ဇွန် ၉၊ ၂၀၁၆
M-Media
– အမေရိကန်နဲ့ ရုရှားတို့ပြီးတဲ့နောက် လေတပ်အင်အားမှာ ထိပ်တန်းဖြစ်လာဖို့ ဆောက်ရွက်မှုအဖြစ် တရုတ်နိုင်ငံဟာ စစ်တပ် လေကြောင်းပို့ဆောင်ရေးတပ်ဖွဲ့အတွက် မဟာဗျူဟာမြောက် လေယာဉ် ၁၀၀၀ အထိ ထပ်မံဖြည့်တင်းသွားမယ်လို့ သိရပါတယ်။
အဲဒီ ထပ်မံဖြည့်တင်းမယ့် လေယာဉ်တွေဟာ Y-20 လေယာဉ်တွေဖြစ်ပြီး တရုတ်ရဲ့ Xi’an လေယာဉ်ထုတ်လုပ်ရေး ကော်ပိုရေးရှင်းက ဆောက်လုပ်နေတာပါ။
အဆိုပါလေယာဉ်ကို Chubby Girl လို့လည်း ခေါ်ဝေါ်ပြီး ၆၆ တန် ၀န်တင်နိုင်စွမ်းနဲ့အတူ မိုင် ၂၇၀၀ အထိ ပျံသန်းနိုင်အောင် ဒီဇိုင်းဆွဲထားတာ ဖြစ်ပါတယ်။ အတောင်ပံတွေက တစ်ဖက်ကို ၅၀ မီတာအထိ ရှည်လျားပြီး အရွယ်အစားကတော့ တရုတ်က ရှိရှိသမျှ လေယာဉ်ပျံတွေထက် ပိုမိုကြီးမားပါတယ်။
တရုတ်ပြည်သူ့နေ့စဉ်သတင်းစာကတော့ အဆိုပါလေယာဉ်ဟာ မြောက်အာဖရိက၊ သြစတေးလျ၊ အမေရိကန်ပြည်ထောင်စုရဲ့ အလာစကာပြည်နယ်၊ ဥရောပနဲ့ အာရှ မည်သည့်နေရာကိုမဆို ပျံသန်းနိုင်တယ်လို့ ဆိုပါတယ်။ တရုတ်နိုင်ငံဟာ တန် ၃၀၀၊ ၄၀၀ နဲ့ ၆၀၀ ၀န်တင်နိုင်စွမ်းရှိတဲ့ လေယာဉ်တွေကို ထုတ်လုပ်ဖို့ အစီအစဉ်ရှိနေပါတယ်။
တရုတ်လေတပ်ကလည်း ပဉ္စမမျိုးဆက် ကိုယ်ပျောက်တိုက်လေယာဉ် J-20 တွေကို ထုတ်လုပ်နေပြီလို့ ကြေငြာထားပါတယ်။ အမေရိကန်စစ်တပ်က အမည်မဖော်လိုသူ အရာရှိတစ်ဦးကတော့ တရုတ်ရဲ့ အဲဒီတိုက်လေယာဉ်တစ်စဉ်းဟာ တောင်တရုတ်ပင်လယ်အတွင်းမှာ အမေရိကန်လေယာဉ်တစ်စင်းကို အန္တရာယ်ရှိတဲ့အနေအထားနဲ့ ကြားဖြတ်တားဆီးခဲ့တယ်လို့ ယမန်နေ့မှာ ပြောကြားခဲ့ပါတယ်။
Ref: Presstv