အဆုံးမှာ အမှားနှစ်ခုလောက် အတွက် ကျွန်တော်တို့ ပေးဆပ်ခဲ့ရတာပါ။ ဦးဆောင်ဂိုးသွင်းပြီး စက္ကန့် ၃၀ လောက်မှာ ကျွန်တော်တို့ အခြေအနေဟာ ဆိုးရွားခဲ့ပါတယ်။ ကျောင်းသားလေး တစ်ယောက်ကတောင်မှ ဂိုးသွင်းသွင်းပြီးပြီးခြင်း ဂိုးပြန် မပေးရဖို့ ပြောမှာပါ။ ကျွန်တော်တို့ကတော့ ချေပဂိုးကို မြန်မြန်ပဲ ခွင့်ပြုခဲ့ရပါတယ်” ဟု မိုယက်စ်က ပြောကြားခဲ့သည်။

    ဦးဆောင်ဂိုးရပြီးနောက် ကစားသမားများ၏ အာရုံစူးစိုက်မှုမှာ မည်သည့်နေရာသို့ရောက်သွားသည်ကို မသိကြောင်း၊ ဂိုးတစ်ဂိုးထပ်ရရန်လိုအပ်ခဲ့ပြီး ဘိုင်ယန်၏ တတိယဂိုးက မိမိတို့အား အဆုံးသတ်ခဲ့ကြောင်း မိုယက်စ်က ထည့်သွင်းပြောကြားခဲ့သည်။

    ထို့ပြင် ယခုနှစ်ရာသီတွင် ပရီးမီးယားလိဂ်မှတစ်ဆင့် ချန်ပီယံလိဂ် ၀င်ခွင့်ရရန် မဖြစ်နိုင်သော်လည်း မန်ယူအသင်းနေဖြင့် မကြာမီ ဥရောပ အဆင့် အမြင့်ဆုံးပြိုင်ပွဲသို့ ပြန်လာနိုင်မည်ဟု ယုံကြည်ကြောင်း မိုယက်စ်ကဆိုသည်။

  • နောက်ဆုံးဖလား မျှော်လင့်ချက် စွန့်လွှတ်ခဲ့ရတဲ့ မန်ယူ၊ လာလီဂါပြိုင်ဘက်ကို ချန်ပီယံလိဂ်မှာ အရှုံးပေးခဲ့ရတဲ့ ဘာစီ

    ဧပြီ ၁၀၊ ၂၀၁၄
    M-Media

    နောက်ဆုံးဖလား မျှော်လင့်ချက် စွန့်လွှတ်ခဲ့ရတဲ့ မန်ယူ၊ လာလီဂါပြိုင်ဘက်ကို ချန်ပီယံလိဂ်မှာ အရှုံးပေးခဲ့ရတဲ့ ဘာစီလိုနာတို့ရဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲများ

    2087950_w2

    – ယနေ့မနက်မှာတော့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲစဉ်ရဲ့ ဒုတိယအကျော့ လက်ကျန် ၂ ပွဲကို ကစားခဲ့ပြီး ဘာစီလိုနာအသင်းနဲ့ မန်ယူတို့ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီဖြစ်ပါတယ်။

    နျူးကမ့်မှာ နေးမာရဲ့ချေပဂိုးကြောင့် ၁ ဂိုးစီ သရေကျခဲ့တဲ့ ဘာစီလိုနာတို့ အက်သလက်တီကိုရဲ့ကွင်းမှာလည်း ကိုကီရဲ့ အစောပိုင်း ဂိုးတစ်ဂိုးနဲ့ အရှုံးပေးခဲ့ရပါတယ်။ အက်သလက်တီကိုမှာ အားထားရတဲ့ တိုက်စစ်မှူး ဒီယေဂိုကော်စတာ ဒဏ်ရာကြောင့်မပါဝင်ခဲ့ပေမယ့် ပွဲအစမှာ အိမ်ရှင်တို့ တောက်လျှောက်ထိုးဖောက်နိုင်ခဲ့ပြီး အနိုင်ဂိုးကိုလည်း ပွဲအစ ၅ မိနစ်မှာပဲရခဲ့တာပါ။ ဗီလာ၊ လိုပက်ဇ်တို့ရဲ့ အပိုင်ဂိုးသွင်းခွင့်တွေသာ ဂိုးဝင်ခဲ့ရဲ့ ဒီထက်ပို ဂိုးပြတ်သွားနိုင်ပါတယ်။ ဘာစီလိုနာတို့ကတတော့ ထုံးစံအတိုင်း ဘောလုံးပိုင်ဆိုင်မှုကို အသားပေးကစားခဲ့ပြီး အိမ်ရှင်အသင်းကို ထိုးဖောက်ခဲ့ပါတယ်။ ပထမပိုင်းမှာ ဇာဗီ၊ မက်ဆီ တို့ရဲ့ ကန်သွင်းချက်တွေ၊ ဒုတိယပိုင်း မိနစ် ၇၇ ကျော်မှာ နေးမာရဲ့ ခေါင်းတိုက်ချက်တွေ ဂိုးမ၀င်ခဲ့တာကာ ဘာစီလိုနာအသင်းအတွက် ရှုံးပွဲကို တွေ့စေခဲ့တာဖြစ်ပါတယ်။ ပွဲအပြီးမှာတော့ အက်သလက်တီကိုအသင်းက နှစ်ကျော့ပေါင်း ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး ၁၉၇၃-၇၄ နောက်ပိုင်း ချန်ပီယံလိဂ် ဆီးဖီးဖိုင်နယ်ကို ပထမဆုံး တက်ရေက်နိုင်ခဲ့ပါတယ်။

    နည်းပြမိုယက်စ်ရဲ့ မန်ယူအသင်းကလည်း ဂျာမနီမြေမှာ ဦးဆောင်ဂိုး သွင်းနိုင်ခဲ့ပေမယ့် ဘိုင်ယန်ရဲ့ ချေပဂိုးနဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုခဲ့ရပြီး ဒီရာသီ နောက်ဆုံးလက်ကျန် ဖလားမျှော်လင့်ချက်ကို စွန့်လွှတ်ခဲ့ရပါတယ်။ ဘိုင်ယန်မှာ မူလာ၊ မန်ဇူကစ်၊ ကရော့စ်၊ ဂေါ့ဇီတို့ လူစုံပါဝင်ခဲ့ပေမယ့် ပွဲအစအထနှေးခဲ့ပါတယ်။ မန်ယူကတော့ ဒဏ်ရာရနေတဲ့ ကွင်းလယ်ကစားသမား ဖယ်လိုင်နီရဲ့နေရာမှာ ဖလက်ချာ ၀င်ကစားခဲ့ပြီး ပထမပိုင်းမှာ မန်ယူတို့ အပိုင်ဂိုးသွင်းခွင့်၂ ကြိမ်လောက်ရခဲ့ပါတယ်။

    ဒါပေမယ့်နောက်ပိုင်းမှာတော့ ဘိုင်ယန်က ပွဲကိုထိန်းချုပ်လာနိုင်ခဲ့ပြီး ဂိုးသွင်းခွင့်တွေလည်း ဖန်တီးလာနိုင်ခဲ့ပါတယ်။ ဦးဆောင်ဂိုးကိုတော့ ၅၇ မိနစ်မှာ မန်ယူက စရခဲ့ပြီး ညာခြမ်းက ဗလင်စီယာ ဖန်တီးပေးတဲ့ ဘောလုံးကို နောက်ခံလူ အီဗရာက ဧရိယာအတွင်းမှာ ဘယ်ခြေနဲ့ အပြင်းကန်သွင်းယူခဲ့တာပါ။ ဒါပေမယ့် ဒီဂိုးဟာ အိမ်ရှင်တို့အတွက် အခက်အခဲတော့ မဖြစ်စေခဲ့ပါဘူး။ ၅၉ မိနစ်မှာ မန်ဇူကစ်က ချေပဂိုး ပြန်သွင်းနိုင်ခဲ့ပြီး၊ ၆၈ မိနစ်နဲ့၊ ၇၆ မိနစ်တို့မှာ မူလာနဲ့၊ ရော်ဘင်တို့က အနိုင်ဂိုးတွေ သွင်းယူနိုင်ခဲ့တဲ့အတွက် ပွဲအပြီးမှာတော့ ဘိုင်ယန်က ၂ ကျော့ပေါင်း ရလဒ် ၄ ဂိုး ၂ ဂိုးနဲ့ ဆီမီးဖိုင်နယ်ကို သုံးနှစ်ဆက် တက်ရောက်နိုင်ခဲ့ပါတယ်။

    ယနေ့မနက် ချန်ပီယံလိဂ် ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

    အက်သလက်တီကို ၁-၀ ဘာစီလိုနာ (နှစ်ကျော့ပေါင်း ၂-၁ ဖြင့် အက်သလက်တီကို နောက်တစ်ဆင့်တက်)
    ဘိုင်ယန် ၃-၁ မန်ယူ (နှစ်ကျော့ပေါင်း ၄-၂ ဖြင့် ဘိုင်ယန်နောက်တစ်ဆင့်တက်)

    Photo- ©Getty Images

  • အက်သလက်တီကိုနှင့် ပွဲတွင် ခြေချော်ပါက ပေးဆပ်ရမည်ဖြစ်ကြောင်း အင်နီယေစတာဆို

    ဧပြီ ၉ ၊ ၂၀၁၄
    M-Media

    – ယနေ့ညတွင်ကစားမည့် ချန်ပီယံလိဂ်ပွဲတွင် မိမိတို့မှာ အက်သလက်တီကို အသင်းအား ဖြတ်ကျော်နိုင်မည်ဖြစ်သော်လည်း ခြေချော် ခဲ့ပါက ပေးဆပ်မှုကြီးမားမည်ဟု ဘာစီလိုနာ အသင်း၏ ၀ါရင့် ကွင်းလယ်လူ အင်နီယေစတာက ပြောကြားလိုက်သည်။
    383740_heroa
    ဘာစီလိုနာအသင်းမှာ ပြီးခဲ့သည့်တစ်ပတ်က ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ပွဲအဖြစ် အက်သလက်တီကိုနှင့် အိမ်ကွင်းတွင် ကစားခဲ့ပြီး ၁ ဂိုးစီအ သရေကျခဲ့သည်။ ထို့ကြောင့် ယနေ့ည အဝေးကွင်းတွင် ကစားမည့် ဒုတိယအကျော့ပွဲစဉ်မှာ ဘာကာအတွက် ခက်ခဲဖွယ်ရှိနေသည်။

    အသင်း၏ ၀ါရင့်ကွင်းလယ်ကစားသမား အင်နီယေစတာကမူ ဘာကာ အသင်းသားများမှာ အက်သလက်တီကို အသင်းအား ဖြုတ်ချရန်အတွက် အကောင်းဆုံး အနေအထားတွင်ရှိမည်ဟု ယုံကြည်နေသည်။

    “ပွဲကောင်းတစ်ပွဲကို ကစားရပြီး ကျွန်တော်တို့ရောက်ချင်တဲ့ ဆီမီးဖိုင်နယ်ကို ရောက်မယ်ဆိုရင် ကောင်းမှာပါ။ ပွဲအစကနေ အဆုံးထိ ပြင်းထန်မယ်ဆိုတာ ကျွန်တော်တို့သိထားပြီး တိုက်ပွဲဝင်သွားမှာပါ” ဟု အင်နီယေစတာက ဆိုသည်။

    ယနေ့ညတွင်ကစားမည့် ချန်ပီယံလိဂ်ပွဲစဉ်မှာ မိမိအတွက် ဘာစီလိုနာအသင်းနှင့် ပွဲ ၅၀၀ မြောက်ဖြစ်ပြီး၊ သမိုင်းမှတ်တိုင်ဖြစ်လာမည့်အတွက် ဂုဏ်ယူမိကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။ ဘာစီလိုနာနှင့် အက်သလက်တီကိုတို့မှာ ယခုနှစ် ဘောလုံးရာသီတွင် ၎င်းကြိမ်တွေ့ဆုံထားပြီး အကြိမ်တိုင်း သရေကျခဲ့သည်။

  • အဝေးဂိုးနဲ့ ချယ်ဆီး ဆီးမီးတက်၊ ဂျာမန်မြေမှာ ရှုံးပေမယ့် ဆီးမီး ဖိုင်နယ်ရောက်တဲ့ ရီးယဲလ်

    ဧပြီ ၉ ၊ ၂၀၁၄
    M-Media

    အဝေးဂိုးနဲ့ ချယ်ဆီး ဆီးမီးတက်၊ ဂျာမန်မြေမှာ ရှုံးခဲ့ပေမယ့် ဆီးမီး ဖိုင်နယ်ရောက်ခဲ့တဲ့ ရီးယဲလ်တို့ရဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်များ

    388501hp2

    – ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ နှစ်ပွဲကို ဒီနေ့မနက်မှာကစားခဲ့ပြီး မော်ရင်ဟိုရဲ့ ချယ်ဆီးကတော့ အိမ်ကွင်းမှာ နောက်ကျဂိုးနဲ့ အနိုင်ရခဲ့ပြီး နောက်တစ်ဆင့် တက်နိုင်ခဲ့ပါတယ်။ ဒီရာသီမှာ ဗိုလ်စွဲဖို့ ရေးပန်းစားနေတဲ့ ရီးယဲလ်ကတာ့ ဂျာမနီမြေမှာ ရှုံးခဲ့ပေမယ့် နှစ်ကျော့ပေါင်း ရလဒ်ကြောင့် ချန်ပီယံလိဂ် ဆုဖလားနဲ့ လက်တစ်ကမ်းအလိုကို ရောက်လာခဲ့ပါတယ်။

    ပထမအကျော့ ပြင်သစ်မြေမှာ အရှုံးပေးခဲ့ရပေမယ့် ကစားပုံကောင်းခဲ့တဲ့ ချယ်ဆီး ဒီပွဲအတွက် သေချာပြင်ဆင်ခဲ့ပြီး လိုအပ်တဲ့အနိုင်ဂိုးတွေကို ရယူသွားခဲ့တာပဲဖြစ်ပါတယ်။ တိုက်စစ်ကို အားမလိုအားမရဖြစ်နေတဲ့ မော်ရင်ဟို ဒီပွဲမှာ အီတူးကို အထောင်တိုက်စစ်မှူးအဖြစ်ထားကစားခဲ့ပြီး သိပ်တော့ အလုပ်မဖြစ်ခဲ့ပါဘူး။ ပီအက်စ်ဂျီမှာတော့ အဓိကတိုက်စစ်မှူး အီဗရာဟီမိုဗစ် မပါဝင်နိုင်တာကလွဲလို့ ကျန်တဲ့ကစားသမားတွေ အစုံပါဝင်ခဲ့ပြီး ချယ်ဆီးကို သူတစ်ပြန်ကိုယ်တစ်ပြန် ကစားနိုင်ခဲ့ပါတယ်။

    မော်ရင်ဟိုကတော့ သူရဲ့ပုံစံအတိုင်း ခံစစ်ကိုလုံအောင်ကစားပြီး ကွင်းလယ်စိုးမိုးမှုနဲ့အတူ ပီအက်စ်ဂျီကို ထိုးဖောက်ဖို့ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် ပီအက်စ်ဂျီကလည်း ချယ်ဆီးတိုက်စစ်ကို ဟန့်တားထားနိုင်ခဲ့တာကြောင့် ချယ်ဆီးတို့ ဂိုးရဖို့ခက်ခဲခဲ့ပါတယ်။ ၃၂ မိနစ်မှာတော့ ချယ်ဆီးတို့ အဖွင့်ဂိုးရခဲ့ပြီး ၁၈ မိနစ်မှာ နာသွားတဲ့ ဟဇာ့ဒ်အစားဝင်လာတဲ့ ရှရဲလ်က လူးဝစ်ရဲ့ ဖန်တီးပေးမှုကတစ်ဆင့် သွင်းယူပေးခဲ့တာပါ။

    နောက်ပိုင်းမှာ ချယ်ဆီးတို့ဂိုးရဖို့ ကြိုးစားခဲ့ပြီး အခွင့်အရေးတစ်ချို့ရခဲ့ပေမယ့် လိုအပ်နေတဲ့ ဂိုးတစ်ဂိုးကိုတော့ ၈၇ မိနစ်မှာမှ ရခဲ့တာပါ။ လူစားဝင်တိုက်စစ်မှူး ဘားက ပီအက်စ်ဂျီနောက်တန်းလူနဲ့ ထိပြီးလမ်းကြောင်းပြောင်းလာတဲ့ဘောလုံးကို ပိတ်သွင်းခဲ့တာပဲဖြစ်ပါတယ်။ ပွဲအပြီးမှာတော့ နှစ်ကျော့ပေါင်း ၃ ဂိုးစီ သရေဖြစ်နေပေမယ့် အဝေးဂိုးကြောင့် မော်ရင်ဟိုရဲ့ချယ်ဆီး ဆီးမီးဖိုင်နယ်ကိုတက်ရောက်နိုင်ခဲ့ပါတယ်။

    ပြီးခဲ့တဲ့နှစ် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာ ဒေါ့မွန်ရဲ့ ဖြုတ်ချခြင်းကို ခံခဲ့ရတဲ့ ရီးယဲလ် ဒီနှစ်မှာတော့ အရှုံးကို လက်စားချေနိုင်ခဲ့ပြီး နောက်တစ်ဆင့်တက်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် လွယ်လွယ်ကူကူနဲ့ လက်စားချေနိုင်ခဲ့တာတော့မဟုတ်ပါဘူး။ ဒီးမာရီယာရဲ့ အစောပိုင်း ပင်နယ်တီလွဲချော်မှုနဲ့အတူ ဒေါ့မွန်က ၂ ဂိုးသွင်းနိုင်ခဲ့ပြီး၊ ပထမအကျော့ ၃ ဂိုးပြတ်နိုင်ခဲ့လို့သာ သက်သာရာရခဲ့တာပါ။

    ရီးယဲလ်အသင်းမှာ အားထားရတဲ့တိုက်စစ်မှူး ရော်နယ်ဒို အသေးစားဒူးဒဏ်ရာကြောင့် မပါဝင်နိုင်ခဲ့ပါဘူး။ ပထမပိုင်းမှာ ရီးယဲလ်တို့ ကစားပုံသိပ်မကောင်းခဲ့ဘဲ အိမ်ရှင်ဒေါ့မွန်တို့ကသာ ပွဲကိုစိုးမိုးထားနိုင်ခဲ့ပြီး အနိုင်ဂိုး ၂ ဂိုးစလုံး သွင်းယူနိုင်ခဲ့တာပါ။ ဒါပေမယ့် ဒုတိယပိုင်းမှာတော့ ရီးယဲလ်တို့ ကစားကွက်ပြန်မိလာခဲ့ပြီး အိမ်ရှင်ဘက်ကို ပြန်ထိုးဖောက်နိုင်ခဲ့ပါတယ်။ ဂိုးပေါက်ကန်သွင်းခွင့် အချို့လည်းရခဲ့ပါတယ်။ မိနစ် ၆၀ နောက်ပိုင်းမှာ ဒေါ့မွန်တို့ အပိုင်ဂိုးသွင်းခွင့် ၂ ကြိမ်လောက်ရခဲ့ပြီး ရီးယဲလ်ဂိုးသမား ကာစီးလက်စ် လက်စွမ်းပြနိုင်ခဲ့လို့သာ ရီးယဲလ်တို့ သက်သာရာရခဲ့တာပါ။ နောက်ဆုံးမှာ အိမ်ရှင်တို့ ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပေမယ့် နှစ်ကျော့ပေါင်း ရလဒ်ကြောင့် ရီးယဲလ်တို့ နောက်တစ်ဆင့်တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒေါ့မွန်အသင်းတွက် ဂိုးတွေကိုတော့ မာကိုရီအက်စ် တစ်ဦးတည်းက သွင်းယူပေးခဲ့တာပါ။

    ယနေ့နံနက် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

    ချယ်ဆီး ၂-၀ ပီအက်စ်ဂျီ (နှစ်ကျော့ပေါင်း ၃ ဂိုးစီသရေဖြစ်ပေမယ့် အဝေးဂိုးစည်းမျဉ်းကြောင့် ချယ်ဆီး နောက်တစ်ဆင့်တက်)
    ဒေါ့မွန် ၂-၀ ရီးယဲလ် (နှစ်ကျော့ပေါင်း ၃ ဂိုး ၂ ဂိုးဖြင့် ရီးယဲလ် နောက်တစ်ဆင့်တက်

  • ရီးယဲလ်အသင်းမှာ ယခုနှစ် ချန်ပီယံလိဂ်တွင် ဗိုလ်စွဲမည်ဟု ကစားသမားဟောင်းတစ်ဦးဆို

    ရီးယဲလ်အသင်းမှာ ယခုနှစ် ချန်ပီယံလိဂ်တွင် ဗိုလ်စွဲမည်ဟု ကစားသမားဟောင်းတစ်ဦးဆို

    ဧပြီ ၈ ၊ ၂၀၁၄
    M-Media

    – ချန်ပီယံလိဂ် ၉ ကြိမ်ရ ရီးယဲလ်အသင်းမှာ ယခုနှစ်တွင် အကောင်းဆုံးပုံစံရှိနေပြီး ချန်ပီယံလိဂ်ဖလားကိုလည်း ရယူနိုင်လိမ့်မည်ဟု ရီးယဲလ်အသင်း၏ စပိန်ကွင်းလယ်လူဟောင်း ဂျိုဆေး အေမာဗစ်စ်ကာက ပြောကြားလိုက်သည်။

    ရီးယဲလ်အသင်းမှာ ပြီးခဲ့သည့် တစ်ပတ် ဘာနေဗျူးတွင် ကစားခဲ့သည့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့တွင် ဂျာမန်ကလပ် ဒေါ့မွန်အသင်းအား ၃ ဂိုးပြတ်ဖြင့် အနိုင်ရရှိထားပြီး နောက်တက်ဆင့်တက်ရန် အခြေအနေကောင်းနေသည်။

    အေမာဗစ်တာကမူ ယနေ့ညတွင်ကစားမည့် ဒုတိယအကျော့တွင် တိုက်စစ်မှူးရော်နယ်ဒိုကို ထည့်သွင်းရန်မလိုဟု ပြောကြားခဲ့သည်။

    “ကျွန်တော့်သဘောအရဆိုရင်တော့ ဒေါ့မွန်နဲပွဲမှာ သူ့(ရော်နယ်ဒို)ကို ချန်ထားမှာပါ။ (ပထမအကျော့က) ၃ ဂိုးသွင်းထားတဲ့ ရီးယဲလ် ရော်နယ်ဒိုကို မလိုအပ်တော့ပါဘူး” ဟု အေမာဗစ်တာက Goal သို့ ပြောကြားခဲ့သည်။ ထို့ပြင် ပထမအကျော့က ဂိုးသွင်းနိုင်ခဲ့သည့် အစ္စကို၏ ကစားပုံကိုလည်း ဗစ်ကာက ချီးကျူးခဲ့သည်။

    ယမန်နှစ်ဆီမီးဖိုင်နယ်တွင် ဒေါ့မွန်အသင်းအား ရှုံးနိမ့်ကာ ထွက်ခဲ့ရသော ရီးယဲလ်မှာ ၁၉၉၈ ခုနှစ်က ဆီးမီးဖိုင်နယ်ပွဲစဉ်တွင် ဒေါ့မွန်အား ဖြုတ်ချနိုင်ခဲ့သည့် သမိုင်းရှိခဲ့သည်။ ထိုစဉ်က ဘာနေဗျူးတွင်ကစားခဲ့ရသည့် ပွဲတွင် ဂိုးတိုင်တစ်ခု ပြိုလဲသွားသောကြောင့် လေ့ကျင့်ရေးကွင်းမှ ဂိုးတိုင်ဖြင့် အလျင်အမြန်အစားထိုးခဲ့ရသည်။ အေမာဗစ် ပါဝင်သည် ထိုအချိန်က ရီးယဲလ်အသင်းမှာ ဗိုလ်လုပွဲတွင် ဂျူဗင်တပ်အသင်းအား အနိုင်ကစားကာ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးရရှိခဲ့သည်။