News @ M-Media
Tag: China
  • ကိုရီးယားတွင် အမေရိကန်က ဒုံးခွင်းစနစ်ထားမည့်အစီအစဉ် တရုတ်နှင့် ရုရှား သတိပေး
    ကိုရီးယားတွင် အမေရိကန်က ဒုံးခွင်းစနစ်ထားမည့်အစီအစဉ် တရုတ်နှင့် ရုရှား သတိပေး
    ဧပြီ ၃၀၊ ၂၀၁၆
    M-Media
    china 6
    – ကိုးရီးယားကျွန်းဆွယ်မှာ အမေရိကန်စစ်တပ်ထားရှိမှု တိုးမြှင့်လာတဲ့အပေါ် ပြန်လည်တုန့်ပြန်သွားမယ်လို့ တရုတ်နဲ့ ရုရှားတို့က သတိပေးပြောကြားလိုက်ပြီး အဲဒီဒေသမှာ ဒုံးခွင်းစနစ်သစ်တစ်ခု တပ်ဆင်ရေးကိစ္စကို စွန့်လွှတ်ဖို့လည်း တောင်းဆိုလိုက်ပါတယ်။
    ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လာဗရော့ဗ်နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ၀မ်ယီတို့ ဘေဂျင်းမှာ သောကြာနေ့က တွေ့ဆုံစဉ်အတွင်းမှာ ဒီလိုပြောကြားလိုက်တာဖြစ်ပြီး တောင်ကိုးရီးယားမှာ THAAD ဒုံးခွင်းစနစ် ထားရှိမယ့် အစီအစဉ်ကိုလည်း ဆန့်ကျင်ခဲ့ကြပါတယ်။
    တောင်ကိုရီးယားနဲ့ အမေရိကန်တို့က မြောက်ကိုးရီးယားဟာ နျူထိပ်ဖူး သယ်ဆောင်နိုင်တဲ့ ဒုံးကျည်စီမံကိန်းတွေကို ပြုလုပ်နေတယ်လို့ စွပ်စွဲပြောဆိုထားပြီး၊ ဒီအကြောင်းရင်းကြောင့်ပဲ THAAD ဒုံးခွင်းစနစ်ချထားဖို့အတွက် အခုနှစ်အစပိုင်းကတည်းက တရားဝင်ဆွေးနွေးမှုတွေလည်း ပြုလုပ်ခဲ့ကြပါတယ်။
    တရုတ်က ဒေသတွင်းမှာ ဒုံးခွင်းစနစ် ဖြန့်ကျက်ချထားတာမျိုး မလုပ်ဖို့ အမေရိကန်ကို တောင်းဆိုထားပြီး အဲ့ဒါဟာ တရုတ်နဲ့ ရုရှားရဲ့ မဟာဗျူဟာ လုံခြုံရေးကို တိုက်ရိုက်သက်ရောက်မှုရှိတယ်လို့ ၀မ်က ပြောကြားခဲ့ပါတယ်။ ဒီလိုထားရှိတဲ့အတွက်ကြောင့် လက်ရှိ တင်းမာနေတဲ့အခြေအနေကို လောင်စာထည့်ပေးနေတာဖြစ်ပြီး ဒေသဆိုင်ရာ မဟာဗျူဟာ ညီမျှကို ပျက်ဆီးစေတယ်လို့လည်း ထပ်လောင်းပြောကြားခဲ့ပါတယ်။
    Ref: Presstv
  • နာရီဝက်အတွင်း အမေရိကန်သို့ ရောက်ရှိနိုင်သည့် ဒုံးကျည်ကို တရုတ်က အောင်မြင်စွာ စမ်းသပ်နိုင်
    နာရီဝက်အတွင်း အမေရိကန်သို့ ရောက်ရှိနိုင်သည့် ဒုံးကျည်ကို တရုတ်က အောင်မြင်စွာ စမ်းသပ်နိုင်
    ဧပြီ ၂၁၊ ၂၀၁၆
    M-Media
    china missile
    – တစ်ကမ္ဘာလုံးက မည်သည့်ပစ်မှတ်ကိုမဆို ထိမှန်အောင်ပစ်လွှတ်နိုင်တဲ့ တာဝေးပစ်ဒုံးကျည်သစ်တစ်မျိုးကို တရုတ်နိုင်ငံက အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
    Dongfeng-41 (DF-41) လို့အမည်ရတဲ့ အဲဒီဒုံးကျည်ဟာ သူ့ရဲ့ အဝေးဆုံးရောက်ရှိနိုင်တဲ့ အကွာအဝေးဖြစ်တဲ့ ကီလိုမီတာ ၁၂၀၀၀ ကို ရောက်ရှိဖို့ မိနစ် ၃၀ သာ ကြာမြင့်ပြီး ကမ္ဘာပေါ်က နျူပိုင်ဆိုင်တဲ့ မည်သည့်နိုင်ငံကိုမဆို အကြိမ်ပေါင်းများစွာ ပစ်ခတ်နိုင်မှာ ဖြစ်ပါတယ်။
    အဲဒီ ဒုံးကျည်ပစ်လွှတ်မှုကို အမေရိကန်ဂြိုဟ်တုခြေရာခံစနစ်ကနေ ဖမ်းယူနိုင်ခဲ့တယ်လို့ Washington Free Beacon သတင်းဌာနက ဖော်ပြခဲ့ပေမယ့် စမ်းသပ်ပစ်လွှတ်တဲ့ နေရာကိုတော့ ပြောကြားခဲ့ခြင်း မရှိပါဘူး။
    အမေရိကန်က ကျွမ်းကျင်ပညာရှင်တွေကတော့ အဆိုပါ DF-41 ဒုံးကျည်ဟာ တန် ၈၀ လေးတဲ့အပြင် အဆင့်သုံးဆင့်ပါတဲ့ အခဲလောင်စာသုံးထားပြီး နျူထိပ်ဖူး ၆ ခုကနေ ၁၀ ခုအထိ သယ်ဆောင်နိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။
    အဲဒီဖျက်အားပြင်းဒုံးကျည်ကို ဧပြီ ၁၃ ရက်နေ့က စမ်းသပ်ခဲ့တာဖြစ်ပြီး တရုတ်ကလည်း ဒီဒုံးကျည်စမ်းသပ်တာဟုတ်မှန်ကြောင်း ယမန်နေ့မှာ ပြောကြားခဲ့ပါတယ်။
    Ref: RT
  • သမ္မတနှုတ်ထွက်ပေးရန် တောင်းဆိုစာအတွက် တရုတ်က နှိမ်နှင်းရန် ပြင်ဆင်
    သမ္မတနှုတ်ထွက်ပေးရန် တောင်းဆိုစာအတွက် တရုတ်က နှိမ်နှင်းရန် ပြင်ဆင်
    မတ် ၂၆၊ ၂၀၁၆
    M-Media
    xi
    – တရုတ်သမ္မတ ဇီဂျင်ပင်း နှုတ်ထွက်ရန်အတွက် တောင်းဆိုထားပြီး အွန်လိုင်းတွင် ပြန့်နှံ့နေသည့် စာအား ရေးသားသူများကို တရုတ်အာဏာပိုင်များက စုံစမ်းစစ်ဆေးမှုများပြုလုပ်နေကာ ကျယ်ကျယ်ပြန့်ပြန့် နှိမ်နှင်းရန် ပြင်ဆင်နေသည်ဟု သိရသည်။
    တရုတ်အစိုးရ အတိုက်အခံတစ်ဦးဖြစ်ပြီး အမေရိကန်ပြည်ထောင်စုတွင် နေထိုင်သူ ၀မ် ယွန်ချောင်က နိုင်ငံတောင်ပိုင်း ဂွမ်ဒုန်းပြည်နယ်တွင် နေထိုင်သည့် ၎င်း၏မိဘများနှင့် ညီငယ်တစ်ဦးကို ရဲတပ်ဖွဲ့က ထိုကိစ္စနှင့်ပတ်သက်၍ အင်္ဂါနေ့တွင် ဖမ်းဆီးသွားခဲ့သည်ဟု ပြောကြားခဲ့သည်။
    ထိုကဲ့သို့ ဖမ်းဆီးခြင်းမပြုမီ နေအိမ်သို့ အကြိမ်ကြိမ်လာရောက်က မေးမြန်းမှုများ ပြုလုပ်ခဲ့သည်ဟုလည်း ၎င်းက ဆိုသည်။ ပြီးခဲ့သည့်သောကြာနေ့ကလည်း ၀မ်မှာ WeChat တွင် ပို့စ်တစ်ခု လွှင့်တင်ခဲ့ပြီး ထိုပို့စ်၌ အာဏာပိုင်များက သမ္မတအား နှုတ်ထွက်ရန် တောင်းဆိုထားသောစာမှာ မိမိက ဖြန့်ဝေခြင်းဖြစ်သည်ဟု ၀န်ခံစေရန်အတွက် မိသားစုကို ဖိအားပေးနေသည်ဟု ဖော်ပြထားသည်။
    “တကယ်လို့ ဒီစာကို ဘယ်သူက ရေးလဲဆိုတာကို ပြောပြရင်၊ ကျွန်တော့်အပေါ် အပြစ်မတင်တော့ဘူးလို့ သူတို့က ကတိပေးခဲ့ပါတယ်” ဟု ၀မ်က ရေးသားခဲ့သည်။
    ဇီဂျင်ပင်းအား နှုတ်ထွက်ရန် တောင်းဆိုထားသည့် အဆိုပါစာကို Wujie News က မတ်လ ၄ ရက်နေ့တွင် လွှင့်တင်ခဲ့ခြင်းဖြစ်ပြီး တရုတ်ဥပဒေပြုအဖွဲ့ အမျိုးသားပြည်သူ့ကွန်ဂရက်၏ နှစ်ပတ်လည်အစည်းအဝေးစတင်သည့် နေ့နှင့်လည်း တိုက်ဆိုင်နေသည်။
    ထိုစာတွင် ဇီမှာ စုပေါင်းခေါင်းဆောင်မှုစနစ်ကို စွန့်လွှတ်နေကာ ၎င်းတစ်ဦးတည်း အာဏာရှိရန် ကြိုးပမ်းနေသည်ဟု ဖော်ပြထားပြီး နိုင်ငံနှင့် ပြည်သူများအတွက် နှုတ်ထွက်ပေးရန်လည်း တိုက်တွန်းထားသည်။
    Ref: Aljazeera
  • တရုတ်နိုင်ငံတွင် မတော်တဆမှုကြောင့် လူ ၁၉ ဦးသေဆုံး
    တရုတ်နိုင်ငံတွင် မတော်တဆမှုကြောင့် လူ ၁၉ ဦးသေဆုံး
    မတ် ၂၄၊ ၂၀၁၆
    M-Media
    china
    – တရုတ်နိုင်ငံမြောက်ပိုင်း ရှန်ဇီပြည်နယ် ရှူဇူးမြို့ရှိ ကျောက်မီးသွေး မိုင်းတွင်းတစ်ခုတွင် မတော်တဆမှု ဖြစ်ပွားခြင်းကြောင့် အနည်းဆုံး လူ ၁၉ ဦး သေဆုံးခဲ့သည်ဟု တရုတ်အာဏာပိုင်များက ပြောကြားလိုက်သည်။
    အလုပ်သမား ၁၂၉ ဦးရှိသည့် အဆိုပါ မိုင်းတွင်းတွင် ယမန်နေ့ညပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လူ ၁၁၀ ကို ကယ်ထုတ်နိုင်ခဲ့သည်။ သို့သော်လည်း မီးလောင်ခြင်း၊ ဓာတ်ငွေ့စိမ့်၍ ပေါက်ကွဲခြင်း၊ သို့မဟုတ် ရေကြီးရေလျှံခြင်း စသဖြင့် မည်သည့် မတော်တဆမှု ဖြစ်သည်ဆိုသည်ကို အတိအကျ မသိရှိရသေးပေ။
    တရုတ်နိုင်ငံရှိ မိုင်းတွင်းများတွင် ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ ဆောင်ရွက်မှုများမှာ အလွန်အားနည်းသောကြောင့် မကြာခဏဆိုသလို မတော်မတဆမှုများ ဖြစ်ပွားလေ့ရှိသည်။
    ယခုလအစောပိုင်းကလည်း ဂျီလင်ပြည်နယ် အရှေ့မြောက်ပိုင်းရှိ ကျောက်မီးသွေးမိုင်းတွင်း တစ်ခုတွင် ဓာတ်ငွေ့ယိုစိမ့်ကာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့သောကြောင့် အနည်းဆုံး ၁၂ ဦး သေဆုံးခဲ့သည်။ ၂၀၁၄ ခုနှစ်အတွင်း တရုတ်နိုင်ငံရှိ မိုင်းတွင်းများတွင် မတော်တဆမှုများကြောင့် သေဆုံးသူမှာ ၉၃၀ ဦး ရှိခဲ့ပြီး၊ ၂၀၀၂ ခုနှစ်ကမူ ၇၀၀၀ အထိ ရှိခဲ့သည်။
    Ref: Aljazeera
  • နိုင်ငံတကာ ရေကြောင်းဆိုင်ရာ တရားရေးဌာနတစ်ခု တရုတ်ဖွင့်လှစ်
    နိုင်ငံတကာ ရေကြောင်းဆိုင်ရာ တရားရေးဌာနတစ်ခု တရုတ်ဖွင့်လှစ်
    မတ် ၁၄၊ ၂၀၁၆
    M-Media
    china
    – အရှေ့နဲ့ တောင်တရုတ်ပင်လယ်မှာ ရေပိုင်နက်အငြင်းပွားမှုတွေ အရှိန်မြင့်တက်လာနေတဲ့အချိန် တရုတ်နိုင်ငံက နိုင်ငံတကာရေကြောင်းဆိုင်ရာ တရားရေးဌာနတစ်ခု ဖွင့်လှစ်ထားရှိသွားမယ်လို့ တရုတ်ပြည်သူ့တရားရုံးချုပ်က ယမန်နေ့မှာ ပြောကြားလိုက်ပါတယ်။
    တရုတ် အမျိုးသားပြည့်သူကွန်ဂရက် (NPC) ရဲ့ ဥပဒေပြုဌာန နှစ်ပတ်လည်အစည်းအဝေးကို တင်သွင်းတဲ့ အစီရင်ခံစာမှာ ဒီလို ကြေငြာလိုက်တာဖြစ်ပါတယ်။
    တရားရုံးချုပ် အကြီးအကဲ ကျိုးကွင်း က အသစ်ဖွင့်လှစ်မယ့် ပင်လယ်ရေကြောင်းတရားရေးဌာနဟာ “ရေကြောင်းအင်အားကြီးနိုင်ငံ ဖြစ်လာစေမယ့် မဟာဗျုဟာတွေ ချမှတ်ပေးနိုင်ခြင်း” “နိုင်ငံတော် အချုပ်အခြာအာဏာ၊ ရေကြောင်းဆိုင်ရာရပိုင်ခွင့်နဲ့ အကျိုးစီးပွားကို အကာအကွယ် အပြည့်အ၀ပေးနိုင်ခြင်း” စတဲ့ ကိစ္စတွေမှာ အကူအညီပေးနိုင်မယ်လို့ ဆိုပါတယ်။
    လက်ရှိ ရှိနေတဲ့ တရားရေးဌာနတွေနဲ့ အသစ်ဖွင့်မယ့်ဌာနတို့ ဘယ်လိုကွာခြားလဲဆိုတာကိုတော့ ကျိုးက အသေးစိတ် မပြောခဲ့ပါဘူး။
    ပြီးခဲ့တဲ့နှစ်က အဆင့်မြင့်တရားရုံးရဲ့ထုတ်ပြန်ကြေညာချက်အရ တရုတ်မှာ လွန်ခဲ့တဲ့ နှစ်သုံးဆယ်အတွင်း အမှုပေါင်း ၂၂၅,၀၀၀ ကျော်ကို တရားဝင် အမိန့်ချ ဖြေရှင်းပေးခဲ့ဖူးတဲ့ ပင်လယ်ရေကြောင်းတရားရေးစနစ်တစ်ခု ရှိပြီးသားဖြစ်တယ်လို့ သိရပါတယ်။
    တရုတ်နိုင်ငံဟာ အရှေ့နဲ့ တောင်တရုတ်ပင်လယ်အတွင်း ဂျပန်၊ ဖိလစ်ပိုင်နဲ့ ထိုင်ဝမ်တို့နဲ့ ပိုင်နက်အငြင်းပွားမှုတွေ ရှိနေပါတယ်။ မကြာခင်ကပဲ ဖိလစ်ပိုင်ဟာ တရုတ်နဲ့အငြင်းပွားမှုကို နိုင်ငံတကာတရားရုံးမှာ တရားစွဲဆိုခဲ့ပါတယ်။
    တရုတ်ကလည်း ၎င်းရဲ့အကျိုးစီးပွားကို ခြိမ်းခြောက်လာနိုင်တဲ့ အရာမှန်သမျှကို တုံ့ပြန်ဖို့ ၎င်းရဲ့အင်အားကို တိုးချဲ့လျက် ရှိနေပါတယ်။ ဒါ့အပြင် ရေငုပ်သင်္ဘောနဲ့ လေယာဉ်တင်သင်္ဘောတွေ ၀ယ်ယူမြှုပ်နှံပြီး စစ်တပ်ထဲမှာလည်း ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေပါတယ်။
    အရှေ့တောင်အာရှမှာ အမေရိကန်စစ်တပ်တွေ ချထားပြီး အမေရိကန်တပ်တွေနဲ့ မဟာမိတ်တွေက ဒေသတွင်း စစ်ရေးလေ့ကျင့်နေတာကလည်း တရုတ်ကို အကြပ်ရိုက်စေခဲ့ပါတယ်။ တောင်တရုတ်ပင်လယ်ကိစ္စမှာ အမေရိကန်ဟာ တရုတ်ရဲ့ ပြိုင်ဖက်တွေဘက်က ရပ်တည်နေတာဖြစ်ပြီး တရုတ်ကလည်း အမေရိကန်ကို ဒေသတွင်း အရေးကိစ္စတွေ ၀င်စွက်ဖက်တယ်ဆိုပြီး စွပ်စွဲပြောဆိုထားပါတယ်။
    Ref: Presstv