News @ M-Media

Tag: DailySportNews

  • ဆွာရက်ဇ်မှာ မက်ဆီ၊ ရော်နယ်ဒိုတို့ထက် ပိုကောင်းသည်ဟု ဥရုဂွေးအသင်းဖော်ဆို

    ဆွာရက်ဇ်မှာ မက်ဆီ၊ ရော်နယ်ဒိုတို့ထက် ပိုကောင်းသည်ဟု ဥရုဂွေးအသင်းဖော်ဆို

    မေ ၃၁၊ ၂၀၁၄
    M-Media

    31C

    – ခရစ္စတီယာနို ရော်နယ်ဒိုနှင့် လီယွန်နယ် မက်ဆီတို့အား ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားများအဖြစ် သတ်မှတ်ထားသော်လည်း လူးဝစ် ဆွာရက်ဇ်မှာ ၎င်းတို့ ၂ ဦးထက် ပိုကောင်းသည်ဟု ဥရုဂွေးအသင်းဖော် ခရစ္စတီယန် ရော်ဒရီဂက်ဇ်က ပြောကြားလိုက်သည်။

    ဆွာရက်ဇ်မှာ ဒူးဒဏ်ရာကြောင့် မေလအစောပိုင်းက ခွဲစိတ်ကုသမှု ခံယူထားရပြီး ကမ္ဘာ့ဖလားပြိုင်ပွဲအမီ ပြန်လည်သက်သာရန် မသေချာသေးပေ။ ခရစ္စတီယန်ကမူ ဆွာရက်ဇ်မှာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဖြစ်သည်ဟု ဆိုသည်။

    “ကျွန်တော် သတိထားမိသလောက်တော့ ရော်နယ်ဒိုနဲ့ မက်ဆီဟာ ဆွာရက်ဇ်ထက် တစ်ဆင့်နိမ့်ပါတယ်။ သူဟာ ကလပ်အသင်း အတွက်ရော နိုင်ငံအသင်းအတွက်ပါ ကိုယ်စားပြု ကစားသူပါ။ မက်ဆီနဲ့ ရော်နယ်ဒိုကတော့ ကလပ်အသင်းမှာပဲကောင်းမွန်ပြီး နိုင်ငံအသင်းအတွက် အဲလောက်မကောင်းပါဘူး” ဟု Daily Mail သတင်းစာသို့ ပြောကြားခဲ့သည်။

    ဆွာရက်ဇ်မှာ ၂၀၁၃-၁၄ ဘောလုံးရာသီတွင် လီဗာပူးလ်အသင်းအတွက် အကောင်းဆုံးခြေစွမ်းပြခဲ့ပြီး ပွဲပယ်ပြစ်ဒဏ်ကြောင့် ပွဲစဉ်အပြည့် မကစားခဲ့ရသော်လည်း ပရီးမီးယားလိဂ်တွင် ၃၁ ဂိုးအထိ သွင်းယူနိုင်ခဲ့သည်။

    Ref : Goal

  • FFP ကို အသုံးချ၍ PSG အသင်း တိုးတက်မှုကို ဥရောပ အသင်းကြီးများ ဟန့်တားနေကြောင်း အီဗရာဟီမိုဗစ်ပြော

    မေ ၃၀ ၊ ၂၀၁၄
    M-Media
    411651_heroa
    –  ယူအီးအက်ဖ်အေ၏ ဘဏ္ဍာရေးညီမျှမှုစာရင်း FFP ကိုအသုံးပြု၍ ဥရောပပြိုင်ဘက်များက မိမိတို့အသင်း၏ တိုးတက်မှုကို ပိတ်ပင်ရန် ရည်ရွယ်နေကြသည်ဟု ပီအက်စ်ဂျီအသင်းတိုက်စစ်မှူး ဇလာတန် အီဗရာဟီမိုဗစ်က ပြောကြာလိုက်သည်။

    FFP စည်မျဉ်းကို ချိုးဖောက်မှုကြောင့် ပီအက်စ်ဂျီအသင်းအား ယူအီးအက်ဖ်အေက ယူရို သန်း ၆၀ ဒဏ်ရိုက်ထားသည်။ ယူအီးအက်ဖ်အေက အသင်းအား ထပ်မံ၍ အရေးယူမှုများ မပြုလုပ်ရန် အီဗရာဟီမိုဗစ်က မျှော်လင့်နေပြီး မိမိအလုပ်မှာ အသင်းအား ဖလားရရန်အတွက် ကူညီပေးခြင်းဖြစ်သည်ဟု ဆိုသည်။

    “ပီအက်စ်ဂျီအသင်းရဲ့ စီမံကိန်းကို အခြားကလပ်အသင်းကြီးတွေက ကြောက်နေကြပါတယ်။ ပီအက်စ်ဂျီဟာ ယူအီအက်ဖ်အေအတွက် အရမ်း အရေးပါပါတယ်။ ချန်ပီယံလိဂ်ရဲ့တန်ဖိုးနဲ့ ရုပ်သံအခွင့်အရေးတွေဟာ ပီအက်စ်ဂျီနဲ့အတူ မြင့်တက်လာတာပါ။ ယူအီးအက်ဖ်အေက ဒါကို လက်ခံမယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်” ဟု အီဗရာဟီမိုဗစ်က ဆိုသည်။

    ထို့ပြင် ပီအက်စ်ဂျီအသင်းမှာ ယူအီးအက်ဖ်အေကို အကျိုးရှိစေပြီး ပြင်သစ်ဘောလုံး လောကအတွက်သာမက ဥရောပ ဘောလုံးလောကအတွက်ပါ အလုပ်လုပ်နေကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

  • မက်ဆီက မိမိလို ကစားသမားမျိုးဖြစ်ရန် အိပ်မက် မက်နေသည်ဟု အဂူရိုဆို

    .မေ ၂၇ ၊ ၂၀၁၄
    M-Media
    411965_heroa
    – မိမိမှာ မက်ဆီကဲ့သို့ဖြစ်ရန် အိပ်မက် မက်မနေဘဲ မက်ဆီကသာ မိမိကဲ့သို့ဖြစ်ရန် အိပ်မက် မက်နေခြင်းဖြစ်သည်ဟု မန်စီးတီးအသင်း၏ အာဂျင်တိုင်း တိုက်စစ်မှူး အဂူရိုက အရွှန်းဖောက် ပြောကြားခဲ့သည်။

    Puma ၏ ဘောလုံးကန်ဖိနပ်အသစ် ပြပွဲတွင် အဂူရိုအား ကမ္ဘာ့အကောင်းဆုံးဆု လေးကြိမ်ရ မက်ဆီကဲ့သို့ အဆင့်မျိုး ရောက်ရန်မျှော်မှန်းထားသလားဟု မေးမြန်းခဲ့ရာ ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး၊ မိမိအနေဖြင့် ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးဖြစ်ချင်သည်ဟုလည်း ဖွင့်ဟခဲ့သည်။ အဂူရိုမှာ မန်စီးတီအသင်း၏ အဓိက တိုက်စစ်မှူးဖြစ်ပြီး ပြီးခဲ့သည့် ဘောလုံးရာသီက ဒဏ်ရာကြောင့် အနားယူခဲ့ရသော်လည်း ကစားနိုင်သည့် ပွဲများတွင် အသင်းအတွက် အရေးပါသောဂိုးများကို သွင်းယူပေးခဲ့သူဖြစ်သည်။

    အာဂျင်တီးနားအသင်း၏ ကမ္ဘာ့ဖလားပြိုင်ပွဲနှင့် ပတ်သက်၍လည်း အဂူရိုက ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အမြဲတမ်းခက်ခဲသော်လည်း မိမိတို့ ဗိုလ်စွဲနိုင်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။ အာဂျင်တီးနားအသင်းမှာ နိုက်ဂျီးရီးယား၊ အီရန်၊ ဘော့စနီးယားတို့နှင့် တစ်အုပ်စုတည်း ကျရောက်နေသည်။

  • ချယ်ဆီးနောက်ခံလူ လူးဝစ် ပီအက်စ်ဂျီသို့ ပြောင်းရွှေ့တော့မည်

    ချယ်ဆီးနောက်ခံလူ လူးဝစ် ပီအက်စ်ဂျီသို့ ပြောင်းရွှေ့တော့မည်

    မေ ၂၄၊ ၂၀၁၄
    M-Media

    24E

    – ချယ်ဆီးအသင်း၏ အားထားရသည့် ဘရာဇီးနောက်ခံလူ ဒေဗစ်လူးဝစ်မှာ ပြင်သစ်လီဂူးချန်ပီယံ ပီအက်စ်ဂျီအသင်းသို့ ပြောင်းရွှေ့တော့မည်ဟု သိရသည်။

    အသက် ၂၇ နှစ်အရွယ်ရှိ လူးဝစ်အား ပီအက်စ်ဂျီအသင်းက ပေါင် သန်း ၄၀ ကျော်ဖြင့်ခေါ်ယူရန် ချယ်ဆီးအသင်းနှင့် သဘောတူညီခဲ့ခြင်းဖြစ်ပြီး ၂ နှစ်စာချုပ် ချုပ်ဆိုမည်ဖြစ်သည်။ လူးဝစ်မှာ မော်ရင်ဟိုလက်ထက်တွင် တယ်ရီ၊ ကာဟေးလ်တို့၏နောက် တတိယကစားသမားဖြစ်သာ ရှိနေပြီး ပြီးခဲ့သည့် ရာသီက ပွဲထွက် ကစားသမားအဖြစ် ၁၅ ပွဲသာ ပါဝင်ခွင့်ရခဲ့သည်။

    “၃ နှစ်ခွဲကြာ ကောင်းမွန်စွာလက်တွဲခွင်ရခဲ့တဲ့အတွက် ချယ်ဆီးအသင်းကို ကျွန်တော် ကျေးဇူးတင်ပါတယ်။ မိတ်ဆွေတွေအများကြီးရခဲ့ပြီး၊ ဖလားတွေလည်းရခဲ့ပါတယ်။ ဒီအမှတ်တရတွေဟာ ကျွန်တော်နဲ့ အတူ ထာဝရ ရှိနေမှာပါ” ဟု လူးဝစ်က ၎င်း၏ Facebook စာမျက်နှာတွင် ရေးသားခဲ့သည်။

    ဘဏ္ဍာရေးညီမျှမှုစည်းမျဉ်းကို ချိုးဖောက်မှုကြောင့် ပီအက်စ်ဂျီအသင်းမှာ ယူအီးအက်ဖ်အေ၏ ပြစ်ဒဏ်ချမှတ်မှုကို ခံထားရသည်။ ချယ်ဆီးအသင်းမှာမူ ယခုနှစ် နွေရာသီ အပြောင်းအရွှေ့တွင် ပြောင်ရွှေ့ကြေး အများအပြားသုံးစွဲရန် ပြင်ဆင်ထားပြီး ထိပ်ဆုံးပစ်မှာ အက်သလက်တီကိုအသင်းတိုက်စစ်မှူး ဒီယေဂို ကော်စတာဖြစ်သည်။

    Ref : Goal

  • ရီးယဲလ်အသင်း ချန်ပီယံလိဂ်တွင် ဗိုလ်စွဲမည်ဟု ဂန္ထ၀င်တိုက်စစ်မှူး ဒီစတီဖာနိုဆို

    ရီးယဲလ်အသင်း ချန်ပီယံလိဂ်တွင် ဗိုလ်စွဲမည်ဟု ဂန္ထ၀င်တိုက်စစ်မှူး ဒီစတီဖာနိုဆို

    မေ ၂၄၊ ၂၀၁၄
    M-Media

    24D

    – ယနေ့ည လစ္စဘွန်းတွင်ကစားမည့် ချန်ပီယံလိဂ်နောက်ဆုံးဗိုလ်လုပွဲတွင် ရီးယဲလ်အသင်းမှာ ၁၀ ကြိမ်မြောက် ဖလားကို ကိုင်မြှောက်နိုင်လိမ့်မည်ဟု ရီးယဲလ် အသင်း၏ ဂန္တ၀င်တိုက်စစ်မှူး ဒီစတီဖာနိုက ပြောကြားလိုက်သည်။

    စပိန်ဘုရင့်ဖလားရရှိထားသည့် ရီးယဲလ်မှာ လာလီဂါဖလားရရှိခဲ့သည့် မြို့ခံပြိုင်ဘက် အက်သလက်တီကိုမက်ဒရစ် အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး နှစ်သင်းစလုံးမှာ ယခုနှစ်ရာသီ ဒုတိယမြောက်ဖလားရရှိရန် ကြိုးစားရမည်ဖြစ်သည်။

    “ပရိတ်သတ်တွေက အရေးပါပါလိမ့်မယ်။ ကျွန်တော်တို့ ခေတ်တုန်းကတော့ ဒီလိုကွင်းအကြီးတွေ မရှိသေးပါဘူး။ ကျွန်တော်တို့ ၁၀ ကြိမ်မြောက် ချန်ပီယံလိဂ် ဖလားကို ရမယ်လို့ မျှော်လင့်မိပါတယ်” ဟု ဒီစတီဖာနိုက ပြောကြားခဲ့သည်။

    ချန်ပီယံလိဂ်ဖလားကို ၉ ကြိမ်တိုင်တိုင်ရရှိခဲ့သည့် ရီးယဲလ်မက်ဒရစ်မှာ ၁၂ နှစ်ကြာမှ ဗိုလ်လုပွဲကို ပြန်လည်တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။ အက်သလက်တီကို မက်ဒရစ်အသင်းမှာမူ အသင်း၏ သမိုင်းတွင် ၁၉၇၄ ခုနှစ်က တစ်ကြိမ်သာ ချန်ပီယံ ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပြီး နှစ်ပေါင်း ၄၀ ကြာမှ ဒုတိအကြိမ် ပြန်လည် တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။ ၎င်းတို့ နှစ်သင်းတွေ့ဆုံမှုမှာ ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် မြို့ခံပြိုင်ဘက်နှစ်သင်း ပထမဆုံး တွေ့ဆုံခြင်းလည်းဖြစ်သည်။

    Ref : Goal