News @ M-Media
Tag: China
  • ပထမဆုံးသော ရှေးဟောင်း တရုတ်ဘာသာပြန် ကုရ်အာန် ရှာဖွေတွေ့ ရှိ
    ပထမဆုံးသော ရှေးဟောင်း တရုတ်ဘာသာပြန် ကုရ်အာန် ရှာဖွေတွေ့ ရှိ
    ပထမဆုံးသော ရှေးဟောင်း တရုတ်ဘာသာပြန် ကုရ်အာန်
    အခုအသစ်တွေ့ ရှိခဲ့တဲ့လက်ရေးမူကို Lanzhou တက္ကသိုလ်က မုစ်လင်မ် ရှေးဟောင်း ယဉ်ကျေးမှု ရှာဖွေသူတွေက မော်ကွန်းတိုက်ဟောင်းက ရှာဖွေတွေ့ ရှိခဲ့တာဖြစ်ပြီး တရုတ် ဘာသာကို ပြန်ဆိုခဲ့သူတွေကတော့ အီမာမ်နှစ်ဦးဖြစ်တဲ့ Sha Zhong နဲ့  Ma Fulu ဆိုသူတို့ ဖြစ်ကြတယ်လို့ယုံကြည်ရပါတယ်။
    သူတို့နှစ်ဦးဟာ ၁၉၀၉ခုနှစ်လောက်က စတင်ဘာသာပြန်ခဲ့တာဖြစ်ပြီး ၁၉၁၂ခုနှစ်လောက်မှာ အပြီးသတ်ခဲ့တယ်လို့ သိရပါတယ်။ ဒီ့နောက်မှာ Sha Zhong ဟာ သူ့ရဲ့လက်ရေးမူနဲ့ ကော်ပီသုံးအုပ်ကူးခဲ့ပြီး Lanzhou တက္ကသိုလ်မှာ အသုံးပြုခဲ့တယ်လို့ သိရပါတယ်။
    နှစ်ဆယ်ရာစုအတွင်းမှာ တခြားတရုတ်ဘာသာပြန် နှစ်အုပ်လည်း Gansu နယ်မြေမှာရှိခဲ့မယ်လို့ ယူဆရပါတယ်။ Lanzhou တက္ကသိုလ်ရဲ့ကျောင်းအုပ် Ding Shiren နဲ့သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေဟာ ခုချိန်ထိ ဒီဘာသာပြန် ကုရ်အာန်သုံးမျိုးကိုနှိုင်းယှဉ်လေ့လာနေဆဲဖြစ်ပါတယ်။ Sha Zhong နဲ့  Ma Fulu တို့ ရဲ့ဘာသာပြန်ဟာ Lanzhou ဒေသသုံးစကားတွေ ပါဝင်နေပေမယ့်လည်းမူရင်း အာရဗီဘာသာစကားကို လေးစားမှု အပြည့်ရှိတယ်လို့  Ding ကပြောကြားခဲ့ပါတယ်။
    အစ္စလာမ်ဘာသာဟာ တရုတ်နိုင်ငံအတွင်းကို Tang မင်းဆက် (၆၁၈-၉၀၇) က စပြီး စတင် ဝင်ရောက်ခဲ့တယ်လို့ ကျွမ်းကျင်သူတွေကပြောကြားခဲ့ပါတယ်။ သို့သော်လည်း ရှေးတရုတ် မုစ်လင်မ်တွေဟာ အဓိပ္ပာယ်လွဲမှားပြီး ရေးသားမိမှာ စိုးရိမ်လို့ ကုရ်အာန်ကျမ်းမြတ်ကို ဘာသာ မပြန်ခဲ့တာဖြစ်နိုင်တယ်လို့  Ding ကပြောကြားခဲ့ပါတယ်။
    (abna.ir)
    ဇူလိုင်လထုတ် အလ်မီဇားန် အမှတ်၁၁ မှ ကူးယူဖော်ပြသည်။
  • လုပ်ငန်းခွင်နှင့် ဝတ်ပြုမှုကြားက တရုတ်မွတ်စလင်တို့၏ လမြတ် ရမသွာန်
    လုပ်ငန်းခွင်နှင့် ဝတ်ပြုမှုကြားက တရုတ်မွတ်စလင်တို့၏ လမြတ် ရမသွာန်
    Chinese Muslims
    လမြတ်ရမသွာန်ကို စတင်ဝင်ရောက်ခြင်း ကြိုဆိုသည့် အထိမ်းအမှတ်အဖြစ် သိန်းဂဏန်းရှိ တရုတ်မွတ်စလင်တို့သည် သောကြာနေ့ ဇူလိုင် ၂၀ ရက် နံနက် စောစောမှာ ဖဂျဟ် ဆွလာသ်ဝတ်ပြုရန် ဇင်နင်း ပြည်နယ်ရှိ နှစ်ပေါင်း ၆၀၀ ခန့်ကဆောက်လုပ်ထားသော ဒန်ဂွမ်း ဗလီဝတ်ပြုကျောင်းတော်သို့ စုရုံးရောက်ရှိလာကြပါသည်။
    China Muslims
    ” လမြတ် ရမသွာန်ဟာဆိုရင် မွတ်စလင်အားလုံးအတွက် အမွန်မြတ်ဆုံး၊ အကြီးကြယ်ဆုံး၊ ရိုသေလေးစားတန်ဖိုးထားရဆုံးသော လတစ်လဖြစ်ပါတယ် ” ဟု ဇင်နင်း ပြည်နယ်၌ လော်ဂျစ်စတစ်ကုမ္ပဏီ တစ်ခုပိုင်ဆိုင်သော မာရောင်လင်း(Ma Yongliang)က ဆင်ဟွာ သတင်းဌာနကိုပြောကြားပါတယ်။ ဆက်လက်ပြီးသူက ” လမြတ် ရမသွာန်၏ ပထမဆုံးနေ့ ဆွလာသ်ဝတ်ပြုမှုဟာ အလွန်အင်မတန် အရေးကြီးပါတယ် “
    တရုတ်ကဲ့သို့သော ဘာသာမဲ့ ကွန်မြူနစ် (ဘာသာရေးယုံကြည်မှုများကို အားမပေးသော) နိုင်ငံတွင်နေထိုင်ကြသော တရုတ် မွတ်စလင်တို့သည် အခက်အခဲ အတားအဆီး များစွာကို ရင်ဆိုင်ကျော်ဖြတ်ပြီး သူတို့၏အီမာန်ယုံကြည်မှုကို မြဲမြံအောင်ကြိုးစားလျက်ရှိကြပါသည်။
    လမြတ် ရမသွာန် အတွင်း၌ မွတ်စလင်များဟာ နံနက်တိုင်း ၃နာရီ ၀န်းကျင် စောစီးစွာ နိုးထခါ နံနက် ဆရ်ဟရီ စားသောက်၇န် ပြင်ဆင်ချက်ပြုတ်ကြပါသည်။ ဆရ်ဟရီ စားသောက်ခြင်းဟာဆိုရင်ဖြင့် မိသားစု စုစည်းမှုကို ဖြစ်စေပြီး ၊ စားသောက်ပြီးနောက် ယောကျာ်းများဟာ ဖဂျဟ် ဆွလာသ်ဝတ်ပြုရန် ဗလီဝတ်ပြုကျောင်းတော်သို့ ထွက်ခွာသွားကြပါသည်။ အမျိုးသမီးအများစုဟာ အိမ်တွင်း၌ အတူတကွ ၀တ်ပြုကြပါသည်။
    အသက် ၁၇ နှစ်အရွယ်ရှိ တရုတ် မွတ်စလင် အမျိုးသမီးငယ် ဟန်ဂျင်း ဟာဆိုရင် လမြတ် ရမသွာန် အတွင်း၌ နေ့စဉ် ၅ ကြိမ် ဆွလာသ်ဝတ်ပြုကာ ၊ ကျမ်းတော်မြတ် ကိုရ်အာန် ကိုနေ့စဉ်ရွတ်ဖတ်ပါတယ်။ မာရောင်လင်း ဆက်လက်ပြောကြားရာမှာ ” တရုတ် မွတ်စလင်တွေဟာ ကျမ်းတော်မြတ် ကိုရ်အာန် ရဲ့ သွန်သင်ဆုံးမချက်တွေကို လိုက်နာကျင့်သုံးလာခဲ့တာဆိုရင် ရာစုနှစ်ချီပြီး ရှိပြီဖြစ်ပါတယ်။ နေ့စဉ်ဘ၀ပုံစံ တွေဘယ်လိုဘဲပြောင်းလဲတိုးတက်လာပါစေ ၎င်းတို့ရဲ့ အီမာန်ယုံကြည်မှုဟာ အစဉ် အမြဲခိုင်မာလျက်ရှိကြပါတယ်။ ” အစ္စလာမ့် ပြက္ခဒိန် ရဲ့ အမြင့်မြတ်ဆုံးလဖြစ်တယ့် ရမာဒါန်လဟာဆိုရင် ဒီနှစ်မှာတော့ တရုတ်ပြည်သူ့သမ္မတ နိုင်ငံအတွင်း သောကြာနေ့မှ စတင်၍ ကျရောက်ခဲ့ပါတယ်။
    Chinese Muslims
    ရမသွာန်လမြတ်ဟာ ဆိုရင်ဖြင့် အရွယ်ရောက်ပြီးသော ကမ္ဘာတ၀ှမ်းရှိ မွတ်စလင်အားလုံးအတွက် အစာရေစာ စားသုံးခြင်း၊ လိင်ဆက်ဆံခြင်း စသည်များကို နံနက်နေထွက်ချိန်မှ ညနေနေ၀င်ချိန်အထိ ရှောင်ကျဉ်ရန် ပြဌာန်းထားသည့် လမြတ်ဖြစ်ပါတယ်။ နာမကျန်းဖြစ်နေသူများ ၊ ခရီးသည်များ ကိုတော့ ဥပုသ်စောင့်တည်ခြင်းမှ ကင်းလွတ်ခွင့်ပြုထားပါတယ်။
    အလုပ်ခွင်နှင့် ရမသွာန်လမြတ်
    နွေရာသီ၌ အချိန်ကြာညောင်းစွာ အစာရေစာ စားသုံးခြင်းမရှိဘဲ ဥပုသ်စောင့်တည်ခဲ့ရသော်လည်း တရုတ် မွတ်စလင်တို့သည် သူတို့၏နေ့စဉ်လုပ်ငန်းခွင်ကို ထိခိုက်မခံခဲ့ပေ။ ကွင်ဟိုင်းယင်းဂျီ ဗဟားလာ့ နေရှင်း ဖက်ရှင်ကုမ္ပဏီ၌ အလုပ်လုပ်ကိုင်လျက်ရှိသော အလုပ်သမလေး ဟန်ယန်း(Han Yan)က သူမသည် အိမ်၌ မိဘသက်ကြီးရွယ်အိုများ၊ ကလေးများကို ကြည့်ရှုစောင့်ရှောက်ယုံသာမက အပိုဝင်ငွေရစေရန် ကုမ္ပဏီအလုပ်ကို ယူ၍လုပ်ကိုင်ပါသည်။ သူမက ဆက်လက်ပြီး ထိုကဲ့သို့ အလုပ်များ လုပ်ကိုင်ခြင်းအားဖြင့် သူမ၏ ရမသွာန်လမြတ် အေဘာဒတ် ခ၀ပ်ကိုးကွယ်မှုလုပ်ငန်းစဉ်များကို ထိခိုက်မှုမရှိပါကြောင်း အတည်ပြုပြောဆိုပါသည်။
    လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှ အစပြုကာ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ၏ မွတ်စလင် အများစုနေထိုင်သော အဓိက ပြည်နယ်တစ်ခုဖြစ်သည့် နင်းဇီယာ
    Chinese Muslims
    ဒါတင်မကသေးပါ ၊ မွတ်စလင်များအနေဖြင့် ကြီးမားလှသော ဟလာဟ် စားသောက်ကုန် လုပ်ငန်းကြီးကိုလည်း အောင်မြင်စွာ ဖွံဖြိုးတိုးတက်အောင်လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ၂၀၁၁ ခုနှစ် စာရင်းဇယားများအရ နင်းဇီရာ ၀ှီ ဒေသရှိ ဟလာဟ် စားသောက်ကုန် လုပ်ငန်းကြီးသည် စုစုပေါင်း ယွမ်ငွေတန်ဖိုး ၁၀.၃ ဘီလီယံမျှ တင်ပို့နိုင်ခဲ့ပါသည်။ ၂၀၁၅ ခုနှစ်ရောက်လျှင် ဟလာဟ် စားသောက်ကုန် လုပ်ငန်းသည် ၂၀ ဘီလီယံထိ တင်ပို့နိုင်လိမ့်မည်ဟု ခန့်မှန်းထားရှိပါသည်။
    အလုပ်တစ်ဘက် အေဘာဒတ် ခ၀ပ်ကိုးကွယ်မှု တစ်ဘက် ချိန်ခွင်ညှိရင်း သူတို့၏ဘ၀ကို တည်ဆောက်လျက်ရှိသော တရုတ် မွတ်စလင်အများစု၏ အဓိက အရေးကြီးဆုံး ဘ၀ရည်မှန်းချက်မှာ မွတ်စလင်အားလုံးတို့ အတွက်အထွတ်အမြတ် တန်ဖိုးထားရာ ကာဘာကျောင်းတော်ရှိရာ မကာမြို့သို့ ဟဂ်ျပြုသွားရောက်ခွင့်ရရှိရေးဟု ဆိုလျှင် စာရှုသူမိတ်ဆွေ အံ့သြမည်မထင်ပါ။
    မာရောင်လင်းက ” ငါမိသားစုအတွင်းက လူကြီးပိုင်းအချို့ကတော့ မကာမြို့သို့ ဟဂ်ျပြုရန် သွားပြီးကြပြီး၊ ငါအနေနဲ့လည်း ငါရဲ့ အိမ်မက်ကို အကောင်အထည်ဖော်ဖို့ ဘယ်တော့မှမေ့မှာ မဟုတ်ပါဘူး ” ဟုပြောကြားပါသည်။ ဘာသာရေးယုံကြည်မှုများကို အားမပေးသော ကွန်မြူနစ် တရုတ်ပြည်သူ့ သမ္မတ နိုင်ငံအတွင်း၌ အစိုးရ အသိအမှတ်ပြုသော ဘာသာရေးယုံကြည်မှု ၅ ခုရှိပါသည်။ ၎င်းတို့မှာ အစ္စလာမ်၊ ပရိုတက်စတင့် ခရစ်ယာန်၊ ကက်သလစ်၊ တာအို နှင့် ဗုဒ်ဓဘာသာ တို့ဖြစ်ပါသည်။ ထိုဘာသာယုံကြည်မှုအားလုံး၏ ကျင့်သုံးပုံနှင့် စီမံအုပ်ချုပ်ပုံအားလုံးကို အစိုးရ၏ မျက်ခြေမပျက် စောင့်ကြည်မှုအောက်၌ တင်းကျပ်စွာထားရှိပါသည်။
    တရားဝင် စာရင်းဇယားများအရ ကွန်မြူနစ် တရုတ်ပြည်သူ့ သမ္မတ နိုင်ငံအတွင်း ၌ မွတ်စလင်စုစုပေါင်း ၂၂ သန်းရှိပါသည်။ အများစုမှာ နင်းဇီရာ၊ ဇင်ဂျင်း၊ ကွင်ဟိုင်း စသည့်ပြည်နယ်များ နှင့် ဆင်ခြေဖုန်းဒေသများ၌ နေထိုင်ကြပါသည်။ သေးငယ်သော မွတ်စလင်အစုအဝေးများကိုလည်း တရုတ်ပြည်သူ့ သမ္မတ နိုင်ငံအတွင်းပိုင်း အနှံမြင်တွေ့ရနိုင်ပါသည်။ တရားဝင် မဟုတ်သော စာရင်းအရ မွတ်စလင်အဖွဲ့များ၏ အဆိုအရ မွတ်စလင်စုစုပေါင်းဦးရေသည် ဒီထက်မက မြင့်မားနိုင်ပါသည်၊ မွတ်စလင်စုစုပေါင်း ၆၅ သန်းမှ သည် ၁၀၀ သန်း အထိရှိနိုင်ပြီး တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ စုစုပေါင်းလူဦးရေ၏ ၇.၅ ရာခိုင်နှုန်းခန့်ရှိနိုင်ပါသည်။
    ဘာသာပြန်သူ – ဆောင်းသစ္စာ (စင်ကာပူရ်)
    မူရင်လင့် : OnIslam.net
  • ကမ္ဘာ့ ဟလာလ်ဈေးကွက် တရုတ် တို့ ထိုးဖောက်ရန် ကြိုးစားလာ
    ဥရောပ နှင့် တရုတ် အကြားဆက်သွယ်ခဲ့သည့် သမိုင်းဝင် ပိုးလမ်းမကြီး တွင် မွတ်စလင်များကုန်သွယ် ရောင်း ၀ယ်ဖောက် ကားခဲ့ကြောင်း အစ္စလာမ့် သမိုင်းကြောင်းတွင် တွေ့မြင်နိုင်ပါသည်။  တရုတ် မွတ်စလင် စီးပွားရေး လုပ်ငန်းရှင်ကြီးများကပိုးလမ်းမကြီးတွင် ကုန်သွယ်ခဲ့ကြသော ဘိုးဘေးဘီဘင် များနည်းတူ နိုင်ငံအကျိုး အတွက် ကမ္ဘာ့ ဟလလ် ဈေးကွက် ဝေစုပိုမို ရရှိနိုင်ရန် ကြိုးစားလာကြသည်။
    “ ဒေါ် လာသန်း ၅၀၀ကျော် တန်ဖိုးရှိကမ္ဘာ ဟလာလ် စားကုန်ဈေးကွက်မှာတရုတ် ဟလလ် စားသောက် ကုန် ပို့ကုန်လုပ်ငန်းက အမေရိကန် ဒေါ်လာသန်း ၁၀၀ ဖိုးရှိနေပါတယ်။ ” ဟု တရုတ် အစ္စလာမ့် သုသေတနစင်တာမှ ShaPengcheng က တရုတ် – အာရဘ် ကုန်သွယ် ရေးညီလာခံ ၌ ကျင်းပသောမွတ်စလင် စွန့်ဦးတီထွင် သူများ အလုပ်ရုံဆွေးနွေးပွဲတွင် ပြောကြားသည်။ “တဖက်မှာလည်းကမ္ဘာဈေးကွက်သို့ ၀င်ရောက်ဖို့ အခွင့်အလမ်းတွေ က တရုတ် ဟလာလ် လုပ်ငန်းတွေ အ တွက် အများကြီးရှိနေပါတယ်” ဟု ၄င်းက ပြောပါသည်။
    ယခင်ကဟလာလ်သည် အစ္စလာမ့် တရားတော်အရခွင့်ပြုထားသောအစားအစာများ၌သာ အသုံးများခဲ့သော်လည်းယခုအခါ အလှပြင် ပစ္စည်းများ၊ အ၀တ်အထည်များ ဆေးဝါးများနှင့် ဘဏ္ဍာရေးလုပ်ငန်းများအထိပါ ဟလလ် (တရားတော်ကခွင့်ပြုချက်)
    ကိုသုံးစွဲလာကြသည်။ ၁.၅ဘီလီယံရှိသော ကမ္ဘာ မွတ်စလင်များနှင့် သန်း၅၀၀ထက်မနည်းရှိသော မွတ်စလင် မဟုတ်သူများကဟလလ် အစားအစာကိုစားသုံးနေ၍ ယခုအခါတွင် ဂလိုဘယ် ဟလလ် ဈေးကွက်သည် ၂ဘီလီယံအထိ ရှိလာကြောင်းShaကပြောပါ သည်။
    တရုတ် -အာရပ် ဖိုရမ်ကျင်းပနေသော Ningxia သည် ပိုးလမ်းမကြီးတွင်တည်ရှိနေပြီးတရုတ် မွတ်စလင် သန်း၂၀ အနက် ၁၀% က ယင်း ပြည်နယ်တွင် နေထိုင်ကြသည်။
  • တရုတ်နိုင်ငံက ​ဟွေလူမျိုး​ မွတ်စလင်​တွေ အခက်အခဲများ​ ရင်ဆိုင်​နေရ
    တရုတ်နိုင်ငံရဲ့​စီး​ပွား​ရေး​ ပဉ္စလက်ဆန်ဆန် တိုး​တက်​နေတာကို အထူး​ မိတ်ဆက်စရာ ​တောင် မလိုပါဘူး​။  ဒါ​ပေမဲ့​ အဲဒီလို တရုတ်ကမ်း​ရိုး​တန်း​မြို့​ကြီး​တွေ ဖွံ့​ဖြိုး​တိုး​တက်မှုက ကုန်း​တွင်း​ပိုင်း​မှာ ​နေထိုင်ကြတဲ့​ လူမျိုး​စုငယ်​တွေအ​ပေါ်မှာ​တော့​ ​ရောင်ပြန်ဟပ်နိုင်မှု မရှိပါဘူး​။ သတင်း​ထောက် ‘ကလဲရင့်​စ် ချွာ’ က ‘​ဟွေ’ မူဆလင်လူမျိုး​စု​တွေ ​နေထိုင်တဲ့​ တရုတ်နိုင်ငံ ‘နင်ရှာ’ပြည်နယ်ကို သွား​ရောက်ပြီး​ သတင်း​ပေး​ပို့​ထား​ပါတယ်။ ဒီဘာသာပြန် သတင်း​ဆောင်း​ပါး​ကို မမိုး​မြင့်​ဇင်က စီစဉ်တင်ဆက်ထား​ပါတယ်။ အသံဖိုင်မှာ နား​ဆင်နိုင် ပါတယ်။
    AC 28-1-2011 China Hui Muslims by dvbradio
    Credit DVB
  • တရုတ်နိုင်ငံမှာ သက်ကြီးရွယ်အိုမိဘတွေကို စောင့်ရှောက်မှုမရှိတဲ့ သားသမီးတွေကို ထောင်ဒဏ်အပြစ်ပေးရေး ဥပဒေတစ်ရပ်ပြဌာန်းရန်ရှိ
    တရုတ်နိုင်ငံမှာ သက်ကြီးရွယ်အိုမိဘတွေကို ပုံမှန်သွားရောက်ကြည့်ရှုစောင့်ရှောက်မှုမရှိတဲ့ သားသမီးတွေကို ထောင်ဒဏ်အပြစ်ပေးရေး ဥပဒေတစ်ရပ်ပြဌာန်းဖို့ စဉ်းစားနေကြောင်း သိရပါတယ်။ အဲဒီဥပဒေအရ အငြိမ်းစားယူထားသူတွေဟာ သူတို့ကို ကြည့်ရှုစောင့်ရှောက်မှုမရှိတဲ့ သားသမီးတွေကို တရားစွဲဆိုနိုင်ကြောင်း သိရပါတယ်။ တရုတ်တို့ရဲ့ ရိုးရာယဉ်ကျေးမှုအရ သားသမီးတွေဟာ သက်ကြီးရွယ်အိုမိဘတွေကို စောင့်ရှောက်ရမှာဖြစ်ပေမယ့် အလုပ်ဝန်ပိမှုနဲ့ ရွှေ့ပြောင်းနေထိုင်မှုများပြားလာခြင်းတို့က မိသားစုသံယောစဉ်ကြိုးတွေကို ပြတ်တောက်စေခဲ့တယ်လို့ ဆိုပါတယ်။ တရုတ်နိုင်ငံမှာ ကလေးတစ်ယောက်သာယူရမယ့် ဥပဒေပြဌာန်းခဲ့တာ ဆယ်စုနှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်လို့ မိဘတွေဟာစောင့်ရှောက်သူမဲ့တဲ့ အနေအထားကိုရင်ဆိုင်ရဖို့ အလားအလာပိုများခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
    အဲဒီဥပဒေကို အတည်ပြုလိုက်ရင် မိဘတွေကို ကိုယ်အားဖြင့်လည်းကောင်း၊ စိတ်အားဖြင့်လည်းကောင်း ပြုစုစောင့်ရှောက်မှုမရှိတဲ့ သားသမီးတွေဟာ ထောင်ဒဏ်သော်လည်းကောင်း၊ ငွေဒဏ်သော်လည်းကောင်း ကျခံရလိမ့်မယ်လို့ ဆိုပါတယ်။ တရုတ်နိုင်ငံ လူဦးရေရဲ့ ရှစ်ပုံတစ်ပုံဟာ အသက် ၆၀ ကျော်နေသူတွေဖြစ်ပြီး အဲဒီထဲက ထက်ဝက်ကျော်ဟာ တစ်ဦးတည်း အထီးကျန်နေထိုင်ရတယ်လို့ ဆိုပါတယ်။ တရုတ်နိုင်ငံမှာ အသက် ၆၀ ကျော်သူပေါင်း ၁၆၇ သန်းနဲ့ အသက် ၈၀ ကျော်သူပေါင်း တစ်သန်းရှိကြောင်း သိရပါတယ်