News @ M-Media

Tag: China

  • တရုတ်နိုင်ငံမှာ သက်ကြီးရွယ်အိုမိဘတွေကို စောင့်ရှောက်မှုမရှိတဲ့ သားသမီးတွေကို ထောင်ဒဏ်အပြစ်ပေးရေး ဥပဒေတစ်ရပ်ပြဌာန်းရန်ရှိ

    တရုတ်နိုင်ငံမှာ သက်ကြီးရွယ်အိုမိဘတွေကို ပုံမှန်သွားရောက်ကြည့်ရှုစောင့်ရှောက်မှုမရှိတဲ့ သားသမီးတွေကို ထောင်ဒဏ်အပြစ်ပေးရေး ဥပဒေတစ်ရပ်ပြဌာန်းဖို့ စဉ်းစားနေကြောင်း သိရပါတယ်။ အဲဒီဥပဒေအရ အငြိမ်းစားယူထားသူတွေဟာ သူတို့ကို ကြည့်ရှုစောင့်ရှောက်မှုမရှိတဲ့ သားသမီးတွေကို တရားစွဲဆိုနိုင်ကြောင်း သိရပါတယ်။ တရုတ်တို့ရဲ့ ရိုးရာယဉ်ကျေးမှုအရ သားသမီးတွေဟာ သက်ကြီးရွယ်အိုမိဘတွေကို စောင့်ရှောက်ရမှာဖြစ်ပေမယ့် အလုပ်ဝန်ပိမှုနဲ့ ရွှေ့ပြောင်းနေထိုင်မှုများပြားလာခြင်းတို့က မိသားစုသံယောစဉ်ကြိုးတွေကို ပြတ်တောက်စေခဲ့တယ်လို့ ဆိုပါတယ်။ တရုတ်နိုင်ငံမှာ ကလေးတစ်ယောက်သာယူရမယ့် ဥပဒေပြဌာန်းခဲ့တာ ဆယ်စုနှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်လို့ မိဘတွေဟာစောင့်ရှောက်သူမဲ့တဲ့ အနေအထားကိုရင်ဆိုင်ရဖို့ အလားအလာပိုများခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

    အဲဒီဥပဒေကို အတည်ပြုလိုက်ရင် မိဘတွေကို ကိုယ်အားဖြင့်လည်းကောင်း၊ စိတ်အားဖြင့်လည်းကောင်း ပြုစုစောင့်ရှောက်မှုမရှိတဲ့ သားသမီးတွေဟာ ထောင်ဒဏ်သော်လည်းကောင်း၊ ငွေဒဏ်သော်လည်းကောင်း ကျခံရလိမ့်မယ်လို့ ဆိုပါတယ်။ တရုတ်နိုင်ငံ လူဦးရေရဲ့ ရှစ်ပုံတစ်ပုံဟာ အသက် ၆၀ ကျော်နေသူတွေဖြစ်ပြီး အဲဒီထဲက ထက်ဝက်ကျော်ဟာ တစ်ဦးတည်း အထီးကျန်နေထိုင်ရတယ်လို့ ဆိုပါတယ်။ တရုတ်နိုင်ငံမှာ အသက် ၆၀ ကျော်သူပေါင်း ၁၆၇ သန်းနဲ့ အသက် ၈၀ ကျော်သူပေါင်း တစ်သန်းရှိကြောင်း သိရပါတယ်

  • နိုဘယ်ဆုကော်မတီ အား တရုတ်ဝေဖန်

    တရုတ် လူ့အခွင့်အရေးလှုပ်ရှားသူ Liu Xiaobo အား ၂၀၁၀ အတွက်  ငြိမ်းချမ်းရေးနိုဘယ်ဆုချီးမြင့် ခဲ့သည့်အပေါ် တရုတ်အစိုးမှ ဒေါသထွက်လျက်ရှိနေသည်။ တရုတ်လူမျိုးတို့ရင်ဆိုင်နေရသော ပြဿနာများကိုဖြေရှင်းပေးနိုင်ခဲ့သော တရုတ်ထူခွန်သူများကို နိုဘယ် ဆု တွင် အမည်စာရင်းမတင်ပြခဲ့သော အကြောင်းအရင်းကို တရုတ်နိုင်ငံခြားရေး ၀န်ကြီး Fu ying က မေးခွန်းထုတ် လိုက်ပါသည်။ (more…)