News @ M-Media

Tag: Egypt

  • အီဂျစ်သမ္မတဟောင်းမော်စီ၏ သေဒဏ်ပြစ်ဒဏ်အား တရားရုံးချုပ် ပယ်ဖျက်

    အီဂျစ်သမ္မတဟောင်းမော်စီ၏ သေဒဏ်ပြစ်ဒဏ်အား တရားရုံးချုပ် ပယ်ဖျက်

    နိုဝင်ဘာ ၁၅၊ ၂၀၁၆
    M-Media

    morsi

    – ၂၀၁၃ ခုနှစ်က စစ်တပ်၏ အာဏာသိမ်း ဖြုတ်ချခြင်းကို ခံခဲ့ရသည့် သမ္မတမော်စီအပေါ် ချမှတ်ထားသော သေဒဏ်အား အီဂျစ်တရားရုံးချုပ်က ယနေ့တွင် ပယ်ဖျက်လိုက်ပြီဟု Reuters သတင်းဌာနက ဖော်ပြခဲ့သည်။

    သေဒဏ်ပယ်ဖျက်ပြီးနောက် အမှုအား ပြန်လည်ကြားနာရန်လည်း တရားရုံးက အမိန့်ပေးခဲ့သည်။

    အီဂျစ်နိုင်ငံ၏ ပထမဆုံး ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံခဲ့ရသည့် သမ္မတမော်စီမှာ ၎င်း၏ ၄ နှစ်တာ သမ္မတတာဝန်တွင် ၁ နှစ်သာ ထမ်းဆောင်ခဲ့ရပြီး ၂၀၁၃ ခုနှစ် ဇူလိုင်လတွင် စစ်တပ်၏အာဏာသိမ်းမှုကို ခံခဲ့ရသည်။

    ထိုအချိန်မှစ၍ အာဏာသိမ်းအစိုးရမှာ ၎င်း၏ ပါတီဖြစ်သော မွတ်စလင်ဘရာသားဟုဒ်ပါတီကို တရားမ၀င်အသင်းအဖြစ် ကြေငြာခဲ့ပြီး ပါတီခါင်းဆောင်နှင့် ပါတီဝင်ထောင်ပေါင်းများစွာကို ဖမ်းဆီးခဲ့ကာ အစုလိုက်အပြုံလိုက် ရုံးတင်ခဲ့သည်။

    မော်စီအပါအ၀င် ပါတီ၏ ထိပ်တန်းခေါင်းဆောင်များမှာလည်း သေဒဏ်ချမှတ်ခံခဲ့ရခြင်း ဖြစ်သည်။

    Ref: Aljazeera

  • အီဂျစ်တွင် ကိုယ်အင်္ဂါမှောင်ခိုကူးသူများက ပြည့်တန်ဆာများကို အသုံးပြုလာ

    အီဂျစ်တွင် ကိုယ်အင်္ဂါမှောင်ခိုကူးသူများက ပြည့်တန်ဆာများကို အသုံးပြုလာ

    စက်တင်ဘာ ၄၊ ၂၀၁၆
    M-Media

    egypt

    – အီဂျစ်နိုင်ငံတွင် လူ့ကိုယ်အင်္ဂါ တရားမ၀င်ကုန်ကူးသူများက ရွှေ့ပြောင်းနေထိုင်သူများထံမှ ၎င်းတို့၏ ကိုယ်အင်္ဂါများရောင်းချရန် ပြည့်တန်ဆာများကိုအသုံးချ၍ သွေးဆောင်ဖျားယောင်းမှုရှိနေသည်ဟု ထိန်လန့်ဖွယ် အစီရင်ခံစာတစ်စောင် ထွက်ပေါ်လာခဲ့သည်။

    လူကုန်ကူးသူများမှာ အထောက်အထားမရှိ၊ ပိုက်ဆံမရှိကြသည့် အာဖရိက ပြောင်းရွှေ့အခြေချသူများကို ပစ်မှတ်ထားကြခြင်းဖြစ်သည်။

    “ရောင်းသူ၊ ၀ယ်သူ ဈေးညှိတဲ့အခါ ကြားခံဆက်သွယ်ရေးအဖြစ် လိင်လုပ်သားတွေကို အသုံးပြုကြပါတယ်။ ရောင်းချဖို့ အပိုမက်လုံးတစ်ခုအနေနဲ့ လိင်အလုပ်သမတစ်ဦးနဲ့ တစ်ညတာ ပျော်ပါးဖို့ ကမ်းလှမ်းချက်လည်း ပါဝင်ပါတယ်” ဟု ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။

    အဆိုပါအစီရင်ခံစာကို အီဂျစ်သို့ရက်သတ္တပတ်အနည်းငယ်မျှ သွားရောက်နေထိုင်ပြီး အရောင်းအ၀ယ်လုပ်သူများနှင့် စကားပြောဆိုခဲ့သည့် ဗြိတိန်နိုင်ငံ လီဗာပူလ်းတက္ကသိုလ်မှ ဥပဒေပညာရှင် စီယန် ကိုလမ့်ဘ် ရေးသားခြင်းဖြစ်သည်။

    အီဂျစ်တွင် ကိုယ်လက်အင်္ဂါအစားထိုးခြင်းနှင့်ပက်သက်၍ ဥပဒေသတ်မှတ်ချက် ရေရေရာရာမရှိပေ။ ကျောက်ကပ်ဝယ်ယူခြင်းမှာ တရားမ၀င်သော်လည်း အစားထိုးကုသပေးရန် ပိုက်ဆံပေးမှုကို ဥပဒေက ခွင့်ပြုထားသည်။ အချို့က အင်္ဂါများအတွက် ဒေါ်လာ ၁၀၀,၀၀၀ အထိ ပေးကြပြီး ယင်းသို့ပေးချေမှုကို ကဖီးဆိုင်ကဲ့သို့သော လူမြင်ကွင်းတွင် ပေါ်ပေါ်ထင်ထင်လုပ်လေ့ရှိကြောင်း အစီရင်ခံစာက ဆိုသည်။

    တရားမ၀င်ရရှိသည့် အင်္ဂါအစိတ်အပိုင်းကို အစားထိုးသည့်အခါ ခွဲစိတ်မှုလုပ်ပေးသည့် ဆရာဝန်မှာ သက်ဆိုင်ရာသို့ တိုင်ကြားရမည်ဟု ဥပဒေမရှိသောကြောင့် ထိုကဲ့သို့ လုပ်ဆောင်မှုများကို တိုင်ကြားမှုများလည်း မရှိသလောက်နည်းပါးသည်ဟု ကိုလမ့်ဘ်က ထပ်လောင်းပြောကြားခဲ့သည်။

    ကိုယ်အင်္ဂါအစိတ်အပိုင်းများ ရောင်းချရန်အတွက် ခြိမ်းခြောက်မှုများလည်းရှိနေပြီး၊ ထိုကိစ္စနှင့်ပတ်သက်၍ သတ်ဖြတ်မှုသတင်းများမှာလည်း ပြီးခဲ့သည့် လများအတွင်း ခြောက်ခြားဖွယ် ထွက်ပေါ်လာခဲ့သည်။

    Ref : RT

  • အစ္စလာမ်သာသနာ အလွဲသုံးစားလုပ်ခံရမှု ပပျောက်ရေး အီဂျစ်သမ္မတနှင့် အလ်-အဇ်ဟာရ် မွဖ်သီတို့ ဆွေးနွေး

    အစ္စလာမ်သာသနာ အလွဲသုံးစားလုပ်ခံရမှု ပပျောက်ရေး အီဂျစ်သမ္မတနှင့် အလ်-အဇ်ဟာရ် မွဖ်သီတို့ ဆွေးနွေး

    သြဂုတ် ၅၊ ၂၀၁၆
    M-Media

    1

    – အစွန်းရောက် အကြမ်းဖက်သမားများက အစ္စလာမ်သာသနာအား အလွဲသုံးစားလုပ်နေမှုကို အဆုံးသတ်ရန်နှင့် အစ္စလာမ်၏ ပုံရိပ်အစ်မှန်ကို ပြသရန်အတွက် အီဂျစ်သမ္မတ အဘ်ဒဲလ် ဖာတာဟ် အလ် စီစီမှာ အစ္စလာမ့်ဓမ္မရေးရာ ထိပ်တန်း တက္ကသိုလ်တစ်ခုဖြစ်သော အလ်-အဇ်ဟာရ် တက္ကသိုလ်မှ ရှေ့ဆောင်အီမာမ်ကြီး အဟ်မဒ် အလ်-တိုင်ယစ်ဘ်နှင့် ဗုဒ္ဓဟူးနေ့က တွေ့ဆုံဆွေးနွေးခဲ့သည်ဟု သိရသည်။

    တွေ့ဆုံမှုအတွင်း အီမာမ်ကြီးက မကြာသေးမီကာလတွင် အာဖရိက၊ အာရှနှင့် ဥရောပနိုင်ငံများနှင့် သွားရောက်စဉ် သက်ဆိုင်ရာအာဏာပိုင်များနှင့် တွေ့ဆုံဆွေးနွေးမှုကို သမ္မတအား ပြန်ပြောင်းပြောပြခဲ့ပြီး မိမိ၏ ရည်ရွယ်ချက်မှာ အစ္စလာမ်သာသနာ၏ စစ်မှန်သော သွန်သင်မှုများနှင့် စည်းမျဉ်းများကို ချပြလိုခြင်းကြောင်း ပြောကြားခဲ့သည်။

    ထို့ပြင် မိမိတို့ အလ်-အဇ်ဟာရ်တက္ကသိုလ်မှာ အစ္စလာမ်သာသနာနှင့်ပတ်သက်၍ ကမ္ဘာ့စံပြဖြစ်ပြီး၊ သာသနာမှာ အကြမ်းဖက်သမားများ၊ အစွန်းရောက်များ၏ အသုံးချခြင်းကို ခံနေရသည်ဟု ထပ်လောင်းပြောကြားခဲ့သည်။

    ၎င်းတို့နှစ်ဦး ဆွေးနွေးမှုအတွင်း နိုင်ငံရှိ လူငယ်များ ဘာသာရေးအသိ ဖွံ့ဖြိုးရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုဆိုင်ရာ ကျွမ်းကျင်မှု မြင့်တက်လာရေးတို့ကို ဦးစားပေးဆောင်ရွက်ရန်လည်း ပါဝင်သည်။

    အလ်-အဇ်ဟာတက္ကသိုလ်မှာ Al-Azhar Global Centre ကို မကြာမီ ထူထောင်သွားမည်ဖြစ်ပြီး ထိုစင်တာမှ အကြမ်းဖက်ဝါဒကို ရင်ဆိုင်သွားမည်ဖြစ်ကာ၊ ဖသ်ဝါဓမ္မသတ် မမှန်မကန် ထုတ်ပြန်မှုများ ပပျောက်ရေးကိုလည်း ဆောင်ရွက်သွားမည်ဖြစ်သည်။

    Ref : IINA

  • အကြမ်းဖက်သမားများမှာ ဘာသာတရားကို ကိုယ်ကျိုးအတွက် အလွဲသုံစားပြုနေသည်ဟု အီဂျစ်မွဖ်သီချုပ် ပြော

    အကြမ်းဖက်သမားများမှာ ဘာသာတရားကို ကိုယ်ကျိုးအတွက် အလွဲသုံစားပြုနေသည်ဟု အီဂျစ်မွဖ်သီချုပ် ပြော

    ဇူလိုင် ၁၉၊ ၂၀၁၆
    M-Media

    Sheikh Shawki Allam, the Grand Mufti of Egypt, delivers his speech at the Islamic Religious Council of Singapore (MUIS) in Singapore on January 26, 2015. Egypt's top Muslim cleric said January 26 the Islamic State group, which has sown a trail of terror across parts of the Middle East, should not even use that term because it is not justified by the religion. AFP PHOTO / ROSLAN RAHMANROSLAN RAHMAN/AFP/Getty Images
    Sheikh Shawki Allam, the Grand Mufti of Egypt, delivers his speech at the Islamic Religious Council of Singapore (MUIS) in Singapore on January 26, 2015. Egypt’s top Muslim cleric said January 26 the Islamic State group, which has sown a trail of terror across parts of the Middle East, should not even use that term because it is not justified by the religion. AFP PHOTO / ROSLAN RAHMANROSLAN RAHMAN/AFP/Getty Images

    – အကြမ်းဖက်သမားများနှင့် အစွန်းရောက်များမှာ ၎င်းတို့၏ အကျိုးအတွက် ဘာသာတရားကို အသုံးချနေကြခြင်း ဖြစ်သည်ဟု အီဂျစ်နိုင်ငံ၏ မွဖ်သီချုပ် ရှော်ကီ အာလမ်က ပြောကြားလိုက်သည်။

    “အကြမ်းဖက်ဝါဒဟာ အစ္စလာမ်မှာ အခြေမခံပါဘူး။ ဘာသာတရားဆိုတာ အကြမ်းဖက်မှုလုပ်ရပ်တွေကို အားမပေးပါဘူး။ အကြမ်းဖက်သမားတွေဟာ ဘာသာတရားကို ကိုယ်ကြိုက်တဲ့ပုံစံမျိုး စွဲယူကျင့်သုံးတာဖြစ်ပြီး ဒါတွေဟာ တကယ့်အနှစ်သာရနဲ့ ဘာမှကို မဆိုင်ပါဘူး” ဟု မွဖ်သီကြီးက ပြီးခဲ့သည့်ရက်ပိုင်း ဂျာမနီနိုင်ငံ Bonn တက္ကသိုလ်ရှိ အခမ်းအနားတစ်ခုတွင် ပင်တိုင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်စဉ် ပြောကြားခဲ့သည်။

    ထို့ပြင် မိမိနှင့် လုပ်ဖော်ကိုင်ဖက်များမှာ အစွန်းရောက်များ၏ ရေးသားမှုများကို လေ့လာဆန်းစစ်မှုများ ပြုလုပ်ခဲ့ပြီး ဘာသာရေးအရ ယုတ္တိယုတ္တာမရှိသော ရေးသားမှုများဖြစ်သည်ကို တွေ့ရှိခဲ့ရကြောင်း မွဖ်သီကြီးက ထည့်သွင်းပြောကြားခဲ့သည်။

    အကြမ်းဖက်သမားများမှာ အစ္စလာမ်သာသနာအား ပုံဖျက်ကာ ကိုယ်ကျိုးအတွက် ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ကမ္ဘာတစ်ဝှမ်းမှ အစ္စလာမ့်ရေးရာခေါင်းဆောင်များ၊ အသင်းအဖွဲ့များမှာ ပြီးခဲ့သည့်နှစ်များအတွင်း ဖသ်ဝါဓမ္မသတ်ပေါင်းများစွာကို ထုတ်ပြန်ခဲ့သည်။

    ၂၀၁၄ ခုနှစ်ကလည်း IS အကြမ်းဖက်အဖွဲ့နှင့် ထိုအဖွဲ့က ကျူးလွန်သော ရာဇ၀တ်မှုများကို ဆန့်ကျင်ရှုတ်ချသည့် အိတ်ဖွင့်ပေးစာတစ်စောင်တွင် ရှော်ကီအာလမ် အပါအ၀င် ကမ္ဘာတစ်ဝှမ်းမှ အစ္စလာမ့်ပညာရှင်ပေါင်း ၁၂၀ ကျော်က လက်မှတ်ရေးထိုးခဲ့ကြသည်။

    မွဖ်သီချုပ်ရာထူးမှာ အီဂျစ်နိုင်ငံတွင် အစ္စလာမ့်ရေးရာ အာဏာပိုင်အဖွဲ့၏ အမြင့်ဆုံး ရာထူးဖြစ်ပြီး ၂၀၁၃ ခုနှစ် ရွေးကောက်တင်မြှောက်ခံရစဉ်ကတည်းက အာလမ်မှာ အစ္စလာမ်သာသနာအား အလွဲသုံးစားလုပ်ကာ ကိုယ်ကျိုးရှာနေသည့် အကြမ်းဖက်အဖွဲ့အစည်းများကို ဝေဖန်ရှုတ်ချခဲ့သူ ဖြစ်သည်။

    ယခု Bonn တက္ကသိုလ်၌ ပြောကြားမှုတွင်လည်း အာလမ်က ကမ္ဘာပေါ်ရှိ လူသားတိုင်းမှာ အခြားသောယဉ်ကျေးမှုများနှင့် ဘာသာတရားများကို လေးစားရမည်ဖြစ်ကြောင်း၊ တစ်ဦးနှင့်တစ်ဦး မယုံကြည်မှုများ ပပျောက်ရေးအတွက် ဆွေးနွေးညှိနှိုင်းမှုပြုလုပ်ရန် တိုက်တွန်းကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။

    “လူသားတွေထဲမှာ အကောင်းဆုံးသောသူက ကျန်လူသားအားလုံးကို အကျိုးပြုသူဖြစ်ပါတယ်” ဟု တမန်တော်မုဟမ္မသခင်၏ သြ၀ါဒတော်ကိုလည်း ၎င်းက ကိုးကားခဲ့သည်။

    Ref : IINA

  • ဂါဇာနှင့် ကပ်နေသည့် ရာဖာနယ်ခြားကို အီဂျစ်က ၅ ရက်ကြာ ဖွင့်ပေး

    ဂါဇာနှင့် ကပ်နေသည့် ရာဖာနယ်ခြားကို အီဂျစ်က ၅ ရက်ကြာ ဖွင့်ပေး

    ဇူလိုင် ၁၊ ၂၀၁၆
    M-Media

    rafa

    – အစ္စရေးက ပိတ်ဆို့ထားတဲ့ ပါလက်စတိုင်းပိုင် ဂါဇာကမ်းမြှောင်နဲ့ထိစပ်နေတဲ့ ရာဖာနယ်ခြားကို ငါးရက်ကြာ ပြန်လည်ဖွင့်လှစ်ပေးလိုက်တယ်လို့ အီဂျစ်အာဏာပိုင်တွေက ဗုဒ္ဓဟူးနေ့မှာ ကြေငြာလိုက်ပါတယ်။

    “နယ်စပ်ဝင်ပေါက်ကို နှစ်ဖက်စလုံးသွားလာနိုင်အောင် ငါးရက်ကြာ အီဂျစ်အာဏာပိုင်တွေက ပြန်လည်ဖွင့်လှစ်လိုက်ပါတယ်” လို့ ဂါဇာနယ်စပ်အာဏာပိုင်အဖွဲ့က ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

    ကျောင်းသားတွေ၊ လူနာတွေနဲ့ ပြည်ပနေထိုင်ခွင့် ကိုင်ဆောင်ထားသူတွေဟာ အဲဒီနယ်စပ်ကနေ အီဂျစ်နိုင်ငံထဲ ၀င်ရောက်ခွင့် ပြုမှာဖြစ်ပါတယ်။ ဇွန်လ အစောပိုင်းတုန်းကလည်း အီဂျစ်အာဏာပိုင်တွေက ယင်းနယ်စပ်ကို လေးရက်ဆက်တိုက် ဖွင့်လှစ်ခဲ့ပြီး နေမကောင်းသူတွေနဲ့ ကျောင်းသားအများစုအပါအ၀င် ပါလက်စတိုင်းပြည်သူ ၃၀၀၀ လောက် အီဂျစ်ပိုက်နက်ထဲ ၀င်ရောက်ခွင့်ရခဲ့ပါတယ်။

    ဟားမက်စ်ရဲ့ ပြည်ထဲရေးဝန်ကြီးဌာနကတော့ ပါလက်စတိုင်းပြည်သူ ၂၄၀၀၀ လောက်ဟာ ရာဖာနယ်ခြားကို ဖြတ်ကာ အကူအညီတွေရယူဖို့ စောင့်ဆိုင်းနေတယ်လို့ ပြောကြားခဲ့ပါတယ်။

    ၂၀၁၃ ခုနှစ်မှာ အီဂျစ်သမ္မတ မိုဟာမက်မော်စီကို ဖြုတ်ချကာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ရာဖာနယ်ခြားကို အီဂျစ်ဖက်က အချိန်တော်တော်များများ ပိတ်ထားခဲ့တာပါ။ ၂၀၁၅ ခုနှစ်အတွင်းမှာတော့ အဲဒီနယ်ခြားကို ၂၁ ရက်သာ ဖွင့်ပေးခဲ့ပါတယ်။

    အစ္စရေးက ပိတ်ဆို့ထားတဲ့ ဂါဇာကမ်းမြှောင်ရဲ့ တစ်ခုတည်းသော ထွက်ပေါဟာ အီဂျစ်နဲ့ကပ်နေတဲ့ အဲဒီ ရာဖာနယ်ခြားဖြစ်ပြီး အီဂျစ်ကလည်း နယ်ခြားကို ပိတ်ထားတာကြောင့် ဂါဇာပြည်သူ ၁.၉ သန်းလောက်ဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြပ်အတည်းတွေနဲ့ တွေ့ကြုံနေရပါတယ်။

    Ref : IINA