News @ M-Media

Tag: DailySportNews

  • ၂၀၁၄ ခုနှစ် ဂုဏ်သိက္ခာ အကြီးဆုံးကလပ် ဇကာတင် စာရင်းထွက်ပေါ်

    ၂၀၁၄ ခုနှစ် ဂုဏ်သိက္ခာ အကြီးဆုံးကလပ် ဇကာတင် စာရင်းထွက်ပေါ်

    နိုဝင်ဘာ ၂၂၊ ၂၀၁၄
    M-Media
    614751_heroa
    – ကမ္ဘာ့တစ်ဝှမ်း ကလပ်အသင်းများအကြား တစ်နှစ်တာ ဂုဏ်သိက္ခာအကြီးဆုံး ကလပ်အသင်းအတွက် ဇကာတင် ၅ သင်းစာရင်းကို ထုတ်ပြန်ခဲ့ရာ ချန်ပီယံလိဂ် ချန်ပီယံ ရီးယဲလ်မက်ဒရစ်နှင့် စီးရီးအေထိပ်သီး ဂျူဗင်တပ်စ်တို့ ပါဝင်ခဲ့သည်ဟု သိရသည်။

    အဆိုပါ ဇကာတင်စာရင်းကို ယူအေအီးနိုင်ငံ ဒူဘိုင်းတွင် ပြုလုပ်ခဲ့သော Globe Soccer Awards ဆုပေးပွဲအခမ်းအနားတွင် ကြေညာခဲ့ခြင်းဖြစ်ပြီး ရီးယဲလ်နှင့် ဂျူဗီတို့အပြင် ဘိုင်ယန်၊ အေဂျက်နှင့် ဘေဆယ်တို့လည်း အဆိုပါဇကာတင်စာရင်းတွင် ပါဝင်ခဲ့သည်။

    အဆိုပါဆုကို Globe Soccer အဖွဲ့၊ ဥရောပကလပ်အသင်းများအစည်းအရုံး ECA၊ ဥရောပ ဘောလုံးအေးဂျင့်များအသင်း EFAA တို့က ပူးတွဲကာ စီစဉ်ပေးအပ်ခြင်းဖြစ်ပြီး ဆုပေးပွဲ အခမ်းအနားကို ဒီဇင်ဘာ ၃၁ ရက်နေ့တွင် ဒူဘိုင်း၌ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

    တစ်နှစ်တာ ဂုဏ်သိက္ခာအရှိဆုံး ကလပ်အသင်းဆုအပါအ၀င် တစ်နှစ်တာအကောင်းဆုံး အေးဂျင့်ဆုနှင့် တစ်နှစ်တာအကောင်းဆုံး ဒိုင်လူကြီးဆုများကိုလည်း တစ်ပါတည်း ပေးအပ်ချီးမြှင့်သွားမည်ဖြစ်သည်။

    အဆိုပါဆုချီးမြှင့်ခြင်းအခမ်းအနားသို့ ယူအီးအက်ဖ်အေဥက္ကဌပလာတီနီ အပါအ၀င် ဘောလုံးလောကမှ သြဇာရှိသူများ တက်ရောက်မည်ဖြစ်သည်။

  • ပြင်သစ်ကွင်းလယ်လူ ရီဘာရီ လက်ရွေးစင်ကစားသမားဘ၀မှ အနားယူပြီ

    ပြင်သစ်ကွင်းလယ်လူ ရီဘာရီ လက်ရွေးစင်ကစားသမားဘ၀မှ အနားယူပြီ

    သြဂုတ် ၁၄၊ ၂၀၁၄
    M-Media

    391193_heroa– ပြင်သစ်အသင်း၏ အဓိက ကွင်းလယ်လူ ရီဘာရီက ၎င်းမှာ နိုင်ငံတကာ ကစားသမားဘ၀မှ အနားယူခဲ့ပြီဟု ကြေညာခဲ့သည်။

    ၂၀၀၆ ခုနှစ်ကတည်းက ပြင်သစ်လက်ရွေးစင်အသင်းအတွက် ပါဝင်ကစားပေးခဲ့သည့် ရီဘာရီမှာ ပြင်သစ်အသင်းနှင့်အတူ ဆုဖလား ၈၂ ခုရရှိခဲ့ပြီး ပြီးခဲ့သည့် ကမ္ဘာ့ဖလားတွင် နောက်ကျောဒဏ်ရာကြောင့် ပါဝင်နိုင်ခြင်း မရှိခဲ့ပေ။

    “အချိန်ကျပြီဆိုတာ ကျွန်တော်သိခဲ့ပါယ်။ ကျွန်တော့်ရဲ့ မိသားစုနဲ့ ဘိုင်ယန်အသင်းအတွက် နှစ်မြှုပ်ထားချင်ပါတယ်။ ပြီးတော့ ခြေစွမ်းကောင်းတဲ့ လူငယ်ကစားသမားတွေ အတွက်လည်း နေရာပေးချင်ပါတယ်။ အခုအချိန်ဟာ တစ်ခြားကစားသမားတွေကို ရှေ့ထွက်လာဖို့ အချိန်ပါပဲ။ အတက်အကျတွေ အများကြီးရှိခဲ့ပေမယ့် ကျွန်တော့်ဘ၀ စာမျက်နှာသစ်ဖွင့် အချိန်ကတော့ ရောက်လာခဲ့ပါပြီ” ဟု ရီဘာရီက Kicker သို့ ပြောကြားခဲ့သည်။

    ရီဘာရီမှာ ပြင်သစ်ကွင်းလယ်တွင် အဓိကကစားသမားတစ်ဦးဖြစ်ခဲ့ပြီး အသင်းအတွက် ၁၆ ဂိုး သွင်းယူပေးနိုင်ခဲ့သည်။

  • မက်ဆီ၏ ဥရောပသွင်းဂိုး ရော်နယ်ဒို ဖြတ်ကျော်၊ ရာအူးလ်အား ကျော်ဖြတ်ရန် ၆ ဂိုးသာ လိုတော့

    မက်ဆီ၏ ဥရောပသွင်းဂိုး ရော်နယ်ဒို ဖြတ်ကျော်၊ ရာအူးလ်အား ကျော်ဖြတ်ရန် ၆ ဂိုးသာ လိုတော့

    သြဂုတ် ၁၃ ၊ ၂၀၁၄
    M-Media
    444334_heroa
    – ဆီးဗီးလာအသင်းအား အနိုင်ရဗိုလ်စွဲခဲ့သော စူပါဖလားပြိုင်ပွဲတွင် ၂ ဂိုးသွင်းယူနိုင်ခဲ့သည့် ရီးယဲလ်တိုက်စစ်မှူး ရော်နယ်ဒိုမှာ ဘာစီလိုနာအသင်းမှ ပြိုက်ဘက် မက်ဆီ၏ ဥရောပပြိုင်ပွဲ ဂိုးအရေအတွက်ကို ကျော်ဖြတ်နိုင်ခဲ့ပြီဖြစ်သည်။

    ချန်ပီယံလိဂ်ချန်ပီယံ ရီးယဲလ်နှင့် ယူရိုပါလိဂ်ချန်ပီယံ ဆီးဗီးလားတို့ ယမန်နေ့က ယှဉ်ပြိုင်ကစားခဲ့သည့် အဆိုပါပွဲတွင် ရော်နယ်ဒို၏ ခြေစွမ်းပြမှုနှင့် အတူ ရီးယဲလ်က ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။

    ၂ ဂိုး စလုံးကို ရော်နယ်ဒိုက သွင်းယူပေးခဲ့ပြီး ဥရောပပြိုင်ပွဲ စုစုပေါင်းသွင်းဂိုးမှာ ၇၀ ရှိလာပြီဖြစ်ကာ မက်ဆီ၏ ဂိုးအရေအတွက်ထက် ၂ ဂိုး သာလွန်ခဲ့သည်။ ထို့ကြောင့်ဥရောပပြိုင်ပွဲ ဂိုးအမျာဆုံးသွင်းသူများ စာရင်းတွင် အေစီမီလန်တိုက်စစ်မှူးဟောင်း အင်ဇာဂီနှင့်အတူ ဒုတိယနေရာတွင်ရှိနေကာ ထိပ်ဆုံးမှ ရီးယဲလ်တိုက်စစ်မှူးဟောင်း ရာအူးလ်ကို မှီရန် ၆ ဂိုးသာ လိုတော့သည်။

    ထိုပွဲတွင် အသစ်ခေါ်ယူထားသည့် တိုက်စစ်မှူးများဖြစ်သော ဂျိမ်းစ်ရော်ဒရီဂက်ဇ်နှင့် တိုနီကရုစ်တို့လည်း ပါဝင်ကစားခဲ့ပြီး ကရုစ်၏ ကစားပုံနှင့် ပတ်သက်၍ နည်ပြအန်ဆယ်လော့တီက ချီးကျူးခဲ့သည်။

  • ဘရာဇီးလ်အသင်း ဗိုလ်လုပွဲတက်နိုင်ပါကလည်း နေးမာ ပါဝင်ကစားနိုင်တော့မည်မဟုတ်

    ဘရာဇီးလ်အသင်း ဗိုလ်လုပွဲတက်နိုင်ပါကလည်း နေးမာ ပါဝင်ကစားနိုင်တော့မည်မဟုတ်

    ဇူလိုင် ၇၊ ၂၀၁၄
    M-Media

    – မနက်ဖြန်ညတွင် ကစားမည့် ဆီးမီးဖိုင်နယ်ပွဲတွင် ဂျာမနီအား အနိုင်ယူကာ ဘရာဇီးလ်အသင်း ဗိုလ်လုပွဲ တက်နိုင်ခဲ့လျှင်ပင် အသင်း၏ အားထားရသည့် တိုက်စစ်မှူး နေးမာမှာ ပါဝင်နိုင်ရန် အလားအလာမရှိတော့ဟု ဘရာဇီးလ်အသင်း၏ ဆေးအဖွဲက ပြောကြားလိုက်သည်။

    ကိုလံဘီယာနှင့်ကစားခဲ့သည့် ကွာတားဖိုင်နယ်ပွဲစဉ်တွင် နေးမာမှာ ကိုလံဘီယာကစားသမားနှင့် ထိခိုက်မိခဲ့ပြီး နောက်ကျောတွင် ဒဏ်ရာရရှိခဲ့သည်။ ဘရာဇီးလ် မီဒီယာများကမူ နေးမာမှာ ဂျာမနီနှင့်ပွဲ သို့မဟုတ် နောက်ဆုံးဗိုလ်လုပွဲတွင် နေးမာ ပြန်လည်ပါဝင်နိုင်မည်ဟု ရေးသားခဲ့ကြသော်လည်း ဘရာဇီးအသင်း ဒေါက်တာ ဂျိုဆေး လူးဝစ်ရန်ကိုက နေးမာအနေဖြင့် ဒဏ်ရာအကင်း မသေသေးပဲ ၀င်ကစားခဲ့ပါက ၎င်း၏ အနာဂတ် ကြံ့ခိုင်မှုကို ထိခိုက်လိ့မ်မည်ဟု သတိပေးခဲ့သည်။

    “ကမ္ဘာ့ဖလားဖိုင်နယ်မှာ ကစားဖို့ သူ့မှာ အခွင့်အရေးမရှိတော့ပါဘူး။ သူ အသင်းနဲ့ရှိနေမှာ ဖြစ်ပေမယ့် လုံးဝ ၀င်ကစားနိုင်မှာ မဟုတ်ပါဘူး။ တကယ်မရှိတဲ့ အရာတစ်ခုကို ထင်ယောင်ထင်မှားဖြစ်အောင် ကျွန်တော်ဖန်တီးမှာမဟုတ်ပါဘူး။ သူ့ကို့ မကစားခိုင်းတာကလွဲလို့ ကျွန်တော်တို့မှာ ရွေးစရာမရှိပါဘူး” ဟု ရန်ကိုက ပြောကြားခဲ့သည်။

    ဂျာမနီအသင်းနှင့် ကစားမည့် ဘရာဇီးလ်အသင်းတွင် သီယိုဂိုဆေးလ်ဗားမှာလည်း ပွဲပယ်ပြစ်ဒဏ်ကြောင့် ပါဝင်ကစားနိုင်မည်မဟုတ်ပေ။
    Ref : Goal

  • ၂၀၁၀ ရှုံးကြွေးကို ပြန်ဆပ်နိုင်ခဲ့တဲ့ ဟော်လန်၊ အနိုင် ၃ မှတ်ရယူနိုင်ခဲ့တဲ့ မက္ကဆီကိုနဲ့ ချီလီတို့ရဲ့ ဇွန် ၁၄ ရက် ကမ္ဘာ့ဖလားပွဲစဉ်များ

    ဇွန် ၁၄၊ ၂၀၁၄
    M-Media

    article-2516825-19B302D100000578-990_306x206

    – ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စု A က တစ်ပွဲနဲ့ အုပ်စု B က ၂ ပွဲ စုစုပေါင်း ၃ ပွဲကို မနေ့ညနဲ့ ယနေ့နံနက်တွေမှာ ကစားခဲ့ကြပြီး မက္ကဆီကို၊ ဟော်လန်နဲ့ ချီလီတို့ အသီးသီး အနိုင်ရခဲ့ကြပါတယ်။

    အုပ်စု A က မက္ကဆီကိုနဲ့ ကင်မရွန်းတို့ပွဲမှာတော့ မက္ကဆီကိုကပဲ ကစားကွက်အသာ၊ ဘောလုံးပိုင်ဆိုင်မှုအသာ၊ ဂိုးသွင်းခွင့်အသာနဲ့ ကစားသွားခဲ့ပါတယ်။ ဒါပေမယ့် တစ်လုံးတည်းသော အနိုင်ဂိုးကိုတော့ ၆၁ မိနစ်မှ ရရှိခဲ့တာဖြစ်ပြီး မက္ကဆီကိုရဲ့ ဂိုးသွင်းစက် ပီရဲလ်တာက သွင်းယူပေးခဲ့တာပါ။ ဒီဂိုးဟာ မက္ကဆီကိုအသင်းနဲ့ နောက်ဆုံး ၇ ပွဲမှာ ပီရဲလ်တာရဲ့ ၉ ဂိုးမြောက် ဖြစ်ပါတယ်။

    အုပ်စု B ရဲ့ ပွဲကောင်းတစ်ပွဲဖြစ်တဲ့ လက်ရှိချန်ပီယံ စပိန်နဲ့ ဟော်လန်တို့ရဲ့ ပွဲမှာတော့ ဟော်လန်အသင်းက ဗန်ပါစီ၊ ရော်ဘင်တို့ရဲ့ ဂိုးတွေနဲ့အတူ ၅ ဂိုး ၁ ဂိုးနဲ့ ပြတ်ပြတ်သားသား အနိုင်ရခဲ့ပါတယ်။ စပိန်ဟာ သူတို့ရဲ့ ပုံစံအတိုင်း ဘောလုံးကိုင်ကစားပြီး ကစားကွက် အသာစီးယူခဲ့ပေမယ့် ဟော်လန်အသင်းရဲ့ လျင်မြန်မှုနဲ့ အမြင့်ဘောကစားဟန်တွေကိုတော့ ထိန်းချုပ်နိုင်ခဲ့ခြင်းမရှိပါဘူး။ ပထမပိုင်း ၂၇ မိနစ်မှာ အငြင်းပွားဖွယ် ပင်နယ်တီနဲ့ စပိန်တို့ ဦးဆောင်နိုင်ခဲ့ပေမယ့် ၄၄ မိနစ်မှာ ဗန်ပါစီက ချေပဂိုးသွင်းပေးခဲ့ပါတယ်။

    ဒုတိယပိုင်းမှာတော့ ဟော်လန်တို့ ဆက်တိုက်ဆိုသလိုပဲ အနိုင်ဂိုးတွေရခဲ့ပြီး ရော်ဘင်က ၂ ဂိုး စတီဖန်ဒီ ဗာအစ်ဂ်ျနဲ့ ဗန်ပါစီတို့က တစ်ဂိုးစီ သွင်းယူပေးခဲ့တာပါ။ ဟော်လန်ရဲ့ ဒီပွဲအနိုင်ဟာ ၂၀၁၀ ကမ္ဘာ့ဖလာဗိုလ်လုပွဲရှုံးကြွေးကို ထိုက်ထိုက်တန်တန် ဆပ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ ၂၀၁၀ ကမ္ဘာ့ဖလားအဖွင့်ပွဲမှာ ဆွဇ်လန်ကို ရှုံးခဲ့ပေမယ့် ကျန်တဲ့ပွဲတိုင်းကို အနိုင်ယူပြီး ကမ္ဘာ့ဖလားကို ကိုင်မြှောက်နိုင်ခဲ့တဲ့ စပိန်အသင်း ဘရာဇီးလ်မှာလည်း ဒီလိုထပ်လုပ်ပြနိုင်မလားဆိုတာကိုတော့ စောင့်ကြည့်ရပါမယ်။

    အုပ်စု B ရဲ့ အခြားပွဲဖြစ်တဲ့ ချီလီနဲ့ သြစတေးလျတို့ပွဲမှာတော့ ချီလီအသင်းက သက်တောင့်သက်သာနဲ့ ကစားနိုင်ခဲ့ပြီး အစောပိုင်း ဂိုး ၂ ဂိုးအပါအ၀င် ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

    ယနေ့ညမှာတော့ အုပ်စု C က ကိုလံဘီယာနဲ့ ဂရိ၊ မနက်ဖြန်မနက်မှာ အုပ်စု C က အိုက်ဗရီကို့စ်နဲ့ ဂျပန်၊ အုပ်စု D က ဥရုဂွေးနဲ့ ကော်စတာရီကာ၊ ညနေပိုင်းမှာ အုပ်စု D က အင်္ဂလန်နဲ့ အီတလီအသင်းတို့ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။

    Ref : Goal