News @ M-Media
Tag: crime
  • ပေါင်းတည်မြို့ သကျမုနိမိုရ်းကောင်း ဘုရားကြီးတွင်နေသူ တစ်ဦး ခဲတံချွန်ဓါးနှင့် အလှီးခံရ
    ဇွန် ၈၊ ၂၀၁၃
    M-Media
    အေးမောင်
    ပေါင်းတည် ။ ။ ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်တွင်း သကျမုနိမိုရ်းကောင်း ဘုရားကြီးတွင် နေထိုင်သူ တစ်ဦးအား ဇွန်လ ၇-ရက်နေ့က ခဲတံချွန်ဓါးနှင့် အလှီးခံရကြောင်း သိရသည်။
    ဖြစ်ပွားပုံမှာ ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၊ ဈေး(၂)ရပ်ကွက်တွင် တည်ထားကိုးကွယ်သော သကျမုနိမိုရ်းကောင်းဘုရားကြီး၏ အလှူခံဌာနတွင် နိဗ္ဗာန်ဆော်အဖြစ် တာဝန်ထမ်းဆောင်နေပြီး အလှူခံလေ့ရှိသော အသက် (၆၅)နှစ် အရွယ်ရှိ ဦးသိန်းအောင် (ဘ) ဦးခင်မောင် ၏ လည်ပင်းအား ခံတံချွန်ဓါးနှင့်း လှီးဖြတ်ခံခဲ့ရကြောင်း၊ ထို ဒဏ်ရာကြောင့် ဦးသိန်းအောင်သည် ယင်း ဓါးဖြင့် လှီးဖြတ်သည်ကို ၆-ချက် ချုပ်လိုက်ရကြောင်းနှင့် ပေါင်းတည်ဆေးရုံတွင် တက်ရောက်ဆေးကုသခံယူမှု ပြုလုပ်လိုက်ရကြောင်းသိရသည်။
    အဆိုပါ ဦးသိန်းအောင်အား ဓါးဖြင့် လှီးသူမှာ နတ်တလင်းမြို့နယ်၊ လှပခြင်းရွာ နေ ဗမာ/ဗုဒ္ဓဘာသာ ဖြစ်ပြီး အသက် (၁၄)နှစ်အရွယ်ရှိ ခန့်ကြည်ဝင်း (ခ) ဖြူလုံး (ဘ) ဦးကျင်ထွန်း ဖြစ်ကြောင်း ရဲစခန်းမှ စုံစမ်းဖော်ထုတ်ခဲ့ပြီး ယင်းအမှုအား ပေါင်းတည်မြို့နယ် ရဲစခန်းမှ ဒုရဲအုပ် ဇော်ဝင်းထွဋ်မှ ပြစ်မှု ပုဒ်မ(၃၂၆)အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။
    ယခုကဲ့သို့ ဓါးဖြင့် လှီးဖြတ်ခံရသည်မှာ အဆိုပါ ဦးသိန်းအောင်ဆိုသူသည် ဘုရားဝင်းအတွင်းတွင် နေထိုင်သူဖြစ်ပြီး ဘုရားဝင်းအတွင်း ကလေးများ လာရောက်ကစားသည်ကို ငေါက်ငမ်းအော်ဟစ်လွှတ်မှုကို မကျေနပ်၍ သူအိပ်ပျော်နေချိန်တွင် လာရောက် လှီးဖြတ်သွားခြင်းဖြစ်နိုင်ကြောင်းကို အဆိုပါ ဦးသိန်းအောင်နှင့် နီးစပ်သူထံမှ သိရသည်။
    poung tae
    ** ဓါတ်ပုံပါ သတင်းထုတ်ပြန်ချက်မှာ ကောလဟလ သတင်းအမှားများထုတ်ပြပြန်ပြီး ဘာသာရေးအကြမ်းဖက်မှုများ ဖန်တီးမည်ကို စိုးရိမ်သောကြောင့် ပေါင်းတည်ရဲစခန်းမှ သတင်းထုတ်ပြန်ချက်ဖြစ်ပါသည်။
  • ကယ်လီဖိုးနီးယား၌ ပစ်ခတ်မှုကြောင့် လူ ၅ ဦးသေဆုံး ၊ လုံခြုံရေးရဲ ပစ်ခတ်မှုကြောင့် သေနတ်သမား သေဆုံး
    ဇွန် ၈ ၊၂၀၁၃
    M-Media
    ကယ်လီဖိုးနီးယားပြည်နယ် စန်တာမော်နီကာ (Santa Monica) မြို့၌ သေနတ်သမားသည် လူ ငါးယောက်အား ပစ်သတ်ခဲ့ပြီးနောက်တွင် ဒေသကောလိပ် စာကြည့်တိုက် စောင့်ကြပ်သူ ရဲတပ်သား၏ ပစ်ခတ်မှုဖြင့် သေဆုံးသွားခဲ့ကြောင်း ရဲချုပ် ဂျက်ကလင်း စီးဘရွခ် (Jacqueline Seabrooks) ကပြောဆိုသည်။
    > on June 7, 2013 in Santa Monica, California.
    ဓါတ်ပုံ-ရိုက်တာ
    အနည်းဆုံး လူငါးဦးအား သေစေခဲ့သော အကြမ်းဖက်မှုတွင် ပတ်သက်နေသည့် ကျူးလွန်သူနောက်တစ်ဦးအား ဖမ်းဆီး ထိန်းသိမ်းထားကြောင်း သိရသည်။
    စီးဘရွခ်၏ ပြောပြချက်အရ အကြမ်းဖက်မှုနှင့်ဆက်နွယ်နေသော နောက်ထပ်လူတစ်ဦးအား သံသယရှိသူအဖြစ် ထိန်းသိမ်းထားသည်။ ၄င်းအဖြစ်အပျက်ဖြစ်ပေါ်စဉ်တွင် အမေရိကန် သမ္မတ ဘာရက်ခ် အိုဘားမား (Barack Obama) သည် ၄င်းနှင့်ကီလိုမီတာ အနည်းငယ် ကွာဝေးသောနေရာမှ နိုင်ငံရေးဆိုင်ရာ ရန်ပုံငွေပွဲတစ်ခုကို တက်ရောက်နေခဲ့သည်။
    ကနဦးပိုင်းတွင် သေနတ်တစ်လက်အပါအ၀င် လက်နက်အမျိုးမျိုးကိုင်ဆောင်ထားသော လူတစ်ဦးမှ လော့စ်အိန်ဂျလိစ် အနောက်ကပ်လျက် ကောလိပ်ကျောင်း ပရ၀ုဏ်အနီးရှိ နေရာနှစ်ခု၌ ဖြတ်သန်းသွားလာနေသည့် ကားများ နှင့် ဘတ်စ်ကားတစ်စင်းကို ပစ်ခတ်နေခဲ့သည့်သတင်းအား ရရှိခဲ့ကြောင်း ကယ်လီဖိုးနီးယား အဝေးပြေးလမ်းမ ရဲပတ္တရောင်အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူမှ Reuters သတင်းဌာနသို့ပြောကြားခဲ့သည်။
    စာကြည့်တိုက်အတွင်းတွင်ရှိနေသော ကျောင်းသားများက ထိတ်လန့်စရာ ဖြစ်ပျက်ပုံကို ပြန်လည်ပြောပြခဲ့ကြသည်။ သေနတ်သံများထွက်ပေါ်လာချိန်တွင် ကျောင်းသားများသည် ကမန်းကတန်းပြေးလွှားခဲ့ကြပြီး အကာကွယ်ယူခဲ့ကြသည်။
    စာကြည့်တိုက်ထဲ၌ရှိနေသော အသက် ၁၉ နှစ်အရွယ် စိုင်းရပ်စ် ဂျဘာရီ(Cyrus Jabari) အမည်ရှိကျောင်းသားက – သူသည် ပြတင်းပေါက်မှတစ်ဆင့် အမည်းရောင်ဝတ်စုံဝတ်ဆင်၍ Buzz ပုံစံ ဆံပင်ပုံရှိသော ယောက်ျားတစ်ယောက်သည် တိုက်ခိုက်ရန် ရိုင်ဖယ်သေနတ်ကိုကိုင်ဆောင်လာသည်ကို မြင်ခဲ့ရကြောင်း၊ “ကျွန်တော် နဲ့ သူ့ကြားမှာ မှန်တံခါးတစ်ခုသာခြားနေတယ်” ဟု ရိုက်တာသတင်းဌာနအား ပြောပြသည်။
    ပစ်ခတ်မှုနှင့် ကီလိုမီတာတစ်ဝက်နီးပါးမျှသာကွာဝေးသော အိမ်တစ်လုံးသည် မီးလောင်ကျွမ်းခဲ့ပြီး၊ တာဝန်ရှိသူများက ၄င်း၌ သေဆုံးသူ အလောင်း ၂ လောင်း တွေ့ရှိခဲ့သည် ဟုဆိုသည်။ သို့သော်လည်း ကျောင်းတွင်းဝင်ရောက်ပစ်ခတ်မှု နှင့် မီးလောင်ကျွမ်းမှုသည် ယင်းသူသေများနှင့်ပတ်သက်မှုရှိမရှိဟူသည်ကို မဖော်ထုတ်နိုင်သေးကြောင်း သိရသည်။
    မီးသတ်ဌာနမှ တာဝန်ရှိသူတစ်ယောက်၏ ပြောပြချက်အရ မိန်းမတစ်ယောက်အား မီးလောင်သောအိမ်အပြင်ဘက်ရှိ ကားပေါ်တွင် သေနတ်ဒဏ်ရာဖြင့်တွေ့ခဲ့ရသည် မီးသတ်ဌာနအရာရှိတစ်ဦးက ပြောကြောင်း ပြည်တွင်းသတင်းဌာန KNBC မှ ဖော်ပြခဲ့သည်။
    ပစ်ခတ်နေစဉ်တွင် မိမိ၏ကားရှိဒိုင်ခွက်ဘောင်ကို အကာအကွယ်ယူနေခဲ့သော မျက်မြင်သက်သေတစ်ဦးက “လူသတ်သမားဟာ ကားထဲမှာ တစ်ယောက်ထဲရှိနေခဲ့ပုံဘဲ။ အဲ့ဒီနောက် ကားထဲက ခုန်ထွက်လာတယ်။ လက်ထဲမှာလဲ အမည်းရောင်သေနတ်ကြီးတစ်လက် ကိုင်ထားတယ်။ ပြီးတော့ ဘယ်ဖက်ကနေ ညာဖက်ကို သေနတ်နဲ့ အဆက်မပြတ် ၁၀ ခေါက်လောက် လှည့်ပတ်ပစ်ခတ်ခဲ့တယ်” ဟု ပြောပြသည်။
    အိုဘားမားသည် စန်တာမော်နီကာရှိ News Corp ဥက္ကဌဟောင်း ပီတာ ချာနင်း (Perter Chernin) ၏ နေအိမ်တွင် ပြုလုပ်သော ရန်ပုံငွေပွဲသို့တက်ရောက်နေပြီး သူ့စကားအဆုံးသတ်သည့်မရှေးမနှောင်းမှာပင် ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။ အိုဘားမားမှ ယင်းဖြစ်ရပ်နှင့်ပတ်သက်ပြီး မည်သည်ကိုမျှ ဖော်ပြပြောဆိုခြင်း မပြုခဲ့။
    Ref: Aljazeera
  • မြန်မာလူမျိုးတစ်ဦး မလေးရှားရဲစခန်းတစ်ခုသို့ဝင်ရောက် ပြဿနာရှာ
    မေ ၃၁၊ ၂၀၀၃
    မလေးရှား
    Bukit Mertajam Penang
    ပီနန်၊ Bukit Mertajam အရပ်ရှိ ရဲစခန်းတစ်ခု အတွင်းသို့ ပြီးခဲ့သော တနင်္လာနေ့နံနက်က အသက် ၃၃ နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦးရောက်လာပြီး အုပ်စုတစ်စု၏ တိုက်ခိုက်မှု အကြောင်း ပြောပြခဲ့သည်။ ၄င်းသူက မိမိအား တစ်ဦး တစ်ဦးက ခြိမ်းခြောက်ခဲ့သည်ဟုဆိုကာ ယင်း တိုင်ကြားချက်အား မှတ်တမ်းပြုစေ လိုခဲ့ကြောင်း The Straits Times သတင်းစာမှ ဖော်ပြသည်။
    မိနစ်ပိုင်းမျှကြာပြီးနောက် ၄င်းသူသည် ရဲစခန်းပြင်ပသို့ထွက်လာပြီး မိမိကိုယ်ကို အဆုံးစီရင်ရန် ဦးခေါင်းကို သေနတ်ဖြင့် ချိန်ခဲ့သည်။ မောင်းဖြုတ်သော်လည်း ကံကောင်းထောက်မစွာ သေနတ်မှာ ကျည်မထွက်ဘဲ ချွတ်ယွင်းသွားသဖြင့် ရဲတပ်ဖွဲ့မှ သူ့အား လက်ရဖမ်း၍ သေနတ်ကို ပြန်လည်သိမ်းဆည်းနိုင်ခဲ့သည်။
    ထိုသူ့အား ဆေးစစ်ကြည့်ရန် Seberang Jaya ဆေးရုံသို့ပို့ဆောင်လိုက်သည်ဟု SAC Mazlan မှ ပြောကြားသည်။
    ယင်းမြန်မာလူမျိုးသည် မလေးရှားနိုင်ငံတွင် လာရောက်အလုပ်လုပ်ကိုင်နေသည်မှာ မည်မျှကြာမြင့်ပြီဖြစ်ကြောင်းကိုမူ မသိရှိရသေးချေ။
    http://news.asiaone.com/News/AsiaOne%2BNews/Malaysia/Story/A1Story20130529-425950.html  မှ သတင်းကို တိုက်ရိုက်ဘာသာပြန်ပါသည်။
  • စင်ကာပူတွင် မြန်မာအင်ဂျင်နီယာ တစ်ဦးကို တစ်နိုင်ငံတည်းသား မြန်မာ လုပ်သားမှ သတ်ဖြတ်မှုဖြစ်ပွား
    စင်ကာပူတွင် မြန်မာအင်ဂျင်နီယာ တစ်ဦးကို တစ်နိုင်ငံတည်းသား မြန်မာ လုပ်သားမှ သတ်ဖြတ်မှုဖြစ်ပွား
    ဇွန်၊၂-၊၂၀၁၃
    M-Media
    Penjuru Lane ပင်ဂျုရုလမ်းသွယ်၌ အင်ဂျင်နီယာတစ်ဦးအား သတ်ဖြတ်မှုဖြင့် မြန်မာနိုင်ငံသားတစ်ဦးကို ပြီးခဲ့သည့် သောကြာနေ့က ရုံးတင်ခဲ့သည်။
    နေအောင်(၂၄ နှစ်)သည် တစ်နိုင်ငံတည်းသားလုပ်ဖော်ကိုင်ဖက် ဦးကိုကိုမောင်(၅၁ နှစ်)အား မေလ၂၉ ရက် ဗုဒ္ဓဟူးနေ့ညနေပိုင်းတွင် ဂျူရောင်း Juron အရပ်ရှိ လုပ်ငန်းခွင်နေရာ၌ သတ်ဖြတ်ခဲ့သည်ဟု စွဲချက်တင်ထားသည်။
    တရားခံရှေ့နေမှ ဗဟိုတရားရုံးတွင် ၄င်း၏အယူခံစာ တင်သွင်းရေးအတွက် နောက်ထပ် ရက်သတ္တပတ်စောင့်ဆိုင်းရန် လျှောက်လဲခဲ့သည်။
    ဇွန်လ ၇ ရက်နေ့တွင် စီရင်ချက်ချမည်ဖြစ်ပြီး ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားပါက တရားခံသည် သေဒဏ်ကျခံရဖွယ် ရှိနေသည်။
    Ref: straitstimes
  • အမေရိကန်နိုင်ငံ မီယာမီမြို့ရှိ စာသင်ကျောင်းတွင် ကျောင်းသား တစ်ဦး သေနတ်ဖြင့် ပစ်ခံရ
    မေ-၂၅၊၂၀၁၃
    M-Media
    အမေရိကန်နိုင်ငံအတွင်း သေနတ်ဖြင့် ပစ်ခတ်မှုများ အမြောက်အများ ဖြစ်ပွားနေခိုက် ဖလိုရီဒါပြည်နယ် မီယာမီမြို့ရှိ စာသင်ကျောင်း တစ်ခုတွင် ကျောင်းသားတစ်ဦး သေနတ်ပစ်ခတ်ခံ ခဲ့ရကြောင်း သိရသည်။
    hakbari20130525170626873
    ရဲအရာရှိများ၏ အဆိုအရ၊ သောကြာနေ့က မီယာမီ – ဒိတ်(Miami-Dade) ကျောင်းရှိ ကျောင်းသား၏ ခြေထောက်အား သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ ရကြောင်း၊ မီယာမီ ကလေးဆေးရုံသို့ ရဟတ်ယာဉ် ဖြင့် ပို့ဆောင်ခဲ့ ရကြောင်း သိရသည်။
    ထို့နောက် ရရှိသော သတင်းအရ ကလေးငယ်၏ ဒဏ်ရာ စိုးရိမ်စရာမရှိဘဲ  စိတ်ချရသော အခြေနေတွင်ရှိကြောင်း သိရသည်။
    မီယာမီ-ဒိတ် ကျောင်းများရှိ ရဲများသည် အသက် ၁၁ နှစ်အရွယ်၊ တရားမ၀င် လက်နက်အား ကျောပိုးအိတ်ထဲသို့ သယ်ဆောင်၍ ကျောင်းသို့ ယူလာသော ကျောင်းသားအား စစ်ဆေးမေးမြန်း နေကြောင်းကိုလည်း ပြောဆိုသွားခဲ့သည်။
    အသက် ၁၂ နှစ်အရွယ်ရှိ မျက်မြင် သက်သေ ပါဘလို စန်ချက်ဇ်(Pablo Sanchez) မှ ပြောသည်မှာ သမိုင်း သင်ခန်းစာအချိန်တွင် ကျောင်းသားမှ သူ၏ကျောပိုးအိတ် လွတ်ကျသွားပြီးနောက်တွင်၊ ၄င်း မတော်တဆမှုသည် ဖြစ်ပေါ်ခဲ့ကြောင်း ပြောကြားခဲ့သည်။
    အမေရိကန်နိုင်ငံမှာ  သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရမှုတွေ အမြောက်အများ ဖြစ်ပေါ်ခဲ့ပြီး၊ အဖြစ်အပျက် အများစုဟာ ကျောင်းများနှင့် တက္ကသိုလ်များတွင် ဖြစ်ပျက်ခဲ့ကြောင်း သိရသည်။
    ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့တွင်၊ ကော်နီကပ်(Connecticut) ပြည်နယ် နယူးတောင်း(Newtown) မြို့ရှိ စန္ဒီဟွဒ်(Sandy Hook) မူလတန်းကျောင်းတွင် အသက် ၂၀ ရှိ အာဒမ် လမ်ဇာ(Adam Lanza) ဆိုသူက ကလေးငယ် အယောက် ၂၀ နှင့် ၀န်ထမ်း ၆ ယောက်အား သေနတ်ဖြင့်ပစ်ခတ် သတ်ဖြတ်ခဲ့ကြောင်း။
    အမေရိကန် သမိုင်းတွင် ၄င်း မတော်တဆမှုသည် ဒုတိယမြောက် လူတစ်ယောက်ထဲမှ ပစ်ခတ်ခဲ့သော အရက်စက်ဆုံးသတ်ဖြတ်မှုဖြစ်ပြီး၊ ၂၀၀၇ နှစ်တွင် ဖြစ်ခဲ့သော ဗာဂျင်နီးယား တက်ခ်(Virginia Tech) ရှိ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု အပြီးတွင်ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။
    ဆောင် ဟိုင် ချို(Seung-Hui Cho) သည် ၂၀၀၇ ခုနှစ်က ဗာဂျင်နီးယား တက်ခ်ရှိ သင်တန်းသားဟောင်း တစ်ဦးဖြစ်ပြီး၊ သေနတ်ဖြင့်ပစ်ခတ်မှုကို နှစ်ကြိမ်တိုင်ပြုလုပ်ခဲ့ကြောင်း၊ တစ်ကြိမ်နှင့် တစ်ကြိမ်ကို နှစ်နာရီနီးပါးကြာခဲ့ပြီး လူအယောက် ၃၂ ယောက် အားသေစေခဲ့ပြီး၊ လူ ၁၇ ယောက်အား ဒဏ်ရာရစေခဲ့ကြောင်း၊ ထို့နောက်ကိုယ့်ကိုယ်ကို သတ်သေခဲ့ကြောင်း သိရသည်။
    MAM/SS